ခေါင်းကိုးလုံး ငှက်မိစ္ဆာ။
Vol. 44 Ch. 522
စုရီလက်သီးကို ကြယ်ဖျက်ပေါင်တူဟု ခေါ်သည်။ ယခင် ရင်းနှီးသော မိတ်ဆွေတစ်ဦး ဖြစ်သည့် သိုင်းဧကရာဇ်မှ ဖန်တီးထားခြင်းပေပင်။
လက်သီးတစ်ချက်ဖြင့် စကြာဝဠာကို စိုးမိုးရန်ရည်ရွယ်၏။ အလွန်အားကောင်းပြီး ကြီးစိုးချေသည်။
ကြယ်များကိုဖျက်ဆီးကာ ကမ္ဘာကြီးထံ အနိုင်ယူလိုသော နတ်ဘုရားများ ကဲ့သို့ပေပင်။ ဖျက်ဆီး၍မရအောင် ပြိုင်ဘက်ကင်း၏။
ဤလှုပ်ရှားမှုသည် သိုင်းဧကရာဇ်၏ အနှစ်သက်ဆုံး ဖန်တီးမှုသည်လည်း ဖြစ်သည်။ ရန်ဖြစ်ချိန်တွင် သူ့ပြိုင်ဘက်အပေါ် လက်သီး တစ်ချက်တည်းဖြင့် ထိုးနှက် အနိုင်ယူရသည်ကို ကြိုက်ချေသည်။ အလွန် လွှမ်းမိုးနိုင်လွန်း၏။
“ ဒါက ဘယ်လို စွမ်းအားကြီးလဲ။ ”
ငွေရောင်ဝတ်ရုံနှင့် လူငယ်သည် အံ့သြပြီးနောက် သံသယဝင်ကာ အေးစက်သော မျက်လုံးများဖြင့် မယုံကြည်နိုင်စွာ ကြည့်သည်။
လက်သီး၏ ပြင်းအားက သူ့ခန္ဓာကိုယ်၊ ခြေလက်၊ အသားနင့် အတွင်းအင်္ဂါအစိတ်အပိုင်း များစွာကို ထိခိုက်ဒဏ်ရာရစေ၏။
လျှို့ဝှက်နည်းစနစ်ကို အသက်သွင်းကာ အစွမ်းကုန် ပြန်လည်ချေဖျက်ခြင်း မပြုသော် ခန္ဓာကိုယ်ပြိုကျပြီး ဝိညာဉ်ကို ပျက်စီးသွားပေမည်။
“ သခင်လေး အဆင်ပြေလား ... ။ ”
ရတနာရထားလုံးပေါ်ရှိ အဝါရောင် ၀တ်ထားသော မိန်းကလေးသည် ထိတ်လန့်ပြီး စိုးရိမ်မှုအပြည့်ဖြင့် မေးမြန်းလာ၏။
“ ကောင်းတယ် ... ။ ”
ငွေရောင်ဝတ်လူငယ်သည် နှုတ်ခမ်းထောင့်စွန်းမှ သွေးများကိုသုတ်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။
ကြောက်မက်ဖွယ်ရာ အေးစက်သော အလင်းရောင်တစ်ခု သူ့မျက်လုံးထဲ လင်းလက် လာတော့၏။
“ ဒါက ပြဿနာသေးသေးလေးပဲ။ ”
ထို့နောက်တွင် သူ့ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကြယ်သော ရောင်ဝါအလင်းများ ထွက်လာပြီး အတောင်ပံတစ်စုံပေါ်လာသည်။ ထိုတောင်ပံပေါ်လာသည်နှင့် ဖိနှိမ်လွန်းသော လက်သီးစွမ်းအားမှာ ပျက်ပြယ်သွား၏။
မျက်စိတ်တမှိတ်အတွင်း ရောင်ဝါများ ဆက်၍တိုးမြင့်လျက် မျက်စိတစ်မှိတ်အတွင်း သုံးဆသန်မာလာသည်။
ဤအခိုက်အတန့်တွင် ငွေရောင်ဝတ်လူငယ်သည် သူ့ကျင့်ကြံမှုအပေါ် အပြည့်အဝ ထုတ်ဖော်နေကြောင်း ထင်ရှား၏။
