← Chapters

အခန်း (၄၃၄)

Vol. 19 Ch. 434

အခန်း (၄၃၄)

Vol. 19 Ch. 434

ငါးဖမ်းသမားတွေဖြစ်တဲ့ ကျန်းယွင်၊ ချူရီရှန်ကျိနဲ့ ချန်ကျိကီတို့ရဲ့မျက်လုံးထဲမှာ ဝုဝေမျော်စင် ရဲ့နတ်ဖွဲ့စည်းပုံအစီရင်ကို အတွင်းကလူက မပိတ်သရွေ့ ဒီဂိုဏ်းကို ထိန်းချုပ်တာက အိတ်ထဲကနေ တစ်ခုခုကို ဆွဲထုတ်သလို လွယ်ကူလိမ့်မယ်။

ချန်ကျိကီက ဝုဝေမျော်စင် ထဲကို ဝင်တော့မယ့်အချိန်မှာ ရပ်လိုက်တယ်၊ သူ့အသံက တိုးတိုးလေးဖြစ်ပြီး 'အကိုကြီး၊ ကျွန်တော် ဒုတိယညီလေးနဲ့ တာဝန် လဲလို့ရမလား။ ဘာမှ မဟုတ်ပါဘူး၊ ကျွန်တော်က ဒီနတ်သမီးမှာ ကောင်းတဲ့အငွေ့အသက်ရှိတယ်လို့ ထင်လို့ပါ၊ ပြီးတော့ ကျွန်တော် သူမကို ပိုပြီး ကိုယ်ခန္ဓာချင်း ဟဲဟဲ... ရင်းနှီး သိကျွမ်းချင်တယ်' လို့ ပြောလိုက်တယ်။

ချူရီရှန်ကျိက သူ့ရဲ့မျက်နှာကို လက်တစ်ဖက်နဲ့ အုပ်ထားပြီး စကားမပြောနိုင်ဖြစ်နေခဲ့တယ်။

သူတို့က ကံကြမ္မာကို ငါးမျှားဖို့ ကောင်းကင်မြစ်ကို ထွက်ခွာသွားခဲ့ကတည်းက ချန်ကျိကီက အချိန် အကြာကြီး မိန်းမ နံ့မရှူရတာ အရမ်းကြာသွားလို့နဲ့ တူတယ်။ အခု သူ တွေ့ခဲ့တဲ့ နတ်သမီးတိုင်းက သူ "ကောင်းတဲ့ ကိုယ်သင်းနံ့" ရှိတဲ့သူတစ်ယောက်လိုထင်နေပြီး သူတို့နဲ့ "အပြန်အလှန် အိပ်ရာထက်ကိုခေါ်ပီး ဆက်ဆံ" ချင်နေခဲ့တယ်။

သူ ဒါကို နားမလည်နိုင်ခဲ့ဘူး။

သူက နှစ်ပေါင်းများစွာ နတ်တစ်ပါး ဖြစ်နေခဲ့ပြီလေ၊ ဒီဆိုးသွမ်းတဲ့ အကျင့်က ဘယ်ကနေ လာတာလဲ။

ဒီလို တွေးခဲ့တာ ချူရီရှန်ကျိ တစ်ယောက်တည်း မဟုတ်ခဲ့ဘူး၊ ကျန်းယွင်လည်း ရှုပ်ထွေးနေခဲ့တယ်။

တကယ်လို့ တခြားအချိန်သာဆိုရင် သူတို့က သဘောတူခဲ့ကြလိမ့်မယ်။

ဒါပေမယ့် အခုအချိန်မှာတော့ လုံးဝ မဖြစ်နိုင်ဘူး။

ဝုဝေမျော်စင် ကို ထိန်းချုပ်တာက သူတို့အတွက် အရေးအကြီးဆုံး ပထမဆုံးခြေလှမ်းပဲ။

ကျန်းယွင်က အခု မှားယွင်းမှုတစ်ခု လုပ်ဖို့ မတတ်နိုင်ဘူး။

"တတိယညီလေး၊ ငါနောက်တခါ ပြန်မပြောချင်ဘူး။ တကယ်လို့ ထပ် ပြောရရင် ငါ အရမ်း ဒေါသထွက်လိမ့်မယ်။မင်း နားလည်လား။"

