← Chapters

ရှင် ကျွန်မကို ဘာလုပ်ဖို့ စိတ်ကူးထားတာလဲ

Vol. 57 Ch. 845

ရှင် ကျွန်မကို ဘာလုပ်ဖို့ စိတ်ကူးထားတာလဲ

Vol. 57 Ch. 845

ရွှမ်ယွမ်ယွမ်ချီ၏ သံသယမျက်နှာကို မြင်သောအခါ ရွှမ်ယွမ်ချန်းက သူမကို ဆက်လက်စည်းရုံးရန် ကြိုးစားလိုက်သည်။

“ ညီမလေးလည်း နန်းတွင်းကိုယ်ရံတော် တပ်မှူးအဖြစ် လုပ်နေတာအတော်ကြာပြီပဲ။ ရန်ခရိုင်မှာ အများဆုံး နေခဲ့တာဆိုတော့ နန်းတွင်းက မိဖုရားတွေက ဘယ်လိုလဲ နေရလဲဆိုတာ ညီမလေး သိပြီးသားပဲလေ။”

“ဧကရာဇ်က သူ့ရဲ့ မိန်းမတွေကို အထူး နှစ်သက်တယ်။ ညီမလေးသာ သူ့ကို ကောင်းကောင်းအလုပ်အကျွေး ပြုနိုင်မယ်ဆိုရင် ဧကရာဇ်က ညီမလေးကို တပ်တွေဦးဆောင်ဖို့ သဘောတူမယ်လို့ အစ်ကိုယုံကြည်တယ်။”

“ဒါပေမဲ့ သူက ညီမလေးကို တပ်ဦးဆောင်ခွင့် ပေးခဲ့ရင်တောင်မှ အစ်ကို့လို တပ်မှူးချုပ်တစ်ယောက်တော့ ဖြစ်လာမှာမဟုတ်ဘူး။”

ရွှမ်ယွမ်ယွမ်ချီသည် အရည်အချင်းရှိသော ဗိုလ်ချုပ်တစ်ဦးဖြစ်သော်လည်း သူမသည် တပ်မှူးချုပ်တစ်ယောက် တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။ ကြီးမားသော စစ်တပ်ကို တိုက်ပွဲတွင် ဦးဆောင်ဖူးသည့် အတွေ့အကြုံ မရှိပေ။

ထိုစကားကို ကြားသောအခါ ရွှမ်ယွမ်ယွမ်ချီ စိတ်တိုသွား၏။ သူမ၏အစ်ကိုက တပ်မှူးချုပ်တစ်ယောက် ဖြစ်နိုင်လျှင် သူမက အဘယ်ကြောင့် မဖြစ်နိုင်ရမည်နည်း။ သူမလည်း ဖြစ်လာအောင် သင်ယူနိုင်သည်။

ဧကရာဇ်သာ သူမကို အခွင့်အရေးတစ်ခု ပေးခဲ့လျှင် သူမ၏စွမ်းရည်များသည် သူမ၏အစ်ကို ကဲ့သို့ပင် ကောင်းမွန်လိမ့်မည်ဟု ရွှမ်ယွမ်ယွမ်ချီ ယုံကြည်သည်။ သူမသည် အမြဲတမ်း နောက်တန်းတွင်သာ ရှိနေခဲ့ရသောကြောင့် အခွင့်အရေး မရခဲ့ခြင်းသာ ဖြစ်သည်။

သူမအစ်ကို၏ ရည်ရွယ်ချက်ကို သိရှိသော်လည်း ချွမ်နိုင်ငံတော်နှင့်စစ်ပွဲတွင် ပါဝင်ရန် အတွက် ဧကရာဇ်ကို အရင်သွားတွေ့ရန် ရွှမ်ယွမ်ယွမ်ချီ ဆုံးဖြတ်လိုက်သည်။

ဧကရာဇ်က တကယ်တမ်း သဘောတူခဲ့လျှင် မည်သို့ဖြစ်မည်နည်း။

ထိုအတွေးနှင့်အတူ ရွှမ်ယွမ်ယွမ်ချီက “ကျွန်မ နားလည်ပါပြီ။ ရက်နည်းနည်းငယ်ကြာရင် ဧကရာဇ်ကို ကျွန်မ သွားတွေ့ပါ့မယ်”

……..

