← Chapters

အဓိပ္ပာယ်မရှိသော အဖြေ (၂)...

Vol. 44 Ch. 660

အဓိပ္ပာယ်မရှိသော အဖြေ (၂)...

Vol. 44 Ch. 660

~"ဘယ်လို... ခွေးဖြစ်ရတာလဲ"

နုခ်သည် ရုတ်တရက် ဆဲရေးလိုက်ပြီး ဘဝကိုမေးခွန်းထုတ်နေသလို မျက်နှာပေးဖြင့်

"ဒါ... ဒါ မဖြစ်နိုင်လောက်ဘူးမလား။ အဲ့ဒီသခင်လေးက အစစ်အမှန်အင်မော်တယ်တစ်ယောက်ပဲလေ၊ သူက ဘယ်လိုလုပ် ဒီလောက်ကြီးတဲ့ လှုပ်ရှားမှုကြီးကို ဖြစ်စေနိုင်မှာလဲ" ဟု ဆိုလေသည်။

အခြားသူများလည်း နုခ်၏ ဆိုလိုရင်းကို နားလည်သွားကြပြီး မျက်လုံးများပြူးကျယ်ကာ နားမလည်နိုင်သော အမူအရာများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြတော့၏။

"ဟုတ်တယ်... သူက ဘယ်လိုလုပ် ဒီလောက်ကြီးတဲ့ လှုပ်ရှားမှုကြီးကို ဖြစ်စေနိုင်မှာလဲ" နုခ်ကိုယ်တိုင်လည်း ပျာယာခတ်သွားသည်။

သို့သော် သူ တစ်ခုကိုတော့ နားလည်ထား၏။ မဖြစ်နိုင်သောအရာများအားလုံးကို ဖယ်ထုတ်လိုက်သည့်အခါ ကျန်ရှိနေသောအဖြေသည် မည်မျှပင် အဓိပ္ပာယ်မရှိစေကာမူ ၎င်းသည်သာ အမှန်တရားဖြစ်ရမည်။

ထိုသခင်လေးက ထိုသို့ ကြောက်မက်ဖွယ်ကောင်းသော တာအိုလှိုင်းဂယက်များကို မည်သို့ဖန်တီးနိုင်သည်ကို နုခ် နားမလည်နိုင်သော်လည်း၊ ဤအချက်သည်သာ ယွီမိသားစုဘိုးဘေးက သူ့အပေါ် ဤမျှအာရုံစိုက်ရခြင်း၏ တစ်ခုတည်းသော ဖြစ်နိုင်ခြေပင်။

ဤသို့သော အာရုံစိုက်မှုမျိုးကို ဘိုးဘေး၏ ကိုယ်ပိုင်သားပင် ရရှိမည် မဟုတ်ပေ။

နုခ်၏ နှလုံးသားထဲတွင် အတိုင်းအဆမရှိသော မနာလိုဝန်တိုစိတ်များ ဖြစ်ပေါ်လာသော်လည်း ရန်လိုမုန်းတီးစိတ် အနည်းငယ်မျှပင် မမွေးမြူရဲပေ။ အဘယ်ကြောင့်ဆိုသော် ဤသို့သော ပုဂ္ဂိုလ်မျိုးသည် သူ၏နားလည်နိုင်စွမ်းထက် ကျော်လွန်နေသောကြောင့်တည်း။

နုခ်၏ မျက်လုံးများ တစ်ခဏမျှ အရောင်လက်သွားပြီးနောက် အောက်ဘက်မှ ဂြိုဟ်ကို ငုံ့ကြည့်ကာ "ငါတို့လည်း ဆင်းကြမယ်" ဟု ဆိုလိုက်သည်။

"ဟမ်" ထိုစကားကို ကြားသောအခါ ယွမ်ဝူနှင့် အခြားနောက်လိုက်များအားလုံး မျက်လုံးများ ပြူးကျယ်သွားပြီး လုံးဝ ကြက်သေသေသွားကြတော့သည်။

'ဘယ်လို... သောက်ကျိုးနည်း။ ကြယ်တာရာနယ်မြေ တပ်မတော်ရဲ့ စစ်ဦးစီးချုပ်ကြီးတောင် အောက်မှာရှိနေတာကို၊ ထွက်မသွားတဲ့အပြင် အောက်ကိုဆင်းမယ် ဟုတ်လား'

