← Chapters

မိန်းကလေးတွေက ယောက်ျားတွေထက် နိမ့်ကျတယ်လို့ ဘယ်သူ ပြောတာလဲကွ

Vol. 2 Ch. 18

မိန်းကလေးတွေက ယောက်ျားတွေထက် နိမ့်ကျတယ်လို့ ဘယ်သူ ပြောတာလဲကွ

Vol. 2 Ch. 18

သူမစကားပြောသံဆုံးတာနဲ့ အခန်းထဲက သရဲမက စတင်ပြီး မျက်လုံးဖွင့်လာခဲ့သည်။

“ ဒါဘယ်နေရာလဲ?”

“ ငါ သေပြီမဟုတ်ဘူးလား?”

လှည့်ပတ်ကြည့်နေတဲ့ သရဲမထံမှ ထွက်လာတဲ့ ကြမ်းရှရှ အသံသြကြီးပဲ။ ကျောချမ်းစရာပင်။

လူတွေ ထပ်မံပြီး အနောက်ဆုတ်ကြ ပြန်သည်။

“ ဒါက ထိုက်အန်းမြို့တော်ရဲ့တရားသူကြီး ရုံးတော်ပဲ။ မင်းရဲ့ အလောင်းကို လူတစ်ယောက် ရှာတွေ့ခဲ့ပြီး အရာရှိတွေကို တိုင်ကြားခဲ့လို့ မင်း ဒီကိုရောက်နေရတာ”

“ ငါက အသစ်ခန့်အပ်ထားတဲ့ ထိုက်အန်းရဲ့ တရားသူကြီးပဲ။ မင်းမှာ မကျေနပ်ချက်တွေ ရှိရင် ထုတ်ပြောလိုက်ပါ။ မကျေနပ်ချက် မရှိရင်တောင်မှ မင်းရဲ့ အခြေအနေကိုတော့ ပြောပြရမယ်။ ဒါမှ မင်းရဲ့မိသားစုကို အကြောင်းကြားပေးလို့ရမှာ”

ကျူးကော့ချင်းအာက အနီရောင် သရဲမကို မေးလိုက်သည်။

သူမရဲ့ စကားသံကို နားထောင်ပြီး နောက်မှာ ပတ်ဝန်းကျင်ကို အံ့သြစွာ လှည့်ပတ်ကြည့်နေတဲ့ သရဲမရဲ့ အကြည့်တွေက မုန်းတီးမှုတွေအဖြစ် ပြောင်းလဲသွားသည်!

အခန်းထဲက လေထုပင် ရုတ်တရက် ပိုအေးသွားသည်!

အခန်းထဲမှာ ကျန်သေးတဲ့ အရာရှိတွေပင် မထိန်းနိုင်စွာ တုန်ယင်သွားခဲ့သည်။

တော်သေးသည်က ကျူးကော့ချင်းအာက လက်ယမ်းရင်း ကျောချမ်းဖွယ် လေထုကို အမြန်ဖျက်ပေးလိုက်လို့ပဲ။

“ မင်းမှာ မကျေနပ်တာရှိရင် ကျေးဇူးပြုပြီး ပြောပါ။ ငါ ဖြေရှင်းပေးမယ်!”

ထိုစကားကိုကြားတော့ သရဲမက ပြန်ပြီး တည်ငြိမ်သွားသည်။ ဒါပေမဲ့ အလွယ်တကူတော့ လက်မခံသေးဘူး။ သူမက အကဲစမ်းတဲ့အနေနဲ့ မေးလိုက်လေသည်။

“ တစ်ကယ်ပဲ ငါ့အတွက် ဆုံးဖြတ်ချက် ချပေးနိုင်မှာလား?”

“ မင်းက မိန်းကလေး တစ်ယောက်ပဲကို!”

