ထျန်းမင်အား တရားဟောခြင်း၊ လောကသို့ တရားတော် ဖြန့်ဝေခြင်း (အပိုင်း ၂)...
Vol. 43 Ch. 637
~ကျန့်ဖန်၏ သာမန်မျက်နှာတွင်လည်း အပြုံးတစ်ခု ပေါ်လာပြီး သူ၏ရှေ့မှ အရင်းအမြစ်များကို ယူလိုက်ကာ
"ဂျူနီယာညီလေးလု၊ ငါတို့က ညီအစ်ကိုတွေပဲ၊ ငါ အားမနာတော့ဘူး။ ငါရှိနေသရွေ့ မင်း ဘာပဲဖြစ်ဖြစ် ငါ့ကို ပြောလို့ ရတယ်။"
သူတို့ ထိုအရင်းအမြစ်များကို သိမ်းဆည်းလိုက်သည်ကို မြင်သောအခါ လုရီ ပြုံးလိုက်ပြီး
"အားလုံးပဲ၊ ကောင်းကောင်းဆက်ကျင့်ကြပါ။ မကြာခင်မှာ အဆင့်ချိုးဖျက်နိုင်ကြပါစေလို့ မျှော်လင့်ပါတယ်။"
ထျန်းမင်၏ ကျိုယိုစစ်မြေပြင်သည် ဘယ်တော့ ပေါ်လာမည်ကို လုရီ မသိပေ။
အကယ်၍ ၎င်းကို ကာကွယ်ရန် အားကောင်းသော ကျင့်ကြံသူများ
မလုံလောက်ပါက၊ သူသည် ကျိုယိုစစ်မြေပြင် ပျံ့နှံ့လာသည်ကို သေချာပေါက် ခွင့်မပြုနိုင်ပေ။
ကျန့်ဖန်နှင့် အခြားသူများက အကူအညီဖြစ်နိုင်လိမ့်မည်ဟု သူ မျှော်လင့်လေသည်။
သူ့ဘေးမှ လျိုနင်ရွှမ်းနှင့် အခြားသုံးဦးသည် လုရီ၏ လုပ်ရပ်များကို စကား
တစ်ခွန်း မဆိုဘဲ ကြည့်နေကြသည်။
သူတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြရုံသာ။
ထိုသည်မှာ လုရီ၏ သဘာဝပင်တည်း။
သူ့အပေါ် ကောင်းသော သူများကို ဘယ်တော့မှ စိတ်မပျက်စေခဲ့။
သည်အချက်က သူမတို့လေးဦး လုရီကို ဤမျှလောက် နှစ်သက်ရသည့် အကြောင်းရင်း ဖြစ်သည်။
အုပ်စုသည် ဆက်လက်၍ သောက်လိုက် စကားပြောလိုက်၊ ခွက်ချင်းတိုက်လိုက်ဖြင့် ပျော်ရွှင်သော အခြေအနေတွင် ရှိနေကြသည်။
သေရည်သုံးခွက်မြောက်ပြီးနောက်၊
သုန်းကုန်းမင်ယွဲ့က ခစ်ခနဲရယ်သံဖြင့်
"စီနီယာအစ်ကို၊ စီနီယာက ကျန့်ဖန်နဲ့ တခြားသူတွေကို ကျင့်ကြံပေးမှာဆိုတော့၊ သူတို့ကို တာအို တရားဟောပေးပါလား။ ဒါက သူတို့အတွက် အလွန်အမင်း အကျိုးရှိမှာပဲ။"
ဤသို့ကြားသောအခါ လုရီ ခဏတာ မှင်တက်သွားပြီးနောက် သူ၏ မျက်လုံးများ အရောင်တောက်သွားသည်။
ဟုတ်ပေသည်။ တာအို တရားဟောခြင်း၊ သူ၏ အကြီးမားဆုံး အားသာချက်မှာ
တာအိုအပေါ် သူ၏ နားလည်မှု၊ ဖရိုဖရဲအပေါ် သူ၏ ထိုးထွင်းဉာဏ်ပင် ဖြစ်သည်။
