← Chapters

လူရိုးလေး ကျူးကော့ချန်ချင်း

Vol. 2 Ch. 21

လူရိုးလေး ကျူးကော့ချန်ချင်း

Vol. 2 Ch. 21

အဆင့်မြင့်အရာရှိတွေထံကနေ အကူအညီ ဝိုင်းတောင်းခံရနရတော့ လုချန် တော်တော်လေး ခံစားလို့ ကောင်းနေသည်။

ချက်ချင်းကို ဆရာကြီးပုံစံ ဖမ်းလိုက်ရင်း တည်ငြိမ်စွာ ပြောလိုက်လေ၏။

“ ကယ်ပေးဖို့ မခက်ပါဘူး။ အဲ့ဒါက ခင်ဗျားတို့ တတ်နိုင်မတတ်နိုင်ပေါ်ပဲ မူတည်တယ်”

လုချန် ခြေချိတ်ထိုင်လိုက်ပြီး အရှေ့က လူအုပ်ကို ကြည့်လိုက်သည်။

ကြည့်နေတဲ့ သူတွေအကုန်လုံး ဒေါသ ထောင်းခနဲ ထွက်သွားပေမဲ့ မထုတ်ပြရဲကြပေ။

အခုလို အရေးကြီးနေလို့သာ မဟုတ်ရင် ဘယ်သူက ဒီလုချန်ကို အဖက်လုပ်မှာမလို့လဲ?

ကြွက်ကများ ဆင်ပုံစံ လာလုပ်နေတယ်!

ဒါပေမဲ့ ဒီကြွက်ကို သူတို့အခု လိုအပ်နေသည်!

လုချန်က ဒီအပိုင်းမှာ ဆရာကြီးပဲ။

သူကတရားသူကြီးရုံးတော်ရဲ့ သူလျှိုတစ်ယောက်လို့ ပြောရမည်။ ရွှန့်ထျန်းနယ်မြေကြီးရဲ့ ထိပ်သီးဂိုဏ်းတစ်ခုရဲ့ အဖွဲ့ဝင်ဖြစ်ပြီး အခုလို သတင်းစုဆောင်းဖို့နဲ့ ပြန်ရောင်းစားဖို့ကို အထူးလေ့ကျင့်ပေးခံထားရသည်။

ဒီနှစ်တွေထဲမှာ သူတို့တွေ လုချန်နဲ့ ပတ်သတ်ခဲ့ရတာ အကြိမ်ရေ မနည်းဘူး။

ဒါကြောင့်ပဲ အမတ်ကြီးယောင်ဖန်း တစ်ခုခု ဖြစ်တယ်ကြားတာနဲ့ လုချန်ကို ချက်ချင်း ဆက်သွယ်လိုက်ကြတာလေ။

ပထမက.သတင်းအတည်ပြုဖို့နဲ့ ဒုတိယက လွတ်လမ်းရှာဖို့ပေါ့။

အချိန်အကြာကြီးနေပြီးနောက်မှာ အုပ်စုထဲက လူတစ်ယောက်က အံကြိတ်သံနဲ့ ပြောလိုက်သည်။

“ မင်းရဲ့ဈေးပြောလိုက်”

လုချန်ခဏလောက် တွေးချင်ယောင်.ဆောင်လိုက်သည်။ ထို့နောက်မှာ မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်ပြီး

“ ငွေသုံးသိန်း”

အရာရှိတွေရဲ့ မျက်နှာက ချက်ချင်း ပြောင်းလဲသွားတော့သည်။

သူတို့ထဲက တော်တော်များများက ဋ္ဌာနအသီးသီးရဲ့ အကြံပေးအမတ်တွေပဲ။ ဒါကြောင့် သေးငယ်တဲ့ အကျိုးအမြတ်တစ်ချို့ကလွဲရင် အများကြီး ရခဲ့တာမျိုး မရှိဘူး။ သူတို့လဲ မလုပ်ရဲဘူးလေ။

ဒါကြောင့် အခုလိုမျိုး ငွေစ သုံးသိန်းတောင် တိုက်ရိုက်ကြီး တောင်းလိုက်တာက… သက်သက် မိုက်ရိုင်းတာပဲ!

“ သခင်ကြီးလု.. ကျေးဇူးပြုပြီး သနားပါအုံး.. ငါတို့အားလုံးပေါင်းပြီး ငွေသုံးသိန်းမပေးနိုင်ဘူးလေ!”

