← Chapters

နတ်ဆိုးနှိမ်နင်းရေး တံခွန်နှင့် ဘဝသံသရာ ကျောက်တုံး

Vol. 57 Ch. 853

နတ်ဆိုးနှိမ်နင်းရေး တံခွန်နှင့် ဘဝသံသရာ ကျောက်တုံး

Vol. 57 Ch. 853

သူ့နောက်မှ အရိပ်၏ စကားများကို ကြားပြီးနောက် ဝူမင်း ရယ်မောလိုက်သည်။

“လုချန်းက တကယ်ကို ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းတာပဲ။ ဂိုဏ်းအင်အားစုတွေကို တိုက်ခိုက်ဖို့တောင် သတ္တိရှိနေတယ်။”

ဝူမင်း၏ နောက်က အရိပ်က

“သူ တကယ် ကမ္ဘာကြီးကို တစ်စုတည်းဖြစ်အောင် လုပ်ချင်ရင် နိုင်ငံတော်အတွင်းက နိုင်ငံငယ်တွေလို ဖြစ်နေတဲ့ ဒီဂိုဏ်းတွေကို ဆက်ထားလို့ မဖြစ်ဘူးလေ။ နောက်ပြီး အဓိကမင်းဆက်တွေရဲ့ အကြွင်းအကျန်တွေက ဒီဂိုဏ်းတွေထဲမှာ ပုန်းအောင်းနေကြတယ်။ အဲဒီဂိုဏ်းတွေကို ဖယ်ရှားမပစ်ရင် အဲဒီအင်အားစုတွေဟာ မကြာခင်မှာပဲ လုချန်းရဲ့ အုပ်ချုပ်ရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မယ်။”

အရိပ်၏ စကားများကို ကြားပြီးနောက် ဝူမင်း သူ၏ ဝိုင်ခွက်ကို ချလိုက်ပြီး ခေါင်းကို အနည်းငယ်လှည့်ကာ အရိပ်ကို ကြည့်ပြီး

“ဒီအစီအစဉ်က ရာနှုန်းပြည့် အောင်မြင်မယ်လို့ ခင်ဗျား သေချာလား”

အရိပ်က

“အရှင်မင်းသား စိတ်ချပါ။ ဒီတစ်ကြိမ်မှာ အဓိကဂိုဏ်း ဆယ်ဂိုဏ်းကျော်လောက် ပူးပေါင်းကြမှာပါ။ ကျွန်တော်တို့ဘက်မှာ ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးလည်း ရှိပါတယ်။”

“လုချန်း တောင်ဘက်ကို စစ်တိုက်ဖို့ ထွက်သွားတာနဲ့ တစ်ပြိုင်နက် ကျွန်တော်တို့ ချက်ချင်း လှုပ်ရှားမယ်။ ရန်ခရိုင်က ကျွန်တော်တို့လက်ထဲကို ကျိန်းသေ ကျရောက်လာပါလိမ့်မယ်။”

“လုချန်း ပြန်လာချိန်မှာ ရှနိုင်ငံတော်က ရှနိုင်ငံတော် မဟုတ်တော့ပဲ ဝူနိုင်ငံတော် ဖြစ်သွားပါလိမ့်မယ်။”

ထိုစကားကို ကြားသောအခါ ဝူမင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သို့သော် သူ ရယ်ပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ

“ဝူဟယ်ကို ဒီအကြောင်း မပြောနဲ့။”

ဝူဟယ်သည် ဝူနိုင်ငံတော်၏ အိမ်ရှေ့မင်းသား ဖြစ်သည်။ သူ ပါဝင်လာပြီး သူတို့၏ အစီအစဉ် အောင်မြင်ပါက မင်းသား

ဝူဟယ်၏ အနေအထားအရ သူသာ ဝူဧကရာဇ် ဖြစ်လာနိုင်ဖွယ်ရှိသည်။ သူ၏ အောင်မြင်မှုများကို ဝူဟယ်က ရယူသွားမည်ကို ဝူမင်း လုံးဝမလိုလားပေ။

သူတို့အားလုံးတွင် ဝူဧကရာဇ် ထားခဲ့သည့် အမှတ်အသား ရှိကြသော်လည်း ယင်းသည် နိုင်ငံတော်ကို ပြန်လည်ထူထောင်ရန် ပူးပေါင်းကြရမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