သတ်ချင်တဲ့ရည်ရွယ်ချက်ရဲ့ လျှပ်တစ်ပြက်အငွေ့အသက်ကို ခံစားလိုက်ရတော့ ချန်ကျိကီက လျင်မြန်စွာ ခေါင်းညိတ်လိုက်ပြီး မြန်နှုန်းအပြည့်နဲ့ ဝုဝေမျော်စင် ထဲကို အပြေးဝင်သွားခဲ့တယ်။ ရှာဖွေဖို့ စတင်ခဲ့တယ်။

ဒါပေမယ့် အတွင်းစိတ်ထဲမှာ သူက ကျန်းယွင်နဲ့ ချူရီရှန်ကျိတို့ကို ကျိန်ဆဲနေခဲ့တယ်။

ဒီမှာ ဘာများ အထူးတလည် ရှိလို့လဲ။ သူတို့ ဒါကို စုံစမ်းပြီးသား မဟုတ်ဘူးလား။

ဒီဂိုဏ်းမှာ မိန်းမနှစ်ယောက်ပဲ ရှိတယ်။

သူတို့ထဲက တစ်ယောက်က ထွက်ပြေးသွားခဲ့ပြီ။

အပြင်က နတ်သမီးမှတစ်ပါး တခြားတစ်ယောက်ယောက် ရှိနိုင်ပါ့မလား။

သူတို့က ငါးမျှားတာတွေအားလုံးကနေ လုံးဝ ရူးသွပ်သွားခဲ့ပြီပဲ။

ချန်ကျိကီက အရှိန်မြှင့်လိုက်တယ်၊ ဝုဝေမျော်စင် ရဲ့အပေါ်မှာလှည့်ပတ်ပီးကြည့်နေခဲ့ပြီး မြန်မြန် ပြီးအောင်လုပ်ပြီး ပြန်လာချင်ခဲ့တယ်။ ဖြစ်နိုင်တာက သူက ဟိုအလန်းစားနတ်သမီးကို စားဖို့အချိန်ရနိုင်သေးအောင်ပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလို လှပတဲ့နတ်သမီးတွေကို တွေ့ရတာ ခက်ခဲတယ်။

ချန်ကျိကီက ဒီလို တွေးနေတုန်းမှာ သူက ရှေ့မှာ ဝါးတဲတစ်ခုမှာ ရပ်နေတဲ့ ချောမောတဲ့လူငယ်လေးတစ်ယောက်ကို ရုတ်တရက် သတိထားမိလိုက်တယ်။ သူ့လက်တွေကို သူ့ရဲ့နောက်မှာ ထားထားပြီး သူ့ရဲ့မျက်နှာမှာ တမင်လုပ်ပြနေတဲ့ အပြုံးတစ်ခု ရှိနေခဲ့တယ်။

ဒါက သူက "သူငယ်ချင်းဟောင်း" တစ်ယောက်ကို ကြည့်နေသလိုပဲ။

ကြောက်ရွံ့တဲ့ပုံ လုံးဝ မရှိခဲ့ဘူး။

ဘာတွေဖြစ်နေတာလဲ။

ဘာလို့ ချန်ကျိကီက သူ့အကြောင်း အရမ်း ထူးဆန်းတယ်လို့ ခံစားရတာလဲ။

ဝုဝေမျော်စင် အပြင်မှာ ချူရီရှန်ကျိက ကျူအိုလန်ချင်ကို ပြင်းထန်တဲ့ တိုက်ခိုက်မှုတစ်ခု လုပ်ခဲ့တယ်။

သူတို့ကြားမှာ ကျင့်ကြံမှု ကွာဟချက် အနည်းငယ် ရှိပေမယ့် ကျူအိုလန်ချင်က သူမရဲ့အနေထားကို ထိန်းထားနိုင်ပီး အပြန်အလှန်တိုက်ခိုက်နေတုန်းပဲ။

တိုက်ပွဲအတွင်း သူမက ယဲ့ယွီကို တကယ် စိုးရိမ်တဲ့အတွက် ဝုဝေမျော်စင် ကို တစ်ခါတစ်ရံ ပြန်ကြည့်ခဲ့တယ်။

ရှန်ဂွမ်ကျူကျူက သူမရဲ့နတ်အဖော်အကြောင်းကို အများကြီး ဂရုစိုက်တယ်ဆိုတာကို သူမ ကောင်းကောင်း သိတယ်။

ဒါပေမယ့် ယဲ့ယွီက အစစ်အမှန်နတ်ဘုရား လောကဘုံ မှာပဲ ရှိနေသေးတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အထိ သူ့ပေါ်မှာ လူသားစွမ်းအင်တွေ ကျန်နေတုန်းပဲ။

