← Chapters

ငါကိုယ်တော် သင်ပြပေးရမလား

Vol. 2 Ch. 25

ငါကိုယ်တော် သင်ပြပေးရမလား

Vol. 2 Ch. 25

ကျူးကော့ချန်ချင်းရဲ့ စကားတွေက အရမ်းကို.အင်အားကောင်းလွန်းတာမို့ လုချန် ဘာပြောရမှန်းတောင် မသိတော့ပေ။

ချက်ချင်းပဲ ကျူးကော့ချန်ချင်းရဲ့ စတီးရောင်လက်နေတဲ့ ဓားသွားက လုချန်ရဲ့ ခေါင်းဆီကို ကျရောက်သွားခဲ့သည်။

“ အကုန်လုံးကို ထုတ်သွားတော့”

“ အကုန်!”

အရှင်မင်းကြီးက အကုန်သတ်ဖို့ အမိန့်ထုတ်ခဲ့ပေမဲ့ ကျူးကော့ချန်ချင်းက အတတ်နိုင်ဆုံး အသက်ရှင်ရက် ဖမ်းနိုင်ဖို့ ရွေးချယ်ခဲ့သည်။

ဝမ်လျန်းနဲ့ တစ်ခြားရပ်နေတဲ့ အရာရှိတွေ ခမျာ ကြောက်လွန်းလို့ အသံတောင် မထွက်နိုင်ကြတော့ပေ။

ကျူးကော့ချန်ချင်းနဲ့ သူ့လူတွေကို ကြည့်နေရင်း သူတို့မှာ ဘယ်လိုခုခံခွင့်မှ မရှိတော့တာ ကောင်းကောင်း သိနေပြီ။

သူတို့အကုန်သေပြီပဲ!

ဘယ်သူမှ လွတ်မှာမဟုတ်တော့ဘူး!

ပြီးတော့ သူတို့မှာ ခုခံဖို့ အင်အားလဲ မရှိဘူး!

စိတ်ဝိညာဥ်သန့်စင်ခြင်းနဲ့ တာအို ကျင့်ကြံခြင်းတို့ ကျင့်ကြံခြင်း လောကမှာ တည်ရှိတယ်ဆိုပေမဲ့…

သူတို့တွေက စာတွေ့ပဲ လေ့လာခဲ့ကြတာ ဖြစ်ပြီး လက်တွေ့မကျင့်ကြံဖူးဘူး။ အရာရှိတိုင်းက ကျူးကော့လုံမှ မဟုတ်တာ!.

စာပေတတ်သူက ကမ္ဘာကြီးကို အုပ်စိုးနိုင်ပြီး ကျင့်ကြံခြင်းတတ်သူက ထီးနန်းကို ကာကွယ် ပေးနိုင်သည်!

နှစ်မျိုးလုံးမှာ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ဆိုတာ အရှားပါးဆုံးပဲ!

ဒီလိုနဲ့ပဲ ကျူးကော့ချန်ချင်းရဲ့ အမိန့်အောက်မှာ ငွေသေတ္တာအားလုံးကို ကျင်းဝူအစောင့် ရုံးတော်ဆီ ပြန်သယ်သွားကြပြီး မနက်ခင်းကျမှ နန်းတော်ဆီ သယ်သွားဖို့ ပြင်ဆင်ထားခဲ့သည်။

ဒီလိုနဲ့ ညတာက မသိလိုက်စွာ ကုန်ဆုံးသွားခဲ့သည်။ မနက်နိုးလို့ မျက်နှာသစ်ပြီးတာနဲ့ ရှကျိုးယွီ နန်းတော်ထဲကနေ အနောက်ဆောင်ကို ခြေလှမ်းပြင်နေတုန်း ရှိသေးသည်။ ကျောက်ကောင်းထံမှ တင်ပြချက်ကို လက်ခံလိုက်ရသည်။

ကျူးကော့ချန်ချင်းမှ တွေ့ခွင့်တောင်းနေတာပင်။

ရှကျိုးယွီ ရင်ခုန်သွားခဲ့သည်။

ကြည့်ရတာ ကျူးကော့ချန်ချင်း လုပ်နိုင်သွားပြီလား?

