နောက်လိုက်များစွာနှင့် မင်းသမီးနီ_၃ ...
Vol. 44 Ch. 652
~ယွီယွမ်ဝူကလည်း မျက်နှာတွင် ထူးဆန်းသော အမူအရာဖြင့် လုရီကို ကြည့်ကာ "ငါ့ယောက်ဖလောင်း ဖြစ်ထိုက်ပါပေတယ်။ အဆင့်ချိုးဖြတ်တာတောင် ဒီလောက်တောင် လှုပ်လှုပ်ခတ်ခတ်ဖြစ်အောင် လုပ်နိုင်တာပဲ။ တကယ်ကို လေးစားဖို့ကောင်းပါပေတယ်" ဟု ဆိုလိုက်သည်။
လုရီ၏ နှုတ်ခမ်းများမှာ တွန့်သွားသည်။ သူကရော ဘာတတ်နိုင်မှာလဲ။
ဉာဏ်အလင်းရောင်ဝါခြုံလွှမ်းခြင်း အခြေအနေတွင် သူက ထျန်းမင်ဂြိုဟ်ပေါ်ရှိ သက်ရှိအားလုံးအတွက် အကျိုးကျေးဇူးတစ်ခုအဖြစ် ရည်ရွယ်ခဲ့သော်လည်း ဤမျှလောက်အထိ ပွဲဆူသွားမည်ဟု မည်သူက ထင်ထားမည်နည်း။
မကြာမီပင် လုရီသည် တစ်စုံတစ်ခုကို တွေးမိကာ သူ့မျက်လုံးများ အရောင်တောက်သွားသည်။
ဖြစ်နိုင်တာက ထျန်းမင်ဂြိုဟ်တစ်ခုလုံးကို လွှမ်းခြုံနိုင်သော မဟာအခင်းအကျင်းကြီးတစ်ခု တည်ဆောက်ရန် လိုအပ်နေပါပြိီ။
သို့မှသာ နောင်တွင် ဉာဏ်အလင်းရောင်ဝါခြုံလွှမ်းခြင်း အခြေအနေမျိုး ဖြစ်ပေါ်လာလျှင်ပင် သတင်းက အဝေးသို့ ပျံ့နှံ့သွားမည် မဟုတ်ပေ။
ဤနည်းဖြင့်ဆိုလျှင် အန္တရာယ် သိပ်မများနိုင်တော့။ သို့သော် ထျန်းမင်ဂြိုဟ် တစ်ခုလုံးကို ဖုံးလွှမ်းနိုင်သည့် မဟာအခင်းအကျင်းကြီးတစ်ခု တည်ဆောက်ခြင်းမှာ မလွယ်ကူသော စီမံကိန်းကြီးတစ်ခုဖြစ်ပြီး အချိန်အတော်ကြာ ယူရဖွယ်ရှိသည်။
သူသည် အစစ်အမှန် အင်မော်တယ်အဆင့်သို့ ချိုးဖြတ်နိုင်ခဲ့သောကြောင့်သာ တော်သေးသည်၊ သို့မဟုတ်လျှင် သူ၏ အင်အားမှာ မလုံလောက်နိုင်ပေ။
ထိုအရာ မတိုင်မီ သူ၏ အခင်းအကျင်း
တာအိုဆိုင်ရာ ဉာဏ်အလင်းပေါက်ခြင်းကို အနည်းငယ် ပိုမို မြှင့်တင်ထားလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ဪ... ပြီးတော့ ဒီတစ်ခေါက် အဆင့်ချိုးဖြတ်ခြင်းမှ ရရှိခဲ့သော 'ဖရိုဖရဲ နတ်ဘုရားကျောက်သလင်း' ကိုလည်း မစုပ်ယူရသေးပေ။ ၎င်းကို စုပ်ယူရန် တံခါးပိတ်ကျင့်ကြံဖို့ လိုအပ်နေသေးသည်။
သို့သော် ယခုအခါတွင် အပြင်ဘက်မှ လူများ အချိန်မရွေး ဆွဲဆောင်ခံရနိုင်သည့် အန္တရာယ်ရှိနေသောကြောင့် သူသည် တံခါးပိတ်ကျင့်ကြံရန် မဝံ့ရဲချေ။
အကယ်၍ သူ၏ တံခါးပိတ်ကျင့်ကြံမှုကို နှောင့်ယှက်ခံရပြီး 'ဖရိုဖရဲ နတ်ဘုရားကျောက်သလင်း' အလဟဿဖြစ်သွားစေပါက သူ သွေးအန်ရလိမ့်မည်။
