← Chapters

တစ်ကြိမ်သာ ကူညီနိုင်မည် ....တစ်ကြိမ်တည်းသာ

Vol. 57 Ch. 855

တစ်ကြိမ်သာ ကူညီနိုင်မည် ....တစ်ကြိမ်တည်းသာ

Vol. 57 Ch. 855

လီချင်ရို့၏ စကားများကို ကြားသောအခါ လုချန်း ပြုံးရုံသာ ပြုံးလိုက်သည်။

“မင်းက ကိုယ်တစ်ခုခု ဖြစ်ပြီး ကျန်းဝမ်ရဲ့ ကောင်းကင်လူသား စွမ်းအားရှင် လမ်းကြောင်း ပြတ်တောက်သွားမှာကို ကြောက်တယ်လို့ ခုနကပဲ ပြောခဲ့တယ် မဟုတ်လား။”

“ဒါဆို ကိုယ့်ကို ကူညီတာက ကျန်းဝမ်ကို ကူညီတာပဲ။ မင်းကိုယ်မင်းလည်း ကူညီတာပါ”

လုချန်းက ဝူကျန်းဝမ်ကို နောက်တစ်ကြိမ် ထည့်ပြောလာသည်ကို မြင်သောအခါ

လီချင်ရို့၏ မျက်ခုံးများ တွန့်သွားသည်။

သူမ၏ အမူအရာကို သတိထားမိသော လုချန်းက

“ဘာလို့ မျက်မှောင်ကြုတ်နေတာလဲ။ အမြဲတမ်း မျက်မှောင်ကြုတ်နေရင် အရေးအကြောင်းတွေ ဖြစ်လာလိမ့်မယ်။”

လီချင်ရို့က သူ၏ မှတ်ချက်ကို လျစ်လျူရှုလိုက်ပြီး ဝူကျန်းဝမ်ကို လှမ်းကြည့်လိုက်သည်။

ဝူကျန်းဝမ်သည် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည်။ သူမ၏ အချစ်ဆုံး သူငယ်ချင်းသည် လုချန်းကို ကူညီရန် သေချာပေါက် ဝင်ရောက်လာမည်ကို သူမ ကောင်းစွာ သိရှိထားသည်။

အမျိုးသမီးတစ်ဦး လုချန်း၏ လူဖြစ်သွားသည်နှင့် သူ၏ကိစ္စများကို လျစ်လျူရှုထားရန် မဖြစ်နိုင်ပေ။ ထိုအရာက ဤလူ၏ အကြောက်မက်ဖွယ်ရာ အစွမ်းပင် ဖြစ်သည်။

ထိုအချိန်တွင် လီချင်ရို့ ဘာကို စောင့်ဆိုင်းနေသည်ကို ဝူကျန်းဝမ် နားလည်သွားပုံရသည်။ ထို့‌ကြောင့်သူမက ဦးဆောင်ကာ စကားစပြောလိုက်သည်။

“ချင်ရို့။ဖြစ်နိုင်မယ်ဆိုရင် မင်းကြီးကို ကူညီစေချင်ပါတယ်။ သူ့ကို ကူညီခြင်းအားဖြင့် နင်က ငါ့ကို လည်းကူညီနေတာပါ။”

ဝူကျန်းဝမ် စကားပြောပြီးသည်နှင့် လီချင်ရို့ လုချန်းဘက်သို့ ပြန်လှည့်လာပြီး

“ကျန်းဝမ်အတွက် ကျွန်မရှင့်ကို ဒီတစ်ကြိမ်တော့ ကူညီနိုင်ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်တည်းပဲနော်”

လုချန်း ရယ်မောလိုက်သည်။ လီချင်ရို့ သဘောတူနိုင်ဖို့ အကြောင်းပြချက် ပေးနိုင်ရန် ဝူကျန်းဝမ်က ရှေ့ကနေ ဦးဆောင်စကားပြောပေးခဲ့ခြင်းဖြစ်သည်။

