← Chapters

ကြီးမားသော အပြောင်းအလဲများ ... ။

Vol. 44 Ch. 528

ကြီးမားသော အပြောင်းအလဲများ ... ။

Vol. 44 Ch. 528

ခန်းမအတွင်း တာအို ပလက်ဖောင်း စုစုပေါင်း ခုနစ်ဆယ့်နှစ်ခု ရှိနေသည်။ ၎င်းသည် အနက်ရောင်ဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်သော တားမြစ်ပုံစံများဖြင့် ဖုံးအုပ်ထား၏။

ပလက်ဖောင်းပေါ်တွင် အဖြူရောင်ပိုးအိမ်များရှိသည်။ ဤမြင်ကွင်းကို မြင်သောအခါ အံ့အားသင့်သွားပြီး အရာအားလုံး သဘောပေါက်သွားတော့၏။

အစပိုင်းတွင် ဤနေရာသည် အကြီးအကဲများ၏ အေးချမ်းစွာ အနားယူရန် ပြင်ဆင်ထားသည့် နေရာတစ်ခု ဖြစ်သည်။

သို့သော် နောက်ပိုင်းတွင် ၎င်းသည် ဆက်ခံသူများအတွက် ပြင်ဆင်ထားပေးသည့် ‘တားမြစ်နေရာ’ ဖြစ်လာခဲ့သည်။

“ တာအိုစု ဒါတွေက ... ။ ”

“ ဒါကို တားမြစ်ပလက်ဖောင်းလို့ ခေါ်နိုင်တယ်၊ ပြီးတော့ သူတို့ပေါ်က ပိုးအိမ်လို အရာဝတ္ထုတွေဟာ ဓားမျှော်စင်ရဲ့ တပည့်တွေပဲ ...

... ဒီပိုးအိမ်ကို ပြင်ပစွမ်းအားတွေ ဝင်ရောက်စွက်ဖက်ခြင်းနဲ့ ဖျက်ဆီးခြင်းကနေ ခွဲထုတ်ပေးနိုင်တဲ့ တံဆိပ်အဖြစ် မှတ်ယူနိုင်တယ် ...

... ပိုးအိမ်ထဲမှာ သူတို့ရဲ့ ကျင့်ကြံမှုနဲ့ အသက်ဓာတ်ကို ချုပ်နှောင်ထားပြီး အဲဒါက သူတို့ကို ထာဝရနုပျိုမှု ထိန်းသိမ်းပေးတယ် အချိန်တန်ရင် သဘာဝအတိုင်း လွတ်မြောက်လာကြလိမ့်မယ်။ ”

စုရီမှ ရှင်းပြသည်။

“ ဒါဆို ဒီနည်းလမ်းတွေက ... မိုးပြာတိုက်ကြီးရဲ့ အမှောင်တားမြစ်စွမ်းအင်ကို ရှောင်တိမ်းတာလား။ ”

“ မှန်တယ် ... ဒါပေမယ့် သူ​တို့သေပြီ အပြင်က အလောင်းတွေလိုပဲ ဓားတစ်လက်နဲ့ သတ်သွားတာ။ ”

အနီးဆုံး တားမြစ်ပလက်ဖောင်းသို့ ရောက်ရှိလာသောအခါ ဆယ်ပေခန့် အရွယ်ရှိ လှပသည့် ပိုးအိမ်ကြီးထံကြည့်ပြီး အနည်းငယ် စိတ်ဝင်စားသွားသည်။

ပိုးအိမ်ပေါ်တွင် ထိတ်လန့်ဖွယ်ရာ ဓားအမှတ်အသားရှိသည်။ စုရီက နတ်အာရုံကို ဖြန့်ကျက်လျက် အခြားသောပိုးအိမ်များထံ ကြည့်လိုက်ပြန်၏။ ခြွင်းချက်မရှိ ဓားဖြင့် ဖျက်ဆီးခံထားရသည်။

“ အင်မော်တယ်ဓားမျှော်စင်ရဲ့ သားစဉ်မြေးဆက်တွေ ထွက်ပေါ်မလာခဲ့တာ အံ့သြစရာ မဟုတ်တော့ပါဘူး တစ်စုံတစ်ဦးက ကြာမြင့်စွာကတည်းက ပိုးအိမ်တွေကို လုပ်ကြံလိုက်တာပဲ။ ”

စုရီက မှတ်ချက်ပေးလျက် ခန်းမထောင့်တစ်နေရာတွင် ရှုံ့တွနေသော အလောင်းတစ်လောင်းကို မြင်လိုက်ရသည်။

