← Chapters

တောင်တံခါးကို စောင့်ပါ။

Vol. 44 Ch. 523

တောင်တံခါးကို စောင့်ပါ။

Vol. 44 Ch. 523

“ မင်း ... ဘယ်လိုသတ္တိရှိလဲ။ ”

‘ရွံစရာကောင်းတဲ့ သားရဲကောင်၊’ ဟူသည့်ခေါ်သံကြောင့် လူတိုင်းအံ့အားသင့် ကုန်၏။

“ ပါးစပ်ပိတ်ထား ... ။ ”

ငွေရောင်ဝတ် လူငယ်က စုရီကို ဒေါသတကြီးအော်ငေါက်ကာ တုန့်ပြန်ဆဲဆိုရန် ပြင်နေစဉ် ခေါင်းကိုးလုံးငှက်မိစ္ဆာက ရုတ်တရက် ခြေသည်းများဆန့်ထုတ်ပြီး သူ့ဦးခေါင်းပေါ် ဖိချလိုက်သည်။

၎င်း၏အော်ငေါက်သံသည် မိုးခြိမ်းသံကဲ့သို့ဖြစ်နေပြီး ငွေရောင်ဝတ် လူငယ်ကို တုန်လှုပ်သွားစေခဲ့၏။

လူတိုင်းသည်လည်း နားမလည်နိုင်စွာ ခေါင်းကိုးလုံးငှက်မိစ္ဆာထံ လှည့်ကြည့်လေသည်။ ငှက်မိစ္ဆာက လူတိုင်း၏ အကြည့်ကို လျစ်လျူရှုပြီး၊

“ မင်းက စုမျိုးရိုးနဲ့ လူလား။ ”

-ဟု အံ့အားသင့်စွာ မေးမြန်းလိုက်၏။

သူ့လေသံတွင် ကြောက်ရွံ့မှု အရိပ်အမြွက်များပင် ရှိနေခဲ့ချေသည်။ စုရီက လက်နှစ်ဖက် နောက်ပို့လျက်၊

“ ငါကလွဲရင် မင်းကို စိတ်ဝိညာဉ် သန့်စင်ခြင်းနည်းစနစ် သင်ပေးနိုင်တဲ့ အခြား တစ်ယောက်ရှိနိုင်မယ် ထင်နေတာလား။ ”

-ဟု တုန့်ပြန်လိုက်၏။

ဤငှက်သည် သွေးပိုးဖလံလှိုဏ်ဂူထဲတွင် ပိတ်မိနေခဲ့သော ခေါင်းကိုးလုံးငှက်မိစ္ဆာပေပင်။ တစ်ချိန်က မဟာကရုဏာရှင် နတ်ဘုရား ဟူသော ဝိသေသလက္ခဏာကို အသုံးပြုပြီး နောက်လိုက်များစွာ ရှာဖွေခဲ့သည်။

ငှက်မိစ္ဆာသည် ထိတ်လန့်သွားသ​ဖြင့် ငွေရောင်ဝတ်လုံဝတ် လူငယ်နှင့် မုတ်ဆိတ်မွေး တွန့်လိမ်နေသော အဘိုးအိုတို့သည်လည်း တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရ၏။

“ မင်းစကားကို ယဉ်ယဉ်ကျေးကျေး ပြောသင့်တယ် အနည်းဆုံးတော့ မင်းအပေါ် သင်ခန်းစာတစ်ခု ငါသင်ပေးခဲ့တာ မမေ့နဲ့ ...

... ဒါ့အပြင် ငါသာ မမှားရင် ... မင်းကို ငါပေးခဲ့တဲ့နည်းစနစ်က အသက်ဓာတ်ပြန်လည် ရစေနိုင်ပြီး ... အာကာသဆုံ​မှတ်​တွေကနေ မင်းဆန္ဒကို ပြလာနိုင်ပြီ မဟုတ်လား။ ”

“ ဒါဆို တကယ်ပဲ တာအိုစုပဲ။ ”

ခေါင်းကိုးလုံးငှက်မိစ္ဆာက ရွှင်လန်းသောအကြည့်ဖြင့်၊

“ မကြာသေးမီက မင်းကိုရှာဖွေဖို့ ... မဟာရှမြို့​တော်ကို ငါ့တပည့်တွေ စေလွှတ် ခဲ့သေးတယ် မင်း မဟာရှမှာ မရှိတော့ဘူး ဆိုတာကို ငါသိတယ်။ ”

-ဟု ပြောကြားလိုက်သည်။

သူ့အသံသည် ရွှင်လန်းမှုနှင့် သိမ်မွေ့သောကြောက်ရွံ့မှု အရိပ်အမြွက်များဖြင့် ပြည့်နေခဲ့၏။

