တောင်ဘက်သို့ ချီတက်ရင် စစ်သည် တစ်သိန်းပေးမည်
Vol. 57 Ch. 851
ည၏ လရောင်သည် ရေကဲ့သို့ ကြည်လင်ပြီး နူးညံ့နေသည်။ အေးမြသော လေပြေများကိုက သစ်ရွက်များကို လှုပ်ခတ်နေစေပြီး လေတိုးသံများ ထွက်ပေါ်လျက်ရှိသည်။
ရှနန်းတော်အတွင်းရှိ နန်းဆောင်တစ်ခုတွင် နန်းတွင်းအစေခံများသည် အမျိုးသမီးတစ်ဦးအား အလှပြင်ပေးရန် အလုပ်များနေကြသည်။ ဧကရာဇ် ယနေ့ညတွင် လာရောက်မည်ဖြစ်၍ သူမကို အချိန်တိုအတွင်း ပိုမိုလှပအောင် ပြင်ဆင်ရန် လိုအပ်သည်။
ခဏအကြာတွင် နန်းတွင်းအစေခံတစ်ဦး၏ အသံက အပြင်ဘက်မှ ထွက်ပေါ်လာသည်။
“မင်းကြီး ရောက်ရှိလာပါပြီ”
အခန်းအတွင်းရှိ အစေခံများ၏ လှုပ်ရှားမှုများ ချက်ချင်းမြန်ဆန်လာသည်။
မကြာမီပင် အဆောင်တံခါးများ ပွင့်လာပြီး ရွှေရောင်နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည့် လုချန်း ဝင်လာသည်။
ရွှမ်ယွမ်ယွမ်ချီသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ မှန်ရှေ့ရှိ သူမ၏ ထိုင်ခုံမှ ချက်ချင်းထရပ်လိုက်သည်။ ထို့နောက် လုချန်းထံသို့ အပြေးအလွှားသွားကာ နန်းတွင်းအစေခံများအားလုံးနှင့်အတူ သူ့ကို အရိုအသေပြုလိုက်သည်။
“မင်းကြီးကို ဂါရဝပြုပါတယ်”
လုချန်းက ရှေ့သို့ အနည်းငယ် လှမ်းလာပြီး ရွှမ်ယွမ်ယွမ်ချီ၏ ပခုံးကို ကိုင်ကာ သူမကို ကိုယ်တိုင်ထူပေးလိုက်သည်။
“အားလုံး ထကြပါ။”
ရွှမ်ယွမ်ယွမ်ချီ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ သူမ ထရပ်ပြီးနောက် လုချန်းက သူမကို သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်သည်။
အနီရောင်ဝတ်စုံသည် သူမနှင့် အလွန်လိုက်ဖက်သည်။ ခါးတွင် ပတ်ထားသော ရွှေရောင်ခါးပတ်က သူမ၏ ပုံပန်းသဏ္ဌာန်ကို ပိုမိုပေါ်လွင်စေသည်။
အရေးအကြီးဆုံးအချက်မှာ ရွှမ်ယွမ်ယွမ်ချီ၏ ဆံပင်ပုံစံဖြစ်သည်။ နောက်သို့ ချည်နှောင်ထားသော ဆံပင်ကြောင့် သူမ၏ ဖြူဖျော့သော လည်ပင်းသားကို ပေါ်လွင်စေပြီး ရဲစွမ်းသတ္တိနှင့် မြင့်မြတ်သော အငွေ့အသက်ရှိသည့် သူမ၏ မျက်နှာကို ရဲရင့်သော ဆွဲဆောင်မှုဖြင့် တောက်ပနေ စေသည်။
