← Chapters

တာအိုရုပ်တု (၂)...

Vol. 43 Ch. 635

တာအိုရုပ်တု (၂)...

Vol. 43 Ch. 635

~"ဒါက..."

သူတို့၏ မျက်လုံးများက တောက်ပစွာ အရောင်တောက်လာကြ၏။

"အလို...ကျုပ် မဟာယာနအဆင့်နဲ့ ပတ်သက်ပြီး နားလည်မှု တိုးတက်လာသလို ခံစားရတယ်။ အဆင့်ချိုးဖြတ်ဖို့ သိပ်မဝေးတော့ဘူးထင်တယ်" အကြီးအကဲမင်က စိတ်လှုပ်ရှားစွာ အော်ဟစ်လာသည်။

အနီးအနားမှ ဝူချင်းဖုန်းနှင့် အခြားသူများလည်း ဉာဏ်အလင်း့ရသွားကြသည်။

ထိုသို့ ဖြစ်သောကြောင့်ပင် သူတို့သည် ပို၍ပင် အံ့ဩ မှင်သက်သွားကြတော့သည်။

လင်းလောင် တောင်ထိပ် သခင်မနှင့် အခြားသူများမှာမူ လုရီ၏ ဉာဏ်အလင်း ရရှိခဲ့သည့် အခြေအနေကို မြင်တွေ့ခဲ့ဖူးသောကြောင့်၊ ဤသည်မှာ ကလေးကစားစရာ အဆင့်မျှသာ ဖြစ်နေပြီး များစွာ အံ့အားသင့်မနေကြပေ။

အောက်ဘက်ရှိ တိမ်ဖြူအင်မော်တယ်ဂိုဏ်းမှ တပည့်များမှာမူ တာအို အရှိန်အဝါ ပေါ်ထွက်လာသည်ကို မြင်သောအခါ အားလုံး မိုးကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြ၏။

မိုးကောင်းကင်ထက်မှ လုရီကို မြင်လိုက်ရသည့်အခါ သူတို့အားလုံးသည် အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် တီးတိုးပြောဆိုနေကြသည်။

ဤကျင့်ကြံသူအားလုံးသည် အခြေတည်ဝိညာဉ်နှင့် နတ်ဘုရားအသွင်ပြောင်း

အဆင့်များတွင် ရှိနေကြသူများ ဖြစ်သည်။

ယခင်က တိမ်ဖြူဂိုဏ်းတွင်ဆိုလျှင်

သူတို့သည် ဘိုးဘေးများ အဆင့်ပင် ဖြစ်နိုင်လေသည်။ သို့သော် ယခုအချိန်တွင်မူ

သူတို့ တစ်ဦးချင်းစီသည် အလွန်အမင်း တည်ငြိမ်နေကြပြီး လုရီထံ ချဉ်းကပ်လိုသော်လည်း မချဉ်းကပ်ဝံ့ကြပေ။

လုရီနှင့် အဖွဲ့သည် ထိုနေရာမှ ထွက်ခွာလာခဲ့ပြီး မကြာမီမှာပင် လင်းလောင် တောင်ထိပ်နှင့် မနီးမဝေးရှိ တောင်ပုလေးတစ်ခုထိပ်သို့ ရောက်ရှိလာကြသည်။

ထိုတောင်ပုလေးထိပ်တွင်မူ ခြံဝန်းတစ်ခုတည်းသာ ရှိ၏။

"ရီအာ၊ ဒါက ကောင်းယန်နဲ့ စီချီတို့ရဲ့ နေရာပဲ။ တိမ်ဖြူအင်မော်တယ်ဂိုဏ်းက အရမ်းမြန်မြန်ဆန်ဆန် တိုးချဲ့လာတဲ့အတွက် သူတို့အတွက် အဲ့ဒီမှာ နေဖို့ မသင့်တော်တော့ဘူး။ ဒါကြောင့် ဒီမှာ ဥမင်ဂူစံအိမ်တစ်ခု ပြင်ဆင်ပေးပြီး ပြောင်းရွှေ့ခိုင်းထားတာ။ ဂျူနီယာညီမလေး၊ ဒီနေရာက

