← Chapters

တာအိုရုပ်တု...

Vol. 43 Ch. 634

တာအိုရုပ်တု...

Vol. 43 Ch. 634

~လုရီနှင့် လင်းလောင်တောင်ထိပ် သခင်မတို့အား မြင်လိုက်ရသောအခါ ဝူချင်းဖုန်း၊ အကြီးအကဲ ရွှမ်မင်နှင့် အခြားသူများအားလုံး၏ မျက်နှာထက်တွင် အံ့ဩဝမ်းသာသော အမူအရာများ ထင်ဟပ်လာသည်။ သူတို့သည် အလျင်အမြန် ပျံသန်းလာကာ နှုတ်ဆက်ကြ၏။

"ဂိုဏ်းချုပ်၊ အကြီးအကဲအပေါင်းတို့၊ အားလုံးပဲ အဆင်ပြေကြပုံရတာပဲ။"

လုရီက ပြုံးလျက်ဆိုသည်။

အင်မော်တယ်ပေါင်းများစွာ၏ ရှေ့မှောက်တွင် ဤမျှ တည်ငြိမ်အေးဆေးစွာ ရပ်တည်နိုင်ခြင်းမှာ ယခင်က ဝူချင်းဖုန်းတို့အတွက် လုံးဝမဖြစ်နိုင်ခဲ့သည့် အရာတစ်ခု ဖြစ်ပေသည်။

"ဟားဟားဟား၊ ဒါတွေအားလုံးက ရီအာ့ကျေးဇူးတွေပါ။ မဟုတ်ရင် ငါတို့ ဘယ်လိုလုပ်ပြီး ဒီလို ကောင်းမွန်တဲ့ နေ့ရက်တွေကို ခံစားနိုင်မှာလဲ။"

အကြီးအကဲ ချီလင်က အားရပါးရ ရယ်မောလိုက်ရာ သူ၏မျက်နှာမှာ ဝမ်းမြောက်မှုများဖြင့် ဝင်းပနေတော့သည်။

ဝူချင်းဖုန်းကလည်း တောက်ပသော အပြုံးဖြင့် ပြောပြလိုက်သည်။

"ဟုတ်တယ် ရီအာ၊ ငါတို့ တိမ်ဖြူ

အင်မော်တယ်ဂိုဏ်းရဲ့ ကျင့်ကြံခြင်းပတ်ဝန်းကျင်က အခုဆိုရင် ထျန်းမင်

တစ်ခုလုံးမှာ အကောင်းဆုံးပဲ။ တပည့်တွေအားလုံးကလည်း အရည်အချင်းကောင်းတွေရှိပြီး အရမ်းမြန်မြန် တိုးတက်နေကြတော့၊ ငါတို့လည်း အလားတူ ပျော်ရွှင်ရတာပေါ့။"

"ဒါဆိုရင်တော့ သိပ်ကောင်းတာပေါ့။ အထဲရောက်မှပဲ အေးဆေး စကားပြောကြတာပေါ့။"

လုရီနှင့် ဝမ်ကျန်းယွမ်တို့သည် အချိန်ရသည့်အခါ သေရည်သောက်ရင်း တာအိုတရား ဆွေးနွေးရန် သဘောတူခဲ့ကြသည်။ အုပ်စုနှင့် နှုတ်ဆက်ပြီးနောက် သူတို့သည် တိမ်ဖြူ အင်မော်တယ်ဂိုဏ်းသို့ ပြန်လာခဲ့ကြ၏။

ယခုအချိန်တွင် တိမ်ဖြူအင်မော်တယ်ဂိုဏ်းသည် အံ့မခန်း ပြောင်းလဲနေခဲ့လေပြီ။

ဂိုဏ်း၏ ဧရိယာမှာ သိသိသာသာ ကျယ်ပြန့်လာပြီး၊ မိုင်သောင်းပေါင်းများစွာ ကျယ်ဝန်းသော အချင်းဝက်အတွင်းရှိ တောင်ထိပ်များပေါ်တွင် စံအိမ်များနှင့် နန်းတော်များ ပျံ့နှံ့တည်ရှိနေသည်။

အပြင်စည်းဂိုဏ်း၏ ခမ်းနားထည်ဝါမှုမှာပင် လုရီ အပြင်စည်းဂိုဏ်းသားဘဝက ရှိခဲ့သည်ထက် များစွာ သာလွန်နေတော့၏။

လုရီသည် အပြင်စည်းဂိုဏ်းတွင် လေ့ကျင့်နေကြသော ကျင့်ကြံသူများကို ကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။

"အပြင်စည်းဂိုဏ်းမှာ ရွှေအူတိုင်ကျင့်ကြံသူတွေပါလား။"

