← Chapters

တစ်နေ့ကျရင် သူ့ကို အပြစ်ပေးမယ်

Vol. 57 Ch. 843

တစ်နေ့ကျရင် သူ့ကို အပြစ်ပေးမယ်

Vol. 57 Ch. 843

ဝူကျန်းဝမ် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိခဲ့သည်။ သူမသာ လုချန်း၏ အမျိုးသမီး မဖြစ်ခဲ့ပဲ သူပေးခဲ့သော ပျော်ရွှင်မှုများ၏ သွေးဆောင်မှုကို မခံခဲ့ရပါက သူမအနေနှင့် လီချင်ရို့ကို အကူအညီအချို့ ပေးနိုင်ခဲ့မည်ဖြစ်သည်။

ထိုအခါ ကျူးနိုင်ငံတော်လည်း ဤမျှ လျင်မြန်စွာ ကျဆုံးသွားမည် မဟုတ်ပေ။ သူမသည် လုချန်းကိုလည်းကောင်း၊ လီချင်ရို့ကိုလည်းကောင်း ကူညီခဲ့သည်ဟု မထင်ရသော်လည်း အခြားရှုထောင့်မှကြည့်လျှင် ဘက်မလိုက်ပဲ နေခြင်းသည် လုချန်းကို အမှန်တကယ် ကူညီနေခြင်းပင် ဖြစ်သည်။

လီချင်ရို့သည် အားနည်းသည့် ဘက်တွင် ရှိနေပြီး မည်သူ၏ အကူအညီမှ မပါဝင်ပါက ရှုံးနိမ့်နိုင်ခြေသည် အလွန်မြင့်မားနေခဲ့ပြီးဖြစ်သည်။

ဝူကျန်းဝမ်၏ မျက်နှာတွင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေသည့် အမူအရာကို မြင်လိုက်သောအခါ လီချင်ရို့က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူမ၏လက်ကို မြှောက်ကာ ဝူကျန်းဝမ်၏ လှပသော ပါးပြင်ကို ပွတ်သပ်လိုက်သည်။ ထို့နောက် သူမ၏ မျက်လုံးများကို ကြည့်ကာ

“ကျန်းဝမ်။ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ လုချန်းက သာမန်လူ မဟုတ်ဘူး။ ငါ သူ့ကို ရှုံးနိမ့်ခဲ့တာ မမှားပါဘူး။”

“ငါ့အတွက်ကတော့ ကိုယ့်ကိုယ်ကိုယ် ချက်ချင်းမသတ်သေခဲ့မိတာကိုပဲ နှမြောမိတယ်။ အဆုံးမှာ ငါ့ကို သူ ဖမ်းမိအောင် အခွင့်အရေး ပေးခဲ့မိတယ်။”

လီချင်ရို့၏အမြင်တွင် သူမသည် ရိုးရှင်းစွာ ရှုံးနိမ့်ခဲ့ခြင်းသာ ဖြစ်ပြီး သူမ ချက်ချင်းမသတ်သေခဲ့ခြင်းကြောင့် နောက်ဆုံးတွင် လုချန်း၏ ပျော်ရွှင်မှုအတွက် ကစားစရာ တစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ဤအရာအားလုံးသည် ဝူကျန်းဝမ်နှင့် မသက်ဆိုင်ပေ။ ဝူကျန်းဝမ်၏ အကူအညီပါဝင်ခဲ့လျှင်ပင် လုချန်း၏ နည်းလမ်းများအရ ကျူးနိုင်ငံတော်သည် နောက်ဆုံးတွင် ရှုံးနိမ့်သွားမည် ဖြစ်သည်။

မူလက ရှနိုင်ငံတော်တွင် အစွမ်းအထက်ဆုံးသူများမှာ ထို ကောင်းကင်လူသား စွမ်းအားရှင်များဟု အားလုံး ထင်ခဲ့ကြသည်။ မမျှော်လင့်ပဲ အစွမ်းအထက်ဆုံးသူသည် လုချန်း ကိုယ်တိုင်ဖြစ်နေခဲ့သည်။

