ထူးဆန်းသော သွေးမျိုးဆက်နှင့် အင်မော်တယ်ကျမ်းစာ လွှဲပြောင်းပေးခြင်း ...
Vol. 44 Ch. 653
~ရင်သပ်ရှုမောဖွယ် ချောမောလှပသော အမျိုးသမီးက ခေါင်းညိတ်ကာ “ဟုတ်ကဲ့ပါ” ဟု ဖြေကြားလိုက်သည်။
ထို့နောက်တွင်တော့ လုရီသည် ထိုအလွန်လှပသော အမျိုးသမီးကို လင်းလောင်တောင်ထိပ်သို့ ခေါ်ဆောင်လာခဲ့ပြီး လင်းလောင်တောင်ထိပ် သခင်မနှင့်အတူ
လျိုနင်ရွှမ်းတို့ လေးဦးသားလည်း လိုက်ပါလာခဲ့ကြ၏။
ယွီယွမ်ဝူကတော့ နောက်မှလိုက်ပါလာသော လူအုပ်ကို သတိပြုမိပြီးနောက် အလိုက်တသိဖြင့် လိုက်မသွားတော့ဘဲ သူ၏ ကျင့်ကြံမှုကို ဆက်လက် လုပ်ဆောင်ရန် တောင်ထိပ်သို့ တန်းတန်းမတ်မတ် ပြန်သွားလေသည်။
လုရီ၏ ကျောက်ဂူ စံအိမ်အဝင်ဝသို့ ရောက်သောအခါ ကြယ်ငယ်လေးသည်
ကြယ်ရောင်များဖြင့် တစ်ဖန်လွှမ်းခြုံခံထားရပြီး ကောင်းကင်ကြယ်တာရာ သစ်ပင်၏ ပင်စည်ဘေးတွင် ပျံဝဲနေကာ အသွင်ပြောင်းလဲမှု တစ်ခုကို ထပ်မံလပြုလုပ်နေပုံရသည်ကို တွေ့လိုက်ရသဖြင့် လုရီ အနည်းငယ် အံ့အားသင့်သွားသည်။
နှစ်တွေ ကြာလာသည်နှင့်အမျှ လုရီသည် သူ့ကို သိပ်ပြီး အာရုံမစိုက်ဖြစ်ခဲ့ပေ။ အားလပ်ချိန်ရမှသာ ရံဖန်ရံခါ ကစားပေးတတ်ပြီး အချိန်အများစုတွင် သူ၏
ဂျူနီယာ အစ်မများကသာ ထိုသတ္တဝါလေးနှင့်အတူ ကျင့်ကြံ ကစားပေးခဲ့ကြသည်။
မထင်မှတ်ဘဲ အချိန်တိုလေးအတွင်းမှာပင် ကြယ်ငယ်လေး၏ ကျင့်ကြံမှုအဆင့်သည် ကောင်းကင်ဘုံ အင်မော်တယ် အဆင့် ရှစ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
ဤကျင့်ကြံနှုန်းက... သူ့ရဲ့ စီနီယာအစ်မတွေနဲ့တောင် တန်းတူနီးပါးပါလားး။
မည်သို့ပင်ဆိုစေကာမူ သူ၏ စီနီယာ အစ်မများ ကျင့်ကြံမှု အလွန်လျင်မြန်နေခြင်းမှာ 'ယင်နှင့်ယန် တာအို အင်မော်တယ်ကျမ်း' မှ နှစ်ကိုယ်တူကျင့်စဉ်ကြောင့် ဖြစ်၏။
ကြယ်ရောင်သမင် တစ်ကောင် ဖြစ်ထိုက်ပါပေသည်ဟုသာ ဆိုနိုင်တော့သည်။ အင်မော်တယ်သားရဲ တစ်ကောင်၏ သွေးမျိုးဆက်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှပေစွ။
ဤအသွင် ပြောင်းလဲမှု ပြီးဆုံးသွားလျှင် ကောင်းကင်ဘုံ အင်မော်တယ်အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားဖွယ်ရှိလေသည်။
လုရီသည် ဆက်လက်၍ အာရုံမစိုက်တော့ဘဲ ကျောက်ဂူ စံအိမ်ထဲသို့ ဝင်ရောက်သွားသည်။
လျိုနင်ရွှမ်းနှင့် အမျိုးသမီးလေးဦးအပြင် လင်းလောင်တောင်ထိပ် သခင်မတို့မှာလည်း ထိုနေရာကို မိမိတို့၏ အိမ်သဖွယ် သဘောထားကာ အတွင်းသို့ ဝင်ရောက်လာကြသည်။
ထိုအချိန်တွင် မင်းသမီးနီမှာမူ ခေါင်းကိုငုံ့ထားပြီး အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် နောက်မှ လိုက်ပါလာခဲ့၏။