ညအချိန်

ဝူကျန်းဝမ်၏ အဆောင်ရှိအမွှေးတိုင်အိုးမှ မီးခိုးများသည် လေထဲတွင် လွှင့်ပျံနေသည်။

လှပသော အမျိုးသမီးနှစ်ဦးသည် အတူထိုင်လျက် ရင်းရင်းနှီးနှီး စကားပြောနေကြသည်။ လီချင်ရို့၏ လှပသော အနီရောင်ဖီးနစ်ဝတ်ရုံသည် လျော့ရဲနေပြီး သူမ၏ ဖြူစွတ်သော ညှပ်ရိုးနှင့် ပခုံးများကို ဖော်ပြနေ၏။ သူမ၏လက်များက ဝူကျန်းဝမ်၏ ကိုယ်ခန္ဓာကို ပွေ့ဖက်ထားသည်။

လီချင်ရို့ ရန်ခရိုင်သို့ ရောက်လာကတည်းက ၎င်းနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး မခွဲနိုင်အောင် ဖြစ်နေခဲ့သည်။

လုချန်းတစ်‌ယောက် သူ၏ဇနီးများနှင့် အလုပ်များနေသောကြောင့် ဝူကျန်းဝမ်၏ နန်းဆောင်သို့ မရောက်သေးပေ။ သို့သော် အမျိုးသမီးနှစ်ဦး ရင်းနှီးစွာရှိနေသည်ကို မြင်တွေ့ရခြင်းက သူ့အတွက် ပျော်ရွှင်စရာပင်ဖြစ်သည်။

လီချင်ရို့က ဝူကျန်းဝမ်၏ မေးစေ့ကို ပင့်လိုက်ပြီး သူမ၏မျက်လုံးများကို စိုက်ကြည့်ကာ

“ကျန်းဝမ်။မြူခိုးဒေသရဲ့ ကန့်သတ်ချက်တွေ ကုန်သွားတာနဲ့ ငါတို့ ဂိုဏ်းကို ပြန်သွားသင့်လား။”

မိဖုရားဆောင်၏ အစိတ်အပိုင်းတစ်ခု လီချင်ရို့ ဖြစ်ချင်စိတ် မရှိသေးပေ။ ဝူကျန်းဝမ်နှင့်အတူ ထွက်ပြေးရန် စဉ်စားနေဆဲ ဖြစ်သည်။

ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်က “ချင်ရို့။ နင် လုချန်းအပေါ် သံသယတွေ ရှိနေသေးတာ ငါသိပါတယ်။ နင် တကယ်ပဲ ဒီမှာ မနေချင်တော့ရင် သူ့ကို သွားပြောသင့်တယ်။ သူက နင့်ကို ထွက်သွားခွင့် ပေးကောင်း ပေးနိုင်တယ်။”

“လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင်လည်း သူ့ရဲ့မိန်းမပဲလေ။ ဒါပေမဲ့ သူ့ကို လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်သွားခွင့် ပေးခဲ့တယ်။”

“နင်က ရှနိုင်ငံတော်ကို ထိခိုက်မယ့် အလုပ်မျိုး မလုပ်သရွေ့ သူက နင့်ကို ဒီမှာ ချုပ်ချယ်ထားမှာ မဟုတ်ပါဘူး။”

လီချင်ရို့က သက်ပြင်းတစ်ချက် ညင်သာစွာ ချလိုက်ပြီး

“ကျန်းဝမ်။ နင်က သူ့ရဲ့ ကလေးတွေ တကယ်လိုချင်နေတာလား”