လူတိုင်းက ထိုမြင်ကွင်းထံ ကြည့်ပြီး အံ့အားသင့်ကုန်သည်။ ငွေရောင်ဝတ်လုံဝတ် လူငယ်သည် ဝှက်ဖဲကို အသုံးပြုခဲ့ကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်၏။

သို့သော် ထိုဝှက်ဖဲသည် အခြား အဓိပ္ပါယ်ဆောင်နေသည်။ ထို့ကြောင့်လူငယ်က သည်းမခံနိုင်တော့ဘဲ၊

“ ဆရာ ... ဘာတွေဖြစ်နေတာလဲ။ ”

-ဟု မေးမြန်းလိုက်သည်။

ခေါင်းကိုးလုံးငှက်မိစ္ဆာက သက်ပြင်းချပြီး၊

“ ဒါက ဇာတ်လမ်း အရှည်ကြီးပါ... တာအိုစုက ငါ့ရဲ့ကျေးဇူးရှင် သူ့ကိုအကြီးအကဲ တစ်ယောက်လို လေးလေးစားစား ဆက်ဆံသင့်တယ်။ ”

-ဟု ပြန်ဖြေ၏။

ငွေရောင်ဝတ် လူငယ်ခမျာ မျက်လုံးများ ပြူးကျယ်သွားသည်။ မုတ်ဆိတ်မွေး တွန့်လိမ် နေသော အဘိုးအိုနှင့် အခြားသူများသည်လည်း အလားတူပေပင်။

ဆရာကဲ့သို့ ကြောက်စရာကောင်းသည့် တစ်စုံတစ်ဦးသည် စုရီအပေါ်ကျေးဇူးရှင်အဖြစ် အမှန်တကယ် မှတ်ယူနေ၏။

“ ဒါဆို ဒါပဲ ... ။ ”

ယွမ်ဟမ်မှ ရေရွတ်လိုက်သည်။ ထိုစဉ်အချိန်က လွင့်မျောနေသောအင်မော်တယ် ချောက်ကမ်းပါးတစ်နေရာတွင် စုရီသည် သွေးရေဝဲအတွင်းမှ ငှက်တစ်ကောင်နှင့် စကားပြောကြားခဲ့ကြောင်း သတိရသွား၏။

“ စကားမစပ်၊ မင်းဘာလို့ ဒီကိုရောက်နေရတာလဲ ချင်းယွမ်၊ တာအိုစုကို မင်းဘယ်လို စော်ကားလိုက်တာလဲ။ ”

ထိုအချိန်တွင် ခေါင်းကိုးလုံးငှက်မိစ္ဆာသည် သတိရသွားပြီး သူ့တပည့်ကို လေးနက်စွာဖြင့် မေးမြန်းတော့၏။ ငွေရောင်ဝတ်လူငယ်က စိုးရွံ့သွားကာ၊

“ ဆရာ ... ရွှေခေတ်မလာခင် ကမ္ဘာကြီးကိုငြိမ်းချမ်းစေဖို့အတွက် ရည်ရွယ်ပြီး ငါဒီကို ... ။ ”

“ မင်းဒီလို မိုက်မဲတဲ့ စကားတွေ ဆက်ပြောနေမယ်ဆိုရင် မင်းသခင်ရဲ့ ဆန္ဒဟာ မင်းစကားမဆုံးခင် ပျက်ပြယ်သွားလိမ့်မယ်။ ”

စုရီက လူငယ်စကားကို နှောက်ယှက်လိုက်၏။ ခေါင်းကိုးလုံးငှက်မိစ္ဆာမှ တုန်လှုပ်လျက် သက်ပြင်းတစ်ချက်ချကာ၊

“ ဒါကို မင်းဆီကနေ ဖုံးကွယ်လို့ မရပါဘူးဆိုတာ ငါသိနေတယ် ... တာအိုစု ငါ့ရဲ့ လက်ရှိခွန်အားနဲ့ ငါပြသထားတဲ့ စိတ်ဆန္ဒက ကြာရှည်မခံသေးပါဘူး ဒါပေမယ့် ငါ့တပည့်နဲ့ အတူ မင်းငါ့ကို အချိန်မရွေးတွေ့နိုင်ပါတယ်။ ”

ဤသို့ပြောပြီးသည်နှင့်အမျှ ၎င်း၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း မှုန်ဝါးလာကာ ပြိုကျမည့်လက္ခဏာများ ပြသလာသည်။

“ မင်းသွားတော့ ... ဒီကိစ္စပြီးရင် ငါမင်းနဲ့ ထပ်ပြောမယ်။ ”

စုရီမှ လက်ဝှေ့ယမ်းပြသည်။ ခေါင်းကိုးလုံးငှက်မိစ္ဆာက ခေါင်းညိတ်ပြပြီး ရုပ်သွင်လုံးလုံး ပြိုကွဲသွား၏။

