နီမြန်းသော သတ္တဝါများ၊ လွတ်မြောက်ခြင်း (၂)...
Vol. 44 Ch. 649
~"တောက်! သူတို့ အလင်းနှစ်ဆယ်နဲ့ချီတဲ့ အကွာအဝေးကနေ ဒီအထိ ဘာလို့ ရောက်လာကြတာလဲ။ ရတနာအတွက် မဟုတ်လား။"
" သေစမ်း.. အခုတော့ ပိုင်ရှင်အရင်းဆီကို ကိုယ်တိုင်ကိုယ်ကျ လာပို့ပေးသလို ဖြစ်သွားတယ်တဲ့လား။"
"ဒါတင် မကဘူး၊ ပိုင်ရှင်ကိုတောင် ရန်လုပ်ဖို့ ကြံသေးတယ်တဲ့။"
"ဒါ ဘယ်လို ကံဆိုးမိုးမှောင်ကျခြင်းမျိုးလဲ။"
လုရီသည် ဝိညာဉ်ချုပ်တံဆိပ်မှတစ်ဆင့် အစစ်အမှန်အင်မော်တယ် ငါးဦး၏ အလွန်အမင်း ရှုပ်ထွေးနေသော စိတ်ခံစားချက်လှိုင်းများကို ခံစားမိလိုက်ရသောအခါ သူတို့ ဘာတွေ တွေးနေသည်ကို မသိသော်လည်း တစ်ချက် လှမ်းကြည့်လိုက်သည်။
လုရီ၏ စကားကို ကြားသောအခါ
လင်းလောင် တောင်ထိပ်မှ လူများမှာမူ ပို၍ပင် စဉ်းစားစရာများ ဖြစ်သွားကြ၏။
ကျင့်ကြံသူများက မျက်မှောင်ကြုတ်လိုက်ကြပြီး ဝမ်ကျန်းယွမ်က သူ၏စိုးရိမ်မှုကို ဖော်ထုတ်လိုက်သည်။
"လုရီ အဆင့်တက်တုန်းက ဆူညံသံက ဒီလောက်အဝေးကြီးအထိ ရောက်သွားနိုင်တယ်ဆိုတာ… ဒါက ငါတို့ ဘယ်တုန်းကမှ
မမျှော်လင့်ထားတဲ့ ကိစ္စပဲ။"
"ဟုတ်တယ်၊ ကြယ်လေပင်လယ်ဓားပြအဖွဲ့က ဒီကို ဆွဲဆောင်ခံလိုက်ရတဲ့ တစ်ဖွဲ့တည်းသော အဖွဲ့တော့ ဟုတ်ဟန်မတူဘူး။ အကယ်၍ ပိုပြီး စွမ်းအားကြီးတဲ့ ကျင့်ကြံသူတွေ ရောက်လာရင် ငါတို့ ဒုက္ခရောက်လိမ့်မယ်" ဟု လုံယွမ်ကလည်း အလားတူပင် စိုးရိမ်စွာ ပြောလာ၏။
လင်းလောင်တောင်ထိပ် သခင်မပင်လျှင် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။
သူမသည် ယွီမိသားစု၏ ဒုတိယ
သခင်မလေး ဖြစ်ပြီး ပုံမှန်အချိန်များတွင် အားလုံးက ရိုသေလေးစားကြသော်လည်း၊ တာအိုအဆင့်နှင့် သက်ဆိုင်သော အကျိုးစီးပွားများ ပါဝင်လာသည့်အခါတွင်မူ စွန့်စားလိုသူများ မရှိဘဲ နေမည်မဟုတ်သည်မှာ သေချာသည်။
ယွီမိသားစုတွင် ကျင့်ကြံသူများစွာ ရှိပြီး စမ်းသပ်မှုများအတွင်း သေဆုံးခဲ့ရသော မျိုးဆက်သစ်များလည်း ရှိခဲ့ဖူး၏။ယွီမိသားစု၏ နာမည်သည် အဓိကအင်အားကြီးအဖွဲ့အစည်းအားလုံးကို ဟန့်တားနိုင်သော်လည်း၊ ဥပဒေမဲ့ လူဆိုးလူမိုက်အချို့ကိုမူ ဟန့်တားရန် လုံလောက်မည် မဟုတ်ပေ။
