သန့်ရှင်းသောသားတော် ချင်းယွမ်။
Vol. 44 Ch. 520
“ ရင်ချုံး ... နောက်ဆုတ် ငါကိုင်တွယ်လိုက်မယ်။ ”
ထိုအချိန်တွင် စုရီမှအော်ဟစ်လိုက်၏။ ငွေရောင်ဝတ်လုံဝတ်လူငယ်မှ မျက်မှောင်ကြုတ် လိုက်လေသည်။
“ ဒီကောင် အရမ်း မာနကြီးတာပဲ။ ”
အဝါရောင်ဝတ် မိန်းကလေးသည် မသိစိတ်ဖြင့် ခေါင်းလှည့်ကာ ပြတင်းပေါက်မှ ထပ်မံငုံ့ကြည့်လိုက်မိ၏။
“ မောက်မာလိုက်တာ။ ”
သူတို့နှစ်ဦးသည် ဝိညာဉ်ပေါင်းစည်းခြင်း အဆင့်ရှိ ကျွမ်းကျင်သူများ ဖြစ်၏။ ထို့ကြောင့် ရှောမင်မှ ဒေါသထွက်လာပြီး၊
“ ဒီကောင်လေးကို အတူတူသွားသတ်ကြ။ ”
-ဟု အမိန့်ပေးလိုက်သည်။
ထိုနောက်တွင် စုရီကို ပိတ်ဆို့ရန် တိုက်ပွဲဝင်အစီရင်ပုံစံခင်းကျင်းလျက် နတ်ဆိုး သားရဲများအားလုံး လှုပ်ရှားလာကြ၏။
ရုတ်တရက် လူသတ်ရောင်ဝါကြီးတစ်ခု စုရီအပေါ်လွှမ်းခြုံလာသည်။ နတ်ဆိုးကျင့်ကြံ သုံးဆယ့်သုံးယောက်ရှိ၏။
၎င်းတို့တွင် ဝိညာဉ်ထင်ရှားခြင်း ငါးဦးနှင့် ကျန်လူအများအားလုံး ကြယ်စုစည်းခြင်း အဆင့်၌ ရှိနေသည်။
ဝိညာဉ်ထင်ရှားခြင်းအဆင့် ငါးဦးသည် အစီရင်၏ဗဟိုချက်ဖြစ်ပြီး ဒြပ်စင်ငါးပါးစွမ်းအင် အပေါ် အတူတကွဖော်ဆောင်၏။
ကျန်နှစ်ဆယ့်ရှစ်ဦးသည် လေးဘက်လေးတန်တွင် ကြယ်နှစ်ဆယ့်ရှစ်လုံး သဏ္ဍန် ရပ်နေကြသည်။
လူတိုင်းရောင်ဝါကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားသောကြောင့် ကြောက်မက်ဖွယ် ကောင်းနေချေ၏။
ထိုကဲ့သို့သော ရောင်ဝါသည် လူတိုင်းအပေါ်သို့ ကြောက်ရွံ့ရန် လုံလောက်၏။ သို့သော် စုရီက လေထဲ ခြေတစ်လှမ်း လှမ်းတက်လိုက်သည်။
“ သတ် ... ။ ”
အနက်ရောင် ၀တ်စုံနှင့် ငွေရောင်ဆံပင်ရှိသော အမျိုးသားတစ်ဦးသည် ဦးစွာအမိန့်ပေး၏။
“ ဝူး ... ။ ”
တိုက်ပွဲဝင် အစီရင်တစ်ခုလုံး ပေါက်ကွဲသံနှင့်အတူ စတင်လှုပ်ရှားလာပြီး တောက်လောင်နေသော နတ်ဆိုးစွမ်းအင်များ ကောင်းကင်ပေါ် ပျံတက်လာသစည်။
