← Chapters

နောက်လိုက်များစွာနှင့် မင်းသမီးနီ...

Vol. 44 Ch. 650

နောက်လိုက်များစွာနှင့် မင်းသမီးနီ...

Vol. 44 Ch. 650

~"လွတ်လပ်... လွတ်လပ်သွားပြီလား?"

မည်သူက စတင်ပြောလိုက်သည်မသိ။

မကြာမီမှာပင်၊ ကျွန်များစွာတို့သည် တုံ့ပြန်လာကြ၏။

"တကယ်ကြီးလား။ အဲ့ဒီဓားပြကောင်တွေ အားလုံး သေကုန်ကြပြီလား။"

ငွေရောင်ဝံပုလွေကြီးသည် ရုန်းကန်နေသည်ကို ရပ်တန့်လိုက်ပြီး လုရီအား မယုံနိုင်သလိုမျိုး စူးစိုက်ကြည့်ရင်း မေးလိုက်သည်။

မည်သို့ပင်ဆိုစေ၊ ခေါင်းဆောင်သုံးဦး၏ စွမ်းအားမှာ သူ့ထက် များစွာသာလွန်သည်ကို သူအသိဆုံးဖြစ်၏။ ယခင်က သူတို့၏ဂြိုဟ်တွင် သူ့အဆင့်ရှိသော အစစ်အမှန်အင်မော်တယ် ဆယ်ဦးကျော် ရှိခဲ့သော်လည်း၊ ထိုကဲ့သို့သော နက်ရှိုင်းခြင်းအင်မော်တယ်များနှင့် ရင်ဆိုင်ရချိန်တွင် ခုခံနိုင်စွမ်းပင် မရှိခဲ့ကြပေ။

လုရီက ခေါင်းညိတ်ကာ နူးညံ့စွာ ပြုံးလိုက်ပြီး "ဒါပေါ့၊ တကယ်ပေါ့။ မင်းတို့ကိုယ်တိုင် အပြင်ထွက်ကြည့်နိုင်ပါတယ်။" ဟု ပြောလိုက်သည်။

စကားဆုံးသည်နှင့် လုရီသည် နေရာလပ်အချုပ်အနှောင်များကို ဖြေလျှော့ပေးလိုက်ရာ ငွေရောင်ဝံပုလွေကြီးသည် မြေပြင်ပေါ်သို့ ဘုန်းကနဲ ကျလာ၏။

၎င်းသည် လုရီကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဘေးပတ်လည်ရှိ လူများကို ဝေ့ကြည့်ကာ သူတို့ကြားမှ ဖြည်းညင်းစွာ လျှောက်ထွက်သွားလေသည်။

မည်သူမျှ သူ့ကို မတားဆီးကြ။ အချို့မှာ သူ့အတွက် လမ်းပင်ဖယ်ပေးလိုက်ကြ၏။

ဤမြင်ကွင်းကို မြင်သောအခါ၊ အခြားကျွန်များသည်လည်း ငွေရောင်ဝံပုလွေကြီးနောက်သို့ လိုက်၍ အပြင်သို့ ထွက်သွားကြတော့၏။

မကြာမီပင်၊ သူတို့သည် နေရာအနှံ့ ပြန့်ကျဲနေသော အလောင်းများနှင့် သွေးကွက်များကို တွေ့မြင်လိုက်ရသည်။ ဤအရာက ကျွန်များ၏ မျက်လုံးများကို အရောင်တောက်သွားစေပြီး သူတို့၏ မျက်နှာအမူအရာများလည်း ပြောင်းလဲသွားစေသည်။

သူတို့သည် ခြေလှမ်းများကို အရှိန်မြှင့်လိုက်ကြ၏။ စိတ်လှုပ်ရှားမှုများက ရင်ထဲတွင် ပြည့်လျှံနေတော့သည်။ မကြာမီမှာပင်၊ အင်မော်တယ်အဆင့် ကျွန်အချို့သည် ကောင်းကင် လှေပျံမှ အလျင်အမြန် ထွက်ခွာပြီး အခြားလှေပျံများဆီသို့ ပျံသန်းသွားကြသည်။

သိပ်မကြာလိုက်ပေ... သူတို့သည် အခြားလှေပျံများပေါ်မှ ပြန်ရောက်လာကြလေသည်။

ငွေရောင်ဝံပုလွေကြီးအပါအဝင် ကျွန်အားလုံး၏ မျက်နှာများပေါ်တွင် ဝမ်းသာပျော်ရွှင်မှုကြောင့် အံ့အားသင့်နေသော အရိပ်အယောင်များ ထင်ဟပ်နေ၏။

