ချွမ်နိုင်ငံတော်ကိုသာမက ဂိုဏ်းတွေကိုလည်း ရှင်းပစ်ရမည်
Vol. 57 Ch. 854
လုချန်းဆိုသော လူဆိုး ရောက်လာပါက သူမ ဒီညတွင် မလွှဲမရှောင်သာ နှိပ်စက်ခံရမည်ကို လီချင်ရို့ သိထားသည်။ သူမတွင် ခုခံလိုစိတ် မရှိတော့ပေ။
သို့သော် ထိုသို့မဖြစ်မီ သူမ လုချန်းနှင့် စကားပြောလိုနေသေးသည်။
“ရှင်က ချွမ်နိုင်ငံတော်ကို ကိုယ်တိုင် သွားတိုက်ခိုက်ဖို့ စီစဉ်နေတာလား”
သူမ၏ မေးခွန်းကို ကြားသောအခါ လုချန်းက ပြုံးလိုက်သည်။
“ချင်ရို့ သတင်းရတာ စောလိုက်တာ။ ဒီနေ့မှပဲ ဆုံးဖြတ်တာကို မင်း သိနှင့်ပြီးသား ဖြစ်နေတယ်”
လီချင်ရို့ လုချန်း၏ စကားကို လျစ်လျူရှုလိုက်သည်။ နေ့လယ်ကတည်းက သတင်းစာများမှတဆင့် ရန်ခရိုင်တစ်ခွင်လုံး ပျံ့နှံ့နေပြီးသား ဖြစ်၏။ သူမ မည်သို့ မသိပဲ နေမည်နည်း။
လီချင်ရို့က
“ရှင်က ရှနိုင်ငံတော်ထဲက ဂိုဏ်းအားလုံးကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ပြီးကာစပဲ ရှိသေးတယ်။ အခု ရန်ခရိုင်မှာ မနေပဲ ချွမ်နိုင်ငံတော်ကို သွားတိုက်ဖို့ လုပ်နေတယ်။ ရှင် ပြန်လာတဲ့အချိန်မှာ ရန်ခရိုင်ကို အဲဒီဂိုဏ်းအင်အားစုတွေက သိမ်းပိုက်သွားမှာကို မကြောက်ဘူးလား”
လုချန်း အံ့အားသင့်သွားပုံရသည်။
“ဪ။ မင်း တစ်ခုခု ကြားခဲ့လို့လား”
လီချင်ရို့က ပေါ့ပေါ့ပါးပါး လေသံဖြင့်
“ရှင် ထွက်သွားတာနဲ့ ရန်ခရိုင်ကို သိမ်းပိုက်ဖို့နဲ့ သူတို့နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်တဲ့သူတွေ ရှိပါတယ်။”
လီချင်ရို့သည် ကျူးနိုင်ငံတော်၏ ဧကရီ ဖြစ်သည်။ ထိုဂိုဏ်းအင်အားစုများ၏ အမြင်တွင် သူမသည် သူမ၏ နိုင်ငံတော် ဆုံးရှုးရခြင်းကို ကျေနပ်နေမည်မဟုတ်သလို လုချန်း၏ အရုပ် ဖြစ်ရသည်ကိုလည်း သဘောကျမည် မဟုတ်ပေ။
အခွင့်အရေးရပါက လီချင်ရို့ သေချာပေါက် ပုန်ကန်လိမ့်မည်။ ထို့ကြောင့် ထိုဂိုဏ်းအင်အားစုများက သူမကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။
