အခန်း (၄၃၃)
Vol. 19 Ch. 433
အခန်းထဲမှာ ယဲ့ယွီ ခေါင်းကိုက်နေခဲ့တယ်။
သူ့ကိုယ်သူ နတ်ဝတ်ရုံနဲ့ အရမ်းမြန်မြန် ဝတ်ထားလိုက်ပေမယ့် သူ့ရင်ဘတ်ပေါ်က **ရမက်နတ်ဆိုးအမှတ်** ကို မြင်သွားလိမ့်မယ်လို့ သူ မမျှော်လင့်ခဲ့ဘူး။
သို့သော်လည်း သူက လူ့ပြည်က လူများစွာကို လိမ်ညာနိုင်ခဲ့တဲ့အတွက် ကောင်းကင်ဘုံနယ်မြေက နောက်ထပ် နတ်တစ်ပါးကို လိမ်ညာဖို့ သူ ဂရုမစိုက်ခဲ့ပါဘူး။
ဘာလို့လဲဆိုတော့ ကျူအိုလန်ချင်က ရှန်ဂွမ်ကျူကျူရဲ့ ရင်းနှီးတဲ့မိတ်ဆွေ ဖြစ်နေခဲ့လို့ပဲ။
ဘယ်လိုပဲဖြစ်ဖြစ် သူက အမှန်တရားကို သေချာပေါက် မပြောနိုင်ဘူး။
ဒီလိုတွေးရင်း ယဲ့ယွီက မကျေနပ်ဟန်ဆောင်ပြီး "ကျွန်တော့်ကိုယ်ပိုင်အခန်းထဲမှာ ကျွန်တော့်နတ်ဝတ်ရုံကို ချွတ်ထားတာက လုံးဝကျိုးကြောင်းဆီလျော်ပါတယ်၊ ဟုတ်တယ်မလား။
ကျွန်တော့်ရင်ဘတ်ပေါ်က အရာက ကျင့်ကြံမှုနည်းပညာတစ်ခုပါပဲ။
ဒါပေမယ့်မင်းကတော့ ဘာလို့ ဒီလောက် ရဲတင်းနေရတာလဲ။"
ကျူအိုလန်ချင်ရဲ့ မျက်နှာက အဆင်မပြေဖြစ်သွားခဲ့တယ်။
သူပြောတာက လုံးဝ မမှားဘူး။
ကိုယ့်အခန်းထဲမှာ နတ်ဝတ်ရုံကို ချွတ်ပီး တန်းလန်းလေးနေတာက တကယ်တော့ မမှားပါဘူး။
တကယ်တော့ သူမရဲ့ရဲတင်းမှုပဲ ဖြစ်တယ်။
ကျူအိုလန်ချင်က 'စိတ်မကောင်းပါဘူး၊ ကျွန်မက ခုနက အရမ်း စိတ်လိုက်မာန်ပါ လုပ်မိသွားတယ်။
ကျွန်မက **ရှန်ဂွမ်ကျူကျူ** နဲ့ ဆက်သွယ်ရေးကျောက်တုံးနဲ့ ဆက်သွယ်လိုက်တယ်။
သူမက အခု ကောင်းကင်ဘုံနယ်မြေရဲ့မြောက်ဘက်မှာ ရှိနေပြီးမင်းအကြောင်း သတင်းကြားတော့ သူမက ဝုဝေမျော်စင် ဆီကို လာနေတယ်။
သူမကရှင့်ကို ဒီမှာပဲ နေခိုင်းပြီး ထွက်မသွားအောင် တောင်းပန်ခဲ့တယ်။"
တကယ်တော့ ကျူအိုလန်ချင် မပြောခဲ့တဲ့ တခြားအရာတစ်ခု ရှိသေးတယ်။
ရှန်ဂွမ်ကျူကျူက သူမကသာ ယဲ့ယွီကို ဝုဝေမျော်စင် မှာ အောင်မြင်စွာ ထိန်းထားနိုင်ရင် သူမ အရမ်းမျှော်လင့်ခဲ့တဲ့ အလှအသွင်ပြောင်းကိုးပါးဆေးရည် ကို ပေးမယ်လို့ ကတိပေးခဲ့တယ်။
