← Chapters

အကြွေးဆပ်ခြင်း။

Vol. 44 Ch. 527

အကြွေးဆပ်ခြင်း။

Vol. 44 Ch. 527

“ ဒါက ဝိညာဉ်တာအိုအဆင့် နတ်ဆိုးသားရဲတစ်ကောင်ဖြစ်မယ် အခုတော့ ဖုတ်ကောင်ဖြစ်သွားပြီ။ ”

စုရီမှ မှတ်ချက်ပေးလိုက်သည်။ အလောင်း၏နဖူးတွင် ဓားဒဏ်ရာတစ်ချက် ရှိနေခဲ့၏။

“ ဒီနေရာက အင်မော်တယ် ဓားမျှော်စင်ရဲ့နယ်မြေပဲ ... လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသောင်းလောက်က ပထမတန်း နတ်ဆိုးဂိုဏ်းကြီးပါ ဒါဆို ...

... ဒီလူသတ်သမားက ဓားမျှော်စင်ထဲကိုဖောက်ဝင်ပြီး လူသတ်မှု ကျူးလွန်ဖို့ သတ္တိရှိလိုက်တာ ... ဘယ်လောက်ရဲတင်းလဲ။ ”

နင်စစ်ဟွာက တအံ့တသြဖြင့် သံသယဝင်သွား၏။ စုရီမှ အနည်းငယ် ပြုံးကာ၊

“ ဒီနေရာကို ဖောက်ထွင်း ဝင်ရောက်လာနိုင်တဲ့ ပြင်ပရန်သူ ရှိတယ်လို့ မင်းသံသယ ရှိနေတာလား။ ”

-ဟု ပြန်လည် မေးမြန်းလိုက်သည်။

“ မဟုတ်ဘူးလား။ ”

နင်စစ်ဟွာက အံ့အားသင့်သွား၏။

“ ဓားမျှော်စင်ရဲ့ဝင်ပေါက်ကို အလွန်တင်းကျပ်တဲ့ ဝင်္ကပါနဲ့ ဖုံးအုပ်ထားတယ် ဧကရာဇ်အဆင့် တစ်စုံတစ်ဦးတောင်မှ ...

... ဝင်ရောက်ဖို့ ကြီးမားတဲ့ စျေးပေးချေရလိမ့်မယ် ဒီလိုပဲ ဧကရာဇ်အဆင့် ပုဂ္ဂိုလ်ကသာ အရေးယူမယ်ဆိုရင် ...

... ပေါ့ပေါ့ပါးပါး ဓားစွမ်းအင်လောက်နဲ့ ဒီဝိညာဉ်တာအိုနယ်ပယ် နတ်ဆိုးကျင့်ကြံသူရဲ့ ဝိညာဉ်ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ် သူ့ခန္ဓာကိုယ်ကို ဖုတ်ကောင်အဖြစ်ပြောင်းလဲဖို့ အခွင့်အလမ်းရှိလိုက်မှာ မဟုတ်ဘူး။ ”

နင်စစ်ဟွာက နားလည်သွားသည်။

“ ဒါဆို ... လူသတ်သမားက အင်မော်တယ်ဓားမျှော်စင်ရဲ့ အဖွဲ့ဝင်တစ်ဦးလို့ ပြောနေတာလား။ ”

“ ဖြစ်နိုင်ချေတစ်ခုပါ။ ”

သူ စကားပြောနေစဉ် စုရီသည် အောက်ဘက်သို့ ဆက်လျှောက်သွားခဲ့သည်။ မြွေတစ္ဆေမီးအိမ်သည် ရှေ့တွင် လွင့်မျောလျက် စိမ်းလန်းသော အလင်းတန်းများ ထုတ်လွှတ်ထား၏။

ထိုအလင်းသည် လမ်းတစ်လျှောက်ရှိ လူသေကောင်များ၏ ဝိညာဉ်ဆိုးများစွာကို ဖယ်ရှားပေးလေသည်။

လမ်းတစ်လျှောက်တွင် ဖုတ်ကောင်များ ထွက်လာပြီး တိုက်ခိုက်ရန် ကြိုးစားသော်လည်း ခြွင်းချက်မရှိ မြွေတစ္ဆေ​မီးအိမ်စွမ်းအားဖြင့် အလွယ်တကူ နှိမ်နင်းနိုင်ခဲ့၏။

“ ဒီအလောင်းကောင်တွေဟာ အသက်ရှင်စဉ်က ဝိညာဉ်တာအိုနယ်ပယ်မှာသာ ရှိခဲ့တာမို့ အသိစိတ်တစ်ခုအဖြစ် မပြောင်းလဲ နိုင်ခဲ့ဘူး ...

