← Chapters

အမှန်တရားတစ်ခုပဲ ရှိတယ်

Vol. 2 Ch. 17

အမှန်တရားတစ်ခုပဲ ရှိတယ်

Vol. 2 Ch. 17

အမျိုးသမီး အလောင်းကို ပြန်ယူလာတာနဲ့ ကျူးကော့ချင်းအာ ချက်ချင်း ဘာမှ မလုပ်သေးဘူး။

ထိုအစား သူမက ရပ်ကြည့်နေတဲ့ လူအုပ်နားကို ခပ်ဖြည်းဖြည်း လျှောက်လာကာ

“ အကုန်လုံးပဲ။ ထိုက်အန်းဆိုတာ တရှားရဲ့ မြို့တော်ပါ။ ဒါကို ဒီလိုနေရာမှာ လူသတ်မှု ဖြစ်ခဲ့တယ်။ တစ်ကယ်ကို ငါ့ရဲ့အမှားပဲ!”

“ ငါ ရုံးတော်မှာ တာဝန်မထမ်းဆောင်ခင်က အခုလို ဖြစ်ပျက်ခဲ့တယ်”

“ ဒါပေမဲ့ ဒီနောက်ပိုင်းမှာ လုံးဝ မဖြစ်စေရဘူး”

“ ပြီးတော့ ဒီနေ့အမှုနဲ့ ပတ်သတ်ပြီးလဲ ရှင်းပြချက်ပေးမယ်!”

ရှိနေတဲ့သူတွေက ဘာမှမပြောပေမဲ့ ကျူးကော့ချင်းအာက ခိုင်မာစွာ ပြောလိုက်လေရဲ့။

သူမရဲ့ ဂုဏ်သတင်းကို စတင် တည်ဆောက်လိုက်တာပဲ!

သူမက တရားသူကြီးအသစ်ပဲ။ ဒါကြောင့် သူမရဲ့ အရည်အချင်းကို သက်သေပြနိုင်ဖို့ အခုလို အမှုမျိုးလိုအပ်သည်။

သူမရဲ့စကားဆုံးသည်နှင့် လူတွေလဲ စတင် ချီးကျူးကြတော့သည်။

“ ပြောတာကောင်းတယ်!”

“ ငါတို့ပြည်သူတွေ စောင့်မျှော်နေခဲ့တာ ဒါမျိုး တရားသူကြီးပဲ!”

“ အခုလို ရိုးသားတဲ့ အရာရှိကို နောက်ဆုံးတော့ တွေ့ပြီ!”

“ မိန်းကလေးတစ်ယောက်ဆိုပေမဲ့ တိုင်းပြည်နဲ့ လူမျိုးကို ဂရုစိုက်ပေးတဲ့ စိတ်ဓာတ်မျိုး ရှိတယ်။ စစ်မှန်တဲ့ အမျိုးသမီးပဲ”

“....”

လူတွေရဲ့ ချီးကျူးသံတွေကြောင့် ရှကျိုးယွီ အနည်းငယ် စိတ်အချဥ်ဖောက်လာသည်။

ကျူးကော့ချင်းအာက တာအိုကျင့်ကြံသူပဲ မဟုတ်ဘူးလား?

မဲဆွယ်တဲ့စကေးက အခုလို သောက်ကျိုးနည်းကြီး ကောင်းရသလား!

တစ်ချက်ထဲနဲ့ လူတွေရဲ့ နှလုံးသားကို ရသွားတယ်?

ရှကျိုးယွီရဲ့ လက်မောင်းထဲက ဖူယွဲ့ပင် လေးစားစွာ ပြောလိုက်သေးသည်။

“ ယောက်ျား ညီမလေးချင်းအာက တရားသူကြီးအနေနဲ့ တစ်ကယ် တော်တာပဲနော်”

“ အမတ်ချုပ် ကျူးကော့လုံရဲ့ သမီးဖြစ်ဖို့ တစ်ကယ် ထိုက်တန်တယ်။ အဖေတူ သမီးပဲ”

“ ယောက်ျားမှာ ထူးခြားတဲ့ အမြင်ရှိတယ်။ ညီမလေးချင်းအာက ဒီနေရာအတွက် သင့်တော်တဲ့သူဆိုတာ မြင်ခဲ့လိမ့်မယ်လို့ ကျွန်တော်မျိုးမ လုံးဝ မထင်ခဲ့မိဘူး”

ဖူယွဲ့ရဲ့ ချီးကျူးစကားကို ကြားလေလေ ရှကျိုးယွီ ကူကယ်ရာမဲ့လာလေလေ ဖြစ်နေပေမဲ့ သူ ထုတ်ပြလို့လဲ မရနေဘူး။