လင်းလောင်တောင်ထိပ်နဲ့ မဝေးဘူး၊ အဆင်ပြေရဲ့လား။"

စကားပြောနေရင်း ဝူချင်းဖုန်းက

လင်းလောင် တောင်ထိပ်သခင်မဘက်သို့ လှည့်ကြည့်လိုက်သည်။

လင်းလောင် တောင်ထိပ်သခင်မသည် သူ၏ ဂျူနီယာညီမလေး ဖြစ်သော်လည်း သူမ၏ အဆင့်အတန်းမှာ သူနှင့်ယှဉ်၍မရပေ။ ထို့ကြောင့် ဝူချင်းဖုန်းသည် သူမကို ရင်ဆိုင်ရသည့်အခါ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။

လင်းလောင် တောင်ထိပ်သခင်မက ပြုံးလျက်

"ဘာမှ မဖြစ်ပါဘူး၊ အဆင်ပြေပါတယ်။"

အဖွဲ့သည် ခြံဝန်းအတွင်းသို့ ဝင်ရောက်သွားကြပြီး မကြာမီမှာပင် ကျင့်ကြံခြင်း အခန်းထဲမှ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး

တစ်ဦး ထွက်လာသည်။

လုရီကို မြင်သောအခါ သူတို့နှစ်ဦး ခေတ္တမျှ ကြောင်ငေးသွားပြီးနောက် အံ့ဩဝမ်းသာသော အမူအရာများ ထင်ဟပ်လာသည်။

ဝမ်စီးချီက အပြေးလေးသွားကာ လုရီကို ပွေ့ဖက်လိုက်ပြီး သူ၏ဆံပင်ကို ဖွလိုက်ရင်း

ဆူပူလေသည်။

"ကောင်စုတ်လေး၊ ဘာလို့ ပြန်လာတာလဲ။ ယွီမျိုးနွယ်မှာ ရှိနေတာ မဟုတ်လား။"

ကျိုယိုချီထံမှ သတင်းအား ကျင့်ကြံမှုအဆင့်နိမ့်သော ကျင့်ကြံသူများ မသိစေလိုသောကြောင့် လုရီက ထွက်ခွာသွားစဉ်

လုကောင်းယန်နှင့် ဝမ်စီချီတို့ကို သူ

ယွီမျိုးနွယ်ထံ သွားသည်ဟုသာ ပြောခဲ့သည်။

"အဖေနဲ့ အမေ့ကို လွမ်းလို့ ပြန်လာတာပေါ့။" လုရီက ရယ်ကျဲကျဲလုပ်ရင်း

ဝမ်စီးချီ၏ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်သည်။

ဒီအရွယ်ရောက်နေပြီ ဖြစ်သော်လည်း

အမေဖြစ်သူက ပွေ့ဖက်နေဆဲဖြစ်သောကြောင့် သူ အနည်းငယ် ရှက်နေမိသည်။

ထိုစဥ် လုကောင်းယန်က ခေါင်းညိတ်ကာ

ပြောလာသည်။

"ပြန်လာတာ ကောင်းတာပေါ့။ ဒီရက်ပိုင်း မင်းအမေက မင်းအကြောင်းပဲ ပြောနေတာ..."