"သူတို့အားလုံး သေပြီ။ အဲ့ဒီတိရစ္ဆာန်ကောင်တွေ အားလုံး သေကုန်ပြီ။"

ဤကြေညာသံအဆုံးတွင်၊ အင်အားနည်း၍ သင်္ဘောထဲမှ မထွက်ခဲ့သော ကျင့်ကြံသူများ၏ မျက်နှာထက်တွင် ကျယ်ပြန့်သော အပြုံးများ ပေါ်ပေါက်လာလေသည်။

"ဟားဟားဟား။ တန်ရာတန်ကြေးပဲ။ ကောင်းကင်ဘုံက တရားမျှတပါပေတယ်။"

"အဲ့ဒီသားရဲကောင်တွေ သေသင့်တာ ကြာပြီ။"

ကျွန်များသည် အလွန်တရာ စိတ်လှုပ်ရှားကာ ငိုလိုက်ရယ်လိုက် ဖြစ်နေကြသည်။

လုရီနှင့် အခြားသူများသည် ထိုစိတ်ခံစားမှု ပြင်းထန်နေသော ကျွန်များကို စကားတစ်ခွန်းမျှမဆိုဘဲ ကြည့်နေကြ၏။

သူတို့သည် ဤခံစားချက်များကို အပြည့်အဝနားမလည်နိုင်သော်လည်း အတိုင်းအတာတစ်ခုအထိတော့ ကိုယ်ချင်းစာနိုင်ပါသည်။

အထူးသဖြင့် သတ္တဝါနီများမှလွဲ၍ ကျန်ကျွန်များ၏ နေရပ်ဌာနေများမှာ ပျက်စီးသွားခဲ့ရပြီဖြစ်သည်။

ဤအမုန်းတရားသည် အလွန်နက်ရှိုင်းလှပါ၏။

ခဏအကြာတွင်၊ များပြားလှသော ကျွန်များသည် သတိပြန်ဝင်လာကြပြီး လုရီတို့အုပ်စုဘက်သို့ ကြည့်လိုက်ကြသည်။

ငွေရောင်ဝံပုလွေကြီး၏ ဦးဆောင်မှုအောက်တွင် အင်မော်တယ်အဆင့် ကျွန်အချို့နှင့် အခြားကျွန်များသည် သူတို့ထံသို့ ချဉ်းကပ်လာကြ၏။

ငွေရောင်ဝံပုလွေကြီးသည် မြေပြင်ပေါ်တွင် ဝပ်တွားလိုက်ပြီး၊ အခြားလူသားပုံစံ ကျွန်များသည်လည်း သူတို့၏ မျိုးနွယ်အလိုက် ရိုးရာအလေးပြုနည်းများဖြင့် လုရီအား ကျေးဇူးတင်ခြင်းနှင့် လေးစားမှုကို ပြသကြသည်။

"ကျေးဇူးရှင်... ကျွန်တော် စောစောက မဆင်မခြင် ပြုမူမိခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော်တို့အတွက် လက်စားချေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။"

ငွေရောင် ဝံပုလွေကြီးက အနည်းငယ်

ညိုးငယ်သော အသံဖြင့် ဆိုလေသည်။

"ကျေးဇူးတင်ပါတယ် ကျေးဇူးရှင်။"

အခြားကျွန်များကလည်း တစ်ပြိုင်နက်တည်း ပြောလိုက်ကြ၏။ကျွန်များကလည်း တစ်ပြိုင်နက်တည်း ပြောလိုက်ကြ၏။

လုရီက ပြုံးလိုက်သည်။

"ဒါက ကျုပ်အတွက်တော့ ကြိုးစားစရာ

မလိုတဲ့ ကိစ္စလေး တစ်ခုပါပဲ။ အခု ခင်ဗျားတို့အားလုံး လွတ်လပ်သွားကြပြီ။ သွားချင်တဲ့နေရာကို သွားနိုင်ကြပါပြီ။ သွားကြပါတော့။"

ဤစကားကို ကြားသောအခါ ကျွန်အားလုံးသည် ခဏတာ မှင်သက်သွားကြသည်။

ထို့နောက် သူတို့၏ စိတ်ခံစားချက်များသည် ရုတ်တရက် ထိုးကျသွား၏။

လုရီလည်း သဘောပေါက်လိုက်သည်။ နေရပ်ပျောက်ဆုံးနေသော ဤကျွန်များသည် ဘယ်ကိုသွားရမည်ကို သိကြလိမ့်မည် မဟုတ်ပေ။