သူ၏ ဖရိုဖရဲအပေါ် ထိုးထွင်းဉာဏ်မှာ နက်ရှိုင်းလှသည်။ လုရီကိုယ်တိုင်ပင်လျှင် ၎င်းတွင် အနည်းငယ် အားနည်းနေသေးသော်လည်း၊ တာအို ရတနာများစွာကို စုပ်ယူပြီး ဉာဏ်အလင်း ရခြင်းကို နှစ်ကြိမ်တိုင်တိုင် ကြုံတွေ့ခဲ့ပြီးနောက်၊ သူ၏ တာအိုအပေါ် နားလည်မှုသည် အင်မော်တယ်အရှင်သခင် တစ်ပါးထက်ပင် သာလွန်သည်ဟု ဆိုနိုင်ပေသည်။
မဟုတ်လျှင်၊ ယွီမိသားစု ဘိုးဘေးကြီးသည် လုရီ၏ တာအို တည်ရှိမှုကြောင့်
ဤမျှလောက် တုန်လှုပ်သွားမည်မဟုတ်ပေ။
အကယ်၍ သူသာ လူတိုင်းကို တာအိုဟောကြားမည် ဆိုလျှင်၊ ၎င်းသည် သူတို့၏ အခြေခံ အုတ်မြစ်နှင့် နားလည်မှုပိုင်းတွင် ကြီးစွာ အကျိုးရှိစေပေလိမ့်မည်။
မဟုတ်သေး... သူသည် သူတို့ကို တရားဟောရုံထက် ပို၍ လုပ်နိုင်သည်..။
ထျန်းမင်တွင် ကျင့်ကြံသူ များစွာ ရှိသည်၊ သူသည် ထျန်းမင်တစ်ခုလုံးကို တရားဟောကြားနိုင်သည် မဟုတ်လော။
လုရီ သတိပြန်ဝင်လာပြီး၊ အပြုံးလေးဖြင့် ဆိုလိုက်သည်။ "ဂျူနီယာညီမလေး ပြောတာမှန်တယ်။ ငါ လူတိုင်းကို တာအို ပို့ချပေးလို့ရတယ်။"
ဤသို့ကြားသောအခါ၊ အခြားသူများ၏ မျက်လုံးများ လင်းလက်သွားပြီး၊ မျှော်လင့်တကြီးဖြင့် လုရီကို ကြည့်ကာ ပျော်ရွှင်သော အပြုံးများ ပေါ်လာကြသည်။
လုရီ၏ အရည်အချင်းများ မည်မျှ ထူးခြားပြောင်မြောက်သည်ကို သူတို့အားလုံး သိရှိကြသည်။
လုရီထံမှ တာအိုတစ်ပွဲသည် သူတို့အတွက် သေချာပေါက် ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်ပေလိမ့်မည်။
သို့သော် ထို့နောက်တွင် လုရီက ပြုံးလျက်
"ဒါပေမဲ့၊ ကျွန်တော်က ထျန်းမင်တစ်ခုလုံးကို တဖို့ စီစဉ်နေတာ။"
ဤသို့ ကြားသောအခါ၊ လူတိုင်း မှင်သက်သွားပြီး၊ လေထုက တိတ်ဆိတ်သွားတော့သည်။
သူတို့အားလုံး အသက်အောင့်ထားကြပြီး၊ သူတို့၏ မျက်လုံးများ တုန်လှုပ်မှုကြောင့် ပြူးကျယ်လျက် လုရီကို စိုက်ကြည့်နေကြသည်။
"ဂျူနီယာမောင်လေး၊ နင်က ထျန်းမင်တစ်ခုလုံးကို တာအို တရားဟောချင်တာလား။"
လျိုနင်ရွှမ်းပင်လျှင် မှင်တက်သွားပြီး အော်ဟစ်လိုက်သည်။
လုရီက ခေါင်းညိတ်လိုက်ပြီး၊ ခပ်ဖွဖွရယ်မောကာ
ထပ်လောင်းပြောလာသည်က....