စုရီက မျက်ခုံးပင့်လိုက်ပြီး အဝါရောင် ကောင်မလေးထံ အမှတ်မထင် ကြည့်လိုက်မိ လေသည်။ ကောင်မလေးသည်လည်း ၎င်းကို သတိပြုမိ၏။
သူမ၏ ခရမ်းရောင်မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွားကာ ကြောက်ရွံ့ လာတော့၏။
“ သတ် ... ။ ”
ထိုစဉ် ငွေရောင် ၀တ်စုံဝတ် လူငယ်က လှုပ်ရှားလာပြီဖြစ်သည်။ အတောင်ပံ တစ်စုံကို တဖျပ်ဖျပ်ခတ်လိက် လေထုအလယ် ပျောက်ကွယ်သွား၏။
ပြန်ပေါ်လာချိန်၌ စုရီရှေ့ သုံးပေအကွာတွင် ဖြစ်သည်။ တည်နေရာ ရွေ့ပြောင်းလိုက်သကဲ့သို့ မြန်ဆန်နေ၏။
“ ဟမ့် ... ။ ”
“ ဝှစ် ... ။ ”
လေဟနယ်သည် အဝတ်တစ်စကဲ့သို့ ဖြောင့်တန်းသော အက်ကွဲကြောင်းကြီး ဖြစ်ပေါ် လာတော့သည်။ ယင်းသည် အနက်ရောင် တောင်ပံတစ်စုံကို ခေါက်လျက် ဓားအသွင် ခုတ်ချလိုက်ခြင်း ဖြစ်၏။
စုရီက မပြောင်းလဲချေ။ သိုင်းဧကရာဇ်၏ လက်သီးပုံစံကိုးပါးအနက် ဒုတိယလက်သီးပုံစံ ထုတ်ဖော်လိုက်၏။
“ ဘုန်း ... ။ ”
ခေါက်ထားသော အတောင်ပံတစ်စုံကို ထိမိသောအခါ ချက်ချင်းဆိုသလိုပင် ပြင်းစွာ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
“ ခရစ် ... ။ ”
အနက်ရောင် အတောင်ပံများသည် အပိုင်းအစများအဖြစ် ကွဲအက်သွားသည့်တိုင် လက်သီးမှာ မရပ်သေးချေ။
ငွေရောင်ဝတ်လူငယ်သည် သေခြင်းတရားကိုမြင်ပြီး ကြောက်ရွံ့ခြင်းများ ပြည့်နှက်လာကာ ရှောင်တိမ်းရန် ကြိုးစား၏။
“ ဘောင်း ... ဘောင်း ... ။ ”
သို့သော် အနည်းငယ် နောက်ကျ သွားလေသည်။ ခန္ဓာကိုယ်ပေါ်ရှိ အကာအကွယ် ရတနာများ ပေါက်ကွဲသွား၏။
အဆုံးတွင် ငွေရောင်ဝတ် လူငယ်၏ ခန္ဓာကိုယ်သည် အသားနှင့် အရိုးများ စုတ်ပြဲကာ သွေးများ စီးကျလာတော့သည်။
ကိုယ်ဟန်ကို မြဲမြံစွာ ထိန်းညှိပြီးနောက် သူ့အသွင်အပြင်သည် မှတ်မိနိုင်စွမ်းမရှိအောင် သနားစရာဖြစ်လာ၏။
ဒုတိယမြောက် ထိုးနှက်ချက်ကြောင့် သန့်ရှင်းသောသားတော် အသွင်အပြင်သည် ဖရိုဖရဲဖြစ်သွားချေပြီ။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
မုတ်ဆိတ်မွေး တွန့်လိမ်နေသော အဘိုးကြီးနှင့်ရှောမင်တို့သည် လက်ခြေများ အေးစက်လာတော့သည်။
ငွေရောင်ဝတ်လူငယ်သည် ဤတိုက်ခိုက်မှုတွင် စွမ်းအားရှိသမျှကို အသုံးပြုခဲ့ကြောင်း သူတို့သိ၏။