သူမက ခဏစဉ်းစားလိုက်ပြီးနောက်
"ငါ့မိသားစုကို အကြောင်းကြားပြီး ဘိုးဘေးကို လူလွှတ်ခိုင်းလိုက်မယ်" ဟု ဆို၏။
လုရီက မျက်ခုံးပင့်လိုက်သည်။
"ဒီလောက်တောင် အကျယ်အကျယ် လုပ်ဖို့လိုလို့လား။"
လင်းလောင်တောင်ထိပ်သခင်မက သူ့ကို မျက်စောင်းထိုးလိုက်ပြီး
"နင် အခု ဘယ်လောက် အရေးကြီးတဲ့သူ ဖြစ်နေလဲဆိုတာ နင့်ကိုယ်နင် မသိဘူးလား။ မမျှော်လင့်တာ တစ်ခုခု ဖြစ်သွားရင်
ဘိုးဘေးကိုယ်တိုင် ထွက်လာရလိမ့်မယ်၊ အဲ့ဒီအခါကျရင် ထျန်းလောင် ကြယ်တာရာနယ်မြေတစ်ခုလုံး တုန်လှုပ်သွားလိမ့်မယ်ဟဲ့။"
ဤစကားကို ကြားသောအခါ ဝမ်ကျန်းယွမ်နှင့် အခြားသူများမှာ လုရီကို တုန်လှုပ်ခြောက်ခြားသော မျက်နှာများဖြင့် ကြည့်လိုက်ကြသည်။
လုရီသည် ယခုအခါ ယွီမိသားစုတွင် မသေးငယ်သော အဆင့်အတန်းတစ်ခု ရရှိထားကြောင်း သူတို့ သိထားကြသော်လည်း၊ ဤမျှလောက်အထိ ဖြစ်လိမ့်မည်ဟု သူတို့
မထင်ထားခဲ့ကြပေ။
ယွီမိသားစု၏ အင်မော်တယ်အရှင်သခင်အဆင့် ဘိုးဘေးကြီးကပင် လုရီကြောင့် ထွက်လာရမည်တဲ့လား။
"နောက်နေတာလား။"
သူတို့ပင် ဤသို့တွေးမိလျှင် ကြယ်လေပင်လယ်ဓားပြအဖွဲ့မှ အစစ်အမှန်အင်မော်တယ်များအကြောင်းကို ပြောစရာမလိုတော့ပေ။
သူတို့မှာ လုံးဝကို ထုံကျင်သွားကြသည်။
"တောက်! ငါတို့ ဘယ်လိုလူကို သွားပြီး ရန်စမိတာလဲ။"
ယွီမိသားစု ဘိုးဘေးကြီးတဲ့လား။ ဒါက အင်မော်တယ်အရှင်သခင်အဆင့် ပုဂ္ဂိုလ်ကြီးတစ်ပါလား။
အကယ်၍ ထိုသို့သော ပုဂ္ဂိုလ်ကြီးကသာ သူတို့ကို ပစ်မှတ်ထားမည်ဆိုလျှင်
သူတို့ ကြယ်လေ ပင်လယ်ဓားပြအဖွဲ့သည် မည်သည့်နေရာသို့ ထွက်ပြေးသည်ဖြစ်စေ သေလမ်းသာ ရှိတော့မည် မဟုတ်လော။
ဤစကားကို ကြားသောအခါ လုရီလည်း ထိုအကြံကို မဆန့်ကျင်တော့ပေ။
ယွီမိသားစုက သူ့ကို အလွန်တန်ဖိုးထားသည်ဖြစ်ရာ သူကလည်း သူတို့၏ စေတနာကို လျစ်လျူရှု၍ မဖြစ်ပေ။
ထို့နောက် လုရီက နေရာတစ်ခုကို လှမ်းကြည့်လိုက်ပြီး နံရံများ၏ တစ်ဖက်မှ အားနည်းသော အသက်ရှူသံအချို့ကို အာရုံခံမိလိုက်သည်။
သူက မျက်ခုံးပင့်လိုက်ပြီး "အသက်ရှင်ကျန်ရစ်သူတွေ ထားခဲ့သေးတာလား" ဟု မေးလိုက်၏။