ထိုသို့သော ရတနာမှာ အလွန်တရာ တန်ဖိုးကြီးလှသောကြောင့်သူပင်လျှင် မဖြုန်းတီးရဲဘဲ လုံးဝ သေချာစိတ်ချရမှသာ ပြုလုပ်ရဲပေမည်။
လုရီ အနည်းငယ် စိတ်ရှုပ်ထွေးနေမိသည်။သူသည် ယွီမိသားစုထံမှ အားဖြည့်ကူညီမှုများ ရောက်ရှိလာသည်အထိသာ စောင့်ဆိုင်းနိုင်တော့သည်။ ထိုအချိန်မတိုင်မီ သူသည် 'ဖရိုဖရဲ နတ်ဘုရားကျောက်သလင်း' ကို စုပ်ယူနိုင်မည် မဟုတ်ပေ။
မကြာမီမှာပင် လုရီသည် သူ၏အဖွဲ့ကို တိမ်ဖြူအင်မော်တယ်ဂိုဏ်းသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။
ဤမျှလောက် သိပ်သည်းကြွယ်ဝသော အင်မော်တယ် ဝိညာဉ်စွမ်းအင်ချီကို ခံစားလိုက်ရသောအခါ ငွေရောင်ဝံပုလွေကြီးကဲ့သို့သော အစစ်အမှန်အင်မော်တယ်တစ်ပါးပင်လျှင် မျက်လုံးများ ပြူးကျယ်သွားရသည်။
သူတို့သည် ယခင်က ဤမျှ ကောင်းမွန်သော ကျင့်ကြံခြင်းပတ်ဝန်းကျင်မျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ကြပေ။ သူတို့အားလုံး၏ မျက်နှာများတွင် အံ့အားသင့်ခြင်းနှင့် ဝမ်းမြောက်ခြင်း အရိပ်အယောင်များ ထင်ဟပ်နေလေသည်။
သူတို့၏ သခင်နောက်ကို လိုက်လာရုံဖြင့် ဤသို့သော ကောင်းချီးအခွင့်အလမ်းကြီးကို ရရှိခဲ့သည်ပင်။ ဤသည်မှာ အလွန်ကြီးမားသော အမြတ်အစွန်းပင် ဖြစ်သည်။
ဝူချင်းဖုန်းနှင့် တိမ်ဖြူအင်မော်တယ်ဂိုဏ်းမှ အခြားသော အင်အားကြီးသူများမှာ လုရီ ချဉ်းကပ်လာသည်ကို သဘာဝအတိုင်း ခံစားမိကြပြီး သူ့ကို ကြိုဆိုရန် ပျံသန်းထွက်လာကြသည်။
လုရီ၏ နောက်တွင် ပါလာသော လူအုပ်ကြီးကို မြင်သောအခါ ဝူချင်းဖုန်းနှင့် အခြားသူများမှာ မှင်တက်သွားကြသည်။
"ရီအာ... ဒီလူတွေက ဘယ်သူတွေလဲ"
လုရီက ပြုံးကာ "သူတို့က ကျွန်တော်တို့ တိမ်ဖြူအင်မော်တယ်ဂိုဏ်းကို ဝင်ချင်ကြတဲ့သူတွေပါ၊ အစစ်အမှန်အင်မော်တယ် သုံးယောက်၊ ကောင်းကင်ဘုံအင်မော်တယ် ဆယ့်တစ်ယောက်၊ ကျန်တဲ့သူတွေကိုတော့ ဂိုဏ်းချုပ်ကိုယ်တိုင် အာရုံခံကြည့်လိုက်ပါ" ဟု ပြောလိုက်သည်။
ကောင်းကင်ဘုံအင်မော်တယ်တစ်ဦး ထွက်ခွာသွားခဲ့၍သာ။ မဟုတ်လျှင်
အင်မော်တယ် ဆယ့်နှစ်ယောက် ရှိမည်ဖြစ်သည်။
သို့သော် လုရီသည် ထိုအချက်ကို ဂရုမစိုက်ပေ။ လူတိုင်းတွင် ကိုယ်ပိုင်လမ်းရှိသည် မဟုတ်ပါလား။
သူ့နောက်ကို လိုက်သရွေ့ သူက သူတို့ကို နစ်နာအောင် ပြုလုပ်မည်မဟုတ်ပေ။
ဝူချင်းဖုန်းနှင့် အခြားသူများ: "???"