ထို့နောက် လုချန်းက လီချင်ရို့၏ သွယ်လျသော ခါးကို သူ၏ လက်ဖြင့် ဖက်လိုက်သည်။

“ဒါဆို ကိုယ့်ရဲ့ ချစ်လှစွာသော မိဖုရားကို ဒုက္ခပေးမိပြီ”

ထို့နောက် သူသည် အမျိုးသမီးနှစ်ဦး၏ ခန္ဓာကိုယ်များအား ပွေ့ဖက်ပြီး အိပ်ရာဆီသို့ လျှောက်သွားသည်။

လီချင်ရို့၏ မျက်နှာက အေးစက်နေပြီး ဘာမှ ဆက်မပြောပေ။ သူတို့သုံးဦး အိပ်ရာသို့ ရောက်သည်နှင့် လုချန်းက လီချင်ရို့ကို အိပ်ရာပေါ် တွန်းချလိုက်သည်။ သူက သူမကို အပေါ်မှ ငုံ့ကြည့်လိုက်ပြီး သူ၏ လက်များလည်း လှုပ်ရှားလာသည်။

သူမ၏ အေးစက်နေသည့် ပါးကို နမ်းရန် ငုံ့လိုက်စဉ် လီချင်ရို့က သူမ၏ လက်ကို မြှောက်ပြီး သူ၏ ပါးစပ်ကို ပိတ်လိုက်သည်။

“ကျွန်မ ရုတ်တရက် တစ်ခု သတိရလိုက်တယ်။”

လုချန်းက ဆက်လက်လုပ်ဆောင်ရန် မလောပဲ စိတ်ဝင်တစားဖြင့်

“ဘာလဲ”

ဟု မေးလိုက်သည်။

လီချင်ရို့က

“မုယုံရွှီက ဘေးခန်းမှာ နေနေတယ် မဟုတ်လား”

လုချန်းက

“ဟုတ်တယ်”

လီချင်ရို့က

“သူမက မူလက ကျွန်မရဲ့ အစေခံပဲ။ ကျွန်မက အခု ရှင့်ရဲ့ အမျိုးသမီးဖြစ်နေပြီဆိုတော့ သူကလည်း ရှင့်ရဲ့ ဘေးနားမှာ ပြုစုပေးသင့်တယ်။”

ထိုစကားကို ကြားသောအခါ လုချန်း လန့်သွားသည်။ လီချင်ရို့၏ ရည်ရွယ်ချက်ကို သူချက်ချင်း နားလည်သွားသည်။ သူမသည် နောက်တစ်ယောက်ကို ဒီထဲသို့ ဆွဲသွင်းရန် ကြိုးစားနေခြင်းဖြစ်သည်။

လုချန်း ရယ်မောလိုက်သည်။

“ နားလည်ပြီ”

ထို့နောက် တံခါးဝရှေ့ အစေခံကို

“မုယုံမိဖုရားကို သွားခေါ်လိုက်”

“ဟုတ်ကဲ့ပါ မင်းကြီး။”

အစေခံလည်း ဘေးခန်းသို့ အမြန်ထွက်သွားသည်။ မုယုံရွှီသည် သူမ၏ အိပ်ခန်းထဲတွင် စာရေးနေသည်။ ဘေးခန်းတွင် ဘာဖြစ်နေသည်ကိုလည်း သူမသိသည်။ လုချန်း ဘေးခန်းသို့ သွားသည့်အခါတိုင်း သူမ၏ ခန္ဓာကိုယ်သည် မတည်မငြိမ်ဖြစ်ပြီး အိပ်မပျော်နိုင်ပေ။