"ဟုတ်ပါတယ်၊ လူသားမျိုးနွယ်တင် မကဘူး၊ မိစ္ဆာမျိုးနွယ်၊ ပင်လယ်မျိုးနွယ်၊ မျိုးနွယ်အားလုံးပဲ — သူတို့က ထျန်းမင်ရဲ့ ကျင့်ကြံသူတွေဖြစ်နေသရွေ့၊ အားလုံး ကျွန်တော့်ရဲ့ တာအိုတရားကို လာနားထောင်လို့ ရတယ်။"
ထိုအခါ လူတိုင်း တစ်ယောက်မျက်နှာ
တစ်ယောက် ကြည့်လိုက်ကြပြီး၊ သူတို့၏ နှလုံးသားများမှာ လုရီကို ကြည့်ရင်း အံ့ဩမှုများဖြင့် ပြည့်နှက်နေကာ၊ သူတို့၏ မျက်လုံးများတွင် ပုံစံအမျိုးမျိုးဖြင့်
တဖျပ်ဖျပ်လက်နေသည်။
လင်ကျိုးယွဲ့ မတ်တပ်ထရပ်လိုက်ပြီး လုရီကို လေးနက်စွာ ဦးညွှတ်လိုက်သည်။
"ညီအစ်ကိုလုက သင်ကြားမှုမှာ
ဘက်မလိုက်ဘဲ လောကကို ဂရုစိုက်တယ်။ ထျန်းမင်ကို တရားဟောကြားလိုခြင်းဟာ ထျန်းမင်ရဲ့ မျိုးနွယ်အားလုံးအတွက် ကောင်းချီးမင်္ဂလာပါပဲ။"
"ညီအစ်ကိုလုရဲ့ နှလုံးသားက သက်ရှိအားလုံးကို လွှမ်းခြုံထားတယ်၊ ဒါဟာ မျိုးနွယ်အားလုံးအတွက် ကောင်းချီးမင်္ဂလာပါပဲ။"
"..."
တစ်ယောက်ပြီး တစ်ယောက်၊ ကျင့်ကြံသူများ၏ စိတ်ခံစားချက်များ လှိုင်းထန်လာပြီး သူတို့ ရိုးသားစွာ ပြောဆိုကြသည်။
မည်သို့ပင် ဆိုစေကာမူ၊ ကျင့်ကြံသူများအတွက်၊ တာအို စွမ်းရည်များကို ပေါ့ပေါ့ဆဆ လက်ဆင့်မကမ်းသင့်ပေ။
သို့သော် လုရီသည် ထျန်းမင်တစ်ခုလုံးကို တရားဟောကြားလိုသည်တဲ့။
ဤသည်မှာ လုံးဝ စိတ်ကူးမယဉ်နိုင်သလောက်ပင်။
လုရီ၏ အဆင့်အတန်းဖြင့်၊ ထိုသို့သော ကြီးကျယ်ခမ်းနားသည့် လုပ်ရပ်ကို ပြုလုပ်လိုသည် ဆိုသည်မှာ၊ သတင်း ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက်၊ ၎င်းသည် ထျန်းမင်တစ်ခုလုံးကို လှုပ်ခတ်သွားစေမည်ဖြစ်သည်။
မည်သူမျှ မအံ့ဩဘဲ နေမည် မဟုတ်ပါ။
လုရီကိုယ်တိုင်လည်း ဤအကြံအစည်ကို အခုလေးတင်မှ စဉ်းစားမိခြင်းဖြစ်သည့်အလျောက် အတွင်းစိတ်မှ ရေရွတ်လိုက်သည်။
"ငါ ထျန်းမင်ကို တရားဟောပြီး လောကကို သင်ကြားမှုတွေ ဖြန့်ဝေမယ်။"
[အလုပ်]
ထျန်းမင်ကို တရားဟောပါ၊ လောကသို့ သင်ကြားမှုများ ဖြန့်ဝေပါ။
ဆုကြေး: တာအို နားလည်မှု တိုးမြှင့်ခြင်း၊ ရွေးချယ်ထားသော အင်မော်တယ် စွမ်းရည်အဆင့် +၅ *၂ ခု၊ ရွေးချယ်ထားသော ကျင့်ကြံခြင်း နည်းစနစ် အဆင့် +၅ *၂ခု၊ ရွေးချယ်ထားသော နိယာမ +၂၀% *၂ခု။
အလုပ်အား လက်ခံပါ: လက်ခံမည်လား/ငြင်းမည်လား။
အလုပ်အတွက် ဆုလာဘ်ကို မြင်သောအခါ၊ လုရီ အပြုံးလေးဖြင့် အလုပ်ကို လက်ခံလိုက်သည်။
ထို့နောက် သူက ပြောလိုက်တော့သည်။
"ဒီလိုသာဆိုရင်၊ ဘာလို့ ရက်ရွေးနေဦးမှာလဲ၊ ဒီနေ့ကလည်း ကောင်းတဲ့နေ့ပဲ။ ဒီနေ့ပဲ စလိုက်ကြစို့။"
"ဒီနေ့?"
