← Chapters

ပျော်ရွှင်မှုတွေ ချက်ချင်းပဲ သစ္စာဖောက်ခံလိုက်ရပြီ

Vol. 2 Ch. 26

ပျော်ရွှင်မှုတွေ ချက်ချင်းပဲ သစ္စာဖောက်ခံလိုက်ရပြီ

Vol. 2 Ch. 26

လီလင်ပုကို လျစ်လျူရှုထားရင်း ရှကျိုးယွီ စိတ်ထဲမှာ တွေးနေခဲ့သည်။

သူ့ရဲ့ အကြံအစည်သာ အောင်မြင်ခဲ့ရင် ကံကြမ္မာအမှတ်တွေ တော်တော်လေး လျော့သွားမှာပဲ!

တစ်ဖက်က လုချန်ကတော့ အမိန့်တော်ကို ကြားပြီး နှာမှုတ်လိုက်သည်။

“ အသုံးမကျတဲ့ဘုရင် မင်းဘယ်လိုတောင် ထျန်းချီတာဝါကို အရှက်ခွဲရဲတာလဲ? ပြန်ပေးဆပ်ရမဲ့ အကျိုးဆက်ကို ပြင်ဆင်ထားပေတော့!”

လုချန် သူ့ကိုယ်သူ လွတ်လမ်းမရှိတော့ဘူးလို့ တွေးထားတာပင်။ ဒါပေမဲ့ ရှကျိုးယွီက အခုလို ဉာဏ်မရှိတဲ့ အမိန့်ထုတ်လိမ့်မယ် မထင်ခဲ့ဘူး။

ချက်ချင်းပဲ သူ မျှော်လင့်ချက် ပြန်ရလာတော့သည်။

သူ့ကို ခေါင်းဖြတ်မဲ့သတင်းသာ ဂိုဏ်းဆီ ရောက်သွားခဲ့ရင် သူ့အတွက် လွတ်လမ်းရလာနိုင်မည်လေ။

လုချန်ရဲ့ ခြိမ်းခြောက်မှုကို ရှကျိုးယွီက ခပ်ဖွဖွ ပြုံးပြလိုက်သည်။

“ ဒီတရှားတိုင်းပြည်က ငါအရှင်မင်းကြီးရဲ့ ပိုင်နက်ပဲ။ ဘာပဲလုပ်လုပ် ငါအရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်ပဲ!”

“ ထျန်းချီတာဝါကို ဘာဂရုစိုက်ရမှာလဲ? မင်းတို့အဘက်က အရင် စည်းဖောက်ခဲ့တာကို ဘာလဲ? မင်းတို့က ငါကိုယ်တော့်ကို ငြိမ်နေစေချင်တာလား?”

“ ခေါ်သွားတော့! ဒီလူ့ကိုလက်ရှိမှာအကျဥ်းချ ထားပြီး အချိန်ကျရင် ကွတ်မျက်စေ!”

ထိုအချိန်မှာပဲ မကြားရတာကြာပြီဖြစ်တဲ့ စနစ်ရဲ့အသံကိုကြားလိုက်ရသည်။

“ ပိုင်ရှင်က သေချာကို ထိပ်သီးဂိုဏ်းကို သွားရန်စလိုက်တယ်။ သူတို့သာ လက်တုံ့ပြန်လာရင် ကံကြမ္မာအမှတ်ကို တော်တော်လေး ထိခိုက်စေမှာပဲ!!”

“ ကံကြမ္မာအမှတ် ၂၀၀၀ လျော့တယ်။.လက်ရှိ ၄၇၅၀၀ပဲ ကျန်တော့တယ်!”

