← Chapters

အခန်း (၄၄၀)

Vol. 19 Ch. 440

အခန်း (၄၄၀)

Vol. 19 Ch. 440

ဆိုရိုးစကားအတိုင်း မိန်းမတစ်ယောက်ရဲ့ နှလုံးသားက ပင်လယ်ထဲက အပ်တစ်ချောင်းလိုပဲ။

ရွေးချယ်စရာ နှစ်ခုကြားမှာ ရင်ဆိုင်ရတဲ့အခါ

အမှန်ကန်ဆုံးအဖြေက ဘယ်တော့မှ မပြောဖို့ပဲ။

အကြောင်းရင်းက ရိုးရှင်းတယ်။ တကယ်လို့မင်းက ဘိုင်မီလင်ကိုမင်း သူ့ကို ကြိုက်တယ်လို့ ပြောလိုက်ရင် သူမက သေချာပေါက် ဒါကို မယုံဘူးလို့ ပြောလိမ့်မယ်။

တကယ်လို့မင်းက ဘိုင်ရှီချူကို ကြိုက်တယ်လို့ ပြောရင်တော့ ဂုဏ်ယူပါတယ်၊မင်းက သေခြင်းအတွေ့အကြုံကတ်တစ်ခုကို ရလိမ့်မယ်။

ဒါကြောင့် ယဲ့ယွီက မုန်တိုင်းအားလုံးကို ခံယူခဲ့ပြီး ဒါကို ဘယ်တော့မှ မပြောခဲ့ဘူး။

လုပ်ဆောင်မှုတွေကသာ ကိုယ်တိုင် ပြောနေလိမ့်မယ်။

စာလုံးအလှရေးခြင်းကို တကယ်ပဲ အများကြီး လေ့ကျင့်ခဲ့တယ်။

ဒါက သူမတခါပြီးသွားတိုင်း ဒေါသတွေတခါလျော့သွားသလိုပဲ အပြုစုအယုယကောင်းလွန်းတဲ့ နည်းစနစ်ကြွယ်ဝလွန်းတဲ့ ယဲ့ယွီက ဘိုင်မီလင်ရဲ့ဒေါသကို အများကြီး လျှော့ချပေးခဲ့တယ်။

နောက်ပိုင်းမှာ ယဲ့ယွီက ဘိုင်မီလင်ကို ဒါက ဘိုင်ရှီချူဆိုတာ သူမ ဘယ်လို သိခဲ့တာလဲလို့ စူးစမ်းစွာ မေးခဲ့တယ်။

သူတို့ကြားမှာ ဘာဆက်ဆံရေးမှ ရှိလား။

ဒီလိုမေးခွန်းနဲ့ ရင်ဆိုင်ရတဲ့အခါ။

ဘိုင်မီက လှောင်ပြောင်ပြီး မဖြေခဲ့ဘူး၊ ဒါပေမယ့် ယဲ့ယွီကို ဒီ ရမက်နတ်ဆိုးအမှတ် က ဘယ်ကလာတာလဲလို့ မေးလိုက်တယ်။

ဒါကို သေအောင် ငြင်းဖို့ မတွေးပါနဲ့။

ဒါက အသုံးမဝင်ဘူး။

ယဲ့ယွီက ချက်ချင်းဆိုသလို အနက်ရောင်မျဉ်းတွေနဲ့ ပြည့်နေခဲ့တယ်။

ဒါက သေချာပေါက် အသုံးမဝင်ဘူး။ ဘိုင်မီလင်က သူ့ရှေ့က လူ ဘယ်သူလဲဆိုတာ မသိမချင်း သူ တွေးနေခဲ့တယ်။

အဲဒီအခါ ယဲ့ယွီက ဘိုင်ရှီချူက နည်းစနစ်ရဲ့ဘိုးဘွားဖြစ်တယ်လို့ အခိုင်အမာ ပြောလိမ့်မယ်။

ပြီးတော့ ဒီနည်းစနစ်က ဒီလောက် မှော်ဆန်တယ်။

ဒါပေမယ့် ဘယ်သူက လူတွေက ဘိုင်ရှီချူရဲ့ကိုယ်ပိုင်လက္ခဏာကို တစ်ချက်ကြည့်လိုက်တာနဲ့ မြင်နိုင်မယ်ဆိုတာ သိခဲ့မှာလဲ။

