← Chapters

မဟာဂရုဏာရှင် နတ်ဘုရား။

Vol. 44 Ch. 518

မဟာဂရုဏာရှင် နတ်ဘုရား။

Vol. 44 Ch. 518

စုရီက သန့်စင်ထားသော ဝင်္ကပါပြားများစွာကို ရင်ချုံးထံ ပေးအပ်လိုက် တော့၏။ ထို့‌နောက်၊

“ မင်း ... မဟာကျိုးကို သွားပြီး သွေးနတ်ဆိုးတောင်တန်းရဲ့ မြေအောက်ဥမင် လှိုဏ်ခေါင်းမှာ ဝင်္ကပါတစ်ခုခင်းခဲ့ပါ။ ”

ရင်ချုံးက ချက်ချင်း မတ်တပ်ထရပ်ကာ၊

“ ဟုတ်ကဲ့ ... ဆရာစုရဲ့ ယုံကြည်မှုအတိုင်း ငါသေချာပေါက်လုပ်ဆောင်ခဲ့မှာပါ။ ”

-ဟု တုန့်ပြန်၏။

“ ငါ့စကား မပြီးသေးဘူး။ ”

အရမ်းရိုသေ လေးစားနေသော နဂါးနက်ကိုကြည့်ကာ စုရီမှပြုံးသည်။ သို့မှသာ ရင်ချုံးတစ်ယောက် ရှက်ရွံ့မှု အရိပ်အမြွက် ပေါ်လာ၏။

“ ဒီတားမြစ်ဝင်္ကပါမှာ ဆုံချက်ပေါင်း စုစုပေါင်း(၃၆၀)ရှိတယ် အမည်ကို ကောင်းကင် သွေးသန့်စင်ခြင်းဝင်္ကပါလို့ ခေါ်တယ် ... ဒါကို ခင်းတော့မယ်ဆိုရင် ... ။ ”

ထို့နောက် စုရီမှ တားမြစ်ဝင်္ကပါ ဖွဲ့စည်းခြင်းဆိုင်ရာ ပရိယာယ်များကို တစ်ခုပြီး တစ်ခု ရှင်းပြလိုက်သည်။

ထိုစကားကိုကြားပြီးနောက် ရင်ချုံးသည် ရင်တထိတ်ထိတ်ဖြင့် ကြောက်ရွံ့လာ၏။ ၎င်းကို အသက်သွင်းသည်နှင့်တစ်ပြိုင်နက် ဝိညာဉ် ထင်ရှားခြင်းအဆင့်မှ တစ်စုံတစ်ဦးအပေါ် တိုက်ရိုက်သတ်ပေမည်။

ကြောက်စရာ အကောင်းဆုံးအရာမှာ ဝင်္ကပါအသက်ဝင်ချိန်တွင် ဝိညာဉ်စွမ်းအားနှင့် ပိတ်မိလာသောသားကောင်များ၏ သွေးသား အနှစ်သာရများကို စုပ်ယူအားဖြည့်နိုင်သည်။

ဤနည်းဖြင့် ဝင်္ကပါသည် သားရဲကြီးတစ်ကောင်ကဲ့သို့ အဆုံးမဲ့ကြီး ထွားလာနိုင်မည် ဖြစ်သည်။

သန့်စင်သော သွေးအနှစ်သာရနှင့် မျိုးဆက်သွေး သန့်စင်မှု အားကောင်းလေလေ ဤဖွဲ့စည်းမှုအပေါ် အထောက်အပံ့ ပိုဖြစ်လေဖြစ်သည်။

“ ရှင်းရှင်းလင်းလင်း မှတ်မိပြီလား။ ”

စုရီက မေးသည်။ ရင်ချုံးက ခေါင်းညိတ်ပြီး၊

“ မင်းရဲ့စကားကို ငါမှတ်မိမှာပါ ဆရာစု။ ”

“ ကောင်းပြီ ... ဒါဆို နဂါးသူတော်စင်ရုပ်တုကို ချန်ထားခဲ့ပြီး အခု ခရီးထွက်တော့။ ”