“ ဆုလာဘ်- တာအိုအနှစ်တစ်ရာစာ ကျင့်ကြံမှု”

စနစ်ရဲ့ အသံဆုံးတာနဲ့ ရှကျိုးယွီရဲ့ စိတ်ဝိညာဥ် နယ်ပယ်အတွင်းက အသစ်ဖြစ်ပေါ်ထားတဲ့ ခရမ်းရောင်နေရာထဲကို အလွန်အားပြင်းတဲ့ ကျင့်ကြံမှုတွေ စီးဝင်လာခဲ့သည်။

ကံကောင်းသည်က သူက တာအိုကျင့်ကြံသူ ဖြစ်ရုံတင်မဟုတ်ဘူး။ သိုင်းပညာပိုင်းမှာပါ အဆင့်နှစ်ကို ရောက်ထားပြီးပြီ။ ဒါ့အပြင် အံ့သြဖွယ် ခန္ဓာကိုယ်ကိုလဲ ရထားသည်။

ဒါကြောင့် နှစ်တစ်ရာ ကျင့်ကြံမှုကို အချိန်ခဏအတွင်း စုပ်ယူနိုင်ခဲ့သည်။

အပြည့်အဝ သန့်စင်နိုင်ဖို့အတွက်တော့ သေချာပေါက် တရားထိုင်ဖို့ လိုသေးသည်။

အထူးသဖြင့် ရှကျိုးယွီက လက်ရှိမှာ တာအို ကျင့်ကြံမှုနဲ့ မရင်းနီးသေးတာလဲ တစ်ကြောင်း ပါသည်။

ကျင့်ကြံမှုအသစ်တစ်ခုကို ကျွမ်းကျင်ဖို့ဆိုတာ သေချာပေါက် ပေါ့သေးသေး ကိစ္စမှ မဟုတ်တာပဲ။

ကြည့်ရတာ တော်ဝင်ဆရာမကြီးကိုပဲ ထပ်နှောက်ယှက်ရတော့မှာပဲ!

ရှကျိုးယွီ ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

“ အရှင်မင်းကြီး ကျွန်တော်မျိုး တင်ပြစရာ ရှိတယ်”

ရှကျိုးယွီ အတွေးလွန်နေစဥ်မှာပဲ လီလင်ပုရဲ့ အသံကို ရုတ်တရက် ကြားလိုက်ရသည်။

လောလောလတ်လတ်တင် ကံကြမ္မာအမှတ်တွေ အများကြီး လျော့ထားတဲ့ အတွက် ရှကျိုးယွီ ခံစားချက် အရမ်းကောင်းနေသည်။ မျက်စိရှေ့က လီလင်ပုပင် ကြည့်လို့ကောင်းနေသလိုပဲ။

သူ ခပ်ဖွဖွ ပြုံးလိုက်ကာ

“ အမတ်လီ ပြောပါ!”

လီလင်ပုကတော့ ရှုတ်ထွေးနေသည်။ အရှင်မင်းကြီးရဲ့ မျက်နှာက ချက်ချင်းပဲ တောက်ပသွားတာလား?....

ဒါပေမဲ့ သူ လေးစားစွာ ပြောလိုက်သည်။

“ အရှင်မင်းကြီး သစ္စာဖောက်ကို ဖမ်းနိုင်ခဲ့ပြီဆိုပေမဲ့ သူ ခိုးထားတဲ့ပစ္စည်းတွေကို မတွေ့သေးပါဘူး”

“ တော်ဝင်အစောင့်တွေနဲ့ သေချာစုံစမ်းခိုင်းပေးဖို့ အရှင်မင်းကြီးကို တောင်းဆိုချင်ပါတယ်”

ယောင်ဖန်းရဲ့ မဖမ်းမိသေးတဲ့ ပစ္စည်းတွေအကြောင်း ကြားရတော့ ရှကျိုးယွီ ပိုပြီးပျော်ရွှင်သွားသည်။

ကောင်းကင်ဘုံကပါ သူ့ကို ကူညီနေသလိုပဲ။ လီလင်ပုရဲ့ တောင်းဆိုမှုကို သဘောတူပေးလို့ ဘယ်ဖြစ်မလဲ?

