ရင်းနှီးနေသော နေရာ
Vol. 146 Ch. 2075
မည်သူမှ ထင်မှတ်မထားခဲ့သည်မှာ တုန်းဟွာအခမ်းအနားသည် တုန်းဟွာနယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်သည့် ထိုသို့သော အခြေအနေမျိုးနှင့် အဆုံးသတ် သွားလိမ့်မည်ကို ဖြစ်သည်။ မည်သည့် မတော်တဆမှ မဖြစ်ခဲ့လျှင် ရီဖူရှင်းနှင့် ချန်ယိက တုန်းဟွာနယ်မြေအတွင်း၌ ထူးချွန်သော ပုဂ္ဂိုလ်များ ဖြစ်လာလိမ့်မည်။ သူတို့တွင် အကန့်အသတ်မဲ့သော ဂုဏ်များရှိပြီး ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သည်လည်း နေတစ်စင်းကဲ့သို့ ထွန်းလင်းတောက်ပလာလိမ့်မည်။
သို့သော် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ဟူသော အမည်သည် တုန်းဟွာနယ်မြေမှ နယ်မြေသခင်ကြောင့် ရှင်းလင်းဖယ်ရှားခံလိုက်ရပြီ ဖြစ်သည်။ ရီဖူရှင်းနှင့် ဆေးအင်ပါယာက အမဲလိုက်ခံနေရသည်။ နယ်မြေသခင်အိမ်တော်သည် သူတို့ကို ဝရမ်းပြေးများအဖြစ် ဖမ်းမိန့်ထုတ်ထားလိုက်ပြီး ဖြစ်သည်။
ဤ တိုက်ပွဲတွင် ရန်ဟောင်အများအပြား သုတ်သင်ခံလိုက်ရသည်။ သူတို့ကြားတွင် လက်တစ်ထောင်ဓားအင်ပါယာကဲ့သို့သော နာမည်ကျော်ကြားသည့် ပုဂ္ဂိုလ်များလည်း ပါဝင်သည်။ သူက ချန်ယိကြောင့် ကျဆုံးခဲ့ရသည်။ လူအများသည် ထိုတိုက်ပွဲ၌ ချန်ယိက မည်မျှ အစွမ်းထက်ကြောင်း မျက်မြင်တွေ့ခဲ့ကြရသည်။
ရီဖူရှင်းသည်လည်း ဧကရာဇ်အသိကို ပိုင်ဆိုင်ထားပြီး အလွန် အစွမ်းထက်လှပေသည်။
ရက်အနည်းငယ် ကြာပြီးနောက် နယ်မြေသခင်အိမ်တော်မှ ထွက်လာသော သတင်းမှာ ရီလျှို့နျန်ဟူသည် သူ၏ အမည်ရင်း မဟုတ်ဟု ဖြစ်၏။ ကောလဟာလများက ပြောကြသည်မှာ နယ်မြေသခင် အိမ်တော်သည် ထိုအကြောင်းကို စုံစမ်းခဲ့ပြီး ရီလျှို့နျန်၏ နာမည်အစစ်အမှန်မှာ ရီဖူရှင်းဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့ကြသည်။ သူသည် ကောင်းကင်ဒေသမှ လူအများစုနှင့် ရင်းနှီးခြင်း မရှိသည့် ရှေးဟောင်းဘုံတစ်ခုဖြစ်သော မူလဘုံမှ လာခြင်းဖြစ်သည်။
ပြောကြသည်မှာ ထိပ်သီးအင်အားစုများမှ အခြားဘုံ၌ ရှိနေသော အဖွဲ့ဝင်တချို့က ထိုအကြောင်းကို ရှာဖွေတွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။ ရီဖူရှင်းက မူလဘုံမှ လာခြင်းဖြစ်ပြီး သူက ထိုနေရာ၌ ရန်သူအများအပြား ဖန်တီးထားခဲ့သည်။ ရီဖူရှင်းသည် မူလဘုံ၌ အလွန် ကျော်ကြားလေသည်။ သူသည် နတ်ဘုရားအမွေအနှစ်နယ်မြေသို့ ဝင်ရောက်ခဲ့ပြီး ထိုနေရာ၌ ဧကရာဇ်အသိကို ရရှိခဲ့သည်။ သူက အကြီးအမားဆုံး ကံကြမ္မာအခွင့်အလမ်းတို့ကို တွေ့ကြုံခဲ့သည့် မကောင်းဆိုးဝါးဆန်ဆန် ပါရမီရှင်တစ်ဦး ဖြစ်လေသည်။