သူ အံကြိတ်ပြီးပဲ ပြုံးလိုက်ရသည်။

“ အင်း”

“ ကိုယ်လဲ မထင်ခဲ့ဘူး”

ထိုအချိန်မှာ အခန်းထဲက ကျူးကော့ချင်းအာ ကတော့ စတင်ပြီး လုပ်ဆောင်မှု ပြတော့သည်။

“ ဒီအလောင်းက ယုံအန်းမြစ်နားမှာ တွေ့ခဲ့တယ်ဆိုမှတော့ သူမက ထိုက်အန်းမြို့ကပဲ ဖြစ်ရမယ်”

“ ပြီးတော့ သူမရဲ့ ဝတ်စုံက မင်္ဂလာဝတ်စုံ အနီပဲ။ ဒီတော့ မင်္ဂလာဆောင်တဲ့နေ့မှာ သေဆုံးသွားရတာ”

“ ပြီးတော့ လည်ပင်းကို ကြည့်လိုက်ပါ။ ညှစ်ခံထားရတဲ့ အရာရှိတယ်”

“ ဒါဆိုရင် ဖြစ်နိုင်တာ နှစ်မျိုးပဲရှိတော့တယ်။ တစ်ခုက ကိုယ့်ကိုယ်ကို သတ်သေရင်း ရုန်းကန်ထားတာ၊ ဒါမှမဟုတ် လူသတ်မှုပဲ”

“ ဒါပေမဲ့ ဒီလည်ပင်းက အရာကို ကြည့်ရသလောက် အောက်ကနေ အပေါ်ကို အရောင်များလာတာ တွေ့ရတယ်။ ဆိုလိုတာ ကိုယ့်ကိုယ်ကို သတ်သေထားလို့ ခန္ဓာကိုယ်ရဲ့ အလေးချိန်ကြောင့် ဖြစ်ရတာပဲ”

ထိုခန့်မှန်းချက်က လူတွေအားလုံးကို အံ့သြသွားစေခဲ့သည်။

သိသာတဲ့အချက်အလက်များကို ထောက်ပြ သွားတာဆိုပေမဲ့ အခုလို အချိန်တိုအတွင်းမှာ အဖြေရှာနိုင်သွားတာက တမူထူးခြားတဲ့ အရည်အချင်းပဲ။

သာမာန် သူတစ်ယောက်ဆို လုံးဝ လုပ်နိုင်မှာ မဟုတ်ဘူး။

“ တရားသူကြီး ဒါဆိုရင် အမှုပိတ်ပြီလား?”

“ သတ်သေတာပဲဆိုတော့ ကျွန်တော်တို့ အမှုပိတ်လို့ရပြီလေ။ ဟုတ်တယ်မလား?”

အရာရှိလုချန်က ပြောလိုက်တာပင်။

တစ်ချိန်ထဲမှာပဲ သူက အလောင်းကို အနည်းငယ် ပုံမှန်မဟုတ်စွာ ကြည့်လိုက်သေး၏။

“ အမှုပိတ်မယ် ဟုတ်လား?”

“ ဒီလောက်အမြန်နဲ့လား?!”

ကျူးကော့ချင်းအာ အေးစက်စွာ အော်လိုက်သည်။

“ အမှုပိတ်မယ် ပြောရအောင် ဒီမိန်းကလေးရဲ့ ဇစ်မြစ်ကို သိရပြီမလို့လား? သူမရဲ့ သတ်သေရတဲ့ အကြောင်းအရင်းကိုကော သိလို့လား? သူမရဲ့ သေဆုံးမှုနောက်မှာ ဘယ်လိုဇာတ်လမ်းတွေ ရှိမလဲ မင်းသိလို့လား?”

သူမရဲ့ ဆက်တိုက်ထွက်လာတဲ့ မေးခွန်းတွေကြောင့် ထိုအရာရှိ ပြောစရာ ပျောက်ဆုံးသွားသည်။

ထို့ကြောင့် သူ ကူကယ်ရာမဲ့စွာဖြင့်

“ ဒါပေမဲ့ တရားသူကြီး ဒီအမျိုးသမီးရဲ့ မျက်နှာက အရမ်းကိုဖောယောင်နေပြီ။ ရေထဲမှာ သုံးရက်လောက် ရှိခဲ့တာဆိုတော့ သူမကို အတည်ပြုလို့မရနေဘူးလေ”

“ တစ်မြို့လုံး လှန်လှောရှာဖွေရင်တောင်မှ အချိန်တိုအတွင်းမှာ ဘယ်လိုလုပ် တွေ့နိုင်မှာလဲ?”