ကျူးကော့ချင်းအာ ဂုဏ်ယူစွာ ပြုံးလိုက်ပြီး

“ မိန်းကလေး ဖြစ်တော့ ဘာဖြစ်သလဲ? မိန်းကလေး ဖြစ်နေရင်တောင်မှ ယောက်ျားလေးတွေ လုပ်တဲ့အရာအကုန် ငါလုပ်ရဲတယ်”

“ မင်း ဘယ်လို မတရားခံလိုက်ရလဲ ပြောပြပေးပါ။ အရှင်မင်းကြီးကိုယ်တိုင် ပါဝင်နေရင်တောင်မှ ငါ မင်းရဲ့ဘက်က ရပ်တည်ပြီး ဖြေရှင်းပေးမယ်!”

သူမရဲ့ စကားကြောင့်… သရဲမက နောက်ဆုံးတော့ စိတ်ပိုင်းဖြတ်လိုက်ဟန် ရှိသည်။

“ တရားသူကြီး ကျွန်မနာမည်က လီလီအန်းပါ”

“ ကျွန်မတို့မိသားစုက အရင်က ထိုက်အန်းမြို့တော်ရဲ့ မြောက်ဘက်ဝင်ပေါက် နားမှာနေတယ်။ ကျွန်မ အဖေ လီအန်းက ကုန်သည်အနေနဲ့ အသက်မွေးတယ်”

“ ထိုက်အန်းမြို့တော်မှာ ကျွန်မတို့က မချမ်းသာဘူးဆိုပေမဲ့ မဆင်းရဲဘူး”

“ လွန်ခဲ့တဲ့သုံးရက်က ကျွန်မရဲ့ လပ်ထပ်ပွဲပဲ”

“ အဲ့ဒီ မနက်ခင်းမှာ ကျွန်မက ဝတ်စုံလဲပြီးသွားလို့ ဝေါယာဥ်ပေါ်တောင် ရောက်နေခဲ့ပြီ။ ကျွန်မယောက်ျား ဝမ်ယုကလဲ ကျွန်မကို စောင့်နေတာ”

“ ဒါပေမဲ့ ကျွန်မရဲ့ ဝေါယာဥ်ကို ရှီဖန်းလမ်းရောက်တဲ့အချိန်မှာ လူတစ်စုက တားမြစ်ခဲ့တယ်”

ကျူးကော့ချင်းအာ မနေနိုင်စွာ မေးလိုက်သည်။

“ သူတို့က ဘယ်သူတွေလဲ? ဘာကိစ္စ သတို့သမီးကို တားရဲတာလဲ?”

လီလီအန်း ခါးသက်စွာပြုံးလိုက်ရင်း

“ သတို့သမီး ခိုးယူရုံတင် မဟုတ်ဘူး။ သူတို့က ကျွန်မကိုပါ သတ်ရဲကြတယ်”

“ တရားသူကြီး တစ်ကယ်ပဲ မေးရဲမယ်ဆိုရင် ပြောပြပေးမယ်။ အဲ့ဒီအုပ်စုရဲ့ ခေါင်းဆောင်က ဝတ်ပြုမှုပိုင်းဋ္ဌာနရဲ့ အမတ်ကြီး ယောင်ဖန်းရဲ့ သား ယောင်စန်းပဲ။ ပြီး ကျန်တဲ့သူတွေကလဲ မြို့တော်ရဲ့ တစ်ခြား အဆင့်မြင့် အရာရှိတွေရဲ့ သားတွေ!”

“ သူတို့တွေက အရင်ဆုံး ဝေါယာဥ်ကို ခိုးလိုက်ပြီး ဝတ်ပြုပိုင်းဋ္ဌာန အမတ်ကြီးရဲ့ နေအိမ်ကို သယ်သွားကြတယ်။.ပြီးတော့ ကျွန်မ ယောက်ျားကို အသေရိုက်ကြတယ်”

“ ကျွန်မ မိဘတွေက တိုင်ကြားဖို့ လုပ်ပေမဲ့ သူတို့က လုပ်ကြံသူတွေပါ ငှားပြီး အလောင်းဖျောက်လိုက်ကြတယ်”

“ သူတို့မလုပ်ရဲတာ တစ်ကယ်ပဲ ဘာရှိအုံးမှာလဲ!”

