သူ့ရဲ့ ကြောက်စရာကောင်းပုံကို နင်သိပါလိမ့်မယ်
Vol. 57 Ch. 844
လီချင်ရို့လည်း မုယုံရွှီကို လွှတ်ပေးလိုက်သည်။ မုယုံရွှီက လည်ပင်းကို ပွတ်သပ်ပြီး လေကို အမောတကြီး ရှူရင်း
“ဧကရီကို ကျေးဇူးတင်ပါတယ်”
မုယုံရွှီ၏ အတွင်းစိတ်တွင် လီချင်ရို့အပေါ် ကြာရှည်စွာ ကပ်တွယ်နေသော ကြောက်ရွံ့မှုတစ်ခု ရှိနေသည်။ ၎င်းသည် သူတို့ အတူတကွ ကြီးပြင်းလာခြင်း၏ အကျိုးဆက်ဖြစ်၏။ လီချင်ရို့သည် လုချန်း၏ လက်အောက်ခံ ဖြစ်နေသည်ကို သိသော်လည်း ထိုကြောက်ရွံ့မှုက ရှိနေဆဲ ဖြစ်သည်။
လီချင်ရို့၏ မျက်နှာက လှောင်ပြောင်သည့် အမူအရာဖြင့် ရှုံ့မဲ့သွားသည်။ သူမက အားမလိုအားမရစွာဖြင့်
“ကျန်းဝမ်သာ မတားခဲ့ရင်။”
“ငါ နင့်ကို လုံးဝ လည်ပင်းညှစ်သတ်ပစ်မှာ။ သစ္စာဖောက်မ။”
ဝူကျန်းဝမ်က ရှေ့သို့ တိုးလာပြီး ဝင်ရောက်ဖြန်ဖြေလိုက်သည်။
“ချင်ရို့။ အပြစ်က သူ့တစ်ယောက်တည်းမှာ မရှိဘူး။ နင် လုချန်းရဲ့ သဘောသဘာဝကို နားလည်မှာပါ။”
လုချန်း၏ ပရိယာယ်များကို လီချင်ရို့၏ စိတ်ထဲတွင် ပြန်လည်မြင်ယောင်လာခဲ့သည်။ ဝူကျန်းဝမ် ပြောခဲ့သည်မှာ ငြင်းမရသော အမှန်တရားတစ်ခု ဖြစ်သည်။ ဝူကျန်းဝမ်ပြောသလိုပင် ထိုလူဆီကို တစ်ခါရောက်သွားပြီးပြီဆိုလျှင် ထွက်ခွာရန်ကား အလွန်ခက်ခဲလှသည်။
သို့တိုင် သူမ၏ အတွင်းစိတ်ထဲ၌ တွေးတောနေသော မေးခွန်းတစ်ခု ရှိနေခဲ့သည်။ သူမ၏ ကျိန်စာအမှတ်အသားသည် အဘယ်ကြောင့် လုံးဝ အကျိုးသက်ရောက်မှု မရှိခဲ့ရသနည်း။ ကောင်းကင်လူသား အဆင့် သို့မဟုတ် မူလအစကမ္ဘာ၏ နယ်ပယ်အဆင့်ကိုပင် အကျိုးသက်ရောက်နိုင်ရန် ဒီဇိုင်းထုတ်ထားသော်လည်း ဤလူယုတ်မာအပေါ် လုံးဝ အသုံးမဝင်ခဲ့ချေ။
လီချင်ရို့၏ အေးစက်ပြီး တွက်ချက်မှုရှိသော မျက်လုံးများ မုယုံရွှီအပေါ် ကျရောက်လာသည်။ ထိုအမျိုးသမီးငယ်၏ မျက်နှာတွင် ယခင်က မရှိခဲ့သော ရင့်ကျက်မှုအသစ်၊ ထည်ဝါသော ဆွဲဆောင်မှုအသွင်အပြင်တို့ ပါရှိနေသည်။ ဤသည်က သူမသည် ထိုအမျိုးသား၏ လက်ထဲသို့ လုံးလုံးလျားလျား ကျရောက်သွားခဲ့ပြီဖြစ်ကြောင်း၏ ထင်ရှားသော လက္ခဏာဖြစ်သည်။
ဝူကျန်းဝမ်က ဆက်ပြောလိုက်သည်။
