← Chapters

ဓားနှလုံးအဆင့်၊ ရွမ်ယွမ်ဂိုဏ်း

Vol. 4 Ch. 57

ဓားနှလုံးအဆင့်၊ ရွမ်ယွမ်ဂိုဏ်း

Vol. 4 Ch. 57

လော့ချန်က ခန္ဓာကိုယ်အတွင်း ပြည့်လျှံလှိုက်လှုပ်နေသည့် စွမ်းအင်ကို ခံစားရင်း မယုံကြည်နိုင်စွာ အံ့ဩမိသွား၏။

"ပေါင်တစ်သောင်းစွမ်းအား…"

သိုင်းသမားတစ်ဦးအတွက် ဤသည်မှာ အရေးကြီးသော အဆင့်တစ်ခု ဖြစ်သည်။

လူသာမန်ဘဝဖြတ်ကျော်အဆင့်လေးတွင် ခန္ဓာကိုယ်ကို သန့်စင်ပြီး အရိုးတွင်းခြင်ဆီများကို ဆီးနှင်းကဲ့သို့ ဖြူစင်စေကာ နွားကြီးကိုးကောင်နှင့် ကျားနှစ်ကောင်စွမ်းအား၊ ဆိုလိုသည်မှာ ပေါင်တစ်သောင်းလေးထောင့်ငါးရာခန့်သာ ရရှိသည်။

ယခုအခါ လော့ချန်က ယွမ်ကြယ်ဓားကို လွယ်ကူစွာ လှည့်ပတ်နိုင်ပြီး ယခင်ကဲ့သို့ နှေးကွေးမှု မရှိတော့ပေ။ သူ၏ခန့်မှန်းချက်အရ သူ၏စွမ်းအား အနည်းဆုံး ပေါင်တစ်သောင်းလေးထောင်မှ ငါးထောင်ခန့်အထိရှိပြီ ဖြစ်သည်။

ထို့ကြောင့် ဆိုလိုသည်မှာ လူသာမန်ဘဝဖြတ်ကျော်အဆင့်သုံးသာသို့ရောက်သေးသည့်တိုင် သူ၏စွမ်းအားက အဆင့်လေးရှိ သိုင်းသမားများနှင့် ယှဉ်နိုင်ပြီဖြစ်သည်။

“လူသာမန်ဘဝဖြတ်ကျော်အဆင့်သုံးကို ထိုးဖောက်လိုက်ရုံနဲ့ ဒီလောက်အင်အားတွေ တိုးလာမယ်လို့ မထင်ထားဘူး…”

လော့ချန်က ကိုယ့်ကိုယ်ကိုယ် ရေရွတ်လိုက်သည်။ သူ၏မျက်နှာထက်တွင် အံ့ဩမှုတစ်ခု ဖြတ်သန်းသွားသည်။

သာမန်သိုင်းသမားများသည် အဆင့်သုံးသို့ တက်လှမ်းသောအခါ ပေါင်နှစ်ထောင်မှ သုံးထောင်ခန့်သာ အင်အားတိုးလာတတ်သည်။

ထိုးဖောက်မထွက်မီက လော့ချန်၏ အင်အားသည် ပေါင်ရှစ်ထောင်ခန့်သာရှိခဲ့ရာ ယခုတစ်ခါတည်း ပေါင်ခုနစ်ထောင်ခန့် တိုးတက်လာပြီး အင်အားသည် နှစ်ဆနီးပါး ပေါက်ကွဲထွက်လာသည်။ လေသံာ့ချန်က သယဖြစ်စွာဖြင့် မျက်လုံးများကို မှိတ်ကာ အတွင်းထဲသို့ ကြည့်ရှုလိုက်သည်။ ဒျန်တန်ထဲရှိ လေဆင်နှာမောင်းအလား လှည့်ပတ်နေသော နဂါးစွမ်းအင်က ယခု ပြောင်းလဲသွားပြီ ဖြစ်၏။

