← Chapters

ယင်ယန်ရွှေရောင်သိုင်းရဲ့ စပရိုက်

Vol. 2 Ch. 27

ယင်ယန်ရွှေရောင်သိုင်းရဲ့ စပရိုက်

Vol. 2 Ch. 27

အခုမှ မနက်ခင်းပဲ ရှိသေးတယ်ဆိုပေမဲ့ ရှကျိုးယွီကတော့ ဖူယွဲ့နန်းဆောင်ဆီ သွားဖို့အမိန့်ထုတ်နေလေရဲ့။

ဘယ်သူမှလဲ အရှင်မင်းကြီးကို မတားရဲကြပေ။ တားလို့ရမှာလဲ မဟုတ်ဘူး။

နန်းတော်က ကျယ်ဝန်းတယ်ဆိုပေမဲ့ ရှကျိုးယွီ အချိန်တိုအတွင်းမှာပဲ ရောက်သွားခဲ့သည်။

နန်းဆောင်အပြင် ရောက်တာနဲ့မိဖုရားရဲ့ ကိုယ်ပိုင်အစေခံမလေးက နှုတ်ဆက်ကာ ကြိုဆိုလာ၏။

“ အရှင်မင်းကြီး ခဏလောက် စောင့်ပေးတော်မူပါ။ မိဖုရားက ရေချိုးတော်မူနေပါတယ်”

“ မိဖုရား ရေချိုးလို့ပြီးတာနဲ့ အရှင်မင်းကြီးကို လာတွေ့မှာပါ”

အစေခံမလေးက ယဥ်ကျေးစွာ ပြောကြားလာသည်။

ဒါပေမဲ့သူမ အခုလို ထုတ်မပြောရင်တောင် အဆင်ပြေအုံးမှာပင်။ အခုတော့ ရှကျိုးယွီ ချက်ချင်း စိတ်ဝင်စားသွားပြီ။

ရေချိုးနေတော့ ကောင်းတာပေါ့!

ငါလဲ ရေချိုးရတာ သောက်ရမ်းကြိုက်တာ!

အချိန်ခဏအတွင်းမှာပဲ ဘုရင်ဆိုးလုပ်ရတဲ့ ဘဝက ရှကျိုးယွီကို တော်တော် ဖျက်ဆီး လိုက်သည် ပြောရမည်။

အခုဆို စနစ်မရှိရင်တောင်မှ ဘုရင်ဆိုး ဆက်လုပ်ဖို့ပဲ သူ တွေးမိတော့သည်။

သူ ဒီကမ္ဘာကို ကူးပြောင်းလာခဲ့ပြီး ဘုရင်ရှကျိုးယွီ ဖြစ်လာခဲ့စဥ်က ပြဿနာရှာခဲ့ဖူးသည်။ ဘာလို့ ဘုရင်ဖြစ်လာရတာလဲ ညည်းညူရင်း အတတ်နိုင်ဆုံး လိုက်လျောညီထွေ ဖြစ်အောင် လုပ်ခဲ့သေးသည်။

ဒါပေမဲ့ အခုချိန်မှာ သူပြောချင်တာကတော့…

သောက်ရမ်းမိုက်တယ်!

အရင်ခေတ်ကလူတွေ ဘုရင်ဖြစ်ဖို့အရေး ကြံစည်နေကြတာ မအံ့သြတော့ဘူး!

ဘုရင်ဖြစ်ရတာ သောက်ရမ်းမိုက်တယ်လေ!

အထူးသဖြင့် ဘုရင်ဆိုးလုပ်ရတာ!

“ စောင့်ဖို့မလိုဘူး။ ငါမင်းကြီးကို အဲ့နေရာ ခေါ်သွားချည်”

ရှကျိုးယွီ တည်ငြိမ်တဲ့အကြည့်နဲ့ အစေခံမလေးကို ကြည့်လိုက်သည်။

မကြာခင်မှာပဲ ဖူယွဲ့နန်းဆောင် အပြင်ဘက်က ဟွာချင်းနန်းဆောင်ကို ရောက်လာခဲ့သည်။

ဟွာချင်းနန်းဆောင်မှာ ဟွာချင်းရေကန်ရှိသည်။

အရှေ့က နန်းဆောင်ကို ကြည့်နေရင်း ရှကျိုးယွီရဲ့ ခေါင်းထဲကို မှတ်ဉာဏ်တွေ ဝင်ရောက်လာ၏။

ဒီနေရာနဲ့ပတ်သတ်ပြီး သတင်းတွေ ရှိသည်။

ဒီဟွာချင်းအဆောင်က တရှားတိုင်းပြည်ကြီးရဲ့ နန်းတော်စတင် တည်ဆောက်စဥ်တည်းက ရှိခဲ့တာပဲ။

