← Chapters

ကျူးနိုင်ငံတော်မှာ ဖြစ်ခဲ့တာတွေ သိပြီးသား ဖြစ်မှာပါ

Vol. 57 Ch. 849

ကျူးနိုင်ငံတော်မှာ ဖြစ်ခဲ့တာတွေ သိပြီးသား ဖြစ်မှာပါ

Vol. 57 Ch. 849

လုချန်းကို မြင်သောအခါ အလွန်ကြီးမားသော တင်းမာမှုကြီးတစ်ခုကို ရွှမ်ယွမ်ယွမ်ချီ ခံစားလိုက်ရသည်။

သူမ၏ သူ့အပေါ် ပထမဆုံးထင်မြင်ယူဆချက်ကို သူမအမှတ်ရနေသေးသည်။ သူမက လုချန်းကို ကာမဂုဏ် လိုက်စားသော သာမန်နယ်စားတစ်ဦးဟုသာ ထင်ခဲ့သည်။ သူသည် ကံကြမ္မာ၏သားတော် ဖြစ်သည်ကို သူမသိခဲ့သော်လည်း သူ့ကို မည်သည့် အထူးမျက်နှာသာပေးမှုမျှ မပြခဲ့ပေ။

သို့သော် နောက်ပိုင်း သူ့အနီးတွင် အနေကြာလာသောအခါ သူသည် ကာမလိုက်စားသူတစ်ဦးမျှသာ မဟုတ်ကြောင်းကို သူမ သဘောပေါက်ခဲ့သည်။

ယခု လုချန်းရှေ့တွင် ရပ်နေသောအခါ သူမ ခံစားဖိအားတစ်မျိုး ခံစားနေရသည်။ လုချန်းသည် ပြုံးနေသော်လည်း သူ၏အပြုံးတွင် ဧကရာဇ်တစ်ဦး၏ ဩဇာအာဏာကို သယ်ဆောင်လာသည်။

ရွှမ်ယွမ်ယွမ်ချီသည် နန်းတွင်းစာကြည့်ခန်းသို့ ဝင်ရောက်လာသည်နှင့် ချက်ချင်းပင် ဒူးထောက်လိုက်ပြီး

“မင်းကို ဂါရဝပြုပါတယ်။ သက်ကျော်ရာကျော် ရှည်ပါစေ”

လုချန်းက ပြုံးလျက် ပြောလိုက်သည်။

“ယွမ်ချီ။ ကိုယ်တို့ နှစ်ယောက်တည်း ရှိနေတဲ့အချိန်မှာ ဒီလိုထုံးစံတွေလုပ်ဖို့ မလိုဘူးလို့ ပြောခဲ့ပြီးသား မဟုတ်လား။ ထတော့။”

ရွှမ်ယွမ်ယွမ်ချီက ချက်ချင်း ထရပ်လိုက်သည်။

“ကျေးဇူးတင်ပါတယ် မင်းကြီး။”

ထို့နောက် သူမက အဓိကအချက်ကို တန်း ပြောလိုက်သည်။

“မင်းကြီး ကျွန်မ တောင်ဘက်ကို ချီတက်ပြီး ချွမ်နိုင်ငံတော်ကို တိုက်ခိုက်ချင်ပါတယ်”

လုချန်းက တည်ငြိမ်စွာ ပြုံးလိုက်သည်။ သူမ လာရသည့် အကြောင်းအရင်းကို သူခန့်မှန်းပြီးသား ဖြစ်သည်။

သူက

“ယွမ်ချီ။ မင်းက လက်ရှိမှာ ရန်ခရိုင် နန်းတွင်းကိုယ်ရံတော်ရဲ့ တပ်မှူးပါ။ မင်းမှာ ရန်ခရိုင်တစ်ခုလုံးရဲ့ လုံခြုံရေးအတွက် တာဝန်ရှိတယ်။ မင်း ထွက်ခွာသွားရင် ဘယ်သူက ရန်ခရိုင်ကို ကာကွယ်ပေးမှာလဲ။”

