လက်ရှိအကြီးမားဆုံးပြဿနာက ချွမ်နိုင်ငံတော်ကို သိမ်းပိုက်ရန်ဖြစ်သည်
Vol. 57 Ch. 847
လီချင်ရို့၏ စကားကို ကြားသောအခါ သူမ အလွန် ရိုးအသည်ဟု လုချန်း တွေးလိုက်မိသည်။
လီချင်ရို့ ဘာတွေးနေသည်ကို လုချန်း အတိအကျ သိသည်။ သူမသည် ဝမ်ချင်းစီနှင့် တခြားသူများ ယခင်က တွေးခဲ့သကဲ့သို့ပင် သူမ၏ အတွင်းအားများကို အသုံးပြု၍ ခန္ဓာကိုယ်မှ အညစ်အကြေးများကို တွန်းထုတ်ရုံဖြင့် အရာအားလုံး အဆင်ပြေလိမ့်မည်ဟု ယုံကြည်နေခြင်း ဖြစ်နိုင်သည်။
သူတို့သည် သူတို့၏ကိုယ်ခန္ဓာအတွင်းမှ မည်သည့်အရာကိုမဆို ထုတ်ပယ်နိုင်သည်မှာ သေချာသည်။ သို့သော် အလုပ်ပြီးဆုံးသည့်အထိ စောင့်ရမည် ဖြစ်သည်။ လုချန်း သူ၏အလုပ်ကို လုပ်ဆောင်နေစဉ်တွင် သူတို့ ထိုသို့သော စွမ်းအားမျိုးကို အသုံးပြုနိုင်မည် မဟုတ်ပေ။
တကယ်တော့ သူတို့သည် ကိုယ်ဝန်မရခင်မှာတောင် ထိုအခွင့်အရေးမျိုး ရနိုင်မည် မဟုတ်ပေ။
ထိုအချိန်တွင် လုချန်းက
“ကောင်းပါပြီ။ သဘောတူပါတယ်။ ဒါပေမဲ့ တကယ်လို့ ကိုယ်ဝန်ရသွားခဲ့ရင် ကလေးကို မွေးပေးရမယ်။”
လီချင်ရို့ မဖြေပေ။ လုချန်း၏ ကလေးကို ကိုယ်ဝန်ရမည်ဟု သူမ တစ်စက္ကန့်မျှပင် မယုံကြည်ပေ။
လုချန်း ဖြည်းဖြည်းချင်း ထရပ်လိုက်သည်နှင့် လီချင်ရို့၏ ခန္ဓာကိုယ်ပေါ်မှ ဖိအားချက်ချင်းပင် ပျောက်ကွယ်သွားပြီး တစ်ခုခုလစ်ဟာသွားသလို ခံစားလိုက်ရသည်။
သူ ထရပ်ပြီးနောက် လုချန်းလည်း ရေချိုးဆောင်သို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။
“မင်းတို့နှစ်ယောက် ကောင်းကောင်း အနားယူလိုက်ကြပါ။ ရက်နည်းနည်းကြာရင် ကျွန်တော် ပြန်လာခဲ့မယ်။”
ကျူးနိုင်ငံတော်အား အုပ်ချုပ်ရေး ကိစ္စရပ်များသည် လုံးဝပြီးဆုံးခါနီးပြီဖြစ်သည်။ ယခုအခါ ရှနိုင်ငံတော်၏ အာရုံစိုက်မှုသည် ချွမ်နိုင်ငံတော်ကို ချေမှုန်းခြင်းအပေါ်သို့ ရွေ့လျားရမည်ဖြစ်သည်။ ယနေ့တွင် ချွမ်နိုင်ငံတော်နှင့်ပတ်သက်၍ အထူးဆွေးနွေးရန်အတွက် အဓိက နန်းတွင်းအစည်းအဝေးတစ်ခု ရှိသည်။
ယနေ့အစည်းအဝေးတွင် ချွမ်နိုင်ငံတော်ကို ချေမှုန်းရန်အတွက် အစီအစဉ်တစ်ခုကို စတင်ရေးဆွဲကြမည် ဖြစ်သည်။
လုချန်း ရေချိုးဆောင်သို့ သွားပြီးနောက်တွင် လီချင်ရို့၏ စိတ်ခံစားချက်များ ရှုပ်ထွေးလာခဲ့ပြီး သူ ထွက်ခွာသွားသည်ကို ကြည့်နေသည်။ နောက်ဆုံးတွင် သူမ အရှုံးပေးခဲ့ရသည်။