သူတို့အားလုံးသည် လူသားအသွင် ခံယူထားကြသော နတ်ဆိုးသားရဲများ ဖြစ်၏။ လူတိုင်း တံဆိပ်တစ်ခုကို ပုံဖော်လိုက်ပြီးနောက် လေဟာနယ်လှိုင်းထလျက် ပေါင်းစပ်ကာ လက်ဖဝါးကြီးတစ်ဖက် ပေါ်လာသည်။
“ ဂျိန်း ... ။ ”
ယင်းသည် ဒဏ္ဍာရီလာ နတ်မိစ္ဆာ၏ လက်တစ်ဖက်နှင့်တူပြီး မှင်ကဲ့သို့နက်မှောင်ကာ သွေးနီရောင်မိုးကြိုးမုန်နိုင်းများ ပါရှိနေ၏။
၎င်းပေါ်လာသည်နှင့် တပြိုင်နက် ကောင်းကင်ကြီးတစ်ခုလုံး အမည်းရောင်သို့ ပြောင်းလဲသွားကာ မိုးကြိုးမုန်တိုင်များ တိုက်ခတ်လာ၏။
“ သွေးနတ်မိစ္ဆာတံဆိပ် ... ။ ”
ဤတိုက်ပွဲဝင် အစီရင်သည် ဝိညာဉ် ထင်ရှားခြင်း ကျင့်ကြံသူငါးဦးနှင့် ဖန်တီးထား သောကြောင့် ဝိညာဉ်ပေါင်းစည်းခြင်း အဆင့်ကိုပင် ခြိမ်းခြောက်နိုင်၏။
ထို့နောက်တွင် ကြောက်မက်ဖွယ် ကောင်းသော ရိုက်နှက်ချက်သည် စုရီဆီသို့ ရောက်ရှိလာခဲ့သည်။
“ ဟမ့် ... ။ ”
စုရီက ထိတ်လန့်ခြင်းမရှိဘဲ လေထဲပြေးသွားကာ ညာဘက်လက်ညိုးနှင့် ခုတ်ချလိုက်သည်။
“ ရွှပ် ... ။ ”
ကြည်လင်သော ဓားအလင်းရောင် တောက်လောင်လာပြီး ဆယ်ပေရှည်သော ဓားစွမ်းအင်အဖြစ် ပြောင်းလဲသွား၏။
လေနှင့် မိုးကြိုးများ ဓားအလင်း၌ လိုက်ပါသွားလေသည်။ ထိတ်လန့်တုန်လှုပ်ဖွယ် လေခွင်းသံများ ကြားလာရ၏။
အဆုံးတွင် ဓားအလင်းသည် ကောင်းကင်မှကျဆင်းလာသော အနက်ရောင် နတ်မိစ္ဆာလက်ဖဝါးကြီးကို အလွယ်တကူ ဖြတ်တောက်သွားလေသည်။
မိုးကြိုးမုန်တိုင်းများ ဒီရေကဲ့သို့ လျောကျသွား၏။ ထို့နောက် ဓားအလင်းသည် သွေးနတ်မိစ္ဆာတံဆိပ်ထံ ထိမှန်သည်။
“ ခရစ် ... ။ ”
“ ဘောင်း ... ။ ”
သွေးနတ်မိစ္ဆာတံဆိပ်သည် ပြင်းစွာ တုန်ခါလျက် မျက်နှာပြင်၌ အက်ကြောင်းများ နှင့်အတူ အပိုင်းပိုင်းကွဲသွားခဲ့၏။
ထိုဓားအလင်းသည် ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်နိုင်သကဲ့သို့ ထက်မြက် လွန်းချေပြီ။ ရပ်တန့်၍ မရနိုင်ချေ။
“ ဒါ ... ။ ”
“ မြန် မြန် ... ။ ”
လူတိုင်းသည် ဓားအစွမ်းကြောင့် ထိတ်လန့်သွားကြကာ ချက်ချင်း တိမ်းရှောင်ရန် ကြိုးစားတော့၏။ မြင်ကွင်းမှာ ရှုပ်ပွနေပြီး မှုန်ဝါးသွားချေပြီ။
