← Chapters

ကောင်းကင်ဘုံနဲ့ ယောက်ျား.. ငါဘာကို ရွေးရမလဲ

Vol. 2 Ch. 28

ကောင်းကင်ဘုံနဲ့ ယောက်ျား.. ငါဘာကို ရွေးရမလဲ

Vol. 2 Ch. 28

“ ဆရာ”

“ ဆရာလဲ ခံစားမိတယ်မလား?”

ကျူးကော့ချင်းအာရဲ့ မျက်နှာထက်မှာလဲ အံ့သြမှုတို့ ရှိနေသည်။

လျိုချင်းချန် တစ်ချက်ပဲ လှည့်ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။

“ မင်းတောင် ခံစားမိတာကို.ငါက ဘာကြောင့် မခံစားမိရမှာလဲ?”

ကျူးကော့ချင်းအာ အမြန်မေးလိုက်သည်။

“ ဒါဆိုရင် အဲ့ဒါ ဘယ်နေရာကလာတဲ့ အရှိန်အဝါလဲဆရာ?”

ကျူးကော့ချင်းအာရဲ့ မျှော်လင့်တကြီး မျက်လုံးတွေက ဆရာဖြစ်သူကို အနီးကပ်စောင့်ကြည့်နေသည်။

သူမရဲ့ပုံစံက အနည်းငယ် စိတ်ပူနေပုံပင်။

ကျူးကော့ချင်းအာရဲ့ ပုံစံကိုကြည့်တာနဲ့ လျိုချင်းချန် ချက်ချင်း သဘောပေါက်သည်။

ချက်ချင်းပဲ သူမ တပည့်ဖြစ်သူကို ခပ်ဆတ်ဆတ် ရိုက်လိုက်ကာ

“ မင်းဘာတွေ တွေးနေတာလဲ? ဒီဆရာမှာသာ ယင်ယန်ရွှေရောင်သိုင်း ရှိခဲ့လို့ကတော့ အဆင့်တစ်ရောက်နေတာ ကြာပြီ!”

“ ယင်ယန်ရွှေရောင်သိုင်းကျင့်စဥ် အစစ်ကို ထျန်းကျောင်းက ထိန်းသိမ်းထားတာ”

ကျူးကော့ချင်းအာ ပိုပြီး ရှုတ်ထွေးသွားသည်။

“ ဆရာ မဟုတ်ဘူးဆိုရင် ထျန်းကျောင်း ဆီကများလား?”

နှစ်ယောက်သား ကြည့်မိသွားပြီး ချက်ချင်းပဲ မယုံနိုင်စွာ ခေါင်းရမ်းလိုက်ကြသည်။

လျိုချင်းချန် ခဏလောက် အတွေးများခဲ့ပေမဲ့ ချက်ချင်း ငြင်းဆိုလိုက်သည်။

“ မဖြစ်နိုင်တာ!”

“ နတ်တွေနဲ့ ချိန်းဆိုမှုက ခြောက်လတောင် လိုသေးတယ်!”

“ သတ်မှတ်ချိန် မရောက်မချင်း ထျန်းကျောင်းဘက်က တစ်ယောက်မှ တောင်အောက်ဆင်းရဲမှာ မဟုတ်ဘူး”

လျိုချင်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

ဒါပေမဲ့ ကျူးကော့ချင်းအာ ကတော့ စကား မဟရဲသေးဘူး။

“ ဆရာ ပြောတာမှန်တယ်။ ထျန်းကျောင်း တောင်က သူတို့ရဲ့ကတိစကားကို နှစ်တစ်သောင်းလောက်ကြာအောင် မပျက်မကွက် ထိန်းသိမ်းခဲ့တဲ့ ဂုဏ်သိက္ခာရှိတယ်”

“ ဒါပေမဲ့ ဒီတစ်ကြိမ်မှာလဲ ကတိတည်မယ်လို့ ဘယ်သူကြိုပြောနိုင်မှာမလို့လဲ? လက်ရှိ ထျန်းကျောင်းခေါင်းဆောင်အသစ်က စည်းကမ်းတွေ မလိုက်နာဘူး ကြားတယ်”

လျိုချင်းချန်ရဲ့ အတွေးလဲ ခဏရပ်သွားသည်။ လက်ရှိခေါင်းဆောင်အသစ်ကို သူမ စဥ်းစားလိုက်သည်။

နတ်သူတော်စင်မ… ဖြစ်တဲ့ ခေါင်းဆောင်အသစ်ရဲ့ နာမည်က… ရှောင်မန်း!