အထူးသဖြင့် သူ ပိုင်ဆိုင်ထားသော နတ်လက်နက်ကြောင့်ဖြစ်သည်။ ထိုမျှ အဖျက်စွမ်းအားကြီးသော လက်နက်ကြောင့် ကျူးနိုင်ငံတော်သည် အစကတည်းက အခွင့်အရေး မရှိခဲ့ပေ။ ဤအရာအားလုံးသည် ကံကြမ္မာဟုသာ ပြောနိုင်သည်။

လုချန်း၏ ညှဉ်းပန်းနှိပ်စက်မှုကို အချိန်အတော်ကြာ ခံစားခဲ့ရပြီးနောက် လီချင်ရို့ နားလည်လာခဲ့ပြီ ဖြစ်သည်။ ထိုအရာအားလုံးက ကောင်းကင်ဘုံ၏ စစ်ဆေးမှုအဖြစ်သာ သူမ မှတ်ယူခဲ့သည်။ ဤခက်ခဲသောအခြေအနေမှ အသက်ရှင်လွတ်မြောက်ပါက သူမ၏ဘဝတွင် ပြောင်းလဲမှုအသစ်တစ်ခု ဖြစ်ပေါ်လာနိုင်သည်။

လီချင်ရို့က

“ကျန်းဝမ်။ နင် သူ့မိဖုရားဆောင်ထဲမှာ တစ်သက်လုံး ဒီလိုပဲ ဆက်နေဖို့ ရည်ရွယ်ထားသလား။”

ထိုမေးခွန်းကို ရင်ဆိုင်ရသောအခါ ဝူကျန်းဝမ် အနည်းငယ် ဇဝေဇဝါ ဖြစ်နေပုံရသည်။ သူမက ညင်သာစွာ သက်ပြင်းချလိုက်ပြီး

“ငါ သူ့ကို စွန့်ခွာလို့ မရတော့ဘူး။”

ထိုလူယုတ်မာလက်ထဲ သူမလုံးဝ ကျဆုံးသွားခဲ့ကြောင်း ဝူကျန်းဝမ် သိသည်။ သူမသာ သူ့ကို ထားခဲ့ပါက သူ့အပေါ် စွဲလမ်းစိတ်‌ ကြောင့် အခြားမည်သည့်အရာမှ လုပ်ဆောင်နိုင်တော့မည် မဟုတ်ပေ။

ထိုလူသည် အချိန်အတော်များများတွင် စိတ်မချရသည်ဟု ထင်ရပြီး အမြဲတမ်း မိန်းမများနှင့် ရောနှောနေတတ်သည်မှလွဲ၍ သူ့တွင် အခြားသော ကြီးမားသည့် ချို့ယွင်းချက်များ မရှိဟု ယူဆရ၏။

ဝူကျန်းဝမ်၏ အဖြေကို လီချင်ရို့ အံ့အားသင့်ခြင်းမရှိပေ။ ထိုလူတွင် အမှန်တကယ်ပင် နည်းလမ်းများ ရှိနေသည်။ အစပိုင်းတွင် သူမသည် နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် သတ်သေရန် တွေးခဲ့သော်လည်း လုချန်း၏ နှိပ်စက်မှုများကို အချိန်အတော်ကြာ ခံစားပြီးနောက် ထိုအတွေးကို လုံးဝ မတွေးတော့ပေ။ ယခုတွင် သူမသည်လည်း လုချန်းကို သူမ၏ အမျိုးသား ဖြစ်စေလိုသည်။ ဝူကျန်းဝမ် လုချန်းကို မစွန့်ခွာနိုင်ခြင်းက မထူးဆန်းလှပေ။

သို့သော်...