ဝမ်လျန် အသနားခံလေ၏။

“ ဘာကို အားလုံးပေါင်းလဲ? တစ်ယောက်ချင်းဆီကို သုံးသိန်း! အကယ်လို့ မပေးနိုင်ရင် အကုန်လစ်ကြ!”

လုချန် အေးစက်စွာ အော်လိုက်သည်။

သူ့မှာ အရှေ့က မြွေပါတစ်အုပ်အတွက် သနားစိတ်ရှိမနေဘူး။

သူတို့ သေသေ၊ ရှင်ရှင် ဘာဆိုင်တာမလို့လဲ?

သူက သတင်းပေးတစ်ယောက်ပဲကို။ သူရထားတဲ့ သတင်းကနေ အမြတ် ဘယ်လောက်ရနိုင်မလဲပဲ စိတ်ဝင်စားသည်။

တစ်ဖက်က မပေးနိုင်ဘူးဆိုလဲ မပြောပြရုံပေါ့။

သူ့အတွက် အရှုံးမရှိဘူး။

ဒါပေမဲ့ လုချန်ရဲ့ အဖက်မလုပ်တဲ့ ပုံစံကြောင့် ထိုလူတွေ ပိုပြီးကြောက်လန့်လာရသည်။

ဒီအချိန်မှာ လုချန်က တစ်ခုတည်းသော နောက်ဆုံး ကောက်ရိုးမျှင်ပဲ!

ဘာပဲဖြစ်ဖြစ် လုံးဝ လက်လွှတ်လိုက်လို့မဖြစ်ဘူး!

“ သခင်ကြီးလု… ဒီလူ.. ဒီလူက အဲ့လောက် မရှိပါဘူး။ ငါ သုံးသိန်း ယူလာမပေးနိုင်ဘူး”

လုချန် အခါးရည် တစ်ငုံသောက်လိုက်ရင်း

“ အိုး ယူမလာနိုင်ဘူးလား? ဒါဆို ယူလာနိုင်မှ စကားလာပြောချည်”

“ မင်းတို့ရဲ့ အရာရှိရာထူးကနေ ငွေအများကြီး မရှိဘူးဆိုပေမဲ့ မင်းတို့ရဲ့ဆရာကြီး အမတ်ယောင်ဖန်း ဒီနှစ်ထဲမှာ ဖြောင်ထားတဲ့ ငွေတွေ မနည်းမနောဘူး”

လုချန်ရဲ့ စကားကြောင့် အကုန်လုံး ကြောက်လန့်သွားကာ

“ မဟုတ်ဘူး!”

“ လုံးဝ အဲ့လိုမဖြစ်ဘူး။ အမတ်ကြီးယောင်က ငါတို့ကို အရမ်းကြင်နာခဲ့တယ်။ သူ့ကို သစ္စာဖောက်လို့မရဘူး!”

လုချန်ရဲ့မျက်နှာ မဲ့သွားကာ

“ မင်းတို့ကို စိတ်မပျက်စေရပါဘူး။ မင်းတို့က အမတ်ယောင်ကို သစ္စာမဖောက်ရဲဘူး အော်နေတာ သူ ဖွက်ထားတဲ့ငွေတွေ ဘယ်မှာမှန်း မသိလို့မလား?”

“ စိတ်မပူနဲ့။ ငါအားလုံး စုံစမ်းပြီးသား။ မင်းတို့သာလုပ်ရဲရင် အကုန်မင်းတို့ အပိုင်ပဲ!”

“ အမတ်ယောင် နှစ်တွေအများကြီး ခိုးထားတဲ့ ငွေတွေ ဘယ်လောက်များလဲ မင်းတို့သိပါတယ်။ ငါ့ကို သုံးသိန်း ပေးလိုက်ရရင်တောင်မှ ကျန်တဲ့ငွေနဲ့ မင်းတို့ တစ်ဘဝလုံး အေးဆေးနှပ်နေရုံပဲ!”

လုချန်ရဲ့ အသံက အသူချောက်နက်ထဲက နတ်ဆိုးလိုမျိုးပဲ.. အကုန်လုံးကို ဆွဲဆောင်နေခဲ့သည်။

အကုန်လုံး ချွေးစေးတွေ ပြန်လာကြတော့သည်။

သူတို့တွေ အသည်းအသန် တွေးနေကြတာပင်။

ဒီတစ်ခေါက်တော့ အကျိုးအမြတ်ရဖို့ မဟုတ်ဘဲ ဘယ်လိုလွတ်အောင် လုပ်ရမလဲဆိုတဲ့ လွတ်လမ်းကိုပဲ!