“ ကျွန်မယောက်ျားပါ သေဆုံးခဲ့ရတယ်! ဒါကြောင့် ကျွန်မရဲ့ရိုးသားမှုကို ပြသဖို့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တာပဲ”

“ ဒါပေမဲ့ အခုလို သေဆုံးပြီးနောက်မှာ ကျွန်မရဲ့ အလောင်းကို သူတို့တွေ ထိုက်အန်းမြို့တော်အပြင်က မြစ်မှာ စွန့်ပစ်လိုက်ကြပြီးတော့ အဲ့ဒါကို တရားသူကြီးမင်းက အခုလို ရှာတွေ့သွားမယ် မထင်ခဲ့မိဘူး!”

“ ဒါပေမဲ့ တရားသူကြီးက သူတို့ကို ဆန့်ကျင်ရဲမှာလား?!”

သရဲမ လီလီအန်းက စိတ်ရူးဖောက်သွားသလိုမျိုး ဖြစ်နေကာ သွေးမျက်ရည်တွေ စီးကျနေခဲ့သည်။

ကြောက်လန့်ဖွယ် အရှိန်အဝါတွေ ထပ်မံ ပေါ်ထွက်လာပေမဲ့ လူတွေ အနောက်မဆုတ် ကြတော့ဘူး။ ထိုအစား အကုန်လုံး ဒေါသ ထွက်လာကြ၏။

“ တရားသူကြီးမင်း သူမကို ကူညီပေးလိုက်ပါ”

“ ဟုတ်တယ်။ အဲ့ဒီ ယောင်စန်းကို ငါတို့လဲ သိတယ်။ သူက အဖေ အာဏာရှိတယ်ဆိုပြီး ဒီနှစ်တွေထဲမှာ ကျူးလွန်ခဲ့တဲ့ မကောင်းမှုတွေ မနည်းတော့ဘူး”

“ ဟုတ်တယ် အမှန်ပဲ!”

“ အနိုင်ကျင့်တာကနေ လူသတ်မှုနဲ့ မီးရှို့မှုတွေအထိ… သူ မလုပ်ရဲတာ ဘာမှ မရှိတော့ဘူး!”

“ သူ့အဖေက အမတ်ကြီးဖြစ်နေတာနဲ့ပဲ ဘယ်သူမှ သူ့ကို မထိရဲဘူး!”

“ တရားသူကြီးမင်း ဒီတစ်ခေါက်တော့ မျှတမှုရှိအောင် ဆောင်ရွက်ပေးပါ!”

“...”

ခန်းမအပြင်က လူတွေအကုန် အော်ဟစ် တိုင်ကြားနေလေရဲ့။

ယောင်စန်းက မကောင်းမှုမှန်သမျှ ကျူးလွန်တဲ့ လူ့အမှိုက်ဆိုတာ တော်တော်လေး သက်သေစုံနေပြီပင်။

“ သတို့သားကော သတို့သမီးကော အခုလိုမျိုး ကြောက်လန့်ဖွယ်ကံတရားကို ကြုံခဲ့ရတာ အဲ့ဒီလူကြောင့်ပဲ! ယောင်စန်းကို လုံးဝ လွှတ်ပေးလို့ မဖြစ်ဘူး!”

ဖူယွဲ့ပင် မနေနိုင်စွာ ပြောလိုက်သည်။

ရှကျိုးယွီ နူးညံ့စွာ ပြန်ဖြေလိုက်သည်။

“ စိတ်မပူပါနဲ့။ ကျူးကော့ချင်းအာ ကောင်းကောင်း ဖြေရှင်းလိုက်လိမ့်မယ်”

“ ပြန်ကြစို့”

ထိုမှသာဖူယွဲ့လဲ စိတ်သက်သာစွာ သက်ပြင်းချနိုင်တော့သည်။

“ ဟုတ်ကဲ့”