သူမ၏ နေရပ်ဌာနေတွင် သူမ၏ ဂုဏ်ပုဒ်မှာ မြင့်မြတ်လှသော်လည်း ထိုကျိန်စာသင့်မည့် ပင်လယ်ဓားပြများက သူမကို ကျွန်အဖြစ် ဖမ်းဆီးသွားသည့် အချိန်မှစ၍ မင်းသမီးနီသည် အကြွင်းမဲ့အာဏာစွမ်းအားရှေ့မှောက်တွင် ဂုဏ်ပုဒ်ဆိုသည်မှာ အဓိပ္ပာယ်မဲ့ကြောင်း နားလည်သွားခဲ့သည်။
ထို့အပြင် မူလက သူမ၏ နေရပ်တွင် ရှိနေစဉ်က ကြယ်တာရာများကြားတွင် ဤမျှလောက် အစွမ်းထက်သော ပုဂ္ဂိုလ်များ ရှိနေမှန်း သူမ မသိခဲ့ပေ။
သို့သော် ကျွန်ဘဝတွင် ရှိနေစဉ်အတွင်း သူမသည် အခြားသော အင်မော်တယ်အဆင့် ကျွန်များနှင့် ဆက်သွယ်ပြောဆိုခဲ့ပြီး ပင်လယ်ဓားပြများ၏ စကားပြောဆိုမှုများကို နားထောင်ခဲ့ရာမှ ဤစကြဝဠာကြီးအကြောင်းကို အကြမ်းဖျင်း နားလည်လာခဲ့သည်။
ထိုသို့သော အင်မော်တယ်ကြယ် တစ်လုံးပေါ်တွင် အင်အား ကြီးမားသော
အင်မော်တယ်များစွာထံမှ ဤမျှလောက် လေးစားမှုကို ရရှိထားသော သခင်၏ ဂုဏ်ပုဒ်မှာ သူမထက်ပင် ပို၍မြင့်မားကြောင်းကိုလည်း သူမ သဘာဝကျကျပင် သိရှိနားလည်လိုက်သည်။
ထို့ကြောင့် မင်းသမီးနီသည် လုရီအပေါ် အလွန်တရာ အထင်ကြီးလေးစားမိသည့်အပြင် အလွန်အမင်းပင် ကျေးဇူးတင်မိနေတော့သည်။
အကယ်၍သာ သခင်က ထိုကြယ်တာရာကောင်းကင် ပင်လယ်ဓားပြများကို အနိုင်
မယူခဲ့ပါလျှင် မကြာမီမှာပင် သူမ ရောင်းစားခံရတော့မည်ကို စိုးရိမ်နေခဲ့ရသည် မဟုတ်ပါလော။
ယခုမူ သခင်က သူတို့ကို ကျွန်အဖြစ် မခိုင်းစေသည့်အပြင် သူမနှင့် သူမ၏
အမျိုးအနွယ်များအတွက် နေထိုင်စရာ နေရာတစ်ခုကိုပင် ပေးသနားခဲ့သည်။
မဟုတ်လျှင် သူမ၏ နေရပ်နှင့် ကြယ်တာရာ နယ်မြေပေါင်းများစွာ ဝေးကွာသော နေရာတွင် သူမနှင့် သူမ၏
အမျိုးအနွယ်တို့ ဘယ်ကို သွားလို့ ဘာလုပ်ရမှန်း သိကြမည်မဟုတ်ပေ။
သို့သော် သခင်က သူမကို ဤနေရာသို့ အဘယ်ကြောင့် ခေါ်ဆောင်လာသည်ကိုတော့ သူမ မသိသေးပေ။
ကျောက်ဂူစံအိမ်အတွင်းရှိ ခန်းမဆောင်ကြီးထဲသို့ ရောက်သောအခါ လုရီနှင့်
လျိုနင်ရွှမ်းတို့ ထိုင်လိုက်ကြပြီး မင်းသမီးနီမှာမူ သူတို့၏ ရှေ့တွင် စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ရပ်နေလေသည်။
ထိုသို့ စိတ်လှုပ်ရှားစွာ ရပ်နေသော မင်းသမီးနီကို မြင်လျှင် သုန်းကုန်းမင်ယွဲ့က အနည်းငယ် နားမလည်ဟန်ဖြင့် "စီနီယာအစ်ကိုကြီး..နင် သူ့ကို ဘာလုပ်ဖို့ လိုလို့လဲ" ဟု မေးလိုက်သည်။
ကျန်းရူယွီက မဲ့ပြုံးပြုံးကာ လုရီ၏ နံဘေးကို လက်ဖြင့် တို့ရင်း "မဟုတ်မှ လွဲရော... နင်က ဒီမိန်းကလေးကို သဘောကျလို့ အိပ်ဆောင်ထဲ ခေါ်သွင်းမလို့တော့ မဟုတ်ပါဘူးနော်" ဟု ဆိုလိုက်သည်။
