← Chapters

ဝမ်ရန် ဒီလူကို ဘာလို့ စွန့်ခွာလို့မရလဲဆိုတာ အံ့ဩစရာ မဟုတ်

Vol. 57 Ch. 842

ဝမ်ရန် ဒီလူကို ဘာလို့ စွန့်ခွာလို့မရလဲဆိုတာ အံ့ဩစရာ မဟုတ်

Vol. 57 Ch. 842

လုချန်း ရှနိုင်ငံတော် စစ်တပ်ကို ဦးဆောင်ပြီး ရန်ခရိုင်သို့ ပြန်လာသောအခါ ရန်ခရိုင်ရှိ အရပ်သူအရပ်သားများသည် သူ့ကို ကြိုဆိုရန် ထွက်လာခဲ့ကြသည်။ သို့သော် ဤတစ်ကြိမ်တွင် လုချန်းသည် မြင်းပေါ်၌ မဟုတ်ပဲ ရထားလုံးပေါ်တွင် ထိုင်နေပြီး ကျူးနိုင်ငံတော်၏ လှပသော ဧကရီကို ရင်ခွင်ထဲတွင် ပွေ့ထားလေသည်။

လုချန်းက လီချင်ရို့ကို ပြန်ခေါ်လာကြောင်း ဝူကျန်းဝမ် ကြားသည်နှင့် ချက်ချင်းပင် နန်းတော်သို့ အပြေးအလွှား လာခဲ့သည်။ သူမသည် လီချင်ရို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို အလွန်အမင်း စိုးရိမ်နေသည်။ သူမသည် လုချန်းကို နားလည်ပြီး ထိုလူယုတ်မာ၏ စရိုက်သဘာဝအရ လီချင်ရို့သည် သူမ၏ ကျင့်စဉ်တရားကို ဆုံးရှုံးခဲ့ပြီဖြစ်ပြီး ကိုယ်ဝန်ပင် ရှိနေနိုင်သည်။

လီချင်ရို့သည် သံယောဇဉ်မဲ့ တာအို လမ်းစဉ်ကို လိုက်နာခဲ့သူဖြစ်သည်။ ယခုလို ယေက်ျားတစ်ဦး၏ ဖိနှိပ်ခြင်းကို ခံရသောအခါ သူမ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကောင်း စီရင်နိုင်သည်ဟု ဝူကျန်းဝမ် တွေးမိခဲ့သည်။

ရထားလုံး နန်းတော်တံခါးဝတွင် ရပ်လိုက်သောအခါ ရထားလုံးတံခါးသည် ပွင့်သွားလေသည်။ ထိုအခါ ရှေ့သို့ လာရန် ပြင်နေသော လုချန်း၏ ဇနီးမယားများနှင့် မိဖုရားများသည် ရထားလုံးအတွင်း၌ အေးစက်ပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးကို လုချန်း ပွေ့ဖက်ထားသည်ကို မြင်လိုက်ရသည်။ ထိုအခိုက်တွင် အမျိုးသမီးများက ချက်ချင်းပင် ဂါရဝပြုလိုက်ကြပြီး

“မင်းကြီးရဲ့ အောင်ပွဲခံ ပြန်လာခြင်းကို ကြိုဆိုပါတယ်”

လုချန်းက ပြုံးပြီး

“ကောင်းပါပြီ၊ ကောင်းပါပြီ၊ ထကြပါတော့။ တို့တွေက အခုဆိုရင် လင်မယားတွေ ဖြစ်နေကြပြီ။ ကိုယ် ဘယ်လိုလူမျိုးလဲဆိုတာ မင်းတို့ မသိတာလည်း မဟုတ်ဘူး။ ကိုယ်က ဒီလိုပုံမှန်ထုံးတမ်းတွေကို ဘယ်တုန်းကမှ ဂရုစိုက်ခဲ့တာ မဟုတ်ဘူး။”

လုချန်း စကားဆုံးသည်နှင့် အမျိုးသမီးများ ချက်ချင်း မတ်တပ်ရပ်လိုက်ကြသည်။ ထို့နောက် လုချန်းက