သူ့ရဲ့ကျင့်ကြံမှုနဲ့ သူက ချန်ကျိကီဆိုတဲ့ အဲဒီအဖိုးကြီး အကျင့်ပျက်ကို နိုင်အောင်မတိုက်နိုင်ဘူး။

ယဲ့ယွီကို ကယ်ဖို့ ကျူအိုလန်ချင်က ချူရီရှန်ကျိကို ယာယီ နောက်ပြန်ဆုတ်ဖို့ နတ်ဘုရားနည်းပညာတစ်ခုကို အသုံးပြုခဲ့တယ်။

ဒီအခွင့်အရေးကို အသုံးချပြီး သူမက အမြန်လှည့်ပြီး ဝုဝေမျော်စင် ဆီကို အပြေးသွားခဲ့တယ်။

ဒါပေမယ့် အဲဒီအချိန်မှာပဲ အနီးအနားကနေ ကြည့်နေတဲ့ ကျန်းယွင်က ရုတ်တရက် သူ့ရဲ့လှုပ်ရှားမှုကို လုပ်လိုက်တယ်။နတ်ဘုရားနည်းစနစ်တခုကို အလစ်ငိုက်သုံးလိုက်တာကြောင့် ကြီးမားတဲ့အပြာရောင်လှောင်အိမ်တစ်ခုမှာ ကျူအိုလန်ချင်ကို ချက်ချင်း ပိတ်မိသွားခဲ့တယ်။

ကျန်းယွင်က ဖြည်းဖြည်းချင်း 'ငါတို့ အရမ်းကြာကြာ စောင့်ခဲ့ရပြီ။ ဒုတိယညီလေး၊ သူမကို သတ်လိုက်၊ ပြီးတော့ ဂိုဏ်းကို သိမ်းယူမယ်' လို့ ပြောလိုက်တယ်။

"နားလည်ပြီ!"

ချူရီရှန်ကျိက လေထဲကို ခုန်တက်သွားတယ်၊ သူ့ရဲ့နောက်ကနေ တိမ်ပြိုငါးမျှားတံ ကို ဆွဲထုတ်ပြီး အဲဒီထဲကို နတ်စွမ်းအင်ကို ထည့်သွင်းလိုက်တယ်။

ချက်ချင်းဆိုသလို တိမ်ပြိုငါးမျှားတံ က ရွှေရောင်အလင်းနဲ့ တောက်ပလာခဲ့တယ်။

ရွှေရောင်နဂါးပုံစံ ရုပ်ယောင်တစ်ခုက ပေါ်ထွက်လာပြီး ကျူအိုလန်ချင်ဆီကို ဦးတည်လာခဲ့တယ်။

သို့သော်လည်း သူမက လှောင်အိမ်ထဲမှာ ကြွက်ငယ်လေးတကောင်လို လုံးဝ ပိတ်မိနေပြီး ရှောင်လို့မရခဲ့ဘူး။

သူမက လက်တွေကို ယှက်ပြီး တိုက်ခိုက်မှုကို ပိတ်ဆို့ဖို့ အတားအဆီးနည်းစနစ်တစ်ခုကို ဖန်တီးခဲ့တယ်။

ဒါပေမယ့် တိမ်ပြိုငါးမျှားတံ က အဆင့်မြင့်တဲ့ နတ်လက်နက်တစ်ခု ဖြစ်ပြီး ချူရီရှန်ကျိရဲ့အင်အားအပြည့် တိုက်ခိုက်မှုနဲ့ ဒါက အတားအဆီးကို အလွယ်တကူ ထိုးဖောက်သွားခဲ့တယ်။

ဒါက ကျူအိုလန်ချင်ဆီကို မြှားတစင်းပမာ တည့်တည့်သွားခဲ့တယ်။

ဒါ မကောင်းဘူး။

ကျူအိုလန်ချင်ရဲ့နှလုံးသားက အချက်ပေးသံနဲ့ ဆောက်တည်ရာမရအောင် လှုပ်ခတ်သွားခဲ့တယ်။

အဲ့ဒိအချိန်မှာ လူပုံသဏ္ဌာန်တစ်ခုက ဝုဝေမျော်စင် ကနေ လျှပ်စီးမြန်နှုန်းနဲ့ ပစ်ထွက်လာခဲ့ပြီး ကျူအိုလန်ချင်ဆီကို ထိမှန်တော့မဲ့ ရွှေရောင်နဂါးကို ဝင်တိုက်သွားခဲ့တယ်။