သူမနှင့် ပိုင်ချင်းချင်းတို့သည် အံ့ဩစရာကောင်းလောက်အောင် ဆင်တူကြသည်။ သို့သော် ပိုင်ချင်းချင်းက အေးစက်သော အလှပိုင်ရှင် ဖြစ်သော်လည်း ရွှမ်ယွမ်ယွမ်ချီ၏ မျက်နှာတွင်မူ ရှက်ရွံ့မှု ပါဝင်ပြီး အေးစက်သော အမူအရာကင်းမဲ့သည်။ သူမသည် အလွန်တက်ကြွပြီး လန်းဆန်းသည့် ခံစားချက်ကို ပေးစွမ်းသည်။
လုချန်း၏ မျက်လုံးများကို ကြည့်ကာ ရွှမ်ယွမ်ယွမ်ချီက
“မင်းကြီး။ ဒီည ကျွန်မ မင်းကြီးကို ပြုစုပါ့မယ်။”
လုချန်းက နောက်ပြောင်သည့်လေသံဖြင့်
“ကိုယ့်ကို ပြုစုမယ် ဟုတ်လား။ ဒီည ကိုယ် လာတာက နန်းတွင်းကိုယ်ရံတော် တပ်မှူး ဘယ်သူဖြစ်သင့်လဲဆိုတဲ့ မင်းရဲ့ အတွေးကို နားထောင်ဖို့ပါ။”
“မင်း မဆုံးဖြတ်ရသေးဘူး မဟုတ်လား”
“မင်း မဆုံးဖြတ်ရသေးရင် ဒီည ကိုယ့်ကို ဖိတ်ခေါ်တာဟာ ဧကရာဇ်ကို လှည့်စားတဲ့ ရာဇဝတ်မှု ကျူးလွန်တာပဲပေါ့။”
ထိုစကားကြောင့် ရွှမ်ယွမ်ယွမ်ချီသည် ပို၍ စိတ်လှုပ်ရှားသွားသည်။ နန်းတွင်းကိုယ်ရံတော် တပ်မှူးနေရာအတွက် တစ်ဦးတစ်ယောက်ကို သူမ စိတ်ထဲ တွေးထားပြီးသားဖြစ်သည်။ သို့သော် ဒီည၏ ရည်ရွယ်ချက်က ထိုအကြောင်းကို ပြောရန် မဟုတ်ပေ။
သူမ၏ ရွေးချယ်မှုကို ဧကရာဇ်အား ပြောပြလျှင်ပင် သူ၏ ခွင့်ပြုချက်မပါပဲ တောင်ဘက်သို့သွားမည့် စစ်တပ်တွင် မပါဝင်နိုင်ပေ။ အဓိကတပ်မှူး ဖြစ်ရန်ဆိုသည်မှာ အဝေးကြီး လိုသေးသည်။ ထို့ကြောင့် သူမ လုပ်ရမည့်အရာမှာ ဧကရာဇ် ပျော်ရွှင်စေရန် ကောင်းစွာ ပြုစုပေးခြင်းပင် ဖြစ်သည်။
“မင်းကြီး။ ကျွန်မက ..”
ရွှမ်ယွမ်ယွမ်ချီ စကားမဆုံးမီ လုချန်းက ရယ်မောလိုက်ကာ သူမ၏ လက်ကို ဆွဲပြီး သူမ၏ သွယ်လျသော ခါးကို ဖက်လိုက်သည်။ ထို့နောက် သူမကို ပွေ့ဖက်ပြီး အိပ်ရာဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။
လမ်းလျှောက်နေစဉ် လုချန်းက
“ ကိုယ့်ကို အထူးဖိတ်ထားတာဆိုတော့ ဒီညတော့ အဲဒီအကြောင်း မပြောတော့ဘူး။ အရေးကြီးတဲ့ ကိစ္စတွေကိုပဲ ဆွေးနွေးကြတာပေါ့။”
လုချန်း၏ လက်ထဲတွင် ရောက်နေသော ရွှမ်ယွမ်ယွမ်ချီ၏ ခန္ဓာကိုယ်သည် ချက်ချင်း ပူနွေးလာပြီး မီးလောင်နေသကဲ့သို့ ခံစားလိုက်ရသည်။
အနည်းငယ်မျှ လျှောက်ပြီးနောက် အိပ်ရာဆီသို့ ရောက်လာချိန်၌ လုချန်းက ရွှမ်ယွမ်ယွမ်ချီကို ညင်သာစွာ တွန်းချလိုက်သည်။ ထို့နောက် သူမ၏ ဦးခေါင်း ဘေးနှစ်ဖက်တွင် လက်များကို ထောက်ထားပြီး သူမ၏ ရဲရင့်ပြီး လှပသော မျက်နှာကို ငုံ့ကြည့်လိုက်သည်။
