ပြောလို့ရတဲ့နည်းက တစ်ကယ့်နည်းလမ်း.မဟုတ်ဘူး
Vol. 2 Ch. 22
ကျင်းဝူအစောင့်တပ်ရဲ့ ခေါင်းဆောင် အသစ် ကျူးကော့ချန်ချင်းကို ကြည့်လိုက်ရင် ဘာမှ လုပ်နိုင်စွမ်းမရှိသူလို့ ထင်ရသည်။
အမဖြစ်သူလိုမျိုး ထူးချွန်တဲ့ ဂုဏ်သတင်းလဲ မရှိဘူး။
ဥပမာပြောရရင် အခုလို ယောင်ဖန်းနဲ့ သူ့သားကို ရင်ဆိုင်တာကိုပဲ ကြည့်လေ။ ကျင်းဝူအစောင့် ခေါင်းဆောင်အနေနဲ့ သူ့ရဲ့လှုပ်ရှားမှု တစ်ချက်တောင် တွေ့ခဲ့ရတာ မဟုတ်ဘူး။
ဒါပေမဲ့ လက်တွေ့မှာတော့ ကျင်းဝူတပ်သားအားလုံးကို အချိန်တိုအတွင်း အမိန့်နာခံအောင် စည်းရုံးနိုင်ခဲ့သည်။
ပြီးတော့ အသံတစ်ချက်တောင် မထွက်စေဘဲ ဒီခြံဝန်းအထိ လိုက်လာနိုင်ခဲ့သည်!
ကျူးကော့ချန်ချင်းက ထင်သလောက် မရိုးရှင်းတာ အသိသာကြီးပဲ!
ပြောရရင် သူက ကျူးကော့လုံရဲ့ သားပဲလေ။ ဒီတော့ ဖုံးကွယ်တဲ့နေရာမှာ ဆရာတစ်ပါး ဖြစ်နေမှာပဲ။
……….
နန်းတော်ထဲမှာတော့ ရှကျိုးယွီက ပုံမှန်အဝတ်အစား လဲလိုက်ပြီး ကျောက်ကောင်း နဲ့အတူ နန်းတော်အပြင် ထပ်ထွက်ခဲ့သည်။
ဒါပေမဲ့ ဒီတစ်ခေါက်တော့ လျှောက်ပတ်ကြည့်ဖို့ မဟုတ်ဘဲ… တာအို လေ့ကျင့်ဖို့ပဲ!
တရှားတိုင်းပြည်တွင် တာအိုကို အဓိက ကိုးကွယ်ကြသည်။ ဒါဆို အရှင်မင်းကြီး တစ်ယောက်အနေနဲ့ တာအိုလေ့ကျင့်တာ သင့်တော်တာပဲမလား?
လျိုချင်းချန် ရှိတဲ့ ရွှမ်ချင်းဘုရားကျောင်းက နန်းတော်အပြင်ဘက်က လမ်းမကြီး၏.အဆုံးမှာ တည်ရှိသည်။.နန်းတော်လောက် မထည်ဝါပေမဲ့ ခမ်းနားတဲ့နေရာတစ်ခုပဲ။
နေရာလဲ ကျယ်ဝန်းသည်။
တရှားတိုင်းပြည်ရဲ့ ရှင်ဘုရင်အနေနဲ့ သူ လေးစားမှု ပြရမည်။
ဒါကြောင့် သာမာန်ပြည်သူပုံစံ ဝတ်ဆင်ရင်းဖြင့် လူသတိမထားမိအောင် ဖုံးကွယ်ကာ ရွမ်ချင်းဘုရားကျောင်းဆီ လာခဲ့လိုက်သည်။
လမ်းတစ်လျှောက်က ဘုန်းတော်ကြီးနဲ့ သူတော်စင်မတွေလဲ ရှကျိုးယွီကို မြင်ပေမဲ့ မတားရဲကြပေ။
ဒါကြောင့် လျိုချင်းချန်ကို အမြန် အကြောင်းကြားလိုက်သည်။
ရွှမ်ချင်းဘုရားကျောင်း၏ ပင်မအိမ်ရှိ ကြာကန်ဘေးနားက ဖေးရှန်းအဆောင်မှာ လျိုချင်းချန်က ကြာပန်းပုံထိုင်ရင်း တရားကျင့်နေခဲ့သည်။
သူမရဲ့ဘေးက မိုးမခပင်မှာ လေပြေလေးတွေ တိုက်ခတ်နေသလို ကြာပွင့်တွေလဲ လှပစွာ ဖူးအာနေလေ၏။
“ သူဘာလို့ ရောက်နေတာလဲ?”