သူမသည် ရှုံးနိမ့်ပြီးနောက် အစပိုင်းတွင် ကိုယ့်ကိုယ်ကို သတ်သေရန် စဉ်းစားခဲ့သည်။ သို့သော် သူမ မအောင်မြင်ခဲ့ပဲ ထိုလူယုတ်မာကြောင့် သူမ၏ အပျိုစင်ဘဝ ဆုံးရှုံးခဲ့ရပြီး နည်းလမ်းပေါင်းစုံဖြင့် နှိပ်စက်ခြင်းခံခဲ့ရသည်။
သူမ၏ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပြီး နောက်ပိုင်းတွင် ထိုလူယုတ်မာနှင့်အတူ ရန်ခရိုင်သို့ လာရန် ဆုံးဖြတ်ခဲ့ပြီး သူမ၏ သူငယ်ချင်းကို ခေါ်ဆောင်ရန် နည်းလမ်းတစ်ခုကို ရှာတွေ့လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ ထိုအစီအစဉ်လည်း မအောင်မြင်ခဲ့ပေ။ နောက်ဆုံးတွင် အရှုံးပေးခဲ့ရပြန်သည်။
သူမကဲ့သို့ တစ်ချိန်က ဧကရီတစ်ပါးသည် ဤနန်းတော်တွင် ထာဝရနေထိုင်ပြီး ထိုလူယုတ်မာ၏ ပျော်ရွှင်မှုအတွက် အသုံးပြုခံရသည့် ကစားစရာတစ်ခု ဖြစ်လာတော့မည်လား။
လီချင်ရို့၏ မှုန်မှိုင်းနေသော မျက်နှာကို မြင်သောအခါ ဝူကျန်းဝမ်က အနီးသို့ ရွေ့လာပြီး သူမကို ဖက်ထားလိုက်သည်။ ဝူကျန်းဝမ်က ဘာမှမပြောပဲ သူမကို တင်းကျပ်စွာ ဖက်ထားလိုက်၏။
သူတို့၏ ကိုယ်ခန္ဓာများ ပူးကပ်နေပြီး တစ်ယောက်ကိုတစ်ယောက် နွေးထွေးမှု ပေးနေသည်။ မကြာမီတွင် သူမ၏ နှလုံးသားတွင် ခွန်အားအသစ်များ ပြည့်လာသည်ဟု လီချင်ရို့ ခံစားလိုက်ရသည်။
ယခုလောလောဆယ် ရန်ခရိုင်တွင် ဆက်လက်နေထိုင်ရန် သူမ ဆုံးဖြတ်လိုက်သည်။ တစ်နေ့နေ့တွင် ဝူကျန်းဝမ် ကောင်းကင်လူသား ဖြစ်လာပြီး ထိုလူက သူတို့နှစ်ဦးအပေါ် စိတ်ဝင်စားမှု ပျောက်ဆုံးသွားပါက ထွက်ခွာရန် နည်းလမ်းရှာမည်ဖြစ်သည်။
ထိုလူတွင် မိန်းမများစွာရှိပြီး နောင်တွင် ပို၍ပင် ရှိလာဦးမည်။ မကြာမီတွင် သူမနှင့် ဝူကျန်းဝမ်အပေါ်တွင် သူ၏စိတ်ဝင်စားမှု ပျောက်ဆုံးသွားမည်မှာ သေချာသည်။
ဤသို့တွေးလိုက်သောအခါ အများကြီး နေလို့ကောင်းလာသည်ဟု လီချင်ရို့ ခံစားလိုက်ရသည်။ ဝူကျန်းဝမ်သာ ကောင်းကင်လူသား ဖြစ်လာပါက ဆယ်စုနှစ်အနည်းငယ်သာမဟုတ် ရာစုနှစ်တစ်ခုပင် သူတို့အတွက် ဘာမှ မဟုတ်ပေ။ နှစ်ပေါင်းတစ်ရာစောင့်ဆိုင်းရသည်မှာ လုပ်နိုင်သော အရာတစ်ခုဖြစ်သည်။ နှစ်ပေါင်းတစ်ရာကြာပြီးနောက် လုချန်းသည် သူတို့၏ခန္ဓာကိုယ်များကို စိတ်ဝင်စားနေဦးမည်ဟု သူမ မယုံကြည်ပေ။