“သူက နင့်ကို သစ္စာဖောက်ခဲ့ပေမဲ့”
“ရန်ခရိုင်မှာ သူက ငါ့အတွက် အများကြီး အကူအညီ ပေးခဲ့တယ်။”
“သူက သူရဲ့ တာဝန်ကို လုပ်ဆောင်ခဲ့ရုံပါပဲ”
ဟု လီချင်ရို့က နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်သည်။
ထိုစဉ် အမျိုးသားတစ်ဦး၏ အသံကတိတ်ဆိတ်မှုကို ရုတ်တရက် ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
“ချင်ရို့။ မင်း နန်းတော်ကို ရောက်တာ သိပ်မကြာသေးဘူး။ ဘာလို့ အဲ့လောက် ဒေါသထွက်နေရတာလဲ။ ဘယ်သူက မင်းကို ရန်စလိုက်လို့လဲ။”
အမျိုးသမီးသုံးဦး တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ကြ၏။ အနက်ရောင်နှင့် ရွှေရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည့် လုချန်းပေါ်၌ သူတို့၏ အကြည့်များ ရပ်တန့်သွားသည်။ သူက အဆောင်ငယ်အတွင်းသို့ ဝင်လာပြီး တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြသော ဝူကျန်းဝမ်နှင့် လိိီချင်ရို့ကို ကြည့်လိုက်သည်။ လှပသော အမျိုးသမီးနှစ်ဦး ဤသို့တွယ်ကပ်နေသည်ကို မြင်ရသည့်အခါတိုင်း သူ၏အတွင်းစိတ်ထဲတွင် မပြောမပြနိုင်သော တွန်းအားတစ်ခု ပေါ်ပေါက်လာတတ်သည်။
ထို့နောက် သူ့မျက်လုံးများက လီချင်ရို့နှင့် ဆုံမိပြီး သူ့နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
“ချင်ရို့။ ကျန်းဝမ် မင်းဘေးမှာ ရှိနေတာတောင် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ စဉ်းစားနေသေးတာလား။”
လီချင်ရို့ နှာခေါင်းရှုံ့လိုက်၏။ သူမ၏စကားများသည် အဆိပ်ရှိသော ကတိတစ်ခု ဖြစ်သည်။
“ရှင် ကျွန်မကို ရှင့်ရဲ့ မိဖုရားဆောင်ထဲ ခေါ်လာခဲ့ပြီဆိုတော့ ဖြစ်လာမယ့် ပြဿနာတွေအပေါ် နောင်တမရတာ အကောင်းဆုံးပဲ။”
သူမ သူ့ကို လုံးဝမကြောက်ရွံ့ပေ။ သူမသည် ကြောက်ရွံ့မှုကို သူမ၏ လက်နက်၊ သူ၏ စိုးမိုးမှုမှ ကာကွယ်ရန် ဒိုင်းအဖြစ် အသုံးပြုမည့်သူ ဖြစ်သည်။
လုချန်း တုံ့ပြန်လိုက်သည့် လေသံက အလွန် တည်ငြိမ်၏။ သို့သော် သူ၏အသံတွင် နူးညံ့သိမ်မွေ့သော ခြိမ်းခြောက်မှုတစ်ခုကို ပေါင်းထည့်လိုက်သည်။