ထိုသူများသည် လီချင်ရို့ သူမ၏ ကံကြမ္မာကို လက်ခံထားပြီးဖြစ်သည်ဟု ရှင်းရှင်းလင်းလင်းပင် မမျှော်လင့်ခဲ့ကြပေ။ သူမတွင် လုချန်းကို အနည်းငယ်မျှ ခုခံလိုစိတ်ရှိနေသေးသော်လည်း ဝူကျန်းဝမ် ကိုယ်ဝန်ရှိနေခြင်းနှင့် ဝူကျန်းဝမ်၏ ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်လာနိုင်မှုသည် လုချန်းနှင့် ဆက်စပ်နေခြင်းတို့က လီချင်ရို့အား သူ၏ဘက်တွင် ရပ်တည်စေခဲ့သည်။
လီချင်ရို့၏ ပွင့်ပွင့်လင်းလင်း ဝန်ခံမှုကို ကြားသောအခါ လုချန်းက သူမ၏ ခါးကို ပို၍ နီးကပ်စွာ ဆွဲယူလိုက်သည်။
“မင်း ဒီအကြောင်းကိုယ့်ကို ပြောပြမယ်လို့ မထင်ထားဘူး။ ကိုယ့်ရဲ့ ချင်ရို့က ကိုယ့်ကို ချစ်နေပြီထင်တယ်။”
လုချန်း၏ စိတ်အားထက်သန်မှုကို ခံစားမိသောအခါ လီချင်ရို့က ချက်ချင်းပင် အေးစက်စက်ဖြင့်
“ဒါကို ရှင့်ကို ပြောပြတာက ကျန်းဝမ်အတွက်ပါ။ ကိုယ့်ကိုယ်ကို အထင်မကြီးနဲ့။”
ထို့နောက် လုချန်း၏ လက်ထဲမှ သူမ ရုန်းထွက်ရန် ကြိုးစားသည်။ သို့သော် လုချန်း၏ ဆုပ်ကိုင်ထားမှုက အလွန်ခိုင်မာသည်။
သူမ မရုန်းနိုင်တော့သည်ကို မြင်သောအခါ လီချင်ရို့လည်း ရုန်းကန်ခြင်းကို လက်လျှော့လိုက်ပြီး လုချန်းအား ဖက်ထားခွင့် ပေးလိုက်သည်။ သူမက
“ရှင်ဘာလုပ်ဖို့ ဆက်စီစဉ်ထားလဲ။”
“အဲ့ဒီဂိုဏ်းအင်အားစုတွေရဲ့ အင်အားက မနည်းဘူး။ သူတို့ထဲမှာ ကောင်းကင်လူသား စွမ်းအားရှင်တွေတောင် ရှိကောင်း ရှိနိုင်ပါတယ်။ ရှင်သာ ရန်ခရိုင်ကနေ ထွက်သွားရင် ပြန်လာတဲ့ချိန်မှာ ရန်ခရိုင်က သူတို့လက်ထဲ ရောက်နေနိုင်တယ်”
သူမ၏ စကားများကို ကြားသောအခါ လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးသွားသည်။
လီချင်ရို့သည် လုချန်း၏ မိဖုရားဆောင်သို့ နောက်ဆုံးမှ ရောက်လာသူဖြစ်သည်။ ထို့ကြောင့် ရန်ခရိုင်ရှိ သွေးကြောခုနှစ်ချက် ပုံစံမှုနှင့် ရင်းနှီးခြင်း မရှိပေ။ ပုံစံတစ်ခု ရှိသည်ဟု ကြားခဲ့သော်လည်း ဂိုဏ်းအင်အားစုများစွာ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည်ဟု သူမ မယုံကြည်ပေ။
လုချန်း ဝူနိုင်ငံတော်နှင့် ကျူးနိုင်ငံတော်ကို အနိုင်ယူစဉ်က ဂိုဏ်းများ၏ ကောင်းကင်လူသား စွမ်းအားရှင်များ ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။ သို့သော် ဒါက ဂိုဏ်းများတွင် ကောင်းကင်လူသား စွမ်းအားရှင်များ မရှိဟု ဆိုလိုခြင်း မဟုတ်ပေ။