လူအုပ် မှင်တက်သွားကြသည်။
ထို့နောက်တွင်၊ လူတိုင်း လုရီ ကောင်းကင်သို့ ပျံတက်သွားပြီး၊ ကောင်းကင်ဘုံသို့
တဟုန်ထိုးတက်သွားသော အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်လိုက်ကြသည်။
နောက်တစ်ခဏတွင်၊ တာအိုအင်းကွက်များသည် လုရီ၏ ခန္ဓာကိုယ်ပတ်လည်တွင် ပေါ်ထွက်လာပြီး၊ လွှမ်းခြုံနေသော နက်နဲသည့် တာအိုအလင်းတန်းဖြင့် ဖုံးအုပ်ထားရာ၊ သူတို့ကြားသို့ နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ပင်။
လုရီ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး၊ သူ၏ မျက်လုံးများတွင် အဆုံးမရှိသော နက်နဲသည့် ပုံစံများ တဖျပ်ဖျပ်လက်သွားကာ အင်မော်တယ်ဝိညာဉ်စွမ်းအင်များ အပြင်းအထန် ထွက်ပေါ်လာပြီး ခမ်းနားထည်ဝါသော တာအိုတေးသံ ပျံ့နှံ့သွားသည်-
"ငါ၊ လုရီ၊ ယနေ့ ထျန်းမင်အား ငါ၏ သင်ကြားမှုများကို ကြေညာလိုက်သည်။ လူသားမျိုးနွယ်၊ မိစ္ဆာမျိုးနွယ်၊ ပင်လယ်မျိုးနွယ် သို့မဟုတ် အခြားမည်သည့်မျိုးနွယ်မှဖြစ်စေ၊ ကျင့်ကြံသူအားလုံး တာအိုတရားကို လာရောက်နာယူရန် ကြိုဆိုပါတယ်။"
လုရီ၏ ကျင့်ကြံမှုအဆင့်မှာ ကောင်းကင်ဘုံအင်မော်တယ် တတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ သူ၏ အလွန်အမင်း နက်ရှိုင်းသော အခြေခံအုတ်မြစ်ကြောင့်၊ သူ၏ နယ်ပယ်ရှိ တိုးတက်မှုအသေးအဖွဲတိုင်းသည် သူ့အတွက် ကြီးမားသော မြှင့်တင်မှုတစ်ခုကို ဆိုလိုပေသည်။
သူ၏ အင်မော်တယ်ဝိညာဉ်စွမ်းအင် တုန်ခါသွားပြီး၊ သူ၏ အသံကို ထျန်းမင်တစ်ခုလုံးသို့ ပို့လွှတ်လိုက်သည်။
နယ်မြေကြီးငါးခု သို့မဟုတ် ပင်လယ်နက်ဖြစ်စေ၊ အင်မော်တယ်များမှစ၍ ချီကျင့်ကြံခြင်းတွင် ရှိနေသူများအထိ၊ ကျင့်ကြံသူအားလုံး ကောင်းကင်ဘက်သို့ မော့ကြည့်လိုက်ကြသည်။
ကျင့်ကြံသူများစွာ၏ မျက်လုံးများ မယုံနိုင်ခြင်းများဖြင့် တဖျပ်ဖျပ်လက်နေသည်။
"ဒီအသံ၊ ဒါက ထျန်းမင်တစ်ခုလုံးကို ပျံ့နှံ့သွားတာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါက ဒဏ္ဍာရီထဲက လုရီရဲ့အသံလား။ သူက ကောင်းကင်ဘုံအင်မော်တယ်တစ်ယောက်ပဲလေ၊ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြောက်ဖို့ကောင်းနိုင်ရတာလဲ။"
ပင်လယ်မျိုးနွယ်၏ အင်မော်တယ်များလည်း အလားတူ မှင်တက်နေကြသည်။