“အားလုံးကို ကိုယ် မိတ်ဆက်ပေးမယ်။ ကိုယ့်ရင်ခွင်ထဲက အမျိုးသမီးက မင်းတို့ရဲ့ ညီအစ်မအသစ်။ အရင် ကျူးနိုင်ငံတော်ရဲ့ ဧကရီဟောင်းပဲ။”

လုချန်း၏ မိတ်ဆက်စကားကို ကြားသောအခါ အားလုံး၏ မျက်လုံးများ လီချင်ရို့ထံသို့ ရောက်ရှိသွားကြသည်။ ဧကရီတစ်ဦးဖြစ်သည့်အတွက် သူမသည် ထိုသူတို့၏ အကြည့်များကို သဘာဝအတိုင်း မကြောက်ရွံ့ပေ။ ထိုအခိုက်တွင် လီချင်ရို့သည် လုချန်း၏ မိဖုရားများကို ပြန်ကြည့်လိုက်ရာ တစ်ဦးစီတိုင်းသည် အလွန်လှပပြီး ကောင်းကင်ဘုံက နတ်သမီးများကဲ့သို့ပင် ဖြစ်နေကြသည်။

မကြာမီ လီချင်ရို့၏ အကြည့်သည် ဝမ်းဗိုက် သိသိသာသာ ပိုကြီးနေသည့် ဝူကျန်းဝမ်ထံသို့ ရောက်ရှိသွား၏။ ထိုအရာကို မြင်လိုက်ရသောအခါ လီချင်ရို့ ခဏခန့် တိတ်ဆိတ်သွားခဲ့သည်။ ဝူကျန်းဝမ် ကိုယ်ဝန်ရှိနေသည်ကို သူမ အချိန်အတော်ကြာကတည်းက သိရှိထားသော်လည်း ဗိုက်ကြီးနေသည့် ဝူကျန်းဝမ်ကို ကိုယ်တိုင်တွေ့လိုက်ရသောအခါ လီချင်ရို့ အနည်းငယ် တွေဝေနေဆဲ ဖြစ်သည်။

သူမ၏ အချစ်ဆုံး သူငယ်ချင်းသည် ဤသို့သော အမျိုးသားတစ်ဦး၏ ကိုယ်ဝန်ကို လွယ်ထားရသည်ဆိုသည့်အချက်က လီချင်ရို့၏ အတွင်းစိတ်ထဲ၌ ထူးဆန်းနေပြီး ဖော်ပြမရနိုင်သည့် ခံစားမှုတစ်ခု ဖြစ်ပေါ်နေသည်။

ထိုအရာက ဝူကျန်းဝမ်ကိုလည်း စိတ်လှုပ်ရှားမှုများစွာ ဖြစ်ပေါ်စေခဲ့သည်။ သူတို့နှစ်ဦးသည် နှစ်တစ်ရာအတွင်း ယောက်ျားမရှိ၊ ကလေးလည်းမရှိဟု အမြဲတမ်း ယူဆခဲ့ကြသည်။ သို့တိုင် ယခုတွင် ဝူကျန်းဝမ် အသက် သုံးဆယ်ကျော်အရွယ်တွင် ကလေးရှိလာခဲ့ပြီး သူမ၏ အမျိုးသားမှာ သူမထက် ဆယ်စုနှစ်တစ်ခုကျော် ပိုငယ်နေသေးသည်။

ဟုတ်ပါသည်။ ယခု လီချင်ရို့တွင် ဝူကျန်းဝမ်ကို ဝေဖန်နိုင်သည့် အနေအထားတွင် မရှိပေ။ အဘယ့်ကြောင့်ဆိုသော် သူမသည်လည်း သူမ၏နောက်က အမျိုးသား၏ မိန်းမ ဖြစ်နေပြီဖြစ်သောကြောင့် ဖြစ်သည်။

ဤအချိန်တွင် ဝူကျန်းဝမ်သည် လီချင်ရို့ထံသို့ တည့်တည့်လျှောက်သွားလိုက်၏။ လှပသော အမျိုးသမီးနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြာမြင့်စွာ စိုက်ကြည့်လိုက်ကြသည်။ လုချန်းလည်း လီချင်ရို့ကို သတိထားပြီး လွှတ်ပေးလိုက်သည်။