လီချင်ရို့ အနည်းငယ် စိတ်မကျေမချမ်း ဖြစ်နေသေးသည်။ ဤလူယုတ်မာတွင် အမျိုးသမီးများစွာ ရှိနေပြီး သူမနှင့် ဝူကျန်းဝမ်သည် သူ၏ မိဖုရားဆောင်ထဲမှ ထပ်တိုး နှစ်ဦးသာ ဖြစ်သည်။ ဧကရီတစ်ပါး ဖြစ်ခဲ့ဖူးသူတစ်ဦး အနေနှင့် သူ့ကို အခြားသူများနှင့် ခွဲဝေယူခြင်းကို လီချင်ရို့ အသားမကျနိုင်ပေ။

ဝူကျန်းဝမ်နှင့် ခွဲဝေယူခြင်းသည် ပြဿနာမရှိသော်လည်း အခြားအမျိုးသမီးများနှင့် ခင်ပွန်းတစ်ဦးကို ခွဲဝေယူခြင်းက သူမကို အလွန် စိတ်မသက်မသာဖြစ်စေသည်။ လုချန်း၏ ဒဏ်ကို သူမ ခံနိုင်ရည် မရှိသော်လည်း ပိုင်ဆိုင်လိုစိတ်နှင့် မာနတို့ကြောင့် ခင်ပွန်းတစ်ဦးကို အခြားသူများနှင့် ခွဲဝေယူရသည့် အတွေးကို လက်မခံချင်သေးပေ။

ထိုအခိုက်တွင် ဝူကျန်းဝမ်က လီချင်ရို့ကို ကြည့်လိုက်ပြီး

“ချင်ရို့။ နင် ရန်ခရိုင်ကနေ ထွက်ပြေးဖို့ ကြံနေတာ မဟုတ်ဘူးမလား”

လီချင်ရို့က အနည်းငယ် ပြုံးလိုက်ပြီး

“ထွက်သွားမယ်ဆိုရင် အတူတူ ထွက်သွားကြမယ်။ နင်ဒီမှာရှိနေချိန်မှာ ငါ ထွက်ခွာသွားနိုင်မှာ မဟုတ်ပါဘူး။”

“မြူခိုးဒေသကနေ ပြန်လာပြီးကတည်းက တို့တွေ ခွဲနေခဲ့ရတာ။ အခု နောက်ဆုံးမှာ အတူတူ ပြန်နေရပြီဆိုတော့ နင့်နဲ့ ဘယ်တော့မှ ထပ်မခွဲခွာချင်တော့ဘူး။”

လီချင်ရို့၏ စကားများကို ကြားသောအခါ ဝူကျန်းဝမ်၏ စိတ်ထဲ၌ နွေးထွေးမှုတစ်ခု ခံစားလိုက်ရသည်။ လီချင်ရို့က ဆက်ပြီး

“ခင်ပွန်းတစ်ဦးကို အမျိုးသမီးများစွာနဲ့ ဝေမျှယူရတာက ငါ့အတွက် နည်းနည်း ခံရခက်တယ် ခံစားရတယ်။”

ဤစကားကို ကြားသောအခါ ဝူကျန်းဝမ် အံ့အားသင့်သွားပြီး လီချင်ရို့၏ ပါးစပ်ကို လျင်မြန်စွာ လက်ဖြင့်ပိတ်ကာ ထပ်မံပြောဆိုခြင်းမှ တားလိုက်၏။ ဝူကျန်းဝမ်က

“ချင်ရို့။ နင် ဒီလိုမျိုး ဘယ်တော့မှ မတွေးသင့်ဘူး။”

လုချန်းကို လက်ဝါးကြီးအုပ်ရန် ကြိုးစားခဲ့သော အမျိုးသမီးများသည် နောက်ဆုံးတွင် သူ၏ ပြင်းထန်စွာ အပြစ်ပေးခြင်းကို ခံခဲ့ကြရသည်။ ထိုအရာက ဝူကျန်းဝမ်၏ အတိတ်အတွေ့အကြုံများကို ပြန်သတိရစေပြီး သူမ၏ ခြေထောက်များကို ထိန်းမနိုင်အောင် တုန်ယင်သွားစေခဲ့သည်။

လီချင်ရို့က ဝူကျန်းဝမ်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။ ဝူကျန်းဝမ်က ဆက်လက်၍