ကောင်းကင်လူသား စွမ်းအားရှင်များသည် အထူးအခြေအနေ မဟုတ်ပါက သူတို့၏ အဆင့်ကို အများအားဖြင့် ဖုံးကွယ်ထားကြသည်။
လုချန်းက ထို ကောင်းကင်လူသား စွမ်းအားရှင်များပါဝင်သော ဂိုဏ်းအင်အားစုများကို ဖျက်သိမ်းရန် ရည်ရွယ်ပါက သူတို့ ခက်ခက်ခဲခဲ တည်ဆောက်ခဲ့သော အင်အားများကို ရှင်းလင်းပစ်မည့် အခြေအနေဖြစ်သဖြင့် ထိုပုန်းအောင်းနေသော ကောင်းကင်လူသား စွမ်းအားရှင်များသည် ထွက်ပေါ်လာပေလိမ့်မည်။ ဤကမ္ဘာတွင် စွမ်းအားရှင်အဆင့် ရောက်နေသူ မည်မျှရှိသည်ကို မည်သူမှ မပြောနိုင်ပေ။
ကောင်းကင်လူသား စွမ်းအားရှင်များကို ဖယ်ရှားနိုင်သည့် ဧကရာဇ် လုချန်း ထွက်ခွာသွားသည့်အခိုက်တွင် ထိုကောင်းကင်လူသား စွမ်းအားရှင်များအားလုံး ရန်ခရိုင်တွင် စုရုံးမိကြပါက မြို့တော်ကို သိမ်းယူရန်နှင့် လုချန်းကို ခြိမ်းခြောက်ရန်အတွက် သူ၏ ဇနီးများနှင့် သားသမီးများအားလုံးကို ဖမ်းဆီးရန် ပူးပေါင်းကြလိမ့်မည်။
လုချန်း ဤအန္တရာယ်များကို မသိဟု လီချင်ရို့ မယုံကြည်နိုင်ပေ။ ဤအချိန်တွင် ထိုလူ့ကို ဘယ်အရာက ရန်ခရိုင်မှ ထွက်ခွာရဲသည်အထိ ရဲရင့်စေသည်ကို သူမ နားမလည်နိုင်ပေ။
ဤလူက သူ၏ ဇနီးများနှင့် ကလေးများကို လုံးဝဂရုမစိုက်ဘူးလား။
လီချင်ရို့ အနေနှင့်တော့ သူမ၏ ဘေးကင်းလုံခြုံရေးအတွက်တော့ စိုးရိမ်ခြင်း မရှိပေ။ ဓားစွမ်းအားစု ပညာကို တတ်မြောက်ထားသော ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးအနေနှင့် ဝူကျန်းဝမ်ကို အလွယ်တကူ ခေါ်ဆောင်သွားပြီး အကာအကွယ် ပေးနိုင်သည်။
သူမ စိုးရိမ်သည်မှာ လုချန်း၏ ဇနီးများနှင့် သားသမီးများ ဖမ်းဆီးခံရပါက သူ့ကို ခြိမ်းခြောက်နိုင်မည်ကို ဖြစ်သည်။ ထို့ပြင် မတော်တဆ သူသာ ထိုဂိုဏ်းအင်အားစုများ၏ ရှင်းလင်းခြင်းကို ခံရပါက ဝူကျန်းဝမ်၏ ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်လာမည့် လမ်းကြောင်းလည်း ဖြတ်တောက်ခံရမည် မဟုတ်ပါလား။
ထို့ပြင် ဝူကျန်းဝမ်သည် ကိုယ်ဝန်ရှိနေပြီဖြစ်ပြီး သူမသူငယ်ချင်း၏ ကလေးကို ဖခင်မဲ့ဘဝနှင့် မမွေးဖွားစေလိုပေ။