လုကောင်းယန် စကားမဆုံးမီမှာပင်

ဝမ်စီးချီက သူ့ကို ညိုးငယ်သော အကြည့်ဖြင့် ကြည့်လိုက်ရာ သူ ရုတ်တရက် တိတ်ဆိတ်သွားသည်။

ဝမ်စီးချီက လျိုနင်ရွှမ်းနှင့် အခြားသူများဘက်သို့ လှည့်ကာ နူးညံ့စွာ ပြုံးပြလိုက်ပြီး

"နင်ရွှမ်း၊ သမီးလည်း ပြန်ရောက်လာတာလား။ ဒီနေ့ အဒေါ့်ရဲ့ ချက်ပြုတ်တဲ့ လက်စွမ်းကို ထုတ်သုံးပြီး အားလုံးအတွက် အရသာရှိတာတွေ ချက်ကျွေးမယ်။

ယွီသခင်မလေး၊ ဂိုဏ်းချုပ်၊

အကြီးအကဲမင်... အားလုံးပဲ ညစာစားသွားကြပါဦး နော်။"

ထိုအခါ လင်းလောင် တောင်ထိပ်သခင်မက အနည်းငယ်ပြုံးလျက်

"အစ်မဝမ်၊ ကျွန်မကို လင်းလောင်တောင်ထိပ်သခင်မ ဒါမှမဟုတ် တာအိုရောင်းရင်းလင်းလောင်လို့ပဲ ခေါ်နိုင်ပါတယ်ရှင်။ ဘာပဲဖြစ်ဖြစ် ဒီလူငယ်လေးက ကျွန်မရဲ့ တပည့်ရင်းဖြစ်နေတော့

ယွီသခင်မလေးလို့ခေါ်တာက နည်းနည်းစိမ်းကားလွန်းနေသလိုပဲ။"

ဝမ်စီးချီက မျက်တောင်တစ်ချက်ခတ်လိုက်ပြီး သူမအား ပြုံးပြကာ ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့ပါ၊ တာအိုရောင်းရင်း

လင်းလောင်။"

ထို့နောက် ဝမ်စီးချီသည် နောက်ဘက်က်တွင် ပုံမှားရိုက်နေသော ယွီယွမ်ဝူကို သတိပြုမိသွားပြီး ရေရွတ်လိုက်သည်။

"ဒါနဲ့ ဒီတစ်ယောက်က...?"

ယွီယွမ်ဝူသည် သူ့အား သတိထားမိလိမ့်ဦးမည်ဟု မထင်ထားသောကြောင့် စိတ်ထဲတွင် လှိုက်ခနဲ ခံစားလိုက်ရသည်။

ဝူချင်းဖုန်းတို့သည် လုရီနှင့် တာအိုရောင်းရင်းလင်းလောင်ကို မြင်သည့်အချိန်မှစ၍ သူတို့အပေါ်တွင်သာ အာရုံစိုက်နေကြပြီး ဘေးတွင် ရပ်နေသော ယွီယွမ်ဝူကို

လုံးဝ လျစ်လျူရှုထားခဲ့ကြသည်။

အကယ်၍ ဤသည်မှာ အခြားနေရာဖြစ်ပါက ယွီယွမ်ဝူသည် ယခုအချိန်တွင် ပေါက်ကွဲနေလောက်ပြီ ဖြစ်သည်။

သို့သော် ဤသူများသည် သူ၏ညီမနှင့် ယောက်ဖလောင်း၏ ဂိုဏ်းသားများဖြစ်နေသောကြောင့် ဒေါသကိုထိန်းကာ တိတ်ဆိတ်စွာ နေခဲ့သည်။

ယခု ဝမ်စီချီက သူ့ကို သတိပြုမိသွားသောအခါ သူသည် အံ့ဩဖွယ်ရာပင် စိတ်လှုပ်ရှားသွားမိသည်။

ထို့အပြင် သူ့ရှေ့မှ အမျိုးသမီးမှာ သူ၏ ယောက်ဖလောင်း၏ မိခင်ဖြစ်နေသည်။

ယွီယွမ်ဝူက အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ခပ်မြန်မြန် ပြောလိုက်သည်။

"အဒေါ်၊ ကျွန်တော်က အဒေါ့်တို့သား ကျွန်တော်တို့ သားမက်ရဲ့ ညီ ယွီယွမ်ဝူပါ ခင်ဗျာ။ ပထမဆုံးအကြိမ် တွေ့ဆုံရတာ ဝမ်းသာပါတယ်။ ဒါတွေက အဒေါ့်အတွက် လက်ဆောင် တချို့ပါ။"