လုချန်း၏ တည့်တည့်စိုက်ကြည့်ခြင်းကို ခံရသောကြောင့် ရွှမ်ယွမ်ယွမ်ချီ၏ စိတ်များ လုံးဝလွတ်နေသကဲ့သို့ ခံစားလိုက်ရသည်။ လုချန်းတွင် အထူးအစွမ်းထက်သည့် အငွေ့အသက်တစ်ခု ရှိပြီး သူမ၏ နှလုံးကို အလွန်ခုန်လှုပ်စေသည်။
ထိုအချိန်တွင် ထူးခြားသော ရနံ့တစ်ခု ရွှမ်ယွမ်ယွမ်ချီ၏ နှာခေါင်းထဲသို့ ဝင်ရောက်လာပြီး သူမကို ပို၍ စိတ်လှုပ်ရှားသွားစေသည်။
တစ်စုံတစ်ခုကို ရုတ်တရက် သတိရလိုက်ကာ ရွှမ်ယွမ်ယွမ်ချီက
“မင်းကြီး။ ကျွန်မကို ပြုစုခွင့်ပေးပါ”
ဤအကြိမ်တွင် သူမကိုယ်တိုင်အစပြုခြင်းဖြစ်သောကြောင့် သဘာဝအားဖြင့် ဧကရာဇ်အား အကြိုက်ဆုံးဖြစ်အောင် သူမဘက်ကစပြီး လုပ်ဆောင်သင့်သည်။ ဧကရာဇ်ကို အစပြုခွင့်မည်သို့ပေးနိုင်မည်နည်း။
သူမသည်လည်း ယောကျ်ားနှင့် မိန်းမကြားမှ ကိစ္စရပ်များကို လေ့လာထားသောကြောင့် ဘာလုပ်ရမည်ကို သိရှိပြီး လုချန်းကို ပြုစုပေးခြင်းသည် ပြဿနာမဟုတ်ပေ။
ထိုစကားကို ကြားပြီးနောက် လုချန်းက အနည်းငယ်ပြုံးကာ
“ကောင်းပါပြီ။”
“မင်းသဘောအတိုင်းပဲ လွှတ်ထားလိုက်မယ်။”
ထို့နောက် လုချန်းက ဖိနပ်များကို ချွတ်လိုက်ပြီး ရွှမ်ယွမ်ယွမ်ချီ၏ နူးညံ့သောအိပ်ရာပေါ်သို့ လှဲချလိုက်သည်။
ထိုအချိန်တွင် ရွှမ်ယွမ်ယွမ်ချီသည် ထရပ်ကာ အိပ်ရာ၏ ကုလားကာများကို ချလိုက်သည်။ ထို့နောက် ရွှမ်ယွမ်ယွမ်ချီက လုချန်း၏ အဝတ်များကို စတင်ဖြေလျှော့လိုက်သည်။ သူမ၏ လက်ကို မြှောက်လိုက်သည်နှင့် လုချန်းသည် သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်ပြီး သူမ၏ လက်ကို ခဏခန့် စိုက်ကြည့်နေသည်။
ရွှမ်ယွမ်ယွမ်ချီ၏ လက်များသည် သန်မာနေပြီး ကြမ်းတမ်းသည်။ သူမသည် ဓားကို မကြာခဏ အသုံးပြုသောကြောင့် သူမ၏ လက်များတွင် အသားမာများစွာ ရှိနေသည်။ လုချန်းကို ပြုစုရန်အတွက် သူမ၏ လက်များကို ရေနွေးထဲ အကြာကြီးစိမ်ပြီး ဆေးလိမ်းထားသော်လည်း ထိုအမာရွတ်များကို ဖယ်ရှားရသည်က လွယ်ကူခြင်း မရှိပေ။
လုချန်းက အမာရွတ်များကို စိုက်ကြည့်နေသည်ကို မြင်သောအခါ ရွှမ်ယွမ်ယွမ်ချီ နားလည်သွားပုံရပြီး ချက်ချင်း တောင်းပန်လိုက်သည်။
“မင်းကြီး။ ကျွန်မ အမှားပါ။ ကျွန်မရဲ့ လက်တွေက အရမ်းကြမ်းတမ်းနေတယ်။ မင်းကြီးကို ကောင်းကောင်း မပြုစုနိုင်ပါဘူး ..”