ထို့နောက်မှသာ လောကကြီးသည် ရီဖူရှင်းက မည်သို့ဖြစ်၍ ထိုမျှထိ အစွမ်းထက်သည်ကို သိရှိခဲ့ကြသည်။ သူ၏ မူလဇစ်မြစ်က အလွန် ထူးခြားလှသည်။ သူက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ သာမန် တန်ခိုးရှင်တစ်ယောက်ထက်ပို၍ သာလွန်ပေသည်။
ထို့အပြင် လူအများသည် နောက်ထပ်တစ်ယောက်အကြောင်းကိုလည်း သိချင်နေကြသည်။ ထိုသူမှာ ရီဖူရှင်းကို ဒုနယ်မြေသခင် နင်ဟွာလက်မှ ကယ်ဆယ်သွားသည့် တန်ခိုးရှင်တစ်ဦးဖြစ်သည်။ ထိုတန်ခိုးရှင်က ချို့ယွင်းချက်ကင်း မဟာလမ်းစဉ်နှင့် အဆင့်ရှစ် ရန်ဟောင်တစ်ယောက်ဖြစ်ပြီး သူက တုန်းဟွာနယ်မြေတွင် သူ၏ စွမ်းအားကို မည်သည့်အခါကမှ ထုတ်ဖော်ခဲ့ဖူးခြင်းမရှိပေ။ တုန်းဟွာနယ်မြေ၌ ထိုသို့သော တည်ရှိမှုကို မည်သူမှ ကြားသိဖူးခြင်းမရှိကြပေ။ ထိုသူက မည်သူဖြစ်သနည်း။
ယခု ရီဖူရှင်းကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသနည်း။
တုန်းဟွာကောင်းကင်မှ ဝေးကွာသော ကုန်းမြေတစ်ခု ကျယ်ပြောသော သမုဒ္ဒရာ ဝန်းရံခြင်းခံထားရသည့် ကျွန်းတစ်ကျွန်းပေါ်တွင် အလင်းတန်းတစ်ခု ကောင်းကင်ကို ဖြတ်သန်းကာ ကျွန်းပေါ်သို့ ဆင်းသက်လာခဲ့သည်။ ထိုအထဲတွင် ပုံရိပ်နှစ်ခုမှာ ရီဖူရှင်းနှင့် ချန်ယိဖြစ်၏။ အခြားတစ်ယောက်က သက်လတ်ပိုင်းအရွယ်ရှိ သာမန်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူက အလွန်သာမန် ဖြစ်နေပုံပေါ်သည်။ သူ၏ အသွင်အပြင်ကို ကြည့်လျှင် ထိုလူက ချို့ယွင်းချက်ကင်း မဟာလမ်းစဉ်နှင့် အဆင့်ရှစ်အထွတ်အထိပ်မှရန်ဟောင်တစ်ပါးဖြစ်သည်ဟု မည်သူကမှ ခန့်မှန်းနိုင်လိမ့်မည် မဟုတ်ပေ။ သူ၏ တိုက်ပွဲစွမ်းရည်က ထူးခြားအံ့သြဖွယ်ဖြစ်ပြီး သူက ထိပ်သီးပုဂ္ဂိုလ်ကြီးများအောက်တွင် အသန်မာဆုံးဖြစ်သည်။ နင်ဟွာသည်ပင် သူ့ကြောင့် ရှုံးနိမ့်ခဲ့ရသည်။
ရီဖူရှင်းက သူတို့အနီးဝန်းကျင်ကို ကြည့်လိုက်သည်။ သူက ရင်းနှီးနေသော ကျွန်းကို တစ်ချက်ဝေ့ကြည့်လိုက်၏။ သူ့ကို ကူညီသော သူက မည်သူ ဖြစ်ကြောင်း သိလိုက်ရသည့်အခါ သူ့နှလုံးသားက လှုပ်ရှားလာသည်။