နဂါးစွမ်းအင်တွင် ဦးခေါင်းတစ်ခု ပေါက်ဖွားလာပြီး မြွေငယ်တစ်ကောင်နှယ် လှုပ်ရှားသွားလာနေသည်။

“နဂါးစွမ်းအင်မှာ ဦးခေါင်းပေါက်လာပြီ… ဒါက နဂါးစွမ်းအင်ရဲ့ ပထမပြောင်းလဲမှုပဲ… စစ်မှန်သောနဂါးကျင့်စဉ်ရဲ့ ပထမအလွှာကို ထိုးဖောက်လိုက်ပြီ…”

ဤပြောင်းလဲမှုကို မြင်လိုက်ရသည်နှင့် လော့ချန်၏ စိတ်ထဲတွင် သက်သာရာရသွားသည်။ သူ၏မျက်ဝန်းများထဲတွင် နားလည်သဘောပေါက်မှုတစ်ခု ဖြတ်သန်းသွားသည်။ အင်အားများက ဤမျှလောက် ပေါက်ကွဲထွက်လာခြင်းမှာ စစ်မှန်သောနဂါးကျင့်စဉ်က အဆင့်တစ်ထစ်တက်လှမ်းသွားခြင်းကြောင့် ဖြစ်သည်။

“ပထမအလွှာနဲ့ ပေါင်တစ်သောင်းစွမ်းအားကို ရလိုက်တာပဲ…”

လော့ချန်က အံ့ဩဝမ်းမြောက်စွာ ရေရွတ်လိုက်သည်။ သူ၏အသံထဲတွင် စိတ်လှုပ်ရှားမှုတစ်ခု ပါဝင်နေသည်။

စစ်မှန်သောနဂါးကျင့်စဉ်၏ ပထမအလွှာနှင့် ဤမျှလောက် စွမ်းအားကြီးမားနိုင်သည်ဆိုပါက နှစ်ထပ်ကျင့်စဉ်တစ်ခုလုံးဖြစ်သည့် ကောင်းကင်နဂါးစီးနင်းခြင်းကျင့်စဉ်သည် မည်မျှလောက် လျှို့ဝှက်ဆန်းကြယ်နိုင်မည်ကို စိတ်ကူးပင် မယဉ်ကြည့်နိုင်ပေ။

“ဟား... ဟား… ငါအသုံးမကျတဲ့ သိုင်းဝိညာဉ်နိုးထလာလို့ စွမ်းအားတိုးလာရင် တဖြည်းဖြည်း သာမန်လူတစ်ယောက်လို ဖြစ်သွားလိမ့်မယ်လို့ လူတွေကပြောကြတယ်… ဒါပေမဲ့ ဒါက ငါ့ရဲ့ထူးချွန်မှုရဲ့ အစပဲဆိုတာ ဘယ်သူကသိမှာလဲ…”

လော့ချန်၏ မျက်နှာထက်တွင် ပြုံးရွှင်မှုတစ်ခု ပေါ်ထွက်လာပြီး သွေးသားများ ဆူဖြိုးလာသည်။ သူ၏မျက်ဝန်းများထဲတွင် ယုံကြည်ချက်တစ်ခု ထင်ဟပ်နေသည်။ သူ၏လေ့ကျင့်မှုတွင် ကောင်းကင်နဂါးစီးနင်းကျင့်စဉ်ရှိပြီး ရောင်စဉ်ကိုးသွယ်ရတနာသည် ဝိညာဉ်ဆေးများကို သန့်စင်ရုံသာမက ဆေးလုံးများထဲရှိ ညစ်ညမ်းမှုများကိုပါ ဖယ်ထုတ်ပေးနိုင်သည်ဖြစ်ရာ ဆေးလုံးသောက်သုံးခြင်း၏ ဘေးထွက်ဆိုးကျိုးများကို များစွာ လျှော့ချပေးနိုင်သည်။