ရွှမ်ယွမ်ယွမ်ချီ စကားမဆုံးမီ လုချန်းက ဖြတ်ပြောလိုက်သည်။
“ဒါက အရေးမကြီးပါဘူး။ တောင်းပန်စရာ မလိုပါဘူး။”
ထိုသို့ပြောပြီးနောက် လုချန်းက သူမ၏ လက်များကို ပြန်လည်သန်စွမ်းစေသောစွမ်းအားဖြင့် ကုသပေးလိုက်သည်။ မကြာမီပင် သူမ၏ လက်များသည် အလွန်ချောမွတ်နူးညံ့လာပြီး အမာရွတ်များအားလုံး ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားသည်။
အမာရွတ်များ ပျောက်ကွယ်သွားသော်လည်း ရွှမ်ယွမ်ယွမ်ချီ၏ လက်များသည် နဂိုအတိုင်းပင် ဖြစ်နေပြီး ဓားကိုင်ဆောင်ရ ခက်ခဲခြင်း မဖြစ်စေနိုင်ပေ။ သူမ၏ လက်များပေါ်ရှိ အရေပြားများသာ ပိုမိုနူးညံ့လာခြင်းဖြစ်သည်။
သူမ၏ လက်များ ပြောင်းလဲသွားသည်ကို မြင်သောအခါ ရွှမ်ယွမ်ယွမ်ချီက
“ကျေးဇူးတင်ပါတယ် မင်းကြီး”
ဟု ချက်ချင်းပင် ကျေးဇူးတင်လိုက်သည်။
လုချန်းက အနည်းငယ်ပြုံးလိုက်ပြီး အိပ်ရာပေါ်တွင် ပြန်လှဲချလိုက်သည်။
“ကောင်းပြီ ယွမ်ချီ။ မင်း လုပ်နေတာကို ဆက်လုပ်ပါ။”
ထိုစကားကို ကြားသောအခါ ရွှမ်ယွမ်ယွမ်ချီ၏ မျက်နှာသည် ချက်ချင်း နီရဲသွားပြီး သူ၏ အဝတ်များကို ဆက်၍ ဖြေလျှော့ပေးလိုက်သည်။ လုချန်းက လုံးဝ မလှုပ်ရှားပေ။ ထို့ကြောင့် ရွှမ်ယွမ်ယွမ်ချီအတွက် သူ၏ အဝတ်များကို ဖြေလျှော့ရန် အချိန်အတော်ကြာခဲ့သည်။
အချိန်အတန်ကြာပြီးနောက် သူတို့နှစ်ဦးသည် နောက်ဆုံးတွင် ပွင့်ပွင့်လင်းလင်း ဖြစ်သွားကြပြီး ရွှမ်ယွမ်ယွမ်ချီလည်း သူမ သင်ယူထားသော အသိပညာများကို အသုံးပြုကာ လုချန်းကို စတင် ပြုစုပေးသည်။
သူ့ကို လုံ့လဝီရိယရှိရှိ ပြုစုပေးနေသော ရွှမ်ယွမ်ယွမ်ချီကို ကြည့်ကာ လုချန်း တွေးလိုက်သည်။
“မြင်းစီးတတ်တဲ့ မိန်းကလေးတွေရဲ့ခြေထောက်တွေက အရမ်းသန်မာတာပဲ။ ရှောင်ဝမ်ယောင်နဲ့ တူတယ်။”