အဲဒီလို အလှအပဆေးလုံးမျိုးက ဒါကို အသုံးပြုခဲ့တဲ့သူတွေပဲ တကယ် နားလည်နိုင်တဲ့အရာပဲ။
ကံမကောင်းစွာပဲ ဒါက အရမ်းဈေးကြီးပြီး ကျူအိုလန်ချင်က ဒါကို ဝယ်ဖို့ သူမကိုယ်သူမ မတတ်နိုင်ခဲ့ဘူး။
အခု ဒီလိုအခွင့်အရေးမျိုး ရှိလာတော့ သူမက ယဲ့ယွီကို ပိုပြီး အာရုံစိုက်ဖို့ ဆန္ဒရှိတာက သဘာဝပဲ။
ဒါပေမယ့် ယဲ့ယွီရဲ့အခန်းက ရက်အနည်းငယ်ကြာအောင် မဖွင့်သေးတာကို မြင်တော့ ကျူအိုလန်ချင်က တစ်ခုခု မှားနေတာ ဖြစ်နိုင်တယ်လို့ ကြောက်သွားခဲ့တယ်။ စိုးရိမ်စိတ်နဲ့ သူမက အတင်း ဝင်လာခဲ့တယ်။
အခုတော့ ဒီအခြေအနေပဲ ဖြစ်တယ်။
ခဏလေး၊ တစ်ခုခု မှားနေသလိုပဲ။
နတ်ဝတ်ရုံတွေမှာ သူ့ဘာသာသူ သန့်ရှင်းရေးလုပ်တဲ့ အစီရင်တွေ ရှိတယ်။ အပူအအေးထိန်းညှိပေးတယ်။ ကိုယ်ခန္ဓာကိုသန့်ရှင်းမွှေးကြိုင်စေတယ်။ ဘယ်သူက သူတို့ရဲ့ဝတ်ရုံကို ဒီလို ပေါ့ပေါ့တန်တန် ချွတ်တာလဲ။
ကျူအိုလန်ချင်က ရုတ်တရက် ရှုပ်ထွေးမှုတွေနဲ့ ပြည့်လာခဲ့တယ်။
ယဲ့ယွီက 'စိတ်မပူပါနဲ့၊ ကျွန်တော် သူမ ပြန်လာတာကို ဒီမှာ စောင့်နေပါ့မယ်' လို့ ပြောလိုက်တယ်။
"အိုး၊ ကောင်းပါပြီ။ရှင် တစ်ခုခု လိုအပ်ရင် ကျွန်မကို အချိန်မရွေး ပြောလို့ရပါတယ်။"
ကျူအိုလန်ချင်က လေးစားမှုရှိတဲ့ပုံစံနဲ့ လက်တွေကို ယှက်ပီး ထားလိုက်တယ်။
အခြေအနေက အဆင်မပြေတဲ့အတွက် သူမက သူမရဲ့သံသယတွေကို မမေးခဲ့ဘူး။
သူမက အခန်းထဲကနေ ဖြည်းဖြည်းချင်း ထွက်လာပြီး တံခါးအပြင်ကို ထွက်သွားခဲ့တယ်။
သူမရဲ့စိတ်ထဲမှာ ဗလောင်းဗလဲဖြစ်နေတယ်။
တကယ်တော့ ဒါကို စဉ်းစားတာက နည်းနည်း စိတ်လှုပ်ရှားစရာ ကောင်းခဲ့တယ်။
သူမရဲ့ ရင်းနှီးတဲ့မိတ်ဆွေရဲ့ နတ်အဖော်က သူ့ရဲ့ဝတ်ရုံကို လဲနေတာကို သူမ ခုလေးတင်ပဲ မြင်ခဲ့တယ်။
ဒါကို... တန်းလန်းလေး....