ထိုစွမ်းအားသည် ဝိညာဉ် ပေါင်းစည်းခြင်းအဆင့် သူတို့ကဲ့သို့ နတ်ဆိုးများ အတွက်ပင် အလွယ်တကူ သတ်နိုင်သည့် စွမ်းအားတစ်ခု ဖြစ်သည်။
“ အဟွတ် ... အဟွတ် ... မင်းဘယ်သူလဲ။ ”
ငွေရောင်ဝတ် လူငယ်က ပြင်းစွာ ချောင်းဆိုးလျက် မေးမြန်းလာ၏။ ဆံပင်များ ပွက်ထပြီး မျက်နှာဖြူဖျော့နေသည်။
လက်သီးနှစ်ချက်မျှဖြင့် သူ့ကို ပြင်းစွာ ဒဏ်ရာရစေခြင်းပေပင်။ ဤသို့ကောင်းကင်ကို အံတုသော ဇာတ်ကောင်မျိုး မဟာချင်နိုင်ငံ၌ ပေါ်လာသည်မှာ အဓိပ္ပါယ်မရှိချေ။
“ ငါ့ရဲ့တတိယ လက်သီးကို ခံနိုင်ရင် ပြောပြမယ်။ ”
စုရီက တည်ငြိမ်စွာ တုန့်ပြန်သည်။ ငွေရောင်ဝတ်လူငယ်ခမျာ အံကြိတ်လျက်ဖြင့် အနက်ရောင်အရိုးအပိုင်းအစကို ထုတ်ယူပြီး သွေးတစ်လုတ် ပက်ဖြန်းလိုက်၏။
“ ဝှစ် ... ။ ”
အနက်ရောင်အရိုးသည် သွေးစွန်းသွားသည်နှင့် အလင်းရောင်များစွာ တောက်ပလာပြီး ရုတ်တရက်ငရဲသို့သွားသည့် မုခ်ပေါက်ဝတစ်ခုအလား သွေးနီရောင် ရေဝဲကြီးပေါ်လာချေပြီ။
၎င်းအတွင်းမှ နှလုံးခုန်သံသည် ကမ္ဘာကိုလွှမ်းခြုံသွားသည်။ ထိုနှလုံးခုန်နှုန်းက လူအများကို အသက်ရှူရပ်သွားစေ၏။
“ ဒါ ... ။ ”
လူတိုင်း၏ မျက်ဝန်းများမှေးစင်းလျက် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း အားလုံး သိရှိသွားကြသည်။
အဝါရောင်ဝတ် မိန်းကလေးသည် တောက်ပသော မျက်လုံးများဖြင့် မော့ကြည့်၏။ မုတ်ဆိတ်မွေး တွန့်လိမ်နေသော အဘိုးအို၊ ရှောမင်နှင့် ရွှေခြင်္သေ့တို့သည် သို့မှသာ သက်ပြင်းချနိုင်ချေသည်။
“ ဒီကောင်လေးမှာ ရှုပ်ထွေးတဲ့ နောက်ခံရှိတယ်ဆိုတာ ငါသိတယ်။ ”
တစ်ဖက်တွင် ယွမ်ဟမ်က မျက်မှောင်ကြုတ်ပြီး မှတ်ချက်ပေးလိုက်သည်။ ရင်ချုံးမှ ခေါင်းညိတ်ပြ၏။ ဤသွေးရေဝဲသည် မရိုးရှင်းကြောင်း မြင်နိုင်သည်။
“ သွေးရေဝဲလား ... ။ ”
ထိုအခိုက်အတန့်တွင် မူလက လက်သီးနှင့်ထိုးသတ်ရန် စီစဉ်နေသောစုရီက မျက်ခုံးပင့်လိုက်တော့၏။
“ ချင်းယွမ် ,,, မင်းငါ့ကိုဘာလို့ ဆက်သွယ်ရတာလဲ။ ”
ရုတ်တရက် သွေးရေဝဲအတွင်းမှ စိတ်မရှည်သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
“ တပည့် မကြုံစဖူး ... ရန်သူတစ်ဦးနဲ့ ကြုံတွေ့ရပြီး ဒဏ်ရာအပြင်းအထန်ရနေပါတယ် သေဆုံးနိုင်တဲ့အထိ အန္တရာယ်ရှိနေပါတယ် ...