သို့သော် လီချင်ရို့ လုချန်းကို လျှော့တွက်မိပြန်တာ ထင်ရှားသည်။
………
လုချန်းသည် ရေချိုးပြီးနောက် နိုင်ငံရေးရာ ခန်းမသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။ ယနေ့ နန်းတွင်းအစည်းအဝေး၌ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိအားလုံး ပါဝင်ကြ၏။ အစည်းအဝေး၏ ရည်ရွယ်ချက်က စစ်ရေးကိစ္စများနှင့် ပတ်သက်သည်မှာ ထင်ရှားသည်။
ယခုအခါ ဝူနိုင်ငံတော်နှင့် ကျူးနိုင်ငံတော်တို့ ကျဆုံးသွားပြီဖြစ်ပြီး အနောက်မြောက်ပိုင်းရှိ နဂါးနက် နိုင်ငံသည်လည်း ရှနိုင်ငံတော်နှင့် မဟာမိတ်ဖွဲ့ထားပြီးဖြစ်ရာ ချွမ်နိုင်ငံတော် တစ်နိုင်ငံတည်းသာ ကျန်ရှိတော့သည်။ ထို့ကြောင့် အရေးတကြီး ဆွေးနွေရမည့် စစ်ရေးကိစ္စများမှာ ချွမ်နိုင်ငံတော်ကို သိမ်းပိုက်ရန်နှင့်ကျိန်းသေ ဆက်နွှယ်နေရမည်သာဖြစ်သည့်။
လုချန်း ခန်းမထဲသို့ ဝင်ရောက်လာသောအခါ အရာရှိများအားလုံး၏ အကြည့်များ သူ့အပေါ် ကျရောက် သွားသည်။ နိုင်ငံတစ်နိုင်ငံကို သိမ်းပိုက်တိုင်း အရာရှိ အချို့အတွက် ရာထူးတက်ရန် အခွင့်အရေး ရှိနေသည်။ သူတို့အတွက် ချွမ်နိုင်ငံတော်ကို သိမ်းပိုက်ခြင်းသည် နောက်ထပ် အခွင့်အရေးတစ်ခု ဖြစ်သည်။
လုချန်း နဂါးပလ္လင်ပေါ်တွင် ထိုင်ပြီးနောက် အရာရှိများအားလုံး ထရပ်ကာ
“မင်းကြီးကို ဂါရဝပြုပါတယ်။ မင်းကြီးအသက်ရှည်ပါစေ။”
လုချန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“အမတ်မင်းတို့။ ပုံမှန်အတိုင်းပဲ လုပ်ပါတော့။ နေရာယူကြပါ။”
သူ စကားဆုံးသောအခါ အရာရှိများလည်း နေရာတွင် ပြန်ထိုင်ကြသည်။ လုချန်းက
“ဒီနေ့ နန်းတွင်းအစည်းအဝေးကို ကျွန်တော် ကိုယ်တိုင်သဘာပတိလုပ်မယ်။ ဆွေးနွေးမယ့် အဓိကအကြောင်းအရာကတော့ ချွမ်နိုင်ငံတော်ကို သိမ်းပိုက်ဖို့ပဲ။”
လုချန်း ကြေညာသော အကြောင်းအရာကိုကြားလိုက်ရသောအခါ အရာရှိများအလွန်စိတ်လှုပ်ရှားသွားကြသည်။ ယနေ့၏ အဓိကဆွေးနွေးမှုသည် အမှန်တကယ်ပင် ချွမ်နိုင်ငံတော်ကို စစ်ဆင်ရန်အတွက် ဖြစ်နေခဲ့သည်။
လုချန်းက ခန်းမရှိ အရာရှိများကို တစ်ချက်ကြည့်လိုက်ပြီး
“ချွမ်နိုင်ငံတော်က ဝူနိုင်ငံတော်၊ ကျူးနိုင်ငံတော်တို့နဲ့ မတူဘူး။ ချွမ်နိုင်ငံတော်ကို သိမ်းယူဖို့က လက်ရှိမှာ အဓိကအခက်အခဲတစ်ခု ရှိနေတယ်။”
အခက်အခဲတစ်ခု....