ရွှမ်ဟွမ်နဂါးမြွေမျိုးနွယ်အတွင်းမှ အင်မော်တယ်များသည် မျက်လုံးများ ပြူးကျယ်လျက်၊ ပင်လယ်အထက်ကို မယုံနိုင်စွာ ကြည့်ရင်း၊ စကားမဆိုနိုင်ဖြစ်နေကြသည်။
သူတို့ဘေးမှ အင်မော်တယ်သည်လည်း
မှင်တက်နေရာမှ သတိပြန်ဝင်လာပြီး
တုန်လှုပ်စွာ ရေရွတ်မိသည်။
"တာအို တေးသံထဲမှာ ပါဝင်နေတဲ့ ဒီလို တာအိုရသ၊ မယုံနိုင်စရာပဲ။ ဒီလို ကျင့်ကြံမှုနဲ့၊ ဒီလို စွမ်းအားနဲ့... သူက တကယ်ပဲ လောကကို သင်ကြားပေးတော့မှာလား။"
အင်မော်တယ်များ နေထိုင်ရာ၌ ရွှမ်ဟွမ်နဂါးမြွေသုံးကောင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီးနောက် အစစ်အမှန်အင်မော်တယ်အဆင့် ရွှမ်ဟွမ်နဂါးမြွေက ချက်ချင်းဆိုသလို ပြောလာ၏။
"သွားကြစို့။ သွားကြည့်ကြရအောင်။"
ရွှမ်ဟွမ်နဂါးမြွေမျိုးနွယ်သာမက၊ ပင်လယ်မျိုးနွယ်၏ အင်မော်တယ်များကြားမှ ဧကရာဇ်များသည်လည်း ပင်လယ်ကို ဖောက်ထွက်ကာ ချင်းကျိုးဘက်သို့ ပျံသန်းသွားကြသည်။
သားရဲတစ်သောင်းတောင်တန်းအတွင်း၊ ဝမ်ကျန်းယွမ်နှင့် ဓားတာအိုပညာရှင်တို့သည် သိုင်းပညာဖလှယ်ကာ တိုက်ခိုက်နေကြစဉ်မှာပင်၊ သူတို့လည်း ချင်းကျိုးဘက်သို့ ကြောင်တောင်တောင်ဖြင့် လှမ်းကြည့်လိုက်ကြသည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက်၊
ဓားတာအိုပညာရှင်က တီးတိုးရေရွတ်လိုက်သည်။
"တာအိုတေးသံထဲမှာ ပါဝင်နေတဲ့ ဒီလို
တာအိုရသ... ဟိုတုန်းက လူငယ်လေးက ဒီလောက်တောင် ထူးခြားပြောင်မြောက်သွားပြီကိုး။"
ဝမ်ကျန်းယွမ်၏ ခံစားချက်များမှာ ရှုပ်ထွေးနေလေ၏။ သူ နိုးထခါစက လုရီနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်ကို ပြန်လည်သတိရမိသည်။ လုရီသည် ထိုအချိန်က အလွန်အားနည်းနေသေးသည်။ နှစ်ရာပေါင်းအနည်းငယ်သာ ကြာမြင့်သေးသော်လည်း၊ လုရီသည် သူ့ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်နိုင်သည်။
"ဟုတ်တယ်၊ ကလေးလေး ကြီးပြင်းလာခဲ့ပြီ။"
နှစ်ဦးသား တစ်ယောက်မျက်နှတစ်ယောက်ကြည့်လိုက်ကြပြီး၊ နှစ်ဦးလုံး ပြုံးလိုက်ကြသည်။
"ဟားဟားဟား၊ သွားကြည့်ကြရအောင်။"
"ဟုတ်တယ်၊ ဒါက ရှားပါးတဲ့ အခွင့်အရေးပဲ၊ ငါလို တာအိုအဘိုးကြီးက လက်လွှတ်လို့မဖြစ်ဘူး။"
ရယ်မောသံများကြားတွင်၊ သူတို့ ချင်းကျိုးဘက်သို့ ပျံသန်းသွားကြသည်။
.....