“မင်း ရန်ခရိုင်ကို ရောက်တာနဲ့ လွတ်လပ်ခွင့်ရမယ်လို့ ကတိပေးထားတယ်။ အဲ့ကတိကို ကိုယ် တည်မယ်။”
“မင်းကို ကိုယ် ယုံကြည်တယ်။ ကျန်းဝမ် ဒီမှာရှိနေတာဆိုတော့ မင်း နန်းတော်မှာ ရှုပ်ထွေးမှု ဖြစ်စေမှာ မဟုတ်ဘူးလို့လည်း ယုံကြည်တယ်။ မင်း ကြိုးစားခဲ့ရင်တောင် သူက မင်းကို တားလိမ့်မယ်။”
လုချန်းက ဝူကျန်းဝမ်ကို သူ၏ ကစားရုပ်အဖြစ် အသုံးပြုနေသည်ကို လီချင်ရို့ နားလည်သွားသည်။ မနာခံပါက သူမ၏ သူငယ်ချင်းကို ထိခိုက်စေလိမ့်မည် ဖြစ်သည်။
လုချန်းက ဆက်လက်၍
“စကားမစပ် ဒီညမှာ မိသားစု စားသောက်ပွဲ ရှိတယ်။ မင်း တက်ရောက်ဖို့ မျှော်လင့်တယ်”
“မင်းတို့ စကားပြောတာ မနှောင့်ယှက်တော့ဘူး”
ဟု ပြောပြီး သူ ထွက်ခွာသွားသည်။
လီချင်ရို့သည် မျက်မှောင်ကြုတ်လျက် ပြန်ဆုတ်ခွာသွားသည့် သူ့ပုံစံကို ကြည့်နေခဲ့သည်။ ဝူကျန်းဝမ်က သူ၏ ဓားစာခံဖြစ်ကြောင်း ပြသရန်ကလွဲပြီး အခြား အကြောင်းပြချက် မရှိပဲ သူ လာခဲ့တာလား။
……
လုချန်း ထွက်ခွာသွားပြီးနောက် ဝူကျန်းဝမ်လည်း ညင်သာစွာ သက်ပြင်းချလိုက်၏။
လီချင်ရို့ထဲတွင် သူမ၏ အတိတ်က ပုံရိပ်များကို ဝူကျန်းဝမ် မြင်လိုက်ရသည်။ သူမ ရန်ခရိုင်သို့ ရောက်ရှိလာချိန်တုန်းကလည်း လီချင်ရို့ကဲ့သို့ပင် မာန်မာနကြီးပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိခဲ့သည်။ လုချန်းအား မည်သည့်အခါမှ နာခံရန် စိတ်မကူးခဲ့ပေ။ သို့သော် နောက်ဆုံးတွင်.....
သူမသည်လည်း တစ်ချိန်က သူ့ကို ဆန့်ကျင်ခဲ့ဖူးသည်။ ထိုရုန်းကန်မှုသည် သူမ၏ ဝမ်းဗိုက် ဖောင်းလာခြင်းနှင့် ရံဖန်ရံခါတွင်သူမ၏ကိုယ်တိုင်က စတင်ပြီး သူနှင့် ပျော်ပါးလိုစိတ်များ ဖြစ်လာခြင်းနှင့် အဆုံးသတ်ခဲ့သည်။
လီချင်ရို့၏ ပင်ပန်းဆင်းရဲနေသော စိတ်ဝိညာဉ်ကို သက်သာစေရန်အတွက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုများ ဝူကျန်းဝမ် ပေးရတော့မည်ဖြစ်သည်။ ဖြစ်ပျက်ခဲ့ပြီးသော အရာသည် ရှောင်လွှဲမရသော ကံကြမ္မာဖြစ်သည်။ သူတို့သည် ဤလူနှင့် ချည်နှောင်ခံထားရသည်။ ဆက်လက်ဆန့်ကျင်နေခြင်းသည် ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ခြင်းသာ ဖြစ်လိမ့်မည်။
……