ကျူးကော့ချင်းအာ ဒေါသမထွက်ပါပေ။ ထိုအစား သူမက ရိုးရိုးရှင်းရှင်းနဲ့ တည်ငြိမ်စွာ ပြောလိုက်သည်။

“ အဲ့ဒါကို စိတ်မပူနဲ့။ ငါ့မှာ ကိုယ်ပိုင် ဖြေရှင်းချက် ရှိပါတယ်”

ပြောပြီးတာနဲ့ သူမက ထိုမိန်းကလေး အလောင်းအနားကို တိုးသွားလိုက်သည်။

“ တစ်ဖြည်းဖြည်းချင်း စုံစမ်းနေရင် ဘယ်အချိန်မှ အတည်ပြုနိုင်မလဲ မသေချာဘူး။ ဒီအလောင်းကိုသာ စကားပြောအောင် လုပ်နိုင်ရင် အားလုံး.လွယ်ကူသွားလိမ့်မယ်”

သူမရဲ့ စကားတွေက အရာအားလုံးကို ဖြတ်မြင်ထားသလိုမျိုး အလွန်ယုံကြည်ချက် ရှိနေလေ၏။

ဒီအချိန်မှာ သူမရဲ့ပုံစံက တစ်ကယ်ကို အဖေဖြစ်သူ အမတ်ချုပ် ကျူးကော့လုံရဲ့ အရှိန်အဝါမျိုး ရသည်!

“ အလောင်းကို စကားပြောခိုင်းမယ်?”

“ ဒါဘယ်လို ဖြစ်နိုင်မှာလဲ?”

“ လာနောက်နေတာလား?”

“ မိန်းကလေးတစ်ယောက် အရာရှိလုပ်တာ အသုံးမဝင်ပါဘူးလို့ ငါမပြောခဲ့ဘူးလား?”

“ ဟုတ်တယ်။.မိန်းကလေးတစ်ယောက်က ဘယ်လိုလုပ် တာဝန်ထမ်းဆောင်နိုင်မှာလဲ?”

“ ငါတို့ အရမ်းတွေ ယုံကြည်ခဲ့မိတယ်!”

“ကောင်မလေးက ခေါင်းမကောင်းရှာဘူး ကျွတ်ကျွတ်”

လူတွေရဲ့ စပ်စပ်စုစု စကားသံတွေ ပျံ့လာပြန်သည်။

လူတွေရဲ့ မှတ်ဉာဏ်က တိုသည်။ အစောက ချီးကျူးခဲ့လဲ အပြစ်ပြောစရာတွေ့ရင် အကုန်မေ့သွားသည်။

ဒါပေမဲ့ သူမကတော့ ဘာကိုမှ ဂရုမစိုက်ပါချေ။

သူမ ဒီအခြေအနေကို မျှော်လင့်ပြီးသားပဲ။

ရှကျိုးယွီ စိတ်သက်သာစွာ သက်ပြင်းခိုးချ လိုက်သည်။

“ မဆိုးဘူး!”

“ မဆိုးဘူး!”

‘ဒီကျပ်မပြည့်တဲ့ စဥ်းစားပုံကြီးက လက်ဖျားခါလောက်တယ်။ တစ်ကယ်ကို တရားသူကြီးဖြစ်ဖို့ မထိုက်တန်ဘူး’

‘ ငါ့ရဲ့ရွေးချယ်မှု မှန်သွားတယ်။ ဒီလိုဆို အမှတ်လျော့တော့မယ်’

ရှကျိုးယွီရဲ့ နှုတ်ခမ်းထက်မှာ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

ဒါပေမဲ့…

ထိုအချိန်မှာပဲ ကျူးကော့ချင်းအာ ရုတ်တရက် အော်လိုက်သည်။

“ နတ်လမ်းစဥ်က ကျယ်ပြောတယ်။ လူသားလမ်းစဥ်က ဝေးကွာတယ်။ ဝိညာဥ်လမ်းစဥ်က ရှည်လျားတယ်”

“ ယင်နဲ့ယန်တို့ အဆုံးမရှိ ပေါင်းစည်းပြီး သန့်စင်မှုတို့ ဖြစ်ပေါ်ရင်း ငါ့အရှေ့ကို ဝိညာဥ်ခေါ်လာစေ!”

မန္တာန်ပြီးသည်နှင့် သူမရဲ့ လက်နှစ်ဖက်ကို ရုတ်တရက် ဖိချလိုက်သည်။ သူမရဲ့ လက်ကြားမှာ အစိမ်းဖျော့ဖျော့ အလင်း ထွက်ပေါ်လာသည်။

တစ်ချိန်ထဲမှာပဲ.. အခန်းထဲက လေထုက ဒီဂရီ ပေါင်းများစွာ အောက်ပြုတ်ကျသွားလေရဲ့။

အပြင်ဘက်ကနေ အေးစက်တဲ့ လေပြင်းတွေ တိုက်ခတ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးက ကြောက်မက်ဖွယ် ဖြစ်လာသည်။

နေ့ခင်းကြီးဆိုပေမဲ့ အကုန်လုံး တုန်ယင်သွားကြသည်။

“ ဘာတွေလဲ?”