ကောင်းကင်ဘုံအင်မော်တယ်အဆင့်ရှိ ကြယ်လေပင်လယ်ဓားပြအဖွဲ့ဝင်များသည် လုရီအတွက် ထိန်းချုပ်ရန် တန်ဖိုးမရှိလောက်အောင် အလွန်အားနည်းကြသည်။ သူက သူတို့ကို ထိန်းချုပ်မည်မဟုတ်သောကြောင့် ဤရက်စက်ကြမ်းကြုတ်သော ကြယ်တာရာပင်လယ်ဓားပြများမှာ အသက်ရှင်နေထိုင်ရန် မထိုက်တန်သည်မှာ သဘာဝကျသည်။
လုရီက သူတို့ကို အပြစ်တင်နေသည်ဟု ထင်သောကြောင့် အစစ်အမှန်
အင်မော်တယ် ငါးဦးမှာ ချက်ချင်း ဒူးထောက်လိုက်ကြသည်။ ဝက်ဝံနက်အစစ်အမှန် အင်မော်တယ်က အလျင်အမြန်ပင် ပြောလာ၏။
"ခွင့်လွှတ်ပါ သခင်၊ ကြယ်လေ ပင်လယ်ဓားပြ အဖွဲ့ဝင် အားလုံးကို ရှင်းလင်းပြီးပါပြီ"
"ဒါဆိုရင် ကျန်နေတဲ့ အသက်ရှူသံတွေက ဘယ်သူတွေရဲ့ ဟာတွေလဲ" ဟု လုရီက
နားမလည်နိုင်စွာ မေးလိုက်သည်။
"ဒါကတော့…"
အစစ်အမှန် အင်မော်တယ် ငါးဦးမှာ
တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီးနောက် ဝက်ဝံနက်အစစ်အမှန် အင်မော်တယ်က ပြောလာ၏။
"အဲ့ဒါတွေက ကျွန်တော်တို့ တခြားဂြိုဟ်တွေကနေ အရှင် ဖမ်းဆီးလာတဲ့ ကျွန်တွေပါ၊ ဟေးယွမ် ကြယ်တာရာ နယ်မြေမှာ လေလံတင်ဖို့ ရည်ရွယ်ထားတာပါ"
"ကျွန်တွေ ဟုတ်လား" လုရီ မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်
တစ်ခု ဖြတ်ပြေးသွားသည်။
သူတို့က မမျှော်လင့်ဘဲ ကျွန်များကို ဖမ်းဆီးခဲ့သည်တဲ့လား။
လုရီသာမက ဝမ်ကျန်းယွမ်နှင့် အခြားသူများ၏ မျက်နှာအမူအရာများပါ ပြောင်းလဲသွားကြသည်။
ပုံမှန်အားဖြင့် ယွီမိသားစု၏ အမိန့်အာဏာအရ ကျင့်ကြံသူ မရှိသော ဂြိုဟ်များကိုပင် အကာအကွယ်ပေးထားပြီး ရာဇဝတ်သားများကိုသာ ကျွန်အဖြစ် ပြုလုပ်ခွင့်ရှိသည်။
မမျှော်လင့်ဘဲ ဤလူများသည် ဂြိုဟ်များကို ဖျက်ဆီးသည့်အပြင် ကျွန်များကိုပါ ဖမ်းဆီးခေါ်ဆောင်လာခဲ့သည်။
အကယ်၍ ထျန်းမင်တွင် လုရီသာ မရှိခဲ့လျှင် တူညီသော ကံကြမ္မာမျိုးနှင့် ကြုံတွေ့ရနိုင်သည် မဟုတ်ပါလော။
လုရီသည်လည်း ဤအချက်ကို မလွဲမသွေ တွေးမိလိုက်ပြီး သူ၏ မျက်ခုံးတန်းများမှာ တင်းကျပ်စွာ ကျုံ့သွား၏။
လုရီ၏ ဒေါသကို ခံစားမိသောအခါ
ဝက်ဝံနက် အစစ်အမှန် အင်မော်တယ်နှင့် အခြားသူများမှာ မြေပြင်ပေါ်တွင် ဝပ်တွားရင်း တုန်လှုပ် ခြောက်ခြားကာ စကား
တစ်ခွန်းမှ မဆိုရဲကြတော့ပေ။