"သခင်လေး၊ ကျွန်တော်တို့ ပြန်တာပဲ ကောင်းပါတယ်ဗျာ။ ဒီတစ်ခါ အဲ့ဒီသခင်လေးရော စစ်ဦးစီးချုပ်ကပါ ကျွန်တော်တို့ကို လွှတ်ပေးလိုက်တာ တော်တော်လေး ကံကောင်းနေလို့ပါ။ အောက်ကိုဆင်းသွားပြီး သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိရင် ကျွန်တော်တို့ လွတ်နိုင်မှာမဟုတ်တော့ဘူး" ယွမ်ဝူက အလောတကြီး တားလေသည်။

အခြားသူများလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းတဆတ်ဆတ်ညိတ်ကြ၏။

နုခ်က မဲ့ပြုံးပြုံးလိုက်ပြီး လူအုပ်ကို ဝေ့ကြည့်ကာ "ဘာကြောက်စရာရှိလို့လဲ။ ငါတို့က ပြဿနာရှာဖို့ သွားမှာမှမဟုတ်တာ။ စောစောက အဲ့ဒီသခင်လေးက ငါတို့ကို လွှတ်ပေးဖို့ ဆန္ဒရှိခဲ့တာကိုကြည့်ရင် သူက အကျိုးအကြောင်းဆင်ခြင်တုံတရားရှိပြီး ရက်စက်ကြမ်းကြုတ်သူ၊ သွေးဆာသူတစ်ယောက် မဟုတ်ဘူးဆိုတာ ပြနေတယ်။ စစ်ဦးစီးချုပ်ကလည်း ငါတို့လိုကောင်တွေကို အရေးလုပ်နေမှာ မဟုတ်ဘူး။ ငါတို့က ဒီအင်မော်တယ်ကြယ်ပေါ်မှာ ခဏလှည့်ပတ်ပြီး သတင်းအချက်အလက် နည်းနည်းပါးပါး စုဆောင်းရုံပဲ" ဟု ဆိုလိုက်သည်။

ထိုစကားများကြောင့် ယွမ်ဝူနှင့် အခြားသူများ ခဏတာ ငြိမ်သက်သွားကြပြီးနောက် ယွမ်ဝူက သဘောပေါက်သွားကာ

"သခင်လေး ဆိုလိုတာက... အဲ့ဒီသခင်လေးအကြောင်းကို တခြားတစ်နေရာကနေ စုံစမ်းဖို့လား"

"ဟုတ်တယ်၊ ငါတို့က ဖြတ်သွားဖြတ်လာ ခရီးသွားတွေပဲ၊ ဒီအင်မော်တယ်ကြယ်ပေါ်မှာ ခဏနားတယ်လို့ သဘောထားလိုက်။ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေးနေသမျှ ဘာမှဖြစ်မှာမဟုတ်ဘူး။ စောစောက ထွက်လာတဲ့ အင်မော်တယ်တွေကို ကြည့်လိုက်ဦးလေ၊ လူမျိုးနွယ်ချည်းပဲ မဟုတ်ဘူး၊ မျက်လုံးသုံးလုံးမျိုးနွယ်က အဖွဲ့ဝင်တွေတောင် ပါသေးတာ၊ ဘာကြောက်စရာရှိလဲ" နုခ်က ခပ်သော့သော့ရယ်ရင်း ပြောလိုက်သည်။

ယွမ်ဝူနှင့် အခြားသူများ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီးနောက် ယွမ်ဝူက မြှောက်ပင့်လိုက်သည်မှာ

"သခင်လေးက တကယ်ကို ပါးနပ်ပါပေတယ်"

သူတို့သည် ထိုသခင်လေးထံမှ တိုက်ရိုက်သတင်းအချက်အလက် စုဆောင်း၍မရ၊ စကားပြော၍မရသော်လည်း အခြားသူများနှင့် အပြန်အလှန်ဆက်ဆံ၍မူ ရနိုင်သည် မဟုတ်ပါလား။

အကယ်၍ ထိုသခင်လေးသာ ဤအင်မော်တယ်ကြယ်ပေါ်တွင် ခဏတာ နေထိုင်မည်ဆိုလျှင် သူတို့အနေဖြင့် အသုံးဝင်သော သတင်းအချက်အလက်အချို့ကို ရရှိနိုင်ပေမည်။