လျိုချင်းချန် အနည်းငယ် အံ့သြသွားသည်။
“ ငါ့ကိုမေးရင် ငါမရှိဘူးပြောလိုက်”
လျိုချင်းချန် ကူကယ်ရာမဲ့နေသည်။
တရှားတိုင်းပြည်ရဲ့ အရှင်မင်းကြီးက ရိုးရှင်းတဲ့သူ မဟုတ်ဘူး။
ဒီတစ်ခေါက် ရောက်လာတာ သေချာပေါက် ရည်ရွယ်ရှိရမည်။
အခုချိန်မှာ သူမအနေနဲ့ ထိုသူနဲ့ နက်နက်ရှိုင်းရှိုင်း မပတ်သတ်ချင်နေဘူး။
တော်ဝင်နန်းဆောင်နဲ့ပတ်သတ်မိသွားရင် နောက်ဆက်တွဲတွေကို ရင်ဆိုင်ရနိုင်သည်။
သူမ ဂရုတစိုက် ပျိုးထောင်ထားတဲ့ တာအိုဂိုဏ်းလဲ အကျိုးဆက်ကို ရင်ဆိုင်ရနိုင်သည်။
ရှကျိုးယွီနဲ့ သေချာ မဆုံးဖြတ်ဘဲ ပတ်သတ်မိရင် သူမအတွက် မကောင်းဘူး။
ဒါပေမဲ့ သူမရဲ့အမိန့်က ပင်မအိမ်တော်ကနေ မထွက်နိုင်ခင်မှာပဲ ရှကျိုးယွီနဲ့ ကျူးကော့က ရောက်လာလေ၏။
ကြာကန်ဘေးက မိုးမခပင်ရဲ့အောက်မှာ ရှကျိုးယွီက လက်ထဲမှာ ယပ်တောင်တစ်ချောင်း ကိုင်ထားရင်း ခပ်ဖွဖွ ပြုံးနေသည်။
ဒီအချိန်မှာ ရှကျိုးယွီရဲ့ ရှင်ဘုရင် အရှိန်အဝါတွေ ပျောက်ကွယ်သွားကာ သာမာန် သခင်လေးတစ်ယောက်နဲ့ တူနေသည်။
ဒါပေမဲ့ သခင်လေးပဲ ဖြစ်ဖြစ်၊ ရှင်ဘုရင်ပဲ ဖြစ်ဖြစ် ရှကျိုးယွီက ရှကျိုးယွီပဲ။
“ တော်ဝင်ဆရာမကြီး ထပ်တွေ့ပြန်ပြီနော်”
ရှကျိုးယွီရဲ့ မျက်လုံးတွေက အနည်းငယ် လက်နေသည်။
လျိုချင်းချန်က အခုချိန်မှာ အဖြူရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး အနက်ရောက် ဆံနွယ်ရှည်များကို ပုခုံးပေါ် ဖြန့်ကျပ်ထားသည်။
မျက်နှာကို.ဘာမှ မလိမ်းခြယ်ထားသည်မို့ ပထမတွေ့တဲ့နေ့တုန်းကလို အံ့သြဖွယ်ရာ.ဖြစ်မနေပေမဲ့ သိမ်မွေ့တဲ့ အလှတရား ရှိနေဆဲပဲ။
ရှကျိုးယွီရဲ့ ငမ်းငမ်းတက် အကြည့်ကြီးကို လျိုချင်းချန် မသိချင်ယောင်ဆောင်ရင်း ခပ်ဖြည်းဖြည်း ထလိုက်သည်။
“ အရှင်မင်းကြီး ရောက်လာတာ ကျွန်တော်မျိုးမ ဂုဏ်ယူမိပါတယ်”
ရှကျိုးယွီကတော့ ခုံတစ်ခုံ ရှာလိုက်ပြီး ပေါ့ပေါ့ပါးပါးပဲ ဝင်ထိုင်လိုက်ရင်း လက်တစ်ဖက် ယမ်းပြလိုက်သည်။