လွန်ခဲ့တဲ့ ဆယ်နှစ်မှာတုန်းက သူမက အဆင့်သုံးတာအိုကျင့်ကြံသူပဲ ရှိသေးသည်။.ထိုစဥ်က ရှောင်မန်းက အဆင့်တစ်ကို ရောက်ခဲ့ပြီးပြီ!

ဒီနှစ်တွေထဲမှာ ရှောင်မန်းက ပိုတိုးတက်သွားခဲ့သည်တဲ့!

ထိပ်သီးဂိုဏ်းလေးခုပင် သူမကို ပူးပေါင်းပြီး အနိုင်ယူဖို့ ကြိုးစားခဲ့ရသည်တဲ့!

သူမ စတင်ကျင့်ကြံခဲ့သည့်အသက်က ရှစ်နှစ်ပဲ။ ထူးချွန်တဲ့ အရည်အချင်းကြောင့် တစ်နှစ်မှာ တစ်ဆင့် တက်သည်။.အသက် ၁၈ ပြည့်တဲ့နှစ်မှာ မသေမျိုးဖြစ်လာခဲ့သည်!

ကြားထဲမှာ.ကျင့်ကြံမှု ပိတ်ဆို့ခံရခြင်းလဲ မရှိခဲ့ဘူး။ မသိရင် တာအိုကျင့်ကြံသူ ဖြစ်ဖို့ မွေးဖွားလာတဲ့အတိုင်းပဲ။

ဒါပေမဲ့ လျိုချင်းချန် မထင်မိဘူး။ ထျန်းကျောင်းဂိုဏ်းရဲ့ လက်ရှိခေါင်းဆောင်သစ် ရှောင်မန်းနဲ့ ရှကျိုးယွီတို့ ကြားမှာ ဆက်သွယ်မှု ရှိမယ်လို့လေ။

ဘာလို့ဆိုအဆင့်မှ မတူတာပဲ!

ဒါကြောင့် သူမ တပည့်ဖြစ်သူကို ရှင်းပြလိုက်သည်။

“ ထျန်းကျောင်းရဲ့ ခေါင်းဆောင်သစ်က စည်းကမ်းမလိုက်နာရင်တောင်မှ သေချာပေါက် ကောင်းကင်ဘုံကို မဆန့်ကျင်ရဲဘူး”

“ ပြီးတော့ ထျန်းကျောင်းခေါင်းဆောင်က ငါတို့ရဲ့ အရှင်မင်းကြီးကို ထိုက်တန်တဲ့သူလို့ ထင်မယ်လို့ မင်းယုံလား? အဲ့ဒီရှကျိုးယွီမှာ အဆင့်နှစ်ကျင့်ကြံဆင့် ရှိရင်တောင်မှ သူမ ယင်ယန်ရွှေရောင်သိုင်းကို ထုတ်ပေးလာမှာ မဟုတ်ဘူး!”

ကျူးကော့ချင်းအာလဲ အကြာကြီး နှုတ်ဆိတ်သွားသည်။

လျိုချင်းချန် ပြောတာ မှန်သည်။

“ ထားလိုက်တော့ချင်းအာ။ မင်းအရင်ပြန်နှင့်။ ဆရာခဏကျင့်ကြံလိုက်အုံးမယ်”

သူမ တည်ငြိမ်စွာ ပြောလိုက်သည်။

ဒါကို မြင်ထားမှတော့ လျိုချင်းချန် ကြိုတင် ပြင်ဆင်ထားဖို့အပြင် ရွေးစရာမရှိတော့ဘူး။

ခြောက်လပဲ ကျန်တော့သည်!

ရုတ်တရက်ကြီး သူမရဲ့ပုခုံးပင် လေးလံတဲ့ ဖိအားကို ခံစားလိုက်ရသည်။

သူမရဲ့ကျင့်ကြံမှုကို အမြန်မြင့်တင်ရမည်!