နတ်ဓားဂိုဏ်း။
ပုယွင်ကျန့်၊ ဝေ့ခန်းနှင့် အခြားသူများလည်း ချင်းကျိုးဘက်သို့ ကြည့်နေကြသည်။
"လုရီ၊ သူ တကယ်ပဲ သူ့သင်ကြားမှုတွေကို လောကနဲ့ မျှဝေတော့မှာလား။ ဘယ်လောက် ကြီးကျယ်ခမ်းနားတဲ့ စိတ်ဓာတ်လဲ။"
"သွားကြစို့။ ဒါက ငါတို့အတွက်လည်း ကြီးမားတဲ့ အခွင့်အရေး တစ်ခုပဲ၊ သွားကြည့်ကြရအောင်။"
ထိုက်ရီ မြင့်မြတ်နယ်မြေ၊ လေ့ယင် မြင့်မြတ်နယ်မြေ၊ ကောင်းကင်နဂါး မြင့်မြတ်နယ်မြေ...စသည်ဖြင့်၊
အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေ
တစ်ခုချင်းစီ၏ ဘိုးဘေးစဉ်ဆက် မြေများအတွင်း၊ အများအားဖြင့် တကိုယ်တည်း ကျင့်ကြံလေ့ရှိသော အင်မော်တယ်
ဘိုးဘေးများသည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ ချင်းကျိုးဆီသို့ ဦးတည်သွားကြသည်။
ထျန်းမင်တခွင်လုံးမှ အခြားကျင့်ကြံသူများအတွက်မူ၊ သူတို့ ထိုနေရာသို့ အလျင်အမြန် မသွားရောက်နိုင်ကြပေ။ သာမန်ကျင့်ကြံသူများအတွက် အကွာအဝေးမှာ အလွန်ကြီးမားလှသည်။
သို့သော်၊ တာအိုတေးသံသည် သူတို့ထံသို့ ရောက်ရှိနိုင်သည် ဖြစ်ရာ၊ သူတို့သည် ဤကောင်းမွန်သော အခွင့်အရေးကို သေချာပေါက် လက်လွှတ်မည် မဟုတ်ပေ။
ကျင့်ကြံသူများ အံ့ဩမှုများဖြင့် လွှမ်းမိုးသွားကြသည်။
"အဲ့ဒါ လေးစားရတဲ့ စီနီယာလုရီရဲ့ အသံလား။"
"ဟုတ်တယ်၊ အဲ့ဒါ သူ့အသံပဲ၊ ငါ သူ့ကို နတ်ဓားဂိုဏ်းရဲ့ ဓားတာအို အစည်းအဝေးတုန်းက တွေ့ခဲ့ဖူးတယ်၊ သူ့အသံကို ဒီနေ့ထိ ငါ မှတ်မိနေတုန်းပဲ။ လုံးဝမှားစရာမရှိဘူး။"
"စီနီယာလုရီက ထျန်းမင် တစ်ခုလုံးကို သင်ကြားပေးလိုတယ်တဲ့။ ဘယ်လောက် ကြီးမားတဲ့ ကြင်နာမှုလဲ။"
"ဟုတ်တယ်၊ စီနီယာလုရီက ငါတို့ ထျန်းမင်ကို အင်မော်တယ်ကြယ်ဂိုဟ်အဖြစ် မြှင့်တင်ပေးရုံတင်မကဘဲ၊ အခု သူ့သင်ကြားမှုတွေကို လောကနဲ့ မျှဝေလိုသေးတယ်။ ငါတို့
စီနီယာလုရီကို အများကြီး အကြွေးတင်နေပါပြီ။"