သူ ချက်ချင်းပဲ ပြောလိုက်သည်။

“ တော်ဝင်စာဖတ်ခန်းမှာ စောင့်နေဖို့ ပြောလိုက်”

“ ဒါနဲ့ လီလင်ပုကိုပါ ခေါ်လိုက်”

ရှကျိုးယွီ ဒီနေ့ လီလင်ပုကို ပညာပေးဖို့ စီစဥ်ထားသည်။

သင့်တော်တဲ့ အကြောင်းပြချက်သာ ရှိလို့ကတော့ သူ လီလင်ပုကို ရာထူးက ထုတ်ပယ်ပြီးတာ ကြာလှနေပြီ။

အဲ့ဒီလူက အရမ်းကို လုပ်နိုင်လွန်းတယ်။

ငါ့တိုင်းပြည်က အဲ့လောက်ကြီး.လုပ်နိုင်နေရင် မလိုချင်ဘူး!

လီလင်ပု ထပ်ပြဿနာရှာတာကို တစ်ကယ် မမြင်ချင်တော့တာပါ!

“ အရှင်မင်းကြီး ကျွန်တော်မျိုး ဆောင်ရွက် ပြီးပါပြီ”

ကျောက်ကောင်း ပြန်ရောက်လာခဲ့သည်။

“ အရမ်းကောင်းတယ်။ ဒါဆို သွားမယ်”

ရှကျိုးယွီ အလွန်ကျေနပ်နေသည်။

သူ ဘယ်လိုမျိုး ကျောက်ကောင်းကို အသုံးချရမလဲ တွေးနေလိုက်သည်။

အဆင့်နှစ် သိုင်းသမားတစ်ယောက်ကို ဘေးမှာ ထားထားပြီး တောက်တိုမယ်ရ ခိုင်းနေတာက စွမ်းအင်အရင်းအမြစ်ကို ဖြုန်းတီးနေတာပဲ။

ကျောက်ကောင်းက တစ်ခါ သစ္စာဖောက် ဖူးတယ်ဆိုပေမဲ့လဲ အဲ့ဒါက ချင်မင်းသား ကြောင့်ပဲ။

ဒါကြောင့် သူ ကျောက်ကောင်းအပေါ် ယုံကြည်မှု မပျက်သေးဘူး။

ဒီလိုနဲ့ စဥ်းစားနေရင်းနဲ့ပဲ…

သူတို့တွေ တော်ဝင်စာဖတ်ခန်းဆီကို ရောက်လာခဲ့သည်။

အထဲမှာ ကျူးကော့ချန်ချင်းနဲ့ လီလင်ပုက အသင့်စောင့်နေကြသည်။

“ နှုတ်ဆက်ပါတယ် အရှင်မင်းကြီး”

ရှကျိုးယွီကို မြင်တာနဲ့ ထိုနှစ်ယောက်က ဦးညွတ်လိုက်ကြသည်။

ရှကျိုးယွီ ခေါင်းအနည်းငယ် ညိတ်ပြလိုက်ကာ လီလင်ပုကို ကြည့်လိုက်ရင်း

“ ယောင်ဖန်းကို စစ်ဆေးနေတာ အခြေအနေ ဘယ်လိုရှိပြီလဲ?”

လီလင်ပုရဲ့ မျက်နှာက တည်တင်းနေသည်။

“ အရှင်မင်းကြီး!”

