ဘာတွေလုပ်နေတာလဲ။ ခုနကပဲ...
Vol. 57 Ch. 841
အပြင်ဘက်မှ အစေခံမလေး၏အသံကိုကြားသောအခါ လုချန်းက ချက်ချင်းပင်
“ယူခဲ့လိုက်။ ငါ့ရဲ့အချစ်ဆုံးမိဖုရားအတွက် အဝတ်လဲပေးဖို့”
“မင်းကြီး အမိန့်အတိုင်းပါ”
နောက်တစ်ခဏတွင် အစေခံမလေးအချို့ ကျင်လွမ်ခန်းမထဲသို့ ဝင်လာကြ၏။ ဖီးနစ်ထိုင်ခုံပေါ်မှ မြင်ကွင်းကို တွေ့သောအခါ သူတို့၏ မျက်နှာများသည် ချက်ချင်း နီရဲသွားကြသည်။
ထို့နောက် လုချန်းက မတ်တပ်ရပ်ကာ လီချင်ရို့ကိုပါ ဆွဲထူလိုက်ပြီး အစေခံမလေးများ အဝတ်လဲပေးနိုင်ရန်အတွက် ဖီးနစ်ထိုင်ခုံဘေးတွင် နေရာချပေးလိုက်၏။
လုချန်းက သူမကို ဖီးနစ်ဝတ်ရုံ ဝတ်စေလိုသည်ကို သိလိုက်သောအခါ ထိုလူယုတ်မာ နောက်ထပ်ဘာလုပ်ရန် ကြံနေသည်ကို လီချင်ရို့ ချက်ချင်း ခန့်မှန်းမိသွားလေသည်။ အချိန်အတန်ကြာ အတူတူရှိနေခဲ့ပြီးနောက် သူမ ဤလူ၏ စရိုက်သဘာဝကို အပြည့်အဝ နားလည်သွားပြီ ဖြစ်သည်။ သူမ ဖီးနစ်ဝတ်ရုံကို ဝတ်ဆင်လိုက်သည်နှင့် သူ အရူးအမူးဖြစ်သွားမည်ဖြစ်ပြီး သူမသည်လည်း သေလောက်သည်အထိ ညှဉ်းပန်းနှိပ်စက်ခံရလိမ့်မည် ဖြစ်သည်။
သူမ ဝတ်ဆင်သော ဖီးနစ်ဝတ်ရုံသည် ဧကရီ ဝတ်ဆင်သော ဝတ်ရုံမျိုးမဟုတ်ဘဲ သူမအတွက် အထူးပြုလုပ်ထားခြင်းဖြစ်၏။ အာဏာစက်ကိုပြသော သင်္ကေတတစ်ခုလည်းဖြစ်သည်။ ဖီးနစ်ဝတ်ရုံကို ဝတ်ဆင်သောအခါ သူမ၏ အသွင်အပြင်သည် ဂုဏ်သိက္ခာရှိပြီး ခမ်းနားလာသည်။ ထိုသို့သော ပုံစံမျိုး သူလက်အောက်တွင် ရှိနေခြင်းကို လုချန်းက အထူး နှစ်သက်ဟန်ရှိပြီး အောင်နိုင်သူတစ်ဦး၏ ဆန္ဒကို ဖြည့်ဆည်းလိုပုံရသည်။
ထိုအခိုက်တွင် လီချင်ရို့က အေးစက်စွာနှင့် “ဘာတွေလုပ်နေတာလဲ။ တို့ ခုနကပဲ...”