ကျန်းယွင်နဲ့ ချူရီရှန်ကျိတို့က အနီးကပ်ကြည့်လိုက်တော့ တိုက်ခိုက်မှုကို ပိတ်ဆို့ခဲ့တဲ့သူက သူတို့ရဲ့တတိယညီလေး ချန်ကျိကီမှတစ်ပါး တခြားဘယ်သူမှ မဟုတ်ဘူးဆိုတာကို မြင်တော့ အံ့အားသင့်သွားခဲ့တယ်။

ရွှေရောင်နဂါးရဲ့သက်ရောက်မှုအောက်မှာ ချန်ကျိကီရဲ့ခန္ဓာကိုယ်က လုံးဝ ထိုးဖောက်ခံခဲ့ရပြီး သူ့ရဲ့နတ်ပုံစံက အကြီးအကျယ် ပျက်စီးသွားခဲ့တယ်။

ကျန်းယွင်နဲ့ ချူရီရှန်ကျိတို့က ချန်ကျိကီက သူ့ကိုယ်သူ သတ်သေပြီး နတ်သမီးကို ကယ်လိမ့်မယ်လို့ သဘာဝအတိုင်း မယုံခဲ့ကြဘူး။

တစ်ယောက်ယောက်က သူ့ကို ပစ်ထုတ်လိုက်တာ ဖြစ်ရမယ်။

သူတို့ရဲ့မျက်နှာအမူအရာတွေက တင်းမာသွားခဲ့တယ်။

သူတို့က သူတို့ရဲ့အာရုံကို ဝုဝေမျော်စင် ပေါ်မှာ တင်းတင်းကျပ်ကျပ် အာရုံစိုက်လိုက်တယ်။

ခဏအကြာမှာ။

အနက်ရောင်ဝတ်ရုံနဲ့ ပုံရိပ်တစ်ခုက အတွင်းကနေ ထွက်လာခဲ့ပြီး ပေါ့ပေါ့ပါးပါး သူတို့ဆီကို လျှောက်လာခဲ့တယ်။ ဒါက နဂါးဘုရင်ခြင်းတောင်းနဲ့ တိမ်ပြိုငါးမျှားတံ ကို ကိုင်ထားတဲ့ ယဲ့ယွီပဲ။

သူ့ရဲ့နောက်မှာ ချန်ကျိကီရဲ့ ဝိညာဉ်ရဲ့အပြာရောင်ပုံရိပ် ရှိနေခဲ့တယ်။

ယဲ့ယွီက တာအိုချုဂုန်းသိုင်းနည်းစနစ် ကို အသက်သွင်းပြီး ကျူအိုလန်ချင်ကို ပေါ့ပေါ့ပါးပါး ညွှန်ပြလိုက်တယ်။

နောက်တစ်ခဏမှာ လှောင်အိမ်တစ်ခုလုံးက အဖြူရောင်အလင်းနဲ့ ဝန်းရံခံလိုက်ရတယ်။

နှစ်ချက်အသက်ရှူပြီးနောက် ဒါက ချက်ချင်း ကြေမွသွားခဲ့တယ်။

အရာအားလုံးကို ပြီးဆုံးပြီးနောက် ယဲ့ယွီက လျစ်လျူရှုစွာ 'ကျန်းယွင်၊ ချူရီရှန်ကျိ၊မင်းတို့နှစ်ယောက်က နှစ်ပေါင်း တစ်သောင်းနီးပါး လူ့ပြည်ရဲ့ကံကြမ္မာကို ငါးမျှားနေတာ။ တကယ်ပဲ၊မင်းတို့မှာ သတ္တိရှိတယ်။' လို့ ပြောလိုက်တယ်။

ကျန်းယွင်နဲ့ ချူရီရှန်ကျိနှစ်ယောက်စလုံးက ထူးဆန်းတဲ့စကားကိုကြားလိုက်ရလို့ အံ့အောစွာနဲ့ထိတ်လန့်စွာ မျက်မှောင်ကြုတ်ခဲ့ကြတယ်။

