← Chapters

ထျန်းချီတာဝါလား အကုန်သတ်

Vol. 2 Ch. 23

ထျန်းချီတာဝါလား အကုန်သတ်

Vol. 2 Ch. 23

ရှကျိုးယွီ အချိန်အကြာကြီး စဥ်းစားလိုက်သည်။ နောက်ဆုံးမှာ ကျူးကော့ချန်ချင်းကို အထဲဝင်ခိုင်းလိုက်သည်။

‘ ဘယ်လိုပဲစဥ်းစားစဥ်းစား ဒီလောက်ထိတော့ မဖြစ်နိုင်ဘူးလေ!’

‘ ငါ ခန့်လိုက်သမျှ လူအကုန်လုံးတော့ ငါ့ကို နောက်ကျောဓားမထိုးလောက်ပါဘူး!’

‘ အကယ်လို့ တစ်ကယ်ပဲ အဲ့လိုဖြစ်နေရင် သူတို့ထိုးရလွယ်အောင် ငါဆန့်ဆန့်ကြီးပဲ တစ်ခါထဲ သေပေးလိုက်မယ်!!’

ကျူးကော့ချန်ချင်းကို တစ်ခေါက်လောက် ယုံကြည်ပေးဖို့ ရှကျိုးယွီ တွေးလိုက်သည်။

“ ဝင်ခိုင်းလိုက်”

ဒါကြောင့် သူ တည်ငြိမ်စွာ ပြောလိုက်လေ၏။

အမိန့်ရတာနဲ့ ကျောက်ကောင်း အပြင်ထွက်သွားပြီး မကြာခင်မှာ ကျူးကော့ချနိချင်းနဲ့အတူ ပြန်ဝင်လာခဲ့သည်။

“ အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်”

ကျူးကော့ချန်ချင်းက သံချပ်ကာနဲ့ စစ်တပ် ဝတ်စုံကို ဝတ်ဆင်ထားသည်။ အများနဲ့မကွဲတဲ့ သာမာန်ရုပ်ထွက်ပဲဆိုပေမဲ့ ထူးခြားတဲ့ အရှိန်အဝါ တစ်ချို့ကိုတော့ သယ်ဆောင် နိုင်သေးသည်။

“ ကျူးကော့ချန်ချင်း ကိုယ်တော် မှတ်မိတာတော့ မင်းကို ကျင်းဝူတပ်ရဲ့ အစောင့်ခေါင်းဆောင်အဖြစ် ခန့်ထားတာမလား? မြို့တော်နဲ့ နန်းတော်ကို မစောင့်ကြပ်ပဲ ငါကိုယ်တော့်ကို ဘာလို့ လာတွေ့တာလဲ?”

ရှကျိုးယွီ လက်တစ်ဖက်မှာ လျိုချင်းချန် ပေးသွားတဲ့ တာအိုစာလိပ်ကို ကိုင်ဆောင်ထားရင်း မေးလိုက်သည်။

ရှကျိုးယွီရဲ့ စကားဆုံးတာနဲ့ ကျုးကော့ချန်ချင်း ချက်ချင်း ပြန်ဖြေလေ၏။

“ အရှင်မင်းကြီး ကျွန်တော်မျိုး ဒီနေ့ ထိုက်အန်းမြို့တော်အတွင်း လှည့်ပတ်ချိန်မှာ ထျန်းချီတာဝါ ဂိုဏ်းရဲ့ အရှေ့ဘက်ဝင်ပေါက်နားက စုဝေးရာနေရာ တစ်ခုကို တွေ့ခဲ့ပါတယ်”

ကျူးကော့ချန်ချင်း.မှန်းဆ ပြောဆိုလိုက်သည်။

ရှကျိုးယွီရဲ့ မျက်လုံးတွေ ကျဥ်းမြှောင်းသွားလေရဲ့။

“ ထျန်းချီတာဝါ ဟုတ်လား? သေချာလား?”

“ အရှင်မင်းကြီး ကျွန်တော်မျိုး တွေ့ခဲ့တာ သေချာပါတယ်။ ပြီးတော့ အဲ့ဒီနေရာမှာ သခင်ကြီးယောင်ရဲ့ အပေါင်းအပါ အမတ်တွေကိုပါ တွေ့ခဲ့သေးတယ်”

ရှကျိုးယွီ ချက်ချင်းပဲ ပျော်ရွှင်သွားသည်။

‘ကောင်းတယ်!’

ထျန်းချီ တာဝါက ရှန့်ထျန်းနယ်မြေကြီး တစ်ခုလုံးရဲ့ ထိပ်သီးဂိုဏ်းပဲ။

သူတို့ရဲ့ နေရာကို ဖျက်ဆီးပြီးတော့ ရန်စလိုက်မယ်ဆိုရင် တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်တွေ လျော့သွားနိုင်မည်!