ယွီယွမ်ဝူသည် အင်မော်တယ် လက်နက်အချို့နှင့် အင်မော်တယ် ဆေးပင်၊ ဆေးလုံးအချို့ကို ထုတ်ယူလိုက်ရာ ၎င်းတို့မှ တောက်ပသော အင်မော်တယ် ဝိညာဉ်စွမ်းအင်များက ဝေ့ဝဲ ထွက်ပေါ်လာပြီး အနီးအနားမှ ဝူချင်းဖုန်းနှင့် အခြားသူများ၏ အာရုံကို ဆွဲဆောင်လိုက်သည်။

သို့သော်လည်း သူတို့သည် ပို၍ပင် အရေးကြီးသော အရာ တစ်ခုကြောင့် အာရုံပြောင်းသွားကြသည်။

သူတို့ တစ်ဦးချင်းစီ၏ မျက်နှာ အမူအရာများ တင်းမာသွားပြီး ယွီယွမ်ဝူကို

ကြောင်ငေးကြည့်နေကြ၏။

"နေ... နေဦး... ယွီယွမ်ဝူလား။ သားမက်ရဲ့ညီ... မင်းက... ယွီမျိုးနွယ်က တပည့်လား။ မင်းရဲ့ အစ်မဆိုတာ..."

လုကောင်းယန်၏ မျက်နှာ အမူအရာသည် အထူးပင် ထူးဆန်းသွားပြီး ယွီယွမ်ဝူဘေးရှိ တာအိုရောင်းရင်း လင်းလောင်ကို ခိုးကြည့်လိုက်သည်။

ထိုအချိန်တွင် တာအိုရောင်းရင်း

လင်းလောင်၏ မျက်နှာ အမူအရာသည် လုံးဝခဲသွားပြီး ကျောက်ရုပ် တစ်ရုပ်ကဲ့သို့ ဖြစ်နေတော့၏။

တာအိုရောင်းရင်း လင်းလောင်သည် အစကတည်းက စည်းကမ်း တင်းကြပ်ခဲ့သင့်သည်ဟု အလွန်နောင်တရနေမိသည်။

သူမသည် ဒီငမွှေထိုးကောင်ကို ဘယ်တုန်းကမှ အပြင်ထွက်ခွင့် မပေးခဲ့သင့်ပေ။ နောက်ထပ် နှစ်ရာပေါင်းများစွာ ချုပ်နှောင်ထားခဲ့သင့်သည်သာ။

ယွီယွမ်ဝူသည် အစ်မ ဖြစ်သူ၏ မျက်နှာအမူအရာကို လုံးဝ သတိမထားမိဘဲ

ပေါ့ပေါ့ပါးပါး ရယ်မောလျက်...

"ဟုတ်တာပေါ့၊ ဒီတစ်ယောက်ပဲလေ။ ကျွန်တော်တို့ မျိုးနွယ်ရဲ့ ဘိုးဘေးနဲ့ ဖခင်ကိုယ်တိုင်က သူ့ကို ခင်ဗျားတို့ရဲ့ ယောက်ဖလောင်းနဲ့ လက်ဆက်ပေးဖို့ ပြောထားပြီးသား။"

"..."

လုကောင်းယန်၊ ဝမ်စီးချီ၊ ဝူချင်းဖုန်းနှင့် အခြားသူများ အားလုံး ထိုအချိန်တွင် အနည်းငယ် ထုံကျင်သွားကြသည်။

ယွီမျိုးနွယ်၏ ဘိုးဘေးနှင့် လင်းလောင်တောင်ထိပ် သခင်မ၏ ဖခင် ကိုယ်တိုင်က လင်းလောင် တောင်ထိပ် သခင်မကို လုရီနှင့် လက်ဆက်ပေးလိုသည်တဲ့လား။