"ဟားဟားဟား၊ ဟုတ်တယ်၊ အခု တိမ်ဖြူအင်မော်တယ်ဂိုဏ်းရဲ့ ကျင့်ကြံခြင်းပတ်ဝန်းကျင်က ဒီလောက်ကောင်းမွန်နေမှတော့၊ အရည်အချင်းက သိပ်မညံ့သရွေ့ ဘယ်သူမဆို ရွှေအူတိုင်နယ်ပယ်အထိ ကျင့်ကြံနိုင်တာပဲ။ သူတို့ကိုသာ

အတွင်းစည်းဂိုဏ်းထဲ ထားလိုက်ရင် အတွင်းစည်းတပည့်တွေ အရမ်းများလွန်းသွားမှာကွ၊ ဟားဟား။"

ဝူချင်းဖုန်းက ဂုဏ်ယူစွာ ရယ်မောရင်း ဆိုလိုက်၏။

"အခုဆိုရင် ငါတို့ တိမ်ဖြူ အင်မော်တယ်ဂိုဏ်းရဲ့ အတွင်းစည်း တပည့်အများစုက အခြေတည်ဝိညာဉ် နယ်ပယ်မှာ ရှိနေကြပြီ၊ ဉာဏ်ကြီးရှင် တချို့ဆိုရင် နတ်ဘုရားအသွင်ပြောင်း နယ်ပယ်ကို ရောက်နေကြပြီ၊ တချို့ဆို ဟင်းလင်းပြင်ဥမင် နယ်ပယ်ကိုတောင် ရောက်နေပြီ"

သုန်းကုန်းမင်ယွဲ့က အာမေဋိတ်သံပြုလိုက်သည်။

"သူတို့က ငါတို့တုန်းကထက် အများကြီး ပိုပြီး ထက်မြက်ကြတာပဲ။"

လျိုနင်ရွှမ်း၊ ကျန်းရူယွီနှင့် ယွင်ရှီးတို့ပင်လျှင် သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။

လုရီသည်လည်း လေးစားအားကျစိတ် ခံစားလိုက်ရ၏။ သူ၏ လူငယ်ဘဝ၊ ထိုနယ်ပယ်မှာပင် ရှိစဉ်က၊ ယခု တိမ်ဖြူ

အင်မော်တယ်ဂိုဏ်းမှ တပည့်များ ရရှိသော ကျင့်ကြံခြင်း ပတ်ဝန်းကျင်နှင့် အရင်းအမြစ်များကို သူ မပိုင်ဆိုင်ခဲ့ပေ။

အကြောင်းမူကား၊ အတွင်းစည်းဂိုဏ်း၏ ဒေသသည် ယခုအခါ အလွန်အမင်း သိပ်သည်းသော ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး၊ အင်မော်တယ်ဝိညာဉ်စွမ်းအင်ပင် ပါဝင်နေသည် မဟုတ်ပါလား။

ထိုသို့သော ပတ်ဝန်းကျင်တွင် ကျင့်ကြံနှုန်း ပိုမိုမြန်ဆန်ခြင်းမှာ သဘာဝကျလှသည်။

မကြာမီ၊ သူတို့သည် အတွင်းစည်းဂိုဏ်းသို့ ဝင်ရောက်လာကြသည်။ သို့သော်၊ အတွင်းစည်းဂိုဏ်း၏ ရင်ပြင်သို့ ဝင်ရောက်လိုက်သည်နှင့် လုရီ အံ့အားသင့်စွာ တွေ့လိုက်ရသည်မှာ၊ ထိုနေရာတွင် သူ၏ ဧရာမ ရုပ်တုကြီးတစ်ခုကို ထုလုပ်ထားခြင်းပင် ဖြစ်သည်။

ရုပ်တုသည် လက်နှစ်ဖက်ကို နောက်ပစ်ထားလျက် ရပ်နေ၏။ ၎င်းသည် သူ၏

ရုပ်ရည် သွင်ပြင်အချို့ကို ကောင်းစွာ ပုံဖော်နိုင်ခဲ့ပြီး၊ ထူးချွန် ပြောင်မြောက်သော

အင်မော်တယ် အရည်အချင်းကို ထင်ဟပ်စေသည်။

လုရီကို မျက်နှာပူစေသော အရာမှာ၊ ဘာကြောင့် ရင်ပြင်ထဲတွင် သူ၏ ရုပ်တုကြီး ရှိနေရသနည်း။

လုရီ၏ မျက်နှာ အမူအရာမှာ အနည်းငယ် တောင့်တင်းသွားသည်။

လုရီသာမက၊ သူ့ဘေးမှ လျိုနင်ရွှမ်းနှင့် အခြားသူများလည်း နားမလည်နိုင် ဖြစ်သွားကြသည်။