နဂါးသူတော်စင် ရုပ်တုသည် ရတနာဘုံကျောင်းမှ သူရရှိခဲ့သော နဂါးအရိုးဖြင့် ထုထားသည့်ရုပ်တုဖြစ်သည်။

နဂါးဒုက္ခ ချောက်ကမ်းပါးသို့ ရောက်သောအခါတွင် စုရီသည် ဤအရာကို ရင်ချုံးထံ ယာယီပေးထားခဲ့ဖူး၏။

နောက်သုံးရက် အကြာတွင် ရင်ချုံး ပြန်ရောက်လာကာ တာဝန်ပြီးမြောက်ကြောင်း သတင်းပို့လာသည်။

စုရီက ခေါင်းညိတ်ပြီး ပိုင်ဇီအရိုးနှင့် နဂါးအရိုးတို့ကို ပေါင်းစပ်သန့်စင်ထားသော အရိုးတစ်ခု ပေးအပ်ကာ အမွေတစ်ခု ရေးထွင်းပေးလိုက်၏။

ဤသည်မှာ ဦးချိုမဲ့နဂါး အသွင်ပြောင်းခြင်းမန္တန် ဖြစ်သည်။ ပိုင်ဇီသည် မိုးကြိုးနှင့် တိမ်တိုက်များအပေါ် ထိန်းချုပ် နိုင်စွမ်းဖြင့် မွေးဖွား၏။

ဤနည်းဖြင့် ပိုင်ဇီ၏ မွေးရာပါ စွမ်းအားအချို့နိုးထပြီး ဦးချိုမဲ့နဂါးအသွင်ပြောင်း မန္တန်ဖြင့် ဆက်လက် အားဖြည့်ပေးနိုင်မည်။

ထိုသို့ ရက်ရောသောလက်ဆောင်ကို လက်ခံရရှိချိန်၌ ရင်ချုံးခမျာ အချိန်အတော်ကြာ မှင်သပ်နေပြီး တည်ငြိမ်မှု အပြည့်အဝ ပျောက်ဆုံးသွားခဲ့သည်။

ဤသည်မှာ နဂါးတစ်ကောင်ဖြစ်ရန် ရှားရှားပါးပါး အခွင့်အရေးပေပင်။ နောင်တွင် နဂါးဘုရင်ပင် ဖြစ်လာနိုင်၏။

“ မင်းရဲ့မျှော်လင့်ချက်အတိုင်း ငါသေချာပေါက်နေမှာပါ ဆရာစု။ ”

ရင်ချုံးက ချက်ချင်း ဒူးထောက်ကာ ကန်တော့ပြန်သည်။

“ ဒါက မင်းနဲ့ထိုက်တန်တဲ့ အရာပဲ ... အဲဒီလောက် မလိုပါဘူး။ ”

စုရီမှ ပေါ့ပေါ့ပါးပါး ခေါင်းညိတ်သည်။ တစ်ချိန်ကကတိကို သစ္စာတရားဖြင့် ဖြည့်ဆည်း ပေးခဲ့သောကြောင့် ရင်ချုံးအပေါ် ခံစားချက် ကောင်းများရှိနေ၏။

ထို့နောက်တွင် စုရီ၏ နေ့ရက်များမှာ တည်ငြိမ်သွားတော့သည်။ မနက်တွင် တာအို အုတ်မြစ်ကိုသန့်စင်ကာ ညနေပိုင်းအချိန်တွင် မိတ်ဆွေများအတွက် အခက်အခဲများကို လမ်းပြပေး၏။

ညချမ်းအချိန်အခါတွင် တွေ့ဆုံပွဲလုပ်ကာ ချာကျင်နှင့်အတူ အိပ်ယာဝင်သည်။ ထိုနည်းဖြင့် နှစ်လတာ ကုန်လွန်သွား၏။

တစ်နေ့တွင် ရင်ချုံးတစ်ယောက် အင်မော်တယ်ဓားမျှော်စင် မုခ်ဦး၌စောင့်လျက် ကျင့်ကြံနေစဉ် ရုတ်​တရက်​ ကျယ်​လောင်သော ဗုံနှင့်​တံပိုးသံများ ကြားလိုက်ရ၏။