အရိပ်က

“စိတ်ချပါ အရှင်မင်းသား။ ကျွန်တော်တို့ သူ့ကို ဒီကိစ္စကိုတောင် မပြောရသေးပါဘူး”

အရိပ်၏ အဖြေကြောင့် ဝူမင်း စိတ်အေးသွားသည်။

ထိုအချိန်တွင် သူ၏ ခေါင်းကို ပြန်လှည့်ကာ နောက်ထပ် ဝိုင်တစ်ခွက်ကို ငှဲ့လိုက်သည်။ ခဏအကြာတွင် ဝူမင်းက အရသာခံ၍ တစ်ငုံသောက်လိုက်ပြီး

“လုချန်း ပြန်လာတဲ့အခါ သူ့ရဲ့ ဇနီးတွေနဲ့ ကလေးတွေရဲ့ အလောင်းတွေကို မြင်ရတဲ့အခါ အရမ်းအံ့ဩနေလိမ့်မယ်လို့ ကျွန်တော် ယုံတယ်။”

လုချန်း စိတ်ပျက်အားငယ်နေမည့် အမူအရာကို တွေးလိုက်ရုံနှင့် ဝူမင်း မယုံနိုင်လောက်အောင် စိတ်ကျေနပ်မှု ရသွားသည်။

…….

ညနေခင်း။

လုချန်းသည် နန်းတွင်း စာကြည့်ခန်းတွင် ရုံးစာရွက်စာတမ်းများကို စီမံခန့်ခွဲနေသည်။ ထိုအချိန်တွင် ပိုင်ချင်းချင်း၏ အသံထွက်ပေါ်လာသည်။

“မင်းကြီး။ မိဖုရားကြီး ဝူက ဒီည သူ့အဆောင်ကို လာဖို့ ဖိတ်ကြားလိုက်ပါတယ်။”

ထိုစကားကို ကြားသောအခါ လုချန်း အနည်းငယ် ပြုံးလိုက်သည်။ ဝူကျန်းဝမ် ကိုယ်ဝန်ရှိပြီးကတည်းက သူ့ကို တစ်ခါမှ မဖိတ်ခေါ်ဖူးပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် သူ့ကို ပြုစုပေးရန် အနေအထားတွင် မရှိသောကြောင့် ဖြစ်သည်။

ဟုတ်ပါသည်။ သူအတင်းအကျပ် တောင်းဆိုပါက မဖြစ်နိုင်တာတော့ မဟုတ်ပေ။ သို့သော် လုချန်းက သူ့အမျိုးသမီးများကို အခက်မတွေ့စေခဲ့ပေ။ သူထိုသို့ လုပ်ခဲ့သည့် တစ်ခုတည်းသော အချိန်က ဝမ်ချင်းစီ ကိုယ်ဝန်ရှိစဉ်အခါကသာ ဖြစ်သည်။

လုချန်းသည် အတော်လေး စည်းစနစ်ရှိသူ ဖြစ်ပြီး မှန်ကန်သော လမ်းကြောင်းတွင်သာ နေလိုသူဖြစ်သည်။

ဝူကျန်းဝမ်က သူ့ကို ဒီည ဖိတ်ခေါ်ခြင်းက လီချင်ရို့တွင် သူ့နှင့် ဆွေးနွေးစရာ တစ်ခုခု ရှိသောကြောင့် ဖြစ်နိုင်သည်။ ယခု လီချင်ရို့နှင့် ဝူကျန်းဝမ်တို့သည် ညတိုင်း အတူတူ အိပ်ကြသည်။

လုချန်း အနည်းငယ် စိတ်ဝင်စားသွားသည်။ ဒီအချိန်မှာ လီချင်ရို့က ဘာကို လိုချင်တာလဲ။

ခဏခန့် စဉ်းစားပြီးနောက် လုချန်းက တံခါးဝရှိ ပိုင်ချင်းချင်းကို

“ကောင်းပြီ၊ ဒီည ကိုယ်သူ့ဆီ သွားမယ်။ မိဖုရားလိီနဲ့ တခြားသူတွေကိုလည်း ကောင်းကောင်း ပြင်ဆင်ထားခိုင်းပါ။”