".. ငါတို့ အဲ့ဒီသခင်လေးနဲ့တောင် မိတ်ဆွေဖွဲ့နိုင်မလားပဲ" နုခ်၏ မျက်လုံးများတွင် မျှော်လင့်ချက်အရိပ်အယောင်များဖြင့် တောက်ပနေခဲ့သည်။

"ဒါဆိုရင်တော့ သခင်လေး၊ သွားကြရအောင်လေ"

နုခ်နှင့် သူ့အဖွဲ့သည်လည်း အောက်ဘက်မှ ဂြိုဟ်ဆီသို့ ပျံသန်းသွားကြတော့သည်။ သူတို့သည် လုရီနှင့် အခြားသူများ ထွက်ခွာသွားသော လားရာသို့ မပျံသန်းဘဲ၊ နောက်ယောင်ခံလိုက်သည်ဟု အထင်မခံရစေရန် လမ်းကြောင်းတစ်ခုကို ရွေးချယ်လိုက်သည်။

အင်မော်တယ်များဖြစ်သည့်အလျောက် သူတို့သည် ဤအင်မော်တယ်ကြယ်ပေါ်ရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆအဆင့်ကို ချက်ချင်းသိမြင်နိုင်၏။ ဝိညာဉ်စွမ်းအင် အသိပ်သည်းဆုံးနေရာမှာ လုရီတို့ ထွက်ခွာသွားသော လားရာဖြစ်ပြီး ထိုနေရာမှစ၍ သိပ်သည်းဆ တဖြည်းဖြည်း လျော့နည်းသွားလေသည်။

သူတို့သည် ဝိညာဉ်စွမ်းအင်သိပ်သည်းဆ သိပ်မများသော်လည်း အတော်အသင့်ကောင်းမွန်သော နေရာတစ်ခုသို့ ရောက်ရှိသွားပြီး ရှေးကျကာ ကျယ်ပြန့်သော မြို့ကြီးတစ်မြို့ကို လျင်မြန်စွာ ရှာတွေ့ခဲ့သည်။ မြို့ထဲတွင် ကျင့်ကြံသူများသည် ဓားပျံစီးသူစီး၊ သားရဲယဉ်သူယဉ်၊ ပျံသန်းယာဉ်များ စီးနင်းသူစီးဖြင့် မြို့အနှံ့ အတက်အဆင်း သွားလာနေကြ၏။

သူတို့သည် မိမိတို့၏ အရှိန်အဝါများကို ဖုံးကွယ်ပြီး သာမန်ကျင့်ကြံသူများကဲ့သို့ပင် မြို့ထဲသို့ ဆင်းသက်လိုက်ကြသည်။

ဈေးသည်များ၏ အော်ဟစ်ရောင်းချသံများက ဆူညံနေပြီး လမ်းများပေါ်တွင်လည်း စည်ကားသော ဆိုင်တန်းများနှင့် ပြည့်နှက်နေ၏။ လမ်းမများပေါ်တွင် သာမန်လူများနှင့် ကျင့်ကြံသူများ ရှုပ်ထွေးစွာ သွားလာနေကြရာ အလွန်ပင် သက်ဝင်လှုပ်ရှားသော မြင်ကွင်းဖြစ်လေသည်။

ဘိုလော့စ်ကုန်သည်ကြီးများအသင်းမှ ကျင့်ကြံသူတစ်ယောက်အနေဖြင့် နုခ်သည် ဤထက်ပို၍ စည်ကားသော မြင်ကွင်းများကိုပင် မြင်ဖူးသည်။ ဂြိုဟ်တစ်လုံးလုံး ဈေးလမ်းအဖြစ် တည်ရှိနေသော ကုန်သွယ်ရေးဂြိုဟ်မျိုးကိုပင် မြင်ဖူးသဖြင့် ဤမြင်ကွင်းသည် သူ့စိတ်ကို မလှုပ်ရှားစေခဲ့ပေ။

သူ၏အကြည့်များ ဝေ့ဝဲသွားပြီး လမ်းပေါ်မှ သာမန်လူများနှင့် ကျင့်ကြံသူများသည် သူတို့ကို မကြာမကြာ လှမ်းကြည့်နေကြသည်ကို သတိပြုမိလိုက်သည်။ ကျင့်ကြံသူအချို့မှာမူ တီးတိုးစကားပြောနေကြ၏။ သို့သော် အင်မော်တယ်များဖြစ်သော နုခ်တို့အဖွဲ့သည် ထိုသို့သော တီးတိုးစကားများကို အလွယ်တကူ ကြားနိုင်ပေသည်။