အဟမ်း၊ ရပ်တော့! ဒါကို မတွေးတော့နဲ့။
သူမက ဒါကို ဆက်တွေးနေရင် အရာတွေက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားလိမ့်မယ်။
ကျူအိုလန်ချင်က သူမရဲ့ခေါင်းကို နည်းနည်း ယမ်းလိုက်ပြီး မကောင်းတဲ့အတွေးတွေကို စိတ်ထဲက ထုတ်ပစ်လိုက်တယ်။
သူမက ဂိုဏ်းရဲ့အကာအကွယ်ပုံစံကို ဖွင့်လိုက်ပြီး အပြင်ဘက်ကို တည့်တည့် လျှောက်သွားခဲ့တယ်။
ဒီအချိန်အတွင်း သူမက ဝုဝေမျော်စင် နဲ့ ပတ်သက်တဲ့ အရာအားလုံး အဆင်ပြေတယ်ဆိုတာကို သတိထားမိခဲ့ပေမယ့် ဒါက ဂိုဏ်းရဲ့အသွင်ပြင်ခန့်ညားအောင် အလှဆင်မှုတွေ နည်းနည်း လိုအပ်နေခဲ့တယ်။
သူမက အပြင်ကို သွားပြီး လှပတဲ့ပန်းတွေ ရှာဖို့ ဆုံးဖြတ်ခဲ့တယ်။ သူမရဲ့နှလုံးသားကို စိတ်ငြိမ်သက်မှုတစ်ခု ယူဆောင်လာဖို့ မျှော်လင့်ခဲ့တယ်။
သို့သော်လည်း ကျူအိုလန်ချင် ထွက်သွားပြီး မကြာခင်မှာ ပုံရိပ်သုံးခုက ဝုဝေမျော်စင် အနီးကို ရောက်လာခဲ့တယ်။
သူတို့က တစ်ယောက်က အသက်ကြီးတယ်၊ တစ်ယောက်က အလယ်အလတ်အရွယ်ဖြစ်ပြီး တစ်ယောက်က ငယ်ရွယ်တဲ့အတွက် အတော်လေးကို အဆင်မပြေတဲ့ပုံပေါ်နေခဲ့တယ်။ ဒါက အဘိုး၊ ဖခင်နဲ့ သား သုံးယောက်ပုံစံနဲ့ တူနေခဲ့တယ်။
ဒါပေမယ့် သူတို့ရဲ့အနေအထားအရ ကျန်နှစ်ယောက်က လူငယ်လေးကို အရိုသေပေး ဉီးညွှတ်ကာ အာရုံစိုက်နေခဲ့ကြတယ်။
ဒီလို ထူးဆန်းတဲ့ပေါင်းစပ်မှုမှာ သူတို့ရဲ့နောက်မှာ ငါးမျှားတံတွေနဲ့ တောင်းတွေ ရှိနေခဲ့တယ်။
ဟုတ်တယ်၊ သူတို့က ကောင်းကင်ဘုံနယ်မြေရဲ့ ငါးဖမ်းသမားတွေဖြစ်တဲ့ **ကျန်းယွင်၊ ချူရီရှန်ကျိနဲ့ ချန်ကျိကီ** တို့ပဲ။
သူတို့ရဲ့ ကောင်းကင်ဘုံနယ်မြေရဲ့ ကံကြမ္မာကို ငါးမျှားတာကို စွန့်လွှတ်ပြီးနောက် သူတို့ကစိတ်ကူးအသစ်တွေပေါ်လာပြီး သူတို့ကိုယ်သူတို့ နာမည်ကောင်းရဖို့ ဆုံးဖြတ်ခဲ့တယ်။
လက်ရှိမှာ ကောင်းကင်ဘုံနယ်မြေမှာ ကောင်းကင်အဆင့်နတ်ဘုရား လောကဘုံ အောက်က နတ်တွေပဲ နိုးထခဲ့ကြတယ်။ ရွှေနတ်ဘုရား နဲ့ နတ်ဘုရားသခင်အဆင့်အပြင် တခြားသူတွေကတော့ အနက်ရှိုင်းဆုံး အိပ်စက်နေတုန်းပဲ။
လက်ရှိအခြေအနေအရ ကျန်းယွင်ရဲ့ အလယ်အလတ်အဆင့်မြေနတ်ဘုရားကျင့်ကြံမှုအဆင့် က အတော်လေးကို အင်အားကြီးနေခဲ့ပြီ။