“ တုံ တုံ တုံ ... ။ ”

များမကြာခင် မိုးကုပ်စက်ဝိုင်းအစပ်မှ ခမ်းနားသောလူအချို့ ပျံသန်းလာနေသည်ကို မြင်လိုက်ရချေပြီ။

လမ်းပြသူသည် နတ်ဆိုးရောင်ဝါကို ထုတ်ဖော်လျက် သူ့နောက်တွင် အဖိုးအိုတစ်ဦး၊ သန်မာသော အမျိုးသားတစ်ဦးနှင့် အစေခံအချို့ လိုက်ပါလာကြသည်။

အဖိုးအိုသည် မုတ်ဆိတ်မွေးများ တွန့်လိမ်လျက် သူ့ခန္ဓာကိုယ်တွင် ငွေရောင် အကြေးခွံများဖုံးလွှမ်းကာ ခေါင်းပေါ်၌ နှင်းဖြူဦးချိုတစ်ခု ဆောင်းထား၏။

“ တု ... တု ... တု ... ။ ”

လက်နှစ်ဘက်တွင် ကြီးမားသော ခရုသင်းကြီးကိုကိုင်ထားပြီး ကျယ်လောင်စွာဖြင့် တေးသွားများ မှုတ်ထုတ်နေသည်။

သူ့ဘေးရှိ အမျိုးသားသည် အရပ်ရှည် ထွားကြိုင်းကာ ခန္ဓာကိုယ်အပေါ်ပိုင်းရှိ ကြေးဝါ အသားအရည်ကို ဖော်ပြထား၏။ ကြေးရည်ဖြင့် သွန်းလောင်းသကဲ့သို့ ဖောင်းကားနေသည်။

“ တုံ ... တုံ ... တုံ ... ။ ”

အရပ်အမောင်းသည် ဆယ်ပေခန့်ရှိပြီး လက်တစ်ဖက်တွင် ဗုံတစ်လုံးကိုသိုင်းလွယ်ကာ ကျန်တစ်ဖက်၌ အရိုးကြက်ပေါင်ဖြင့် ထုနှက်နေ၏။

ခရုသင်းသံများနှင့် ဗုံသံများ တပြိုင်နက်တည်းထွက်ပေါ်လျက် ပျံသန်းရာ လမ်းတစ်လျှောက် တိမ်တိုက်များ တုန်ခါ ပျက်ပြယ်ကုန်လေသည်။

ထိုလူတန်းကြီး နောက်ပါးတွင် အလျား ဆယ်ပေကျော်သော ရတနာရထားလုံးတစ်စင်း လိုက်ပါလာသည်။ ကိုယ်ထည်ကို နတ်ရွှေများဖြင့် ပြုလုပ်ထား၏။

ထိုရထားကို ဆွဲသောသားရဲသည် တောင်ကဲ့သို့ ကြီးမားသည့်ရွှေသားရဲ ဖြစ်သည်။ ဤထူးဆန်းသည့်အဖွဲ့ကို မြင်လိုက်ရသောအခါ ဝိညာဉ်ပင်လယ်ရှိ ကျင့်ကြံသူများအားလုံး ခေါင်းမော့ကြည့်လာကြ၏။

တစ်စုံတစ်ယောက် ခရီးထွက်ခြင်းသည် ဤမျှအထိကြီးကျယ်ခမ်းနားသော အပြင်အဆင် အဆောင်အယောင်များ လိုနေသည်လော။

“ ငါတို့ရောက်ပြီ ... ။ ”

ထိုမြင်ကွင်းသည် ကမ္ဘာကြီးကိုလှည့်ပတ်ကြည့်နေသော ဧကရာဇ် တစ်ပါးနှင့်တူသည်။

“ ဒါ ရှေးဟောင်းနတ်ဆိုးတွေ ဖြစ်ရမယ် ... ရှေ့ကလမ်းပြနေတဲ့ ကျင့်ကြံသူ(၃၆)ယောက်မှာ ဝိညာဉ်ထင်ရှားခြင်းအဆင့် (၉)ယောက်တောင် ရှိနေတယ်။ ”