ထိပ်သီးဂိုဏ်းတစ်ခုရဲ့ ပေးလာမဲ့ အန္တရာယ်က တိုင်းပြည်တစ်ပြည်ရဲ့ ကံကြမ္မာအမှတ်ကို ကြီးမားစွာ သက်ရောက်နိုင်မှာပဲလေ!

ရှကျိုးယွီ ဆုံးဖြတ်ချက် ချလိုက်တော့သည်။

“ ကျူးကော့ချန်ချင်း တော်တယ်”

“ သူတို့ကို သေချာစောင့်ကြည့်ထား။ သူတို့ကို မသိစေနဲ့။ ထျန်းချီတာဝါက လူတွေနဲ့ ထပ်တွေ့တဲ့အချိန်ကျမှ အကုန်လုံးကို ရှင်းပစ်လိုက်!”

ရှကျိုးယွီ လက်ထဲက စာလိပ်ကို အောက်ချကာ ကျေနပ်စွာ ပြုံးလိုက်သည်။

သူ့ရဲ့စိတ်ထဲမှာ ရုတ်တရက် ပြုတ်ကျသွားမဲ့ ကံကြမ္မာအမှတ်ကိုပင် စိတ်ကူးယဥ်လို့ ရနေပြီ!

ဒါပေမဲ့ ကျူးကော့ချန်ချင်း ချက်ချင်းပဲ စိတ်ပူသွားကာ

“ အရှင်မင်းကြီး ကျွန်တော်မျိုးတို့ အမတ်ယောင်ရဲ့ ဘက်တော်သားတွေကိုပဲ ထိန်းချုပ်ရင် ရမယ်ထင်ပါတယ်။ ထျန်းချီ တာဝါကိုက…”

ကျူးကော့ချန်ချင်း စကားဆက်မပြောရဲတော့ပေ။

ရှန့်ထျန်းနယ်မြေကြီးရဲ့ ထိပ်သီးတိုင်းပြည်ကြီး လေးခုဖြစ်တဲ့ တကန်၊ တဖုန်း၊ တနင်၊ တမော့ ဆိုတဲ့ တိုင်းပြည်ကြီးလေးခုတောင်မှ သူတို့ကို ရန်စရဲတာ မဟုတ်ဘူး။ တစ်ခြားတိုင်းပြည် ငယ်တွေဆို မပြောနဲ့တော့ပဲ။

ထျန်းချီတာဝါက ထိပ်သီးဂိုဏ်းပဲ!

ဒါပေမဲ့ ရှကျိုးယွီကတော့ အေးစက်စွာ နှာမှုတ်လိုက်သည်။

“ ထျန်းချီတာဝါဆိုတော့ကော ဘာဖြစ်သလဲ?”

“ ဒါက တရှားတိုင်းပြည်ရဲ့ မြို့တော်ပဲ။ သတင်းစုချင်ရုံဆိုရင် ငါကိုယ်တော် ခွင့်လွှတ်ပေးနိုင်သေးတယ်။ ဒါပေမဲ့ ပြည်တွင်းရေးကိုပါ ဝင်စွတ်ဖက်ရဲမှတော့ ငါကိုယ်တော့်ကို ရက်စက်လို့ အပြစ်မတင် နဲ့တော့!”

ရှကျိုးယွီရဲ့ အာဏာပြင်းတဲ့ စကားသံသည် အင်အားပြင်းလှသည်။

ချက်ချင်းပဲ လေထုထဲသို့ ဖိအားတွေ ပျံ့နှံ့လာခဲ့သည်။ ကျူးကော့ချန်ချင်း အသက်တောင် မရှုနိုင်တော့ပေ။

“ ကျူးကော့ချန်ချင်း ကိုယ်တော်မင်းကို ဒီကိစ္စ အပ်လိုက်ပြီ။ ကောင်းကောင်း ဖြေရှင်းပါ”

မျက်စိရှေ့က အရှိန်အဝါ ရောင်ခြည်တွေ ဖြာထွက်နေတဲ့ ရှကျိုးယွီကို ကြည့်လိုက်ရင်း ကျူးကော့ချန်ချင်းရဲ့ မျက်လုံးတွေပင် ဝေဝါးသွားသလိုပဲ။

ရှကျိုးယွီရဲ့ အမိန့်ကို ကြားမှသာ ရုတ်တရက် အသိဝင်လာပြီး

“ အရှင်မင်းကြီးရဲ့ အမိန့်တော်အတိုင်းပါ”

ဒါပေမဲ့ ရုတ်တရက် တစ်ခုခု သဘောပေါက် သွားဟန်ဖြင့် သူ ဆက်ပြောလိုက်သည်။

“ အရှင်မင်းကြီး အကယ်လို့ အမတ်ယောင် ဘက်က လူတွေနဲ့ ထျန်းချီတာဝါနဲ့ ပူးပေါင်းပြီး တရားမဝင်ပြစ်မှုတွေ လုပ်နေခဲ့တာ မှန်ရင် ဘာဆက်လုပ်ရမှာပါလဲ?”