ယနေ့တွင် သူမ ကိုယ့်ကိုယ်ကို ငြိမ်သက်စေဖို့ စာရေးရန် ဆုံးဖြတ်ခဲ့သည်။ စာရေးခြင်းကိုအာရုံစိုက်ထားပါက ဘေးခန်းမှ စုံတွဲကြောင့် သူမ၏စိတ်များမငြိမ်မသက် မဖြစ်စေရန် မျှော်လင့်သည်။

သူမ၏ စုတ်တံကို မင်ထဲနှစ်ပြီး စာလုံးအချို့ကို ရေးလိုက်စဉ် တံခါးဝတွင် အစေခံ၏ အသံထွက်ပေါ်လာသည်။

“မိဖုရား။ မင်းကြီးက မိဖုရားကြီး ဝူရဲ့ အဆောင်ကို လာဖို့ ခေါ်ခိုင်းလိုက်ပါတယ်။”

အစေခံ၏ စကားကို ကြားသောအခါ မုယုံရွှီ အံ့အားသင့်သွားပြီး သူမ၏ စုတ်တံကိုင်ထားသော လက်လည်း လေထဲတွင် ရပ်တန့်သွားသည်။

ဘေးခန်းတွင် မည်သူရှိသည်ကို သူမ ကောင်းစွာ သိထားသည်။ အမျိုးသမီးနှစ်ဦး ရှိနှင့်ပြီးသား ဖြစ်၏။ သူတို့က သူမကို ပါဝင်စေချင်တာလား။

ဖြစ်ပျက်နေသည့် အရာကို မုယုံရွှီ

မကြာမီပင် ခန့်မှန်းမိလိုက်သည်။ ဒါက လီချင်ရို့၏ အကြံအစည် ဖြစ်ရမည်။

လီချင်ရို့သည် ယခင်က ကျူးနိုင်ငံတော်၏ ဧကရီဖြစ်ရာ အကြိမ်တိုင်း သူမ၏ နောက်လိုက်ဖြစ်သူက ဘေးခန်းမှ ချောင်းနားထောင်နေခြင်းကို ရှက်စရာဟု ခံစားရသည်။ ထို့ကြောင့် လုချန်းကို ပြုစုပေးရန် သူမကိုပါ ခေါ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။

မုယုံရွှီ လီချင်ရို့ကို အလွန်ကြောက်ရွံ့နေဆဲဖြစ်သည်။ မုယုံမိသားစုကို ရှင်းပစ်ပြီးနောက် သူမသည် နန်းတော်တွင် ကြီးပြင်းလာခဲ့ရပြီး လီချင်ရို့နှင့် အချိန်များစွာ ကုန်ဆုံးခဲ့ကာ လီချင်ရို့ကပဲ သူမကို အရာများစွာ သင်ကြားပေးခဲ့ခြင်းဖြစ်သည်။

သူမ၏ လီချင်ရို့အပေါ် စိတ်ပိုင်းဆိုင်ရာအရ ကြောက်ရွံ့ခြင်းသည် တစ်ညတည်းနှင့် ပျောက်ကွယ်သွားမည့် အရာမျိုး မဟုတ်ပေ။ သူတို့နှစ်ဦးစလုံးသည် ယခုအခါ လုချန်း၏ အမျိုးသမီးများ ဖြစ်နေကြပြီ ဖြစ်သော်လည်း မုယုံရွှီ အနေနဲ့ လီချင်ရို့အား မည်သည့် မလေးစားမှုကိုမှ ပြသရန် မဝံ့ရဲသေးပေ။

မုယုံရွှီ သူမ၏ အတွေးများထဲမှ ရုံးထွက်လိုက်ကာ စုတ်တံကို မင်အိုးပေါ်တွင် တင်ထားပြီး

“ကျွန်မ လာခဲ့ပါ့မယ်”

ဟု ပြောကာ တံခါးဆီသို့ ဦးတည်သွားလိုက်သည်။

မကြာမီ သူမ ဘေးခန်းသို့ ရောက်ရှိလာသည်။ သူမ ဝင်ရောက်သည်နှင့် လုချန်းနှင့် လီချင်ရို့တို့ အစပြုနေသည်ကို တွေ့မြင်ရသည်။