ထိုစကားကို ကြားသောအခါ ရွှမ်ယွမ်ယွမ်ချီ အံ့အားသင့်သွားသည်။ လုချန်းက သူမကို တောင်ဘက်သို့ စစ်ချီတက်စေလိုခြင်း မရှိသည်မှာ ထင်ရှားသည်။ မဟုတ်ပါက ထိုစကားမျိုးကို သူ ပြောမည် မဟုတ်ပေ။

သူမ၏ ကိုယ်ရံတော်တပ်မှူးရာထူးသည် တကယ်တော့ အရေးမကြီးလှပေ။ သူမနေရာတွင် ဝင်ရောက်နိုင်သော ဗိုလ်ချုပ်များစွာ ရှိနေသည်။

သူက သူမကို အစားထိုးချင်ခဲ့လျှင် အချိန်မရွေး လုပ်ဆောင်နိုင်သည်။ သူမအနေနှင့် ထိုအခန်းကဏ္ဍတွင် ရှိနေရန်အတွက် တိကျသော အကြောင်းပြချက် မရှိပေ။

သူမတွင် အခွင့်အရေး မရှိသလောက်ဖြစ်သည်ဟု ခံစားရသော်လည်း သူမ ဆက်လက်ကြိုးစားရမည်။ အကြောင်းမှာ ယင်းသည် ပေါင်းစည်းထားသော ကမ္ဘာမဖြစ်မီ နောက်ဆုံးတိုက်ပွဲ ဖြစ်နိုင်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် ရွှမ်ယွမ်ယွမ်ချီက

“မင်းကြီးမှာ အရည်အချင်းရှိတဲ့ လူတွေ အများကြီးရှိပါတယ်။ ကျွန်မထက် နန်းတွင်းကိုယ်ရံတော် တပ်မှူးရာထူးနဲ့ ပိုသင့်တော်တဲ့သူ တစ်ယောက် ရှိနေမှာပါ။”

လုချန်းက

“တကယ်လား။ ကိုယ် မသိခဲ့ဘူး”

“မင်းနဲ့ မင်းရဲ့အစ်ကိုအပြင် နန်းတွင်းကိုယ်ရံတော် တပ်မှူးရာထူးနဲ့ ပိုသင့်တော်တဲ့ တခြားသူတွေကို ကိုယ် မတွေ့ခဲ့သေးဘူး။”

“နန်းတွင်းကိုယ်ရံတော်တွေဟာ လုံးဝသစ္စာရှိဖို့ လိုအပ်တယ်။ တပ်မှူးက ကိုယ့်အပေါ် လုံးဝသစ္စာရှိရမယ်။ ရွှမ်ယွမ်မိသားစုက အဲဒါကို အမြဲပြသနေခဲ့တယ်။ ဒါကြောင့် ဒီရာထူးအတွက် ရွမ်ယွမ်မိသားစုဝင်တစ်ဦးထက် ပိုသင့်တော်တဲ့သူ မရှိပါဘူး။”

“ဒါက…”

လုချန်း၏ စကားကို ကြားသောအခါ ရွှမ်ယွမ်ယွမ်ချီက ခဏမျှ တွေးလိုက်ပြီး သူပြောတာ မှန်ကြောင်းကို သဘောပေါက်လိုက်သည်။

နန်းတွင်းကိုယ်ရံတော်များသည် ရန်ခရိုင်တစ်ခုလုံးကို ကာကွယ်ပေးသည်။ ဧကရာဇ်၊ သူ၏မိဖုရားများ၊ ကလေးများနှင့် ရှနိုင်ငံတော်၏ အင်အားဗဟိုချက်ကို ကာကွယ်ပေးထားသည်။

ဧကရာဇ်အတွက် နန်းတွင်းကိုယ်ရံတော်များ၏ တပ်မှူးအဖြစ် အယုံကြည်ရဆုံးသူကို ရွေးချယ်ရန် အရေးကြီးသည်။ သမိုင်းတွင် ကိုယ်ရံတော်တပ်မှူးများ ဦးဆောင်သော ပုန်ကန်မှုများစွာကို မြင်တွေ့ခဲ့ရသည်။