ပြောပြီးနောက် လုချန်းလည်း ရုံးစာရွက်စာတမ်းများကို ဆက်လက်ကိုင်တွယ် နေခဲ့သည်။

ထိုအချိန်တွင် လုချန်းထံ၌ အထူးကိုယ်ရံတော်များက တင်သွင်းထားသည့် ချွမ်နိုင်ငံတော်၏ ကပ်ရောဂါနှင့် ပတ်သက်သည့် အစီရင်ခံစာများစွာ ရှိနေသည်။ အကြောင်းအရာများကို မြင်သောအခါ လုချန်း အတွေးထဲ နစ်မြောသွားသည်။

အချိန်မည်မျှကြာသွားသည် မသိ လုချန်းလည်း အစီရင်ခံစာများကို ချလိုက်ပြီးနောက် သူ၏စနစ်ကို ဖွင့်ကာ ရွှမ်ယွမ်ယွမ်ချီနှင့် စိတ်ခံစားမှုဖလှယ်ခြင်းမှ သူ ရရှိခဲ့သည့်အရာများကို စစ်ဆေးလိုက်သည်။

[နတ်ဆိုးနှိမ်နင်းရေး တံခွန် : မြေအဆင့် စိတ်စွမ်းအားလက်နက်၊ နတ်ဆိုးမြေမြုပ်ကျင့်စဉ်နှင့် တွဲဖက်အသုံးပြုပါက နတ်ဆိုးကျင့်စဉ်ကျင့်သူများနှင့် ကောင်းကင်အဆင့် နတ်ဆိုးများကို ကြီးမားစွာ ထိခိုက်စေနိုင်သည်။]

ရွှမ်ယွမ်ယွမ်ချီနှင့် စိတ်ခံစားမှုဖလှယ်ခြင်းမှ သူရရှိခဲ့သည့် အရာမှာ ဤပစ္စည်းတစ်ခုတည်းသာ ဖြစ်သည်။ စနစ်က အနည်းငယ် မရက်‌ရောဟု လုချန်း ခံစားရသည်။

ယခင်က စနစ်က သူ ဇနီးနှင့် သားသမီး ပိုမိုများပြားလေလေ ဆုလာဘ်များ ပိုမိုများပြားလေလေ ဖြစ်မည်ဟု ဆိုခဲ့သည်။ သို့သော် လီချင်ရို့ နှင့် ရွှမ်ယွမ်ယွမ်ချီတို့ထံမှ အစွမ်းထက်သည့် ဆုလာဘ်များ မပေါ်ထွက်လာခဲ့ပေ။

လီချင်ရို့နှင့် ပတ်သက်ပြီး သူရရှိခဲ့သည့်တစ်ခုတည်းသော အရာမှာ ဘဝသံသရာ ကျောက်တုံးဟု ခေါ်သည့် ထူးဆန်းသော ကျောက်တုံးတစ်တုံး ဖြစ်၏။ သို့သော် ၎င်း၏ ရည်ရွယ်ချက်ကို စနစ်က ရှင်းပြပေးခြင်း မရှိသေးပေ။

ထိုအချိန်တွင် လုချန်းသည် စနစ်အား

“စနစ်။ နောက်ဆုံး နှစ်ကြိမ်အတွက် ဆုလာဘ်တွေက ဘာလို့ ဒီလောက် နည်းတာလဲ။”

[သခင် ရရှိထားတဲ့ ဆုလာဘ်တွေက အဆင့်မြင့် အင်အားကြီးနှစ်ခုရဲ့ တန်ဖိုးကို အများကြီး ကျော်လွန်နေပါတယ်။ ဒီရတနာနှစ်ခုကို ကောင်းကောင်း အသုံးချပါ]

စနစ်၏ အဖြေကို မြင်သောအခါ လုချန်း ရယ်မောလိုက်သည်။

“အဆင့်မြင့် အင်အားကြီး နှစ်ခုထက် အများကြီး ကျော်လွန်တယ် ဟုတ်လား။ ငါ့ကို လိမ်ချင်နေတာလား”

လုချန်း၏ အတွေးများကို ခံစားမိသည့်အလား စနစ်၏ သတိပေးချက် နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာသည်။

[ချွမ်နိုင်ငံတော်ထဲမှာ ကောင်းကင်နတ်ဆိုးတစ်ပါး ရှိနေပါတယ်။ နတ်ဆိုးနှိမ်နင်းရေး တံခွန်က ကောင်းကင်နတ်ဆိုးကို ရှင်းထုတ်ဖို့ ကူညီနိုင်ပါတယ်။ ကောင်းကင်နတ်ဆိုးဟာ ပြင်ပကမ္ဘာမှ ဖြစ်ပါတယ်။ နတ်ဆိုးနှိမ်နင်းရေး တံခွန် မရှိရင် သခင့်ရဲ့ လက်ရှိအနေအထားဟာ သူနဲ့ ယှဉ်ပြိုင်နိုင်တဲ့ စွမ်းအား မရှိပါဘူး။]

ဒါက ..