ရင်ချုံးက တံခါးဝမှနေ၍ မှတ်ချက် ပေးလိုက်သည်။ ဝိညာဉ်ထင်ရှားခြင်း အဆင့် ဟူသည် သက်ဆိုင်ရာအဖွဲ့များတွင် သန်မာပြီး အရေအတွက် အကန့်အသတ်ရှိ၏။

စုရီ၏ အဖွဲ့တွင်ပင် သူ တစ်ယောက်တည်းသာ ဝိညာဉ်ထင်ရှားခြင်း အဆင့်တွင်ရှိသည်။ ယခုမူ တစ်ဖက်လူသည် ထိုအဆင့်ကျွမ်းကျင်သူများကို လမ်းပြစေ၏။

“ ဒီရွှေခြင်္သေ့သားရဲက တော်တော်ကြည့်ကောင်းတယ် ... ။ ”

ရုတ်တရက် စုရီက သူ့ဘေးပေါ်လာပြီး ဝိညာဉ်ထင်ရှားခြင်းအဆင့် ကျင့်ကြံသူများကို ဖြတ်ကျော်ကာ ခြင်္သေ့ဦးခေါင်း၊ ဆင်ခန္ဓာနှင့် ရွှေအမွေးများ ပါရှိသည့် သားရဲကြီးပေါ်သို့ ကြည့်နေခဲ့သည်။

၎င်းသည် လျှပ်စီးနှင့် မီးကို ထိန်းချုပ်နိုင်စွမ်းရှိသည့် ရွှေခြင်္သေ့သားရဲပေပင်။ ရွှေတာအို နားလည်ပြီး အလွန်အစွမ်းထက်ကာ ရက်စက်၏။ နဂါးနက်ထက် အားနည်းသည် မဟုတ်ချေ။ ထို့ကြောင့် စုရီအကြည့်များ၌ ကျေနပ်ခြင်းများ ဖြစ်ပေါ်လာသည်။

“ ဒီသားရဲကို တောင်တံခါးမှာ အစောင့်အကြပ်ဖြစ်ထားဖို့ သင့်လျော်တယ်။ ”

အဆုံးတွင် သူ့စိတ်ကူးကို ထုတ်ဖော် ရေရွတ်လိုက်၏။ တစ်ဖက်အင်အားစုများသည် အင်မော်တယ် ဓားမျှော်စင်နှင့် မဝေးကွာသော တိမ်ပင်လယ်အတွင်း၌ ရပ်တန့်သွားသည်။

မုတ်ဆိတ်မွေးနှင့် အဖိုးကြီးသည် လက်ထဲရှိခရုသင်းကိုဖယ်ကာ ရတနာရထားထံ ဦးညွှတ်လျက်၊

“ သခင်လေး ... ငါတို့ ဖရိုဖရဲ ဝိညာဉ်ပင်လယ်ရဲ့ အင်မော်တယ်ဓားမျှော်စင်ကို ရောက်ရှိပါပြီ။ ”

-ဟု သတင်းပို့လိုက်သည်။

ထိုအသံသည် တိမ်ပင်လယ်အတွင်း ပဲ့တင်ထပ်ကာ မိုးခြိမ်းသံကဲ့သို့ မြည်ဟည်း နေတော့၏။

“ ဒါဆို ဘာလို့ရပ်လိုက်တာလဲ။ ”

ရတနာရထားလုံးပေါ်မှ ပျင်းရိသော အသံတစ်သံ ထွက်ပေါ်လာသည်။ စောစောက ဗုံတီးနေသော လူထွားကြီးက အောက်သို့ တစ်ချက်ငုံ့ကြည့်လာကာ၊

“ သခင်ငယ် ... ဓားမျှော်စင်ကို တားမြစ်ဝင်္ကပါနဲ့ ပိတ်ထားပြီး ... တံခါးဝမှာ တစ်ယောက်ယောက် ရှိပါနေတယ်။ ”