လီချင်ရို့၏ သတိပေးချက်ကို ကြားသောအခါ လုချန်း ရယ်မောလိုက်သည်။
“ချင်ရို့က ကိုယ့်ကို ဒီလောက်အထိ ဂရုစိုက်မယ်လို့ မထင်ထားဘူး။ မင်းရဲ့ စကားလုံးတွေ နောက်ကွယ်မှာ နူးညံ့တဲ့ စိတ်နေသဘောထားရှိပုံရတယ်။”
လီချင်ရို့က အေးစက်စွာဖြင့်
“ရှင့်ကို ပြောပြီးပြီပဲ။ ဒါက ကျန်းဝမ်အတွက် စဉ်းစားနေတာ။ ကျွန်မက ရှင်ဒုက္ခရောက်တာကို လုံးဝ မမြင်ချင်တာ မဟုတ်ဘူး။ ကျန်းဝမ်ရဲ့ ကောင်းကင်လူသား စွမ်းအားရှင်ဖြစ်မယ့် လမ်းကြောင်းကို ဖြတ်တောက်ခံရတာမျိုးကို မမြင်ချင်တာ”
လုချန်းက
“ကောင်းပါပြီ။ ကောင်းပါပြီ။ ကိုယ် နားလည်ပါတယ်။ မင်း ဒါကို ကျန်းဝမ်အတွက် လုပ်ပေးတယ်လို့ပဲ မှတ်ယူလိုက်မယ်။”
ထို့နောက် သူက
“မင်း ပြောတဲ့ ဒီပြဿနာကို ကိုယ် သိနှင့်ပြီးသားပါ”
လုချန်း၏ စကားကို ကြားသောအခါ လီချင်ရို့နှင့် ဝူကျန်းဝမ်တို့ ခဏခန့် အံ့အားသင့်သွားကြသည်။ အမျိုးသမီးနှစ်ဦးစလုံး၏ မျက်ခုံးများကို တွန့်သွားပြီး လုချန်း၏ ဖုံးကွယ်ထားသော အတွေးများကို နားလည်သွားပုံရသည်။
လီချင်ရို့က
“ရှင်က ဒါကို တမင်တကာ လုပ်တာလား”
“ရှင် ရန်ခရိုင်က ထွက်သွားမယ့် သတင်းကို တမင်တကာ ပေါက်ကြားအောင် လုပ်ပြီး အဲဒီဂိုဏ်းအင်အားစုတွေကို ဆွဲဆောင်ပြီး အားလုံးကို တစ်ခါတည်း ရှင်းပစ်ဖို့ လမ်းကြောင်းထွင်တာလား။”
သူမ၏ ခွဲခြမ်းစိတ်ဖြာမှုကို ကြားသောအခါ လုချန်း ရယ်မောလိုက်သည်။
“အဲ့လို တမင်တကာ လုပ်တာတော့ မဟုတ်ပါဘူး။ ကိုယ်တကယ်ပဲ ချွမ်နိုင်ငံတော်ကို သွားဖို့ စီစဉ်ထားပါတယ်။”
“ချွမ်နိုင်ငံတော်ကို ရှင်းပစ်ရမယ်။ အဲဒီဂိုဏ်းအင်အားစုတွေကိုလည်း ရှင်းပစ်ရမယ်။”
လီချင်ရို့ နှာခေါင်းရှုံ့လိုက်သည်။
“ ရှင့်အနေနဲ့ကအများဆုံး ကောင်းကင်လူသား စွမ်းအားရှင် လေးယောက်ပဲ စုစည်းနိုင်တာ။ သူတို့က ချွမ်နိုင်ငံတော်ကို နှိမ်နင်းဖို့ ရှင်နဲ့အတူ တောင်ဘက်ကို လိုက်ရမယ်။
ချွမ်နိုင်ငံတော်က အခြေအနေကို ရှင်
သတိမထားမိဘူးလို့တော့ ကျွန်မ မယုံဘူး။ ရှင်နဲ့အတူ တခြား ကောင်းကင်လူသား စွမ်းအားရှင်တွေ မလိုက်တာလည်း မဖြစ်နိုင်ဘူး”