လျိုနင်ရွှမ်းနှင့် ယွင်ရှီးတို့က လုရီကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
အမှန်အတိုင်းဆိုရလျှင် သူမတို့သည် ထိုအကြံအစည်ကို များများစားစား ကန့်ကွက်နေကြသည်တော့ မဟုတ်ပေ။ အကြောင်းမှာ နှစ်ကိုယ်တူ ကျင့်ကြံချိန်တွင် သူတို့သည် အချိန်ကြာကြာ မခံနိုင်ကြဘဲ အကြိမ်တိုင်းတွင် လုရီကသာ မိမိကိုယ်ကို ထိန်းချုပ်နေရသောကြောင့် ဖြစ်သည်။
တစ်ခါတစ်ရံ သူတို့သည် ထိုအချက်အတွက် အနည်းငယ် အားနာမိကြသည်။
သို့သော်လည်း ထိုသို့သော ကိစ္စမျိုးကို
သူတို့ ကိုယ်တိုင်က အကြံပြုရန်မှာတော့ လုံးဝ မဖြစ်နိုင်ပေ။ မည်သည့် အမျိုးသမီးက မိမိ ချစ်သူကို မိမိ တစ်ဦးတည်းကိုသာ ချစ်စေချင်မည် မဟုတ်ပါသနည်း။
ယခုအခါတွင် သူတို့ တစ်ဦးတည်း မဟုတ်တော့သော်လည်း လူသစ် ရှာဖွေရေးတွင် ကူညီပေးရန် မျှော်လင့်၍တော့ မရနိုင်သည်မှာ သေချာပါသည်တကား။
လင်းလောင်တောင်ထိပ် သခင်မက မျက်ခုံးတစ်ဖက်ပင့်ကာ ချောင်းဟန့်လိုက်ပြီး
"ကောင်စုတ်လေး... မင်း တကယ်ပဲ အဲ့လိုစဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်" ဟု မေးလိုက်သည်။
လင်းလောင်တောင်ထိပ် သခင်မသည် စိတ်ထဲတွင် အနည်းငယ် စိုးရိမ်နေမိသည်။
ဒီကောင်စုတ်လေး တကယ်ပဲ တခြားတစ်ယောက်ကို လိုက်နေတာတော့ မဟုတ်ပါဘူးနော်...
သူမ စိတ်ထဲက တွေးနေမိ၏။
လုရီက မျက်လုံးကိုလှန်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ဆိုလိုက်သည်။
"ခင်ဗျားတို့တွေ ဘာတွေ တွေးနေကြတာလဲ။ ခေါင်းထဲမှာ မဟုတ်တာတွေချည်းပဲ။ ခင်ဗျားတို့ကို အထင်သေးလိုက်တာ"
"???"
လျိုနင်ရွှမ်းနှင့် အခြားသူများမှာ လုရီကို
မယုံနိုင်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
ဒီလူ... သူက သူတို့ကို ပြန်ပြီး ဝေဖန်ရဲတယ်တဲ့လား။
"ကလေကချေ ဂျူနီယာမောင်လေး၊ ဒါတော့ လွန်လွန်းသွားပြီ။ အမြဲတမ်း အဲ့လို မဟုတ်မဟတ်တွေ လုပ်နေတာ ဘယ်သူလဲ"
ကျန်းရူယွီက အတော်လေး စိတ်တိုနေလေသည်။
ယွင်ရှီးကလည်း ခေါင်းကို တဆတ်ဆတ်ညိတ်ရင်း
"ညီမတော့ အစ်မရူယွီ ပြောတာမှန်တယ်လို့ ထင်တယ်။ လုရီကတော့ တကယ်ပဲ အရှက်မရှိဘူး" ဟု ထောက်ခံလိုက်သည်။
သူတို့ အပြန်အလှန်ပြောဆိုနေကြစဉ် မင်းသမီးနီမှာမူ အနည်းငယ် နားမလည်ဖြစ်နေဟန်တူသည်။
သူတို့ အချင်းချင်း ထျန်းမင်ဂြိုဟ်၏ ဘာသာစကားဖြင့် ပြောဆိုနေကြသောကြောင့် သဘာဝအတိုင်းပင်
မင်းသမီးနီမှာ နားမလည်နိုင်ခဲ့ပေ။