တစ်ကယ်တော့…

သေခါနီးကျရင် ချမ်းသာတော့လဲ ဘာလုပ်လို့ ရမှာမလို့လဲ?

ဝမ်လျန်က အရင်ဆုံးမော့ကြည့်လာကာ အကဲစမ်းလိုက်သည်။

“ အကယ်လို့ ငါတို့မင်းပြောသလို လုပ်ရင် ငါတို့ရဲ့ လုံခြုံရေးကို မင်းဘယ်လို အာမခံ ပေးနိုင်မှာလဲ?”

လုချန် ရယ်လိုက်သည်။ နောက်ဆုံးတော့ ငါးစာဟပ်ပြီပဲ။

“ ငါလုပ်ခိုင်းမှတော့ သေချာပေါက် အကုန်လုံးကို ကာကွယ်နိုင်မဲ့ နည်းလမ်း ရှိလို့ပေါ့”

“ ငါ့ကို မယုံရင်တောင်မှ ငါ့နောက်မှာရှိတဲ့ ထျန်းချီတာဝါ ဂိုဏ်းကိုကော မယုံဘူးလား?”

ထျန်းချီတာဝါ အကြောင်းပြောလိုက်တာနဲ့ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် သွားတော့သည်။

ထျန်းချီတာဝါ..

အပေါ်ယံမှာတော့ ရှန့်ထျန်း နယ်မြေကြီးမှာ တိုင်းပြည်တွေက အချင်းချင်း အပေါ်စီးရဖို့ ပြိုင်ဆိုင်ကြသည်။

တိုင်းပြည်တစ်ခုဆီမှာ ကြောက်မက်ဖွယ် အစွမ်းတွေနဲ့ ချမ်းသာမှုတွေ ပိုင်ဆိုင်ထားသည်ပေါ့။

ဒါပေမဲ့ လက်တွေ့မှာလား?

ရှန့်ထျန်းနယ်မြေကြီးကို တစ်ကယ်အုပ်စိုးနိုင်တာက ဂိုဏ်းတွေပဲ။

အဲ့ဒီထဲက ထိပ်သီးဂိုဏ်းလေးဂိုဏ်းက အာဏာအရှိဆုံးပဲ။ ဂိုဏ်းလေးဂိုဏ်းလုံးရဲ့ အနောက်မှာ အဆင့်တစ်ကိုရောက်ပြီးသား ကျင့်ကြံရေးဆရာကြီးတွေ ရှိကြသည်!

ကျန်တဲ့ဂိုဏ်းတွေကတော့ အဆင်ပြေတဲ့ အနေအထားလောက်မှာပဲ။ သန်မာကြတယ်ဆိုရင်တောင်မှ တိုင်းပြည်တစ်ခုရဲ့ သန်မာမှုလောက်ပဲ ရှိနိုင်မှာ။

ထျန်းချီတာဝါက ထိုဂိုဏ်းကြီးလေးခုထဲက တစ်ဂိုဏ်းပဲ!

အဲ့ဒီဂိုဏ်းက ရှန့်ထျန်းနယ်မြေကြီးရဲ့ တိုင်းပြည်တွေကြားက ရန်ပွဲတွေမှာ မပါဝင်ဘူး။

ဒါပေမဲ့ သူ့ရဲ့သန်မာမှုကတော့ သွားရှုတ်လို့ မရဘူး။

သူတို့ရဲ့ ပိုင်နက်က ကျယ်ပြန့်ပြီး.လူသိနည်းသည်။ ရှန့်ထျန်းနယ်မြေကြီး တစ်ခုလုံးရဲ့ တိုင်းပြည်တိုင်းမှာ သူတို့ပဲသိတဲ့ လျှို့ဝှက်လမ်းကြောင်းတွေ ရှိသည်။

တိုင်းပြည်တိုင်းမှာလဲ လွှမ်းမိုးနိုင်စွမ်းမြင့်သည်။

လုချန်ဆိုလဲ ကြည့်လေ။ သူက တရှားတိုင်းပြည်ရဲ့ သူလျှိုတွေထဲက တစ်ယောက်ပဲ။

ထျန်းချီတာဝါက တိုင်းပြည်တွေကြားက ရန်ပွဲမှာ မပါဝင်ပေမဲ့ အားကောင်းတဲ့ ကစားသမားတစ်ယောက်ပဲ!

ဒီကမ္ဘာကြီးတစ်ခုလုံးကို စစ်တုရင်ခုံလို သဘောထားပြီး လိုသလို အကွက်ရွှေ့နေကြတာ!