ဒါပေမဲ့ ကံဆိုးသည်က ပထမအဆင့်ရောက်ဖို့က ထင်သလောက် မလွယ်ကူနေဘူး!

“ ကောင်းကင်နဲ့ ယောက်ျားတစ်ယောက်ကြား ငါရွေးချယ်ရတော့မယ်”

လျိုချင်းချန် သက်ပြင်းချလိုက်ပြန်သည်။

တာအိုကျင့်ကြံသူတွေရဲ့ ဒီရိုက်ချက်ကြီးက နှစ်တစ်သောင်းလောက်ကြာရင်တောင်မှ အဆုံးသတ်နိုင်မှာ မဟုတ်ဘူး!

ဒီလိုနဲ့ မျက်စိတစ်မှိတ်အတွင်းမှာ နောက်တစ်နေ့ ကူးပြောင်းသွားခဲ့သည်။

ရှကျိုးယွီတစ်ယောက် ဟွာချင်းအဆောင်မှ လန်းဆန်းမှုအပြည့်နဲ့ ထွက်လာခဲ့သည်။ တစ်ညနဲ့ တစ်ရက် လေ့ကျင့်လိုက်တော့ ကျင့်ကြံမှုတွေ တော်တော် တိုးတက်သွားသည်လေ။

သိုင်းပညာမှာကော တာအိုပညာမှာကော အဆင့်တစ်ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့သည်!

သေချာပေါက် ရှကျိုးယွီကတော့ အဆင့်တက်ချင်စိတ် ရှိမနေဘူး။

အဆင့်တက်ဖို့ အားကုန်သုံးပြီး ကြိုးစားမဲ့အစား ကံကြမ္မာအမှတ်ဖြုန်းဖို့ပဲ လုပ်လိုက်မည်။

တော်ဝင်စာဖတ်ခန်းကို ရောက်တာနဲ့ ကျောက်ကောင်းကို ဆင့်ခေါ်ပြီး အပြင်ကမ္ဘာကြီးရဲ့ နောက်ဆုံးရသတင်းကို နားထောင်လိုက်သည်။

ဒီတစ်ခေါက် အကြောင်းအရာကတော့ ရွှမ်ထျန်း.နယ်မြေကြီးရဲ့ အဆင့်သတ်မှတ်ချက်အတွက် လချုပ်စာရင်းပြုစုမှုပင်!

ပုံမှန်ဆိုရင် ထိုသတ်မှတ်ချက်တွေကို ထျန်းချီတာဝါက ကူးယူသည်။ ထို့နောက်မှာ တိုင်းပြည်တွေကို ပြန်လည်ရောင်းချသည်။

“ ဒီလငါးရက်မှာ တရှားတိုင်းပြည်ရဲ့ လုကျိုး၊ ယူကျိုးနဲ့ ချီကျိုး မြို့တွေမှာ မိုးခေါင်ခြင်း ဖြစ်ပွားခဲ့တယ်”

“ ဒီလကိုးရက်နေ့မှာ တရှားတိုင်းပြည်ရဲ့ အမတ်ချုပ်ကျွေ့လုံက ဝေ့တိုင်းပြည်ကို စစ်ခင်းပြီး အနိုင်ယူနိုင်ခဲ့တယ်”

“ ဒီလ ဆယ်ရက်နေ့မှာ ချင်မင်းသား ရုတ်တရက် ပျောက်ကွယ်သွားပြီး ဘယ်ရောက်နေမှန်း မသိရပါဘူး”

“ ဒီလဆယ့်တစ်ရက်နေ့မှာ ထျန်းကျောင်းဂိုဏ်းရဲ့ ခေါင်းဆောင်သစ် ရှောင်မန်းက တောင်အောက်ဆင်းလာပြီး အဆင့်တစ်ရောက်ခဲ့ပြီးကြောင်း ခန့်မှန်းရတယ်”

“......”