"အာ.. မင်းတို့ထင်သလို မဟုတ်ပါဘူးကွာ။ ငါ သူ့ကို ဆွေးနွေးစရာလေး ရှိလို့ပါ" လုရီက အထင်အမြင်လွဲမှားမှုများကို ဖြေရှင်းလိုက်သည်။
လုရီက အလေးအနက်ထား ပြောဆိုတော့မည်ကို မြင်သောအခါ ကျန်းရူယွီနှင့် အခြားသူများလည်း နောက်ပြောင်နေသည်ကို ရပ်တန့်လိုက်ကြတော့သည်။
လုရီသည် အနည်းငယ် တွေဝေပြီး စိတ်လှုပ်ရှားနေသော မင်းသမီးနီကို ကြည့်ကာ ညင်သာစွာ ပြုံးလိုက်ပြီး စိတ်အာရုံဖြင့် "မင်းနာမည် ဘယ်လိုခေါ်လဲ" ဟု မေးလိုက်သည်။
"သခင်ကို ဖြေကြားပါတယ်၊ ကျွန်မနာမည်က လိပ်ပြာနီပါ" သူမက ပြန်ဖြေသည်။
"လိပ်ပြာနီ... မင်း အိမ်ပြန်ချင်လား"
ဤစကားကို ကြားသောအခါ လိပ်ပြာနီသည် အံ့အားသင့်သွားပြီး လုရီကို မျက်လုံးအဝိုင်းသားဖြင့် ကြည့်ကာ
ပြန်မေးလာလေ၏။
"သခင်... ကျွန်မ တကယ် ပြန်လို့ရလို့လား"
လုရီက ခေါင်းညိတ်ပြရင်း "ဟုတ်တယ်၊ ငါ မင်းနဲ့ မင်းရဲ့အမျိုးတွေကို အိမ်ပြန်ပို့ပေးနိုင်တယ်။ ဒါပေမဲ့ သေချာစဉ်းစားသင့်တယ်။ စကြဝဠာထဲမှာ ကြယ်လေ ပင်လယ်ဓားပြအဖွဲ့လို ဓားပြတွေ အများကြီးရှိနေသလို၊ မင်းတို့အတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ ပိုပြီးတန်ခိုးကြီးတဲ့ သတ္တဝါတွေလည်း ရှိနေသေးတယ်" ဟု ဆိုလိုက်သည်။
လိပ်ပြာနီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ခါးသီးသော အရိပ်အယောင်များ ထင်ဟပ်လာသည်။
စကြဝဠာသည် ကျယ်ပြောလှပြီး အဆုံးအစမရှိပေ။ ယွီမိသားစုပင်လျှင် ကောင်းကင် ကြယ်တာရာနယ်မြေ အတွင်းရှိ ဂြိုဟ်တိုင်းကို တစ်လုံးချင်း စုံစမ်းစစ်ဆေးနိုင်မည် မဟုတ်ချေ။
ထိုသို့ ပြုလုပ်ရန် အချိန်ကုန်လွန်းပြီး အကျိုး မရှိပေ။
မည်သူမျှ မတွေ့ရှိဖူးသေးသော သက်ရှိများ နေထိုင်သည့် ဂြိုဟ်များလည်း များစွာရှိသေးသည်။
ထိုသို့သော ဂြိုဟ်အများစုမှာ ပထဝီဝင်ဆိုင်ရာ အကြောင်းရင်းများကြောင့် ရှာဖွေ
မတွေ့ရှိကြခြင်း ဖြစ်သည်။ အချို့မှာ လေဟာနယ်နီးပါး ဖြစ်သော နေရာများတွင် တည်ရှိနေပြီး အချို့မှာ အဓိက အာကာသခရီးသွား လမ်းကြောင်းများနှင့် အလွန်ဝေးကွာသော နေရာများတွင် တည်ရှိနေကြ၏။
ကောင်းကင်လှေပျံတိုင်းတွင် နေရာလပ်ဖြတ်ကျော်ခြင်း မဟာအခင်းအကျင်းကြီး တပ်ဆင်ထားသည် မဟုတ်ပေ။
ထိုသို့သော အခင်းအကျင်းများ ရှိသည့်တိုင် ယွီမိသားစု သို့မဟုတ် လုရီကဲ့သို့ ချမ်းသာကြွယ်ဝခြင်း မရှိပါက ကျင့်ကြံသူအများစုသည် ၎င်းကို အလွယ်တကူ အသုံးပြုနိုင်ကြမည်မဟုတ်ပါ။
အကြောင်းမူကား မြန်ဆန်သော ခရီးသွားလာမှုအတွက် ကြီးမားသော ကျင့်ကြံမှု အရင်းအမြစ်များကို သုံးစွဲ၍ အခင်းအကျင်းကို မည်သူက အသက်သွင်းလိုမည်နည်း။