တစ်ချိန်တည်းမှာ သူတို့နှစ်ယောက်စလုံးက ချန်ကျိကီရဲ့ဝိညာဉ်ကို ကြည့်လိုက်ကြတယ်။

သူတို့ ခန့်မှန်းခဲ့သလိုပဲ ယဲ့ယွီက ချန်ကျိကီပေါ်မှာ သူ့ရဲ့ဝိညာဉ်ရှာဖွေရေးနည်းပညာကို သုံးခဲ့တာ တကယ်ပဲ ဖြစ်တယ်။

ဝိဉာဉ်တသောင်းနည်းစနစ် ရဲ့အကူအညီနဲ့ ယဲ့ယွီက တိမ်ပြိုငါးမျှားတံ နဲ့ နဂါးဘုရင်ခြင်းတောင်းရဲ့လျှို့ဝှက်ချက်ကို သိခဲ့ရတယ်။

သူ အမြဲသံသယရှိခဲ့သလိုပဲ။

လူ့ပြည်မှာတုန်းက သူ အဲဒီ တာအိုလူငယ်တွေကို သတ်ခဲ့တုန်းက ယဲ့ယွီက ရင်းနှီးတဲ့ရနံ့တစ်ခုကို အနံ့ခံမိခဲ့တယ်၊ အဲဒါက ငါးစာနဲ့ ဆင်တူတယ်။

အထူးငါးစာ။

ဒါကို ခန္ဓာကိုယ် ပျက်စီးသွားတဲ့အခါ သေဆုံးပြီးမှပဲ အနံ့ခံလို့ရတယ်။

အဲဒီအချိန်ကတည်းက ယဲ့ယွီက ငါးဖမ်းသမား နတ်သုံးပါးကို သံသယရှိခဲ့ပြီးသားပဲ။

အခုတော့ သူ ဒါကို အတည်ပြုနိုင်ခဲ့ပြီ။

အဲဒီအခြေအနေမျိုး ဖြစ်ခဲ့တဲ့အတွက် ဒီငါးဖမ်းသမား နတ်သုံးပါးက သေထိုက်တယ်။

ဒါကို အိပ်မက်နယ်မြေက ဘဝအတွက် လက်စားချေမှုအဖြစ် သတ်မှတ်နိုင်တယ်။

ကျန်းယွင်နဲ့ ချူရီရှန်ကျိတို့က အကြည့်ချင်း ဖလှယ်ခဲ့ကြတယ်။

"ဒုတိယညီလေး၊ ဒီကလေးက ငါတို့ရဲ့လျှို့ဝှက်ချက်ကို သိနေတဲ့အတွက် သူ သေရမယ်။

လူ့ပြည်ရဲ့ကံကြမ္မာကို ငါးမျှားတာအကြောင်းကို ဘယ်သူ့ကိုမှ သိခွင့်ပေးလို့ မဖြစ်ဘူး။"

"အကိုကြီး၊လူ ခွဲပီး ချလိုက်ကြရအောင်။မင်းက ယောက်ျားကို ကိုင်တွယ် ပီး အနိုင်တိုက်လိုက် ၊ ကျွန်တော်က မိန်းမကို ကိုင်တွယ်မယ်။"

ကျန်းယွင်က နည်းနည်း ခေါင်းညိတ်လိုက်ပြီး တိုတောင်းတဲ့စကားပြောဆိုမှုကို အဆုံးသတ်လိုက်တယ်။

သူက ယဲ့ယွီကအလယ်လတ်အဆင့် ဆန်းကျယ်နတ်ဘုရားလောကဘုံ မှာပဲ ရှိနေတယ်ဆိုတာကိုမင်းးရှင်းလင်းလင်း မြင်နိုင်ခဲ့တယ်။

ကျင့်ကြံမှုအဆင့် တဆင့် လုံးလောက် ကွာခြားတယ်။

ကျန်းယွင်က ဒီလိုလူမျိုးကို ဘယ်လို မဆိုအေးဆေးနိုင်တယ်လို့် အပိုင်တွက်ထားခဲ့တယ်။

"နတ်မိတ်ဆွေ၊ တစ်ခါတစ်လေ အရမ်းသိတာက ကောင်းတဲ့အရာ မဟုတ်ဘူး၊ ပြီးတော့ ဒါကမင်းရဲ့အသက်ကို ဆုံးပါးစေနိုင်တယ်။

ဒါပေမယ့် စိတ်မပူပါနဲ့၊ နောက်ဘဝကျရင်သေချာ သတိထားလိုက်ပါ။"