ဓားတစ်ချက်တည်းဖြင့် သွေးနတ်မိစ္ဆာတံဆိပ်ကို အလွယ်တကူ ချိုးဖျက် နိုင်ခဲ့သည်လော။ အဓိပ္ပါယ်မရှိချေ။
“ လာဦးမယ် ... ။ ”
ထိုစဉ်စုရီက သူတို့ကို တွေးတောရန် အချိန်မပေးလိုဘဲ လှမ်းတက်လာပြီ ဖြစ်သည်။ ခဏအတွင်းမှာပင် တောက်လောင်နေသော ဓားအလင်းများသည် သက်တံများကဲ့သို့ အစီအရီထွက်ပေါ်လာ၏။
ဓားချက်တိုင်း လျှို့ဝှက်ဆန်းကြယ်ပြီး နားမလည်နိုင်သော တာအိုအမှန်တရားများ ပါရှိနေသည်။
“ ဘောင်း ... ဘောင်း ... ဘောင်း ... ။ ”
ပေါက်ကွဲမှုသည် ကောင်းကင်ကို လှုပ်ခါစေပြီး အဖျက်စွမ်းအားများ တဟုန်းဟုန်း တောက်လောင်လာ၏။
ထို့နောက်တွင် ဓားရည်ရွယ်ချက်များ ကျဆင်းလာကာ တိုက်ပွဲဝင်အစီရင်တံဆိပ်များ မျက်စိတစ်မှိတ်အတွင်း ပျက်စီးသွားခဲ့သည်။
သွေးများ၊ အသားများနှင့် ရတနာအပိုင်းအစများ မိုးအဖြစ် ရွာကျလာ၏။ ကြောက်စရာကောင်းပြီး သွေးထွက်သံယို မြင်ကွင်းပေပင်။
“ ဟမ့် ... ။ ”
မုတ်ဆိတ်မွေး အဘိုးအိုနှင့် ရှောမင်တို့ပင် ထိတ်လန့်သွားကြကာ ဦးရေပြား ထုံကျင်လျက် နောက်ဆုတ်သွားကြ၏။
“ ဒါ ... ဘယ်လိုဖြစ်နိုင်မှာလဲ။ ”
ဤသည်မှာ ‘ကြယ်ငါးပွင့်နှင့် နက္ခတ်တာရာများ’ဟုခေါ်သော ဝင်္ကပါတစ်ခု ဖြစ်သည်။ ၎င်းသည် ဝိညာဉ်ပေါင်းစည်းခြင်းရှိ ကျွမ်းကျင်သူများကိုပင် နှိမ်နင်းနိုင်၏။
“ ဘာရပ်လုပ်နေတာလဲ၊ အခုပြန် ... ။ ”
စုရီက သွေးမိုးအတွင်းမှ လှမ်းထွက်လာပြီးနောက် ရင်ချုံးထံ လှမ်းပြော လိုက်လေသည်။ ဝတ်လုံနီမိုချင်းကို သတ်ကာ တိုက်ပွဲဝင်အစီရင်အပေါ် ဖြိုခွင်းပစ်၏။ သို့တိုင် ပန်းခြံထဲ လမ်းလျှောက်နေသလို လူတိုင်းကို သတ်ပစ်ခဲ့သည်။
ရင်ချုံးက ဦးညွှတ်ကာ၊ ရှုပ်ထွေးနေသော တိုက်ပွဲဧရိယာအတွင်းမှ မြန်ထွက်ခွာလာခဲ့၏။ ဆရာစုသည် ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် ပြိုင်ဘက်နှစ်ဦးကို ဂရုစိုက်ပုံမပြချေ။
မုတ်ဆိတ်မွေးများ ကောက်လိန်နေသည့် အဘိုးကြီးနှင့် ရှောမင်က စုရီထံ ကြောက်ရွံ့စွာ ကြည့်နေခဲ့၏။ ရွှေခြင်္သေ့သည်လည်း မငြိမ်မသက်ဖြစ်လာနေသည်။