တစ်ယောက်ပြီးတစ်ယောက်၊ ကျင့်ကြံသူများသည် စိတ်လှုပ်ရှားမှုများဖြင့် လွှမ်းမိုးသွားကြသည်။ သူတို့သည် ထို့နောက် မြှားများကဲ့သို့ မတ်မတ်ထိုင်လိုက်ကြပြီး နားထောင်ရန် ပြင်ဆင်လိုက်ကြသည်။
လုရီ၏ အသံသည် သဘာဝကျကျပင်
တိမ်ဖြူအင်မော်တယ်ဂိုဏ်းရှိ ကျင့်ကြံသူအားလုံးကိုလည်း တပ်လှန့်လိုက်၏။
လင်းလောင် တောင်ထိပ်သို့ ပြန်လည်ရောက်ရှိသွားသော လင်းလောင်တောင်ထိပ်သခင်မပင်လျှင် ဆူညံမှုကြောင့် ထွက်လာခဲ့သည်။
သူမသည် လုရီထံသို့ ချဉ်းကပ်လာပြီး၊ သူ့ကို လွှမ်းခြုံထားသော တာအိုအလင်းတန်းကို ကြည့်ကာ၊ သူသည် မွေးရာပါ
တာအို၏ရင်သွေးတစ်ဦးကဲ့သို့ ထင်ရသည်။
လင်းလောင်တောင်ထိပ်သခင်မ၏ စိတ်သည် ခဏတာ လွင့်မျောသွားပြီး၊ သူမ၏ မျက်လုံးများထဲတွင် တောက်ပမှုတစ်ခု တဖျပ်ဖျပ်လက်သွားသည်။
သို့သော်၊ လင်းလောင်တောင်ထိပ်သခင်မသည် မကြာမီ သတိပြန်ဝင်လာပြီး၊ သူမ၏ နှလုံးသားထဲတွင် ရူးသွပ်စွာ အော်ဟစ်လိုက်သည်။
- ယွီလင်းလောင်၊ နင် ဘာတွေလုပ်နေတာလဲ။ ဘယ်လိုလုပ်ပြီး ကိုယ့်တပည့်ကို ဒီလို ကြောင်တောင်တောင် ကြည့်နေနိုင်ရတာလဲ။ နင် ရူးသွားပြီလား။
သတိပြန်ဝင်လာသောအခါ၊ လင်းလောင်တောင်ထိပ်သခင်မက လုရီအား မေးလိုက်သည်။
"ကောင်စုတ်လေး ဘာတွေလုပ်နေတာလဲ။"
လုရီ အပြုံးလေးဖြင့် ပြန်ဖြေလိုက်၏။
"ထျန်းမင်မှာ ကျိုယို လမ်းကြောင်းတစ်ခုရှိတယ်၊ ပြီးတော့ ကျိုယိုစစ်မြေပြင်လည်း ပေါ်လာနိုင်တယ်။ ကျွန်တော်သာ ကျွန်တော့်သင်ကြားမှုတွေကို ဖြန့်ဝေရင်၊ ထျန်းမင်ရဲ့ ကျင့်ကြံသူတွေရဲ့ စွမ်းအားက တိုးတက်လာမယ်၊ အဲ့ဒီအချိန်ကျရင်၊ သူတို့က ကျိုယိုမိစ္ဆာတွေကို ပိုကောင်းကောင်း ခုခံနိုင်လိမ့်မယ်။"
လင်းလောင်တောင်ထိပ်သခင်မ မှင်တက်သွားပြီးနောက် လုရီကို နက်ရှိုင်းစွာ စိုက်ကြည့်ကာ၊ သူမ၏ အပြုံးမှာ နူးညံ့သွားသည်။
"ဒီလိုသာဆိုရင်တော့၊ ရှေ့ဆက်လုပ်ပါ။ ဘာပဲဖြစ်ဖြစ်၊ နင့်ဆရာက နင့်ကို အမြဲတမ်း ထောက်ခံနေမှာပါ။"
လုရီ ကြည်လင်စွာ ပြုံးလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာ။"