လူငယ်လေးနဲ့တူတဲ့ ကျန်းယွင်က ဒါကို ပျော်ရွှင်စွာ ပြုံးပြီး ပြောလိုက်တယ်။

သူရဲ့မျက်နှာအမူအရာက သူ့ရဲ့အသက်အရွယ်အတွက် အတော်လေး ရင့်ကျက်နေခဲ့တယ်။

ဒါက အိပ်မက်နယ်မြေမှာတုန်းကအတိုင်း အတိအကျတူညီတယ်။

ဒီလိုအကြည့်မျိုးက တကယ်ကို ဒေါသထွက်စရာကောင်းတယ်။

ယဲ့ယွီက သူ့ရဲ့ညာလက်ကို မြှင့်လိုက်ပြီး လျှို့ဝှက်နည်းပညာတစ်ခုကို သုံးလိုက်တယ် - သွေးကောင်းကင်မီးတောက်နည်းစနစ်။

ချက်ချင်းဆိုသလို ကျန်းယွင်ရဲ့ခြေထောက်အောက်မှာ ထူးဆန်းတဲ့ သင်္ကေတတစ်ခု ပေါ်လာခဲ့ပြီး မျက်စိကျိန်းစရာ အလင်းကို ထုတ်လွှတ်နေခဲ့တယ်။

ကျန်းယွင်က မထီမဲ့မြင် ပြုံးလိုက်တယ်။

သူက ဒါက ဖွဲ့စည်းပုံနည်းပညာတစ်ခုလို့ အထင်သေးစွာပဲ ဗီဇအတိုင်း တွေးခဲ့တယ်။

သူကအလယ်လတ်အဆင့် ဆန်းကျယ်နတ်ဘုရားလောကဘုံ ရဲ့ ခါချဉ်ကောင်မာန်ကြီးပြနေတဲ့ ဖွဲ့စည်းပုံလောက်လေးကို အလေးအနက်မထားခဲ့ဘူး။

ဒါပေမယ့် သူ တစ်ခုခု မှားနေတယ်ဆိုတာကို လျင်မြန်စွာ သတိထားမိလိုက်တယ်။

အနက်ရောင်ကောင်းကင်မီးတောက်က သူ့ရဲ့ခန္ဓာကိုယ်အတွင်းကနေ ပြင်းထန်စွာ စတင်လောင်ကျွမ်းခဲ့တယ်။

သူ့ရဲ့အတွင်းက သွေးတွေက အံ့အားသင့်စရာကောင်းတဲ့နှုန်းနဲ့ လောင်ကျွမ်းခဲ့တယ်။

ကျန်းယွင်က ထိတ်လန့်သွားပြီး မီးတောက်ကို ငြိမ်းသတ်ဖို့ နတ်နည်းပညာတစ်ခုကို အမြန် အသုံးပြုခဲ့တယ်။

ဒါပေမယ့် ကောင်းကင်မီးတောက်က သူ့ရဲ့ခန္ဓာကိုယ်အတွင်းကနေ ဖြစ်ပေါ်လာပြီး သူ့ရဲ့သွေးကို လောင်စာအဖြစ် လောင်ကျွမ်းနေခဲ့တယ်။

ဒါကို ဘယ်လိုလုပ် ဒီလောက် လွယ်လွယ်ကူကူ ငြိမ်းသတ်နိုင်မှာလဲ။

နှစ်ချက်အသက်ရှူပြီးနောက် ကောင်းကင်မီးတောက်က အလွန်ကြီးထွားလာခဲ့ပြီး ကျန်းယွင်ရဲ့ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ဘာမှမကျန်အောင် လောင်ကျွမ်းစေခဲ့တယ်။

ဒီ မြေနတ်ဘုရား က သူ့ရဲ့ပေါ့ဆမှုအတွက် သူ့ရဲ့အသက်နဲ့ ပေးဆပ်ခဲ့တယ်။

ငါးဖမ်းသမား နတ်သုံးပါးက နှစ်ယောက် သေသွားခဲ့ပြီ၊ ချူရီရှန်ကျိတစ်ယောက်ပဲ ကျန်တော့တယ်။

ယဲ့ယွီက မော့ကြည့်လိုက်တယ်၊ ဒါပေမယ့် ချူရီရှန်ကျိရဲ့ခန္ဓာကိုယ်က ကြေမွနေတဲ့ကျောက်တုံးအဖြစ် ပြောင်းလဲသွားပြီး တိတ်ဆိတ်စွာ ကွဲအက်သွားတာကို တွေ့လိုက်ရတယ်။

၄၃၅ ဆက်ရန်

All Chapters