လက်သီးသုံးချက် ... ။
Vol. 44 Ch. 521
သို့သော် စုရီသည် အဓိပ္ပာယ်မဲ့သော စကားများမကြိုက်ချေ။ ထို့ကြောင့် ဤအချိန်၌ ပြန်ဖြေရန် ပျင်းလွန်းသည်မှာ သဘာဝပေပင်။
“ ငါအရင်ပြောခဲ့တဲ့ အတိုင်း ... ဒီအကောင်ကြီးကို မင်းချန်ထားခဲ့လိုက်ပါ ဒါဆို မင်းတို့ကို အသက်ရှင်ခွင့်ပေးမယ်။ ”
“ ဟား ဟား ဟား ... ။ ”
ငွေရောင်ဝတ် လူငယ်သည် မျက်ခုံးပင့်လျက်ရယ်မော၏။ ထို့နောက် ရွှေခြင်္သေ့ထံ ငုံ့ကြည့်ကာ၊
“ ကြည့်စမ်း၊ သူ့မျက်လုံးထဲမှာ ငါတို့အားလုံးရဲ့အသက်က မင်းလောက်တောင် တန်ဖိုးမရှိဘူး။ ”
-ဟု ပြောကြားလိုက်သည်။
“ သခင် ... ဒီကောင်လေးက မင်းရဲ့ဂုဏ်သိက္ခာကိုနှိမ့်ဖို့ ဒီလိုနည်းလမ်းကို သုံးနေတာ ရှင်းရှင်းလင်းလင်းပါပဲ။ ”
ရွှေခြင်္သေ့က တုန့်ပြန်သည်။
“ ဟုတ်လား ... ဒါဆို ငါ ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ။ ”
ငွေရောင်ဝတ် လူငယ်က မေး၏။ ရွှေခြင်္သေ့သားရဲသည် သတ်ဖြတ်လိုသော ရည်ရွယ်ချက်များဖြင့်၊
“ သူ့အရွတ်တွေကို ဆုတ်ဖြဲ ... အရေခွံကိုခွာထုတ် ... နှလုံး ... အသည်းတို့ကို နှိုက်ယူပြီး ... သွေးကိုသောက်မယ် ... အသားကို ပြုတ်စားပြီး ... ဝိညာဉ်ကို သန့်စင်မယ်။ ”
-ဟု ပြောကြားလိုက်၏။
ဤစကားကိုကြားသောအခါ ရင်ချုံးက ထိတ်လန့်သွားသည်။ ထိုသားရဲသည် သည်မျှ နတ်ဆိုးဆန်နေသည်လော။
“ ဟား ဟား ဟား ... မင်းအကြံကောင်းတယ်။ ”
ငွေရောင်ဝတ် လူငယ်က ရွှေခြင်္သေ့ကို ချီးကျူးစကားဆိုကာ စုရီထံသို့လှည့်ကြည့်ပြီး၊
“ ဒါပေမယ့် ... မင်းကို တခြားရွေးချယ်ခွင့်ပေးလို့ရတယ် ... မင်းငါ့ကို ဒူးထောက်နေသရွေ့တော့ ... ။ ”
‘ ဟမ့် ... အရမ်းဆူတယ်။ ”
သို့သော် စုရီက စကားဆုံးအောင် နားမထောင်ဘဲ လက်ဓားဖြင့်ခုတ်ချလိုက်သည်။ ဓားအလင်းသည် တိမ်ပင်လယ်ကို ဖြတ်ကာ တောက်ပသွားတော့၏။
“ မင်း ... ။ ”
မုတ်ဆိတ်မွေး တွန့်လိမ်နေသော အဘိုးအိုသည် ကျယ်လောင်စွာ အော်ငေါက်ပြီး အရိုးကြက်ပေါင်တစ်ချောင်းထုတ်ကာ ရိုက်ချလိုက်လေသည်။
“ ဝှစ် ... ။ ”
အရိုးကြက်ပေါင်သည် ကလေး လက်မောင်းကဲ့သို့ထူထဲပြီး သုံးပေရှည်ကာ ကြည်လင်တောက်ပနေ၏။
၎င်းသည် ဝိညာဉ်ရေးရတနာဖြစ်ပြီး ‘ကောင်းကင်တုန်ခါစေသော ပေါင်တူ’-ဟု ခေါ်သည်။