လီချင်ရို့သည် မုယုံရွှီ ဝင်လာသည်ကို သတိပြုမိပုံရပြီး ရုတ်တရက်လှည့်ကာ တံခါးဝမှ သူမကို ကြည့်လိုက်သည်။ သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာသည် ယခုအခါတွင် ပေါ့ပါးသည့် အမူအရာတစ်မျိုး ထပ်ပေါင်းလာသည်။

“ဒီကို လာ”

လီချင်ရို့၏ အမိန့်အရ မုယုံရွှီ၏ ခန္ဓာကိုယ်တုန်လှုပ်သွားပြီး အိပ်ရာဆီသို့ အမြန်ချဉ်းကပ်သွားသည်။

“အဝတ်တွေ ဖယ်”

လီချင်ရို့က နောက်ထပ် အမိန့်တစ်ခု ထုတ်ပြန်လိုက်သည်။ မုယုံရွှီလည်း နာခံပြီး အဝတ်များအားလုံးကို ဖယ်ရှားလိုက်ရသည်။

ခဏအကြာတွင် သူမ မုယုံရွှီ၏ ခန္ဓာကိုယ်တွင် စီရင်ထားသော ကျိန်စာ ပုံစံသည် ရှိနေသေးသည်ကို လီချင်ရို့ သတိပြုမိလိုက်သည်။

ခဏလေး....

ဒီ ကျိန်စာ ပုံစံက အစစ် မဟုတ်ဘူး ထင်တယ်....

အရင်က မုယုံရွှီသည် ရန်ခရိုင်တွင် အမှုထမ်းခဲ့ပြီး ကျူးနိုင်ငံတော်သို့ ပြန်လာခဲ့ဖူးသည်။ လီချင်ရို့လည်း သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ကျိန်စာ ပုံစံကို တစ်ကြိမ် စစ်ဆေးဖူးသည်။ ထိုအချိန်တွင် သူမ အသေးစိတ်စစ်ဆေးခြင်း မရှိခဲ့သလို သူမသည်လည်း ကောင်းကင်လူသား စွမ်းအားရှင် မဖြစ်သေးသောကြောင့် ကျိန်စာ ပုံစံသည် ထပ်မံရေးဆွဲထားသည့် အရာတစ်ခုသာ ဖြစ်သည်ကို သတိမပြုမိခဲ့ပေ။

သို့သော် ယခုအခါ သူမ ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်နေပြီဖြစ်သဖြင့် တစ်ချက်ကြည့်လိုက်ရုံနှင့် ကျိန်စာ ပုံစံသည် မည်သည့် အကျိုးသက်ရောက်မှုမှ မရှိတော့သော ပုံတစ်ခုမျှသာ ဖြစ်နေသည်ကို သူမ သိရှိသွားသည်။

ထိုအချိန်တွင် လီချင်ရို့က လုချန်း၏ ရင်ဘတ်ကို တွန်းလိုက်သည်။

“သူ့ကို အရင် ပြုစုခိုင်းလိုက်”

လုချန်း ဖျော့တော့စွာ ပြုံးလိုက်သည်။ ဤအမျိုးသမီးသည် အမှန်တကယ်ပင် အာဏာရှင်ဆန်လှပေသည်။

မုယုံရွှီ အလွန်ကြောက်ရွံ့နေမှန်း သိသာလှသည်။ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်နေသည်။

ထို့နောက် လုချန်းက ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး အိပ်ရာဘေးရှိ မုယုံရွှီကို ပြုံးကာ

“ရွှီ။ မကြောက်ပါနဲ့။ ဒီကို လာ။ ကိုယ် မင်းနဲ့အတူ ရှိနေတယ်။ သူမင်းကို ဘာမှ လုပ်ရဲမှာ မဟုတ်ပါဘူး”