လီချင်ရို့ စကားကို ဆက်မပြောတော့ပေ။ သူမသည် အလွန်အမင်း ရှက်ရွံ့နေသောကြောင့် ထုတ်ဖော်မပြောနိုင်ခြင်း ဖြစ်သည်။ ဤလူသည် သားရဲတိရစ္ဆာန် ဘဝကနေ ပြန်လည်ဝင်စားလာတာလားဟု သူမ အမှန်ပင် သံသယရှိမိသည်။ နေ့စဉ်လိုလို ထိုသို့ခွန်အားပြည့်ဝနေပုံက သိုင်းပညာရှင်တစ်ယောက်၏ပုံစံပင် မဟုတ်ပေ။ သူနတ်ဆိုး ကျင့်စဉ်ကျင့်သူတစ်ဦးများလားဟုပင် သူမ တွေးမိလာသည်။
သို့သော် ပြန်စဉ်းစားကြည့်သောအခါ လုချန်း သူမနှင့်အတူ ရှိနေစဉ် သူမ မည်သည့်မသက်မသာမှုကိုမှ မခံစားရပေ။ ဆိုလိုသည်မှာ သူသည် နတ်ဆိုး ကျင့်စဉ်ကျင့်သူ မဟုတ်ပေ။
နတ်ဆိုး ကျင့်စဉ်ကျင့်သူ မဟုတ်ပါက အဘယ်ကြောင့် နေ့တိုင်း ထိုသို့သော လုပ်ဆောင်မှုများကို ပြုလုပ်နေရသနည်း။ ထိုလူ သူမကိုဖမ်းပြီးကတည်းက နေ့တိုင်း ဝမ်းဗိုက်အနည်းငယ်ဖောင်းကားနေသကဲ့သို့ ခံစားနေရသည်။ ကိုယ်ဝန်ရှိသကဲ့သို့ပင်ဖြစ် နေသည်။
သူမ လုချန်းကို ရန်ခရိုင်သို့ မကြာမီ ပြန်စေချင်နေသည်။ ရန်ခရိုင်တွင် မိဖုရားများစွာ ရှိနေသောကြောင့် ဤလူယုတ်မာသည် သူမ တစ်ဦးတည်းကိုသာ ပစ်မှတ်ထားတော့မည် မဟုတ်ပေ။
သို့သော် ယင်းတို့မှာ နောက်ပိုင်းကိစ္စရပ်များဖြစ်သည်။ လက်ရှိအချိန်တွင်တော့ လုချန်း၏နောက်ထပ်ညှဉ်းပန်းနှိပ်စက်မှုမှ မည်သို့ရှောင်ရှားရမည်ကို လီချင်ရို့ တွေးနေမိသည်။ အစေခံမလေးများက သူမကို ဖီးနစ်ဝတ်ရုံ လဲလှယ်ပေးရန်ပြင်နေပြီ ဖြစ်သောကြောင့် နောက်ပိုင်းတွင် သူ မည်မျှ ရက်စက်မည်ကို မသိနိုင်ပေ။
လုချန်းက ခပ်ရေးရေး ပြုံးလိုက်ပြီး
“မနက်ဖြန်ကျရင် တို့ ဒီနေရာကနေ ထွက်ခွာကြရမယ်။ မင်းနဲ့ အရင်းနှီးဆုံး ဒီနေရာကနေ ထွက်သွားရတော့မယ်။ ဒီနေရာက မင်း အရင်က နန်းတွင်းတက်ခဲ့တဲ့ နေရာလေ။ ဒါ့ကြောင့် မင်းကို အလှပဆုံး အမှတ်တရတွေ ပေးခဲ့ချင်တယ်။”
လီချင်ရို့က အေးစက်စက်ဖြင့်
“အဲ့လို အမှတ်တရတွေ မလိုဘူး”
ဘာအလှပဆုံး အမှတ်တရလဲ။ ဤလူသည် သူမနှင့် ပျော်ပါးချင်ရုံသာ ဖြစ်သည်။