“ ပြောရမှာ ခက်ပါတယ်”

“ လက်ရှိမှာ ဝတ်ပြုမှုဋ္ဌာနရဲ့ အမတ်ကြီး ယောင်ဖန်းက မင်းဆက်သုံးခုတိုင် တာဝန် ထမ်းဆောင်ထားတာပါ။ သူ ထမ်းဆောင်ခဲ့တဲ့ တာဝန်တွေက တော်ဝင်အကြံပေး အပါအဝင်၊ ဒုအမတ်ချုပ်၊ အခွန်ဋ္ဌာနရဲ့ အမတ်ကြီးအဖြစ်ပါ တာဝန်ထမ်းဆောင် ဖူးတယ်”

“ မင်းဆက်သုံးခုလုံးမှာ အစိုးရရုံးတော်ရဲ့ အရေးကြီးနေရာတွေမှာ တာဝန်ထမ်းဆောင်ခဲ့တော့ လက်အောက်ငယ်သားတွေနဲ့ တပည့်တွေ အများကြီးရှိတယ်။ ဒီနှစ်တွေထဲမှာ သူ ယူထားတဲ့ ငွေတွေက ပေါင်းလိုက်ရင် တော်တော်များပါတယ်”

“ ပိုဆိုးတာက အမတ်ယောင်ဖန်း ဒီနှစ်တွေထဲ လုပ်ခဲ့တဲ့ အပြစ်တွေက အမှောင်ထဲကနေ တိုင်းပြည်ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်ရုံ တစ်ခုထဲ မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့ လျှို့ဝှက်ချက်တွေကို ဝေ့တိုင်းပြည်တို့လို အိမ်နီးချင်း တိုင်းပြည်တွေကိုလဲ ရောင်းချခဲ့တယ်”

“ သူ့ရဲ့ အပြစ်ကို စီရင်ချက်ချဖို့ဆို အကြိမ်တစ်ရာ သေခိုင်းရင်တောင်မှ မလောက်ပါဘူး”

လီလင်ပု ပြောနေရင်းနဲ့ ဒေါသတွေ ပါလာတော့သည်။

သူ့ရဲ့ မျက်နှာလဲ နီရဲနေ၏။

မနေ့က စစ်ဆေးနေတုန်းက ထိုအကြောင်း သိလိုက်ရစဥ်ကဆို လီလင်ပုရဲ့ ဖြစ်သွားမဲ့ အခြေအနေကို ကြိုတွေးနိုင်သည်။

ရုံးတော်တွေ ပူးပေါင်းစစ်ဆေး ရလို့သာ… မဟုတ်ရင် သူ ချက်ချင်းပဲ တရားစီရင် ပစ်ချင်ခဲ့သည်။

ဒါပေမဲ့ လီလင်ပု ဒေါသထွက်လေလေ တစ်ဖက်က ရှကျိုးယွီကတော့ နောင်တ ရလေလေပဲ!

'ငါဘယ်လိုတောင် ကောင်းမွန်လှတဲ့ အကူအညီကြီးကို လွတ်သွားခဲ့တာလဲ!’

‘ ယောင်ဖန်းကိုသာ အာဏာပေးခဲ့မိရင် သေချာပေါက် ငါ့ရဲ့အစီအစဥ်က အရမ်းကို ချောမွေ့သွားတော့မှာ!’

ဖြစ်လာနိုင်မဲ့ ရလဒ်ကို ရှကျိုးယွီ စိတ်ကူးတောင် မယဥ်ရဲတော့ဘူး။

တွေးမိလေလေ နောင်တရလေလေပဲ!

'အာ!’

‘ ချီးပဲ! ယုံကြည်ရတဲ့ မဟာမိတ်ကြီးကို လက်လွှတ်ပြီး ကျက်သတုံး လီလင်ပုကို ရွေးမိရလား?!’

သူ အင်မတန် နောင်တရနေလဲ အခုမှတော့ အသုံးမဝင်တော့ဘူး။

သူ တည်ငြိမ်စွာ ပြောလိုက်သည်။

“ ယောင်ဖန်းရဲ့ အပြစ်တွေက ခွင့်လွှတ်နိုင်ဖွယ် မရှိဘူး။ အမတ်လီ ကြိုက်သလို စီရင်စေ”

ထို့နောက်မှာ ကျူးကော့ချန်ချင်းဘက် လှည့်ကာ ဆက်ပြောလိုက်သည်။

“စစ်သူကြီးကျူးကော့ ငါအရှင်မင်းကြီး ခိုင်းထားတဲ့ ကိစ္စ ဘယ်လိုနေလဲ?”