"သွားကြစို့၊ ငါတို့ကို သူတို့ဆီ ခေါ်သွား။"
"ဟုတ်ကဲ့ပါ သခင်။"
လုရီ၏ အမိန့်အတိုင်း ဝက်ဝံနက်
အင်မော်တယ်နှင့် အခြားသူများမှာ ချက်ချင်း ထရပ်လိုက်ကြပြီး လုရီတို့အုပ်စုကို အခြားကောင်းကင် လှေပျံ တစ်စင်းဆီသို့ ဦးဆောင်ခေါ်သွားကြသည်။
မကြာမီမှာပင် သူတို့သည် ကောင်းကင်
လှေပျံအတွင်းရှိ အကျဉ်းထောင်နေရာ
တစ်ခုသို့ ရောက်ရှိသွားကြ၏။
အကျဉ်းထောင်များထဲတွင် ပုံပန်းသဏ္ဌာန်အမျိုးမျိုးရှိသော ကျင့်ကြံသူများစွာကို ထောင်သွင်းအကျဉ်းချထားသည်။ အချို့မှာ မီးခိုးရောင်နှင့် အဖြူရောင် ရောနေသော ကျောက်တုံးများဖြင့် ဖွဲ့စည်းထားသည့် လူပုံသဏ္ဌာန် သတ္တဝါများဖြစ်ပြီး၊ အချို့မှာမူ သားရဲပုံစံစစ်စစ် ဖြစ်ကာ သားရဲမျိုးနွယ်ဝင်များ ဖြစ်ဟန်တူ၏။ အချို့မှာ တစ်ကိုယ်လုံး အနက်ရောင်အကြေးခွံများ ဖုံးလွှမ်းနေပြီး မျက်လုံးတစ်လုံးတည်းသာ ရှိကြ၏။
လုရီကို အံ့ဩစေဆုံးအရာမှာ အနက်ရှိုင်းဆုံးအပိုင်းတွင် လူပုံသဏ္ဌာန်ရှိသော သတ္တဝါအချို့ ရှိနေခြင်းဖြစ်ပြီး၊ သူတို့သည် ချောမော၊ လှပကြသည်။ သူတို့၏ အသားအရေမှာ အနီရောင်ဖျော့ဖျော့ဖြစ်ပြီး မီးလျှံကဲ့သို့ နီရဲနေသော ဆံပင်များ ရှိကြ၏။
ဤနီမြန်းသော သတ္တဝါများ၏ ဝိညာဉ်စွမ်းအင်မှာ မနိိမ့်ကျလှပေ။ အားအကောင်းဆုံးမှာ အလွန်အမင်း လှပသော မိန်းမပျို တစ်ဦးဖြစ်ပြီး၊ သူမ၏အလှတရားရှိသော်ငြားလည်း မဟာယာနနယ်ပယ်၏ အရှိန်အဝါမျှသာ ပိုင်ဆိုင်ထားသည်။
သို့သော် အံ့ဩစရာကောင်းသည်မှာ လုရီသည် ထိုအလွန်လှပသော မိန်းမပျိုထံမှ မီးလျှံနိယာမ၏ အရှိန်အဝါကို ခံစားမိနေခြင်း ဖြစ်သည်။ ကျင့်ကြံခြင်းအခြေခံ အားနည်းသော နီမြန်းသည့် သတ္တဝါများထံမှပင် မီးလျှံနယ်မြေ၏ အရှိန်အဝါတို့က ထုတ်လွှတ်နေ၏။
လုရီသာမက လင်းလောင်တောင်ထိပ်သခင်မနှင့် အခြားသူများပါ ဤအချက်ကို သတိပြုမိကြသည်။
သူတို့အားလုံး အံ့ဩသော အမူအရာများ ဖြစ်ပေါ်လာကြ၏။
"ဟင်းလင်းပြင် ဥမင် နယ်ပယ်မှာပဲ ရှိသေးပေမဲ့ မီးလျှံ နယ်မြေကို ပိုင်နိုင်စွာ အသုံးချနိုင်တာလား။"
"ဒါ.. ဘာလဲ။ ဦးဆောင်နေတဲ့ အမျိုးသမီးဆီမှာ မီးလျှံ နိယာမရဲ့ အရိပ်အယောင်တောင် ရှိနေပါလား။ သူက မဟာယာနအဆင့်ပဲ ရှိသေးတာကို"