... ဒါက ခြိမ်းခြောက်မှု ကင်းမဲ့စေတယ် စိတ်ဝင်စားဖို့ ကောင်းတာက သူတို့အားလုံး ဓားတစ်လက်နဲ့ အသတ်ခံလိုက်ရတာပဲ။ ”

နာရီဝက် ကုန်လွန်ပြီးနောက် ကျောက်လှေခါးများ အောက်ခြေသို့ ရောက်ရှိ ခဲ့ကြပြီး မြင်ကွင်းမှာ မြေအောက်ကမ္ဘာကြီး တစ်ခု ဖြစ်နေသည်။

ဤနေရာ၌ လူသေကောင်များ၏ ဝိညာဉ်ဆိုးများ ရှားပါးလာကာ ကြီးမားသော ရှေးဟောင်းနန်းတော်တစ်ခုကို မြင်နိုင်၏။

ထိုနန်းတော်တံခါးအနီးတွင် လူသေ အလောင်းများစွာ စုရုံးနေသည်။ ၎င်းတို့သည် ခန္ဓာကိုယ်များပုပ်ပွလျက် မကောင်းဆိုးဝါး အငွေ့အသက်များ ရစ်သိုင်းနေ၏။ အရေအတွက် ရာဂဏန်းခန့်ရှိသည်။

“ ဒါ ... အင်မော်တယ်ဓားမျှော်စင်ရဲ့ တပည့်တွေ ဖြစ်နိုင်မလား။ ”

နင်စစ်ဟွာက ထင်ကြေးပေး၏။ စုရီတစ်ယောက် ခေါင်းညိတ်ပြသည်။

“ ဖြစ်နိုင်ချေ အရမ်းများတယ် ... ဒါ့အပြင် ဒီနေရာဟာ အလွန်သန့်စင်ပြီး အစွမ်းထက်တဲ့ ဝိညာဉ်စွမ်းအင်တွေ မွေးဖွားပေးနိုင်တဲ့ ...

... ဝိညာဉ် သွေးပြန်ကြောရှိနိုင်တယ် မဟုတ်ရင် အလောင်းကောင်တွေ အများကြီး မွေးဖွားပေးဖို့ မဖြစ်နိုင်ဘူး။ ”

လူသေကောင်များသည် နန်းတော် တံခါးမကြီးကို ဖောက်ထွင်းဝင်ရောက်ကြရန် ကြိုးစားနေခြင်း ဖြစ်သည်။ သို့သော် ခြွင်းချက် မရှိ ပိတ်ဆို့ခံထားရ၏။

“ ဘယ်သူလဲ ... ။ ”

ရုတ်​တရက်​ ​အဝေးမှ ဖုတ်ကောင်များ ကြားတွင် အတောင်ကျိုးပြီးပုပ်ပဲ့နေခဲ့သော ငှက်တစ်ကောင် စုရီထံလှည့်ကြည့်လာ၏။

မျက်ဝန်းများသည် သွေးများအလား နီရဲလျက် ခန္ဓာကိုယ်ရောင်ဝါသည် သွေးဆာနေ ချေပြီ။ အတိုင်းအတာ တစ်ခုအထိ ဉာဏ်ရည် ဉာဏ်သွေးကို ပိုင်ဆိုင်ထားပုံရ၏။

၎င်းရက်စက် ကြမ်းကြုတ်သော အလောင်းကောင်ငှက်မိစ္ဆာ လှည့်ကြည့်သော အခါ အနီးနားရှိ အခြားအလောင်းကောင်များ သည်လည်း လှည့်ကြည့်လာကုန်၏။

ဤကဲ့သို့သော ဖုတ်ကောင်များ ဖြစ်လာစေရန် အချိန်ကြာမြင့်စွာ စုပ်ယူနိုင်သည့် ဝိညာဉ်စွမ်းအင်များ လိုအပ်ပေသည်။

“ တားမြစ်နယ်မြေကို ကျူးကျော် ဝင်ရောက်သူ မည်သူမဆို ကရုဏာကင်းစွာ သတ်ပစ်ရမယ်လို့ သခင်ကအမိန့်ရှိတယ် မြန်မြန် သွားသတ်လိုက်ကြစမ်း။ ”

ငှက်မိစ္ဆာက အမိန့်ပေးလိုက်သည်နှင့် ဖုတ်ကောင်များမှာ ဒီရေကဲ့သို့စုရီတို့ထံ ပြေးဝင် လာကြသည်။

“ သတ် ... သတ် ... သတ်။ ”

ဖုတ်ကောင်များအားလုံးသည် ကျယ်လောင်သော ဟောက်သံများပြုလျက် ရူးသွပ်လာ၏။ အသိဉာဏ် နည်းပါးပြီး အမိန့်ကို နာခံနေကြသည်မှာ ထင်ရှားသည်။