လီလင်ပု ရုတ်တရက်ကြည့်လာကာ စကားဟဖို့ ပြင်လိုက်သည်။ ဒါပေမဲ့ ချက်ချင်းပဲ ပါးစပ် ပြန်ပိတ်လိုက်၏။

ထိုအချိန်မှာ ကျူးကော့ချန်ချင်းက အရှေ့တိုးလာပြီး လေးစားစွာ ပြန်ဖြေလိုက်သည်။

“ အရှင်မင်းကြီး.. ကျွန်တော်မျိုး အမိန့်တော်အတိုင်း မနေ့က ယောင်ဖန်းရဲ့ အပေါင်းအပါတွေနဲ့ ကြားဝင်တဲ့ ထျန်းချီတာဝါရဲ့ လူတွေကို အောင်မြင်စွာ ဖြေရှင်းခဲ့ပါတယ်”

ကျူးကော့ချန်ချင်း ဆက်ပြောမလို့ ပြင်ပေမဲ့ ရှကျိုးယွီက ပြုံးလိုက်ကာ

“ တော်တယ်”

“ လုပ်တာကောင်းတယ်”

“ ကျူးကော့ချန်ချင်း.ငါကိုယ်တော် အမြင် မမှားခဲ့ဘူး”

“ ထျန်းချီတာဝါရဲ့ သူလျှိုအခု ဘယ်မလဲ? ငါကိုယ်တော့်ဆီ ခေါ်လာခဲ့စမ်း”

ရှကျိုးယွီ ပျော်ရွှင်စွာ အမိန့်ပေးလိုက်သည်။

ဒီအချိန်မှာ သူ စိတ်ဝင်စားတာဆိုလို့ သူလျှိုပဲ ရှိသည်။

အဲ့ဒါက သူ့ရဲ့ကံကောင်းတဲ့ ကြယ်ပွင့်လေးလေ။

ဒီမိတ်ဆွေလေးရဲ့ အကူအညီနဲ့ ထျန်းချီတာဝါကို သွားဆွပြီး တရှားထဲထိ ဝင်ရောက်ဖျက်ဆီးခိုင်းရင်း ပြည်ဖျက်မယ်!

ခဏကြာပြီးနောက်မှာ မောက်မာပြီး မထီမဲ့မြင် မျက်နှာနဲ့ လုချန်ကို အထဲခေါ်လာခဲ့သည်။ ရှကျိုးယွီကို တွေ့တာတောင်မှ ဒူးထောက်ဖို့ စိတ်ကူးမရှိဘူး။

အဆုံးမှာ ကျူးကော့ချန်ချင်းက ဒူးကောက်ကွေးကို ကန်ချပြီး ဒူးထောက် စေလိုက်သည်။

“ မင်းက ထိုက်အန်းမြို့တော်မှာ ထျန်းချီတာဝါက လွှတ်ထားတဲ့ သူလျှိုပေါ့? ကြည့်ရတာ အရမ်း ရင်းနီးနေတယ်”

ရှကျိုးယွီ စိုက်ကြည့်နေရင်း.ရင်ထဲမှာ တော်တော်လေး ရင်းနီးတဲ့ ခံစားချက် ရနေသည်။

“ မင်းက ထိုက်အန်းတရားသူကြီးရုံးရဲ့ အကြံပေးလား?”

ရှကျိုးယွီ အခုမှပဲ မှတ်မိတော့သည်။

လုချန်က မာနကြီးစွာ နှာမှုတ်လိုက်သည်။ အသိအသာကို အရှင်မင်းကြီးကို အဖက်လုပ်ပြီး စကားမပြောဘူးဆိုတဲ့ အထာပဲ။

ဒါပေမဲ့ ဘေးက ကျူးကော့ချန်ချင်းကပဲ ဝင်ရောက်ဖြေပေးလိုက်သည်။

“ မှန်ပါတယ် အရှင်မင်းကြီး။ ဒီလူက ထိုက်အန်းမြို့တော်ရဲ့ တရားသူကြီးအကြံပေးပါ။ တရှားတိုင်းပြည်ရဲ့ မြို့တော်မှာ ပုန်းခိုရင်း လျှို့ဝှက်ချက်တွေ ရောင်းချနေတဲ့သူပဲ! ယောင်ဖန်းရဲ့ အပေါင်းအပါတွေနဲ့ ကြံစည်ပြီးတော့ မင်းမိန့်ဖီဆန်ဖို့ လုပ်နေကြတာ!”