“ ယဥ်ကျေးဖို့မလိုပါဘူး.တော်ဝင်ဆရာမကြီး”
“ ဒီရက်ပိုင်း စိတ်ဒုက္ခများနေလို့ တော်ဝင်ဆရာမကြီးဆီ လာပြီး တာအို လာလေ့ကျင့်တာ”
ရှကျိုးယွီ လာရင်းကိုပဲ တည့်ပြောလိုက်သည်။
လျိုချင်းချန် အရှေ့က ထိုင်ခုံမှာ ခပ်ဖြည်းဖြည်း ဝင်ထိုင်လိုက်သည်။ သူမရဲ့ မျက်နှာက တည်ငြိမ်နေလေ၏။
“ အရှင်မင်းကြီး စိတ်ပူပန်နေရင် ယုံကြည်ရတဲ့ အမတ်တွေနဲ့ တိုင်ပင် ဖြေရှင်းတော် မူပါ့လား? ကျွန်တော်မျိုးမဆီ ဘာလို့လာတွေ့တာလဲ?”
“ အရှင်မင်းကြီးရဲ့ စိတ်ဒုက္ခတွေကို အရှင်မင်းကြီး ကိုယ်တိုင်ပဲ ဖြေရှင်းသင့်ပါတယ်။ ကျွန်တော်မျိုးမနဲ့ မဟုတ်ပါဘူး”
လျိုချင်းချန် လက်တစ်ဖက် ယမ်းလိုက်သည်။ အနီနားက ကြာကန်ထဲရှိ နွေဦးရေတွေက ခပ်ဖြည်းဖြည်း လှုပ်ရှားလာကာ ကြာကန်အလယ်မှာ ရေတံတိုင်းဖြစ်ပေါ် သွားသည်။
သူမက ထိုရေတွေကို အရင်အပူပေးလိုက်ပြီးနောက်မှာ အရှေ့က အခါးရည်ခွက်ထဲ တိကျစွာ ဝင်စေလိုက်သည်။
ချက်ချင်းပဲ လေထဲသို့ မွှေးရနံ့တစ်ခု သင်းပျံ့လာသည်။
“ အရှင်မင်းကြီး အခါးရည် သုံးဆောင်ပါအုံး”
ရှကျိုးယွီ အခါးရည်ခွက်ကို.ယူလိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။
“ အတွင်းစိတ်တည်ငြိမ်မှုက ငါကိုယ့်တော်ရဲ့စိတ်နှလုံးမှာ ဖြစ်ပေါ်ရမှာ ဆိုပေမဲ့ တော်ဝင်ဆရာမကြီးနဲ့လဲ သက်ဆိုင် နေတာပဲ”
“ တော်ဝင်ဆရာမကြီးမရှိရင် ကိုယ်တော် ဘယ်လိုလုပ် တာအိုကျင့်ကြံနိုင်မှာလဲ? ပြီးတော့ တာအိုမကျင့်ကြံဘူးဆိုရင် ဘယ်မှာ အတွင်းစိတ်တည်ငြိမ်စေတဲ့ တာအိုကို ရှာတွေ့မှာလဲ?”
“ ပြီးတော့ တာအိုအတူလေ့ကျင့်ချင်ရင် တော်ဝင် ဆရာမကြီးကလွဲရင် ဘယ်သူရှိသေးလို့လဲ?”
လျိုချင်းချန် ကူကယ်ရာမဲ့စွာပဲ ပြုံးနိုင်တော့သည်။
“ အရှင်မင်းကြီး ကျွန်တော်မျိုးမ နားလည်ပါပြီ”
“ ဒါပေမဲ့ အတွင်းစိတ်တည်ငြိမ်မှုကို ရှာဖွေတာနဲ့ တာအိုကျင့်ကြံတာက မတူညီတဲ့ ကိစ္စပါ”
ရှကျိုးယွီ အနည်းငယ် အံ့သြသွားကာ
“ တစ်ခြားရှိသေးလို့လား? ကွာသေးလို့လား?”