လီချင်ရို့၏ရှေ့သို့ ရောက်လာသောအခါ ဝူကျန်းဝမ်က သူမ၏လက်ကို ဆွဲယူလိုက်ပြီး စိုးရိမ်တကြီးဖြင့်

“ချင်ရို့။ နင် ဘာ ထိခိုက်မှုမှ မရှိခဲ့ပါဘူးနော်”

လီချင်ရို့က

“မရှိပါဘူး”

လီချင်ရို့က ဝူကျန်းဝမ်၏ ဝမ်းဗိုက်ကို ထပ်မံကြည့်လိုက်ပြီး သူမ၏ နူးညံ့သော လက်ဖြင့် ညင်သာစွာ ထိလိုက်ကာ

“ကျန်းဝမ်။ ဒီတစ်သက် ဘယ်တော့မှ လက်မထပ်တော့ဘူးလို့ နင်အမြဲပြောခဲ့တယ်။

အခု နှစ်အနည်းငယ်အတွင်းမှာပဲ နင် တခြားသူရဲ့ ကလေးကို လွယ်ထားရတာကို တွေးလိုက်မိတော့...”

ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်၏ စိတ်ခံစားမှုများ ရောထွေးသွားသည်။ သူမကိုယ်တိုင်ပင် သူမထက် ဆယ်စုနှစ်တစ်ခုကျော် ငယ်သော အမျိုးသားတစ်ဦးအတွက် ကလေး မွေးဖွားပေးရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

သို့သော် သူမ နောင်တမရပေ။ သူမသည် ဧကရီဖြစ်လာရန် အခွင့်အရေး ဆုံးရှုံးခဲ့ရသော်လည်း သူမ ပိုင်ဆိုင်ထားသည့်အရာမှာ အာဏာထက်ပင် ပို၌ပျော်ရွှင်စရာ ကောင်းသည်။ လုချန်းကြောင့် သူမ၏ ပင်ကိုယ်စိတ်ဓာတ်ကို ဆုံးရှုံးသွားပြီလားဟုပင်

တစ်ခါတစ်ရံ သူမ တွေးမိခဲ့သည်။

ထိုအခိုက်တွင် ဝူကျန်းဝမ်၏ အကြည့်က လုချန်းထံသို့ လှည့်သွားပြီး

“ချင်ရို့ကို လွတ် ငြိမ်းချမ်းသာခွင့်ပေးလို့ မင်းကြီးကို ကျေးဇူးတင်ပါတယ်။”

ထိုစကားကို ကြားသောအခါ လုချန်း ရယ်မောလိုက်ပြီး

“လွတ် ငြိမ်းချမ်းသာခွင့်ပေးတယ်ဟုတ်လား။ မဟုတ်ဘူး။ မဟုတ်ဘူး။ ကိုယ် ဘယ်တုန်းကမှ သူ့ကို လွှတ်ပေးမယ်လို့ မပြောခဲ့ဘူး။ သူက အနာဂတ်မှာ ကိုယ့်ရဲ့ ကလေးတွေကို မွေးဖွားပေးရဦးမှာ။”

ဝူကျန်းဝမ် လုချန်းကို အနည်းငယ် စကားမဲ့သောအကြည့်ဖြင့် ကြည့်လိုက်သည်။ သူမဆိုလိုသော “လွှတ်ငြိမ်းခွင့်ပေးခြင်း” ဆိုသည်မှာ လုချန်းက လီချင်ရို့ကို မသတ်ခြင်းအား သဘာဝအတိုင်း ရည်ညွှန်းသည်။ သို့သော် ဤလူက လီချင်ရို့ကို ထွက်သွားခွင့်ပြုရန် တောင်းဆိုနေသည်ဟု ထင်သွားခဲ့သည်။

လှပသော အမျိုးသမီးတစ်ဦးကို မြင်သောအခါတိုင်း သူ့မိဖုရားဆောင်သို့ ခေါ်ဆောင်မည်မှာ သေချာကြောင်း မည်သူက မသိပဲ ရှိမည်နည်း။ လီချင်ရို့ကဲ့သို့ ရင့်ကျက် လှပသူတစ်ဦးကို လုချန်းက မည်သို့မှ အလွှတ်ပေးမည် မဟုတ်ပေ။