ရှကျိုးယွီ ခေါင်းညိတ်လိုက်သည်။ သူ စိတ်ဝင်စားတာက လုချန်ရဲ့အပြစ်တွေ မဟုတ်ဘူး။ ဒီလုချန် နိုင်ငံကို ဘယ်လို ဖျက်ဆီးနိုင်မလဲကိုပဲ။

သူ ချက်ချင်းပဲ ညွှန်ကြားလိုက်သည်။

“ ကျောက်ကောင်း အမိန့်တော်ရေးစေ။ စစ်သူကြီးကျူးကော့ ပြောသွားတဲ့အတိုင်း ပြစ်မှုတွေ အကုန်ချရေးထား။ ဒီအပြစ်သား လုချန်ကို ဆောင်းဦးကျရင် ခေါင်းဖြတ်ကွက်မျက်စေ”

ရှကျိုးယွီရဲ့ လုပ်ရပ်က ရှင်းသည်။ သူက လုချန်ကိုပဲ သတ်ချင်တာ မဟုတ်ဘူး။ ထျန်းချီတာဝါကို လူသိရှင်ကြား စော်ကားချင်တာပဲ။

ဒါပေမဲ့ ထျန်းချီတာဝါဘက်က မလှုပ်ရှားလာရင်တော့ သူ ဒုက္ခများမှာ!

“ အရှင်မင်းကြီး”

“ မဖြစ်ပါဘူး!”

“ လုချန်ရဲ့ အပြစ်က ခွင့်မလွှတ်နိုင်တာ မှန်ပေမဲ့ အခုလို လုပ်လိုက်ရင် ထျန်းချီတာဝါကို သေချာပေါက် စော်ကားသလို ဖြစ်သွားမှာပါ”.

“ ဒီလိုဆို အန္တရာယ်များပါလိမ့်မယ်။ မကောင်းပါဘူး အရှင်မင်းကြီး!”

လီလင်ပု ကြားဝင်ပြောလိုက်တာပင်။

ဒါပေမဲ့ ထျန်းချီတာဝါကို စော်ကားချင်နေတဲ့ ရှကျိုးယွီက နားထောင်စရာလား?

“ အမတ်လီ ငါကိုယ်တော် မင်းကို ကိုယ်တိုင်ကိုယ်ကျ သင်ပြပေးဖို့ လိုနေတာလား?”

ချက်ချင်းပဲ အားပြင်းတဲ့ အရှိန်အဝါတွေ လေထုထဲ ထွက်ပေါ်လာခဲ့သည်။

တောင်ကြီးတစ်ခု ရုတ်တရက် ပြုတ်ကျလာသလိုပဲ!

လီလင်ပု ချက်ချင်းပဲ ဒူးထောက်ကျသွားကာ ဝင်မပါရဲတော့ပေ။

“ အရှင်မင်းကြီး စိတ်လျော့တော်မူပါ။ ကျွန်တော်မျိုး စည်းကျော်မိသွားပါတယ်”

“ အရှင်မင်းကြီးက ဉာဏ်ပါရမီ ပြည့်စုံပြီး တုနှိုင်းမမှီတဲ့အုပ်ချုပ်သူပါ။ အရှင်မင်းကြီး လုပ်သမျှ ဆုံးဖြတ်ချက်တိုင်းက အဓိပ္ပါယ်ရှိမှာ သေချာပါတယ်။ ကျွန်တော်မျိုး မသိမိုက်မဲမိတာပါ!”

All Chapters