အစကတော့ ဒီနေရာမှာ ရေပူစမ်းတစ်ခု ရှိခဲ့သည်။

ထိုရေပူစမ်းကို ခြံခတ်ပြီးအဆောင်တည်ဆောက်ကာ ရေပူစမ်းကို ဟွာချင်းရေကန်လို့ အမည်တွင်စေပြီး ဟွာချင်းအဆောင်ဟု သတ်မှတ်ခဲ့သည်။

ဒီနေရာက ဘုရင်မင်းမြတ်နဲ့ အနောက်ဆောင်က မိဖုရားနဲ့ ကိုယ်လုပ်တော်တွေပဲ ရေချိုးခွင့်ရှိတဲ့ နေရာပဲ။

ဒါပေမဲ့ ရှကျိုးယွီ မလာဖြစ်ခဲ့ဘူး။

နန်းဆောင်အပြင်ဘက်တွင် အလွန်သန်မာပုံ ရှိသည့် အစောင့်များ စောင့်နေကြသည်။

ဒါပေမဲ့ ရှကျိုးယွီ လှမ်းလာနေတာ မြင်တဲ့အခါ တစ်ယောက်မှ မတားရဲကြဘူး။

ရှကျိုးယွီ မကြာခင်မှာပဲ ဟွာချင်းအဆောင်ထဲ ဝင်သွားခဲ့သည်။

ဒီဟွာချင်းအဆောင်က ကျေးလက်ဒေသကို အသွင်ယူထားသည်။ ရွှေရောင်အုတ်ခဲများဖြင့် ဆောက်လုပ်ထားပြီး ရေပူစမ်းကိုခင်းထားတဲ့ ကျောက်ပြားထဲမှာတော့ ကျောက်စိမ်းတွေ ရတနာတွေ ထွင်းထားသည်။

ဒီရေကန်ထဲမှာ စိမ်နေရင်း ကောင်းကင်ဘုံကို ရောက်နေတဲ့ခံစားချက်ကို ရစေမှာပင်။

ဆောက်လုပ်ထားတဲ့ပညာရှင်တွေက တစ်ကယ်လေးစားစရာပဲ!

ရှကျိုးယွီ ကြည့်နေရင်း အံ့သြစွာ ပင့်သက်ရှိုက်မိသွားသည်။

ဒါပေမဲ့ သူ ဒီနေရာကို ရှုခင်းကြည့်ဖို့ လာခဲ့တာ မဟုတ်ဘူး။

ရှကျိုးယွီ ခေါင်းအနည်းငယ်ငုံ့လိုက်တာနဲ့ ရေအလည်မှာ တစ်ပွင့်ထဲပွင့်နေတဲ့ ကြာပွင့်လေးလို လှပစွာ အနားယူနေတဲ့ မိဖုရားကို မြင်လိုက်ရသည်။ သူမက ကန်ဘောင်ကို မှီထားလေ၏။

သူမရဲ့ပုံစံက တော်တော်လေး နှစ်သက်နေပုံပဲ။

အိပ်ပျော်နေဟန်တောင် ရှိသည်။

သူမရဲ့ပုံစံက ပိုပြီးအသက်ဝင်ကာ လှပနေသည်။

ဘဲဥပုံမျက်နှာလေးက ရေပူကြောင့် အနည်းငယ် ပန်းရောင်သန်းနေသည်။ ရေစက်တစ်ချို့လဲ တွဲခိုနေသေးသည်။

ပိုပြီး ဆွဲဆောင်မှု မြင့်နေတော့သည်။

မျက်နှာအောက်က အစိတ်အပိုင်းတွေကတော့…

ရေထဲမှာ ဆိုပေမဲ့ မြင်နိုင်သည်လေ!

လှပတဲ့ကောက်ကြောင်းရဲ့ ဆွဲဆောင်နိုင်စွမ်းက ပြောပြဖို့ လိုအပ်မည်ပင် မထင်ဘူး!

ရှကျိုးယွီ ခြေလှမ်းခပ်ဖွဖွ နင်းရင်း ခပ်ဖြည်းဖြည်း အနားတိုးသွားလိုက်သည်။

ဒါပေမဲ့ ဖူယွဲ့ချက်ချင်းပဲ အသံကြားကာ သတိဝင်သွားသည်။

ရှကျိုးယွီရဲ့ မျက်နှာကို မြင်တာနဲ့ သူမက ချက်ချင်းပဲ ပြုံးပျော်သွားလေ၏။

သူမချက်ချင်းပဲ အရိုအသေပေးဖို့ ပြင်လိုက်သည်။ ထိုမှသာ ကိုယ့်ကိုယ်ကို ရေချိုးကန်ထဲမှာဆိုတာ သတိရသွားပြီး ရုတ်တရက် ရှက်ရွံ့မှုနဲ့ဒေါသတို့ တစ်ချိန်ထဲ ဖြစ်ပေါ်လာတော့သည်။

“ အာ”

“ အရှင်မင်းကြီး!”