ဒီအခြေအနေမှာ ရမက်နတ်ဆိုးအမှတ် က ခိုင်လုံတဲ့အချက်တစ်ခု ဖြစ်ခဲ့တယ်၊ ပြီးတော့ ယဲ့ယွီက ဘယ်လောက်ပဲ စကားပြောကောင်းကောင်း ဒါက အသုံးမဝင်ဘူး။ သူက အမှန်တရားကိုပဲ ပြောပြနိုင်တယ်။

သူက ဘိုင်ရှီချူက သူ အပြိုင်လောကများ မှာ တွေ့ခဲ့တဲ့ မိန်းကလေးလည်း ဖြစ်တယ်လို့ ပြောခဲ့တယ်။

ဒါကြောင့် ရမက်နတ်ဆိုးအမှတ် ကို ထားခဲ့တာပဲ။

မဟုတ်ရင် သူမက နတ်ဆိုးကမ္ဘာမှာ ရှိနေပြီး ယဲ့ယွီက သွားလို့မရဘူး။

ဘိုင်မီလင်က စဉ်းစားဟန်နဲ့ ခေါင်းညိတ်လိုက်တယ်။

ဟုတ်တယ်။

ယနေ့ခေတ်မှာ ဘုံခြောက်ခုကြားက လမ်းကြောင်းတွေက ကြာမြင့်စွာကတည်းက ပျက်စီးနေပြီ၊ ပြီးတော့ တခြားဘုံတစ်ခုကို ခရီးသွားဖို့ အလွန်ခက်ခဲတယ်။

ဟေး၊ ဒါက ဘိုင်ရှီချူက နတ်ဆိုးကမ္ဘာမှာပဲ နေနိုင်ပြီး ကောင်းကင်ဘုံကို လုံးဝ မရောက်နိုင်ဘူးလို့ မဆိုလိုဘူးလား။

ဒီလိုတွေးလိုက်တဲ့အခါ။

ဘိုင်မီလင်ရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခု နောက်ဆုံးတော့ ပေါ်လာခဲ့တယ်။

ကောင်းပြီ၊ အရမ်းကောင်းတယ်!

ဘိုင်ရှီချူ၊မင်းက ရမက်နတ်ဆိုးအမှတ် ကို ထားခဲ့ရင် ဘာဖြစ်မလဲ။

ရှင်ကကျမရဲ့ခင်ပွန်းကို နတ်ဆိုးကမ္ဘာကို ဘယ်လိုခေါ်တွေ့ဖို့လုပ်နိုင်မှာ လဲ။

ရှင်က ကျွန်မကို မနိုင်ဘူး။

သို့သော်လည်း ဒီလိုဖြစ်နေရင်တောင် ဘိုင်မီလင်က ဒါကို ပေါ့ပေါ့တန်တန် မယူခဲ့ဘူး။

အစား သူက ယဲ့ယွီကို အနာဂတ်မှာ ဘိုင်ရှီချူအကြောင်း လျှို့ဝှက်စွာ မတွေးဖို့ ပြောခဲ့တယ်။

ရှင်က ကျမအကြောင်းကိုပဲ တွေးလို့ရတယ်။

ဒီနတ်ဆိုးမကို အမြန်ဆုံး မေ့ပစ်ဖို့ ကြိုးစားပါ။

တုံ့ပြန်မှုအနေနဲ့ ယဲ့ယွီက စိတ်မသက်မသာ ပြုံးရုံပဲ ပြုံးနိုင်ခဲ့တယ်။

အချစ်ဆိုတာမျိုးက ဘယ်လိုလုပ် ဒီလောက် လွယ်လွယ်ကူကူ မေ့နိုင်မှာလဲ။ ကိုကမိန်းမတွေအားလုံးကိုဒီနှလုံးသားတခုလုံးနဲ့အရမ်းကိုချစ်ခဲ့တာပါကွာ။