စိတ်ကူးကြည့်စရာပင်မလိုဘဲ သူ၏ တိုးတက်မှုအရှိန်သည် ပိုမိုမြန်ဆန်လာပြီး လူတိုင်းကို ကျော်ဖြတ်နိုင်မည် ဖြစ်သည်။ သူ့ကို အရှက်ရအောင် လုပ်ချင်သူများက အကုန်လုံး စိတ်ပျက်လက်ပျက် ဖြစ်ရလိမ့်မည်။

ထို့နောက် အနည်းငယ်မျှ အသက်ပြင်းပြင်းရှူလိုက်ပြီး လော့ချန်က အခန်းထဲမှ ထွက်လာကာ သင်္ဘောကုန်းပတ်ပေါ်သို့ တက်လာသည်။ အပြင်တွင် နံနက်စောစော အလင်းရောင်သာ ရှိသေးပြီး စစ်သင်္ဘောက တစ်ရက်ကြာ ခရီးနှင်ပြီး ဖြစ်သည်။

ကုန်းပတ်ပေါ်တွင် လူအနည်းငယ်သာ ရှိ၏။

လူတိုင်းက ရွမ်ယွမ်ဂိုဏ်း၏ စမ်းသပ်ပွဲအတွက် ပြင်ဆင်နေကြသည်။

လော့ချန်သည် ကုန်းပတ်အလယ်သို့ ရောက်လာချိန်တွင် ရုတ်တရက်…

“ခွီး…”

ထိတ်လန့်ဖွယ်ရာ ဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

ကျယ်ပြန့်သော မြစ်ရေပြင်ပေါ်တွင် ရုတ်တရက် ကောင်းကင်ယံထိအောင် လှိုင်းလုံးကြီးတစ်ခု ထိုးတက်လာသည်။

လှိုင်းလုံးထဲတွင် မှုန်ဝါးစွာ မြင်ရသည့် ဧရာမအရိပ်တစ်ခုက သင်္ဘောဆီသို့ ခြေသည်းလက်သည်းများဖြင့် အင်အားပြည့်စွာ တိုက်ခိုက်လာသည်။ စစ်သင်္ဘောသည် အနည်းငယ်မျှ တုန်ခါလိုက်ပြီး ထိုလှိုင်းလုံးကြီးကို ဖြတ်တောက်လိုက်သည်။

ထိုဧရာမအရိပ်သည် သင်္ဘောဦးထိပ်ရှိ ထက်ရှသောအစွန်းဖြင့် ထိမှန်ကာ အစိတ်စိတ်အပိုင်းပိုင်း ကွဲထွက်သွားပြီး သွေးနှင့်အသားများ မိုးသည်းကြီးသဖွယ် ဖြန်းပက်ကျလာသည်။

“ကြောက်စရာကောင်းလိုက်တာ… အခုဟာက တိမ်ယံမြွေဖြစ်မယ်... ကြယ်လေးပွင့်နတ်ဆိုးသားရဲလေ… ဒါကို ချက်ချင်းအပိုင်းပိုင်းဖြစ်သွားရလိမ့်မယ်လို့ မထင်ထားဘူး…”

“ဒီလောက်ကြောက်စရာကောင်းတာကို… အောက်ကိုဆင်းကြစို့…”

အနားတွင်ရှိသော လူငယ်နှစ်ဦးက ဤမြင်ကွင်းကို မြင်လိုက်ရပြီး အံ့ဩထိတ်လန့်ကာ ကုန်းပတ်ပေါ်တွင် ဆက်မနေရဲတော့ဘဲ သင်္ဘောအောက်ထပ်သို့ အပြေးဝင်သွားကြသည်။

လော့ချန်လည်း အနည်းငယ် ထိတ်လန့်သွားသည်။

ကြယ်လေးပွင့် နတ်ဆိုးသားရဲဆိုသည်မှာ သွေးကြောနိုးထအဆင့်ရှိသူများနှင့် ယှဉ်နိုင်သည့် အင်အားရှိသည့်အရာဖြစ်ပြီး ဤသို့ အစိတ်စိတ်အပိုင်းပိုင်း ကွဲထွက်သွားရသည်ဆိုသည်မှာ ဤစစ်သင်္ဘော၏ ခိုင်ခံ့မှုကို သက်သေပြလျက် ရှိသည်။