"အခုတော့ မင်းသိသွားပြီပေါ့။" သက်လတ်ပိုင်းလူကြီးက ရီဖူရှင်းကို ကြည့်၍ ပြုံးကာ ပြောလိုက်သည်။ "နင်ဟွာကို တားဖို့အတွက် ကျုပ်ဆရာဆီကနေ အမိန့်ရခဲ့တယ်။ ကံကောင်းစွာနဲ့ အချိန်မီခဲ့ပြီးတော့ မင်းတို့ကို ဒီနေရာ ပြန်ခေါ်လာနိုင်ခဲ့တာပဲ။"
"ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ။" ရီဖူရှင်းက အရိုအသေပြုကာ ပြောလိုက်သည်။ ထိုသူနှင့် ချန်ယိကြောင့်သာ မဟုတ်လျှင် သူတို့သည် နင်ဟွာ၏ လိုက်လံဖမ်းဆီးမှုမှ လွတ်မြောက်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။ နင်ဟွာက လက်လျော့ရန် ရည်ရွယ်ချက် ရှိမနေခဲ့ပေ။
"မလိုပါဘူး။ အဲ့ဒီအစား မင်းက ကျုပ်ဆရာကိုပဲ ကျေးဇူးတင်သင့်တယ်။" သက်လတ်ပိုင်း လူကြီးက အပြုံးနှင့် ပြောလိုက်သည်။
"ကိစ္စမရှိဘူး။ ကျုပ်ကို ကျေးဇူးတင်ဖို့မလိုပါဘူး။" ခြံဝန်းတစ်ခုမှ ပုံရိပ်နှစ်ခု ထွက်ပေါ်လာခဲ့သည်။ သူတို့နှစ်ယောက်လုံးသည် ရီဖူရှင်း သိရှိသောသူများ ဖြစ်ကြသည်။ သူက ထိုလူနှစ်ယောက် ထွက်ပေါ်လာသည်ကို မြင်သည့်အခါ အရိုအသေပြု၍ နှုတ်ဆက်လိုက်သည်။ "အင်ပါယာရှီ.. စီနီယာ ကောင်းကင်အရှင်။"
သူ့ကို ကူညီခဲ့သော သူမှာ သက်လတ်ပိုင်းလူကြီး၏ ဆရာဖြစ်သော အင်ပါယာရှီပင် ဖြစ်လေသည်။
ရီဖူရှင်း ယခင်က ကြားဖူးသည်မှာ အင်ပါယာရှီက မည်သည့်တပည့်မှ လက်မခံခဲ့ဟု ဖြစ်သည်။ ကြည့်ရသည်မှာ ကောလဟာလများက မှားယွင်းနေပုံရ၏။ အင်ပါယာရှီ၌ တပည့်တစ်ယောက် ရှိပေသည်။ ထိုသည်ကို အများအမြင်၌ ချမပြခြင်းသာ ဖြစ်သည်။ ထိုတပည့် ဖြစ်သူက တစ်ချိန်လုံး လိပ်နတ်ဘုရားကျွန်းစုတွင် ကျင့်ကြံနေခဲ့ပြီး လောကအပြင်သို့ထွက်ပေါ်လာခဲ့ဖူးခြင်းမရှိပေ။ ထို့ကြောင့် သူ့ကို မည်သူမှ မသိခြင်း ဖြစ်သည်။
အင်ပါယာရှီက ခေါင်းညိတ် လိုက်သည်။ သူက ရီဖူရှင်းကို မိတ်ဆက်ကာ ပြောလိုက်၏။ "ဒါက ကျုပ်တပည့် ရန်ဝူချီ။ သူက အပြင်ကို ထွက်ခဲတယ်။ ဒါကြောင့်မို့လို့ လူတော်တော်များများ သူ့ကို မသိကြဘူး။ ဒါကြောင့် အပြင်လောက က လူတွေက သူဘယ်သူလဲဆိုတာ သိမှာ မဟုတ်ဘူး သေချာတယ်။"
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ကြည့်ရသည်မှာ ရန်ဝူချီက အင်ပါယာရှီ၏ လျှို့ဝှက်တပည့် ဖြစ်ပုံရသည်။