“ သခင်လေး ... တစ်ခုခုမှားနေပြီ။ ”
အဆုံးတွင် ရွှေခြင်္သေ့သည် သည်းမခံနိုင်တော့ဘဲ ရထားလုံးအပေါ်မှ လူငယ်နှင့် ဆက်သွယ်လိုက်ရ၏။
“ မင်းဘာလို့ ထိတ်လန့်နေတာလဲ ... ဘဝနဲ့သေခြင်းဆိုတာ ... တိုက်ပွဲကြီးတွေမှာ ဖြစ်ပျက်နေကျပါပဲ။ ”
တုန့်ပြန်စကားသံနှင့်အတူ ရထားပေါ်မှ ငွေရောင်ဝတ် ချောမောလှပသော မျက်နှာနှင့် လူငယ်တစ်ယောက် ထွက်ပေါ်လာ၏။
သွယ်လျသော အသွင်အပြင်နှင့် လျှပ်စီးကဲ့သို့အေးစက်သော အညိုဖျော့ဖျော့ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားသည်။
သူ့လက်တစ်ဖက်တွင် အနက်ရောင် တိရစ္ဆာန်အရိုးတစ်ချောင်း ကိုင်ကစားနေခဲ့ပြီး ကျန်တစ်ဖက်ကို နောက်ကျောပို့ထား၏။
ဘုရင်တစ်ပါး ကမ္ဘာကြီးကို ငုံ့ကြည့် နေသလိုပေပင်။ သူ့နောက်တွင် အဝါရောင်၀တ် မိန်းကလေးတစ်ယောက် လိုက်ပါလာ၏။
သူမ အသားအရေသည် နှင်းကဲ့သို့ ဖြူဆွတ်ပြီး လှပသောမျက်ဝန်းတစ်စုံသည် ခရမ်းရောင်ဖျော့ဖျော့ လင်းနေ၏။
သူတို့ ထွက်ပေါ်လာသည်နှင့်အမျှ ရွှေခြင်္သေ့သားရဲသည် ပြန်၍ ငြိမ်သက်သွား တော့သည်။
မုတ်ဆိတ်မွေး အဘိုးကြီးနှင့် ရှောမင်သည်လည်း သက်ပြင်းချလိုက်တော့၏။ ဤသည်မှာ သန့်ရှင်းသောသားတော်ချင်ယွမ် ဖြစ်ချေပြီ။ မဟာဂရုဏာရှင် နတ်ဘုရားမှ ရွေးခြယ်ထားသော အမွေခံဖြစ်ချေ၏။
ထိုအချိန်တွင် ဆူညံသံများကြောင့် နင်စစ်ဟွာနှင့်အဖွဲ့သည် ဓားမျှော်စင်မုခ်ဝသို့ ရောက်ရှိလာခဲ့သည်။
သူတို့အားလုံးက ငွေရောင် ဝတ်လုံဝတ်ထားသည့် လူငယ်သည် နတ်ဆိုး သားရဲတစ်ကောင် ဖြစ်ကြောင်း နားလည် လိုက်ကြ၏။
တိမ်ပင်လယ်အထက် လူငယ်လေး ပေါ်လာချိန်၌ မုတ်ဆိတ်မွေး တွန့်လိမ်နေသော အဘိုးအိုနှင့် ရှောမင်သည် ရတနာရထားထံသို့ ဆုတ်ခွာသွားခဲ့သည်။
စုရီက ငွေရောင်ဝတ်လုံနှင့် လူငယ်ကို စိုက်ကြည့်လိုက်၏။ တစ်ဖက်လူသည် ဝိညာဉ် ထင်ရှားခြင်း အလယ်အလတ်အဆင့်ရှိ နတ်ဆိုးမျှသာဖြစ်သည်။
