← Chapters

အနီရောင်ဝတ်စုံနဲ့ အမျိုးသမီးတစ်ယောက်ရဲ့ သေဆုံးမှု စစ်ဆေးခြင်း

Vol. 2 Ch. 16

အနီရောင်ဝတ်စုံနဲ့ အမျိုးသမီးတစ်ယောက်ရဲ့ သေဆုံးမှု စစ်ဆေးခြင်း

Vol. 2 Ch. 16

“ နန်းတော်အပြင် ထွက်မလို့ပါလား?”

ဖူယွဲ့ အံ့သြစွာ ကြည့်လိုက်သည်။

သူမရဲ့ ခေါင်းထဲမှာ ဒီစကားလုံးက သူမကမ္ဘာနဲ့ မသက်ဆိုင်သလိုမျိုးပဲ။

အနောက်ဆောင်ရဲ့ ဦးဆောင်သူ မိဖုရား တစ်ပါးအနေနဲ့ အရမ်းရှားပါးတဲ့ ပွဲတော်ရက်တစ်ချို့မှာနဲ့ မဖြစ်မနေ မိသားစုဆီ သွားလည်ရတဲ့ ကိစ္စမျိုးကလွဲရင် အပြင်ထွက်ခွင့်မရှိဘူး။

အခုလိုမျိုး လျှောက်ပတ်ကြည့်ဖို့ဆိုတာ သူမ စိတ်ကူးတောင် မယဥ်ရဲခဲ့တဲ့အရာပဲ။

ဘေးက ရှကျိုးယွီရဲ့ပုံစံကတော့ ပုံမှန်လို ဖြစ်နေလေ၏။

“ အင်းလေ။ နန်းတော်အပြင် ထွက်မယ်လို့”

“ တစ်ချိန်လုံးကြီး ဒီထဲမှာနေရတာ ကိုယ့်မိဖုရား မပျင်းဘူးလား?”

ရှကျိုးယွီကတော့ နန်းတော်အပြင်ကို ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်လေသည်။

ဖူယွဲ့လဲ ထိုစကားတွေမှာ အနည်းငယ် မြောပါသွားပေမဲ့ အမြန်ပဲ ငြင်းဆိုလိုက်သည်။

“ အရှင်မင်းကြီး နန်းတော်အပြင်မှာ ကောင်းပေမဲ့ လူမျိုးစုံ ရှိတာမလို့ အရမ်း အန္တရာယ်များပါတယ်”

“ အရှင်မင်းကြီးလို အဖိုးမဖြတ်နိုင်တဲ့သူက အခုလိုမျိုး စွန့်စားလို့မရပါဘူး!”

ဖူယွဲ့က သတိကြီးကြီးဖြင့် မဲဆွယ်ပြောဆိုသည်။

ဒါပေမဲ့ ရှကျိုးယွီ အတွက်တော့ အကျိုးမသက်ရောက်ပေ။

“ ရပြီ။ ကိုယ်တော် ဆုံးဖြတ်ပြီးပြီ”

“ မိဖုရားလဲ ပုံမှန်အဝတ်သွားလဲပါ။ ကိုယ်တော်နဲ့ လိုက်ခဲ့ရမယ်”

ပြောပြီးတာနဲ့ သူ ထွက်သွားတော့သည်။

ဒီလိုနဲ့ နာရီဝက်ကြာပြီးနောက်မှာ ရှကျိုးယွီ၊ ဖူယွဲ့နဲ့ ကျောက်ကောင်းတို့ သုံးယောက်သား နန်းတော်အပြင် ရောက်လာကြသည်။

သူတို့သုံးယောက်လုံး ပုံမှန်အရပ်သား အဝတ်ကိုပဲ ဝတ်ဆင်ထားကြသည်။

ရှကျိုးယွီရဲ့ အနက်ရောင်ဝတ်ရုံက အနားမှာ ရွှေရောင်ကွတ်ထားသည်။ ချောမောတဲ့ ရုပ်ရှည်ပါ ထည့်ပေါင်းလိုက်တော့ သူ့ရဲ့ပုံစံက ချမ်းသာတဲ့ သခင်လေးတစ်ယောက်နဲ့ တူသည်။