သူတို့သည် ယွီလင်းလောင် ရှိနေသောကြောင့် ယွီမျိုးနွယ်၏ အခြေအနေကို အနည်းငယ် သိရှိထားကြသည်။

ထိုမျိုးနွယ်သည် အင်မော်တယ် အရှင်သခင် အဆင့် ပုဂ္ဂိုလ်ကြီး တစ်ဦး အဓိက ဦးဆောင်ပြီး ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို အုပ်စိုးထားသော အင်အားကြီးမျိုးနွယ် ဖြစ်သည်။

ထိုဘိုးဘေးဆိုသည်မှာ အင်မော်တယ်အရှင်သခင် ဖြစ်ရပေမည်။

အင်မော်တယ် အရှင်သခင် ကိုယ်တိုင်ကပင် ယွီသခင်မလေးကို လုရီနှင့် လက်ဆက်ပေးလိုသည်တဲ့လား။

ဒီကောင်လေး အပြင်မှာ ဘာတွေများ သွားလုပ်ခဲ့ပါလိမ့်။

လုကောင်းယန်နှင့် ဝမ်စီးချီတို့ နှစ်ဦးလုံး အံ့ဩ မှင်သက်သွားကြပြီး သူတို့၏ မျက်နှာ အမူအရာများမှာ ကြောင်တောင်တောင် ဖြစ်လျက် လုရီကို ကြည့်နေကြသည်။

ဝမ်စီချီသည် လျှို့ဝှက် အသံပို့လွှာဖြင့် မေးလိုက်သည်။

"စပ်စလူးလေး၊ ဒါ တကယ်လား။ ယွီမျိုးနွယ်ဘိုးဘေးက တာအိုရောင်းရင်းလင်းလောင်ကို မင်းနဲ့ လက်ဆက်ပေးချင်တယ်ဆိုတာလေ။ မင်း ယွီမျိုးနွယ်မှာ ဘာတွေများ သွားလုပ်ခဲ့တာလဲ။ ဒါက ယွီသခင်မလေးနော်။ ဘာဖြစ်လို့ မင်းနဲ့ လက်ဆက်ပေးရမှာလဲ။"

လုရီသည် လုံးဝ ကျောက်ရုပ်ဖြစ်သွားသော ယွီလင်းလောင်ကို ကြည့်ရင်း ပို၍ပင်

နားမလည်နိုင်ဖြစ်ကာ ခပ်ဖျော့ဖျော့ ပြန်ဖြေလိုက်သည်။

"...အမေ၊ ဆရာ့ရဲ့ ဝိညာဉ်စွမ်းအင်က အရမ်းမြင့်မားတော့ အမေ အသံလှိုင်းပို့တာက ဆရာ့နားထဲ အော်ပြောနေသလိုပဲ နော်၊ ဘာမှ မထူးဘူး"

ဝမ်စီးချီ ရုတ်တရက် အနေရခက်သွားသည်။

၎င်းမှာ ထိလွယ်၊ ရှလွယ်သော အကြောင်းအရာ တစ်ခုကို လျှို့ဝှက် ပြောဆိုလိုသော်လည်း မတော်တဆ အဖွဲ့လိုက် စကားဝိုင်းထဲသို့ ပို့လိုက်မိသလိုပင် ဖြစ်နေတော့သည်။

ထိုအခိုက်မှာပင် လင်းလောင်တောင်ထိပ်သခင်မက မိမိဘာအမှားလုပ်မိမှန်း လုံးဝမသိသော ယွီယွမ်ဝူကို တည်ငြိမ်စွာ ကြည့်လိုက်၏။ တိတ်ဆိတ်စွာပင် လက်ဆန့်ထုတ်လိုက်ကာ အဆုံးမဲ့ ထင်ယောင်ထင်မှား မီးတောက်များဖြင့် ပြည့်နေသော ကမ္ဘာတစ်ခုကို ဖန်တီး၍ ယွီယွမ်ဝူကို တစ်ခါတည်း မျိုချလိုက်လေသည်။