သူက ကောင်းကင်ဘုံနယ်မြေကို လွှမ်းမိုးဖို့ ဂိုဏ်းတွေကို လိုက်ပီးတိုက်ခိုက်တာမျိုး မလုပ်ခဲ့ဘူး၊ ဒါပေမယ့် တိုက်ပွဲငယ်တွေမှာတော့ ရန်သူတွေကို အေးဆေးစွာ အနိုင်ယူနိုင်သည်အထိ စွမ်းအားကြီးမားတဲ့သူတွေ အဖြစ်ရပ်တည်နေခဲ့ကြတယ်။
ပြီးတော့ နဂါးဘုရင်ခြင်းတောင်း နဲ့ တိမ်ပြိုငါးမျှားတံ ကို ကိုင်ဆောင်ထားတဲ့အတွက် သူတို့က ကောင်းကင်အဆင့်နတ်ဘုရား တစ်ယောက်နဲ့ တိုက်ပွဲမဖြစ်မချင်း လုံခြုံရေးက စိုးရိမ်စရာ မရှိဘူး။
နှစ်ပေါင်းများစွာ သတ်မှတ်ထားတဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်နောက်လိုက်ပြီးနောက် သူတို့က ငြိမ်းချမ်းတဲ့ဘဝကိုနေထိုင်လာခဲ့ကြတယ်။
အခု ကံကြမ္မာကို ငါးမျှားတာကို ဘယ်ကမှန်းမသိတဲ့ နတ်ဘုရားပေါက်စကြောင့် စွန့်လွှတ်ပြီးနောက် သူတို့က ရုတ်တရက်ဘာလုပ်ရမှန်းမသိ ရှုပ်ထွေးကာ ကျန်နေခဲ့တယ်။
သူတို့ ဘယ်ကို သွားသင့်လဲ။
သူတို့က လှည့်လည်သွားလာနေတဲ့ ကျင့်ကြံသူတွေအဖြစ် ဆက်နေနိုင်မလား။ ရှုပ်ထွေးတဲ့ဘဝကို ဦးဆောင်မလား။
သုံးယောက်က ဒီကိစ္စကို ဆွေးနွေးခဲ့ကြတယ်။
ချူရီရှန်ကျိက ဒီနေ့ခေတ်မှာ လှည့်လည်သွားလာနေတဲ့ ကျင့်ကြံသူအများစုက ကောင်းကင်ဘုံနယ်မြေရဲ့ အပျက်အစီးတွေထဲမှာ အရာတွေ ရှာဖွေတာကိုပဲ ဂရုစိုက်ကြတယ်လို့ ထောက်ပြခဲ့တယ်။
ထိရောက်မှုက အလွန်နိမ့်တယ်။
ဒါ့အပြင် သူတို့က အင်အားကြီးဂိုဏ်းတွေက နတ်တွေနဲ့ တွေ့တဲ့အခါ ခုခံဖို့တောင် သတ္တိမရှိဘူး။
အချိန်ကြာလာတာနဲ့အမျှ သူတို့ ရှာဖွေနိုင်တဲ့အရာတွေက ပိုပြီး နည်းလာခဲ့တယ်။
ဒါ့အပြင် ဂိုဏ်းရဲ့အပျက်အစီးတွေက စဉ်ဆက်မပြတ် ရှိနေတဲ့ အရင်းအမြစ် မဟုတ်ဘူး။
အချိန်ကြာလာတာနဲ့အမျှ သူတို့က ကုန်သွားလိမ့်မယ်။
အပျက်အစီးတွေထဲမှာ အရာတွေအတွက် တခြားလှည့်လည်သွားလာနေတဲ့ ကျင့်ကြံသူတွေနဲ့ ယှဉ်ပြိုင်မယ့်အစား ချူရီရှန်ကျိက သူတို့ရဲ့ကိုယ်ပိုင်ဂိုဏ်းကို တည်ထောင်ဖို့ ဒီအခွင့်အရေးကို ယူသင့်တယ်လို့ အကြံပြုခဲ့တယ်။
သူတို့ အောင်မြင်ခဲ့ရင် သူတို့က ကောင်းကင်ဘုံနယ်မြေက လှည့်လည်သွားလာနေတဲ့ ကျင့်ကြံသူအားလုံးကို သူတို့ရဲ့ထိန်းချုပ်မှုအောက်မှာ ထားနိုင်တယ်။
ဒါက ဘယ်သူမှ လျစ်လျူရှုလို့မရတဲ့ အင်အားစုတစ်ခု ဖြစ်လာလိမ့်မယ်။