လုချန်း၏ စကားများကို ကြားပြီးနောက် မုယုံရွှီ၏ သတ္တိများ တိုးလာသည်။ ထို့နောက် သူမ လုချန်း၏ ဘေးတွင် လှဲချလိုက်သည်။ လုချန်းက ချက်ချင်းပင် လှည့်ပြီး သူမ၏ နှုတ်ခမ်းများကို သူ၏ နှုတ်ခမ်းများနှင့် ဖိလိုက်သည်။

မကြာမီပင် မုယုံရွှီ၏ ခန္ဓာကိုယ်ပေါ်ရှိ ကျိန်စာ ပုံစံသည် သူ့အတွက် အကျိုးရှိသည်ဟု အဘယ်ကြောင့် လုချန်း ပြောခဲ့သည်ကို လီချင်ရို့ နားလည်သွားသည်။ ကျိန်စာ ပုံစံ၏ မူလ အကျိုးသက်ရောက်မှု ပျောက်ကွယ်သွားသော်လည်း လက်တွေ့ကျသော အသုံးဝင်မှုအချို့တော့ ရှိနေဆဲ ဖြစ်သည်။

……

နောက်တစ်နေ့ ။

နံနက်ခင်း။

လုချန်း နိုးလာသောအခါ လီချင်ရို့နှင့် ဝူကျန်းဝမ်တို့သည် သူ၏ ဘေးနှစ်ဖက်တွင် အိပ်နေကြပြီး မုယုံရွှီက သူ၏ ရင်ဘတ်ပေါ်တွင် လဲလျောင်းနေသည်။

လုချန်း၏ နှုတ်ခမ်းများသည် အနည်းငယ် တွန့်ကွေးသွားသည်။ သူ ပို၍ ပို၍ ပျက်စီးလာပြိီဟု ယူဆရသည်။ ဧကရာဇ်များ အာဏာကို အဘယ်ကြောင့် အလွန်နှစ်သက်ကြသည်ကို သူ မအံ့ဩတော့ပေ။ ထိုခံစားချက်သည် အမှန်တကယ်ပင် အံ့ဩဖွယ်ကောင်းလှသည်။

ထိုအချိန်တွင် ပိုင်ချင်းချင်း၏ အသံက တံခါးဝမှ ထွက်ပေါ်လာသည်။

“မင်းကြီး။ တပ်မှူးလျှံက တွေ့ခွင့် တောင်းနေပါတယ်”

ပိုင်ချင်းချင်း၏ အသံ ထွက်ပေါ်လာသည်နှင့် မုယုံရွှီလည်း သူမ၏ မျက်လုံးများကို ဖွင့်လိုက်သည်။ ထို့နောက် သူမ၏ လက်များကို အိပ်ရာပေါ်တွင် ထောက်ကာ ထရပ်ရန် ကြိုးစားလိုက်သည်။

သို့သော်် သူမလှုပ်ရှားသည်နှင့်တစ်ပြိုင်နက် ထူးဆန်းသော အားနည်းမှုတစ်ခုကို ခံစားလိုက်ရပြီး လုချန်း၏ ရင်ခွင်ထဲသို့ ပြန်လဲကျသွားသည်။

လုချန်းက မုယုံရွှီ၏ ကျောပြင်ကို ပွတ်သပ်ပေးလိုက်ပြီး ပြုံးကာ

“ဘာလို့ အလျင်လိုနေတာလဲ။ ကိုယ်တောင် မထသေးဘူး”

ထို့နောက် သူက တံခါးဝရှိ ပိုင်ချင်းချင်းကို

“သူ့ကို နန်းတွင်း စာကြည့်ခန်းမှာ စောင့်ခိုင်းလိုက်ပါ။ ရေချိုးပြီးတာနဲ့ လာခဲ့မယ်”

All Chapters