“ အရှင်မင်းကြီး ဘာလို့ဒီကိုရောက်နေတာလဲ?”

ဖူယွဲ့က အရှက်လွန်ရင်း သူမရဲ့ရင်ဘတ်ကို လက်နှစ်ဖက်နဲ့ ကာနေလေရဲ့။

ရှကျိုးယွီ ခပ်ဖွဖွ ပြုံးလိုက်ကာ

“ မင်းဘာလို့ ကာနေတာလဲ? ကိုယ်တို့က လက်ထပ်ထားတာဖြင့် ကြာနေပြီ။ ကိုယ်မမြင်ဖူးတဲ့နေရာ ရှိသေးလို့လား?”

ရှကျိုးယွီရဲ့ စကားလုံးတွေက ဖူယွဲ့ရဲ့ ခံစစ်ကို ချက်ချင်းပဲ တိုက်ခိုက်လိုက်သည်။

“ အာ အရှင်မင်းကြီးကို ကျွန်တော်မျိုးမ ဂရုမစိုက်တော့ဘူး!”

ဖူယွဲ့ ရှက်ရွံ့မှုနဲ့ ဒေါသတို့ ပေါင်းကာ အော်ဟစ်ပြီးတာနဲ့ ချက်ချင်းပဲ ရေထဲထိုးဆင်း လိုက်လေ၏။

ရေကန်ထိပ်မှာရပ်နေတဲ့ ရှကျိုးယွီကတော့ နှင်းလုံးလေးလို လှပစွာ ရေထဲမှာ ယိမ်းနွဲ့နေတဲ့ ကိုယ်ဟန်လေးကို တွေ့နေရသည်။

ဒါကို တောင့်ခံနိုင်မဲ့ ယောက်ျားသား ရှိမယ် ထင်လား?

“ မိဖုရားလေး ကိုယ်လာပြီ!”

ရှကျိုးယွီ အဝတ်တွေ အကုန်ချွတ်ချပြီး ချက်ချင်း ခုန်ဆင်းတော့၏။

ဒီလိုနဲ့ ရေထဲမှာ ကြောင်နဲ့ကြွက် ဖမ်းနည်း စတင်တော့သည်။

ရှကျိုးယွီ အတွင်းအားမသုံးဘဲ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုနဲ့တင် မိဖုရားဖူယွဲ့ကို အလွယ်လေး ဖမ်းလိုက်သည်။

ဒါပေမဲ့ ဖူယွဲ့ကလဲ မခုခံဘူး။

ရှကျိုးယွီရဲ့ လက်မောင်းကို တင်းကျပ်စွာ ဖက်တွယ်ထားတဲ့ လက်သွယ်သွယ်လေးတွေက မသိရင် ဒီအခိုက်အတန့်ကို စောင့်နေတဲ့အတိုင်းပဲ။

နူးညံ့ပြီး ဆွဲဆောင်မှုရှိသည်….

ရေအောက်က သူမရဲ့ ခြေထောက်နှစ်ဖက်ကလဲ ရှကျိုးယွီရဲ့ခါးကို တင်းကျပ်စွာ တွယ်ချိတ်ထားသည်။

ချက်ချင်းပဲ…

ဟွာချင်း အဆောင်ထဲက လေထုက သိပ်သည်းလာလေ၏။

ဆွဲဆောင်မှု အရှိန်အဝါတို့ လေထဲ ပျံ့လွင့်လာခဲ့သည်။

ဒါက အဓိကအချက်မဟုတ်သေးဘူး။

အဓိကအကြောင်းအရာက ရှကျိုးယွီက သူ့ရဲ့ အဆင့်နှစ် တာအိုကျင့်ကြံမှုကို ထုတ်သုံးနေတာပင်။

ဖူယွဲ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုအရ သူမ ခံနိုင်ရည်မရှိဘူး။

ဒါပေမဲ့ သူမ တောင့်ခံခဲ့သည်။

တစ်ချိန်ထဲမှာပဲ.. ယှက်နွယ်နေတဲ့ ခန္ဓာကိုယ်နှစ်ခုမှ ယင်ယန်စီးကြောင်းတို့ အသက်ဝင်လာသည်။

ယင်ယန်ဓာတ်နှစ်ပါးက အချင်းချင်း ထောက်ပံ့နေသည်…

ဒီလိုနဲ့ ယင်ယန်ရွှေရောင်သိုင်းပညာ အသက်ဝင်လာသည်။

“ဒီလိုလား?”