စိတ်အပြေလျော့လိုက်ပြီး လော့ချန်က သင်္ဘောဦးထိပ်သို့ ရောက်လာသည်။ ရှေ့တွင် လက်မဝက်အထူရှိသော အပြာရောင် အလင်းကာကွယ်ရုံတစ်ခုသည် သင်္ဘောတစ်ခုလုံးကို ဖုံးအုပ်ထားပြီး သင်္ဘောရှေ့သို့ အရှိန်ဖြင့် ရိုက်ခတ်လာသော ရေစီးကို ချက်ချင်း ဖြတ်တောက် ဖယ်ထုတ်လိုက်သည်။

ထိုအလင်းကာကွယ်ရုံတစ်ဆင့် မြစ်ရေပြင်ကြီးကို ကြည့်လိုက်ရာ တစ်ဆုံးမမြင်ရသည့် ရေပြင်ပေါ်တွင် နံနက်နေရောင်ခြည်များက ရွှေရောင်အလင်းတန်းများဖြင့် ဖြန်းပက်ထားသည့်နှယ် လှိုင်းလုံးများက တလှိုင်းပြီးတလှိုင်း ထိုးတက်လျက် ရှိသည်။

“ဒီကမ္ဘာကြီးက တကယ်ကို ကျယ်ပြောလှချည်လား… တစ်နေ့နေ့မှာ ငါဒီတောင်တန်းမြစ်ချောင်းပေါင်းသောင်းကျော်ကို ဖြတ်သန်းသွားလာရမယ်…”

လော့ချန်သည် သင်္ဘောဦးထိပ်တွင် ရပ်နေရင်း လျင်မြန်စွာ နောက်ပြန်ဆုတ်သွားသော မြစ်ရေပြင်ကို ငေးကြည့်ရင်း သူ၏ခန္ဓာကိုယ်က သင်္ဘောနှင့် တစ်သားတည်း ဖြစ်နေသလို လှိုင်းလုံးများကို ဖြတ်သန်းရင်း စိတ်ထဲတွင် ကြီးကျယ်သော ရည်မှန်းချက်တစ်ခု ပေါ်ထွက်လာသည်။

“လေထဲဓားကိုင်စီးပြီး ကမ္ဘာမြေပေါ်မှာ လွတ်လပ်စွာ လှည့်လည်သွားလာမယ်…”

လော့ချန်သည် တိုးညှင်းစွာ ရေရွတ်လိုက်ရင်း သူ၏မျက်ဝန်းများထဲမှ ထက်ရှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်တွင် သူ၏စိတ်က ဖြူစင်ပြည့်စုံလျက် ရှိ၏။ တစ်ကမ္ဘာလုံးတွင် သူနှင့် ဓားတစ်ချောင်းသာ ကျန်ရှိတော့သည့်နှယ် ခံစားလိုက်ရသည်။

“အို့… ဓားနှလုံးအဆင့်ပါလား… ဒီနေရာမျိုးမှာ ထိုးဖောက်မိသွားတာလား…”

ထို့နောက် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။

လော့ချန်က မျက်လုံးများကို ဖွင့်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ ထက်ရှသော အရှိန်အဝါကို လျင်မြန်စွာ ဖယ်ထုတ်လိုက်ကာ အသံလာရာသို့ လှည့်ကြည့်လိုက်သည်။