လုချန်း ခဏခန့် အံ့အားသင့်သွားသည်။

သို့သော် သူ ချက်ချင်း သတိပြန်ဝင်လာသည်။ သူ နတ်ဆိုးမြေမြုပ်ကျင့်စဉ်ကို ရရှိစဉ်က စနစ်က တိုင်ယင်ဂိုဏ်းကို ရင်ဆိုင်ဖို့ သူ့ကို အသုံးပြုစေချင်သည်ဟု သူ ထင်ခဲ့သည်။

သို့သော် ယခုမူ စနစ်သည် အစကတည်းက ချွမ်နိုင်ငံတော်၏ ကောင်းကင်နတ်ဆိုးကို ရင်ဆိုင်ရန် ရည်ရွယ်ခဲ့ပုံရသည်။

လုချန်း၏ စိတ် အတော်လေး လှုပ်ရှားသွားသည်။ နတ်ဆိုးနှိမ်နင်းရေး တံခွန်ကို ရရှိပြီးနောက် ချွမ်နိုင်ငံတော်တွင် မရိုးသားသော လျှို့ဝှက်ချက်အချို့ ရှိနိုင်သည်ဟု သူ မြင်ပြီး ဖြစ်သည်။ အထူးကိုယ်ရံတော်များ၏ ထောက်လှမ်းရေးအစီရင်ခံစာများနှင့် တွဲဖက်လိုက်သောအခါ သူ၏ ထင်မြင်ချက်ကို ပို၍ သေချာစေခဲ့သည်။

ယခု စနစ်ထံမှ အတည်ပြုချက် ရရှိခဲ့ပြီးနောက် လုချန်း စိတ်အေးသွားသည်။ နတ်ဆိုးနှိမ်နင်းရေး တံခွန်သည် ချွမ်နိုင်ငံတော်၏ ကောင်းကင်နတ်ဆိုးကို နှိမ်နင်းနိုင်သည်ဟု စနစ်က အာမခံ ထားပါက ပြဿနာ မရှိသင့်ပေ။

သို့သော် ဘဝသံသရာ ကျောက်တုံး၏ အသုံးပြုပုံက‌ကော ဘယ်လိုလဲ။

ထိုအတွေးနှင့်အတူ လုချန်းက သူ၏စနစ် ပစ္စည်းစာရင်းကို ဖွင့်ကာ ဘဝသံသရာ ကျောက်တုံးကို ရှာလိုက်သည်။

[ဘဝသံသရာ ကျောက်တုံး: အထူးကျောက်တုံးတစ်ခု (လက်ရှိတွင် အသုံးပြုပုံ မသိရှိရသေးပါ)]

ထိုဖော်ပြချက်ကို မြင်သောအခါ လုချန်း အနည်းငယ် ဒေါသထွက်သွားသည်။ စနစ်သည် ပုံမှန်အားဖြင့် ဆုလာဘ်များ၏ အသုံးပြုပုံကို ရှင်းပြပေးသည်။ သို့သော် ဤကျောက်တုံးအတွက် မည်သည့်ရှင်းပြချက်မှ မရှိပေ။

လုချန်းက စနစ်ကို တိုက်ရိုက် မေးလိုက်သည်။

“စနစ်။ ဒီဘဝသံသရာ ကျောက်တုံးကို ဘယ်လို အသုံးပြုရမှာလဲ”

တကယ်တော့ လီချင်ရို့နှင့်အတူ ရှိခဲ့သည့်ညကပင် ဘဝသံသရာ ကျောက်တုံး၏ လုပ်ဆောင်ချက်အကြောင်းကို စနစ်အား မေးခဲ့ဖူးသည်။ သို့သော် စနစ်က ပြန်မဖြေခဲ့ပေ။