လေဟာနယ်အတွင်း စီးဆင်းနေသော သွေးနီဥများ တိတ်ဆိတ်စွာ ပျောက်ကွယ်သွား တော့သည်။

ဤမြင်ကွင်းများသည် ငွေရောင်ဝတ်လူငယ်ကို ကူကယ်ရာမဲ့စေသည်။ စုရီက ၎င်းထံ မော့ကြည့်ကာ၊

“ ကဲ၊ တတိယလက်သီးကို ခံယူချင်သေးလား။ ”

-ဟု မေးမြန်းလိုက်၏။

ငွေရောင်ဝတ်လူငယ်က တုန်လှုပ် ခြောက်ခြားလာကာ၊

“ စီနီယာ ... အရင်က ငါမျက်စိကန်းပြီး မမြင်နိုင်ခဲ့ပါဘူး ... ငါ့ကို ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ”

-ဟု တောင်းပန်လျက် လေးလေးနက်နက် ဦးညွှတ်လိုက်၏။

ဤမြင်ကွင်းသည် လူတိုင်းကို ခံစားမှုများ ရှုပ်ထွေးသွားစေသည်။ ထိုသို့အဆုံးသတ်မည်ဟု မည်သူမျှ မထင်ထားချေ။

“ သူမက ဘယ်သူလဲ။ ”

စုရီက ခပ်ဝေးဝေးမှ အဝါရောင် ဝတ်လုံဝတ်ထားသော ကောင်မလေးထံ ကြည့်လိုက်သည်။ ငွေရောင်ဝတ်လူငယ်က၊

“ သူမက ဟွမ်အာပါ မကြာသေးမီက ငါ့ရဲ့အစေခံပါ။ ”

-ဟု ပြန်ဖြေသည်။

အဝါရောင်ဝတ်ထားသော ကောင်မလေးမှ ချက်ချင်း ဦးညွှတ်ပြီး၊

“ နိမ့်ကျတဲ့အစေခံက သခင်ငယ်ကို နှုတ်ဆက်ပါတယ်။ ”

-ဟု အရိုအသေပေးလာ၏။

သူမသည် အလွန်ကြောက်လန့်နေပြီး စိတ်မသက်မသာ ဖြစ်သွားပုံရကာ သနားစဖွယ် ကောင်းနေချေသည်။

တစ်ချိန်တည်းမှာပင် သင်းပျံ့သော ရနံ့များကို စုရီကရှူရှိုက်လိုက်ရသဖြင့် ပြုံး၍ မနေနိုင်တော့ချေ။

“ မင်းရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ... အရိုးစားရနံ့လေးက ‘ပုံသဏ္ဍာန်မရှိ၊ မမြင်နိုင်တဲ့ အဆင့်ကို မရောက်သေးဘူး ...

... ဒါက တခြားသူတွေအပေါ် ရောထွေးသွားစေနိုင်ပေမယ့် ငါ့ကိုတော့ မလုပ်နိုင်သေးပါဘူး။ ”

ထိုစကားကြောင့် အဝါရောင်ဝတ် ကောင်မလေးသည် အပြုံးများအေးခဲသွားကာ အံ့အားသင့်စွာဖြင့်၊

“ သခင်ငယ် ... မင်း ငါ့အထောက်အထားကို မြင်ပြီးပြီလား။ ”

-ဟု ပြန်၍မေးမြန်းလာ၏။

သူမ စကားပြောနေစဉ် ထူးဆန်းပြီး ဆွဲဆောင်မှုရှိသော ရောင်ဝါများ တောက်ပနေ ခဲ့ချေပြီ။

ငွေရောင်၀တ်စုံ၀တ် လူငယ်နှင့် အခြားသူများသည် မိန်းကလေး၏ မျက်ဝန်းများ မြင်လိုက်ရသောအခါ နစ်မျောကုန်၏။

“ ဟမ့် ... ငါ့ဝိညာဉ်ကို ဖမ်းယူဖို့ ... မင်းသတ္တိရှိနေတာလား သေမှာကို တကယ် မကြောက်ဘူးပဲ။ ”

စကားလုံးတိုင်းသည် ဓားမြည်သံနှင့် တူလာပြီး လူသတ်လိုသော ရောင်ဝါများသည် လေထုအတွင်း ပြည့်နှက်လာ၏။

စုရီအော်ဟစ်သံကြောင့် အဝါရောင်ဝတ်ထားသော ကောင်မလေးသည် အလွန်ထိတ်လန့်သွားပြီး ခြေလှမ်းပေါင်းများစွာ ပြန်ဆုတ်လျက် မျက်နှာဖြူဖျော့သွားသည်။