"ဒီမျိုးနွယ်က မီးဓာတ်နဲ့ ပတ်သက်ပြီး အတော်လေး အားကောင်းတဲ့ မွေးရာပါ
စွမ်းရည် ပိုင်ဆိုင်ထားပုံပဲ" ဟု လင်းလောင်တောင်ထိပ်သခင်မကပင် အနည်းငယ် အံ့ဩစွာ မှတ်ချက် ပြုလေသည်။
အနီးအနားမှ မျက်လုံးသုံးလုံး မျိုးနွယ် ကျင့်ကြံသူ တစ်ဦးကလည်း ခေါင်းညိတ်လိုက်သည်။
"ဒီလို ကျင့်ကြံခြင်း ပါရမီမျိုးက ကျွန်တော်တို့ မျက်လုံးသုံးလုံး မျိုးနွယ်ထက်တောင် မြင့်မားတယ် နော်၊ တကယ်ကို ထူးခြားတာပဲ။"
နီမြန်းသော သတ္တဝါများမှာ လုရီတို့ကို သဘာဝအတိုင်း သတိပြုမိကြသည်။ ဝက်ဝံနက် အစစ်အမှန် အင်မော်တယ်နှင့် ကြယ်လေ ပင်လယ်ဓားပြအဖွဲ့မှ အခြားအစစ်အမှန် အင်မော်တယ်များကို မြင်သောအခါ သူတို့သည် ချက်ချင်းပင် ဒေါသနှင့် မုန်းတီးမှု အပြည့် ပါသော မျက်ဝန်းများဖြင့် စူးစူးဝါးဝါး ကြည့်ကြ၏။
ထိုသို့သော မုန်းတီးမှုမျိုးက လုရီကိုပင် အံ့အားသင့်သွားစေသည်။
လုရီက မျက်ခုံးပင့်ကာ "ဒီနီမြန်းတဲ့ သတ္တဝါတွေက ဘယ်လိုမျိုးလဲ" ဟု စုံစမ်းလိုက်သည်။
ဝက်ဝံနက် အစစ်အမှန် အင်မော်တယ်က အလျင်အမြန်ပင် ရှင်းပြလာ၏။
"သခင်၊ သူတို့ကို အရင်က မသွားဖူးတဲ့ လမ်းကြောင်းပေါ်က ဂြိုဟ်တစ်လုံးမှာ ကံကောင်းလို့ တွေ့ခဲ့တာပါ..အဲ့ဒီဂြိုဟ်က ကြယ်သေ တစ်လုံးနဲ့ အရမ်းနီးပြီး အလွန်ပူပြင်းပေမယ့် မမျှော်လင့်ဘဲ သက်ရှိတွေ ရှင်သန်နေခဲ့ပါတယ်။ ဒီသတ္တဝါတွေက ချော်ရည်တွေထဲမှာ နေနိုင်ပြီး မီးလျှံ နိယာမနဲ့ ပတ်သက်လို့ အားကောင်းတဲ့ ပါရမီ ပါလာကြပါတယ်။ သူတို့ထဲက ဒီလူအနည်းငယ်ကို ဖမ်းဖို့ ကျွန်တော်တို့ အချိန်အကြာကြီး ယူခဲ့ရပါတယ်။ အဲ့ဒီဂြိုဟ်ပေါ်မှာ ဒီလိုသတ္တဝါတွေ အများကြီး ရှိပါသေးတယ်၊ ဒါပေမဲ့ အဲ့ဒီတုန်းက သူဌေးက ရှားပါးလေ တန်ဖိုးရှိလေပဲလို့ ပြောခဲ့တဲ့အတွက် ကျွန်တော်တို့ အဲ့ဒီဂြိုဟ်ကို ဝိုင်းထားပြီး သူတို့ တန်ဖိုးကောင်းရမရ သိရအောင် အသုတ်တစ်သုတ်ကို အရင်ဆုံး လေလံတင်ကြည့်ဖို့ စီစဉ်ခဲ့တာပါ"
လုရီ၏ မျက်လုံးထဲတွင် အေးစက်သောအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။ ကြယ်လေ ပင်လယ်ဓားပြများသည် ဤသို့သော လုပ်ရပ်မျိုးကို တစ်ကြိမ်ထက်မက ကျူးလွန်ခဲ့သည်ကို သူ သဘောပေါက်လိုက်လေသည်။