ယခုတစ်ကြိမ်တွင်လည်း စနစ်က ယခင်ကအတိုင်းပင် ပြန်ဖြေခဲ့သည်။

[ဘဝသံသရာ ကျောက်တုံးဆိုင်ရာ အချက်အလက်များကို အဓိပ္ပာယ် မဖွင့်ရသေးပါ။ ကျေးဇူးပြု၍ အဆင့်မြင့် ကျင့်စဉ်အဆင့်သို့ ရောက်ရှိအောင် ကြိုးပမ်းပါ။ ဘဝသံသရာ ကျောက်တုံးဆိုင်ရာ အချက်အလက်များ ဖွင့်ပြသည်အထိ စောင့်ဆိုင်းပါ]

ယခင်ကအတိုင်းပင် ပြန်ဖြေသည်ကို မြင်သောအခါ လုချန်း အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။

“ထားလိုက်တော့။ မေးတာ အပိုပဲ။ ထပ်မမေးတော့ဘူး”

ဟု တွေးလိုက်သည်။

ထို့နောက် လုချန်းသည် စနစ်မျက်နှာပြင် ကို ပိတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ ချူးယုချင်နှင့် ဝူကျန်းဝမ်တို့သည် ကိုယ်ဝန်ရှိနှင့်ပြီး ဖြစ်သည်။ ကလေးများ မွေးဖွားလာသည်နှင့်တစ်ပြိုင်နက် ရက်ရောသော ဆုလာဘ်များ ရရှိလိမ့်မည်။ ထိုသို့တွေးကာ လုချန်းလည်း သူ၏ စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို ဆက်လက်ကိုင်တွယ်လိုက်သည်။

ညဘက် ရောက်သောအခါ လုချန်း ထရပ်လိုက်ပြီး အကြောဆန့်လိုက်ကာ ဝူကျန်းဝမ် နေထိုင်ရာ ဝမ်နင်းဆောင်သို့ ထွက်သွားလိုက်သည်။

သူ ဝူကျန်းဝမ်၏ အိပ်ဆောင်သို့ ရောက်သောအခါ လီချင်ရို့နှင့် ဝူကျန်းဝမ်တို့ နှစ်ဦးစလုံး အဝတ်လဲပြီးကြပြီ ဖြစ်သည်။ လီချင်ရို့သည် ရွှေရောင်ချည်မျှင်များပါရှိသော အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမ၏ ခေါင်းတွင် တောက်ပနေသော ရွှေရောင်ဆံထိုးများဖြင့် အလှဆင်ထားရာ ဂုဏ်ကျက်သရေ အလွန်ရှိနေသည်။

လီချင်ရို့၏ မြင့်မြတ်ပြီး သိက္ခာရှိသော အငွေ့အသက်ကို ခံစားမိသောအခါ လုချန်း စိတ်လှုပ်ရှားသွားပြီး ချက်ချင်းပင် အလင်းအရိပ်ကျင့်စဉ်ဖြင့် လီချင်ရို့နှင့် ဝူကျန်းဝမ်တို့၏ နောက်ဘက်သို့ တိုက်ရိုက်ရောက်ရှိသွားကာ အလှပဂေးနှစ်ဦး၏ ခါးများကို သူ၏ လက်များဖြင့် ရစ်ပတ်လိုက်သည်။

“ကိုယ့်ရဲ့ မိဖုရားနှစ်ပါးက ကိုယ့်ရဲ့နှစ်သက်မှုရ‌အောင် ဒီလောက် လှလှပပ ပြင်ဆင်ထားကြတာလား။”

လုချန်း၏ မျက်နှာပြောင်တိုက်သော စကားများကို ကြားသောအခါ လီချင်ရို့က အေးစက်စက်ဖြင့်

“မင်းကြီးက တကယ်ကို မျက်နှာပြောင်တိုက်တယ်။”

သူမတို့ကို ဒီလို ပြင်ဆင်ဖို့ အစေခံတွေက တဆင့် အမိန့်ပေးခဲ့တာက လုချန်းပဲ ဖြစ်၏။ အခုတော့ သူတို့ကပဲ ရည်ရွယ်ချက်ရှိရှိ လှပအောင် ပြင်ဆင်ထားကြသလိုမျိုး လုချန်းက ပြောနေသည်။

All Chapters