မုတ်ဆိတ်မွေး အဘိုးအို၏ ကျင့်ကြံမှုအဆင့်နှင့် ပေါင်းစပ်လိုက်သောအခါ ကမ္ဘာဖျက်လှိုင်းလုံးများ ဖြစ်ပေါ်လာတော့၏။
“ ဝုန်း ... ။ ”
ထို့နောက် ဓားအလင်းဖြင့် ထိမှန်ကာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
အကျိုးဆက်အနေဖြင့် မုတ်ဆိတ်မွေး အဘိုးအိုသည် ရှေးဟောင်းနတ်တောင်ကြီးနှင့် တိုက်မိသလို ခံစားလိုက်ရ၏။
ကြောက်မက်ဖွယ်ကောင်းသော အင်အားသည် သူ့ခန္ဓာကိုယ်သို့ ပြင်းထန်စွာ ဝင်ရောက်လာသဖြင့် နောက်သို့ ဆုတ်ခွာလိုက်သည်။
အရိုးကြက်ပေါင်တွင် ပြတ်ရှရာတစ်ခု ဖြစ်ပေါ်လာပြီး ထိပ်ပိုင်းရှိ အလုံးကြီးတစ်ဖက် ပြတ်ကျသွားလေသည်။
ဤသို့ ဝိညာဉ်ရေး တံဆိပ် တစ်ခု ပျက်စီးသွားခြင်းသည် အဘိုးအိုအပေါ်သို့ များစွာ သက်ရောက်စေ၏။
“ အဟွတ် ... အဟွတ် ... ဝေါ့။ ”
သွေးနှင့်ချီ ပြောင်းပြန် လည်ပတ်ကာ သွေးချောင်းဆိုးလာသည်။ ဓားတစ်ချက်သည် ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူကို ဒဏ်ရာရရှိစေခဲ့၏။ ယုံနိုင်စရာ မရှိချေ။
“ အရမ်းပြင်းတယ်။ ”
ရှောမင်ခမျာ မျက်နှာ ပြောင်းသွားပြီး အေးစက်သွား၏။ အဝါရောင်ဝတ်ထားသော ကောင်မလေးက ချောက်ချားသွားချေပြီ။
“ ဒီကောင်လေးက တန်ခိုးကြီးလွန်းတယ် ... ငါတို့ ပြန်ဆုတ်ကြမလား သခင်လေး။ ”
“ ဟမ့် ... ။ ”
ကောင်မလေးမေးခွန်းကို ငွေရောင်ဝတ်လူငယ်က အေးစက်စွာ နှာခေါင်း ရှုံ့ပြလျက်၊
“ မင်းတို့ပြန်ဆုတ် ငါတာဝန်ယူလိုက်မယ်။ ”
-ဟု ဆိုကာ လေထဲ လှမ်းတက်လာခဲ့သည်။
အနက်ရောင် အလင်းများ ငွေရောင်၀တ်စုံဝတ် လူငယ်ထံမှ ထွက်ပေါ် လာတော့၏။ ရှည်လျားသော ဆံပင်များ လွင့်ပျံလာပြီး မျက်ဝန်းတစ်စုံသည် ရုတ်တရက် အေးစက်လာသည်။
ပကတိမျက်စိဖြင့်ပင် မြင်နိုင်သော စပါးအုံးမြွေများကဲ့သို့ အနက်ရောင်လျှပ်စီးများ သူ့ခန္ဓာကိုယ်တဝိုင် ရစ်သိုင်းလာ၏။
ကောင်းကင်နှင့် မြေကြီးကြား အရောင်ပြောင်းကာ ပျက်စီးခြင်းရောင်ဝါများ ပြည့်နှက်လာချေပြီ။
သို့တိုင် သူထုတ်ပြသည့် ရောင်ဝါသည် ဝိညာဉ်ထင်ရှားခြင်းအဆင့် အလယ်အလတ် အဆင့်၌သာ ဖြစ်သည်။
၎င်းသည်ပင် ဝိညာဉ်ပေါင်းစည်းခြင်း အဆင့်ရှိ အဖိုးအိုနှင့် ရှောမင်တို့ထက် များစွာ ပြင်းထန်ပြီး အသက်ရှူကြပ်စေ၏။
“ လွန်ခဲ့တဲ့ တစ်လလောက်ကမှ ... ငါတံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်လာတာ အခု လူသတ်ရတော့မယ် ... ဒါပေမယ့် မင်း ကံကောင်းတယ် ငါ့လက်မှာ သေရတာ။ ”