အင်မော်တယ်အဆင့် ကျွန်အနည်းငယ်မှာ အခြေအနေအနည်းငယ် ပိုကောင်းသေးသည်။ သူတို့သည် ကျယ်ပြောလှသော ကြယ်တာရာစကြဝဠာထဲတွင် အသက်ရှင်ရပ်တည်နိုင်သော်လည်း၊ အခြားသူများ၊ စွမ်းအားရှင်အဆင့်ရှိသူများပင်လျှင် အာကာသထဲတွင် ကြာရှည်စွာ ရှင်သန်နိုင်မည်မဟုတ်ပေ။

သူတို့မှာ အိမ်ပြန်စရာ မရှိတော့။

လုရီသည် ခဏမျှ စဉ်းစားပြီးနောက် "ခင်ဗျားတို့မှာ ပြန်စရာအိမ် မရှိဘူးဆိုရင်တော့ ကျွန်တော်တို့ရဲ့ ဂြိုဟ်မှာ လာနေဖို့ ကြိုဆိုပါတယ်။" ဟု ဆိုလိုက်သည်။

ထိုစကားကို ကြားသောအခါ၊ သူ့ဘေးမှ လင်းလောင်တောင်ထိပ်သခင်မ၊ လျိုနင်ရွှမ်းနှင့် အခြားသူများသည် အံ့အားသင့်သွားပြီး လုရီကို တစ်ချက်ကြည့်လိုက်ကြသော်လည်း ကန့်ကွက်စကားတစ်ခွန်းမျှ မဆိုခဲ့ကြပေ။

ဝမ်ကျန်းယွမ်နှင့် အခြားသူများမှာတော့ တိတ်ဆိတ်သွားကြ၏။

ယခုအခါ ထျန်းမင်ဂြိုဟ်သည် အင်မော်တယ်ကြယ်တစ်လုံးအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သော်လည်း ပြန်လောင်လာသော အင်မော်တယ်များလည်း များပြားလှရာ လူတိုင်းက မိမိတို့၏ အရင်းအမြစ်များကို အခြားသူများနှင့် မျှဝေသုံးစွဲလိုကြမည်မဟုတ်။

သို့သော် လုရီက ဤသို့ဆိုလာသည့်အခါတွင်တော့...

ထျန်းမင်ဂြိုဟ် အင်မော်တယ်ကြယ်အဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမှာ လုရီတစ်ဦးတည်း၏ ကြိုးပမ်းမှုကြောင့်ဖြစ်သည်ကို ထည့်မပြောလျှင်ပင်၊ လုရီ ပြသခဲ့သော ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအားနှင့် သူ့နောက်တွင် ရှိနေသော ယွီမိသားစု၏ ထောက်ပံ့မှုတို့ကြောင့် သူတို့သည် ဆန့်ကျင်နိုင်စွမ်း မရှိကြပေ။

ဝမ်ကျန်းယွမ်နှင့် အခြားသူများသည် လုရီနှင့် ဆက်ဆံရေးကောင်းမွန်ကြသောကြောင့် မကြာမီမှာပင် လက်ခံလိုက်ကြသည်။

လုံယွမ်က အပြုံးနှင့်အတူ ဆိုလိုက်၏။

"လုရီက ဒီလို ပြောလာတော့ ကျုပ်တို့မှာ သဘောထား ကွဲလွဲစရာ မရှိပါဘူး"

"ကျုပ်လည်း ကန့်ကွက်စရာ မရှိပါဘူး" ပုယွင်ကျန့်ကလည်း ထောက်ခံလိုက်၏။

လုရိီနှင့် ဆက်ဆံရေး ကောင်းမွန်သော

အင်မော််တယ်များက ရှေ့ဆုံးမှ ထောက်ခံလိုက်ကြရာ ကျန်လူများမှာ မည်သို့မျှ ငြင်းဆန်နိုင်စွမ်း မရှိတော့ပေ။

ကိစ္စအားလုံး အေးချမ်းစွာ ပြီးဆုံးသွားသည်ကို မြင်သောအခါ ငွေရောင်ဝံပုလွေကြီးနှင့် အခြားသော ကျွန်သက်တမ်းမှ လွတ်မြောက်လာသူများမှာ အံ့အားသင့်နေရာမှ မယုံနိုင်စရာ ကောင်းလောက်အောင် ပြင်းထန်သော ပျော်ရွှင်မှုများ သူတို့၏ မျက်နှာထက်တွင် ပေါ်လာတော့သည်။

"ကျေးဇူးရှင်... ဒါက တကယ်ဖြစ်နိုင်လို့လား"

"ကျွန်တော်တို့... တကယ်ပဲ ဒီမှာ နေလို့

ရတော့မှာလား"