ငွေရောင်ဝတ်လူငယ်နှင့် အခြားလူများသည်လည်း စွဲလမ်းမှုပုံရိပ်ယောင် အတွင်းမှ ပြန်၍နိုးထလာခဲ့သည်။

လူတိုင်း တစ်ခုခုမှားနေပြီမှန်း နားလည်သဘောပေါက်လာပြီး အဝါရောင်ဝတ် ကောင်မလေးထံ ပြန်ကြည့်လိုက်၏။

“ ဟွမ်အာ ဘာဖြစ်နေတာလဲ။ ”

ငွေရောင်ဝတ်ထားသော လူငယ်မှ မေးမြန်းသည်။ အဝါရောင်ဝတ် ကောင်မလေးမှ ပြန်မဖြေနိုင်ခင် စုရီက၊

“ သူ့ရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ရနံ့အချို့ကြောင့် မင်းစိတ်လွှမ်းမိုးခံထားရတယ် မင်းအခုမှနိုးထနိုင်တာပဲ။ ”

-ဟု ရှင်းပြလိုက်၏။

“ သခင်ငယ် ... မင်းဟာ မျိုးဆက်သစ်တွေထဲမှာ ဒဏ္ဍာရီဆန်ဆန် ပုဂ္ဂိုလ် တစ်ဦး ဖြစ်ထိုက်ပါပေတယ် နောက်တစ်ကြိမ် ...

... ငါတို့တွေ့ဆုံတဲ့အခါမှာ တာအိုနဲ့ပတ်သက်တဲ့ အကြံဉာဏ်မျိုးကို သေချာပေါက် တောင်းခံပါ့မယ်။ ”

အဝါရောင်ဝတ် ကောင်မလေးသည် လျှပ်စီးကဲ့သို့ လေဟာနယ်အတွင်း ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

“ ဟွမ်အာက ဒီဝိညာဉ်ပင်လယ်ကိုလာဖို့ အကြံပေးတုန်းက တစ်ခုခုတော့ထူးဆန်းတယ် ခံစားမိသား ...

... ဒါပေမယ့် အများကြီး စဉ်းစားမနေဘဲ သဘောတူလိုက်မိတယ် အခုတော့ ... သူမရဲ့ လှည့်စားတာ ငါခံခဲ့ရတာပဲ။ ”

လူငယ်က ညည်းတွား လိုက်လေသည်။ သန့်ရှင်းသောသားတော် အနေဖြင့် မြေခွေးမ တစ်ကောင်၏ တိတ်တဆိတ် ခြယ်လှယ် ခံနေရသည်မှာ ရှက်စရာပေပင်။

“ ဒီအတွက် မင်းသူ့ကို အပြစ်တင် နေလို့မရဘူး ... မင်းမှာသာ တပ်မက်မှုမရှိရင် ဘယ်လိုများ အာရုံပျံ့လွင့်နေမှာလဲ။ ”

စုရီစကားကြောင့် ငွေရောင်၀တ်စုံဝတ် လူငယ်သည် ပို၍ရှက်ရွံ့သွားပြီး အဆင်မပြေ ဖြစ်လာတော့၏။

စုရီက လျစ်လျူရှုလျက် ရတနာရထားကိုဆွဲသော ရွှေခြင်္သေ့သားရဲထံ လှမ်းကြည့်ပြီး၊

“ ပြောပါဦး မင်း ... ငါ့အရွတ်တွေကို ဆွဲထုတ်၊ ငါ့အရေခွံကို ခွာချင်သေးသလား၊ ငါ့နှလုံးသားနဲ့ ...

... အသည်းကို ဖောက်ထုတ်၊ ငါ့အသွေးအသားတွေကိုစားပြီး ငါ့ဝိညာဉ်ကို ဖျက်ဆီးချင်သေးသလား။ ”

“ ဒါ ... ။ ”

ရွှေခြင်္သေ့သားရဲသည် မိုးကြိုး ထိမှန်သွားသကဲ့သို့ ကြီးမားသော ခန္ဓာကိုယ်ကြီး လေထဲတုန်ခါလျက် ဒူးထောက်ကျသွားသည်။

“ သခင်ငယ် ... ငါမှားသွားပါတယ် ငါမှားသွားပါတယ် ... ပြုပြင်ဖို့ ဆန္ဒရှိပါတယ် ကျေးဇူးပြုပြီး ငါ့ကို အခွင့်အရေးပေးပါ။ ”

“ ကောင်းပြီ ... မင်း ဒီနေ့ကစပြီး ငါ့ရဲ့တောင်တံခါးကို စောင့်ကြပ်ဖို့ တာဝန်ယူပါ အနာဂါတ်မှာ မင်းအတွက် အကျိုးရှိစေရမယ်။ ”

***

All Chapters