လုရီသည် ယွီယွမ်ဝူ၏ မျက်နှာပေါ်မှ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ထိတ်လန့်မှုများဖြင့် အစားထိုးကာ နှလုံးကွဲမတတ် အော်ဟစ်သံ ထွက်ပေါ်လာသည်ကို ကြည့်နေမိသည်။

လင်းလောင်တောင်ထိပ်သခင်မက ပုံရိပ်ယောင်ကမ္ဘာကို ပြန်ရုပ်သိမ်းလိုက်မှသာ အသံသည် တိတ်ဆိတ်သွားတော့သည်။

လင်းလောင်တောင်ထိပ်သခင်မ၏ မျက်နှာပေါ်တွင် နူးညံ့သောအပြုံးတစ်ခုဖြင့်

"တာအိုရောင်းရင်းစီးချီ၊ အဲ့ဒီကလေးရဲ့ စကားကို နားမယောင်ပါနဲ့၊ အထဲအရင်ဝင်ကြရအောင်။ ရှင် ချက်ပြုတ်တဲ့ ဝိညာဉ်အစားအစာကို ကျွန်မ တကယ်ပဲ မြည်းစမ်းကြည့်ချင်နေပြီ။"

"..."

ပတ်ဝန်းကျင်သည် တိတ်ဆိတ်သွားသည်။

ရုတ်တရက် ဝူချင်းဖုန်းက ချောင်းခြောက်တစ်ချက်ဆိုးကာ ဝင်ပြောလာ၏။

"အော်... ဟုတ်သားပဲ၊ ကောင်းယန်၊ စီးချီ၊ ကျုပ် မပြီးသေးတဲ့ ကိစ္စ တစ်ခု သတိရသွားလို့၊ ဒီနေ့ ညစာစားဖို့ မအားတော့ဘူးထင်တယ်။"

"အိုး။ ကျွန်တော်လည်း အခုမှ သတိရတယ်၊ ကျွန်တော့်မှာလည်း လုပ်စရာကိစ္စတွေ ရှိသေးတယ်။"

"ကျုပ် မကြာသေးခင်က တပည့်ရင်းတစ်ယောက် လက်ခံထားတာ၊ သူက နည်းနည်း စိတ်ပူရတော့ ကျုပ် အရင်သွားနှင့်ပါဦးမယ်။"

အကြီးအကဲ ရွှမ်မင်၊ အကြီးအကဲ ချီလင်နှင့် အခြားသူများလည်း လုပ်စရာကိစ္စများရှိသည်ဟု ဆိုကာ ယုန်တွေထက်ပင် ပိုမြန်သောအရှိန်ဖြင့် ပြေးထွက်သွားကြတော့သည်။

ဝမ်စီချီနှင့် လုကောင်းယန်တို့မှာ ပါးစပ်အဟောင်းသားဖြင့် ကျန်ခဲ့ကြသည်။

တိတ်ဆိတ်မှုသည် ဆက်လက်တည်ရှိနေပြီးနောက် လုကောင်းယန်က အနေရခက်စွာ ရယ်မောလိုက်သည်။

"ဟားဟား၊ အထဲဝင်ကြရအောင်၊ အထဲဝင်ကြရအောင်။"

ညစာစားပြီးနောက် လင်းလောင်တောင်ထိပ်သခင်မသည် လင်းလောင်တောင်ထိပ်သို့ ပြန်သွားခဲ့သည်။

လုရီနှင့် သူ့အဖွဲ့မှာမူ အိမ်တွင်ပင် ရက်အနည်းငယ် နေထိုင်ရန် စီစဉ်ကာ ကျန်ခဲ့ကြသည်။

ဘာပဲဖြစ်ဖြစ် နှစ်ပေါင်းနှစ်ရာကျော်တိုင် သူတို့သည် အပြင်မှာသာ အချိန်ကုန်ခဲ့ကြပြီး အဖေနှင့် အမေနှင့် အတူ အချိန်များစွာ