"သူတို့အားလုံးက အတူတူပဲလား"
သူက အခြားကျွန်များကို တစ်ချက် ဝေ့ကြည့်ကာ မေးလိုက်၏။
လုရီ၏ လေသံထဲမှ အေးစက်မှုကို ခံစားမိသောအခါ ဝက်ဝံနက်အစစ်အမှန်အင်မော်တယ်က ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊သူတို့အားလုံးက ကျွန်တော်တို့ ရှာဖွေတွေ့ရှိခဲ့တဲ့ ဂြိုဟ်တွေပေါ်က ဌာနေ သတ္တဝါတွေပါပဲ။ ဒါပေမဲ့ နီမြန်းတဲ့ သတ္တဝါတွေနဲ့ မတူတာက နီမြန်းတဲ့ သတ္တဝါတွေက သူတို့ရဲ့ ဒေသခံဂြိုဟ်တွေပေါ်မှာ ရှားပါးပြီး အစွမ်းထက်ကြပါတယ်။"
လုရီက မျက်ခုံးပင့်လိုက်သည်။
"ပြီးတော့ သူတို့ရဲ့ ဂြိုဟ်တွေကရော။
ပိတ်ဆို့ခံခဲ့ရတာလား။"
ဤမေးခွန်းက ဝက်ဝံနက်အစစ်အမှန်
အင်မော်တယ် ငါးဦးကို စကားမပြောရဲအောင် ဆိတ်ငြိမ်သွားစေသည်။
လုရီက မျက်မှောင်ကြုတ်ကာ သူတို့ငါးဦးကို ကြည့်လိုက်၏။
ထိုအခါမှ ဝက်ဝံနက် အစစ်အမှန်
အင်မော်တယ်က တုန်ယင်စွာဖြင့် နောက်ဆုံးတွင် ဖွင့်ဟ ပြောဆိုလာသည်။
"ဒုတိယခေါင်းဆောင်က ခမ်းနားတဲ့ မြင်ကွင်းတွေကို သဘောကျပါတယ်၊ အဲ့ဒီဂြိုဟ်တွေပေါ်က သတ္တဝါတွေက တန်ဖိုးမရှိပါဘူး။ အရင်းအမြစ်တွေကို စုဆောင်းပြီးတဲ့နောက်… ပြီးတဲ့နောက်မှာတော့ ဒုတိယခေါင်းဆောင်က ဂြိုဟ်တွေကို ဖျက်ဆီးပစ်ပါတယ်။"
ဤစကားကို ကြားသောအခါ လုရီသာမက အနီးအနားမှ လျိုနင်ရွှမ်းနှင့် အခြားသူများပါ မျက်မှောင်ကြုတ်လိုက်ကြပြီး သူတို့၏ မျက်နှာများမှာ ရေခဲတမျှ အေးစက်သွားကြသည်။
သုန်းကုန်းမင်ယွဲ့သည် ဤသို့သော ကြောက်မက်ဖွယ်ကောင်းသည့် လုပ်ရပ်မျိုးကို တစ်ခါမှ မကြားဖူးခဲ့ပေ။
ဒါက သက်ရှိတွေနဲ့ ပြည့်နှက်နေတဲ့ ဂြိုဟ်တစ်လုံးပဲ။
ပြီးတဲ့နောက်မှာတော့ ဒီအတိုင်းပဲ ဖျက်ဆီးပစ်လိုက်တယ်တဲ့လား။ သတ္တဝါပေါင်း ဘယ်လောက်များ သေဆုံးခဲ့ရမလဲ။
သူမက ဝက်ဝံနက်အစစ်အမှန်
အင်မော်တယ်နှင့် သူ၏အဖွဲ့ကို စူးစိုက်ကြည့်ကာ "ဒီတိရစ္ဆာန်တွေ၊ မင်းတို့မှာ လူစိတ်မရှိကြဘူးလား" ဟု မာန်မဲလိုက်၏။
ဝမ်ကျန်းယွမ်နှင့် အခြားသူများကလည်း ၎င်းတို့အား ဒေါသတကြီး စူးစူးရဲရဲ ကြည့်လိုက်ကြသည်။
ဝေ့ခန်းက သက်ပြင်းချလိုက်၏။