“ ဒီယင်ယန်ရွှေရောင်သိုင်းပညာက ဘုရင်ပဲ ကျင့်ကြံနိုင်တဲ့ သိုင်းပညာဆိုပေမဲ့ တာအိုပညာရပ်ရဲ့ အထောက်အပံ့ရှိဖို့လဲ လိုသေးတာပေါ့”

ရှကျိုးယွီ အလွန်ပျော်နေသည်။

ဒီယင်ယန်ရွှေရောင်သိုင်းက အခုလို အံ့အားသင့်စေမယ် မထင်ခဲ့မိဘူး။

ထိုအချိန်မှာ ဟွာချင်းအဆောင်တစ်ခုလုံးကို ယင်ယန်စွမ်းအင်တို့ ဖုံးလွှမ်းနေခဲ့သည်။

နန်းတော် အပြင်ထိ ကြောက်မက်ဖွယ် အရှိန်အဝါတို့ ပျံ့လာခဲ့သည်။

ဒါပေမဲ့ ထိုအရှိန်အဝါကို သာမာန်လူတွေ မမြင်နိုင်ဘူး။

ကျင့်ကြံဆင့်မြင့်ရင်တောင် မမြင်နိုင်ဘူး။ တာအိုကျင့်ကြံမှု ရှိတဲ့သူပဲ မြင်နိုင်သည်။

ဒါပေမဲ့ မြို့တော်ထဲမှာ တာအိုကျင့်ကြံသူ အမြောက်အမြားရှိသည်။

အထူးသဖြင့် အဆင့်နှစ်ရောက်ပြီဖြစ်တဲ့ တော်ဝင်ဆရာမကြီး လျိုချင်းချန်!

ရွှမ်ချင်း ဘုရားကျောင်းအတွင်းမှာ….

တရားထိုင်နေတဲ့ လျိုချင်းချန် ချက်ချင်းပဲ ထရပ်လိုက်သည်။ သူမရဲ့ စူးရှနေတဲ့ မျက်လုံးတွေက တော်ဝင်နန်းတော်ရှိရာကို ဦးတည်နေလေ၏။

သူမရဲ့ မျက်လုံးထဲမှာ မယုံနိုင်မှုတွေ ရှိနေသည်။

“ ယင်ယန်ရွှေရောင်သိုင်း!”

“ တာအိုကျင့်ကြံမှု အဆင့်နှစ်?”

“ ဒါဘယ်လို ဖြစ်နိုင်မှာလဲ?”

“ ဒါဘယ်လို ဖြစ်နိုင်မှာလဲ?”

“ ဒါဘယ်လို ဖြစ်နိုင်မှာလဲ?”

“ ဒါဘယ်လိုဖြစ်နိုင်မှာလဲလို့!”

လျိုချင်းချန်ရဲ့ ထိတ်လန့်မှုကို အထင်းသား မြင်တွေ့နိုင်သည်။

သူမရဲ့ အတွေးထဲမှာတော့ ဒါက လုံးဝ မဖြစ်နိုင်တဲ့ကိစ္စပဲ!

ပထမတစ်ချက်က ဒီဂန္တဝင် ယင်ယန် ရွှေရောင်သိုင်းက တာအိုကျင့်ကြံမှုမှာ အရေးကြီးတဲ့ကျင့်စဥ်တစ်ခုပဲ။

တာအိုပညာရှင်ကြီး ထျန်းကျောင်း ဖန်တီးခဲ့တဲ့ ဒီကျင့်စဥ်ရဲ့ အဖိုးတန်မှုက ဖော်ပြလို့တောင် မရဘူး။ ဘယ်လိုလုပ် တော်ဝင်နန်းတော်ထဲမှာ ရှိနေရတာလဲ?

ပြီးတော့ ဒီကျင့်စဥ်က ဘုရင်ပဲ ကျင့်ကြံနိုင်တာ!

လက်ရှိ ဘုရင်က မနေ့တစ်နေ့ကမှ တာအိုလောကထဲ အလည်ရောက်လာတဲ့ ကလေးသာသာပဲ ရှိသေးတာလေ!

ဘယ်လိုလုပ် အဆင့်နှစ် ဆရာဘိုးဘေးကြီး ဖြစ်လာနိုင်မှာလဲ!!?

ဒါတွေအားလုံးကို ပေါင်းလိုက်ရင် အခုက ဘယ်လိုတောင် မဖြစ်နိုင်တဲ့ အခြေအနေကြီးလဲ!

“ ဖြစ်နိုင်တာ အဲ့ဒီရှကျိုးယွီက တုံးချင်ယောင် ဆောင်နေခဲ့တာလား?”

လျိုချင်းချန် ရှည်လျားတဲ့ သက်ပြင်းကြီး ချလိုက်သည်။

ဒါက တစ်ခုတည်းသော လက်ခံနိုင်ဖွယ်ရှိတဲ့ ရှင်းပြချက်ပဲ!

All Chapters