လုချန်း ဘာကိုဆိုလိုနေကြောင်း အရာရှိများ ချက်ချင်းနားလည်လိုက်သည်။ ချွမ်နိုင်ငံတော်တွင် လက်ရှိဖြစ်ပွားနေသော ကပ်ရောဂါကို ရည်ညွှန်းနေခြင်း ဖြစ်သည်။
အကယ်၍ ရှစစ်သားများက ချွမ်နိုင်ငံတော်အတွင်းသို့ အဆင်ခြင်မဲ့စွာ ဝင်ရောက်ခဲ့ပါက သူတို့ကိုယ်တိုင် ရောဂါကူးစက်ခံရနိုင်ခြေ အလွန်များသည်။ ထိုအချိန်တွင် သူတို့သည် ချွမ်နိုင်ငံတော်ကို အနိုင်ယူနိုင်မည် မဟုတ်ရုံသာမက ရှစစ်တပ်ကိုလည်း ကြီးမားသော ဆုံးရှုံးမှုများ ခံစားရစေလိမ့်မည်။
လုချန်းက
“ဒီကပ်ရောဂါနဲ့ပတ်သက်တဲ့ ပြဿနာကို ဖြေရှင်းလို့ မရရင် ရှနိုင်ငံတော်က တပ်တွေကို ချထားနိုင်မှာ မဟုတ်ဘူး။”
“ဒီကပ်ရောဂါအတွက် ဖြေရှင်းနည်း အကြံဉာဏ်ပေးနိုင်တဲ့သူ ရှိပါသလား”
လုချန်း စကားဆုံးသောအခါ ခန်းမရှိ အရာရှိတွေများကြား ချက်ချင်းပင် ဆွေးနွေးမှုများစတင်ခဲ့သည်။
သူတို့၏ မျက်နှာများပေါ်မှ စိုးရိမ်ပူပန်ပြီး စိတ်ပျက်နေသော အကြည့်များကို မြင်သောအခါ သူတို့ထံမှ ကောင်းမွန်သော ဖြေရှင်းနည်းကို မျှော်လင့်ခြင်းသည် အချိန်ဖြုန်းနေခြင်း သက်သက်ဖြစ်ကြောင်းကို လုချန်း နားလည်လိုက်သည်။
သူ့ကဲ့သို့ ခေတ်သစ် အသိပညာများ ရှိသူပင် ချွမ်နိုင်ငံတော်၏ ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းရန် အားကိုးလောက်သောနည်းလမ်းတစ်ခု မရှိခဲ့ပေ။ ရှေးခေတ်လူများအတွက်မူ ပြောစရာပင် မလိုပေ။ လုချန်း သူတို့ကို ဆွေးနွေးရန်အတွက် အစည်းဝေးခေါ် လိုက်ခြင်းမှာ အလုပ်သဘောအရ လုပ်ဆောင်ခြင်းမျှသာ ဖြစ်သည်။
သူ ဧကရာဇ် ဖြစ်လာပြီးကတည်းက နန်းတွင်းတွင် မျက်နှာပန်းလှအောင် နေခဲ့ရပြီး ကိစ္စများကို ဆွေးနွေးဟန်ဆောင်ခြင်း၊ သူ၏ အရာရှိများထံမှ အကြံဉာဏ်များ တောင်းခံဟန်ဆောင်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။
အမှန်တကယ်တော့ လုချန်း ပြုလုပ်သော မည်သည့်ဆုံးဖြတ်ချက်ကိုမဆို သူ နန်းတွင်းသို့ မလာခင် ကတည်းကပင် သူ၏စိတ်ထဲတွင် သတ်မှတ်ထားပြီးဖြစ်သည်။ အစည်းအဝေးသည် အရာရှိများအား သူ၏ဆုံးဖြတ်ချက်များကို သိရှိစေရန် နည်းလမ်းတစ်ခုမျှသာ ဖြစ်သည်။
ယခုလည်း လုချန်းက အရာရှိများအားဆက်လက်ဆွေးနွေးခိုင်းထားသည်။