လုချန်းက ပြုံး၍
“အဲ့ဒါက မင်း ဆုံးဖြတ်လို့ ရတဲ့ကိစ္စ မဟုတ်ဘူး။”
ထိုသို့ပြောပြီးနောက် သူက ခန်းမရှိ အစေခံမလေးများကို လှမ်းကြည့်လိုက်ပြီး
“သူ့ကို ဖီးနစ်ဝတ်ရုံ ဝတ်ပေးလိုက်”
လီချင်ရို့ ရုန်းကန်ရန် ပြင်လိုက်ချိန်တွင် လုချန်းက သူမ၏နားထဲသို့ ရုတ်တရက် တိုးတိုးလေး ကပ်ပြောလိုက်သည်။
“ဒီနေ့တော့ မင်းကို တစ်ခါလောက် ဧကရီ အဖြစ် ခွင့်ပြုပေးမယ်။”
လီချင်ရို့သည် ခဏခန့် တွေဝေသွားသည်။ ဧကရီလား။ သူ ဘာကို ဆိုလိုသနည်း။ သူမ၏ မူလအဆင့်အတန်းသည် ဧကရီ မဟုတ်ဘူးလား။ အဘယ်ကြောင့် သူမ ဧကရီ ဖြစ်ရန်အတွက် လုချန်း၏ ခွင့်ပြုချက် လိုအပ်ရသနည်း။
လီချင်ရို့ သူ၏စကားကို နားမလည်ကြောင်း သတိထားမိပြီး လုချန်းက ဆက်ပြောလိုက်သည်။
“မင်း ဦးဆောင်ချင်နေခဲ့တယ်ဆိုတာကို ကိုယ် သိတယ်။ ဒီနေ့က ကျင်လွမ်ခန်းမထဲမှာ ကိုယ်တို့ရဲ့ နောက်ဆုံးနေ့ပဲ။ ကိုယ် မင်းကို ဒီအခွင့်အရေး ပေးနိုင်တယ်။ မင်း အခု ဒီအခွင့်အရေးကို မယူဘူးဆိုရင် ရန်ခရိုင်ကို ပြန်ရောက်တဲ့အခါ မင်း ဒီလိုအခွင့်အရေးမျိုး ထပ်ရမှာ မဟုတ်တော့ဘူး။”
လုချန်း ရှင်းပြလိုက်သည်နှင့် လီချင်ရို့လည်း သူ၏ ဆိုလိုရင်းကို သဘောပေါက်သွားသည်။ ဇာတ်လမ်းပြောင်းပြီး ဒီလူဆိုးကို သူမ၏အောက်သို့ရောက်အောင် လုပ်ကာ သူမ၏အဆင့်အတန်းနှင့် အာဏာကို ပြသနိုင်မည့် အကြံကို အနည်းငယ်စိတ်ဝင်စားမိသည်။
သူမသည် ထိုလူယုတ်မာ၏ အရှက်ခွဲခြင်းကို အကြိမ်များစွာ ခံခဲ့ရသည်။ သူမသည် အချိန်အတော်ကြာကတည်းက ဇာတ်လမ်းပြောင်း၍ ဦးဆောင်ရန် ဆန္ဒရှိခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူမ၏ စွမ်းအားကို လုချန်းက ပိတ်ဆို့ထားခဲ့၏။ သူနှင့် ယှဉ်နိုင်သော ခွန်အားမရှိသောကြောင့် အခြေအနေကို ပြောင်းပြန်လှန်နိုင်သည့် နည်းလမ်းမရှိဘဲ သူ၏ ဖိနှိပ်ခြင်းကိုသာ ခံခဲ့ရသည်။
လုချန်းပြောသည်က မှန်လျှင် သူမ...