အခုလို အရေးကြီးကိစ္စကို စိတ်တိုင်းကြ မဆုံးဖြတ်ရဲဘူးလေ။

“ သတ်!”

“ အကုန်လုံးကိုသတ်!”

“ ခိုင်မာတဲ့ သက်သေရှိနေသရွေ့ တစ်ယောက်ကိုမှ လွှတ်ပေးစရာမလိုဘူး!”

ရှကျိုးယွီ အေးစက်စွာပြောလိုက်သည်။ ဒီအချိန်မှာ သူ့ရဲ့ပုံစံက အသုံးမကျတဲ့ ဘုရင်တစ်ယောက်နဲ့ မတူတော့ဘူး။ စစ်မှန်တဲ့ ရှင်ဘုရင်တစ်ယောက်လိုမျိုး အာဏာတွေ ဖြာထွက်နေလေ၏။

ကျူးကော့ချန်ချင်း ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။

“ အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး!”

ဒီကိစ္စရဲ့ အကျိုးဆက်က ပြင်းထန်မယ်ဆိုတာ သူ ကောင်းကောင်းသိပါသည်!

ဒါပေမဲ့ သူ မစိုးရိမ်မိတော့ဘူး! သူ့ရဲ့ စိတ်ထဲမှာ ရှကျိုးယွီရဲ့ စကားလုံးတွေကနေ ခိုင်မာတဲ့ ခွန်အားတွေ ရရှိနေခဲ့သည်!

ကျူးကော့လုံရဲ့ သားဖြစ်တဲ့ အတွက် သူ့မှာလဲ စစ်ဘုရင်တစ်ယောက်လို သန်မာတဲ့ စိတ်ဓာတ် ရှိထားပြီးသားပင်!

အဆိုးဆုံးအနေနဲ့ တိုက်ခိုက်ရုံပေါ့!

ကျူးကော့ချန်ချင်း အမိန့်တော်လက်ခံပြီးနောက်မှာ ထွက်သွားလိုက်သည်။

သူ.ထွက်သွားတဲ့နေရာကို ကြည့်နေရင်း ရှကျိုးယွီ ခပ်ဖွဖွ ပြုံးလိုက်လေ၏။

“ ကျူးကော့ချန်ချင်း.. ကျူးကော့ချန်ချင်း ငါမမှားခဲ့ဘူး”

“ လီလင်ပုနဲ့ ကျန်တဲ့သူတွေနဲ့ ယှဥ်ကြည့်လိုက်ရင် မင်းက တစ်ကယ်ကို ကံကောင်းတဲ့ ကြယ်ပွင့်လေးပဲ”

“ ထျန်းချီတာဝါဆိုလဲ ဘာဖြစ်သလဲ? သတ်သာသတ်!”

“.....”

ထျန်းချီတာဝါဆိုတဲ့ နာမည်က အမှောင်ထုကြားကနေ မျှော်လင့်ချက် ရောင်ခြည်လေး ပေးသွားသလိုပဲ။

ကံကြမ္မာအမှတ် လျော့ဖို့အတွက် ထျန်းချီ တာဝါက နောက်ပိုင်းကျရင် ပင်တိုင်ဖောက်သည် ဖြစ်လာနိုင်သည်! အစက သူ့အနေနဲ့ မျှော်လင့်ချက် ပျောက်နေခဲ့တာပင်!

ကျူးကော့ချန်ချင်းက ရေနစ်နေတဲ့ သူ့ကို ဝါးကူထိုးပေးခဲ့တာပဲ!

ဒီတော့ သူ့အနေနဲ့ မပျော်စရာ အကြောင်း ရှိပါမလား?