ခန်းမရှိ အရာရှိများသည် အချိန်အတော်ကြာ စကားပြောနေခဲ့ကြသော်လည်း မည်သည့် ခိုင်မာသော ဖြေရှင်းနည်းကိုမှ ရှာမတွေ့ခဲ့ကြပေ။
အချိန်တော်ကြာပြီးနောက် ကျူးကဲ့ကျုံကောင်းက ထရပ်လိုက်ပြီး
“မင်းကြီး ချွမ်နိုင်ငံတော်ရဲ့ ကပ်ရောဂါက လျှို့ဝှက်စွာ ပြန့်ပွားစေနေတာ ဖြစ်နိုင်ပါတယ်။ တမင်တကာ ပြန့်ပွားအောင် လုပ်ဆောင်နေသူ ရှိနေသရွေ့ အဲဒီရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီကိစ္စကို အရင်ဆုံး နေဝင်ဆည်းဆာ ဓားဂိုဏ်းနဲ့ တိုင်ချူးနတ်ဘုရားကျောင်းက တပည့်တွေကို ချွမ်နိုင်ငံတော်ထဲ စေလွှတ်ပြီးတော့ စုံစမ်းဖို့၊ ကပ်ရောဂါရဲ့ အရင်းအမြစ်နဲ့ ဘယ်သူက ပြန့်ပွားအောင် လုပ်နေတာလဲဆိုတာကို ရှာဖွေဖို့ အကြံပြုလိုပါတယ်။ ပြီးမှသာ ကျွန်တော်တို့ ဆုံးဖြတ်ချက်တစ်ခု ချနိုင်မှာပါ။”
ဤစကားကို ကြားသောအခါ အရာရှိတစ်ဦးက ချက်ချင်း ထရပ်ပြီး
“မင်းကြီး အဲဒီအစီအစဉ်ကတော့ မသင့်လျော်မှာကို စိုးရိမ်မိပါတယ်။ နေဝင်ဆည်းဆာ ဓားဂိုဏ်းနဲ့ တိုင်ချူးနတ်ဘုရားကျောင်းက မင်းကြီးကို သစ္စာခံထားကြပေမဲ့ သူတို့က ဂိုဏ်းအင်အားစုတွေပဲ ဖြစ်ပါတယ်။ ဂိုဏ်းအင်အားစုတွေကို နိုင်ငံတော်ကိစ္စတွေမှာ ပါဝင်ခွင့် အများကြီး ပေးလိုက်ရင် အနာဂတ်မှာ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။”
ကျူးကဲ့ကျုံကောင်းသည် နေဝင်ဆည်းဆာ ဓားဂိုဏ်းနှင့် တိုင်ချူးနတ်ဘုရားကျောင်းကို စေလွှတတ်ရန် အကြောင်းပြချက်မရှိပဲ အကြံပြုမည် မဟုတ်ပေ။ မကြာသေးမီက ဝူနိုင်ငံတော်နှင့် ကျူးနိုင်ငံတော်တို့ ကျဆုံးသွားပြီးနောက် ဂိုဏ်းအင်အားစုများနှင့် နန်းတွင်းရှိ အချို့သော အင်အားစုများအကြား ပဋိပက္ခအချို့ ဖြစ်ပေါ်လာခဲ့သည်။
ချွမ်နိုင်ငံတော်၏ ကပ်ရောဂါနှင့်ပတ်သက်သော စုံစမ်းစစ်ဆေးမှုကို နေဝင်ဆည်းဆာ ဓားဂိုဏ်းနှင့် တိုင်ချူးနတ်ဘုရားကျောင်းကို ပေးခဲ့လျှင် စွမ်းဆောင်မှု ဂုဏ်ဒြပ်များက ထိုဂိုဏ်းအင်အားစုနှစ်ခုဆီသို့ ရောက်သွားနိုင်၏။ ရှနိုင်ငံတော်ရှိ တခြားသူများ၊ အထူးသဖြင့် စစ်တပ်၏ အခန်းကဏ္ဍ မည်သို့ဖြစ်သွားမည်နည်း။
ကျူးနိုင်ငံတော်ကို သိမ်းပိုက်စဉ်က ရှစစ်တပ်သည် ကြီးမားသော အခန်းကဏ္ဍတွင် ပါဝင်နိုင်ခဲ့ခြင်းမရှိသဖြင့် စိတ်ဓာတ် အကြီးအကျယ် ကျဆင်းနေခဲ့ပြီး ဖြစ်သည်။ ယခု လုချန်းက ဂိုဏ်းအင်အားစုများကို မျက်နှာသာပေးကာ တာဝန်များ လုပ်ဆောင်စေပါက တပ်ဖွဲ့များ အနေနှင့် ပို၍ပင် လျစ်လျူရှုခံရသည်ဟု ခံစားရနိုင်သည်။