ထိုအခိုက်တွင် လုချန်းက သူ၏မိဖုရားများကို တစ်ချက်ကြည့်လိုက်ပြီး

“ကောင်းပါပြီ။ အားလုံး ပြန်ကြပါတော့။ ဒီမှာပဲ ရပ်မနေကြနဲ့”

ဤနေရာက နန်းတော်၏ ဝင်ပေါက်ဖြစ်သည်။ လူအများ၏ အကြည့်အောက်တွင် သူလုပ်ချင်သည့်အရာကို လုချန်း မလုပ်နိုင်ပေ။ သူတို့ မိဖုရားဆောင်သို့ ပြန်ရောက်မှသာ သူလုပ်ချင်သလို လုပ်ဆောင်နိုင်မည်ဖြစ်သည်။

ထိုစဉ် လုချန်းက ဝူကျန်းဝမ်ကို ကြည့်လိုက်ပြီး

“ကျန်းဝမ်။ အခုကစပြီး ချင်ရို့က မင်းနဲ့ အတူတူ နေလိမ့်မယ်။”

ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်၏ စိတ်ထဲ အလွန်ပျော်ရွှင်သွားသည်။ သူမ၏ အချစ်ဆုံး သူငယ်ချင်းသည် နောက်ဆုံးတွင် သူမနှင့်အတူ အမြဲနေနိုင်ပြီ ဖြစ်သည်။ ဝူကျန်းဝမ်က

“မင်းကြီးကို ကျေးဇူးတင်ပါတယ်”

ဟု ထပ်မံကျေးဇူးတင်လိုက်သည်။

လုချန်းလည်း တခြားဘာမှ ထပ်မပြောတော့ပဲ သူ၏ မိဖုရားများနှင့်အတူ ချက်ချင်းပင် နန်းတော်ထဲသို့ ဝင်လိုက်သည်။ ယနေ့ညတွင် မိသားစုစားသောက်ပွဲ ရှိသည်။ မည်သည့်ကိစ္စများ ရှိသည်ဖြစ်စေ စားသောက်ပွဲတွင် ဖြည်းဖြည်းချင်း ပြောဆိုနိုင်ပေသည်။

ဝူကျန်းဝမ်နှင့်အတူ လီချင်ရို့ဝူကျန်းဝမ်၏ အဆောင်နေရာသို့ ရောက်ရှိလာသည်။အဆောင်ဝင်းထဲ ဝင်ရောက်ပြီးနောက် ဝူကျန်းဝမ်က လီချင်ရို့ကို အဆောင်ငယ်တစ်ခုအတွင်း၌ ထိုင်စေခဲ့သည်။

ဝူကျန်းဝမ်က သက်ပြင်းချလိုက်ပြီး

“ချင်ရို့။ လုချန်းက နင့်ကို နာကျင်အောင် လုပ်ခဲ့သေးလား။”

လီချင်ရို့က

“ကျန်းဝမ်။ နင် ဘာကို ဆိုလိုတာလဲ”

ဝူကျန်းဝမ် စကားဆက်မပြောပဲ ရပ်တန့်သွားသည်။ လီချင်ရို့၏ ကိုယ်မှ ထွက်ပေါ်လာသည့် အငွေ့အသက်များတွင် သိသာထင်ရှားသော အပြောင်းအလဲကို သူမ ရှင်းလင်းစွာ ခံစားနိုင်သည်။ သူမသည် ပို၍ မိန်းမပီသလာခဲ့သည်။ ဤလက္ခဏာများအားလုံးက လီချင်ရို့သည် ကိုယ်ကျင့်သီလ မပျက်စီးသေးသူ မဟုတ်တော့ကြောင်းကို ပြသနေ၏။ လုချန်းက သူမကို ပိုင်ဆိုင်ပြီးသွားပြီး ဖြစ်နိုင်သည်။

ထိုအခိုက်တွင် လီချင်ရို့က ဝူကျန်းဝမ်ကို လက်တစ်ဖက်ဖြင့် ဖက်လိုက်ပြီး သူမ၏နားနားကပ်၍ တိုးတိုးလေး ကပ်ပြောလိုက်သည်။