ရှန့်ထျန်းနယ်မြေကြီးရဲ့ ပြောင်းလဲမှုတိုင်းမှာ သူတို့ရဲ့အရိပ်တွေပါသည်!

ဒါကြောင့်ပဲ ထျန်းချီ တာဝါဆိုတဲ့ နာမည်ကြားတာနဲ့ အကုန်လုံး ပါးစပ်ပိတ်သွားကြတာပဲ။

သူတို့အားလုံး သဘောပေါက်သည်! လုချန်သာ ထျန်းချီတာဝါရဲ့ အင်အားကို တစ်ကယ်သုံးပေးဖို့ ဆန္ဒရှိရင် သူတို့ သေချာပေါက် အသက်ရှင်လိမ့်မည်!

အချိန်အကြာကြီးနေပြီးနောက်မှာ ဝမ်လျန်နဲ့ ကျန်တဲ့သူတွေ ဆုံးဖြတ်ချက် ချပြီးသွားပုံပင်။

“ ကောင်းပြီ”

“ ငါတို့ သဘောတူတယ်။ အမတ်ယောင်ရဲ့ ရတနာတွေ ဘယ်မှာဖွက်ထားလဲ ပြောပြ”

လုချန် ခပ်ဖွဖွ ပြုံးလိုက်သည်။

“ ကောင်းတယ်!”

“ မင်းတို့ငါ့ကို စိတ်မပျက်စေဘူးပဲ”

လုချန် လက်တစ်ဖက် ယမ်းလိုက်သည်။.စာလိပ်တစ်ခု အားလုံးရဲ့အရှေ့မှာ ပေါ်လာလေ၏။

ဝမ်လျန်နဲ့ ကျန်တဲ့ သူတွေအမြန် ယူလိုက်ကြသည်။

စာလိပ်ပေးပြီးတာနဲ့ လုချန်က အရိပ်ကြားကနေ ခပ်ဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

သူက ထျန်းချီတာဝါရဲ့ သေးငယ်တဲ့ သူလျှိုတစ်ယောက်ဆိုပေမဲ့ သူ့ရဲ့သန်မာမှုကို အထင်သေးလို့မရဘူး။

ဒါပေမဲ့ လုချန်မတွေးမိခဲ့တာက ဒီအထဲက သူတွေဘယ်လောက်ပဲ လွတ်အောင် ကြံစည်ပါစေ… မလွတ်နိုင်တဲ့ ကျော့ကွင်းမှာ မိသွားပြီးသားဆိုတာပဲ။

ကျော့ကွင်းရဲ့ ပဲ့ကိုင်ရှင်ကတော့ ကျူးကော့ချန်ချင်း ကလွဲရင် တစ်ခြား မဖြစ်နိုင်တော့ဘူးလေ။ ကျင်းဝူအစောင့်တပ်ရဲ့ ခေါင်းဆောင် ကျူးကော့ချန်ချင်း…!

ထိုအချိန်မှာ သူက အရိပ်ထဲက ထွက်လာလိုက်သည်။

မျက်စိရှေ့က ခြံဝန်းကို ကြည့်နေရင်း ခပ်ဖွဖွ ပြုံးလိုက်သည်။

သူ့ရဲ့ပုံစံက အဖေဖြစ်သူ ကျူးကော့လုံ အတိုင်းပဲ!

အကွက်ချ ကြံစည်တဲ့နေရာမှာ ဆရာတစ်ဆူပဲ!

ပြီးတော့ လူသတိမထားမိအောင် နေနိုင်သည်လေ.. မသိရင် လူရိုးလေး ကျူးကော့ချန်ချင်း ပါပေါ့!

“ ဒီခြံဝန်းကို ငါ့အစား စောင့်ကြည့်ထား။ ငါ အရှင်မင်းကြီးကို တင်ပြလိုက်အုံးမယ်”

“ ယောင်ဖန်းရဲ့ နောက်လိုက်တွေ နောက်ဆုံးတော့ လူစုနေပြီ! တစ်ခုခု ကြံစည်နေတာ ဖြစ်ရမယ်!”

ကျူးကော့ချန်ချင်း တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။

ထို့နောက်မှာ အလင်းတစ်ချက်နဲ့ ပျောက်ကွယ် သွားလေ၏။

အနောက်က တပ်သားတွေအကုန် လန့်သွားကြသည်!

ခေါင်းဆောင်အသစ်က သာမာန်သူ မဟုတ်ဘူး!

All Chapters