ဒါပေမဲ့ ထိုအချိန်မှာပဲ အသေကောင်ကြီးလို ရပ်နေတဲ့ ကျူးကော့ချန်ချင်း ရုတ်တရက် အရှေ့တိုးကာ ပြောလာလေ၏။

“ အရှင်မင်းကြီး.. ကျွန်တော်မျိုး လုချန်နဲ့ အပေါင်းအပါတွေကို ဖမ်းမိတဲ့အချိန်မှာ ရတနာတွေအကုန် ယူနိုင်ခဲ့ပါတယ်”

“ လက်ရှိမှာတော့ ကျင်းဝူအစောင့်တပ်မှာ ထိန်းသိမ်းထားပါတယ်။ နိုင်ငံရတနာတွေကို ပြန်လွှဲပေးဖို့ အသင့်ပါပဲ!”

ကျူးကော့ချန်ချင်းက လေးစားစွာ ဒူးထောက်ချလိုက်ပြီး ရှကျိုးယွီကို အပြုံးတစ်ခုနဲ့ မော့ကြည့်လာသည်။ အမိန့်ကို စောင့်နေဟန်ပင်။

ဒါပေမဲ့ ရှကျိုးယွီကတော့ ချက်ချင်းပဲ သွေးလေ ခြောက်ခြားလာလေရဲ့။

အရင်တစ်ခေါက်တုန်းက လီလင်ပု တိုင်းပြည်ဘဏ္ဍာငွေတွေကို ပြန်ယူခဲ့တုန်းကလဲ ကံကြမ္မာအမှတ်တွေ ခုန်တက်သွားတာ ငိုချင်စရာကြီး…

နည်းနည်းနောနော မဟုတ်ဘူး။ လေးဆတောင်!

အခု….

လီလင်ပုရဲ့ပြောကြားချက်အရ ယောင်ဖန်းခိုးထားတဲ့ ပိုက်ဆံတွေက မနည်းမနောဘူးတဲ့!

ဒီရတနာတွေအားလုံးသာ တိုင်းပြည်ဘဏ္ဍာငွေထဲ ပြန်လာထည့်ရင် အမှတ်တွေ ပိုမတက်သွားဘူးလား!

ရှကျိုးယွီ ကြောက်ရွံံ့လာသည်။

ယောင်ဖန်း အရမ်းလောဘမကြီးခဲ့ဖို့ပဲ မျှော်လင့်တယ်! မဟုတ်လို့ကတော့ ငါနဲ့တွေ့ပြီပဲ!

“ ဘယ်…လောက်တောင်လဲ?”

ရှကျိုးယွီ တွန့်ဆုတ်စွာ မေးလိုက်သည်။

“ အရှင်မင်းကြီး စုစုပေါင်း ငွေတုံးခုနှစ်သိန်းပါ! ယောင်ဖန်းရဲ့ အပေါင်းအပါတွေက လေးသိန်း ခိုးဖို့လုပ်ခဲ့ပေမဲ့ ကျွန်တော်မျိုး အကုန်ပြန်ယူနိုင်ခဲ့ပါတယ်!”

“ အကုန်ပေါင်းလိုက်ရင် စုစုပေါင်း ခုနှစ်သိန်းပါ!”

လီလင်ပုရဲ့ အသက်ရှုသံတွေပင် မထိန်းနိုင်စွာ မြန်လာသည်။

သူ့ရဲ့ပါးစပ်ကနေ.. “ ခုနှစ်သိန်း..” ကိုပဲ ဆက်တိုက် ရွတ်နေလေရဲ့။

“ ခုနှစ်သိန်းတောင်!”

လီလင်ပု အလွန်ပျော်နေချိန်မှာ.. တစ်ဖက်က ရှကျိုးယွီကတော့ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်လာတော့သည်။

ဘယ်လိုတောင် ပြောင်မြောက်တဲ့အကွက်ကြီးလဲ!

ငါအခုတင် ကံကြမ္မာအမှတ်လေး နှစ်ထောင် ဖြုန်းရသေးတယ်!

အခုတော့ ပေါများလှတဲ့ ငွေတုံးခုနှစ်သိန်းကြောင့် ဘယ်လောက်တောင် ထပ်တက်လာတော့မှာလဲ?

…ငါငိုချင်လာပြီနော်!