“ ပြန်မယ်လေ”

ရှကျိုးယွီ ကတော့ စိတ်ထဲမှာ လက်လျော့လိုက်လေပြီ။

ဒီအခန်းထဲက ကျူးကော့ချင်းအာက ထိုက်အန်းရဲ့ တရားသူကြီးမင်း ဖြစ်ဖို့ မွေးဖွားလာတယ် ဆိုတာ လက်ခံရမည်။

သူမက မကောင်းမှုကို မုန်းတီးပြီး တရားမျှတမှုကို သဘောကျတဲ့အပြင် ထိန်းမရတဲ့ ဒေါသကလဲ ရှိသေးသည်။

ရုံးတက်တဲ့ ပထမဆုံးရက်မှာပဲ ကြည့်လေ။ မြို့တော်ရဲ့ အကြီးမားဆုံးသော အကျင့်ပျက်အရာရှိကို ရင်ဆိုင်ရင်း အဓိက ပြဿနာကို ဖြေရှင်းသွားတာပဲ။

ဒီပုံစံကြည့်ရတာ ရုံးတော်ထဲက များပြားလှတဲ့ အကျင့်ပျက် အမတ်တွေကိုလဲ ကောင်းကောင်း ကိုင်တွယ်နိုင်လောက်သည်။

ဒါပေမဲ့ သူမ ပိုပြီးဖြေရှင်းဖို့ ကြိုးစားလေလေ၊ နှစ်ဖက်ကြားက ပဋိပက္ခတွေနဲ့ တိုင်းပြည် ပိုမတည်မငြိမ် ဖြစ်ရမှာပဲမလား!

ဒါကြောင့် ရှကျိုးယွီ စိတ်မပူတော့ဘူး။

ရှကျိုးယွီ ထွက်သွားပေမဲ့…

ကျူးကော့ချင်းအာ ကတော့ ဆက်လက် စစ်ဆေးနေ၏။

အရှေ့က လူအုပ်ကိုကြည့်လိုက်ရင်း သူမ အရှေ့တိုးကာ ကြေညာလိုက်သည်ယေ

“ စိတ်အေးစွာနေကြပါ အားလုံးပဲ။ ဒီအမှုကို သေချာ ဖြေရှင်းမယ် ပြောခဲ့မှတော့ ငါ တစ်ကယ် ရှင်းပေးမှာပါ!”

“ မိန်းကလေး လီလီအန်း ဘက်က ငါ အပြည့်အဝ ရပ်တည်ပေးမယ်!”

သူမရဲ့ ခိုင်မာတဲ့ စကားလုံးတွေက

ခန်းမတစ်လျှောက် ဖြတ်သန်းသွားခဲ့သည်။

ထို့နောက်မှာ သူမက အမိန့်ဆက်ပေး လိုက်သေး၏။

“ အရင်ဆုံး ယောင်စန်းကို ဒီခေါ်လာခဲ့ကြ!”

“ အကယ်လို့ ငြင်းနေရင် အတင်းအကျပ် ခေါ်ခဲ့!”

“ တော်ဝင်အစောင့်အဖွဲ့နဲ့ အစိုးရ အဖွဲ့ဆီကိုပါ လူလွှတ်ပြီး လူတစ်ချို့ခေါ်ခဲ့။ ငြင်းနေရင် အရှင်မင်းကြီးအမိန့်လို့သာ ပြောလိုက်”

“ နောက်ဆုံးအနေနဲ့ ငါ့အတွက် တင်ပြချက် တစ်ခုရေးပေး။ ငါ ယောင်စန်းကို ပညာပေးရတော့မယ်”

“ ဝတ်ပြုမှုဋ္ဌာနရဲ့အမတ်ကိုယ်တိုင်လဲ လူကောင်း မဟုတ်လောက်ဘူး။.သူ ပျိုးထောင်ထားတဲ့သားက အခုလို ဆိုးသွမ်းနေတာပဲ ကြည့်လိုက်”

ကျူးကော့ချင်းအာ ကြည်လင်နေတဲ့ စိတ်နဲ့ပဲ တစ်ခုချင်းစီ အသေးစိတ် စီမံလိုက်သည်။

ပြီးတော့..