ဒါကို လုပ်ပြီးတာနဲ့ ညီအစ်ကိုသုံးယောက်ရဲ့အနေအထားက သဘာဝအတိုင်း တက်လာလိမ့်မယ်၊ ပြီးတော့ သူတို့က ကောင်းကင်ဘုံနယ်မြေမှာ သူတို့ကိုယ်သူတို့ နာမည်ကောင်း ရလိမ့်မယ်။
ဒီစကားကို ကြားတော့ အကြီးဆုံးအစ်ကိုဖြစ်တဲ့ ကျန်းယွင်နဲ့ အငယ်ဆုံးအစ်ကိုဖြစ်တဲ့ ချန်ကျိကီတို့က သဘောကျတဲ့ပုံစံကို ပြသခဲ့ကြတယ်။
ကောင်းကင်ဘုံနယ်မြေရဲ့ မဟာဘေးအန္တရာယ် မတိုင်ခင်က သူတို့က အစစ်အမှန်နတ်ဘုရား လောကဘုံ ရဲ့ အနိမ့်ဆုံးအဆင့်မှာ ရှိနေခဲ့ကြတယ်။
အဲဒီတုန်းက သူတို့အားလုံးက လှည့်လည်သွားလာနေတဲ့ ကျင့်ကြံသူတွေပဲ၊ ပြီးတော့ သူတို့က ဒီလိုဘဝမျိုးရဲ့ အခက်အခဲတွေကို သဘာဝအတိုင်း မြည်းစမ်းခဲ့ကြတယ်။
သူတို့က တခြားသူတွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတယ်။
အခု အခွင့်အရေးတစ်ခု ရောက်လာပြီဆိုတော့ သူတို့က ဒါကို အသုံးချဖို့ သဘာဝအတိုင်း ဆန္ဒရှိကြတယ်။
ဆွေးနွေးပြီးနောက် ကျန်းယွင်၊ ချူရီရှန်ကျိနဲ့ ချန်ကျိကီတို့က သူတို့ရဲ့ဂိုဏ်းအခြေစိုက်စခန်းအဖြစ် ပြောင်းလဲခြင်းသုံးသွယ်ခန်းမ ရဲ့ အပျက်အစီးတွေကို ပစ်မှတ်ထားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
သူတို့က ဂိုဏ်းတည်ထောင်ဖို့လိုအပ်မဲ့ ပစ္စည်းအချို့ စုဆောင်းဖို့၊ အပျက်အစီးတွေကိုပြုပြင်ဖို့နဲ့ ဂိုဏ်းတစ်ခု ပြန်လည်တည်ဆောက်ဖို့ စီစဉ်ခဲ့တယ်။
ဒါပေမယ့် သူတို့သုံးယောက် မမျှော်လင့်ထားတာက သူတို့ ပစ္စည်းတွေနဲ့ နောက်နေ့ ပြန်လာတဲ့အခါ သူတို့က မူလအပျက်အစီးတွေက တစ်ညတည်းနဲ့ ကြီးကျယ်ခမ်းနားတဲ့ ဂိုဏ်းသစ်တစ်ခုအဖြစ် ပြောင်းလဲသွားတာကို တွေ့ခဲ့ရတယ်။
နာမည်က ဝုဝေမျော်စင် လို့ ဖြစ်ပုံရတယ်။
ဟုတ်တယ်။
အိပ်မက်နယ်ပယ်မှာ ဝုဝေမျော်စင် ကို ဖန်တီးတာက ပြောင်းလဲခြင်းသုံးသွယ်ခန်းမ ရဲ့နေရာမှာ ဖြစ်ပွားခဲ့တယ်။
ကျန်းယွင်တို့နေရာဦးပီးခနလောက်လေးထားခဲ့မိတဲ့နောက်မှာတောင် ဒါက ဒီနေရာမှာပဲ ပေါ်လာခဲ့တယ်။
ဒီဂိုဏ်းသစ်က တစ်ညတည်းနဲ့ ရုတ်တရက် ပေါ်လာတာက ကျန်းယွင်နဲ့ တခြားသူတွေကို လုံးဝ အံ့အားသင့်စေခဲ့တယ်။
ဒါပေမယ့် သူတို့က ဒီလို အဓိကနေရာကို လက်လွှတ်ဖို့ မတတ်နိုင်ခဲ့ဘူး။
ဒါကြောင့် သူတို့က ဒါကို ဘယ်သူက တည်ဆောက်ခဲ့တာလဲဆိုတာကို စစ်ဆေးဖို့ ချူရီရှန်ကျိနဲ့ ချန်ကျိကီတို့ကို စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။