“နင်က သူ့နဲ့ အချိန်အတော်ကြာ ရှိခဲ့တာဆိုတော့ သူက ထူးခြားတယ်ဆိုတာ နင် သိသင့်တယ်။ သူက သာမန်လူတစ်ယောက် မဟုတ်ဘူး။ သူ့မှာ မိဖုရားနှစ်ပါးပဲ ရှိတယ်ဆိုရင် အဲ့ဒီ အမျိုးသမီးနှစ်ယောက်က သူ့ရဲ့ အလိုဆန္ဒကို လုံးဝ ခံနိုင်မှာ မဟုတ်ဘူး။”

“နောက်ပြီး နင် ဒီလို တွေးနေတယ်ဆိုတာ သူသိသွားတာနဲ့ နောက် လအနည်းငယ်ကြာအောင် သူ နင့်အခန်းကို ညတိုင်း လာဖို့ အလားအလာ အများကြီး ရှိတယ်။”

ဒါက..

လီချင်ရို့ တစ်စုံတစ်ခုကို နားလည်သွားဟန်ရှိပြီး

“အဲ့ဒီလူယုတ်မာက နင့်ရဲ့ စိတ်နေစိတ်ထားကို ပြောင်းလဲအောင် လုပ်ခဲ့တာလား။”

ဝူကျန်းဝမ်သည်လည်း မာနကြီးသော အမျိုးသမီးတစ်ဦးဖြစ်၏။ သူမနှင့် လီချင်ရို့သည် တစ်ပုံစံတည်းပင် ဖြစ်သည်။ သူမသည်လည်း အမျိုးသမီးများစွာနှင့် ခင်ပွန်းတစ်ဦးကို ခွဲဝေယူရန် စိတ်ကူးမရှိခဲ့ပေ။

ကျူးနိုင်ငံတော်တွင် ရှိစဉ်က ဝူကျန်းဝမ်၏ စာကို ပထမဆုံးရရှိခဲ့သောအခါ လီချင်ရို့ အလွန်သိချင်စိတ် ပြင်းပြခဲ့သည်။ ဝူကျန်းဝမ်သည် အဘယ်ကြောင့် နောက်ဆုံးတွင် ဤမျှ ကာမကိစ္စလိုလားသူ အမျိုးသားတစ်ဦးကို ရွေးချယ်ခဲ့သည်ကို သူမ နားမလည်နိုင်ခဲ့ပေ။

လုချန်းသည် ဝူကျန်းဝမ်၏ အခန်းထဲသို့ ညတိုင်း ဝင်ရောက်ခဲ့သောကြောင့် နောက်ဆုံးတွင် သူမ မခံနိုင်တော့ပဲ လက်ခံလိုက်ခြင်း ဖြစ်နိုင်သည်ဟု အခုမှ တွေးမိလိုက်သည်။

ဝူကျန်းဝမ်က ညင်သာစွာ သက်ပြင်းချလိုက်ပြီး လီချင်ရို့၏ မေးခွန်းကို မဖြေပဲနေလိုက်သော်လည်း သူမ၏ တုံ့ပြန်မှုမှတစ်ဆင့် လီချင်ရို့ သိရှိနိုင်ခဲ့သည်။

လီချင်ရို့က ဝူကျန်းဝမ်၏ ခါးကို တင်းတင်းဖက်လိုက်ပြီး ဒေါသတကြီးဖြင့်

“ဒီလူယုတ်မာက ငါ့သူငယ်ချင်းကို ဒီလို ဆက်ဆံရဲတယ်ပေါ့။ တစ်နေ့ကျရင် ငါ သူ့ကို အပြစ်ပေးမယ်”

လီချင်ရို့သည် ဤသို့ ပြောလိုက်သော်လည်း သူမကိုယ်တိုင်ပင် လုချန်း၏ လက်ထဲသို့ ကျရောက်နေခဲ့ပြီဖြစ်သည်။ သူ့ကို မည်သို့ အပြစ်ပေးနိုင်မည်နည်း။