ဖူယွဲ့ကတော့ ရိုးရှင်းတဲ့ လရောင်ဖြူဝတ်စုံလေး ဆင်မြန်းထားသည်။

လှပတဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ထုတ်ဖော်လိုက်ပေမဲ့ ကျောက်စိမ်းလိုမျက်နှာလေးကို ခရမ်းရောင် ပုဝါပါးနဲ့ ဖုံးအုပ်ထားသည်။

ရုပ်ဖျက်ပြီး နန်းတော်အပြင် ထွက်တာမလို့ ပြဿနာတွေကို.ဆွဲဆောင်မိလို့ မဖြစ်ဘူးလေ။.

ဒီလိုနဲ့ တစ်ယောက်ကိုမှ အသိမပေးဘဲ နန်းတော်အပြင်ထွက်လာကြကာ မြို့တော်ထဲ လှည့်ပတ်သွားနေကြသည်။

အခုလို မခံစားရတာကြာပြီဖြစ်တဲ့ လွတ်လပ်တဲ့ ခံစားချက်က ဖူယွဲ့ရဲ့ရင်ကို ရိုက်ခတ်နေသည်။

လမ်းတစ်လျှောက်လုံးမှာ လှပတဲ့ပစ္စည်းလေးတွေ မြင်တိုင်း သူမ ဝင်ကြည့်လိမ့်မည်။

ကံကောင်းသည်က ရှကျိုးယွီက လာရင်းကိစ္စကို မမေ့ဘူးလေ။

သူမရဲ့လက်ကို တိုက်ရိုက်ပဲ ဆွဲယူလိုက်ပြီး မြို့တော်ရဲ့ တရားသူကြီးရုံးကို ဦးတည်လိုက်သည်။

“ အရှင်မင်းကြီး ဒီထိုက်အန်းမြို့တော်က အရမ်းခမ်းနားတာပဲ”

ရှကျိုးယွီရဲ့ ဆွဲခေါ်မှုနောက် လိုက်ပါလာရင်း ဖူယွဲ့ ခံစားချက် ကောင်းနေသည်။

“ ရှင်ဘုရင်နေတဲ့ မြို့တော်ဆိုမှတော့ ခမ်းနားမှာပေါ့။ ဒါပေမဲ့ ဒီလောက်က ပမွှားလေးပါ။ အခွင့်အရေးရရင် ကိုယ်မင်းကို ရှန့်ထျန်းနယ်မြေကြီးတစ်ခွင်ကို ခေါ်သွားပြီး အလှတရားအစစ်ကဘာလဲ ရှုစားစေမယ်!”

ရှကျိုးယွီက အမှန်တော့ အာချောင်လိုက်တာပင်။

“ အရှင်မင်းကြီးလို ဉာဏ်ပါရမီ ပြည့်စုံပြီး စွမ်းအားကြီးတဲ့သူက ရှန့်ထျန်းနယ်မြေကြီး တစ်ခုလုံးကို သေချာပေါက် ပေါင်းစည်းနိုင်မှာပါ”

ကျောက်ကောင်းက အထင်ကြီးစွာ ပြောလိုက်လေရဲ့။

ရှကျိုးယွီ တိတ်ဆိတ်သွားသည်။

“ ရှန့်ထျန်းနယ်မြေကြီးကို ပေါင်းစည်းမယ်?”

ငါ ရူးတော့မှာပဲ!

ငါက ဒီတရှားတိုင်းပြည်ကို ဖျက်ဆီးနိုင်တာနဲ့ ကောင်းကင်ကို တက်ရမှာလေ။ အဲ့ဒါကမှ တစ်ကယ် မိုက်တာမဟုတ်ဘူးလား?