လူငယ်က မောက်မာစွာဖြင့် ပြောကြားလာ၏။ စုရီတစ်ယောက် မျက်ခုံးပင့် သွားလေသည်။ အဆုံးတွင် စကားမဆိုတော့ဘဲ လေထဲလှမ်းတက်ကာ လက်ဓားဖြင့် ချက်ချင်း ခုတ်ချပစ်လိုက်သည်။
“ ရွှပ် ... ။ ”
ဓားအလင်းတစ်လက် ရုတ်တရက် ပေါ်လာပြီး ငွေရောင်ဝတ်လုံဝတ်ထားသည့် လူငယ်ထံပြေးဝင်သွား၏။
“ မဆင်မခြင် ပြုမူနေတာပဲ။ ”
“ ဂျိန်း ... ။ ”
ငွေရောင်ဝတ် လူငယ်က လက်သီးနှင့် ပြန်၍ထိုးချလိုက်သည်။ မိုးကြိုးစွမ်းအင်များ ကောင်းကင်မှ ပြိုကျလာ၏။
လေဟာနယ်ပြင်းစွာ တုန်ခါလျက် လက်သီး၏အစွမ်းကို မခံနိုင်သလို ပေပင်။ ဓားအလင်းမှာ နှစ်ခြမ်းကွဲသွားတော့သည်။
ဤသည်မှာ တိုက်ပွဲတစ်လျှောက် စုရီ၏တိုက်ခိုက်မှုကို ပထမဆုံးအကြိမ်အဖြစ် တစ်စုံတစ်ဦးမှ ချေမှုန်းနိုင်ခြင်းပေပင်။
“ ဒီစွမ်းအားက မလုံလောက်ဘူး။ ”
ငွေရောင်ဝတ် လူငယ်မှ မှတ်ချက်ပေး၏။
“ ကောင်းပြီ ... အခုကစပြီး ငါမင်းကို လက်သီးသုံးချက်ပေးမယ် ... သုံးချက်အတွင်း မနှိမ်နင်းနိုင်ရင် ငါ့အရှုံး ... ။”
စကားဆုံးသည်နှင့် စုရီမှ လက်သီးဖြင့် ထပ်မံထိုးချလိုက်သည်။ သူ့ကို ဗဟိုပြုသော ပေတစ်ရာအတွင်း လေဟာနယ်ပြင်းစွာ တုန်ခါလာတော့၏။
“ ဟမ့် ... ။ ”
တစ်ဖက်တွင် တောင်ကြီးတစ်လုံး ပြိုကျလာသကဲ့သို့ ရောက်ရှိလာသော ဖိအားကို ခံစားလိုက်ရသဖြင့် လူငယ်၏ အကြည့်များ စူးရှလာခဲ့သည်။
“ ဟိတ် ... ။ ”
သွေးစွမ်းအင်များ ပွက်ပွက်ဆူလျက် လက်သီးတစ်လုံးဖြင့် ပြန်လည် ထိုးချလိုက် တော့၏။
“ ဝုန်း ... ။ ”
ထိုအခါ ပြိုးပြက်ဝင်းလက်နေသော ပေါက်ကွဲမှုတစ်ခု ပေါ်လာသည်။ လေဟာနယ် ပြိုကျကာ ကြေမွသွားတော့၏။
အဝေးမှ ကြည့်နေသူများသည် ပေါင်တူကြီးနှစ်လက် ထိမှန်သွားသကဲ့သို့ အလင်းများ ပေါက်ကွဲလာနေသည်ကို မြင်လိုက်ရသည်။
ကြီးကျယ်ခမ်းနားသော လက်သီးချက်များပေပင်။ ရတနာရထားလုံး အနားရှိ မုတ်ဆိတ်မွေး တွန့်လိမ်နေသော အဖိုးအိုနှင့် ရှောမင်တို့နှစ်ယောက်ခမျာ ထိတ်လန့်သွားကြ၏။
ဤလက်သီးများသည် သူတို့ကဲ့သို့ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်မှ နတ်ဆိုးများပင် ရှောင်တိမ်းရန် နည်းလမ်းမရှိဘဲ အကူအညီမဲ့ နေပေလိမ့်မည်။
ငွေရောင်ဝတ် လူငယ်လေး၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားကာ ငြိမ်သက် မနေနိုင်တော့ချေ။