အနားတွင် မည်သည့်အချိန်က ရောက်လာသည်မသိသော ခန္ဓာကိုယ်တုတ်ခိုင်သည့် လူငယ်တစ်ဦးက ရပ်နေသည်။ ထိုလူငယ်သည် ဆံပင်တိုများကို ဖရိုဖရဲဖြစ်နေအောင် ထားထားပြီး သားရဲရိုင်းသားရေဖြင့် ပြုလုပ်ထားသော အကျီငယ်တစ်ထည်ကိုသာ ဝတ်ဆင်ထားသည်။ သူ၏ထွက်နေသော ကြွက်သားများက နဂါးကြွက်သားများနှယ် ထင်ရှားနေပြီး အလွန်ရိုင်းစိုင်းသော အသွင်အပြင်ရှိသည်။ ယခုအချိန်တွင် သူက လော့ချန်ကို သားရဲရိုင်းတစ်ကောင်က မုဆိုးဖမ်းသလို စိတ်ဝင်တစားဖြင့် စိုက်ကြည့်နေသည်။

လော့ချန်က သူ့ဆီ လှည့်ကြည့်လိုက်သည်ကို မြင်သောအခါ ထိုလူငယ်က ပါးစပ်ကျယ်ကျယ်ဖြင့် ပြုံးလိုက်သည်။

“ဟဲ... ဟဲ… ငါ့နာမည်က ထို့ဖာလျဲ့… မင်းနဲ့ ငါအသက်က သိပ်မကွာပေမဲ့ မင်းက ဓားနှလုံးအဆင့်ကို ရောက်နေပြီပဲ… ငါ့အဘိုးကြီးသိရင် မင်းကို တပည့်အဖြစ် လက်ခံချင်မှာပဲ…”

“ဓားနှလုံးအဆင့်ဆိုတာ ဘာလဲ…”

လော့ချန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူလည်း ကိုယ့်ကိုယ်ကိုယ် တစ်ခုခုထူးခြားနေသလို ခံစားမိသော်လည်း အတိအကျ ဘာများထူးခြားနေသည်ကို မပြောတတ်ပေ။ ဤသည်မှာလည်း သူ့အတွက် အပြစ်မဟုတ်ပေ။ သူသည် ဓားသိုင်းလမ်းစဉ်ကို လေ့ကျင့်ခဲ့သည်မှာ တစ်လမှ နှစ်လခန့်သာ ရှိသေးရာ မသိမှုများစွာ ရှိနေသေးသည်။

“မင်းမသိဘူးလား… ဒီအဆင့်ကို ဘယ်လိုရောက်သွားလဲ မသိဘူးလား…”

ထို့ဖာလျဲ့က လော့ချန်ကို ထူးဆန်းစွာ ကြည့်လိုက်ပြီး ရှင်းပြလိုက်သည်။

“ဓားသိုင်းလမ်းစဉ်မှာ အဆင့်အမျိုးမျိုးရှိတယ်… အခြေခံအကျဆုံးကတော့ ဓားအကွက်ပဲ… ဒီအဆင့်မှာဆိုရင် သင်ယူထားတဲ့ ဓားအကွက်တွေကို တုပပြီး အတိုင်းအတာ လိုက်လုပ်ရုံသာဖြစ်တယ်… ဒုတိယအဆင့်ကတော့ ဓားနှလုံးအဆင့်ပဲ… မင်းအခုရောက်နေတဲ့အဆင့်ပေါ့… ဒီအဆင့်ကို ရောက်တဲ့သူက သူ့ရဲ့ကိုယ်ပိုင်ဓားသိုင်းလမ်းစဉ်ကို နားလည်ပြီးသားဖြစ်ပြီး စိတ်ထဲမှာ ဓားတစ်ချောင်းရှိနေသလို အကွက်ထုတ်လိုက်တိုင်းမှာ ဝိညာဉ်စွမ်းအင်ပါဝင်နေတယ်… ဒီအဆင့်ကို ဓားသိုင်းလမ်းစဉ်မှာ နှစ်ပေါင်းများစွာ နှစ်မြှုပ်ထားတဲ့ ဓားသမားတွေမှသာ နားလည်နိုင်ပြီး တူညီတဲ့အဆင့်ရှိသူတွေကို လွယ်လွယ်ကူကူ အနိုင်ယူနိုင်တယ်…”

ထို့ဖာလျဲ့က လော့ချန်ကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးလိုက်သည်။