သို့သော် တစ်ဖက်သား၏ အရိပ်အယောင်သည် အလွန်ထူးခြားနေ၏။ မြုံနေသော မီးတောင်ကဲ့သို့ပင် ပေါက်ကွဲချိန်၌ အဖျက်စွမ်းအားမည်မျှ ပြင်းနိုင်မည်ကို မခန့်မှန်းနိုင်ချေ။
ငွေရောင် ၀တ်စုံဝတ်ထားသော လူငယ်၏ဘေးရှိ အဝါရောင်ဝတ်ထားသည့် ကောင်မလေးထံ အကြည့်အရောက်တွင် အနည်းငယ် မျက်ခုံးပင့်မိသွားသည်။
ခရမ်းရောင်မျက်လုံး ချွန်သောနားရွက်နှင့် သဘာဝအတိုင်း ကျက်သရေရှိသည့် ခရမ်းရောင် လ မြေခွေးပေပင်။
မြေခွေးမျိုးနွယ်ထဲတွင် ခရမ်းရောင်လ မြေခွေးမျိုးနွယ်၊ အပြာရောင် မြေခွေးမျိုးနွယ်နှင့် မီးဝိညာဉ်မြေခွေးမျိုးနွယ်တို့ကို ‘အင်မော်တယ် မြေခွေးမျိုးရိုးသုံးပါး’ အဖြစ် သတ်မှတ်ထား၏။
၎င်းတို့အနက် ခရမ်းရောင်လမြေခွေးမှာ ခရမ်းရောင်မျက်လုံးနှင့် ချွန်သောနားရွက်များ ပါရှိသည်။
သဘာဝအတိုင်း ချစ်စရာကောင်းပြီး လှည့်စားနိုင်စွမ်းပြင်းသည့် မရဏအရိုးစားရနံ့ ကဲ့သို့ ထိပ်တန်းအဆင့် အငွေ့အသက်များ ပိုင်ဆိုင်ထားသည်။
ဤသည်မှာ ၎င်းတို့၏ မွေးရာပါ အရည်အချင်းဖြစ်ပြီး လှည့်စားနိုင်စွမ်းအပြည့် ရှိချေ၏။
သတိမပြုမိသော် ကျောက်သားကဲ့သို့ ခိုင်မာသော နှလုံးသားပိုင်ရှင် ဘုန်းကြီးများပင် စိတ်ရှုပ်ထွေးလျက် ရုပ်သေးရုပ်များ ဖြစ်နိုင်၏။
ခရမ်းရောင် လမြေခွေး၏ အမွေးအမှင်များသည် နူးညံ့သိမ်မွေ့လွန်းပြီး သက်တောင့်သက်သာ ရှိစေသည်။
ကံမကောင်းစွာဖြင့် ၎င်း၌သဘာဝအတိုင်း မရဏအရိုးစားရနံ့များပါရှိနေ၏။ မဟုတ်သော် ကြိမ်ကုလားထိုင်ပေါ်တွင် အခင်းအဖြစ် အသုံးပြုမိပေမည်။
စုရီမှ ပြုံးသည်။ သူ့အတွေးများသာ တစ်ဖက်လူသိရှိသော် မည်မျှနာကျင်ရမည်ကို ပြောနိုင်ချေ၏။
“ ဒီလိုတိုက်ပွဲဝင် စွမ်းအားမျိုးက မယုံနိုင်လောက်အောင်ပါပဲ ... မင်းဟာ သာမာန် မဟုတ်ဘူးဆိုတာ ငါ ပြောနိုင်တယ် နာမည်ဘယ်လိုခေါ်လဲ။ ”
ငွေရောင်ဝတ်လူငယ်က မေးမြန်းလာ၏။ သူ့အစေခံအများအပြား အသတ်ခံရသော်လည်း အပြုံးဖြင့် စကာပြောနိုင်ဆဲပေပင်။
ဤသည်မှာ အလွန်မာနကြီးပြီး အထင်အမြင်သေးလွန်းသော သဘောထားကို အပြည့်အဝပြသနေချေပြီ။
***