"လူမျိုးနွယ်လည်း မဟုတ်ဘူး၊ မိစ္ဆာမျိုးနွယ်လည်း မဟုတ်ဘူး၊ ဒီလူတွေက ဘယ်မျိုးနွယ်ကလဲ"

"ခေါင်းဆောင်ဖြစ်ပုံရတဲ့ တစ်ယောက်ကို ငါမြင်ဖူးသလိုပဲ၊ မျက်လုံးသုံးလုံး မျိုးနွယ်လို့ ခေါ်တယ်ထင်တယ်။ နောက်ဆုံးတစ်ခါ ဒီမျိုးနွယ်က ကျင့်ကြံသူ တစ်ယောက်ကို တွေ့တုန်းက သူက အင်မော်တယ်ဘတစ်ပါးပဲ"

"ဟုတ်လို့လား။ မျက်လုံးသုံးလုံးမျိုးနွယ်တဲ့လား။ တော်တော်အစွမ်းထက်ပုံပဲ"

"ဘာကြောက်စရာရှိလို့လဲ။ သူတို့က လုအင်မော်တယ်ထက် ပိုတန်ခိုးကြီးနိုင်လို့လား"

"အေးပေါ့၊ လုအင်မော်တယ်ကတော့ အကြီးမြတ်ဆုံးပဲပေါ့"

"..."

"လုအင်မော်တယ်"

နုခ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး စောစောက သခင်လေးကို ပြန်တွေးမိလိုက်သည်။

ထို့နောက် ယွမ်ဝူနှင့် အခြားသူများဘက်သို့ လှည့်ကာ လျှို့ဝှက် ။အသံလွှင့်၍ "နေရာတစ်ခုရှာ၊ လူမျိုးနွယ်ပုံစံ ပြောင်းပြီးရင် အပြင်ထွက်ပြီး ဒီလုအင်မော်တယ်အကြောင်း အကုန်လုံးကို သွားစုံစမ်းကြ" ဟု အမိန့်ပေးလိုက်တော့သည်။

သူတို့ လူအုပ်စုသည် ခြံဝင်းတစ်ခုကို လျင်မြန်စွာ ငှားရမ်းပြီး တစ်ယောက်ပြီးတစ်ယောက် လူမျိုးနွယ်ပုံစံသို့ ပြောင်းလဲကာ သတင်းအချက်အလက်များ စုဆောင်းရန် ခြံဝင်းထဲမှ ထွက်ခွာသွားကြတော့၏။

တစ်ချိန်တည်းမှာပင် လုရီနှင့် သူ့အဖွဲ့သည် တိမ်ဖြူအင်မော်တယ်ဂိုဏ်းသို့ ရောက်ရှိနေခဲ့သည်။ အခြားသူများ ထွက်ခွာသွားပြီးနောက် လုရီ၊ လျိုနင်ရွှမ်း၊ လင်းလောင်တောင်ထိပ်သခင်မနှင့် ယွီယွမ်ဝူတို့နှင့်အတူ ယွီထျန်းဖုန်းနှင့် တပ်ခွဲမှူးအချို့သာ လင်းလောင်တောင်ထိပ်သို့ ရောက်ရှိလာကြသည်။

လင်းလောင်တောင်ထိပ်တွင် နက်နဲသော အင်းကွက်များဖြင့် တဖျပ်ဖျပ်လက်နေသော အခင်းအကျင်းဗဟိုချက်ကို မြင်သောအခါ ယွီထျန်းဖုန်းက တစ်ချက်ပိုကြည့်လိုက်ပြီး အံ့ဩစွာဖြင့် မေးလိုက်သည်။

"ဒီအခင်းအကျင်း ဗဟိုချက်က အားမသေးဘူးပဲ၊ ရီအာ ဖန်တီးထားတာလား"

ရာရှိုမွန် မျိုးနွယ်နှင့် တိုက်ပွဲကြီးကို ပြီးနောက် ယွီထျန်းဖုန်းသည် လုရီ၏ အခင်းအကျင်း တာအိုစွမ်းရည် မြင့်မားပုံကို သိရှိပြီးဖြစ်လေသည်။

"ဟုတ်ပါတယ်၊ ဘေးမရှိအောင်လို့ပါ"

လုရီက ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး ပြန်ဖြေလိုက်သည်။

All Chapters