လျိုချင်းချန် အနည်းငယ် ဆံပင်သပ်တင်လိုက်ရင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
“ ဒါပေါ့!”
“ တာအို ကျင့်ကြံတာက တာအိုသိုင်းပညာကို ကျင့်ကြံတာပဲ။.မခက်ခဲဘူး။ ကျွန်တော်မျိုးမ သေချာပေါက် ကူညီပေးနိုင်တယ်”
“ ဒါပေမဲ့ တာအိုကို ရှာဖွေချင်တာတော့ မတူညီတဲ့ကိစ္စပဲ”
“ အဲ့ဒါက တာအိုပညာရဲ့ နှလုံးသားကို ရှာဖွေတာပဲ။ အဲ့ဒီလို ကိစ္စက လူတစ်ယောက်ရဲ့ အတွင်းစိတ်မှာ ဖြစ်ပေါ်တဲ့ကိစ္စမျိုးပဲ။ ကျွန်တော်မျိုးမက ဘယ်လိုကူညီပေးနိုင်မှာလဲ?”
လျိုချင်းချန် တည်ငြိမ်စွာ ရှင်းပြပေးလိုက်သည်။
ရှကျိုးယွီပင် အတွေးနစ်သွားလေ၏။
“ ဆိုရိုးအတိုင်းပဲ.. လူတွေပြောတဲ့ တာအိုက တစ်ကယ့်တာအိုအစစ် မဟုတ်ဘူး။ နာမည်တစ်ခုက တစ်ကယ့်အဓိပ္ပါယ် မဆောင်ဘူး..။ တာအိုကို ရှာဖွေချင်တယ်ဆိုမှတော့ အရာအားလုံးက ကိုယ့်ကိုယ်နဲ့ပဲ သက်ဆိုင်တာပေါ့”
ရှကျိုးယွီရဲ့ စကားသံအဆုံးမှာ လျိုချင်းချန်ပင် အေးခဲသွားခဲ့သည်။
“ တာအိုက စစ်မှန်တဲ့တာအို မဟုတ်ဘူး။ နာမည်တစ်ခုက တစ်ကယ့်အဓိပ္ပါယ် မဆောင်ဘူး..”
“ တာအိုက စစ်မှန်တဲ့ တာအိုမဟုတ်ဘူး။ နာမည်တစ်ခုက တစ်ကယ့်အဓိပ္ပါယ် မဆောင်ဘူး..”
လျိုချင်းချန်က မသိရင် မဖမ်းဆုတ်နိုင်တဲ့ အဖြေတစ်ခုကို အသည်းအသန် ရှာဖွေနေသလိုမျိုး ဆက်တိုက် ရွတ်ဆိုနေခဲ့သည်။
ချက်ချင်းပဲ ယဥ်ကျေးမှုတွေကိုပင် ဂရုမစိုက်တော့ကာ သူမ ပြောလိုက်သည်။
“ အရှင်မင်းကြီး ကျွန်တော်မျိုးမ အတွေးတစ်ခု ရလို့ အခုပဲသွားမှဖြစ်ပါတော့မယ်”
“ ဧည့်ဝတ်မကျေခဲ့မိတဲ့အတွက် ခွင့်လွှတ်ပေးတော်မူပါ”
“ ဒါက ရွှမ်ချင်းဘုရားကျောင်းထဲက ကျွန်တော်မျိုးမရဲ့ ဂိုဏ်းပဲ။.အရှင်မင်းကြီး ကျင့်ကြံချင်တယ်ဆိုရင် ဒီမှာကျင့်ကြံနေလို့ ရပါတယ်”
သိုင်းကျင့်စဥ်တစ်ခုရဲ့ ကူးယူထားတဲ့ စာလိပ်ကို ချပေးခဲ့ပြီး လျိုချင်းချန် ပျောက်ကွယ်သွားခဲ့သည်။
ရှကျိုးယွီကတော့ သူမထွက်သွားတဲ့ ဘက်ကိုသာ ကူကယ်ရာမဲ့စွာ ကြည့်နေနိုင်တော့၏။
“ မသွားပါနဲ့!”