ဒါပေမဲ့ ဖူယွဲ့ကတော့ ပိုပြီးအကြင်နာပိုတဲ့ မျက်လုံးရွှဲကြီးနဲ့ လေးစားစွာ ကြည့်လာသည်။

“ အရှင်မင်းကြီးက အရမ်းကြင်နာတတ်တာပဲ”

စကားတစ်ပြောပြောနဲ့ သူတို့သုံးယောက်လုံး နောက်ဆုံးတော့ တရားရုံးတော်ရှေ့ကို ရောက်လာခဲ့ပြီ။ အထဲကို ကြည့်ရသလောက် ကျူးကော့ချင်းအာ စုံစမ်းမှု စနေပြီပဲ။

ဘေးမှာရပ်ကြည့်နေတဲ့ သူတွေကို မေးမြန်းကြည့်ရင်းဖြင့် ရှကျိုးယွီ အခြေအနေကို အကြမ်းဖျင်း နားလည်သွားသည်။

ဒါတွေအားလုံးက လယ်သမားတစ်ယောက် ထိုက်အန်းမြို့တော်အပြင်က ယုံအန်းမြစ်မှာ ရေဆင်းသောက်ချိန်… ရေထဲက အနီရောင် ဝတ်စုံနဲ့ အမျိုးသမီးအလောင်းတစ်ခုကို မြင်တာကနေ စခဲ့တာပဲ။

သူတို့တွေ ထိုအလောင်းကို ဆယ်ယူပြီး ချက်ချင်းပဲ အရာရှိတွေကို.တိုင်ကြားခဲ့ကြသည်။

ဒီအမှုက ရှင်းလင်းတဲ့အဖြေမရှိနေဘူး ပြောရမည်။

ရေထဲမှာ သေဆုံးတာ ကြာသွားပြီမို့ အလောင်းက ပုတ်ပွနေပြီ။ အနီရောင် ဝတ်စုံကလွဲရင် ထိုအမျိုးသမီးကို ရုပ်ဖမ်းလို့ မရတော့ဘူး။

သူမရဲ့ ခန္ဓာကိုယ်မှာလဲ ထူးခြားတဲ့ အမှတ်အသား မရှိဘူး။

ဒီတော့ သေဆုံးသူကို ဘယ်သူမှန်း မဖော်ထုတ်နိုင်နေဘူးပေါ့။ ဒါဆိုရင် အမှုက ဆက်စစ်လို့မရတော့ဘူး။

ဒီခေတ်မှာက လက်ဗွေရာတို့၊ DNA တို့လဲ စစ်လို့မှ မရတာပဲ။

“ စိတ်ဝင်စားဖို့ ကောင်းတယ်”.

“ စိတ်ဝင်စားဖို့ ကောင်းတယ်”

ရှကျိုးယွီ တော်တော် စိတ်ဝင်စားသွားသည်။

ကျူးကော့ချင်းအာ ဘယ်လိုနည်းလမ်းသုံးပြီး ဖြေရှင်းမလဲ သူ သိချင်နေပြီ။

အကယ်လို့ ဒီအမှုကို မဖြေရှင်းနိုင်ရင် အသုံးမကျတဲ့အရာရှိကို ခန့်အပ်ထားတဲ့ စွမ်းဆောင်မှုမရှိတဲ့ ဘုရင်လို့ အပြောခံရမှာပေါ့။ ဒီလိုဆို ကံကြမ္မာအမှတ် လျော့မယ်လေ။

အကယ်လို့ ဖြေရှင်းနိုင်သွားရင်လဲ မဆိုးပါဘူး။ လူသတ်မှုဆိုတော့ လူသတ်သမားကို ဖမ်းမိစေချင်တယ်။

ဘယ်ဘက်ကနေနေ အရှုံးမရှိဘူး။

ဒါကြောင့်မို့ ရှကျိုးယွီ ဆက်လက် ပွဲကြည့်နေခဲ့သည်။

ဘေးက ဖူယွဲ့ကတော့ အမှုရဲ့အကြောင်းကို နားထောင်ပြီးတာနဲ့ ကြောက်ရွံ့မှုကြောင့် ရှကျိုးယွီရဲ့ လက်မောင်းကြားထဲ တန်းရောက်သွားလေရဲ့။

“ ယောက်ျား ကျွန်တော်မျိုးမ ကြောက်တယ်။ ဟိုမှာ အလောင်းကြီးက အဲ့အတိုင်းကြီး တင်ထားတာ!”

“ လာပါ ပြန်ကြရအောင်။ ညီမလေး ချင်းအာနဲ့ လွှတ်ထားပေးလိုက်ပါ့လားဟင်?”