မူလက ရွှမ်ယွမ်ယွမ်ချီ လုချန်းကို ပြုစုပေးနေခြင်း ဖြစ်သည်။ သို့သော် မကြာမီ သူမ မတတ်နိုင်တော့ပဲ လုချန်း၏လက်ထဲတွင် မှီလိုက်ရသည်။ သူမ၏ ပျက်ကွက်မှုကို သိသောအခါ
“မင်းကြီး ကျွန်မ အမှားပါ။ မင်းကြီးကို အပြည့်အဝ စိတ်ကျေနပ်အောင် မပြုစုပေးနိုင်ခဲ့ပါဘူး”
လုချန်းက သူ၏ လက်ကို မြှောက်ပြီး သူမ၏ နောက်ကျောကို ညင်သာစွာ ပွတ်သပ်ပေးကာ
“မင်း တော်တော်လေး ကောင်းကောင်း လုပ်ပြီးသားပါ။”
ထို့နောက် လုချန်းက
“မင်း စစ်ပွဲမှာ တပ်တွေကို ဦးဆောင်ချင်တာ အမှန်ပဲလား”
ဟု တည့်တည့်မေးလိုက်သည်။
ဤမေးခွန်းကို ရင်ဆိုင်ရသောအခါ ရွှမ်ယွမ်ယွမ်ချီက မဆိုင်းမတွပင်
“ဟုတ်ပါတယ်”
လုချန်းက
“မင်းအစ်ကိုက မင်းကို ပြောပြပြီးသား ဖြစ်မှာပါ။ မင်းကို ထိခိုက်တာမျိုး ကိုယ် မမြင်ချင်ဘူး။”
ရွှမ်ယွမ်ယွမ်ချီ တိတ်ဆိတ်သွားသည်။ လုချန်း သူမကို လွန်စွာ ဂရုစိုက်ကြောင်းကို သူမသိသည်။ သို့သော် သူမ၏ ငယ်ဘဝအိပ်မက်သည် စစ်မြေပြင်တွင် မြင်းစီးရန်၊ စစ်ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်လာရန် ဖြစ်သည်။
သူမ၏ တိတ်ဆိတ်မှုကို မြင်သောအခါ လုချန်းက
“မင်းကို အခွင့်အရေးပေးမယ်လို့ အရင်က ပြောဖူးတယ်။ မင်းက မစောင့်နိုင်တော့ဘူးဆိုတော့ ကိုယ်မင်းကို အခုပဲ အခွင့်အရေးတစ်ခု ပေးပါ့မယ်။”
“ဒီတစ်ကြိမ် တောင်ဘက်ကို ချီတက်တဲ့အခါ မင်းကို စစ်သည် တစ်သိန်း ပေးမယ်။”
ဤစကားများကို ကြားသောအခါ ရွှမ်ယွမ်ယွမ်ချီသည် ချက်ချင်း စိတ်လှုပ်ရှားလာပြီး သူမ၏ ကြွက်သားများ တင်းမာသွားသည်။
“ကျေးဇူးတင်ပါတယ် မင်းကြီး”
သူမ၏ တုံ့ပြန်မှုကို ခံစားမိသောအခါ လုချန်းအနည်းငယ်ပြုံးလိုက်ပြီး သူမ၏ နားနားကပ်၍
“ကိုယ့်ရဲ့ စစ်ဗိုလ်ချုပ်ကြီးရွှမ်ယွမ်။ မင်းရဲ့ စစ်ပွဲပြီးသွားပေမဲ့ ကိုယ့်ရဲ့စစ်ပွဲက မစသေးပါဘူး။”
ထိုစကားများကို ကြားသောအခါ ရွှမ်ယွမ်ယွမ်ချီ၏ ရင်ထဲ တင်းမာသွားပြီး
“မင်းကြီးရဲ့ အလိုတော်အတိုင်းပါပဲ”