လေထုသည် ခဏတာ တိတ်ဆိတ်သွားတော့၏။

သူတို့ဘေးတွင် ဂုဏ်ယူဟန် အနည်းငယ်ဖြင့် ရပ်နေသော ဝူချင်းဖုန်းက ရုပ်တုကို လက်ညှိုးထိုးပြကာ ရယ်မောလိုက်သည်။

"ရီအာ၊ မင်း သဘောကျရဲ့လား။ ငါတို့

တိမ်ဖြူ အင်မော်တယ်ဂိုဏ်းက မင်းတည်ဆောက်ခဲ့တာလို့တောင် ပြောလို့ရတယ်။ မင်း မရှိရင်၊ ဒီနေ့လို တိမ်ဖြူ

အင်မော်တယ် ဂိုဏ်းဆိုတာ ရှိလာမှာမဟုတ်ဘူး၊ ဒါကြောင့် ငါ လူတစ်ယောက်ကို မင်းရဲ့ရုပ်တုကို ရင်ပြင်မှာ ထုလုပ်ခိုင်းလိုက်တာ။ တုံ့ပြန်မှုကတော့ အရမ်းကောင်းတယ်။ တပည့်အများကြီးက နေ့တိုင်း မင်းရဲ့ရုပ်တုကို လာပြီး အားကျကြည်ညိုကြတယ်ကွ။"

ဝူချင်းဖုန်း၏ စကားကို နားထောင်ရင်း လုရီ ပို၍ပင် မျက်နှာပူလာသည်။

သူ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားပြီး၊ မျက်နှာတွင် ရှက်ကိုးရှက်ကန်းအမူအရာဖြင့်

"...ဒါကို ဂိုဏ်းချုပ်က ထုလုပ်ခိုင်းခဲ့တာလား။ ဒီဟာက... နည်းနည်းတော့ ရှက်စရာကောင်းလွန်းတယ်။"

"ဘာရှက်စရာ ရှိလို့လဲ။ မင်း မရှိရင် တိမ်ဖြူအင်မော်တယ်ဂိုဏ်း ဘယ်မှာ ရှိတော့မှာလဲ။ မင်းက ငါတို့ တိမ်ဖြူ အင်မော်တယ်ဂိုဏ်းရဲ့ အင်မော်တယ် ဘိုးဘေးလို့တောင် ပြောလို့ရတယ်။ တပည့်တွေက မင်းကို မှတ်မိသင့်တာပေါ့ကွာ"

အကြီးအကဲမင်ကလည်း ဝင်ပြောလေသည်။

အခြားသော မျိုးဆက်ဟောင်း အကြီးအကဲများအားလုံးလည်း ခေါင်းညိတ်လိုက်ကြပြီး၊ ထိုသို့သော ဂုဏ်ပြုမှုမှာ ထိုက်တန်သည်ဟု ခံစားမိကြလေသည်။

လုရီသည် ရုပ်တုအောက်မှ တပည့်များကို ကြည့်လိုက်၏။ သူတို့အားလုံးမှာ နုပျိုသော မျက်နှာများဖြင့် ပြည့်နှက်နေပြီး၊ အချို့မှာ ကလေးဆန်သေးရာ၊

သိသိသာသာ အသက်ငယ်ကြပါသေးသည်။ သို့သော် ဤတပည့်များသည်

လုရီ၏ ရုပ်တုကို ကြည့်သောအခါ၊

သူတို့၏ မျက်လုံးများတွင် လေးစားအားကျမှုနှင့် စိတ်လှုပ်ရှားမှုများ ပြည့်လျှံနေသည်။

လုရီ ခဏတာ တိတ်ဆိတ်သွားပြီးနောက်၊ အကူအညီမဲ့စွာ ခေါင်းခါလိုက်သည်။

"ကောင်းပါပြီလေ၊ ဒီမှာပဲ ထားလိုက်ပါဗျာ။"

ထို့နောက်၊ လုရီ ခဏတာ စဉ်းစားလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ အလွန် နက်နဲသော အရှိန်အဝါမျှင်တန်းများ ထုတ်လွှတ်လိုက်သည်။

နက်နဲသော တာအိုအင်းကွက်များသည်

လုရီ၏ ပတ်လည်တွင် ပေါ်ထွက်လာရာ၊ လင်းလောင်တောင်ထိပ် သခင်မနှင့် အခြားသူများပင် အံ့အားသင့်သွားကြသည်။