"ဒီတစ်ခေါက် တုန်းဟွာအခမ်းအနားအတွင်းမှာ ဖြစ်ခဲ့တဲ့ အရာတွေကို ကိုယ်တိုင်တွေ့ခဲ့ရတယ်။ တစ်ချို့ ကိစ္စတွေက မင်းရဲ့ အမှားမဟုတ်ပါဘူး။ မင်းက ထူးခြားတဲ့ ပါရမီရှိပြီး ဒီလိုမျိုးလွယ်လွယ်လေး အသက်မဆုံးရှုံးသင့်ဘူး။ ဒါကြောင့် ကျုပ်က ဝူချီကို မင်းဆီသွားဖို့ အမိန့်ပေးလိုက်တာ။ ကံကောင်းစွာနဲ့ သူက နင်ဟွာကို ဟန့်တားနိုင်ခဲ့တယ်။" အင်ပါယာရှီက ရီဖူရှင်းကို ကြည့်ကာ ဆက်ပြောလိုက်သည်။ "သူက အဲဒီကို မြန်မြန်ဆန်ဆန်ရောက်မသွားနိုင်တာတော့ နှမြောစရာပဲ။ ကျုံးချန် သေသွားတာ အရမ်းနှမြောဖို့ ကောင်းတယ်။"
ရီဖူရှင်းက အင်ပါယာရှီ ကျုံးချန်အကြောင်း ပြောဆိုသည်ကို ကြားလိုက်ရသည့်အခါ သူသည်လည်း ဝမ်းနည်းသလို ခံစားလိုက်ရသည်။ ကျုံးချန်၏ ပါရမီက ထူးချွန်ထက်မြက်လှပြီး သူ၏ မဟာလမ်းစဉ်က ချို့ယွင်းချက်ကင်းမဲ့သည်။ သို့သော်လည်း သူ၏ သေဆုံးခြင်းက အလွန် မှားယွင်းသလို ခံစားရသည်။
ထိုအရာ အားလုံးမှာ နယ်မြေသခင်ကြောင့် ဖြစ်သည်။
သို့သော်လည်း အင်ပါယာရှီက ထိုအကြောင်းကို နောက်ထပ်မပြောတော့ပေ။ အဆုံးမှာတော့ နယ်မြေသခင်အိမ်တော်၏ ပါဝင်ပတ်သတ်မှုက အရာအားလုံးကို ပို၍ ရှုပ်ထွေးလာစေခြင်း ဖြစ်၏။ ထိုစကားလုံး ထွက်လာခဲ့လျှင် သူက အင်အားစုကြီး သုံးခုကို ဆန့်ကျင်ရလိမ့်မည်။ အင်ပါယာရှီ၏ ကျင့်ကြံခြင်းက မြင့်မားနေလျှင်ပင် သူ့အတွက် အန္တရာယ်ရှိနိုင်နေဆဲ ဖြစ်သည်။
ရီဖူရှင်းက အရိုအသေပေးကာ ပြောလိုက်သည်။ "ကျွန်တော့်ကို လွတ်မြောက်လာအောင် ကူညီပေးတဲ့အတွက် အင်ပါယာရှီနဲ့ စီနီယာယန်တို့ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ရဲ့ ကျင့်ကြံခြင်းက နိမ့်သေးပေမယ့် အနာဂတ်မှာ အခွင့်အရေးရှိလာခဲ့ရင် စီနီယာအနေနဲ့ ဘာတောင်းဆိုချင် တောင်းဆိုချင် ကျွန်တော် သေချာပေါက် အရောက်လာပြီး လုပ်ပေးပါ့မယ်။"
"ကျေးဇူးတင်စရာမလိုဘူးလို့ ကျုပ်ပြောပြီးပြီပဲ။ ကျုပ်အတွက်က ဒါက ဘာမှ မဟုတ်ဘူး။ နယ်မြေသခင် ရှာတွေ့သွားခဲ့ရင်တောင် သူ ကျုပ်ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး" အင်ပါယာရှီက တည်ငြိမ်စွာ ပြောလိုက်သည်။ "နယ်မြေသခင်က တုန်းဟွာနယ်မြေအတွင်းမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို တော်ဝင်နန်းတော်ကို ကျိန်းသေ တင်ပြရမှာ။ အရင်တုန်းက အရှေ့နတ်ဘုရား ကျွန်းစုနယ်မြေ.. အခု ဝမ်ရှန့်စောင့်ကြည့်မျှော်စင်။ တုန်းဟွာနယ်မြေအတွင်းမှာ အနှောက်အယှက်တွေ ပိုပြီး ရှိလာခဲ့ရင် တော်ဝင်နန်းတော်က ကျိန်းသေ မေးခွန်းထုတ်လိမ့်မယ်။"