ထိုသို့ တွေးလိုက်မိပြီး လီချင်ရို့ တွေဝေသွားသည်။ ဇာတ်လမ်းပြောင်းပြီး ထိန်းချုပ်သည်ဆိုသော်လည်း အခြေခံအားဖြင့် ဇာတ်လမ်းကတော့ အတူတူပဲဖြစ်သည်။ သို့သော် အနည်းဆုံးတော့ ခံရသူ နေရာထက် ပိုကောင်းသည်။ ထိုနေရာက သူမအား ပစ္စည်းကိရိယာ တစ်ခုသာ ဖြစ်သည်ဟု အမြဲခံစားရစေသည်။
ခဏအကြာတွင် လီချင်ရို့က နောက်ဆုံးတွင်
“ရှင် ကတိတည်မယ်လို့ မျှော်လင့်ပါတယ်”
ထို့နောက် လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး လီချင်ရို့သည် အစေခံမလေးများကို ဖီးနစ်ဝတ်ရုံကို ဝတ်ပေးစေခဲ့သည်။
မကြာမီ လီချင်ရို့သည် ရွှေချည်မျှင်များဖြင့် ရက်လုပ်ထားသည့် ခမ်းနားထည်ဝါသော ဖီးနစ်ဝတ်ရုံကို ဝတ်ဆင်ပြီးသွားသည်။ ဖီးနစ်ဝတ်ရုံကို ဝတ်ဆင်ထားသော လီချင်ရို့၏ ဂုဏ်သိက္ခာရှိပြီး အဆင့်အတန်းမြင့်သည့် ဟန်ပန်က ပို၍ပီပြင်လာသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လုချန်း၏ စိတ်အားထက်သန်မှုများ တစ်ဟုန်ထိုး မြင့်တက်လာသည်။ လီချင်ရို့ တစ်စုံတစ်ရာ မပြောမီပင် လုချန်းက သူမကို ဖီးနစ်ထိုင်ခုံပေါ်သို့ ဖိချလိုက်သည်။
သူမကို နောက်တစ်ကြိမ် ဖိချလိုက်သည်ကို မြင်လိုက်ရသောအခါ လီချင်ရို့က ချက်ချင်းပင်
“လူယုတ်မာပဲ။ ရှင် ခုနက ပေးထားတဲ့ ကတိကို ဖျက်လိုက်ပြီ။”
လုချန်းက ပြုံးလျက်
“ကတိကို ဖျက်တယ် ဟုတ်လား။ မဟုတ်ဘူး။ မဟုတ်ဘူး ကိုယ် တကယ် မဖျက်ပါဘူး”
“ကိုယ်က မင်းကို ဧကရီအဖြစ် အခွင့်အရေး ပေးမယ်လို့ ပြောထားတာဆိုတော့ အဲ့အခွင့်အရေး တကယ် ပေးမှာပါ။”
“ဒါပေမဲ့ အဲ့ဒါမတိုင်ခင် ကိုယ့်ရဲ့ ကိစ္စလေး အရင် ပြီးပါစေဦး”
သူ၏စကားများ ပြီးဆုံးသည်နှင့် လုချန်းသည် လီချင်ရို့က ခြေထောက်ကို ဆွဲလိုက်သည်။
လီချင်ရို့၏ မျက်လုံးများတွင် ကြမ်းတမ်းသောအရိပ်အယောင်များ လင်းလက်သွားပြီး လုချန်းကို ဓားနှင့် ထိုးတော့မလို ကြည့်လိုက်သည်။ သို့သော် လီချင်ရို့၏ နှလုံးသားထဲရှိ မုန်းတီးမှုမှာ မကြာမီ ပျောက်ကွယ်သွားပြီး လုချန်း ဖန်တီးပေးသည့် ပျော်ရွှင်မှုတွင် နစ်မြောသွားလေသည်။
ဟုတ်ပါသည်။ နောက်ဆုံးတွင် လုချန်း သူ့ကတိကို ထိန်းသိမ်းခဲ့သည်။ အကြောင်းမှာ သူသည် နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်သူ ဖြစ်သောကြောင့် သူ၏စကားကို အမြဲတမ်း မတည်၍ မဖြစ်ပေ။
အချိန်အတန်ကြာပြီးနောက် လုချန်းသည် လီချင်ရို့၏ ကိုယ်ခန္ဓာကို ပွေ့ဖက်လိုက်ပြီး သူမ၏အောက်သို့ ရောက်ရှိသွားစေရန်အတွက် တစ်ဖက်သို့ လှိမ့်လိုက်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဤလူ သူ့ကတိကို ထိန်းသိမ်းရန် ရည်ရွယ်ချက် မရှိဟု ထင်နေခဲ့သော လီချင်ရို့လည်း သတိပြန်ဝင်လာသည်။ မမျှော်လင့်ပဲ သူက သူ့ကတိကို တည်ခဲ့သည်။
ယခုတွင် လီချင်ရို့သည် လုချန်း၏ အပေါ်တွင် ထိုင်နေပြီး သူမထံမှ အရာအားလုံးကို ရယူသွားခဲ့သော ထိုလူကို အာဏာရှင်ဆန်စွာ ကြည့်နေသည်။ ဤခံစားချက်သည် လီချင်ရို့၏ စိတ်နှလုံးသားကို အမှန်ပင် ကျေနပ်စေခဲ့သည်။ ဤလူသည် အလွန်အစွမ်းထက်နိုင်သော်လည်း နောက်ဆုံးတွင် သူမက သူ့ကို အနိုင်ယူခဲ့သည်။
သို့သော်...