“သူ ပြန်ရောက်နေတာတောင် အတော်ကြာနေပြီ အခုထိ နင့်ဆီကိုတောင် မလာသေးဘူးလေ။ သူက နင့်ရဲ့ ယောက်ျားလေး အချစ်တော်ဆိုရင် ငါ ဘာမှမပြောပါဘူး။ ဒါပေမဲ့ နင် နားလည်ရမှာက နင်က သူ့ရဲ့တစ်ဦးတည်းသော မိန်းမ မဟုတ်ဘူး။ ပြီးတော့ သူ့မှာ မိန်းမတွေက ပိုပြီးများလာဦးမယ်။”

“ငါတို့ ဒီမှာ ဆက်နေမယ်ဆိုရင် ငါတို့ လုပ်နေရတာက သူ့လာလည်ဖို့ကို စောင့်နေရတာပဲ ရှိမယ်။”

ဝူကျန်းဝမ်က ပြုံးလိုက်ပြီး လီချင်ရို့၏လက်ကို ဆုပ်ကိုင်လိုက်ကာ

“ချင်ရို့။ နင် ရန်ခရိုင်မှာ ခဏလေးလောက် ဆက်နေဦးဆိုရင် နင် တွေ့ရမှာပါ။ လုချန်းက အမြဲတမ်း တရားမျှတပြီး ဘယ်သူ့ကိုမှ ပိုပြီးမျက်နှာသာ ပေးတာမျိုး မရှိဘူး။”

“ဒီရက်တွေမှာ သူ ဒီကို မလာတာက ငါတို့ အလှည့်မကျသေးလို့ပဲ။”

လုချန်းတွင် မိန်းမများစွာ ရှိသည်။ သူသည် တစ်ဦးချင်းစီနှင့် နှစ်ညလောက် အတူနေခဲ့လျှင်ပင် လူတိုင်းဆီကို လာရောက်လည်ပတ်ရန် ရက်များစွာ အချိန်ယူရပေလိမ့်မည်။

“ငါ့ထင်တယ် သူ တစ်ရက်၊ နှစ်ရက်လောက်ဆို ဒီကို ရောက်လာတော့မှာပါ။”

ဝူကျန်းဝမ် လုချန်းအပေါ်တွင် ခံစားချက်များ ရှိနေသေးသည်ကို မြင်သောအခါ လီချင်ရို့၏ မျက်ခုံးများ အနည်းငယ် တွန့်တက်သွားသည်။

ဝူကျန်းဝမ်ကို လုချန်းထံမှ ထွက်ခွာအောင် စည်းရုံးရန် မလွယ်ကူပေ။ ထိုလူတွင် မည်သို့‌ သော လှည့်ကွက်များ ရှိသည်မသိ။ အမျိုးသမီးတစ်ဦးအတွက် သူ့နှင့် ပတ်သက်သွားသည်နှင့် တပြိုင်နက် ခွဲခွာရန် အလွန်ခက်ခဲသည်။

သူမ ဘာလုပ်နိုင်မည်နည်း။

ဤမိဖုရားဆောင်တွင် ကျန်ရှိသောဘဝတစ်လျှောက်လုံး အကျဉ်းချခံ နေရတော့မှာလား။

ထိုအချိန်တွင် အပြင်ဘက်မှ အမျိုးသားတစ်ဦး၏ အသံထွက်ပေါ်လာသည်။

“ချင်ရို့က ဒီမှာရောက်တာ တစ်ပတ်လောက်ပဲရှိသေးတယ်။ ထွက်ပြေးဖို့တွေးနေပြိီလား။ ပြီးတော့ ကျန်းဝမ်ကိုပါ ခေါ်သွားဖို့တောင် စီစဉ်နေသေးတယ်လား။”

အသံဆုံးသွားသည်နှင့် ဝူကျန်းဝမ်၏ အခန်းတံခါး ပွင့်သွားပြီး လုချန်း အထဲသို့ လျှောက်ဝင်လာခဲ့သည်။

အမျိုးသမီးနှစ်ဦးလုံးက သူ့ကို လှည့်ကြည့်လိုက်ကြသည်။

လုချန်းကို မြင်သောအခါ လီချင်ရို့ ကြောက်ရွံ့မှု မပြပေ။ သူမက အေးဆေးတည်ငြိမ်စွာဖြင့်