... တပည့် အသက်ကို ကယ်တင်ဖို့ ဆရာ့ကိုတောင်းဆိုရန်မှတပါး ရွေးချယ်စရာ မရှိတော့လို့ပါ။ ”
ငွေရောင်ဝတ် လူငယ်သည် ရိုသေစွာခေါင်းငုံ့လျက် ကူကယ်ရာမဲ့ဟန် တုန်ပြန်ပြောကြားလိုက်သည်။
သွေးနီရောင် ရေဝဲကြီး အတွင်းမှ ကြီးကျယ်ခမ်းနားသောအသံသည် ဒေါသနှင့် ပြည့်နှက်လာကာ၊
“ ငါ့ကို လှုပ်ရှားစေရလောက်အောင် မင်းကိုအရှက်ရစေတဲ့ ... ဒီကောင်က တကယ့် မျက်မမြင်ပဲ ... သူ ဘယ်မှာလဲ။ ”
ထိုအသံနှင့်အတူ သွေးရောင်ရေဝဲများ တဟုန်ထိုးလှိုင်းထလာပြီး အံ့အားသင့်ဖွယ်ရာ ရောင်ဝါကြီးပေါ်လာ၏။
စွမ်းအင် အတက်အကျလှိုင်းများ ပျံ့နှံ့လာကာ လေဟာနယ် တဆတ်ဆတ်တုန်ပြီး ပြိုကျလာသည်။
ထို့နောက်တွင် ချက်ချင်းဆိုသလိုပင် သွေးနီရောင်ရေဝဲထံမှကြီးမားသော အရိပ်တစ်ခု ထွက်ပေါ်လာ၏။
၎င်းသည် ပေတစ်ထောင်ခန့် အရွယ်အစားရှိသော ရက်စက်ကြမ်းကြုတ်သည့် ငှက်တစ်ကောင်ဖြစ်သည်။
“ ဖရူး ... ။ ”
ခေါင်းကိုးလုံးပါရှိပြီး မီးခိုးရောင် အတောင်ပံများဖြန့်ကျက်လျက် ကောင်းကင်နှင့် နေရောင်ခြည်ကို ဖုံးအုပ်ထားသည်။
ရုပ်သွင်သည် ဝိုးတဝါးနှင့် ထင်ယောင်ထင်မှား ဖြစ်နေသော်လည်း ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်မှာ ကြောက်မက်ဖွယ်ကောင်းနေ၏။
လူတိုင်းအသက်ရှူ ကြပ်ကုန်သည်။
“ မင်္ဂလာပါ ဆရာ ... ။ ”
ထိုအချိန်တွင် မုတ်ဆိတ်မွေး တွန့်လိမ်နေသော အဘိုးအို၊ ရှောမင်နှင့် အဝါရောင်ဝတ် ကောင်မလေးတို့အားလုံးက လေးလေးစားစား နှုတ်ဆက်ကြ၏။
ရွှေခြင်္သေ့သည်ပင် ၎င်း၏ ရှေ့ခြေထောက်ကွေးပြီး ကိုးကွယ်ယုံကြည်သူ ကဲ့သို့ ဝပ်တွားသွားခဲ့သည်။
ဤမြင်ကွင်းသည် ရင်ချုံးတို့အဖွဲ့ကို အေးခဲနေသော လှိုဏ်ဂူတစ်ခုထဲသို့ ပြုတ်ကျ သွားစေသည်။ ၎င်းသည် မဟာဂရုဏာရှင် နတ်ဘုရား ဖြစ်နိုင်ပေ၏။
“ ဒါ ... ဧကရာဇ်မင်းရဲ့ ဆန္ဒပဲ။ ”
ယွမ်ဟမ်က ကြီးမားသောဖိအားကြောင့် သူ့တစ်ကိုယ်လုံး တောင့်တင်းနေခဲ့သော်လည်း ကြောက်ရွံ့ခြင်း မရှိချေ။