လီချင်ရို့ ပြဿနာတစ်ခုကို လျင်မြန်စွာ သဘောပေါက်သွားသည်။ သူမသည် အလွန်ပင် ကျေနပ်နေသော်လည်း အမှန်တကယ်တော့ ပျော်ရွှင်နေခြင်း မဟုတ်ပေ။ ဤအရာသည် အံ့ဩစရာ မဟုတ်ပေ။
လုချန်းဆိုသည်မှာ မည်သူနည်း။ သူ၏ မိဖုရားဆောင်တွင် မိဖုရားများစွာ ရှိနေသောကြောင့် သူအား ကျွမ်းကျင်သူတစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။ အတိတ်တုန်းက လီချင်ရို့သည် သူမ၏ ကျင့်စဉ်ကိုသာ အာရုံစိုက်ခဲ့သဖြင့် လုချန်းသည် သူမ၏ဘဝတွင် တစ်ဦးတည်းသော ယောက်ျားဖြစ်သည်။ ထို့ကြောင့် သူမတွင် အတွေ့အကြုံများစွာ မရှိခဲ့ပေ။
လီချင်ရို့သည် အရသာရှိသော အစားအစာများကို စားရခြင်းအား အသားကျနေခဲ့သူ ဖြစ်သည်။ ရုတ်တရက် ဟင်းသီးဟင်းရွက်များကို စားရသောအခါ သူမ ခံတွင်းပျက်လာသည်။ သို့သော် ထိုအချိန်တွင် အတွေးတစ်ခုက သူမကို လှုပ်ရှားသွားစေသည်။
သူမက ပြုံးနေသော လုချန်းကို အေးစက်စွာ ကြည့်လိုက်ပြီး အမိန့်ပေးသည့် လေသံဖြင့်
“ငါ့ကို ပျော်ရွှင်အောင်လုပ်ဖို့ နည်းလမ်းပေါင်းစုံကို အသုံးပြုဖို့ မင်းကို အမိန့်ပေးတယ်။”
လုချန်းစိတ်ထဲ သဘောကျစွာ ရယ်မောလိုက်သည်။ လီချင်ရို့၏ စိတ်ထဲ၌ သူ့ကို ယောက်ျားအချစ်တော်တစ်ဦးအဖြစ် သဘောထားနေပုံရသည်။ သူမက သူ့ကို ယောက်ျားအချစ်တော်တစ်ဦးအဖြစ် သတ်မှတ်ထားသော်လည်း သူ စိတ်မပျက်ပေ။ သူက လီချင်ရို့ကို တစ်ခါတစ်ရံ ဧကရီအဖြစ် ခွင့်ပြုပေးမည်ဟု ပြောထားခဲ့သည် မဟုတ်ပါလား။
ချက်ချင်းပင် လုချန်းက
“ဧကရီရဲ့ အမိန့်အတိုင်းပါ။”
ထို့နောက် လုချန်းသည် အရုဏ်တက်သည်အထိ လီချင်ရို့ကို တက်တက်ကြွကြွ ပြုစုခဲ့သည်။
နံနက်ခင်း အရုဏ်ဦးတွင် မိုးကောင်းကင်၌ မှိန်ဖျော့သော မီးခိုးရောင်အလင်း ရှိနေဆဲ ဖြစ်သည်။ လုချန်းသည် ရှနိုင်ငံတော်စစ်တပ်ကို ဦးဆောင်ကာ ရန်ခရိုင်သို့ ခရီးဆက်ခဲ့လေသည်။