“ကျွန်မကြောင့်ရှင့်ရဲ့ မိဖုရားဆောင်မှာ ပြဿနာတွေ ဖြစ်လာမှာ မကြောက်ဘူးလား။”

လုချန်းက အနည်းငယ် ပြုံးလိုက်သည်။

“မကြောက်ပါဘူး။ ပြီးတော့ ကျန်းဝမ်က မင်းကြောင့် စိတ်ပြောင်းသွားမှာ မဟုတ်ဘူးဆိုတာကိုလည်း ကိုယ် သိတယ်။”

သူ ထိုသို့ပြောပြီးနောက် လုချန်းက အမျိုးသမီးနှစ်ဦး၏နောက်သို့ သူ၏ အလင်းအရိပ် ကျင့်စဉ်ကို အသုံးပြု၍ ပေါ်လာပြီး ထိုင်လိုက်သည်။ ထို့နောက် ဝူကျန်းဝမ်၏ ခါးကို ဖက်လိုက်၏။

လုချန်း၏ ရုတ်တရက် ဝင်လာသောကြောင့် လီချင်ရို့ အလွန် စိတ်မသက်မသာ ဖြစ်သွားသည်။ သူမသည် ဝူကျန်းဝမ်နှင့် နှစ်ယောက်တည်း အေးချမ်းစွာ နေ‌နေချိန် ထိုလူဆိုးက ဝင်ရောက်စွက်ဖက်လာပြီဖြစ်သည်။

လုချန်းက ဝူကျန်းဝမ်၏ခါးကို ပွေ့ဖက်ပြီးနောက် သူမ၏ဗိုက်ကို ညင်သာစွာပွတ်သပ်ကာ

“ကျန်းဝမ်ဟာ ကိုယ့်ကလေးကို ကိုယ်ဝန်ဆောင်ထားပြီ။ သူမင်းနဲ့အတူ ဘယ်လိုလိုက်နိုင်မှာလဲ။”

“သူထွက်သွားခဲ့ရင် ကလေးက အဖေမရှိတာ ဒါမှမဟုတ် အမေမရှိ ဖြစ်သွားလိမ့်မယ်။ ကျန်းဝမ်က ဒီလိုမျိုး ရက်စက်နိုင်တယ်လို့ ကိုယ်မယုံဘူး။”

“လူတိုင်းကို မင်းလိုပဲ သံယောဇဉ်မဲ့ တာအိုလမ်းစဉ်ကို ကျင့်သုံးပြီး အဆင်ပြေသလို ဆွေမျိုးသားချင်းတွေကို စွန့်ပစ်တတ်တယ်လို့ မင်းထင်နေတာလား။”

ဒါက...

လုချန်း၏ စကားများကြောင့် လီချင်ရို့ အံ့အားသင့်သွားသည်။

သူမသည် ဝူကျန်းဝမ်ကို ခေါ်ဆောင်သွားရန် အာရုံစိုက်နေသဖြင့် ဝူကျန်းဝမ် အနေအထားက သူမနှင့် မတူညီကြောင်းကို လုံးဝမေ့လျော့နေခဲ့သည်။ လီချင်ရို့သည် သံယောဇဉ်မဲ တာအို လမ်းစဉ်ကို ကျင့်ကြံသောကြောင့် အရာများစွာကို စွန့်လွှတ်နိုင်သော်လည်း ဝူကျန်းဝမ်ကတော့ မလုပ်နိုင်ပေ။ အထူးသဖြင့် သွေးသားဆက်နွှယ်မှုနှင့်ပတ်သက်လာသောအခါတွင် ဖြစ်သည်။

ထိုအချိန်တွင် ဝူကျန်းဝမ်က

“ ချင်ရို့က ဒီနေရာနဲ့ မရင်းနှီးသေးလို့ ထွက်သွားချင်နေတာပါ မင်းကြီး။ သူ ဒီနေရာနဲ့ ရင်းနှီးသွားတာနဲ့ ထွက်သွားဖို့ မစဉ်းစားတော့မှာ မဟုတ်ပါဘူး။”