သူမမှာလဲ တစ်ကယ် အာဏာရှိသည်လေ။

တော်ဝင်အစောင့်ဖြစ်စေ၊ တော်ဝင်သမားတော်ဖြစ်စေ သူမ လာခိုင်းရင်.လာရမှာပဲ။

ဝတ်ပြုမှုဋ္ဌာနရဲ့ အမတ်ကြီး ယောင်ဖန်းက အာဏာရှိပေမဲ့ သူမကို ယှဥ်လို့မရဘူး။.သူမက အမတ်ချုပ်ကြီးရဲ့ သမီးဖြစ်သလို အရှင်မင်းကြီး ကိုယ်တိုင် ခန့်အပ်ထားတဲ့ မြို့တော်ရဲ့ တရားသူကြီးမင်းပဲ။

“ ကျွန်မ ဘက်က ရပ်တည်ပေးလို့ ကျေးဇူးတင်ပါတယ်”

ကျွေ့ချင်းအာရဲ့ စကားအဆုံးမှာ သရဲမ လီလီအန်းရဲ့ အမုန်းတွေလဲ တစ်ဖြည်းဖြည်းချင်း ပြေလျော့သွားသည်။

ပွဲကြည့်ပရိတ်သတ်တွေထံမှလဲ ချီးကျူးသံတွေ ထွက်လာသည်။

“ တရားသူကြီးမင်းက တစ်ကယ်ကို စစ်မှန်တဲ့ သူပဲ!”

“ သူမက ငါတို့အတွက် ပထမဆုံး ရပ်တည်ပေးတဲ့သူပဲ။ ပြည်သူတွေဘက်ကနေ အကြောက်တရားမရှိ ရပ်တည်ပေးတာ”

“ မိန်းမတွေက ယောက်ျားတွေထက် နိမ့်တယ်လို့ ဘယ်သူပြောလဲ!”

“ ဟုတ်တယ်။.အမှန်ပဲ။ အဲ့စကားကို ဘယ်သူ ပြောတာလဲ?”

“....”

လူတွေရဲ့ စကားတွေကြောင့် အရာရှိတွေပင် အနည်းငယ် ခံစားသွားကြသည်။

ဒီလိုနဲ့ ဖယောင်းတိုင် တစ်ဝက်စာ အချိန်အတွင်းမှာပဲ ယောင်စန်းကို ရုံးတော် ခေါ်လာခဲ့သည်။

“ ငါ့ကိုလွှတ်!”

“ ငါ့အဖေက ဝတ်ပြုမှုဋ္ဌာနရဲ့ အမတ်ကြီးပဲ! မင်းတို့ ဘယ်လိုတောင် ငါ့ကို ဖမ်းရဲတာလဲ!”

“ မင်းတို့ အဆင့်နိမ့်တွေကများ.. သေချင် နေတာလား?”

“ စောင့်နေစမ်းပါ! ငါ့ကိုများ ဖမ်းရဲတယ်!”

“ မင်းတို့အားလုံး အသေဆိုးနဲ့ သေစေရမယ်!”

“....”

ယောင်စန်းကို အရာရှိတွေ ဖမ်းခေါ် လာကြပေမဲ့ သူ့ရဲ့ပုံစံက အခုထိ အချိုးမပြေသေးဘူး။

တစ်လမ်းလုံး အော်ဟစ်ပြီး တရားသူကြီး ရုံးတော်ကို ရောက်လာခဲ့သည်။

သူ အရင်ဆုံး မြင်လိုက်ရတဲ့သူက ကျူးကော့ချင်းအာပဲ!

သူမ အေးစက်စွာ အော်လိုက်သည်။

“ ယောင်စန်း မင်း ဒီအမျိုးသမီးကို သိလား!”

All Chapters