စုရီနောက်လိုက်ခဲ့သော မဟာရှခရီးစဉ်တွင် မုန်တိုင်းများ၊ လှိုင်းများနှင့် အန္တရာယ်များ မည်မျှ တွေ့ကြုံခဲ့ရသည်ကို သူသာလျှင် အသိဆုံးဖြစ်၏။
ဤကဲ့သို့သော မြင်ကွင်းများကို ယွီရှစ်ချန်ဖခင်ထံမှ မြင်ဖူးပြီး ဖြစ်သောကြောင့် မအံ့သြတော့ချေ။
“ ငါ့အချိန်က အဖိုးတန်ပြီး အလဟဿ အဖြစ်မခံနိုင်ဘူး ... ငါ့တပည့်တွေကို ဘယ်သူက နှိပ်စက်ခဲ့လဲ ... အခု ထွက်လာပါ မဟုတ်ရင် လူတိုင်းကို ငါသတ်ပစ်ရလိမ့်မယ်။ ”
ခေါင်းကိုးလုံးငှက်မိစ္ဆာက လေနှင့်တိမ်ကိုစေစားလျက် ရက်စက်ကြမ်းကြုတ်သော အသွင် ပြသလာချေပြီ။
“ ဆရာ၊ အဲဒီကောင်ပဲ။ ”
ငွေရောင်ဝတ် လူငယ်သည် နာကြည်းမှုများနှင့် ပြည့်နှက်နေသောအသွင်ဖြင့် စုရီထံ လက်ညှိုးထိုးပြလိုက်သည်။
မုတ်ဆိတ်မွေး တွန့်လိမ်နေသော အဘိုးကြီးနှင့် အခြားသူများ အားလုံး စုရီထံ လှမ်းကြည့်လိုက်ကြတော့၏။
“ ဟမ့် ... ကြယ်စုစည်းခြင်းအဆင့် ကောင်လေးတစ်ယောက်လား။ ”
ဦးခေါင်းကိုး ငှက်မိစ္ဆက အံ့သြသွားပြီး၊
“ ချင်းယွမ် ... ဒီလိုပုရွက်ဆိတ် တစ်ကောင်ကိုသတ်ဖို့အတွက် မင်းငါ့ကို ဒီလို ဆင့်ခေါ်လိုက်တာလား ... ဟမ့်။ ”
-ဟု အော်ငေါက်လိုက်၏။
ငွေရောင်ဝတ်လူငယ်သည် ချက်ချင်းဆိုသလိုပင် ရှက်ရွံသောအကြည့်ဖြင့်
“ ဆရာ ... ဒီလူရဲ့ တိုက်ပွဲဝင်စွမ်းအားက မယုံနိုင်စရာပါပဲ ဝိညာဉ်ထင်ရှားခြင်းအဆင့်မှာ ရှိတာတောင်မှ တပည့်က ... သူ့ရဲ့ ပြိုင်ဘက် ဖြစ်မလာနိုင်ပါဘူး။ ”
-ဟု ဝန်ခံတော့သည်။
“ ဟုတ်လား ... ဒါဆို ဒီပုရွက်ဆိတ် ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ ငါစမ်းကြည့်မယ်။ ”
ခေါင်းကိုးလုံး ငှက်မိစ္ဆာက အေးစက်စွာဖြင့် ပြောကြားလာ၏။ ဤအခိုက်အတန့်တွင် ၎င်း၏ ကြီးစိုးနေသော အမူအရာသည် စုရီကို ရယ်မောမိစေတော့သည်။
“ ဟား ဟား ဟား ... ရွံစရာကောင်းတဲ့ သားရဲကောင် မင်း ငါ့ကိုစမ်းကြည့်ချင်နေတာ သေချာလား။ ”
***