တော်ဝင်စာဖတ်ခန်းအတွင်းမှာ ရှည်လျားလှတဲ့ သက်ပြင်းချသံကြီး ထွက်ပေါ်လာလေ၏။

ရှကျိုးယွီရဲ့ တောက်ပနေတဲ့ မျက်နှာလေးကတော့ ချက်ချင်းပဲ မုန်တိုင်း မိသွားလေပြီ။

ကျူးကော့ချန်ချင်းကို အစောကတင် ချီးကျူးထားတာကို ချက်ချင်းပဲ နောက်ကျောဓားထိုးခံရအုံးမယ် မထင်ထားဘူး။

ဒါတွေအားလုံးကလဲ ငါပေးထားတဲ့ အမိန့်အရတဲ့လား!

ငါသာ ထျန်းချီတာဝါကို အရမ်းပစ်မှတ်မထားခဲ့ရင် အခုလို မဖြစ်လောက်ဘူး!

ကံကောင်းစွာနဲ့ ထျန်းချီတာဝါရဲ့ လုပ်ရပ်တွေကို အားကိုးလို့ ရနေသေးလို့ပေါ့!

စောင့်ကြည့်ရအုံးမှာပဲ!

သူတို့လဲ အသုံးမကျရင်တော့ ငါတော့ ဘဝပျက်ပြီ!!

ထျန်းချီတာဝါအကြောင်း စဥ်းစားလိုက်မှပဲ ရှကျိုးယွီရဲ့ မျက်နှာကြောက အနည်းငယ် ပြေသွားတော့သည်။

“ အကုန်သွားကြတော့ ငါကိုယ်တော် ပင်ပန်းနေပြီ”

ရှကျိုးယွီ လက်ယမ်းကာ ပြောလိုက်သည်။

လီလင်ပုနဲ့ ကျူးကော့ချန်ချင်း အနည်းငယ် ထူးဆန်းစွာ အကြည့်ဖလှယ်လိုက်လေ၏။

ငွေတုံးခုနှစ်သိန်းတောင် ပြန်ရခဲ့တာကို အရှင်မင်းကြီး မပျော်ဘူးလား?

အရှင်မင်းကြီးကိုကြည့်ရတာ ဘာလို့ အရမ်းကို ကူကယ်ရာမဲ့နေတဲ့ပုံ ဖြစ်နေရတာလဲ?

အပျော်လွန်ပြီး ထုတ်မပြတတ်တာများလား?

ဒါပေမဲ့ သူတို့နှစ်ယောက်လုံး အခန်းထဲ ဆက်မနေရဲတာမို့ အမြန်ပဲ ဒူးထောက်ကာ နှုတ်ဆက်လိုက်ကြသည်။

“ ကျွန်တော်မျိုးတို့ သွားပါတော့မယ်”

အကုန်လုံး ထွက်သွားတာနဲ့ ရှကျိုးယွီ ချက်ချင်းပဲ စနစ်ရဲ့စာမျက်နှာကို ဖွင့်လိုက်သည်။

ဖွင့်ပြီးတာနဲ့ သူ အရင်ဆုံး ရှာဖွေမိသည်က… ကံကြမ္မာအမှတ်!

ထင်တဲ့အတိုင်းပဲ တက်သွားသည်။ ဒါပေမဲ့ ကံကောင်းသည်က တစ်သောင်းပဲ တက်သွားလို့…

“ မဆိုးဘူး မဆိုးဘူး. တစ်သောင်းပါပဲ!”

ရှကျိုးယွီ ကိုယ့်ကိုယ်ကို.ဖြေသိမ့်လိုက်သည်။

အနည်းဆုံးတော့ လေးသောင်းလောက် ခုန်တက်တုန်းကတော့ အသက်ရှင်ရက် ရုန်းထွက်နိုင်ခဲ့သေးတာပဲမလား?

တစ်သောင်းလောက်က ဘာဟုတ်တာမလို့လဲ?