သူ ချက်ချင်းပဲ စိတ်သက်သာနေပြီး.လက်ထဲက နားမလည်နိုင်တဲ့ စာလိပ်ကြီးပင် မျက်လုံးထဲ တည့်နေသလိုပဲ။

ကောင်းကင်ဘုံက ဘာသာရပ်တွေနဲ့ ရေးသားထားသလို ဒီစာလိပ်ကလဲ အခု နားလည်နိုင်သွားသလိုပဲ။

ထို့ကြောင့် သူ စတင်ပြီး ကျင့်ကြံလိုက်သည်။

တော်ဝင်ဆရာမကြီးနဲ့ အတူ ကျင့်ကြံဖို့ ဆုံးဖြတ်ထားတာမလို့ စတင် ကျင့်ကြံလိုက်တာပင်။

ရှကျိုးယွီ ကျင့်ကြံနေစဥ်မှာ လျိုချင်းချန်ကလဲ ရှကျိုးယွီရဲ့ စကားတွေကြောင့် အမြင်တစ်ခု ရသွားခဲ့သည်။

“ တာအိုက စစ်မှန်တဲ့တာအို မဟုတ်ဘူး။ နာမည်တစ်ခုက တစ်ကယ့်အဓိပ္ပါယ် မဆောင်ဘူး”

ရွှမ်းချင်း ဘုန်းကြီးကျောင်းရဲ့ လေ့ကျင့်ရေး.အခန်းထဲမှာ သူမရဲ့ဆံနွယ်ရှည်တွေ အကုန် ဖြန့်ကျပ်နေပြီး နဖူးပြင်မှ ချွေးတွေလဲ ဆက်တိုက် စီးကျနေခဲ့သည်။ အခုချိန်မှာ သူမရဲ့ အဝတ်တွေလဲ မရှိတော့ဘူး။

သူမရဲ့ နှလုံးသား အောက်ခြေကနေ အမည််မဖော်နိုင်တဲ့ ဆာလောင်မှု ရမ္မက်တို့ နိုးထနေခဲ့သည်။

ဒါက သာမာန်ဆာလောင်မှု မဟုတ်ဘူး။ ခံစားချက်ခုနှစ်မျိုးကနေ စတင် ဖြစ်ပေါ်လာတဲ့ ဆာလောင်မှု!

ခပ်တိုတို ပြောရရင် လျိုချင်းချန် အခုချိန်မှာ ခံစားချက်ခုနှစ်မျိုး၏ လွှမ်းမိုးခြင်းကို အလူးအလိမ့် ခံနေရသည်။

သူမရဲ့ ကျင့်ကြံဆင့် မြင့်လို့သာမဟုတ်ရင် ထိုခံစားချက်မီးတွေ၏ ဝါးမြိုမှုကို ခံလိုက်ရမှာ ကြာလှပြီပင်။

အချိန်အကြာကြီးနေပြီးမှသာ ထိုခံစားချက်တွေက ခပ်ဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

လျိုချင်းချန် သက်ပြင်းချလိုက်နိုင်သွားပြီး ချွေးတွေကို ဆေးကြောဖို့ရန် မျက်စိရှေ့က ရေပူစမ်းထဲ ဝင်စိမ်လိုက်သည်။

“ အဆင့်တစ်ကို ရောက်ချင်ရင် ငါဒီခံစားချက်တွေကို အရင်ဖြေရှင်းရမှာပဲ။ ဒီလိုမှမဟုတ်ရင် ငါ အလင်းပွင့်ရင်တောင်မှ အဆင့်တက်နိုင်မှာ မဟုတ်ဘူး”

“ အာ”

“ တစ်ကယ်ပဲ တစ်ခြားရွေးချယ်စရာ မရှိတော့ဘူးလားကွာ?”

လျိုချင်းချန် ကူကယ်ရာမဲ့စွာ သက်ပြင်း ချလိုက်သည်။

တာအိုပညာရဲ့ ကန့်သတ်ချက်တွေကြောင့် သူမ ရွေးစရာမရှိတော့ဘူး။

သူမရဲ့ ကျင့်ကြံမှုနှုန်းနဲ့ဆို အစောတည်းက အဆင့်တစ် ကမ္ဘာ့နတ်ဘုရား ကျင့်ကြံမှုနယ်ပယ် အတွင်းကို ဝင်နိုင်မှာ သေချာနေခဲ့ပြီးသားပဲ။ ထိုအချက်ကြောင့်သာ သူမ ရပ်တန့်နေရတာ။

ကံကြမ္မာအမှတ်ကို အသုံးပြုပြီး ဒီဆာလောင်မှု မီးတောက်တွေကို မဖျက်ဆီးရင် အဆင့်မတက်တဲ့အပြင် လောင်ကျွမ်း ပျက်ဆီးရလိမ့်မည်။

“ ထားတော့ အရင်အခြေအနေ ကြည့်သေးတာပေါ့”

“ ပထမအဆင့်က လိုပါသေးတယ်။ ငါထပ်အလင်းပွင့်အုံးမှာမဟုတ်ဘူး။ အလျင်လိုဖို့ မလိုသေးဘူး”

လျှို့ဝှက်ခန်းထဲမှာ စိတ်ပျက်ဖွယ် အသံတစ်ခု ထွက်ပေါ်နေလေ၏။

All Chapters