အလောင်းသည် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ပိန်ပိန်ပါးပါးနှင့် နှစ်ပေါင်း မရေမတွက်နိုင်သော တိုက်စားခံရ သည့်တိုင် ပျက်စီးယိုယွင်းမည့် လက္ခဏာမပြချေ။

ကြမ်းပြင်ပေါ်၌ ထိုင်နေပြီး ဦးခေါင်းငုံ့တွားလျက် ညာလက်ချောင်းများဖြင့် စာတစ်ကြောင်းရေးထားသည်။

“ နတ်ဓားက ငါ့ကိုသတ်ပြီး အင်မော်တယ်ဓားမျှော်စင်ရဲ့ ထာဝရတည်မြဲမှု အပေါ် ဖျက်ဆီးပစ်လိုက်ပြီး ငါပိုင်ချန်ဟမ်က ဒီအပြစ်အတွက် ရှက်မိပါတယ်။ ”

ထိုအရာကို မြင်ချိန်၌ စုရီတစ်ယောက် မျက်ခုံးပင့်လိုက်ကာ ရုတ်တရတ် အလောင်းထံ ပြန်ကြည့်မိချေ၏။

ဤအလောင်းသည် ဓားစံအိမ်၏ တတိယမျိုးဆက် ခေါင်းဆောင်ပိုင်ချန်ဟမ်ပင် ဖြစ်ချေပြီ။

လွန်ခဲ့သောနှစ်လ စုရီသည် ဓားမျှော်စင်၏ အပျက်အစီးများရှေ့တွင် ချင်လောကိုသတ်ခဲ့၏။ ဤအရာအားလုံးသည် ချင်လောဟူသော ဓားဝိညာဉ်နှင့် ဆက်စပ်မှုအချို့ ရှိနိုင်ပေမည်။

“ တာအိုစု ... ဒီအလောင်းရဲ့ အထောက်အထားကို မှန်းဆနိုင်ပြီလား။ ”

နင်စစ်ဟွာက မေးသည်။ စုရီမှ ခေါင်းညိတ်ပြီး ရှင်းပြလိုက်တော့၏။ နှစ်ပေါင်း သုံးသောင်းခန့်က ပိုးအိမ်များကို ပိုင်ချန်ဟမ်မှ ပြင်ဆင်နေစဉ် နတ်ဓားမှ သစ္စာဖောက် သွားခဲ့ပုံရသည်။

နင်စစ်ဟွာတစ်ယောက် လက်မခံနိုင်ဖြစ်လာတော့၏။

“ ဒါက ဓားတစ်လက်ပဲ ... ဘယ်လို ဖြစ်ရတာလဲ ဘယ်လောက်ထိ ကြောက်စရာ ကောင်းအောင် ရက်စက်နိုင်မှာလဲ။ ”

“ ဒါဟာ ‘ဓားကို ခန္ဓာကိုယ်နဲ့ အစာကျွေးခြင်းရဲ့ အန္တရာယ်ပါပဲ ဒီနည်းစနစ်က သူရဲ့ကိုယ်ပိုင်စွမ်းအင်နဲ့ ကျင့်ကြံမှုကို လက်နက် ဝိညာဉ်က တချိန်လုံး စားသုံးစေတာမျိုး .....

... ဒီလိုလုပ်ခြင်းက ဓားရဲ့အစွမ်းကို ကြောက်စရာကောင်းတဲ့ အဆင့် ရောက်လာ စေနိုင်လို့ပဲ ဒါပေမယ့် အားနည်းချက်ကတော့ ...

... ဓားဝိညာဉ်ကို မချိုးနှိမ်နိုင်ရင် အမှတ်တရတွေ၊ တာအိုနဲ့ အသက်စွမ်းအင်ကို ဓားဝိညာဉ်က ဝါးမျိုသွားလိမ့်မယ် ...

... ငါ့ခန့်မှန်းချက်မှန်ရင် ပိုင်ချန်ဟမ်က စိတ်စွမ်းအင် ကုန်ဆုံးနေချိန် နတ်ဓားက အခွင့်အရေးယူခဲ့တာပဲ။ ”

“ နားလည်ပြီ။ ”

နင်စစ်ဟွာတစ်ယောက် လေးလံသွားသည်။ ဓားမျှော်စင်သခင်သည် ဓားတစ်လက်သတ်ခြင်း ခံရသည်လော။ သူတင်မက ဓားမျှော်စင် မျိုးဆက်ပင် အဆက်ပြတ်သွား၏။