တစ်ဖက်လူ၏ လက်သီးစွမ်းအင်မှာ ပျက်ပြယ်ခြင်းမရှိဘဲ ဆက်၍ တိုးဝင်လာနေ ချေပြီ။ ယင်းအစွမ်းသည့် သူ့မျှော်လင့်ချက်ထက် ကျော်လွန်နေခဲ့သည်။ ထို့ကြောင့် တုန့်ဆိုင်း မနေဝံ့တော့ဘဲ ချင်ချင်းဟန့်တားလိုက်၏။
“ ယင်ယန် မိုးကြိုးလှံပုစိန်။ ”
“ ဖျစ် ဖျစ် ဖျစ် ... ။ ”
အနက်ရောင်လျှပ်စီးများ တဖျပ်ဖျပ်ဖြင့် စပါးအုံးမြွေများကဲ့သို့ ရစ်သိုင်းနေသော လှံပုစိန် တစ်လက် ထွက်ပေါ်လာသည်။
၎င်းသည် ဖျက်ဆီးစီးခြင်းရောင်ဝါများ သယ်ဆောင်လျက် လက်သီးစွမ်းအင်များနှင့် တိုက်မိသွား၏။
“ ဘုန်း ... ။ ”
ကမ္ဘာကြီး ရုတ်ချည်း ကမောက်ကမ ဖြစ်လာပြီး အဖျက်စွမ်းအင်များ လျှံတက်ကာ အရာအားလုံး ပျက်ပြယ်ကုန်သည်။
လူအများ၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် ယင်ယန်မိုးကြိုး လှံပုစိန်ခမျာ ပြိုကျသွား၏။
“ ဟမ့် ... ။ ”
ငွေရောင်ဝတ် လူငယ်ခမျာ အမူအရာ ပြောင်းသွားပြီး ရှေ့၌ပိတ်ဆို့ရန် တံဆိပ်တစ်ခု အမြန်ဖန်တီးလိုက်ရပြန်သည်။
“ မိုးကြိုးဒိုင်းတံဆိပ်။ ”
သို့သော် သူ့အဖြစ်သည် ရထားလုံး တစ်စင်းကို ရပ်တန့်ရန် ကြိုးစားနေခဲ့သော ကျားတစ်ကောင်လိုပေပင်။
“ ဝုန်း ... ။ ”
လက်သီးသည် တံဆိပ်ပေါ် ထိမှန်သွားပြန်၏။ ကျယ်လောင်သော ပေါက်ကွဲ သံများထွက်ပေါ်လာပြီး မိုးကြိုးဒိုင်းတံဆိပ် ပေါက်ကွဲသွားသည်။
“ အဟွတ် ... အဟွတ် ... ။ ”
ဤတစ်ကြိမ်တွင် ငွေရောင်ဝတ် လူငယ်သည် တောင်ကြီးတစ်လုံး ထိမှန်သွား သကဲ့သို့ ပြင်းစွာချောင်းဆိုးသွားတော့၏။ ကံကောင်းသည်မှာ လက်သီးစွမ်းအင်များ ပျက်ပြယ်သွားခြင်းပေပင်။
လေထုအလယ် ပေပေါင်းဒါဇင်နှင့်ချီ ဆုတ်ခွာလျက် သူ့ကိုယ်သူတည်ငြိမ်သွားအောင် မနည်းထိန်းယူလိုက်ရသည်။
“ ဒါ ... ။ ”
ထိုမြင်ကွင်းသည် ပတ်ဝန်းကျင်ကို တိတ်ကျသွားစေ၏။ လက်သီးတစ်ချက်မျှဖြင့် သန့်ရှင်းသောသားတော် ဒဏ်ရာရရှိချေပြီ။
“ အရမ်းပြင်းတယ် ... ။ ”
ထိုသို့ကြီးစိုးနေသော မြင်ကွင်းသည် ရပ်ကြည့်နေသူတိုင်း၏ နှလုံးသားကို အလွန် ထိတ်လန့်လာစေ၏။
ငွေရောင် ၀တ်စုံဝတ်ထားသည့် လူငယ်သည်လည်း ဖြူဖျော့ထိတ်လန့်နေသည့် အကြည့်ဖြင့် မော့ကြည့်လာ၏။ ဒေါသတရားနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေခဲ့ချေပြီ။
***