“ တာအိုက စစ်မှန်တဲ့တာအို မဟုတ်ဘူး။ နာမည်တစ်ခုက တစ်ကယ့်အဓိပ္ပါယ် မဆောင်ဘူး။ ငါကိုယ်တော် ထပ်ပြောပြနိုင် သေးတယ်လို့!”
ကံဆိုးစွာနဲ့ အဝေးကိုရောက်သွားပြီဖြစ်တဲ့ လျိုချင်းချန်ကတော့ မကြားနိုင်တော့ပေ။
ဒီလိုနဲ့ လက်ထဲက သိုင်းစာလိပ်ကိုပဲ ရှကျိုးယွီ ဖွင့်ဖတ်လိုက်တော့သည်။
“ ဒါတွေအားလုံးက ကောင်းကင်ရဲ့ အလိုတော်ပဲ။ လိုအပ်တဲ့သူတွေက အရေးကြီးပြီး.. မလိုအပ်တဲ့သူတွေအတွက်တော့ ဘယ်အရေးပါပါ့မလဲ?.. ငါငိုချင်လိုက်တာအေ!”
ဒီလိုနဲ့ တာအိုကျမ်းဂန်ကိုပဲ ရှကျိုးယွီ ဆက်ဖတ်နေလိုက်တော့သည်။
သူ စာလုံးတစ်လုံးဆီကို မှတ်မိနေခဲ့ပြီ။ ဒါပေမဲ့ စုပေါင်းလိုက်တဲ့အခါ အဓိပ္ပါယ်ကို နားမလည်တော့ဘူး။
“ ကြည့်ရတာ ငါ့မှာတစ်ကယ်ပဲ အရည်အချင်း မရှိတာများလား?”
ရှကျိုးယွီ မနေနိုင်စွာ မေးခွန်းထုတ်လိုက်သည်။
“ မဖြစ်နိုင်တာ!”
“ ငါ့မှာ ခေါင်းကိုးလုံးနဂါးရဲ့ မြင့်မြတ်ကိုယ်ထည် ရှိပြီးသားပဲ! ငါ မကျင့်ကြံနိုင်တာ ဘာမှမရှိဘူးကွ!”
“ ငါအခု နားမလည်ရတဲ့ အကြောင်းအရင်းကလဲ တော်ဝင်ဆရာမကြီး ငါ့ကို မရှင်းပြသွားလို့ပဲ!”
“ ဟုတ်တယ်။ သူမသာ သေချာရှင်းပြပေးရင် ငါမရစရာ အကြောင်းရှိပါ့မလား?”
ရှကျိုးယွီ ကိုယ့်ကိုယ်ကို အားပြန်တင်းလိုက်သည်။
ထိုအချိန်မှာပဲ ကျောက်ကောင်းက တင်ပြလာသည်။
“ အရှင်မင်းကြီး စစ်သူကြီးကျူးကော့က တွေ့ခွင့်တောင်းပါတယ်”
ရှကျိုးယွီ နည်းနည်းတောင် အံ့သြသွားသည်။
“ စစ်သူကြီးကျူးကော့? အဲ့ဒါဘယ်သူလဲ? ငါကိုယ်တော် ဘာလို့ မမှတ်မိရတာလဲ?”
“ အရှင်မင်းကြီး.. စစ်သူကြီး ကျူးကော့ချန်ချင်းပါ။ အရေးကြီး တင်ပြစရာရှိလို့ပါတဲ့”
ရှကျိုးယွီ ရုတ်တရက် ခံစားချက် မကောင်းတော့ဘူး။ နောက်ကျောဘက်မှာ လေစိမ်းတွေ တိုက်နေသလိုပဲ!
‘ဒါနဲ့..’
'ဒီကျူးကော့ချန်ချင်း ကကော ငါ့နောက်ကျောကို ဓားထိုးအုံးမှာလားဟင်?’