ဝူချင်းဖုန်းနှင့် အခြားသူများမှာမူ တာအိုအင်းကွက်များ လုရီကို ဝန်းရံနေသည်ကို

စွဲမက်စွာ ကြည့်ရှုနေကြတော့သည်။

အားနည်းသော ကျင့်ကြံသူများအတွက်မူ၊ ဤတာအိုအင်းကွက်များသည် မယှဉ်နိုင်သော ဆွဲဆောင်မှုရှိပြီး၊ သူတို့ကို တာအိုလမ်းစဉ်ထဲသို့ နစ်မျောသွားစေရန် လုံလောက်ပေသည်။

လုရီ ထိန်းချုပ်ထားသော်လည်း၊ လုံးဝတားဆီးနိုင်ခြင်းတော့ မရှိပေ။

သူ၏ လက်ညှိုး တစ်ချက် ညွှန်ပြလိုက်သည်နှင့်၊ တာအိုအင်းကွက်များ၏

စီးကြောင်းများသည် ရုပ်တုထဲသို့ စိမ့်ဝင်သွားပြီး၊ ရုပ်တုအား အားနည်းသော တာအိုရသ တစ်စကို ပေးအပ်လိုက်သည်။

ဤသည်မှာ လုရီက တာအိုအင်းကွက်များကို ရုပ်တု၏ အတွင်းပိုင်းသို့ ထွင်းထုလိုက်ခြင်းပင် ဖြစ်သည်။

ဤအခိုက်အတန့်တွင်၊ ရုပ်တုသည် တာအိုဖြင့် ပြုပြင်ထားသော ရတနာ တစ်ခုနှင့် တူသွားပြီး၊ တာအိုအင်းကွက်များကို ထုတ်လွှတ်ကာ၊ မြင့်မြတ်သော ကျင့်ကြံရာနေရာတစ်ခု ဖြစ်လာနိုင်သည်။

အကယ်၍ ရုပ်တုကို ကြည့်ရှုသော ကျင့်ကြံသူတစ်ဦးတွင် မကောင်းသော စိတ်ဆန္ဒ မရှိပါက၊ သူတို့သည် တာအို၏ အရှိန်အဝါမှ တုံ့ပြန်မှုကို ရရှိနိုင်ပြီး၊ ၎င်းသည် သူတို့၏ ထိုးထွင်းဉာဏ် အမျိုးမျိုးကို မြှင့်တင်ပေးနိုင်ပေသည်။

တာအိုအင်းကွက်များ မှေးမှိန်သွားသောအခါ၊ ဝူချင်းဖုန်းနှင့် အခြားသူများ သတိပြန်ဝင်လာကြသည်။

သူတို့သည် ရုပ်တုဘက်သို့ ကြည့်လိုက်ကြရာ၊ ၎င်းသည် ပုံပန်းသဏ္ဌာန် မပြောင်းလဲသော်လည်း၊ ကြီးမားသော ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ခဲ့ရသလို သူတို့ ခံစားလိုက်ရသည်။

"ရီအာ၊ မင်း ဘာလုပ်လိုက်တာလဲ။"

ဝူချင်းဖုန်းက မေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး၊ ရုပ်တုပေါ်ကို တာအိုရဲ့ အနှစ်သာရတချို့ ထည့်ပေးလိုက်တာပါ။"

လုရီက ခပ်ဖွဖွပြုံးလျက် ဆိုလိုက်သည်။

အခြားသူများ၊ ဝူချင်းဖုန်းနှင့် သူ၏ အပေါင်းအပါများမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အံ့အားသင့်သော အမူအရာများ ဖြစ်သွားကြ၏။

ကောင်းကင်တာအိုသည် သာမန်ဘုံမှ ကျင့်ကြံသူများအတွက် ကျော်လွှားနိုင်စရာမရှိသော ဖြစ်တည်မှုတစ်ခု ဖြစ်နေပြီး၊ ကောင်းကင်အထက်မှ တာအိုမှာမူ ပို၍ပင် ဆုပ်ကိုင်မရနိုင်အောင် ရှိနေသည်။

လုရီက တာအို၏ အနှစ်သာရကို ရုပ်တုပေါ်တွင် ချန်ထားခဲ့သည်တဲ့လား။

ဒါ... ဒါက ဘယ်လို နည်းစနစ်မျိုးလဲ။

ပေါင်းစည်းခြင်းနယ်ပယ်တွင်သာ ရှိသေးသော ဝူချင်းဖုန်းနှင့် အခြားသူများမှာမူ နားလည်နိုင်စွမ်း မရှိကြပေ။

ထို့နောက်၊ သူတို့သည် ရုပ်တုကို စိုက်ကြည့်လိုက်ကြသောအခါ၊ သူတို့၏ စိတ်ထဲတွင် ထူးဆန်းသော ထိုးထွင်းဉာဏ်များ စတင်ပေါ်ပေါက်လာသည်ကို ချက်ချင်း အာရုံခံမိလိုက်ကြတော့သည်။

All Chapters