ထိုအရာကိုမြင်ချိန်၌ စုရီက သက်ပြင်းချလိုက်သည်။ ဤအလောင်းများသည် ဓားမျှော်စင်မှ တပည့်များဖြစ်၏။

ယင်းကြောင့် ဓားမျှော်စင်တွင် အခြေချနေထိုင်ပြီးနောက် အကြွေးတင်နေပြီ ဖြစ်ရာ သတ်လိုခြင်း မရှိတော့ချေ။

“ ကောင်းပြီ၊ ဒီနေ့၊ ငါစုရီက မင်းတို့ရဲ့ ဒုက္ခတွေကနေ လွတ်မြောက်အောင်ကူညီပြီး ဓားမျှော်စင်ရဲ့အကြွေးကို ပြန်ဆပ်မယ်။ ”

ထို့နောက်တွင် လေထုအလယ် တင်ပျဉ်ခွေထိုင်ကာ လက်နှစ်ဖက်ဖြင့် ကြာပန်း တံဆိပ်ကို ဖန်တီး၏။

ကြည်လင်တောက်ပပြီး မွန်မြတ်သော ကျက်သရေ လွှမ်းခြုံလာတော့သည်။ ထို့နောက် ခန္ဓာကိုယ်မှအဆုံးမရှိသော ရွှေအလင်းတန်းများ ပျံ့နှံ့သွားပြီး မြေအောက်ကမ္ဘာကို တောက်ပသွားစေ၏။

ဤအခိုက်တွင် ဒဏ္ဍာရီလာ မြတ်ဗုဒ္ဓကဲ့သို့ ပေပင်။ လူအများအတွက် ကိုးကွယ်စေလိုသော ရောင်ဝါများဖြာထွက်နေ၏။

တစ်ချိန်တည်းမှာပင် ကျမ်းစာရွတ် ဖတ်သံကို ကြားလာရသည်။ တဖြည်းဖြည်းနှင့် ခေါ်ငးလောင်းသံအလား ကျယ်လောင်လာကာ အရပ်ရပ်သို့ ပဲ့တင်ထပ်သွား၏။

ကြီးကျယ်ခမ်းနားပြီး တိုင်းတာမရ နိုင်လောက်အောင်ပင် ကျယ်လောင်လာခဲ့သည်။

“ သနားကြင်နာမှုဖြင့် သက်ရှိအားလုံးကို ကယ်တင်မည် ... တောင်ဝှေးသည် ငရဲတံခါးကို ဖွင့်ကာ ပုလဲသည် စကြဝဠာကို လင်းလက် တောက်ပစေ၏။ ”

ရွှေအလင်းသည် အကန့်အသတ်မဲ့သော အဟုန်ဖြင့် ကျယ်ပြန့်နေသည်။ အမှောင်ထု၊ သွေးမြူများနှင့် ပြည့်နေသော ဤမြေအောက် ကမ္ဘာသည် မြင့်မြတ်ပြီး ငြိမ်းချမ်းလာ၏။

ဒီရေကဲ့သို့ တဟုန်ထိုး ပြေးဝင်လာသော အလောင်းများသည် ရှိရာအရပ်တွင် ရပ်သွားပြီး ဆွေးမြေ့ကျလာတော့သည်။

ပြင်းထန်သော အငွေ့အသက်သည် သာမန်မျက်စိဖြင့် မြင်နိုင်သောအရှိန်အဟုန်နှင့် ပျောက်ကွယ်လာနေ၏။

မယုံနိုင်စရာ မြင်ကွင်းတစ်ခုပေပင်။ စုရီတစ်ယောက် တင်ပျဉ်ခွေထိုင်ကာ အပြစ်များ သန့်စင်ရန် ဗုဒ္ဓအဆုံးအမကို ဆက်၍ရွတ်ဖတ် နေခဲ့သည်။

ထိုမြင်ကွင်းကို ကြည့်ကာ နင်စစ်ဟွာ နှလုံးသားထဲတွင် ဖော်မပြနိုင်သော ထိတ်လန့်မှု ဖြစ်လာ၏။ ဤကမ္ဘာတွင် စုရီ မသိရှိသော အရာတစ်ခု ရှိသည်လော။

စုရီက အဆုံးသတ်ကျမ်းစာကို ရွတ်ဆိုကာ မျက်လုံးများ ဖွင့်လိုက်ချိန်တွင် ရွတ်ဆိုသံများ ဆက်လက် ပဲ့တင်နေဆဲဖြစ်သည်။