ဖူယွဲ့ကို ရှကျိုးယွီ ကာကွယ်ပေးထားတာမို့ သူမအနေနဲ့ ဘယ်လိုထူးဆန်းမှုမျိုးကိုမှ မတွေ့ရပေ။ ဒါပေမဲ့ သူမက မနေနိုင်စွာ မေးလာ၏။

“ တာအိုလမ်းစဥ် အဆင့်ငါးရဲ့ ဝိညာဥ်ထိန်းချုပ် အစွမ်းကို အသုံးပြုပြီး ဝိညာဥ်ပြန်ခေါ်နေတာ”

ရှကျိုးယွီ တစ်လုံးချင်း ရှင်းပြလိုက်သည်။

ဒါပေမဲ့ စိတ်ထဲမှာတော့ ….

‘ငါမှားပြီ! ငါမှားပြီ!!’ လို့သာ အော်ဟစ်နိုင်တော့သည်။

တာအိုလမ်းစဥ်က ဝိညာဥ်တွေနဲ့ ပိုအကျွမ်းဝင်ပြီး အခုလို ထိန်းချုပ်တဲ့ အတတ်ပညာ ကျွမ်းကျင်ကြသည်။

အလောင်းရှိနေပြီး သေဆုံးပြီးတာ ခုနှစ်ရက် မပြည့်သရွေ့ ဝိညာဥ်ကို ပြန်ဆင့်ခေါ် နိုင်ကြသည်လေ။

ကျူးကော့ချင်းအာကို တရားသူကြီးလုပ်ပေးလိုက်တာက သူမရဲ့ အစွမ်းအစကို ကောင်းကောင်း အသုံးချနိုင်ဖို့ မြေထောင်မြှောက်ပေးလိုက်သလိုပဲ။

သူမ ရှိနေရင်.. မတရားတာ၊ မမျှတတာ၊ မှားယွင်းစွပ်စွဲခံရတာ.. ဒါတွေ ဘယ်လိုလုပ် ဖြစ်နိုင်တော့မှာလဲ?

ရှကျိုးယွီ နားလည်လိုက်ရသည်။

'ငါ နောက်ကျော ဓားထိုးခံရပြန်ပြီလား?’

ထိုအချိန်…

ခန်းမထဲမှာတော့… ကျူးကော့ချင်းအာရဲ့ မန္တာန် ရွတ်ဆိုမှုအပြီးမှာ အစိမ်းရောင် အလင်းကနေ ဝိညာဥ်တစ်ခု သဏ္ဍာန် ပေါ်လာခဲ့သည်။

အနီရောင်ဝတ်စုံကို လွှမ်းခြုံပြီး အောက်က မြေကြီးထိ ပုံကျနေတဲ့ ဆံပင်ရှည်တွေကြားက သရဲမက တော်တော်လေး ကြောက်ဖို့ကောင်းလှသည်။

အဆတ်မပြတ် ရေတွေကလဲ စီးကျနေသေး၏။

အခန်းထဲက သူတွေအကုန် မနေနိုင်စွာ အမြန် အနောက်ဆုတ်လိုက်ကြသည်။

“ အဲ့ဒါဘာကြီးလဲ?”

“ သ..သရဲနဲ့တူတယ်နော်!”

“ သရဲ!? လောကကြီးမှာ.တစ်ကယ်ပဲ သရဲ ရှိတယ်လား?!”

“ ရှိတာပေါ့ဟ။ ဘာကိစ္စ.မရှိရမှာလဲ? အရေးထဲ!”

“ ကြည့် အဲ့သရဲမ ဝတ်ထားတာလဲ အနီရောင်ပဲ။ ဟိုအလောင်းနဲ့ မတူဘူးလား”

“ သရဲ!!”

“....”

လူတွေအကုန် ကြောက်လန့်စွာ နောက်ဆုတ် သွားကြသည်။ ဒါပေမဲ့ မကြည့်ပဲကလဲ မနေနိုင်ကြပေ။

ကျူးကော့ချင်းအာ ကျယ်လောင်စွာ ပြောလိုက်သည်။

“ အမှန်တရားတစ်ခုပဲ ရှိတယ်!”

“ သေဆုံးသူကိုပဲ မေးမြန်းရမယ်!”

All Chapters