သူတို့ မမျှော်လင့်ထားတာက ဂိုဏ်းသစ်မှာ အမျိုးသမီး နတ်နှစ်ပါးပဲ ရှိနေခဲ့တယ်။
တစ်ယောက်က ဆန်းကျယ်နတ်ဘုရားလောကဘုံ ရဲ့ အစောပိုင်းအဆင့်မှာ ရှိပြီး ကျန်တစ်ယောက်ကတော့ အစစ်အမှန်နတ်ဘုရား လောကဘုံ ရဲ့ အထွတ်အထိပ်မှာ ရှိတယ်။
အစစ်အမှန်နတ်ဘုရား က အဲဒီညက ထွက်သွားခဲ့တယ်။
ဒါပေမယ့် ဆန်းကျယ်နတ်ဘုရားလောကဘုံ ရဲ့ အစောပိုင်းအဆင့်ကတော့ နောက်မှာ ကျန်နေခဲ့တယ်။
ဒါကို အတည်ပြုပြီးနောက် ကျန်းယွင်၊ ချူရီရှန်ကျိနဲ့ ချန်ကျိကီတို့က သူတို့ကို ချောင်းမြောင်းတိုက်ခိုက်ဖို့ ချက်ချင်း ဆုံးဖြတ်ခဲ့ကြတယ်။
ဆန်းကျယ်နတ်ဘုရားလောကဘုံ ရဲ့ အစောပိုင်းအဆင့်လား။
ဟဲဟဲ၊ မြေနတ်ဘုရားအလယ်လတ်အဆင့် ဖြစ်တဲ့ ကျန်းယွင်က လှုပ်ရှားဖို့တောင် မလိုအပ်ဘူး။
ချူရီရှန်ကျိနဲ့ ချန်ကျိကီတို့က သူမကို အလွယ်တကူ ကိုင်တွယ်နိုင်တယ်။
အဲဒီအချိန်မှာ သူတို့က ဂိုဏ်းကို သူတို့ကိုယ်သူတို့ သိမ်းပိုက်ပြီး နာမည်ကိုပဲ ပြောင်းလဲလိုက်ရုံပဲ။ ဒါက သူတို့အတွက် အားထုတ်မှုများစွာကို သက်သာစေလိမ့်မယ်။
အရာအားလုံးကို ပြီးပြည့်စုံစွာ စီစဉ်ထားခဲ့တယ်။
အရာအားလုံး အဆင်သင့်ပဲ။ သူတို့က မှန်ကန်တဲ့အချိန်ကိုပဲ စောင့်နေခဲ့ကြတယ်။
ခဏအကြာမှာ။
ကျူအိုလန်ချင်က သူမရဲ့လက်ထဲမှာ နတ်ပန်းတွေကို ကိုင်ပြီး ဝုဝေမျော်စင် ကို ပြန်လာခဲ့တယ်။
သူမက သူမရဲ့လက်ကို ဝှေ့ယမ်းလိုက်တယ်၊ ပြီးတော့ အကာအကွယ်ပုံစံက ပွင့်သွားခဲ့တယ်။
ဒါပေမယ့် သူမ ဝင်တော့မယ့်အချိန်မှာ ကျန်းယွင်၊ ချူရီရှန်ကျိနဲ့ ချန်ကျိကီတို့ရဲ့ ပုံရိပ်တွေက သူမရှေ့မှာ ပေါ်လာခဲ့တယ်။
သူတို့ရဲ့ အင်အားကြီးတဲ့ နတ်အငွေ့အသက်ကို ခံစားရင်း ကျူအိုလန်ချင်က သူမရဲ့မျက်လုံးတွေကို နည်းနည်း ကျဉ်းလိုက်တယ်။
သူမက အသံတိုးတိုးနဲ့ 'ရှင်တို့ ဘယ်သူတွေလဲ' လို့ ပြောလိုက်တယ်။
ကျန်းယွင်က ပြုံးပြီး 'နတ်မိတ်ဆွေ၊မင်းရဲ့ဂိုဏ်းတည်ဆောက်မှုက အတော်လေးကို အထင်ကြီးစရာကောင်းပုံရတယ်။ ဒါကို ကျွန်တော်တို့ဆီ လွှဲပြောင်းပေးတာ ဘယ်လိုလဲ' လို့ ပြောလိုက်တယ်။
"တတိယအစ်ကို၊ ဂိုဏ်းထဲကို ဝင်ပြီး တခြားသူ တစ်ယောက်ယောက် ရှိမရှိ စစ်ဆေးလိုက်။"
"ဒုတိယအစ်ကို၊ ဒီနတ်သမီးကို သတ်လိုက်။"
၄၃၄ ဆက်ရန်
---