အင်ပါယာရှီက ကူညီနိုင်သည်မှာ သူနောက်တစ်ဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားသည့် အတွက်ကြောင့် ဖြစ်သည်။ သူက သူ့ကိုယ်သူ ပြင်ဆင်ပြီး ဖြစ်သည်။ နတ်ဘုရားကပ်ဘေး ဒုတိယအဆင့်နှင့် ရင်ဆိုင်ရသည့်အခါ သူက သေကောင်းသေနိုင်၏။ ထို့ကြောင့် ယခုအချိန်၌ သူစိတ်ကျေနပ်သလို ပြုလုပ်မည်ဖြစ်ကာ မည်သည့်အကျိုးဆက်ကိုမှ ဂရုမစိုက်ခြင်း ဖြစ်သည်။
လက်ရှိတွင် အင်ပါယာရှီက ဤတစ်ကြိမ်၌ ရီဖူရှင်းကို ကူညီခြင်းဖြင့် အကျိုးရှိလိမ့်မည်ဟု တွေးထင်ထားခြင်းမရှိပေ။
ရီဖူရှင်းက ထပ်မပြောတော့ပေ။ သူက အင်ပါယာရှီဆိုလိုခြင်းအား နားလည်သည်။ အဆုံးမှာတော့ နယ်မြေသခင်က တုန်းဟွာနယ်မြေတစ်ခုလုံးကို အုပ်ချုပ်ရသည့် သူသာ ဖြစ်သည်။တုန်းဟွာနယ်မြေက ကသောင်းကနင်း ဖြစ်သွားခဲ့လျှင် သူသည်လည်း ဆုံးရှုံးမှုမရှိဘဲ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ထို့အပြင် အရှင်ဒွန်ဟောင်၏ ဆန္ဒက သိုင်းပညာအမွေအနှစ်များ ပြန့်ပွားရန် ဖြစ်သည်။ သို့သော် နင်ယွမ်က အရင်ဆုံး အရှေ့နတ်ဘုရားကျွန်းစုနယ်မြေနှင့် ရင်ဆိုင်ပြီး ထို့နောက်တွင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်နှင့် ရင်ဆိုင်ကာ ပြသာနာများ ဖြစ်ပွားစေခဲ့သည်။ သူက ထို့ထက်ပို၍ ပြသာနာထပ်ဖြစ်စေလျှင် အရှင်ဒွန်ဟောင်၏ အာရုံကို ဆွဲဆောင်သွားနိုင်လိမ့်တော့မည် ဖြစ်သည်။
အင်ပါယာရှီက ဆက်ပြောလိုက်သည်။ "နယ်မြေသခင်အိမ်တော်က တုန်းဟွာနယ်မြေအတွင်းမှာ မင်းကို ဖမ်းဖို့အတွက် ဝရမ်းထုတ်ထားလိုက်ပြီ။ သူတို့ကို အင်အားစုတွေ အားလုံးကို စုံစမ်းစစ်ဆေးနေတယ်။ ထိပ်သီးအင်အားစုတွေကို ရှာဖွေဖို့အတွက် လူတွေကိုတောင်မှ စေလွှတ်နိုင်တယ်။ ဒါကြောင့် လိပ်နတ်ဘုရားကျွန်းစုနယ်မြေက ပိုပြီး လုံခြုံတယ်။ နင်ယွမ်ကိုယ်တိုင် လာတာမှ မဟုတ်ရင် ဘယ်သူကမှ ဒီနေရာမှာ ရှာဖွေရဲမှာ မဟုတ်ဘူး။ မင်းတို့ နှစ်ယောက်လုံး ဒီမှာ ခဏလောက် ကျင့်ကြံနေလို့ရတယ်။ အခြေအနေတွေ ငြိမ်သွားပြီဆိုတော့မှ အစီအစဉ်ထပ် ဆွဲကြတာပေါ့။"