လီချင်ရို့၏ အမြင်တွင် လုချန်းသည် ကောင်းကင်လူသား စွမ်းအားရှင် လေးယောက်သာ စုစည်းနိုင်ပြီး ၎င်းတို့လည်း သူ့နှင့်အတူ တောင်ဘက်သို့ လိုက်ပါသွားနိုင်ဖွယ် ရှိသည်။ တစ်ယောက် သို့မဟုတ် နှစ်ယောက်လောက် ကျန်ခဲ့လျှင်တောင် ထိုဂိုဏ်းအင်အားစုများတွင် ကောင်းကင်လူသား စွမ်းအားရှင်များစွာ ရှိနေပါက ထိုတစ်ယောက်နှစ်ယောက်လောက်နှင့် သူတို့ကို ယှဉ်နိုင်မည် မဟုတ်ပေ။
လီချင်ရို့ စကားပြောပြီးသည်နှင့် လုချန်းက သူမ၏ မေးစေ့ကို ကိုင်ရန် သူ၏ လက်ကို မြှောက်လိုက်ပြီး သူမ၏ မျက်လုံးများကို ကြည့်ကာ
“ကိုယ် ကောင်းကင်လူသား စွမ်းအားရှင် လေးယောက်ပဲ စုစည်းနိုင်တယ်လို့ ဘယ်သူပြောလဲ။”
“မင်းက ကောင်းကင်လူသား စွမ်းအားရှင် မဟုတ်ဘူးလား။ မင်းတင် မဟုတ်ဘူး လျှို့ဝှက်လဝန်းနန်းတော်မှာလည်း အကြီးအကဲတစ်ယောက် ရှိသေးတယ်။ မင်းဒီမှာရှိနေတာ ကိုယ် စိတ်ချတယ်။”
“နောက်ပြီး ကောင်းကင်လူသား စွမ်းအားရှင် အများကြီးလည်း တောင်ဘက်ကို ခေါ်သွားဖို့ အစီအစဉ် မရှိဘူး။”
လုချန်း၏ စကားများကို ကြားသောအခါ လီချင်ရို့ အံ့အားသင့်သွားရပြန်သည်။
လျှို့ဝှက်လဝန်းနန်းတော်တွင် နောက်ထပ် ကောင်းကင်လူသား စွမ်းအားရှင်တစ်ယောက် ရှိနေသည်ကို သူမ အမှန်တကယ် မေ့လျော့သွားခဲ့သည်။ ထိုဂိုဏ်းသည် လုချန်း၏ ဘက်တွင် အကြာကြီး ရပ်တည်ခဲ့ပြီး သူ ဒုက္ခရောက်ပါက သူတို့ သေချာပေါက် လှုပ်ရှားလာကြလိမ့်မည်။
သို့သော်လည်း ပြန်စဉ်းစားကြည့်လျှင်တော့ သိပ်မမှန်သေးပေ။ လျှို့ဝှက်လဝန်းနန်းတော်သည် လုချန်း၏ ဘက်တွင် ရပ်တည်ပြီး သူ့ကို ကူညီခြင်းက သဘာဝကျသော်လည်း သူမက ဘာကြောင့် သူ့ကို ကူညီရမည်နည်း။
ထိုသို့ တွေးကာ လီချင်ရို့က
“ကျွန်မက ရှင့်ရဲ့ လူ မဟုတ်ဘူး။ ကျွန်မက ရှင့်ကို ဘာကြောင့် ကူညီရမှာလဲ။”
“ရှင် အတင်းအကျပ် သိမ်းပိုက်ထားတဲ့ အမျိုးသမီးတစ်ယောက်က ရှင် ဒုက္ခရောက်တဲ့အခါ ရှင့်ကို ကူညီလိမ့်မယ်လို့ တကယ်ထင်နေတာလား”
“ရှင် ကျွန်မကို ဘာမှတ်နေတာလဲ”
လီချင်ရို့သည် သူမဘာသာ တွေးကြည့်လိုက်သည်။ ဤလူသည် သူမ၏ အပျိုစင်ဘဝကို အတင်းအကျပ် ယူခဲ့ပြီး မကြာခဏ သူမကို အနိုင်ကျင့်နေသူဖြစ်သည်။ သူမသာ သူ့ကို ကူညီရန် ရပ်တည်ပါက ကိုယ့်ကိုယ်ကိုယ် အဆင့်နိမ့်ချခြင်းပင်ဖြစ်သည်။