"ကျုပ် အရင်က ခရီးသွားတုန်းကလည်း သက်ရှိ ဂြိုဟ်တွေ လုယက်ခံရတာကို မြင်ဖူးပါတယ်၊ ဒါက အားနည်းသူတွေရဲ့ ကံကြမ္မာပဲ။"
ထိုအခါ ထျန်းမင်သို့ အလည်ရောက်နေသော မျက်လုံးသုံးလုံး မျိုးနွယ်မှ ကျင့်ကြံသူ တစ်ဦးကလည်း လေးနက်စွာ ခေါင်းညိတ်ထောက်ခံသည်။
"ကြယ်တာရာ ပင်လယ်ဓားပြတွေက နေရာအတည်တကျ မရှိဘဲ မယုံနိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်ကြတယ်၊ ဒီလို အဖြစ်အပျက်တွေက အဆန်း မဟုတ်ပါဘူး။"
လုရီ ခဏတာ ဆိတ်ငြိမ်သွားပြီးနောက် သက်ပြင်းကို ညင်သာစွာ ချလိုက်သည်။ သူ့ထံမှ မည်သည့် လှုပ်ရှားမှုကိုမှ မမြင်လိုက်ရဘဲ အကျဉ်းထောင်ကို ဖုံးလွှမ်းထားသော အင်းကွက်များ အားလုံး မှေးမှိန်သွားပြီးနောက် ပျောက်ကွယ်သွားကာ အကျဉ်းတံခါးများ ပွင့်သွားကြသည်။
သူတို့ကို မုန်းတီးစွာ ကြည့်နေခဲ့ကြသော ကျွန်များမှာ အားလုံး မှင်တက်သွားကြသည်။ ပတ်ဝန်းကျင်မှာ ခဏတာ တိတ်ဆိတ် ငြိမ်သက်သွားပြီး သူတို့က လုရီတို့ကို သတိဖြင့် ကြည့်နေကြ၏။
တိတ်ဆိတ်မှုက ခဏလေးသာ ကြာလိုက်သည်။
ငွေလမင်းကဲ့သို့ တောက်ပသော အစစ်အမှန်အင်မော်တယ် ဝံပုလွေကြီးတစ်ကောင် ဟိန်းဟောက်လိုက်သည်။
သူက လုရီတို့အုပ်စုထံသို့ ခုန်အုပ်လိုက်၏။
ဝံပုလွေကြီး ခုန်ထွက်လာသည်နှင့် သူ၏ကိုယ်ဟန်မှာ လေထဲတွင် ရပ်တန့်သွားပြီး ပတ်ဝန်းကျင်နေရာလပ်တစ်ခုလုံး လုံးဝ ခဲကျပ်သွားသည်။
ဝံပုလွေကြီးက ပြင်းထန်စွာ ရုန်းကန်နေပြီး သူ၏မျက်လုံးများမှာ အေးစက်သော မုန်းတီးမှုများဖြင့် ပြည့်နှက်နေ၏။
အခြားကျွန်များ၏ ကိုယ်အနှံ့တွင်လည်း စွမ်းအင်များ တိုးပွားလာပြီး ခုန်အုပ်ရန် ပြင်ဆင်နေကြသည်။
လုရီက သက်ပြင်းချလိုက်ပြီး ညင်သာသော ဝိညာဉ်လှိုင်းများက ထုတ်လွှင့်လာသည်။
"ကြယ်လေ ပင်လယ်ဓားပြတွေ ကျဆုံးသွားပြီ။ မင်းတို့ အားလုံး အခု လွတ်လပ်သွားကြပြီ။"
ဤစကားကြောင့် ပတ်ဝန်းကျင်မှာ နောက်တစ်ကြိမ် တိတ်ဆိတ် ငြိမ်သက်သွားပြီး
လူတိုင်း မှင်သက်သွားကြသည်။
ပြင်းထန်စွာ ရုန်းကန်နေသော ငွေလမင်းဝံပုလွေကြီးပင်လျှင် ခဏတာ တောင့်တင်းသွားပြီး ၎င်း၏ ကြည်လင်သော မျက်လုံးများထဲတွင် မယုံနိုင်ခြင်းများဖြင့် ပြည့်နှက်နေလေသည်။