ထီးနန်းပြောင်းလဲမှုများစွာတွင် နန်းတွင်းကိုယ်ရံတော် တပ်မှူးများသည် အရေးပါသောနေရာမှ ပါဝင်ခဲ့ကြသည်။

ထိုအကြောင်းကို စဉ်းစားမိသောအခါ ရွှမ်ယွမ်ယွမ်ချီ၏ တောင်ဘက်သို့သွားရန် အခွင့်အရေးများ ပို၍မျှော်လင့်ချက်မဲ့လာသည်။

ထို့နောက် သူမအစ်ကို၏ စကားများကို ရွှမ်ယွမ်ယွမ်ချီ ရုတ်တရက် သတိရလိုက်သည်။ သို့သော် သူမ တုံ့ဆိုင်းနေခဲ့သည်။ ခဏအကြာတွင် သူမက

“သင့်တော်တဲ့ လူကို ကျွန်မ သိပါတယ် မင်းကြီး။ ဒါပေမဲ့ ဒီညမှပဲ ကျွန်မ ပြောပြနိုင်ပါလိမ့်မယ်”

လုချန်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

ရွှမ်ယွမ်ယွမ်ချီ၏ မျက်နှာ တင်းမာသွားသည်။ ဤအရာသည် သူမ၏ ကိုယ်ပိုင် အကြံဉာဏ် သက်သက် မဟုတ်သည်မှာ ထင်ရှားသည်။ တစ်စုံတစ်ဦးက သူမကို အကြံပေးခဲ့ခြင်းသာ ဖြစ်သည်။

ရွှမ်ယွမ်ချန်းမှလွဲ၍ အခြား မည်သူများဖြစ်နိုင်မည်နည်း။ သူသည် လက်ရှိတွင် ရန်ခရိုင်မြို့ဟောင်းတွင် တပ်စွဲထား၏။ သူမကို ဤသို့ အကြံပေးနိုင်သူမှာ သူ တစ်ဦးတည်းသာ ဖြစ်သည်။

ထို့နောက် လုချန်းက

“ကောင်းပြီ။ ဒီည နန်းတော်ကို လာခဲ့ပါ။ မင်း အကြံပြုမယ့်သူကို နားထောင်ဖို့ ကိုယ် မင်းရဲ့နေရာကို လာရောက်လည်ပတ်မယ်။”

ရွှမ်ယွမ်ယွမ်ချီသည် ရာထူးတစ်ခု မရသေးသော်လည်း နန်းတော်ထဲ၌ ကိုယ်ပိုင် အဆောင်တစ်ခု ရရှိထားသည်။ လုချန်း နှစ်သက်သော အမျိုးသမီးတိုင်းသည် ပင်မနန်းတော်တွင် မနေထိုင်ခဲ့လျှင်ပင် ထိုနေရာ၌ သူတို့၏ကိုယ်ပိုင် အဆောင်များ ရှိနေတတ်သည်။

လုချန်း သဘောတူသည်ကို မြင်သောအခါ

ရွှမ်ယွမ်ယွမ်ချီက ချက်ချင်းပင် ကျေးဇူးတင်လိုက်သည်။

“ကျေးဇူးတင်ပါတယ် မင်းကြီး။”

“တခြားကိစ္စ မရှိတော့ရင် ကျွန်မ သွားပါတော့မယ်။”

လုချန်းက ခေါင်းညိတ်လိုက်သည်။

“ကောင်းပါပြီ”

ထို့နောက် ရွှမ်ယွမ်ယွမ်ချီလည်း စိတ်များ အလွန် ဝေဝါးစွာနှင့် နန်းတွင်းစာကြည့်ခန်းမှ ထွက်ခွာသွားခဲ့သည်။ သူမ အစ်ကို၏ အကြံပြုချက်ကို အမှန်တကယ်ပင် အသုံးပြုမိခဲ့မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

ဆိုလိုသည်မှာ ဒီည သူမ တကယ်ပဲ.....