ရှကျိုးယွီ လက်မောင်းထဲက အလှလေးကို တင်းကျပ်စွာ ပြန်ပွေ့ဖက်လိုက်သည်။

“ ဘာမှမဖြစ်ပါဘူး။ အလောင်းအကြောင်းကို မတွေးနဲ့”

ထိုအချိန်မှာ တရားရုံးတော်ရဲ့ ထိုင်ခုံကြီးမှာ ထိုင်နေတဲ့ ကျူးကော့ချင်းအာ မျက်မှောင်ကြုတ် နေရပြီ။

ရှကျိုးယွီရဲ့ အစောပိုင်းက မှန်းဆချက်အတိုင်းပဲ။ ဒီအမှုမှာ အလင်းရောင် တစ်ချက်တောင် မမြင်နေရဘူး။

ဒါပေမဲ့ သူမက ဒီလောက်နဲ့လက်မလျော့ပါဘူး။

“ မင်း ဒီအလောင်းကို ယုံအန်းမြစ်မှာ တွေ့ခဲ့တယ် ပြောတယ်နော်။ ဒါဆို မင်း သူမကို တွေ့တဲ့အချိန်မှာ တစ်ခြားဘာတွေ့သေးလဲ?”

ခန်းမထဲက အလောင်းတွေ့ရှိကြောင်း တိုင်ကြားခဲ့တဲ့ လယ်သမားအိုကြီးလဲ ကြောက်လန့်ကာ ဖြေလိုက်သည်။

“ တရားသူကြီးမင်း.. ကျွန်တော် ဒီအလောင်းကလွဲရင် တစ်ခြားဘာမှ မတွေ့ခဲ့ပါဘူး”

သူမ အနည်းငယ် ခေါင်းညိတ်လိုက်ပြီး မေးခွန်းဆက်မမေးတော့ပေ။ ဒါပေမဲ့ သူမက ချက်ချင်းပဲ အောက်ဆင်းသွားပြီး ပိတ်ဖြူစကို ဖယ်ကာ အလောင်းကို အနီးကပ်စစ်ဆေး လေ၏။

ချက်ချင်းပဲ ညှီဟောက်နေတဲ့ အနံ့ဆိုးကြီး ဖုံးလွှမ်းသွားတော့သည်။

အခုချိန်က နွေလယ်ခေါင်ဖြစ်သည်။ ဒီအလောင်းက မြစ်ထဲမှာ သုံးရက်လောက်ပဲ ရှိသေးတာဆိုတော့ လုံးဝ အရိုးတစ်ခြားအသားတစ်ခြား မဖြစ်နေရင်တောင်မှ အနံ့ တော်တော် ပြင်းနေပြီပင်။ ကြည့်နေတဲ့သူတွေအားလုံး အော့အန်ချင်လာရသည်။

ရှကျိုးယွီသာ ဖူယွဲ့ရဲ့နှာခေါင်းကို ကြိုတင် ကာကွယ်ပေးခဲ့လို့ မဟုတ်ရင် သူမလဲ အန်နေလောက်ပြီ။

ဒါပေမဲ့ အလောင်းတည့်တည့်က ကျူးကော့ချင်းအာ ကတော့ တစ်ချက်တောင် မျက်နှာမပျက်ဘူး။

သူမက သေချာ ဂရုတစိုက် လေ့လာနေလေ၏။

သူမ အရင်ဦးဆုံး ခြေလက်တွေနဲ့ ခန္ဓာကိုယ်ရဲ့ အရေးကြီးအစိတ်အပိုင်းဖြစ်တဲ့ ရင်ဘတ်ကို လေ့လာလိုက်သည်။ ဒါပေမဲ့ သေစေနိုင်တဲ့ ဒဏ်ရာမျိုးမတွေ့ရဘူး။

ဒါပေမဲ့ လည်ပင်းမှာတော့ လည်ပင်းဖိခံရလို့ ရုန်းကန်ထားတဲ့ အမာရွတ်သဘောမျိုး ရှိသည်။

သူမ အကြမ်းဖျင်း နားလည်သွားသည်။

“ တစ်ခုခု ရှာတွေ့ခဲ့လား?”