ညနေပိုင်း မိသားစုစားပွဲတွင်။
လုချန်း၏ ဇနီးမိဖုရားအားလုံးနှင့် သားသမီးအားလုံး တက်ရောက်ကြသည်။ လီချင်ရို့လည်း ပါဝင်သည်။ လီချင်ရို့ အလွန်မလိုလားသော်လည်း ဝူကျန်းဝမ်နှင့်အတူ လေပြင်းမိုးတိမ်ဆောင်သို့ သွားရောက်ခဲ့သည်။
ခန်းမကြီးအတွင်းရှိ သူ၏ မိဖုရားများနှင့် သားသမီးများကို ကြည့်ရင်း လုချန်း စိတ်လှုပ်ရှားမိသည်။ ဤကမ္ဘာတွင် အနှစ်နှစ်ဆယ်ကျော်ကြာပြီးမှ သူ့ကိုယ်ပိုင် မိသားစုကြီးတစ်စု ရရှိခဲ့သည်။
ညစာစားပွဲသည် ရယ်မောသံများ၊ ပျော်ရွှင်သော စကားသံများဖြင့် အဆုံးသတ်သွားခဲ့သည်။
နောက်ပိုင်းတွင် လုချန်းသည် မုကျိရွှမ်း၏ အခန်းသို့သွားကာ ကျောင်းညီအစ်မတို့ကိုပါ ခေါ်ယူပြီး အမျိုးသမီးသုံးဦး၏ တောင့်တမှုများကို ဖြေဖျောက်ပေးလိုက်လေသည်။
……
ရက်အနည်းငယ်ကြာပြီးနောက်။
ရွှမ်ယွမ်မိသားစု စံအိမ်။
ရွှမ်ယွမ်ချန်းနှင့် ရွှမ်ယွမ်ယွမ်ချီတို့သည် ကျောက်ခုံများပေါ်တွင် ထိုင်နေကြပြီး တစ်စုံတစ်ရာကို ဆွေးနွေးနေကြသည်။
“ရွှမ်ယွမ်ယွမ်ချီက
“အစ်ကိုကြီး မင်းကြီးဆီမှာ ကျွန်မအတွက် အခွင့်အရေးတစ်ခုလောက် တောင်းပေးလို့ ရမလား။ ကျွန်မ အစ်ကိုနဲ့အတူ တောင်ဘက်ကို ချီတက်ပြီး ချွမ်နိုင်ငံတော်ကို နှိမ်နင်းမယ်။ ချွမ်နိုင်ငံက နောက်ဆုံး တိုင်းပြည်ဖြစ်နေပြီ။ အဲ့ဒီမှာ မပါရရင် နောက်ထပ်အခွင့်အရေး ထပ်ရတော့မှာ မဟုတ်ဘူး။”
လုချန်းက သူမကို နန်းတွင်းကိုယ်ရံတော်တပ်အား ဦးဆောင်ခွင့်ပေးခဲ့သည်။ သို့သော် ၎င်းသည် အရာမရောက်သော ရာထူးတစ်ခုသာ ဖြစ်သည်။ သူမသည် နာမည်ခံ ဗိုလ်ချုပ်တစ်ဦးသာ ဖြစ်ပြီး စစ်မျက်နှာပြင်၏ နောက်တန်းတွင်သာ ထာဝရ နေရာချခံထားရသောကြောင့် စစ်ဘက်ဆိုင်ရာ ဂုဏ်သိက္ခာရယူလိုသည့် သူမ၏ အိပ်မက်များကို အကောင်အထည် မဖော်နိုင်ခဲ့ပေ။
စစ်ပွဲ၏ အလှဆင်ပစ္စည်းတစ်ခုအဖြစ်သာ သူမကိုယ်သူမ ခံစားရသည်။ ဤအခန်းကဏ္ဍကို သူမ မုန်းတီးသည်။
သို့တိုင် သူမ လုချန်းကို တိုက်ရိုက်ပြောဆိုရန် မရဲပေ။ သူ၏ နူးညံ့သိမ်မွေ့မှုသည် ဟန်ဆောင်မှုတစ်ခုသာဖြစ်နိုင်၏။ ကံကြမ္မာ၏ သားတော်၏ စွမ်းအားကို ဖုံးကွယ်ထားသော မျက်နှာဖုံးတစ်ခု ဖြစ်သည်။ ထို့ကြောင့် ရွှမ်ယွမ်ယွမ်ချီ၏ အတွင်းစိတ်ထဲရှိ သူ့အားကြောက်ရွံ့မှု ရှိနေသည်။