ကျောက်ကောင်းက တစ်ခုချင်း ဖတ်ပြလိုက်သည်။

ဒီလိုနဲ့ပဲ မကြာခင်မှာ လချုပ်စာရင်း ကုန်သွားသည်။ အဖြစ်အပျက်အားလုံးကို ထည့်ရေးထားနိုင်တာပဲ။

“ အရှင်မင်းကြီး နောက်တစ်ခုက ထျန်းချီတာဝါရဲ့ ကြိုတင်ခန့်မှန်းမှုပါ။ ဖတ်ချင်ပါသလား?”

“ ဖတ်စေ!”

ကျောက်ကောင်း ဆက်ဖတ်လိုက်သည်။

“ ထျန်းချီတာဝါရဲ့ မှန်းဆချက်အရ ရွှေရောင်အဆင့်နဲ့ တစ်ခြားအဆင့်နှစ်ခုမှာ ကြီးမားတဲ့ ပြောင်းလဲမှုရှိလာမှာ မဟုတ်ဘူး”

“ သတိထားစရာ အချက်တစ်ခုကတော့ တောင်ဘက်ပိုင်းက တရှားတိုင်းပြည်ကတော့ အဆင့်တက်လာမဲ့ပုံရှိတယ်”

“ သတ်မှတ်ချက်သုံးခုမှာ အဲ့ဒီတရှားတိုင်းပြည်က ကြီးမားတဲ့ ပြောင်းလဲမှုကို ကြုံရမယ်လို့ ငါတို့အကြီးအကဲတွေ ခန့်မှန်းမိတယ်”

ရှကျိုးယွီ ပျော်ရွှင်သွားသည်။

နောက်ဆုံးတော့ သတင်းကောင်း ပါလာပြီ။

ထျန်းချီတာဝါက မဆိုးဘူးပဲ။

ကြားဖူးတယ်မလား? 'အပင်မြင့်ရင်လေတိုက်တယ်လေ’

အခုလို လူသိရှင်ကြား.ချီးကျူးခံလိုက်ရရင် အိမ်နီးချင်းတိုင်းပြည်တွေက သေချာပေါက် စိတ်ဝင်စားပြီး ပစ်မှတ်ထားမှာပဲ။

ဒါဆို လုံလောက်ပြီ။

တိုင်းပြည်တွေရဲ့ စိတ်ဝင်စားမှု ခံရတာက စစ်ပွဲကို လက်ယပ်ခေါ်နေသလိုပဲ။ ဒီကြားထဲမှာ ကံကြမ္မာအမှတ်ကို ဖျက်ဆီးဖို့ မရေမတွက်နိုင်တဲ့ အခွင့်အရေးတွေ ရောက်လာလိမ့်မယ်။

ရှကျိုးယွီရဲ့ ပြုံးယောင်သန်းနေတဲ့မျက်နှာကို မြင်တော့ ကျောက်ကောင်း ချီးကျူးလိုက်သည်။

“ အရှင်မင်းကြီး.. ကျွန်တော်မျိုးတို့ရဲ့ တရှားတိုင်းပြည် အခုလိုမျိုး အောင်မြင်မှုတွေ ရခဲ့တာ အရှင်မင်းကြီးရဲ့ ကြိုးပမ်းမှုကြောင့်ပါပဲ”

“ အရှင်မင်းကြီးက တုနှိုင်းမမှီတဲ့ ရှင်ဘုရင်တစ်ပါးပဲ။ ဒီလောက် ဖော်ပြမှုလောက်နဲ့ ဘယ်လုံလောက်ပါ့မလဲ?”

ရှကျိုးယွီ တော်တော်လေး နေလို့ထိုင်လို့ ကောင်းနေသည်။

ဒီသတင်းကိုသာ လုံလောက်အောင် လူသိပြီးရင်…… ကစားပွဲက ကောင်းမွန်တဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ သူ ယုံကြည်သည်။

လျော့လာမဲ့ ကံကြမ္မာအမှတ်ကိုပါ ကြိုတွေးနေပြီးသားပဲ။

စစ်ဖြစ်တော့မယ် ယေ့ယေ့

တိုင်းပြည်ပျက်တော့မယ် ယေ့ယေ့

နတ်ဘုရားဖြစ်တော့မယ် ယေ့ယေ့

ရှကျိုးယွီ အောင်ပွဲခံနေစဥ်မှာပဲ နောက်ထပ် မိန်းမစိုးတစ်ယောက် ဝင်ရောက်လာခဲ့သည်။

“ အရှင်မင်းကြီး အမတ်ချုပ်က ဝင်ခွင့်တောင်နေပါတယ်”