“မင်းက ဓားနှလုံးအဆင့်အစပိုင်းပဲဖြစ်ပေမဲ့ ဒါကလည်း မဆိုးပါဘူး… ဒီတစ်ခေါက် ရွမ်ယွမ်ဂိုဏ်းကို ရွေးလိုက်တာ မမှားဘူးထင်တယ်… အနည်းဆုံးတော့ ငါအတော်လေး ပျင်းစရာမကောင်းတော့ဘူး…”

လော့ချန်က ဖြည်းညင်းစွာ ပြုံးလိုက်၏။ ထို့ဖာလျဲ့၏ စကားက သူ့ကို ချီးကျူးနေသလော ကိုယ့်ကိုယ်ကိုယ် ချီးကျူးနေသလော မသိရပေ။ သို့သော် ထို့ဖာလျဲ့၏ ရိုးသားဖြောင့်မတ်သော စိတ်သဘောထားကတော့ သူ၏စိတ်နှလုံးနှင့် လိုက်ဖက်နေသည်။

“ငါ့အဘိုးကြီးကတော့ ငါ့ကို ဓားသိုင်းလေ့ကျင့်စေချင်တာပဲ… ဒါပေမဲ့ ငါက အဲဒီဟာကို သိပ်စိတ်ဝင်မစားဘူး… ငါက ဒါကို ပိုယုံကြည်တယ်…”

ထို့ဖာလျဲ့က သူ၏လက်သီးကို ဝှေ့ယမ်းပြလိုက်ပြီး ခေါင်းယမ်းလိုက်သည်။

“ဒါပေမဲ့ မင်းရဲ့စွမ်းအားက နည်းနည်းနိမ့်နေသေးတယ်… မဟုတ်ရင် ငါ့လက်သီးအနည်းငယ်လောက်တော့ လက်ခံနိုင်မှာပေါ့…”

လော့ချန်သည် ထို့ဖာလျဲ့က လူသာမန်ဘဝဖြတ်ကျော်အဆင့်လေးကို ထိုးဖောက်ပြီးဖြစ်သည်ကို သိမြင်လိုက်ပြီး ပြုံးလိုက်သည်။

“တခြားသူဆိုရင်တော့ ဖြစ်နိုင်မယ်… ဒါပေမဲ့ ငါဆိုရင်တော့ မသေချာဘူးလေ…”

ထို့ဖာလျဲ့က တစ်ခဏမျှ ကြောင်အမ်းသွားပြီး ရုတ်တရက် အော်ရယ်လိုက်သည်

“ဟား... ဟား... ဟား... စိတ်ဓာတ်ပြတ်သားတာပဲ… မင်းလို လူမျိုးကို ငါကြိုက်တယ်…”

စစ်သင်္ဘောက နောက်ထပ် တစ်နာရီခန့် ဆက်လက်ခရီးနှင်ပြီးနောက် ရုတ်တရက် လူးရန်မြစ်မှ ထွက်ခွာကာ မြစ်လက်တက်တစ်ခုထဲသို့ ဝင်ရောက်သွားသည်။

မကြာမီမှာပင် တောင်တန်းများနှင့် မြစ်ချောင်းများ၏ ရှုခင်းတစ်ခု လော့ချန်၏ မျက်ဝန်းထဲသို့ ရောက်ရှိလာသည်။

ရှေ့တွင် တောင်တန်းများက တစ်ခုပြီးတစ်ခု ထပ်နေသည်။ အချို့မှာ ကျားရိုင်းတစ်ကောင်နှယ် အိပ်မောကျနေပြီး အချို့မှာ နဂါးရှည်ကြီးတစ်ကောင်နှယ် ပုံသဏ္ဌာန်ရှိသည်။ တိမ်တိုက်များနှင့် မြူများက ဖုံးအုပ်ထားပြီး မှော်အလင်းတန်းများသည် လှည့်ပတ်နေကာ ဝိညာဉ်သားရဲများက ပျံသန်းလှုပ်ရှားနေသည်။ ဤမြင်ကွင်းက နတ်ဘုံနတ်နန်းကဲ့သို့ ဖြစ်ပေါ်နေသည်။