“ ချင်လောလား ... “

သံသယများဖြင့် ထိတ်လန့်လာ၏။ မကြာသေးမီက စုရီသည်သာ အချိန်မီမရောက် နိုင်သော် ထိုနတ်ဓားသည် ဓားမျှော်စင်ထဲသို့ ဝင်ရောက်လာမည်မှာ သေချာနေချေပြီ။

“ သွားရအောင် ... ငါတို့ပြီ။ ”

စုရီက ပြန်လှည့်လာခဲ့သည်။ ကျေးဇူးတရားကို ပြန်ဆပ်ပြီးဖြစ်သည့်အပြင် နယ်မြေအတွင်း အန္တရာယ်ကင်းချေပြီ။

ထို့ကြောင့် ကျန်အကြောင်းအရာများကို စိတ်မဝင်စားတော့ချေ။ ဘဝသည် အခြားလူများ အတွက် မဟုတ်ဘဲ သူ့အတွက်သာ ပြန်လည် ဖြစ်တည်လာခဲ့ခြင်း ဖြစ်၏။

“ ကျွီ ... ။ ”

စုရီကျောခိုင်းထွက်သွားပြီးမကြာမီ ကြေးမီးအိမ်တစ်လုံး ထတောက်လာလေသည်။ မီတောက်သည် ပြာလဲ့လဲ့ဖြင့် မုန်းတီးနေသော ရောင်ဝါများစိမ့်ကျနေ၏။

မူလတွင် ပိုင်ချန်ဟဲ အလောင်းနှင့် မနီးမဝေးနေရာ၌ ဖုန်မှုန့်များအလိမ့်လိမ့်ဖြင့် ငြိမ်သက်စွာ ရှိနေခြင်းဖြစ်သည်။

ထိုစုရီမှ တစ်ချက်လှမ်းကြည့်ရာတွင် အနည်းငယ်တုန်ခါသွားသော်လည်း အဆုံးတွင် မြင်ပုံမရသွားချေ။

“ ပိုင်ချန်ဟဲ ... လူယုတ်မာ။ ”

ရုတ်တရက် ခန်းမအတွင်းဆီမှ တိုးညှင်းပါးလျသော ကျိန်ဆဲသံကြောင့် စုရီက မျက်ခုံးပင့်ကာ ပြုံးလိုက်လေသည်။ အမှန်ပင် ဓားဝိညာဉ်တစ်လက် ဖြစ်နေချေပြီ။

မည်သို့ပင် ဆိုစေကာမူ ဤသည်မှာ အခွင့်အရေးပေးခြင်းမည်၏။ တစ်ဖက်သားမှ လက်ခံခြင်း မခံခြင်းသည် စိတ်ထဲမရှိချေ။ ထွက်ပေါ်လာဝံ့သော် သေခြင်းသည်သာ အဖြေဖြစ်သွားပေမည်။

***

ဖေဖော်ဝါရီ (၂) ရက်နေ့။ ဤနေ့သည် လူဝင်စားပြီးနောက် အသစ်တစ်ဖန်စတင်သော စုရီအတွက် အထူးအဓိပ္ပာယ်နေ့ဖြစ်သည်။

လွန်ခဲ့သော ဆယ့်ရှစ်နှစ်က ဤနေ့တွင်သူ့ကိုမွေးဖွားသည်။ လွန်ခဲ့သော ဆယ့်လေးနှစ် ဤနေ့တွင် သူ့မိခင် ကွယ်လွန်၏။

ယမန်နှစ် ဤနေ့တွင် သူသည် အတိတ်ဘဝအမှတ်တရများကို ပြန်လည်ရရှိပြီး ကွမ်လင်မြို့၌ အံ့အားသင့်စေခဲ့သည်။

“ တစ်နှစ် ... ။ ”

စုရီမှ မတ်တပ်ထရပ်ပြီး ခန်းမထဲကနေ ထွက်ခွာလာခဲ့၏။ ဓားမျှော်စင် အပျက်အစီး နဘ်မြေကို တားမြစ်ဝင်္ကပါဖြင့် ဖုံးကွယ်ထား သော်လည်း ကောင်းကင်အပေါ် ရှင်းရှင်း လင်းလင်း မြင်နေရဆဲဖြစ်သည်။

ထို့နောက် ကြိမ်ကုလားထိုင်ကို ထုတ်လိုက်ယူကာ ပျင်းရိစွာလှဲလျောင်းလျက် ကြယ်ရောင်စုံ ကောင်းကင်ကြီးထံ ငေးကြည့်နေခဲ့သည်။