လုချန်းက ပြုံးလိုက်သည်။

“သူ ထွက်သွားချင်တာက မရင်းနှီးလို့ မဟုတ်ဘူး။ ကိုယ့်ရဲ့ အာဟာရဓာတ်တွေ ချို့တဲ့နေလို့ပါ။”

ထိုစကားများနှင့်အတူ လုချန်းက လီချင်ရို့အား ဆွဲဖက်လိုက်၏။ သူမက ခဏမျှ ကြောင်သွားကာ

“ရှင် ကျွန်မကို ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”

ဟု အေးစက်စက် ပြောလိုက်သည်။

လုချန်းက ပြုံးလျက်

“မင်းက ကိုယ့်ရဲ့ မိဖုရားကြီး ဖြစ်နေပြီ။ ကိုယ် ဘာလုပ်မယ်လို့ မင်းထင်သလဲ။”

လီချင်ရို့၏ ရင်ထဲ တင်းကျပ်သွားသည်။ သူမသည် ဤလူဆိုးနှင့် တစ်လကျော်ကြာနေခဲ့ပြီး နေ့စဉ်နှင့်အမျှ အရှက်ရနေခဲ့ရဖူးသည်။ သို့သော် ထိုသို့ဖြစ်ခဲ့သည်က ဝူကျန်းဝမ် မရှိခဲ့ခြင်းကြောင့် ဖြစ်သည်။

ယခုမူ သူမ၏ သူငယ်ချင်းရှိနေသဖြင့် ထိုကဲ့သို့သော ရှက်စရာကောင်းသည့် အခြေအနေအား ဝူကျန်းဝမ်အား မမြင်စေလိုပေ။

ထို့နောက် လီချင်ရို့က

“ရှင် ကျွန်မကို ထိရဲမယ်ဆိုရင် ဒီနေ့ ကျွန်မတို့နှစ်ယောက်လုံး အတူတူ အဆုံးသတ်သွားအောင် လုပ်လိုက်မယ်”

ဟု ခြိမ်းခြောက်လိုက်သည်။

သူမ ရုန်းကန်ရန် စတင်လိုက်သော်လည်း သူမ၏ အတွင်းအားများ ပိတ်ဆို့ခံထားရသည်ကို လျင်မြန်စွာ သဘောပေါက်လိုက်သည်။ သူမ ထင်ထားသည့်အတိုင်းပင် သူမသည် လုချန်း၏ ကိုယ်ခန္ဓာကို ထိလိုက်သည်နှင့် သူမ၏ အတွင်းအားများကို ချက်ချင်း ပိတ်ဆို့နိုင်ပြီး ပုံမှန်လူတစ်ဦးကဲ့သို့ အားနည်းသွားစေနိုင်သည်။ ထို့နောက် သူက သူမကို မည်သည့်တွန့်ဆုတ်မှုမှ မရှိပဲ သူလိုချင်သလို ပြုမူနိုင်တော့သည်။

လုချန်းက သူမ၏ ခြိမ်းခြောက်မှုများကို လုံးဝ လျစ်လျူရှုလိုက်သည်။ သူက သူမကို ပွေ့ချီလိုက်၏။

လီချင်ရို့ ထွက်ပြေးရန်ပင် မကြိုးစားနိုင်မီ လုချန်းက အလင်းအရိပ်ကို အသုံးပြု၍ ဝူကျန်းဝမ်၏ အိပ်ရာဘေးသို့ သွားလိုက်၏။ ထို့နောက် သူက သူမကို ဝူကျန်းဝမ်၏ အိပ်ရာပေါ်သို့ ပစ်ချလိုက်၏။

“မင်းက ကျန်းဝမ်ကို ခေါ်သွားချင်တယ်ဆိုတော့ ဒီနေ့ သူရှေ့မှာပဲ မင်းနဲ့ ကောင်းကောင်း စကားပြောကြတာပေါ့”

All Chapters