မကုန်ဆုံးခဲ့ရပေ။ လုရီသည် စိတ်ထဲတွင် အနည်းငယ် အားနာနေမိသည်။

ယခုအချိန်တွင် သူ ချန်ထားခဲ့သော ကျင့်ကြံခြင်း အရင်းအမြစ်များနှင့် ဤမျှ အရည်အသွေးမြင့်မားသော ကျင့်ကြံခြင်းပတ်ဝန်းကျင်တို့ ပေါင်းစပ်လိုက်သောအခါ သူတို့ နှစ်ဦးစလုံး ပေါင်းစည်းခြင်း နယ်ပယ် သို့ ချိုးဖြတ် ဝင်ရောက်နိုင်ခဲ့ပြီး သက်တမ်းလည်း မလိုတော့ပေ။

ထို့အပြင် သူတို့၏ ကျင့်ကြံမှု အဆင့်သည် အနာဂတ်တွင် ပို၍သာ မြင့်မားလာမည်

ဖြစ်ရာ အတူတကွ အချိန် ပို၍ ကုန်ဆုံးနိုင်မည်ဖြစ်သည်။

သို့သော်လည်း အခွင့်အရေး ရသည့်အခါတိုင်း သူတို့နှင့် အတူ အချိန်ဖြုန်းသင့်သည်ဟု သူ ခံစားမိသည်။

သို့သော် မကြာမီမှာပင် စကားစမြည်ပြောဆိုရင်း လုရီနှင့် သူ့အဖွဲ့အတွက် အနည်းငယ် အနေရခက်သည့် အခြေအနေသို့ ရောက်ရှိသွားသည်။

ဝမ်စီးချီက လျိုနင်ရွှမ်းနှင့် အခြားမိန်းကလေးသုံးဦး၏ ဗိုက်ချပ်ချပ်လေးများကို ကြည့်ကာ အလေးအနက် ပြောလိုက်သည်။

"မင်းတို့တွေ အတူတူနေလာတာ ဒီလောက်ကြာပြီ၊ ဘာလို့ ကလေးမရသေးတာလဲ။"

လျိုနင်ရွှမ်းနှင့် အခြားသုံးဦး၏ မျက်နှာများမှာ ချက်ချင်းဆိုသလို နီရဲသွားပြီး နေရာမှာပင် ခဲသွားကြသည်။

လုရီပင်လျှင် ရှက်ရွံ့သွားမိသည်။

လုရီက ချောင်းတစ်ချက်ဟန့်ကာ ရှင်းပြလိုက်သည်။

"ကျင့်ကြံမှုအဆင့် မြင့်မားလာလေလေ၊ သက်ရှိဘဝအဆင့်အတန်းက မြင့်တက်လာလေလေဖြစ်ပြီး သန္ဓေတည်ဖို့ ခက်ခဲလာလေလေပဲ။ ကျွန်တော်တို့အားလုံး အခု ကောင်းကင်ဘုံအင်မော်တယ်တွေ ဖြစ်နေကြပြီ။"

"အိုး.."

ဝမ်စီးချီက လျှာတစ်ချက်သပ်လိုက်ပြီး တိုက်တွန်းလိုက်သည်။

"ဒါဖြင့်ရင် ပိုကြိုးစားကြရမှာပေါ့။ အမေက မြေးချီချင်နေပြီ။"

ဘေးမှ လုကောင်းယန်လည်း အဆက်မပြတ် ခေါင်းညိတ်နေသည်။

လုရီမှာ ထပ်ခါထပ်ခါ ခေါင်းညိတ်ကာ သဘောတူလိုက်ရုံသာ တတ်နိုင်တော့သည်။

ထို့နောက် သူသည် လျိုနင်ရွှမ်းနှင့် အခြားသုံးယောက်ကို ခေါ်ကာ ထွက်ပြေးခဲ့တော့သည်။

All Chapters