တစ်နှစ်အတွင်း အကြောင်းတရားကို ဖြတ်တောက်ကာ အာဃာတများစွာ ဖြေရှင်း၏။ ထို့ကြောင့် မိုးပြာတိုက်ကြီးအတွက် ခံစားချက်များ သိပ်မရှိတော့ချေ။

တစ်ခုတည်းသော ပြဿနာသည် ဤတိုက်ကြီးကို ရင်နှီးမှုကင်းနေခြင်းဖြစ်သည်။ ဆိုလိုသည်မှာ သူ့သည် ခရီးသွားတစ်ဦးမျှသာ ဖြစ်နေသေးသည်။

“ ဟမ့် ... ငါ့စိတ်တွေ ငြိမ်းချမ်းတဲ့နေရာက ငါ့အိမ်ပါပဲ အခုကစပြီး ငါဘယ်ဆီမှာပဲ နေနေပါ ဂရုစိုက်နေစရာမလိုဘူး။ ”

အတွေးဖြင့် ဝိုင်ပုလင်းကိုထုတ်ကာ တစ်ငုံသောက်လိုက်၏။ ထိုစဉ် ချင်းဝမ် ထွက်လာပြီး သူ့အတွက် မွေးနေ့သီချင်း သီဆိုပေးသည်။

မွေးနေ့သီချင်းမဆုံးခင်မှာပင် စုရီက ရုတ်တရက် တစ်စုံတစ်ရာကို ခံစားလိုက်ရပြီး ကြိမ်ကုလားထိုင်ပေါ်မှ မော့ကြည့်တော့၏။

ကောင်းကင်တွင် လေပြင်းများ တဟူးဟူးတိုက်လျက် ယင်ယန်ပေါင်းစပ်သည့် နယ်နိမိတ်သည် ဖရိုဖရဲဖြစ်နေ၏။

“ ဂျိန်း ... ။ ”

ချက်ခြင်းပင် မိုးခြိမ်းသံတစ်သံ ထွက်ပေါ်လာသည်။ သာမန်မိုးကြိုးမုန်တိုင်း တစ်စင်းပေပင်။ သို့သော် စုရီနားထဲတွင် ကြေမွနေသောအသံများပါနေ၏။

“ ကောင်းကင်နဲ့ မြေကြီးနိုးထပြီး အရာခပ်သိမ်း အသက်ပြန်ရှင်သန်လာနိုင်နေပြီ ဒါပေမယ့် အဆုံးမှာတော့ မိုးပြာတိုက်ကြီးက ကွယ်ပျောက်သွားရမှာပါပဲ ... ။ ”

“ ဂျိန်း ... ။ ”

စုရီရေရွတ်သံ မဆုံးခင် လျှပ်စီးများ တဖျစ်ဖျစ်မြည်ကာ မိုးကြိုးများမြည်ဟည်းလျက် ကောင်းကင်ကိုးပါး တုန်ခါသွားတော့၏။

ကျောက်စိမ်းတုံးကဲ့သို့ ခိုင်မာပြီး ကြည်လင်နေသော သူ့ တာအိုနှလုံးသားသည် ဤအခိုက်တွင် ပြင်းစွာ လှုပ်ခတ်လာသည်။

တစ်ချိန်တည်းမှာပင် ဒါန်တမ်ရှိ မိုးပြာမျိုးစေ့သည်လည်း စိတ်လှုပ်ရှားခြင်း၊ ပျော်ရွှင်ခြင်းနှင့် တောင့်တခြင်း သကဲ့သို့ အနည်းငယ် တုန်ယင်လာ၏။

“ တာအိုစု တစ်ခုခုဖြစ်နေတာလား။”

ဆူဆူညံညံအသံများနှင့်အတူ နင်စစ်ဟွာ၊ယွမ်ဟမ်၊ ရင်ချုံး ဝမ်လင်ရွယ်၊ ချာကျင်နှင့် အခြားသူများ အားလုံး အပြေး ရောက်လာကြတော့သည်။

ကောင်းကင်ရှိ ပြင်းထန်သော ပြောင်းလဲမှုများသည် သူတို့ကို ထိတ်လန့်စေ သည်မှာ သေချာ၏။

“ မကြောက်နဲ့ ... ဒါအခွင့်ရေးပဲ ... ဒီတိုက်ကြီးမှာရှိတဲ့ လူတွေအားလုံးအတွက် အတူတူပါပဲ ... လာ အပြင်လောကကြီးကို သွားကြည့်ရအောင်။ ”