အရာရှိ၏ စကားကို နားထောင်ပြီးနောက် လုချန်းက ခန်းမရှိ အခြားသူများကို တစ်ချက်ကြည့်လိုက်ပြီး
“နေဝင်ဆည်းဆာ ဓားဂိုဏ်းနဲ့ တိုင်ချူးနတ်ဘုရားကျောင်းက ကျွန်တော့်ကို သစ္စာခံလိုက်ကတည်းက သူတို့ဟာ ကျွန်တော့်လူတွေ ဖြစ်လာခဲ့တယ်။ ဒီအဓိက ဂိုဏ်းအင်အားစုနှစ်ခုရဲ့ တည်ရှိမှုက ရှနိုင်ငံတော်ရဲ့ စည်းလုံးညီညွတ်မှုကို အနှောင့်အယှက်ပေးနိုင်တယ်လို့ ခံစားရတဲ့သူတွေ ရှိနေတယ်ဆိုရင် တိုင်ချူးနတ်ဘုရားကျောင်းနဲ့ နေဝင်ဆည်းဆာ ဓားဂိုဏ်းတို့ကို ချက်ချင်း ဖျက်သိမ်းရမယ်။ ရှနိုင်ငံတော်က တိုင်ချူးအကယ်ဒမီနဲ့ လော့ယန်အကယ်ဒမီကို ထူထောင်ပြီး ဒီနေ့ကစပြီး ဘယ်သူမဆို ဒီအဖွဲ့အစည်းနှစ်ခုမှာ လာရောက်သင်ယူဖို့ လျှောက်ထားနိုင်ပါတယ်”
ဒါက…
လုချန်းက အဓိကဂိုဏ်းကြီးနှစ်ခုကို ဖျက်သိမ်းရန် ပေါ့ပေါ့ပါးပါး အမိန့်ပေးနေသည်ကို မြင်သောအခါ အရာရှိများ အနည်းငယ် အံ့အားသင့်သွားကြသည်။ လုချန်းသည် ယခင်က မည်သည့် ဧကရာဇ်မင်းထက်မဆို ပို၍ အာဏာရှိသည်ကို သူတို့သိခဲ့ကြသော်လည်း ကောင်းကင်လူသားအဆင့် စွမ်းအားရှိသော ဂိုဏ်းများကို ဤမျှလွယ်ကူစွာ ဖျက်သိမ်းနိုင်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။
ထိုအချိန်တွင် ကျူးကဲ့ကျုံကောင်းက “မင်းကြီးနေဝင်ဆည်းဆာ ဓားဂိုဏ်းနဲ့ တိုင်ချူးနတ်ဘုရားကျောင်းတို့ဟာ ရှနိုင်ငံတော်မှာ အင်အားအကြီးဆုံး ဂိုဏ်းနှစ်ခုပါပဲ။ အကယ်၍ သူတို့ကို ဖျက်သိမ်းလိုက်ရင် အခြားဂိုဏ်းတွေက နံပါတ်တစ်ဂိုဏ်းဆိုတဲ့ ဘွဲ့ကို ရဖို့အတွက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်ပြီး ရှနိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။”
“အကယ်၍ မင်းကြီးက တိုင်ချူးနတ်ဘုရားကျောင်းနဲ့ နေဝင်ဆည်းဆာ ဓားဂိုဏ်းကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ပြီးသားဆိုရင် ရှနိုင်ငံတော်ရဲ့ နယ်မြေအတွင်းက ဂိုဏ်းအင်အားစုအားလုံးကို ဖျက်သိမ်းဖို့ ကျွန်တော် အဆိုပြုလိုပါတယ်။ ဒီနေ့ကစပြီး ရှနိုင်ငံတော်ရဲ့ နယ်နိမိတ်အတွင်းမှာ ဂိုဏ်းအင်အားစုတွေ တည်ရှိခွင့် မပြုရတော့ပါဘူး။”