ရွှမ်ယွမ်ယွမ်ချီ နောက်ထပ်ဆက်လက်တွေးတောခြင်းမှ ရပ်တန့်လိုက်သည်။ ထိုစကားလုံးများ ထွက်သွားပြီးကတည်းက နောက်ပြန်လှည့်ရန် မရှိတော့ပေ။ သူမ ဆက်လုပ်ရုံသာ ရှိတော့သည်။

ထိုအတွေးက ရွှမ်ယွမ်ယွမ်ချီ၏ စိတ်ပိုင်းဖြတ်မှုကို ခိုင်မာစေခဲ့သည်။ သူမ တောင်ပိုင်းစစ်ဆင်ရေးသို့ သွားကိုသွားရမည်ပင်။

သူမ ထွက်ခွာသွားသည်ကို ကြည့်ရင်း လုချန်း ခပ်ဖွဖွ ပြုံးလိုက်သည်။ သူမကို တောင်ပိုင်းစစ်ဆင်‌ရေးတွင် ပါဝင်စေရန် သူ စီစဉ်ထားပြီးသားဖြစ်သည်။ ရွှမ်ယွမ်ချန်းအားသူမ၏ စစ်ရေးနည်းဗျူဟာ လေ့လာမှုများ မည်သို့ရှိသည်ကို မေးမြန်းရင်း ထိုကိစ္စကို ဆွေးနွေးခဲ့ပြီးသည်။ ထိုရွှမ်ယွမ်ချန်းဆိုသည့်သူက သူ၏ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်ခဲ့သည်။ သူသည် သူ၏ညီမကို မည်သို့ကိုင်တွယ်ရမည်ကို တကယ်ပင် သိခဲ့သည်။

........

ထိုအတောအတွင်း

ချွမ်နိုင်ငံတော်။

ဧကရာဇ် သေဆုံးသွားပြီးနောက် ချွမ်နိုင်ငံတော် နေပြည်တော်ရှိ အိမ်တိုင်းတွင် အဖြူရောင်အဝတ်များ ချိတ်ဆွဲထားကြသည်။ မြို့တော်တစ်ခုလုံးသည် ယခင်ကလို စည်ကားသိုက်မြိုက်မှုများ ဆုံးရှုံးသွားခဲ့ပြီး လမ်းများပေါ်တွင် လူသူအလွန်ရှားပါးကာ ခြောက်ကပ်တိတ်ဆိတ်နေသည်။

နန်းတော်အတွင်းရှိ မြင်ကွင်းသည်လည်း များစွာကွာခြားခြင်း မရှိ‌ပေ။ ထိုအခိုက်တွင် အဖြူရောင်အသုဘဝတ်စုံ ဝတ်ဆင်ထားသော လျှိုချင်းချိုသည် ဧကရာဇ်၏ ခေါင်းတလားရှေ့တွင် ရပ်ကြည့်နေသည်။

အဖြူရောင် ဝတ်စုံသည် သူမ၏ ခန္ဓာကိုယ်ကို တင်းကျပ်စွာ ဖုံးအုပ်ထားပြီး သူမ၏ လှပသော ပုံသဏ္ဌာန်ကို စုံလင်စွာ ဖော်ပြနေသည်။ ကြည့်ရုံဖြင့် သူမ၏ ခန္ဓာကိုယ် အလွန်လှပသည်ကို သိနိုင်သည်။

ထိုအခိုက်တွင် ခေါင်းလောင်းသံတစ်ချက်မြည်လာပြီး လျှိုချင်းချို၏ နောက်ကျောမှ အမည်းရောင်အရိပ်တစ်ခု ပေါ်လာသည်။

“ဒီကိစ္စက တော်တော် စိတ်ဝင်စားစရာကောင်းတယ်။ ယွဲ့ဧကရာဇ်က ချွမ်နိုင်ငံတော်မှာ တခြားကမ္ဘာက ကျင့်ကြံသူတွေ ရှိတယ်လို့ အမြဲသံသယရှိခဲ့တယ်။ ပထမတော့ မယုံခဲ့ဘူး။ ဒါပေမဲ့ အခုတော့ အဆင့်မြင့်ကျင့်စဉ် နယ်ပယ်က ပုဂ္ဂိုလ်တစ်ယောက် တကယ်ပဲ ရှိနေပုံရတယ်”