အဝေးရှိ အလောင်းများသည် သန့်ရှင်းသပ်ရပ်စွာ ဆေးကြော ခံလိုက်ရပုံရပြီး ညစ်ညမ်းမှု လုံးဝမရှိဘဲ အေးချမ်းလာ၏။

ဤအခိုက်တွင် အလောင်းများသည် သူတို့ဘဝတွင် ဖြစ်ပျက်ခဲ့သမျှ ပြန်သတိရကာ အကြည့်များ လင်းလက်သွားသည်။

ထို့နောက်တွင် ငှက်မိစ္ဆာအလောင်းကောင်က၊

“ ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ ... ငါတို့ကို လွတ်မြောက်ဖို့ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ”

-ဟု ပြောကြား၏။

ချက်ခြင်း အခြားသော အလောင်းကောင် ဝိညာဉ်များသည်လည်း စုရီကို အလေးပြု လာကြသည်။

“ ကျေးဇူးပါ တာအိုမိတ်ဆွေ ... ငါတို့ကိုဒီလိုကပ်ဆိုးကြီးကနေ လွတ်မြောက် စေတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ”

ကျေးဇူးတင် စကားများ ပဲ့တင်ထပ်လျက် လူတိုင်းအမှုန်အဖြစ်သို့ ပြောင်းလဲ ပျောက်ကွယ် သွားခဲ့သည်။

ဤမြင်ကွင်းကို သက်သေခံနေသော နင်စစ်ဟွာ၏ နှလုံးသားသည် တုန်လှုပ်သွားပြီး ဖော်ပြနိုင်သော ခံစားချက်များ ပြည့်နှက် ထိတ်လန့်သွား၏။

ကမ္ဘာပေါ်တွင် အနာကျင်ရဆုံးသော အရာဟူသည် သေချင်သော်လည်း သေမရခြင်း ပေပင်။

“ တာအိုစု ဒီလုပ်ရပ်က တကယ့်ကို ကုသိုလ်ကောင်းမှုပါပဲ။ ”

နင်စစ်ဟွာမှ သက်ပြင်းချကာ ချီးကျူး၏။

“ ကုသိုလ်ဆိုတာ အချည်းနှီးဆုံးပဲ ငါက သူတို့အတွက်ကယ်တင်ပေးပြီး သူတို့ကျေးဇူးကို ပြန်ဆပ်လိုက်တာပါ။ ”

စကားဆုံးသည်နှင့် စုရီက နန်းတော်ဆီသို့ လျှောက်လှမ်းနေပြီဖြစ်သည်။ နန်းတော်ကြီးမှာ ကြီးကျယ်ခမ်းနားသော ကျောက်တုံးများဖြင့် တည်ဆောက်ထားပြီး အလွန်ရှေးကျ၏။

နန်းတော်တံခါးကို တင်းကြပ်စွာ ပိတ်ဆို့ထားပြီး ရှုပ်ထွေးသောတားမြစ်အစီရင် တစ်ခု ထွင်းထုထားသည်။

“ နောက်ထပ် တားမြစ်အစီရင်။ ”

စုရီသည် ကျောက်လှေကားပေါ်တွင် ရပ်တန့်ကာ ငှက်မိစ္ဆာအလောင်းကောင်၏ စကားကို စဉ်းစားနေ၏။

ဤသည်မှာ အင်မော်တယ် ဓားမျှော်စင်၏ တန်ခိုးကြီးသော ဂိုဏ်းဝင်များ ထိုင်၍သေရန် ပြင်ဆင်ရာ နေရာဖြစ်သည်။

ထိုင်၍သေခြင်းဟူသည် သက်တမ်းကုန်ခြင်းကို ဆိုလို၏။ ကျင့်ကြံသူများ အတွက် ဧကရာဇ်နယ်ပယ်သို့ မဖြတ်ကျော်နိုင် သရွေ့ သက်တမ်းသည် မည်မျှပင်ရှိပါစေ သေစေနိုင်စွမ်း ရှိနေဆဲဖြစ်သည်။

“ ဝှစ် ... ။ ”

“ ဝုန်း ... ။ ”

စုရီက လက်ကို ဝှေ့ယမ်းလိုက်ရာ ကြည်လင်သော အလင်းများ လွင့်ထွက်သွားပြီး ပိတ်ထားသောတံခါးမှ လေးလံသော ဟောက်သံတစ်သံ ထွက်ပေါ်လာ၏။

နှစ်ပေါင်းမည်မျှ ကြာအောင် ပိတ်ထားသည်ကို မသိချေ။ ဖြည်းညှင်းစွာ ပွင့်လာချိန်၌ ဖုန်မှုန့်များ ဖုံးလွှမ်းလာ၏။

***

All Chapters