ရှကျိုးယွီ အနည်းငယ် အံ့သြသွားသည်။

ခဏလောက် စဥ်းစားပြီးမှ ကျူးကော့လုံ ပြန်လာတော့မယ်ဆိုတဲ့ လီလင်ပုရဲ့ သတိပေးချက်ကို မှတ်မိသွားသည်။

ဒီအချိန်မှာ ရှကျိုးယွီ ခံစားချက် ကောင်းနေတာမို့ ကျူးကော့လုံကို ပြဿနာ မရှာတော့ဘူး။

“ ဝင်ခိုင်းလိုက်”

သူပုံမှန်လိုသာ ပြောလိုက်သည်။

မကြာခင်မှာပဲ ကျူးကော့လုံ ရောက်လာသည်။

“ ဒီနိမ့်ကျတဲ့ အရာရှိက အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်”

ကျူးကော့လုံ ရိုသေစွာ ဦးညွတ်လိုက်သည်။

ပုံစံကြည့်လိုက်ရင် ခေါင်းထိပ်က ငွေရောင်ဆံပင်တွေနဲ့ ကျူးကော့လုံသည် အရွယ်ရနေပြီမှန်းသိသာသည်။

ဒါပေမဲ့ အရှေ့က အဖိုးအိုကတော့ စွမ်းအင်ပြည့်ဝနေပြီး ကြောက်မက်ဖွယ် သွေးဆာနေတဲ့ အရှိန်အဝါတွေ ထုတ်လွှတ်နေလေရဲ့။

အရင်ထက် သွက်လက်နေတယ်လို့ ပြောရမည်!

“ အမတ်ချုပ်ကြီး စစ်ပွဲက ပြန်ရောက်တာတောင်မှ ငါကိုယ်တော်က ဆုမချရသေးတဲ့အပြင် တွေ့တောင်မတွေ့ရသေးဘူး။ ကိုယ်တော် တာဝန်လစ်ဟင်း မိသွားတာပဲ”

ရှကျိုးယွီ ခပ်ပြုံးပြုံး ပြောလိုက်သည်။

ကျူးကော့လုံ အမြန်ပဲ ဦးညွတ်လိုက်ကာ

“ အရှင်မင်းကြီးက ကြင်နာလွန်းနေပါပြီ။ အရှင်မင်းကြီးရဲ့ ကျွန်တော်မျိုးကို ရှေ့တန်း သွားခိုင်းတဲ့ အမိန့်တော်ကိုက လိုအပ်တာထက် ပိုနေခဲ့ပြီ”

“ အရှင်မင်းကြီးက ကျွန်တော်မျိုးရဲ့ ကလေးတွေကိုပါ ရာထူးချီးမြှင့်ခဲ့သေးတယ်”

ရှကျိုးယွီ လက်တစ်ဖက်ယမ်းကာ စကားစဖျက်လိုက်သည်။

“ အမတ်ချုပ်ကြီး ဒါတွေမလိုပါဘူး။ အမတ်ချုပ်က ဒီလောက်ကောင်းမွန်တဲ့ ရလဒ်ကို ယူဆောင်ပေးခဲ့တာပဲ။ ပြောပါ ဘယ်လိုဆုလာဘ် လိုချင်လဲ!”

ကျူးကော့လုံ ခဏလောက် အံ့သြသွားပေမဲ့ ချက်ချင်း ပြန်ဖြေကြားလိုက်သည်။

“ အရှင်မင်းကြီး ဒါဆိုရင် ကျွန်တော်မျိုး.မယဥ်ကျေးနေတော့ပါဘူး”

“ ရိုးရိုးသားသားပြောရရင် ကျွန်တော်မျိုးမှာ တစ်ကယ်ပဲ တောင်းဆိုစရာ ရှိပါတယ်”

All Chapters