လုရီ၏ စကားကို ကြားသောအခါ သူတို့၏ စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ပြည့်နှက်သွားပြီး လုံးဝ မယုံနိုင်အောင် ဖြစ်သွားကြသည်။
ဒါက ဘယ်လို မှော်ပညာအစွမ်းမျိုးလဲ။
အစစ်အမှန်အင်မော်တယ် သုံးယောက်၊ ကောင်းကင်ဘုံအင်မော်တယ် ဆယ့်တစ်ယောက်တဲ့လား။
ဤသို့သော အင်အားသည် ထျန်းမင်ဂြိုဟ်ပေါ်ရှိ အခြားသော အင်မော်တယ်ဂိုဏ်းများနှင့် မြင့်မြတ်နယ်မြေများအားလုံး၏ စုစုပေါင်းအင်အား ထက်ဝက်ကျော်နှင့်ပင် ညီမျှလုနီးပါး ရှိနေပြီဖြစ်သည်။
ဤမျှလောက်များသော အင်အားကြီးပုဂ္ဂိုလ်များက တိမ်ဖြူအင်မော်တယ်ဂိုဏ်းသို့ ဝင်ရောက်လိုကြသည်တဲ့လား။
နောက်နေတာလား။
"ရီအာ... မင်း တကယ်ပြောနေတာလား"
ဝူချင်းဖုန်း တစ်ယောက် စိတ်လှုပ်ရှားမှုကြောင့် စကားများပင် ထစ်အသွားသည်။
"ဒါပေါ့၊ တကယ်ပေါ့၊ သူတို့ရဲ့ နေရာချထားရေးကိစ္စတွေကိုတော့ ဂိုဏ်းချုပ်ပဲ တာဝန်ယူပေးပါ" လုရီက ရယ်မောရင်း ပြောလိုက်သည်။
ဝူချင်းဖုန်းသည် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းတဆက်ဆက်ညိတ်ကာ သဘောတူလိုက်သည်။
သူသည် ထိုသက်ရှိအုပ်စုကို ကြည့်ရင်း ထိန်းမနိုင်သိမ်းမရ ပြုံးရွှင်နေကာ ပြောလိုက်တော့သည်။
"ငါ့နောက်လိုက်ခဲ့ကြ၊ မြန်မြန်လာ၊ ငါ့နောက်လိုက်ခဲ့ကြ"
ငွေရောင်ဝံပုလွေနှင့် အခြားသူများသည်
လုရီပြောသည်ကို သဘာဝအတိုင်း ကြားကြပြီး ဝူချင်းဖုန်းနောက်သို့ လိုက်ပါသွားကြတော့သည်။
လုရီသည် ထွက်ခွာရန် ဟန်ပြင်နေသော သတ္တဝါနီများကို မြင်သောအခါ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် မေးလိုက်သည်။
"မင်းတို့ထဲမှာ ဘယ်သူက တာဝန်ရှိသူလဲ"
စကားပြောနေစဉ် လုရီသည် အလွန်တရာ လှပတင့်တယ်ပြီး မင်းမျိုးမင်းနွယ်ဆန်သော အမျိုးသမီးသတ္တဝါကို ကြည့်လိုက်သည်။ သူမသည် တာဝန်ရှိသူ ဖြစ်နိုင်လောက်သည်။
သတ္တဝါနီများ၏ မျက်နှာအမူအရာများမှာ အနည်းငယ် ပြောင်းလဲသွားပြီး သူတို့၏ အမူအရာတွင် စိတ်လှုပ်ရှားနေဟန် အနည်းငယ် ပါဝင်နေသည်။
သို့သော် ထိုလှပသော အမျိုးသမီးမှာမူ စိတ်လှုပ်ရှားသည့် အရိပ်အယောင် တစ်စိုးတစ်စိမျှ မပြဘဲ တည်ငြိမ်စွာ ပျံသန်းထွက်လာပြီး လေးစားသောဟန်ဖြင့် အနည်းငယ် ကိုယ်ကို ညွတ်ကာ ပြောလာ၏။
"သခင်... ကျွန်မက သူတို့ရဲ့ မင်းသမီးပါ"
"ငါနဲ့ လိုက်ခဲ့"
လုရီက ပြုံးလိုက်ပြီး ပြောလိုက်သည်။
လင်းလောင်တောင်ထိပ်သခင်မသည် မျက်ခုံးပင့်လိုက်ပြီး လုရီကို စိတ်ဝင်တစား ကြည့်လိုက်သည်။
ဒီကောင်လေး... ဒီမိန်းကလေးက လှလို့များ မသန့်ရှင်းတဲ့စိတ်တွေ မွေးနေတာတော့ မဟုတ်ပါဘူးနော်။
သူမသည် စိတ်ထဲတွင် ထူးဆန်းစွာ မသက်မသာ ခံစားလိုက်ရသည်။