-ဟု တုန့်ပြန်၏။

“ ရှောမင် ငါတို့ရဲ့ရည်ရွယ်ချက်ကို တိုက်ရိုက်ပြောပါ ထက်မြက်တဲ့ လူတွေဆိုရင် ပညာရှိတဲ့ရွေးချယ်မှု ပြုလုပ်လိမ့်မယ်။ ”

“ နားလည်ပါပြီ ... ။ ”

ကြေးဝါရောင်အသားအရည်ဖြင့် အမျိုးသား၏ ကျောက်တုံးကြီးများနှင့်တူသော ကြွက်သားများတွင် ပေါက်ကွဲစွမ်းအားများ ချက်ချင်း ပြည့်နှက်လာချေပြီ။ ထိုသူက ရင်ချုံးထံ ငုံ့ကြည့်ကာ၊

“ မိတ်ဆွေ ... ငါ့သခင်က ဒီအရပ်မှာ ကောင်းမှုတွေလုပ်ဆောင်ဖို့ စိတ်ကူးရှိပါတယ် မင်းငါတို့နဲ့ ပူးပေါင်းနိုင်မယ်လို့လည်း မျှော်လင့်ရပါတယ် ... ။ ”

-ဟု ပြောကြားလာ၏။

( ပူးပေါင်းဆောင်ရွက်ဖို့လား။ )

ထိုစကားသည် တစ်ခုခု မှားနေသဖြင့် ရင်ချုံးတစ်ယောက် မျက်မှောင်ကြုတ်လိုက်မိ လေသည်။ သို့တိုင် အနည်းငယ် သည်းခံလျက်၊

“ ဘယ်လို ပူးပေါင်းစေချင်တာလဲ။ ”

-ဟု ပြန်လည် မေးမြန်းလိုက်၏။

“ ငါ့သခင်က ဒီလောကကြီးအပေါ် သနားကြင်နာတတ်တဲ့ ... မဟာဂရုဏာရှင် နတ်ဘုရားတစ်ပါးပဲ ...

... ကမ္ဘာကြီးရဲ့ ရုန်းရင်းဆန်ခတ်မှုတွေနဲ့ သွေးထွက်သံယိုကိစ္စတွေကို တားဆီးဖို့ ငါတို့ကို တာဝန်ပေးလိုက်တယ် ...

... ဒါကြောင့် သန့်ရှင်းသော သားတော်ကိုယ်တိုင် လာရောက်ပြီး ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းမှုကို ဦးတည်တဲ့ နယ်မြေစစ်ဆေးမှုတွေ လုပ်နေပါတယ် ... မင်းတို့ရဲ့ တံခါးကို ဖွင့်ထားပေးပါ။ ”

“ ဟမ့် ... မင်းသခင်က ဘယ်သူလဲ။ ”

ရင်ချုံးမှ မျက်ခုံးပင့်လျက် ပြန်မေး လိုက်သည်။ တစ်ဖက်လူသည် ယဉ်ကျေးစွာ ဆိုနေသော်လည်း စကားများ၏ အဓိပ္ပါယ်မှာ မောက်မာလွန်းချေပြီ။

“ ငါ့သခင်က ... မဟာဂရုဏာရှင် နတ်ဘုရားဖြစ်ပြီး သန့်ရှင်းသောသားတော်က ချင်းယွမ်ပါ။ ”

ကြေးဝါအမျိုးသားက အသက်ပြင်းပြင်းရှူလျက် ပြန်ဖြေလိုက်သည်။ သူ့အသွင်သည် ဂုဏ်ယူဝံ့ကြွားမှု အပြည့် ရှိနေတော့၏။

“ မဟာဂရုဏာရှင် နတ်ဘုရား ... ။ ”