စကားဆုံးသည်နှင့်စုရီက ဝိုင်ပုလင်းကို လက်တစ်ဖက်မှ ကိုင်လျက် လှမ်းထွက်သွား၏။ လူတိုင်းစိတ်ရှုပ်ထွေးစွာ လိုက်ပါလာခဲ့သည်။

***

“ ဝုန်း ... ။ ”

ထိုညသည် မငြိမ်မသက်ဖြစ်စေရန် ရည်ရွယ်နေ၏။ နဝမမြောက် ကြယ်အပျက်အစီး နယ်မြေရှိ သစ်ပင်ကြီးမှ အကိုင်းအခက် တစ်ခု ရုတ်တရက် ကျယ်လောင်စွာ ပေါက်ကွဲသွားသည်။

“ အားချန် မကောင်းတော့ဘူး။ ”

ထိုအချိန်တွင် တစ်ကမ္ဘာကြီးတစ်ခုလုံး ရုတ်တရတ် တုန်တုန်ယင်ယင် ဖြစ်သွား၏။ မီးခိုးရောင်စာငှက်က ချက်ချင်း ပျံထွက်လာချေပြီ။

“ မထိတ်လန့်နဲ့၊ ဒါက ဖြစ်လာဖို့ သေချာနေတာပဲ။ ”

ကြယ်သေများ ဖုံးလွှမ်းနေသော ရှေးဟောင်းသစ်ပင်ကြီးပေါ်တွင် မိန်းကလေး တစ်ယောက်အသွင် ပေါင်းစပ်သွားပြီး တုန့်ပြန်လာသည်။

တိမ်ရောင်၀တ်လုံကို ၀တ်ဆင်လျက် လှပသောမျက်နှာသည် မှုန်ဝါးဝါးအလင်းများ ဖြာထွက်နေ၏။

“ ဒါပေမယ့် ဒီအသံက အရမ်းကျယ်တယ်။ ”

မီးခိုးရောင် ငှက်ကလေးက အော်ဟစ်ဟစ်လိုက်ပြီး အလွန် စိတ်လှုပ်ရှား နေပုံရသည်။

“ မင်းနဲ့ငါဟာ မိုးပြာအရင်းအမြစ် လုံးဝ ပျောက်ကွယ်သွားပြီး အဆုံးမဲ့ တက်ကြွမှုအဖြစ် ပြောင်းလဲလာမယ့် မြင်ကွင်းမျိုကို မျှော်လင့်နေခဲ့တာပဲ မဟုတ်လား ...

... လက်ရှိ အပြောင်းအလဲတွေက ငါတို့မမျှော်လင့်ထားပေမယ့် အဲဒါတွေအားလုံး မကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။ ”

အားချန်မှ တုန့်ပြန်၏။

“ ဒါပေမယ့် စောလွန်းတယ်… ပြီးတော့ မိုးပြာရင်းမြစ်ရဲ့ အဓိကပင်စည်က ပြိုကျသွားပြီ ဒါဆို ဒီတောက်ပတဲ့ကမ္ဘာကြီးက ဘယ်လိုလုပ် ရှေ့ဆက်သွားနိုင်တော့မှာလဲ။ ”

မီးခိုးရောင်ငှက်မှ ဖြစ်ရပ်ကို လက်မခံနိုင်သေးချေ။

“ ငါတို့လည်း ပြင်ဆင်ပြီး ဒီနေရာကို ထားခဲ့သင့်တယ်။ ”

“ ဟမ့် ... ဒီလိုဖြစ်မယ်ဆိုတာ ငါသိခဲ့ရင် စုလို့ခေါ်တဲ့ အဲဒီကလေးကို ယူခွင့်မပေးပါဘူး။ ”

“ ရှောင်ချွယ် ... မင်း ဒီလိုစကားတွေ မပြောနဲ့ ငါတို့ တာအိုစုအပေါ် ကျေးဇူးတင် နေသင့်တယ်။ ”

သူမ စကားပြောနေစဉ် မျက်လုံးများက အစိတ်စိတ်အမြွှာမြွှာဖြစ်နေသော ကြယ်သေ သစ်ပင်ကြီးထံ မော့ကြည့်လိုက်ကာ၊

“ နောက်ပြီး တာအိုစုမှာ မိုးပြာမျိုးစေ့ တည်ရှိနေသရွေ့တော့ ဒီတိုက်ကြီးဟာ ဆက်ပြီး တည်ရှိနေဖို့ မျှော်လင့်ချက်ရှိနေမှာပါ … ။ ”

-ဟု ပြောကြားလိုက်တော့၏။

***

Book-44

All Chapters