ဒီလိုနဲ့ ကိုယ်ပိုင်လျှို့ဝှက်ခန်းအတွင်း သွားလိုက်ကာ ရှကျိုးယွီတစ်ယောက် နာကျင်မှုတွေ ထွေးပိုက်ရင်း နှစ်တစ်ရာ ကျင့်ကြံမှုကို ဆက်လက်သန့်စင်လိုက်သည်။

မနေ့က တော်ဝင်ဆရာမကြီး ပေးခဲ့တဲ့ ဆူထရာ စာလိပ်ကို လုံးဝကို သဘောပေါက်သွားပြီပင်။

မနေ့က ရွှမ်ချင်းဘုရားကျောင်းကို သွားခဲ့တာ အလကားမဖြစ်သွားဘူးပဲ။

သူအခု ထိုစာလိပ်ကို လုံးဝ ကျွမ်းကျင်သွားပြီလေ။

ထို့ကြောင့် တာအိုကျင့်ကြံမှုကလဲ လျင်မြန်စွာ တက်လာခဲ့သည်။

တာအိုရဲ့ကျင့်ကြံဆင့် ကိုးဆင့်…

အဆင့်ကိုး- တာအိုရဲ့ဝင်ခွင့်။

အဆင့်ရှစ်- စိတ်ဝိညာဥ်နိုးထခြင်း။

အဆင့်ခွန်- အခြေခံ တည်ဆောက်ခြင်း။

အဆင့်ခြောက်- ယန်ဝိညာဥ် ရရှိခြင်း။

အဆင့်ငါး- ယင်ဝိညာဥ် ရရှိခြင်း။

အဆင့်လေး- ရွှေရောင်အူတိုင် ဖြစ်ပေါ်ခြင်း။

အဆင့်သုံး- ကြီးမြတ်တဲ့ အခြေခံဝိညာဥ် ရရှိခြင်း။

အဆင့်နှစ်- ကျီရွှမ်းနယ်ပယ်။

တာအိုပညာရဲ့ အဆင့်တစ်ကို တက်ချင်ရင် လူသားချင်း ပေါင်းစပ် ကျင့်ကြံမှဖြစ်မယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့် ရှကျိုးယွီ နှစ်တစ်ရာ ကျင့်ကြံမှုကို ရခဲ့ပေမဲ့ အဆင့်နှစ် ကျီရွှမ်းနယ်ပယ် အဆင့်ကိုသာ ရောက်နိုင်ခဲ့သည်။

အတော်ဆုံး ကျင့်ကြံသူဖြစ်လာဖို့ ခြေတစ်လှမ်းပဲ လိုတော့သည်!

ဒါပေမဲ့ ဒီလောက်နဲ့ကို တော်တော်လေး အထင်ကြီးစရာ ကောင်းနေပြီ!

လျိုချင်းချန်လို နှစ်ရာချီကြာအောင် ကျင့်ကြံခဲ့တဲ့သူတောင်မှ အခုထိ အဆင့်နှစ်ပဲ ရှိသေးတာမလား?

အခု ရှကျိုးယွီက သင်ယူတာ နှစ်ရက်ပဲ ရှိသေးသည်။ အဆင့်နှစ်ကို ရောက်လာခဲ့ပြီ။

လျိုချင်းချန်သာ သိသွားလို့ကတော့ လုံးဝ စိတ်ဓာတ်ကျသွားလောက်သည်။

ဒီလိုနဲ့ ညတာကုန်ဆုံးပြီး နေထွက်လာခဲ့သည်။

မနက်မိုးစင်စင်လင်းမှပဲ ရှကျိုးယွီ အခန်းထဲက ပြန်ထွက်လာခဲ့သည်။

“ တစ်ညလုံး လေ့ကျင့်ထားရတော့ သောက်ရမ်း ပင်ပန်းတာပဲ”

“ တစ်ယောက်ယောက် လာစမ်း! ငါကိုယ်တော် ဖူယွဲ့နန်းဆောင်ကိုသွားမယ်။ ပြင်ဆင်ထား”

ရှကျိုးယွီရဲ့ပုံစံက လုံးဝကို လန်းဆန်းနေလေရဲ့။ မနေ့က ကံကြမ္မာအမှတ်တွေ တိုးသွားတားကို လုံးဝ မမှတ်မိတော့တဲ့ပုံပဲ!

All Chapters