လုရိက ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်၊ ခင်ဗျားတို့ ဒီမှာ နေနိုင်ပြီ"

သူ အမှန်တကယ် လိုအပ်နေသည်မှာ

ထျန်းမင်မှ ကျင့်ကြံသူများ၏ အင်အားကို အမြန်ဆုံး တောင့်တင်းလာစေရန် ဖြစ်ပြီး၊ အရည်အချင်း ရှိသော ကျင့်ကြံသူများကို လက်ခံခြင်းသည်လည်း သူ၏ အကျိုးစီးပွားအတွက်ပင် ဖြစ်သည်။

ထိုသို့ပြုလုပ်မှသာ နောင်တစ်ချိန်တွင်

‘ကျိုယို လမ်းကြောင်း’ အပြည့်အဝ ပွင့်လာသည့်အခါ ခုခံနိုင်မည့် အင်အားအလုံအလောက် ရှိပေလိမ့်မည်။

ဤအုပ်စုထဲတွင် ‘ အစစ်အမှန်

အင်မော််တယ်’သုံးဦးနှင့် ‘ကောင်းကင်ဘုံ အင်မော််တယ်’ ဆယ့်နှစ်ဦး ပါဝင်ရာ

အင်မော််တယ် အဆင့် စွမ်းအားရှင်များထဲတွင် အင်အား မသေးလှပေ။

လုရိီထံမှ အာမခံချက်ကို ရရှိလိုက်သည်နှင့် သူတို့အားလုံး၏ မျက်နှာထက်တွင်

ပျော်ရွှင်သော အပြုံးများ ချက်ချင်း ဝေဆာသွားတော့သည်။

လုရီ ပြုံးလိုက်မိသည်။ နေစရာ မရှိသော ဤကျင့်ကြံသူများကို နေရာထိုင်ခင်း ပေးရခြင်းမှာ မှန်ကန်သော လုပ်ရပ်ဟု သူ ခံစားမိသည်။

ထို့နောက် သူက ဝမ်ကျန်းယွမ်တို့ဘက်သို့ လှည့်ကာ ပြုံးလျက် ဆိုလိုက်သည်။

"အကြီးအကဲတို့ခင်ဗျာ၊ ဒီ ‘ကြယ်လေ ပင်လယ် ဓားပြအဖွဲ့’ မှာ အရင်းအမြစ်တွေ အများကြီး ရှိလောက်တယ်။ အားလုံးကို ခင်ဗျားတို့ကိုပဲ ကျွန်တော် ပုံအပ်လိုက်ပါ့မယ်"

သူ့အတွက်မူ ဤမျှလောက်သော အရင်းအမြစ် အနည်းငယ်မှာ အသုံးမဝင်တော့ပေ။

ထိုအစား ဤအင်မော််တယ်များ၏ စွမ်းအားကို မြှင့်တင်ပေးလိုက်ခြင်းက ပို၍ကောင်းသည်။

ထိုအခိုက်အတန့်၌ ဝမ်ကျန်းယွမ်နှင့် အခြားသူများမှာ လုံးဝ မထင်မှတ်ထားသည့်အတွက် အံ့အားသင့်ကာ တုံ့ပြန်ရန် အနည်းငယ် နှေးကွေးသွားကြသည်။

ထို့နောက် သတိ ပြန်ဝင်လာသောအခါ

ဝေ့ခန်း၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေလျက်ရှိသည်။

"လုရိီသခင်လေး... တကယ်... တကယ်ပြောတာလား?!"

လုရိီက ခေါင်းညိတ်ပြလိုက်သည်။

"သွားပြီးတော့ ခွဲဝေယူလိုက်ကြပါ"

အင်မော််တယ် အားလုံး၏ မျက်နှာများထက်တွင်လည်း အံ့အားသင့်မှုနှင့်အတူ ပျော်ရွှင်သော အရိပ်အယောင်များ ထင်ဟပ်လာသည်။

သူတို့တစ်ဦးချင်းစီက လုရိီအား ဦးညွှတ်အရိုအသေပေးကြ၏။

"သခင်လေး လုရီကို ကျေးဇူးတင်ပါတယ်"

"လုရီ၊ ဒါဆိုရင်တော့ ကျုပ်တို့လည်း

အားမနာတော့ဘူး နော်"

ထို့နောက် အင်မော််တယ်အားလုံး နေရာတွင်ပင် အရိပ်အယောင်မျှမကျန် ပျောက်ကွယ်သွားကြတော့သည်။ သူတို့အားလုံး သယံဇာတများကို အပြေးအလွှား သွားရောက် သိမ်းပိုက်နေကြသည်မှာ ထင်ရှားလှ၏။

All Chapters