ထိုအမည်ကြောင့် ရင်ချုံးခမျာ ရှုပ်ထွေးစွာဖြင့် ​စုရီထံ ပြန်လှည့်ကြည့်တော့၏။ ဤသို့သောအမည်မျိုး သူ မကြားဖူးချေ။ ဤကမ္ဘာတွင် မည်သည့်အချိန်က ပေါ်လာသနည်း။

စုရီအတွက်မူ အံ့အားသင့်သွားတော့၏။ မဟာဂရုဏာရှင်သည် ခေါင်းကိုးလုံးငှက်မိစ္ဆာ အမည်ပေပင်။ သွေးပိုးကောင်လှိုဏ်ဂူအတွင်း၌ ပိတ်မိနေသည့် ငှက်ဆိုးဖြစ်၏။

ဆိုလိုသည်မှာ ဤသို့မောက်မာ ကြွားဝါနေသောလူတစ်စုသည် ထိုငှက်မိစ္ဆာ၏ အစေခံများ ဖြစ်နေချေသည်။

စမ်းသပ်မှုများစွာကို ပြုလုပ်ခဲ့ပြီး မဟာကရုဏာရှင် နတ်ဘုရားသည် ထိုစဉ်အချိန် ပြင်းထန်စွာဒဏ်ရာရရှိထားခဲ့ကြောင်း သူ အကြမ်းဖျင်း ကောက်ချက်ချခဲ့သည်။

ယင်းကြောင့် ပိုးဖလံသွေးလှိုဏ်ဂူအတွင်းမှ လွတ်မြောက်လိုသော် လျှို့ဝှက်နည်းစနစ်တစ်ခု ရှိကြောင်း ပထမပိုင်းပေးပြီး မျှားထားခဲ့ဖူး၏။

“ ရှောမင် ... သခင်က ငါတို့ကို ကောင်းမှုတွေလုပ်ဖို့ ... ဒီကိုစေလွှတ်လိုက်တယ် ဒါပေမယ့် သူတို့အတွက် ...

... ဘာကောင်းမှန်း မသိဘဲ ငြင်းဆန်နေမယ်ဆိုရင် အချိန်ကုန်ခံ မနေပါနဲ့ သတ်ပစ်လိုက်ပါ ... ။ ”

ရတနာရထားလုံးပေါ်ရှိ စကားသံသည် ညင်သာပြီး ချိုမြိန်သော်လည်း အငွေ့အသက်မှာ အေးစက်နေ၏။ ရင်ချုံး၏ တုန့်ပြန်မှု မရှိခြင်းကို သည်းခံလိုပုံမပြချေ။

“ မင်းတို့ဆုံးဖြတ်ချက် ချရမဲ့ ... အချိန်ရောက်ပြီ တားမြစ်ဝင်္ကပါ ဖွင့်ပေးမလား ... ဒါမှမဟုတ် ... ။ ”

ခန္ဓာကိုယ်ကို ငွေရောင်အကြေးခွံဖြင့် ဖုံးအုပ်လျက် နှင်းဖြူဦးချိုတစ်ချောင်း ပါရှိသည့် ဦးထုပ်ဖြင့် အဖိုးအိုက မေးမြန်းလာ၏။

ရင်ချုံးက ချက်ချင်း မသိစိတ်​ဖြင့် စုရီထံကြည့်သည်။ ထိုလုပ်ရပ်ကြောင့် မင်ရှော၊ အဖိုးအိုနှင့် ကျန်လူများသည်လည်း စုရီထံ အကြည့်ကိုရွေ့လိုက်၏။

“ ဟမ့် ... ကြယ်စုစည်းခြင်းအဆင့်လား ... ။ ”

တစ်ဆက်တည်းမှာပင် စုရီ၏ ကျင့်ကြံမှုအဆင့်ကို မြင်ကြပြီးနောက် လူတိုင်း မျက်ခုံးပင့်ကာ ပြုံးရယ်ကုန်တော့သည်။

“ ပုရွက်ဆိတ်လေး တစ်ကောင်ဆီကို ဒီလိုဆုံးဖြတ်ပိုင်ခွင့်မျိုး ပေးထားတာလား မိတ်ဆွေ ... ဟားဟားဟား။”

***

All Chapters