"ကောင်းပါပြီ" ရီဖူရှင်းက အင်ပါယာရှီ၏ ကမ်းလှမ်းမှုကို ဝမ်းမြောက်ဝမ်းသာလက်ခံလိုက်သည်။ တုန်းဟွာနယ်မြေက အလွန် ကြီးမားသော်လည်း သူတို့သည် အပြင်ဘက်သို့ သွားလျှင် အန္တရာယ် ရှိနေဆဲဖြစ်သည်။ အခြေအနေများ တည်ငြိမ်သွားသည့်အခါ နယ်မြေသခင်အိမ်တော်မှ သူ့အား ရှာဖွေမှုများလည်း လျော့ပါးသွားလိမ့်မည် ဖြစ်သည်။ ကျိန်းသေ ရီဖူရှင်းအနေနှင့် အခြားလူများ၏ အာရုံကို ဆွဲဆောင်သည့် အပြုအမှုများ မလုပ်ရန်လည်း လိုအပ်သည်။
အင်ပါယာရှီက ခေါင်းညိတ်ကာ ပြောလိုက်၏။ "ငါ ကျွန်းပေါ်မှာ သေချာစောင့်ကြပ်ဖို့အတွက် အမိန့်ပေးထားလိုက်ပြီး ဒီနေရာကို ဘယ်သူမှ ချဉ်းကပ်လာမှာ မဟုတ်ဘူး။ ကျွန်းပေါ်မှာ လွတ်လွတ်လပ်လပ် လမ်းလျှောက်ပြီး စိတ်ကျေနပ်သလို ကျင့်ကြံနိုင်တယ်။ မင်းကိုယ်မင်း ပုန်းကွယ်နေဖို့ မလိုအပ်ဘူး။"
အင်ပါယာရှီက ရီဖူရှင်းကို နယ်မြေသခင်အိမ်တော်၏ လိုက်လံဖမ်းဆီးမှုမှ ကယ်တင်ခဲ့သော်လည်း သူက ထိုသို့ လုပ်ရသည့်အတွက် မည်သည့် စိုးရိမ်ပူပင်မှုမှ ရှိမနေပေ။ သူ၏ စွမ်းရည်က အလွန်အစွမ်းထက်လှသည့်အတွက်ကြောင့် ယုံကြည်ချက် ရှိသည်။ သူ၏ စိတ်စွမ်းအားတစ်ချက် ထုတ်လွှတ်လိုက်ရုံနှင့်ပင် လိပ်နတ်ဘုရားကျွန်းစုနယ်မြေ တစ်ခုလုံးကို လွှမ်းခြုံသိရှိနိုင်ပေသည်။ သူက ကျွန်းတစ်ခုလုံးကို အကြွင်းမဲ့ ထိန်းချုပ်ထားနိုင်၏။ မည်သူက သူ့အား သစ္စာဖောက်ရဲမည်နည်း။
ဤနေရာသည် အင်ပါယာရှီ အုပ်စိုးသော နယ်မြေတစ်ခု ဖြစ်သည်။
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ အင်ပါယာရှီက ပြုံးကာ လှည့်ထွက်သွားတော့၏။ မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က ရီဖူရှင်းအား တစ်ချက်ကြည့်၍ ပြုံးကာ ပြောလိုက်သည်။ "ကျင့်ကြံခြင်းမှာပဲ အာရုံစိုက် တခြားကိစ္စတွေ မင်းစိတ်ပူဖို့ မလိုဘူး။ အခုချိန်မှာ မင်းရဲ့စွမ်းရည်ကို တိုးတက်အောင် လုပ်ဖို့က အရေးကြီးဆုံးပဲ။"
ရီဖူရှင်းက မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင် ဆိုလိုသည်ကို နားလည်၏။ သူက ရီဖူရှင်းကို လက်တုံ့ပြန်ရန် ဆန္ဒစောမနေဖို့ ပြောပြခြင်း ဖြစ်သည်။ ယခုချိန်၌ သူက ကိုယ့်စွမ်းရည်ကို မြှင့်တင်ရန် လိုအပ်သည်။