အရာရှိလုချန်က စိတ်အားထက်သန်စွာ မေးလာတာပဲ။

“ ဒီအမှုရဲ့ အခြေအနေအတိအကျကို မဆုံးဖြတ်နိုင်သေးပေမဲ့အကြမ်းဖျင်း ခန့်မှန်းချက်ရှိတယ်”

မသိရင် ဖြေရှင်းပြီးသွားသလိုမျိုး သူမက ယုံကြည်မှုရှိစွာ ပြောလိုက်လေ၏။

ပွဲကြည့်ပရိတ်သတ်တွေပင် အနည်းငယ် အံ့သြသွားသည်။

အရာရှိလုချန်က မနေနိုင်စွာ မေးလိုက်သည်။

“ တစ်ကယ်ပြောတာလား?”

“ တရားသူကြီး ဒါက လူသတ်မှုပါ။ ကျွန်တော်တို့ ရမ်းသမ်းဆုံးဖြတ်လို့မရဘူး။ ဖြစ်နိုင်တာ ကျင့်ကြံသူတွေပါ ပါဝင်နေနိုင်တယ်။ ကျွန်တော်တို့ စစ်ဆေးရေး အဖွဲ့ကို လက်လွှဲပေးလိုက်မလား?”

စစ်ဆေးရေးအဖွဲ့ဆိုတာ တိုင်းပြည်တစ်ခုလုံးနဲ့ သက်ဆိုင်သည်။ ကျင့်ကြံသူတွေနဲ့ ပတ်သတ်တဲ့ ကိစ္စမျိုးတွေ၊ ခက်ခဲတဲ့ အမှုတွေကို ဖြေရှင်းပေးသည်။

တော်ဝင်အစောင့်အဖွဲ့နဲ့ အပြိုင် နာမည်ကြီးသည်။

ကျူးကော့ချင်းအာ လက်ယမ်းပြလိုက်ရင်း

“ မလိုဘူး။ ငါဒီမှာ ရှိနေရက်နဲ့ သူတို့ ဘာကိစ္စ ဒီအမှုကိုယူရမှာလဲ?”

ထို့နောက်မှာ သူမက အမိန့်ပေးလိုက်သည်။

“ ဒီအမျိုးသမီးအလောင်းကို သေချာဆေးကြောခိုင်းလိုက်ပါ။ အင်္ကျီလဲဖို့ မလိုဘူး။ ဆေးကြောပြီး အဝတ်ပြန်ဝတ် ပေးပြီးရင် ဒီကိုပြန်ယူလာခဲ့”

“ နူးနူးညံ့ညံ့ ကိုင်တွယ်ခိုင်းဖို့မမေ့နဲ့။ သေဆုံးသူကို ရိုင်းလို့မရဘူး”

အရာရှိတွေ အမိန့်အရ ထွက်သွားလိုက်ကြသည်။

ဒါပေမဲ့ လူထုထဲက ရှကျိုးယွီကတော့ အနည်းငယ် ကြောက်လန့်နေခဲ့ပြီ။

‘မဖြစ်နိုင်ဘူး’

‘ မဖြစ်နိုင်ဘူးလေ ဟုတ်တယ်မလား?’

‘ ငါခန့်လိုက်တဲ့ တရားသူကြီးက လူသတ်မှု ဖြေရှင်းတဲ့နေရာမှာ ဆရာကြီး မဖြစ်နိုင်ပါဘူး?’

‘ မဟုတ်လောက်ပါဘူး။ ငါအဲ့လောက် ကံမကောင်းနိုင်ဘူးလေ။ ဟုတ်တယ်မလား!’

ရှကျိုးယွီတစ်ယောက် မျက်ခုံးခပ်လှုပ်လှုပ်ဖြစ်နေချေပြီ

ဒီလိုနဲ့ နာရီဝက်လောက်ကြာပြီးနောက်မှာ ဆေးကြောသန့်စင်ပြီးတဲ့ အလောင်းကို ပြန်သယ်လာခဲ့သည်။

ကျူးကော့ချင်းအာ ခေါင်းညိတ်ပြလိုက်သည်။

အခု ကျန်တာဆိုလို့ သူမရဲ့ လုပ်ဆောင်မှုကို ဆက်ကြည့်ဖို့ပဲ!

All Chapters