“ဒါပေမဲ့ ရှင့်ကိုကြည့်ရတာ ရှင့်ရဲ့စိတ်ဝိညာဉ်အစစ်က ဒီကို ရောက်မလာခဲ့ပုံ မရဘူး။”

ထိုအသံကို ကြားသောအခါ လျိုချင်းချို အံ့အားသင့်ဟန် မပြပေ။ မည်သူဖြစ်ကြောင်းကို သူမ လှည့်မကြည့်ပဲ ခန့်မှန်းပြီးသား ဖြစ်သည်။

ကျူးနိုင်ငံတော်တွင် ဖြစ်ပျက်ခဲ့သည်များကို သူမသိရှိပြီးဖြစ်၏။ လွင်ပြင်ဒေသ မျိုးနွယ်စု နတ်ဘုရားမ၏ လှုပ်ရှားမှုအချို့ကိုလည်း သူမ သိထားပြီးဖြစ်သည်။

ခေါင်းကို မလှည့်ပဲ လျိုချင်းချိုက

“လွင်ပြင်ဒေသ မျိုးနွယ်စု နတ်ဘုရားမက လွင်ပြင်ဒေသ မျိုးနွယ်စုတွေနဲ့ အတူ မနေပဲ ချွမ်နိုင်ငံတော်မှာ ဘာလုပ်နေတာလဲ။”

မုယန်စီက ပြုံးလိုက်ပြီး

“ချွမ်နိုင်ငံတော်ရဲ့ မိဖုရားခေါင်က အရမ်း ကျက်သရေရှိပြီး လူအများကို ဆွဲဆောင်နိုင်တဲ့ မျက်နှာ ရှိတယ်လို့ ကြားရတယ်။ အဲ့ဒါကြောင့် သိချင်စိတ်ပြင်းပြလာပြီး ကိုယ်တိုင် လာကြည့်ဖို့ ဆုံးဖြတ်ခဲ့တာ။”

လျိုချင်းချိုက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“ချွမ်နိုင်ငံတော်ရဲ့ ကပ်ရောဂါက ထိန်းချုပ်လို့ မရသေးဘူး။ နတ်ဘုရားမ သတိထားသင့်တယ်။”

မုယန်စီက ပေါ့ပေါ့ပါးပါး

“ဒီကမ္ဘာရဲ့ ကပ်ရောဂါက ကျွန်မကို အန္တရာယ် မပေးနိုင်ဘူး။”

ထိုအချိန်တွင် လျိုချင်းချိုက ခေါင်းကိုလှည့်ကာ ခရမ်းရောင်ဝတ်စုံနှင့် ခရမ်းရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားသော အမျိုးသမီးကို ရင်ဆိုင်လိုက်ပြီး

“ဒါဆို ပြောပါ။ ရှင်ဘာလို့ ကျွန်မကို လာတွေ့တာလဲ။”

မုယန်စီက

“ကျူးနိုင်ငံတော်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ရှင်သိပြီးသား ဖြစ်မှာပါ။”

“ကျူးနိုင်ငံတော် ရှုံးနိမ့်ခဲ့ရုံသာမကဘူး ယွဲ့ဧကရာဇ်ကိုလည်း ရှဧကရာဇ်က အကျဉ်းချရန်ခရိုင်မှာ ချုပ်နှောင်ထားပြီ။ အခု သူနေ့တိုင်း အသုံးတော်ခံနေရတယ်။ ”

“သနားစရာ ယွဲ့ဧကရာဇ်‌လေး၊ သူ အခုချိန် ဘယ်လောက်တောင် နှိပ်စက်ခံနေရလဲ မသိဘူး။”

“မင်းဆက်တစ်ခုရဲ့ ဧကရီတစ်ပါး ဒီလိုကံကြမ္မာမျိုးနဲ့ ရင်ဆိုင်ရတာ တကယ့်ကို ဝမ်းနည်းစရာပဲ”

All Chapters