“ဝမ်ရန်။ နင် ဒီလူကို စွန့်ခွာလို့မရတော့တာ အံ့ဩစရာ မဟုတ်တော့ပါဘူး။ ဒါ့ကြောင့် နင်က ငါ့ကို သူ့ကို မထိခိုက်ဖို့ ပြောခဲ့တာကိုး။ သူ့မှာ ဒီလောက်များတဲ့ ပညာတွေ ရှိနေတာပဲ။ သူ့နဲ့ အတူတူရှိနေရတာ နင် အရမ်း ပျော်ရွှင်နေတယ် မဟုတ်လား။”

လီချင်ရို့သည် တခြားသူများ၏ ရှေ့တွင် အမြဲတမ်း တည်ကြည်လေးနက်နေတတ်သည်။ သို့သော် သူမ၏ ရင်းနှီးသော သူငယ်ချင်းရှေ့တွင်မူ အမြဲ နူးညံ့သိမ်မွေ့‌ သည်။ သူမ၏ နိုင်ငံ ထိုလူကြောင့် ပျက်စီးခဲ့သော်လည်း သူမ၏ ချစ်လှစွာသော သူငယ်ချင်းကို မြင်လိုက်ရသည်နှင့် သူမ၏ နှလုံးသားထဲမှ ဝမ်းနည်းပူဆွေးမှုများ ပျောက်ကွယ်သွားလေသည်။

လီချင်ရို့၏ ရယ်စရာ စကားများကို ကြားသောအခါ ဝူကျန်းဝမ်၏ ပါးပြင်များ အနည်းငယ် နီရဲသွားပြီး

“ချင်ရို့။ နင်ကတော့ တကယ်ပဲ သူ့ကြောင့်...”

လုချန်းအကြောင်း ပြောသောအခါ လီချင်ရို့ နှာခေါင်းရှုံ့လိုက်ပြီး

“ဒီလူက တကယ် ထူးခြားပေမဲ့ သူက ကာမကိစ္စတွေ အရမ်းလိုချင်သူပဲ။ သူ ငါ့ကို ဖမ်းဆီးခဲ့ကတည်းက ငါ့ရဲ့ကိုယ်ကို အတင်းအကျပ် ယူရုံတင် မဟုတ်ပဲ ငါ့ကို ကျင်လွမ်ခန်းမထဲမှာ ပိတ်လှောင်ထားပြီး နေ့တိုင်း နှိပ်စက်နေခဲ့တယ်။”

“ဝမ်ရန်။ နင်လည်း အရင်က ဒီလို အပြုအမူမျိုးတွေ အပြုခံခဲ့ရတယ် မဟုတ်လား”

လီချင်ရို့၏ စကားများသည် ဝူကျန်းဝမ် ရန်ခရိုင်သို့ ပထမဆုံး ရောက်ရှိခဲ့စဉ်က အဖြစ်အပျက်များကို သတိရသွားစေခဲ့သည်။ လုချန်းသည် အမှန်ပင် အလှအပကို အလွန် တန်ဖိုးထားသည်။ အမျိုးသမီးတစ်ဦးကို ပိုင်ဆိုင်ပြီးနောက်တွင် သူသည် ထိုအမျိုးသမီးနှင့် အချိန်များစွာ ကုန်ဆုံးတတ်သည်။

အရေးအကြီးဆုံးအချက်မှာ သူ၏ သရုပ် ဆောင်နိုင်စွမ်းဖြစ်သည်။ သူသည် ဇာတ်ကောင်စရိုက်များကို ဖန်တီးကာ သရုပ်ဆောင်ခြင်းဖြင့် ပျော်ရွှင်လေ့သည်။ လီချင်ရို့လို တည်ကြည်လေးနက်ပြီး မြင့်မြတ်သော ဧကရီတစ်ပါး သူ့လက်ထဲတွင် ရောက်ရှိလာပြီဖြစ်သောကြောင့် လုချန်းက သူမကို အလွယ်တကူ လွှတ်ပေးမည်မဟုတ်ပေ။

လီချင်ရို့ ခံစားခဲ့ရသော နှိပ်စက်မှုများကို တွေးလိုက်မိပြီး ဝူကျန်းဝမ်က စိတ်မကောင်းဖြစ်စွာဖြင့်

“ချင်ရို့။ နင် အရမ်းပင်ပန်းခဲ့ရတာပဲ”

“အရာရာတိုင်းက ငါ့အမှားတွေပါ”

All Chapters