ထိုစကားကို ကြားလိုက်ရသော ရွှမ်ယွမ်ချန်းက သက်ပြင်းချလိုက်ကာ
“ယွမ်ချီ။ မင်းကြီးရဲ့ ရည်ရွယ်ချက်ကို မင်း မမြင်နိုင်ဘူးလား။ သူက မင်းကို စစ်တပ်ဦးဆောင်ခွင့်ပြုခဲ့တယ်လေ။ ဒါပေမဲ့ သူက မင်းကို တန်ဖိုးထားတော့ မင်းအန္တရာယ်ဖြစ်မှ စိုးရိမ်တယ်။ သူက မင်းကို စစ်မြေပြင်သွားခွင့်ပြုမှာ မဟုတ်ဘူး။”
အစ်ကိုဖြစ်သူ၏ စကားကို ကြားလိုက်ရသော ကြီးမားသော စိတ်ပျက်မှုတစ်ခုကို ရွှမ်ယွမ်ယွမ်ချီ ခံစားလိုက်ရသည်။
“ထိုအချိန်တွင် ညီမငယ်၏ စိတ်ပျက်နေသော မျက်နှာကို မြင်လိုက်ရသော ရွှမ်ယွမ်ချန်းက ဆက်ပြောလိုက်သည်။
“တကယ်တော့ မင်းကိုယ်တိုင် မင်းကြီးဆီကို ကိုယ်တိုင်သွားပြီး ချဉ်းကပ်နိုင်တယ်။ အဲ့ဒါဆို သူ သဘောတူကောင်း တူလိမ့်မယ်။
“တို့ဧကရာဇ်က အသိဉာဏ်ရှိတဲ့ အုပ်ချုပ်သူပဲ။ သူက မင်းကို နန်းတော်ထဲမှာ ပိတ်လှောင်ထားမှာ မဟုတ်ဘူး။ တခြား နန်းတွင်း မိဖုရားတွေကို ကြည့်လိုက်။ သူတို့မှာ အာဏာတွေ ရှိနေပြီး နန်းတော်ကနေ မကြာခဏ ထွက်ခွာနိုင်တယ်။”
ထို့နောက် သူက ကိုယ်ကို ရှေ့သို့ အနည်းငယ်ကိုင်းလိုက်ပြီး အသံ ခပ်တိုးတိုးဖြင့်
“အကယ်၍ ညီမက မင်းကြီးရဲ့အမျိုးသမီး ဖြစ်လာပြီး သူ့ကို ကောင်းကောင်းပြုစုပေးနိုင်မယ်ဆိုရင် မင်းကြီးက မင်းကို စစ်မြေပြင်မှာ ဦးဆောင်ခွင့်ပြုလိမ့်မယ်။”
ရွှမ်ယွမ်ယွမ်ချီက ရွှမ်ယွမ်ချန်းကို သံသယဖြင့် ကြည့်လိုက်သည်။ သူမ၏ အစ်ကိုက သူမအား မင်းကြီးထံသို့ ဆက်သရန် ကြံစည်နေဟန် ရှိသည်။ သူမသည် ဧကရာဇ်၏ ကလေးများကို မွေးဖွားပေးရနိုင်သည့် ဖြစ်နိုင်ခြေကို အချိန်အတော်ကြာကတည်းက လက်ခံထားခဲ့သော်လည်း ထိုအရာအတွက် သူမ၏ အိပ်မက်များကို စွန့်လွှတ်ရမည်ဆိုသည့် အတွေးက နက်ရှိုင်းသော ဆန့်ကျင်မှုတစ်ခုကို ဖြစ်ပေါ်စေသည်။
သူမ၏ ရည်မှန်းချက်များ မပြည့်မီ ကိုယ်ဝန်ရှိသွားပါက ဘယ်လိုလုပ်မည်နည်း။ ထင်ရှားကျော်ကြားသော ဗိုလ်ချုပ်တစ်ဦးအနေနှင့် စစ်မြင်းကို စီးပြီး စစ်မြေပြင်ကို မည်သို့ သွားနိုင်မည်နည်း။