သူတို့သည် ဤမုန်တိုင်းမည်သည့်နေရာမှ စတင်ခဲ့ကြောင်း များများစားစား မဆွေးနွေးခဲ့ကြသော်လည်း နယ်မြေသခင်အိမ်တော်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ရင်ဆိုင်ရန် ရည်ရွယ်ထားသည်အား သူတို့ အားလုံးသိရှိကြပေသည်။ ရီဖူရှင်းက လိုက်လံဖမ်းဆီးခံရပြီး သူက လူသတ်မှုများ ကျူးလွန်ရန် ဖိအားပေးခံခဲ့ရသည်။ သူ ပြစ်မှုကျုးလွန်ခဲ့သည်က မှန်သော်လည်း ထိုသည်မှာ ဆင်ခြေတစ်ခုမျှသာ ဖြစ်သည်။
ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က ဤတစ်ကြိမ်၌ များပြားလှသည့် အသတ်ခံရသူနှင့် ဆုံးရှုံးမှုများ ရှိခဲ့သည်။ ကျုံးချန်က အသတ်ခံခဲ့ရပြီး ရီဖူရှင်းကလည်း အဆက်မပြတ် လိုက်လံဖမ်းဆီးခံနေရသည်။ သူ့အတွက် နယ်မြေသခင်အိမ်တော်အား အရိုးထဲမှပင် မုန်းတီးနေသည်မှာ ပုံမှန်ပင် ဖြစ်၏။ သူက ကျိန်းသေ သူတို့အား ပြန်ပေးဆပ်ရအောင် လုပ်ဆောင်ရလိမ့်မည်။
အင်ပါယာရှီနှင့် မိုးကြိုးပြစ်ဒဏ် ကောင်းကင်အရှင်တို့က လှည့်ထွက်သွားသည်။ သူတို့က နောက်ထပ်ပြောဆိုစရာမရှိတော့ပုံရသည်။
"ရီလျှို့နျန်က ကျွန်တော်ရဲ့ နာမည်လိမ်ပါ။ နာမည်အရင်းက ရီဖူရှင်းလို့ ခေါ်တယ်။ ကျွန်တော်က မူလဘုံကနေ လာခဲ့တာပါ။" ရီဖူရှင်းက ထိုနှစ်ယောက်ကို ပြောလိုက်သည်။ သူသည် အင်ပါယာရှီနှင့် မိုးကြိုးပြစ်ဒဏ် ကောင်းကင်အရှင်တို့ကို အတုအယောင်သရုပ်နှင့် ရင်မဆိုင်ချင်သောကြောင့် သူ၏ နာမည်အစစ်ကို ထုတ်ဖော်ပြောဆိုလိုက်၏။ မုန်တိုင်းက ထိုမျှထိ ကြီးမားသွားခဲ့သည်။ သူသည် မတတ်သာဘဲ ဧကရာဇ်အသိကို ထုတ်လွှတ်ရန် ဖိအားပေးခံခဲ့ရသည်။ ထိုသည်ကို အခြားဘုံများအပါအဝင် လူအများက ကျိန်းသေ သတိပြုမိလိမ့်မည်။
သူက သူ၏ သရုပ်မှန်ကို အချိန်ကြာကြာ ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။ အခြားအင်အားစုများက မကြာခင်၌ သူ အသက်ရှင်နေပြီး ကောင်းကင်ဒေသသို့ ရောက်လာကြောင်း သိရှိသွားကြမည် ဖြစ်သည်။
အင်ပါယာရှီနှင့် မိုးကြိုးပြစ်ဒဏ် ကောင်းကင်အရှင်တို့က ခြေလှမ်းများကို ရပ်တန့်လိုက်၏။ ထို့နောက်တွင် သူတို့က ပြုံးကာ ဆက်လက် လျှောက်သွားလိုက်ကြသည်။ သူတို့သည် ရီဖူရှင်းက မည်သူ ဖြစ်ပြီး မည်သည့် နေရာမှ လာခဲ့ကြောင်းကို ဂရုမစိုက်ပုံ ရလေသည်။ သူတို့က ရီဖူရှင်းကို ကူညီချင်သည့်အတွက် ရိုးရိုးသားသား ကူညီခဲ့ခြင်း ဖြစ်သည်။ ထိုသည်မှာ အကုန်ပင် ဖြစ်၏။
***