“ဒီဂိုဏ်းတွေက တကယ်ကို နေရာရွေးတတ်တာပဲ… ကြားဖူးတာတော့ လူးရှားဂိုဏ်းက ကျွန်းငယ်တစ်ခုပေါ်မှာ တည်ရှိပြီး တစ်နှစ်ပတ်လုံး ရောင်စဉ်ငါးရောင်အလင်းတန်းတွေနဲ့ ဖုံးအုပ်ထားတယ်တဲ့… အဲဒီမှာ ရောင်စဉ်ငါးရောင်စမ်းရေကန်လည်း ရှိတယ်ဆိုပြီး အဲဒီစမ်းရေနဲ့ ရေချိုးရင် အကျိုးကျေးဇူးတွေ အများကြီးရှိတယ်တဲ့…”

ထို့ဖာလျဲ့က လော့ချန်အနားသို့ တိုးကပ်လာပြီး တိုးတိုးလေး ပြုံးရင်း ပြောလိုက်သည်။

“ပြောကြတာတော့ အဲဒီမှာရှိတဲ့ မိန်းကလေးတွေက တစ်ယောက်ချင်းစီ အသားအရေက ရေညှစ်ထုတ်လို့ရလောက်အောင် နူးညံ့တယ်တဲ့… အခွင့်အရေးရရင် ငါတို့အတူသွားကြည့်ကြမလား…”

လော့ချန်သည် မူလက ဤရှုခင်းအလှကို အံ့ဩမြတ်နိုးနေရာမှ ထို့ဖာလျဲ့၏ ဤစကားကြောင့် စိတ်လှုပ်ရှားမှုအားလုံး ပြိုကွဲသွားသည်။

မကြာမီမှာပင် စစ်သင်္ဘောက တောင်ကြားတစ်ခုရှေ့တွင် ရပ်တန့်လိုက်သည်။

“ချီလာ…”

တိမ်များနှင့် မြူများက ကွဲထွက်သွားပြီး လူရိပ်အနည်းငယ်သည် တောင်တန်းများနှင့် မြစ်ချောင်းများထဲမှ ဖြည်းညင်းစွာ ပျံသန်းလာကြ၏။

ဦးဆောင်နေသူမှာ သိုင်းဝတ်ရုံဝတ်ဆင်ထားပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ အလင်းတန်းများ ထွက်ပေါ်နေကာ မျက်ဝန်းများထဲမှ လျှပ်စီးကဲ့သို့ အကြည့်များဖြင့် အိုမင်းနေသူတစ်ဦး ဖြစ်သည်။

“အကြီးအကဲ ချန်ရွမ်… ဒီတစ်ခေါက် လင်ကျန်းမြို့မှာ စမ်းသပ်ပွဲမှာပါဝင်မယ့် တပည့်တွေကို အကုန်လုံး ခေါ်ဆောင်လာပါပြီ… စုစုပေါင်း တစ်သောင်းငါးရာ့သုံးဆယ့်ခုနစ်ယောက် ရှိပါတယ်…”

သင်္ဘောဦးထိပ်တွင်ရှိသော အနက်ရောင်ဝတ်ရုံဝတ် သူအိုကြီးက လေးစားစွာ ပြောလိုက်သည်။

“အင်း…”

အကြီးအကဲ ချန်ရွမ်က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး လူအုပ်ကို တစ်ချက်ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။

“ဒီတစ်ခေါက် ဝင်ခွင့်စမ်းသပ်ပွဲကို ငါကိုယ်တိုင် တာဝန်ယူမယ်… အကြံပြုစာပါသူတွေ ဒါမှမဟုတ် အဆင့်မြင့်သိုင်းဝိညာဉ်နိုးထထားသူတွေက အရင်ဆင်းလာနိုင်တယ်…”

All Chapters