လှပသော အမျိုးသမီးနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ဖက်ထားရင်း မည်မျှကြာအောင် စကားပြောနေခဲ့သည်ကို မသိပေ။ ထိုအချိန်တွင် အနက်ရောင်အနားသတ် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လှပသော အမျိုးသမီးတစ်ဦး အဆောင်တံခါးဝတွင် ပေါ်လာသည်။

ရုတ်တရက် ပေါ်လာသည့် ထိုရုပ်ပုံက လီချင်ရို့၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။ ပေါ်လာသူက မုယုံရွှီ ဖြစ်သည်ကို သိလိုက်သောအခါ လီချင်ရို့၏ မျက်နှာအမူအရာ ချက်ချင်း မည်းမှောင်သွားခဲ့သည်။

လီချင်ရို့က ဝူကျန်းဝမ်ကို ချက်ချင်း လွှတ်ပေးလိုက်ပြီး သူမ၏လက်ကို မြှောက်လိုက်သည်။ နောက်တစ်ခဏတွင် အားကောင်းသော ဆွဲအားတစ်ခုက မုယုံရွှီ၏ ကိုယ်ခန္ဓာကို လီချင်ရို့၏ ရှေ့သို့ တည့်တည့် ဆွဲခေါ်လာသည်။ လီချင်ရို့က သူမ၏ လည်ပင်းကို ဆွဲကိုင်လိုက်ပြီး

“နင် ငါ့ကို သစ္စာဖောက်ရဲတယ်ပေါ့။ အခုတော့ အားကိုးရာတစ်ခု ရှာတွေ့သွားပြီ ထင်တယ်”

ဟု အေးစက်စက်နှင့် ပြောလိုက်သည်။

မုယုံရွှီတွင် ယခု လုချန်းကို အားကိုးရာအဖြစ် ရှိနေသော်လည်း သူမ၏စိတ်နှလုံးထဲတွင် အလွန်အမင်း ကြောက်ရွံ့နေဆဲ ဖြစ်သည်။ မုယုံရွှီက

“ဧကရီကို ဂါရဝပြုပါတယ်”

ဟု ရုန်းကန်ရင်း ပြောဆိုလိုက်သည်။

လီချင်ရို့က မုယုံရွှီကို လည်ပင်းညှစ်နေသည်ကို မြင်သောအခါ ဝူကျန်းဝမ်က အလျင်အမြန်ပင်

“ချင်ရို့။ မုယုံရွှီက အခုဆိုရင် လုချန်းရဲ့ မိန်းမဖြစ်နေပြီ။ နင် သူ့ကို အစေခံတစ်ဦးလို မဆက်ဆံသင့်ဘူး။ နင် ဒီလို ဆက်ဆံတယ်ဆိုတာ လုချန်း သိသွားရင် နင့်ကို အပြစ်ပေးလိမ့်မယ်။”

မုယုံရွှီသည် ဝူကျန်းဝမ်နှင့် မကြာခဏ အငြင်းပွားတတ်သော်လည်း မုယုံရွှီ ရှိနေခြင်းကြောင့် ဝူကျန်းဝမ် ရန်ခရိုင်တွင် အထီးကျန်မှု မခံစားရခြင်း ဖြစ်သည်။ ထို့ပြင် မုယုံရွှီနှင့် သူမနှင့် အဆောင်တစ်ခုတည်းတွင် နေထိုင်သည်။ မုယုံရွှီသည် ဝူကျန်းဝမ်ဆီမှ လုချန်း၏ အာရုံကို များစွာကို ဆွဲဆောင်နိုင်ခဲ့ပြီး ထိုမှတစ်ဆင့် သူတို့ချင်း မိတ်ဆွေကောင်းများ ဖြစ်လာခဲ့ကြသည်။

ဝူကျန်းဝမ်၏ စကားများကို ကြားပြီးနောက် လီချင်ရို့လည်း နောက်ဆုံးတွင် မုယုံရွှီ၏ လည်ပင်းကို လွှတ်ပေးလိုက်သည်။

All Chapters