သို့သော်လည်း ဘိုင်မီလင်ရှေ့မှာ ယဲ့ယွီက အများကြီး မပြောခဲ့ဘူး။

သူက အချိန်အတိုင်းအတာတစ်ခုအထိ သူ့ရင်ဘတ်မှာစီးထားတဲ့ ပတ်တီးကိုပဲ ကြည့်နေခဲ့တယ်။

ဟုတ်တယ်။

ရမက်နတ်ဆိုး တက်တူးပုံ ကို တားဆီးဖို့ ဘိုင်မီလင်က ပတ်တီးတလိပ်ကို ယဲ့ယွီရဲ့ရင်ဘတ်တစ်ဝိုက်မှာ တိုက်ရိုက် ပတ်ထားခဲ့တယ်။

ပြီးတော့ သူက ရမက်နတ်ဆိုးအမှတ် ကို ဘယ်လို ဖျက်ပစ်ရမလဲဆိုတာကို လေ့လာနေတယ်လို့ ပြောခဲ့ပြီး မကြာခင်မှာ ရလဒ်တွေ ရှိသင့်တယ်လို့ ဆိုခဲ့တယ်။

ဒီလို အလေးအနက်ရှိတဲ့ပုံက ယဲ့ယွီကို စကားမပြောနိုင်အောင် လုပ်ခဲ့တယ်။

ခဏကြာပြီးနောက်။

ရှန်ဂွမ်ကျူကျူနဲ့ ဘိုင်မီလင်တို့ ကောင်းကောင်းမွန်မွန် အဆင်ပြေသွားခဲ့ကြတယ်။

ဝုဝေမျော်စင် ရဲ့လေထုက သဟဇာတဖြစ်နေခဲ့တယ်။

ဒီကာလအတွင်းမှာ ယဲ့ယွီက လက်ပိုက်မနေခဲ့ဘူး၊ ပြီးတော့ နတ်ဘုရားသုတ်သင်ဝိဉာဉ်ဖျက်ဆီးလှံ ကို အသုံးပြုဖို့ မှန်ကန်တဲ့နည်းလမ်းကို စဉ်းစားနေခဲ့တယ်။

သူက ရှန်ဂွမ်ကျူကျူကို ရှေးဟောင်းစာအုပ်တွေကို ကူညီရှာဖွေခိုင်းခဲ့တယ်။

နောက်ဆုံးတော့ ဒါပေါ်မှာ ထွင်းထုထားတဲ့ ရှေးဟောင်း တာအို စာသားအားလုံးကို ဘာသာပြန်နိုင်ခဲ့တယ်။

ဒီ တာအို စာသားတွေက ဒီနတ်လက်နက်ရဲ့မူလအစကို ပြောပြရုံသာမကဘူး။

ဒါကို အသုံးပြုဖို့ နည်းလမ်းတွေလည်း ရှိတယ်။

နတ်ဘုရားသုတ်သင်ဝိဉာဉ်ဖျက်ဆီးလှံ က စုပ်ယူအားကောင်းတဲ့မှော်နည်းစနစ် လို့ ခေါ်ဆိုနိုင်တဲ့ နတ်လက်နက်တစ်ခုပဲ။

ဒါက ရန်သူကို ထိခိုက်ဒဏ်ရာရအောင်တချက်လောက်လေးလုပ်နိုင်ယုံနဲ့ ဝိညာဉ်တစ်စွန်းတစ်စကို လုယူဖို့ အခွင့်အရေး ရှိတယ်။

ပီးတော့ လှံထဲမှာ ပိတ်ထားလိုက်တယ်။

လှုပ်ရှားမှုတစ်ခု လုပ်တိုင်း ဒီနတ်လက်နက်ရဲ့စွမ်းအားကို မြှင့်တင်ဖို့ ဝိညာဉ်ရဲ့စွမ်းအားကို စားသုံးလိမ့်မယ်။

ဝိညာဉ်များများ ပိတ်ထားလေလေ

ဒီနတ်လက်နက်က ပိုပြီး အားကောင်းလေ ဖြစ်လိမ့်မယ်။

ဒါကို အသုံးပြုလေလေ ဝိညာဉ်စွမ်းအင် ပိုပြီး စားသုံးလေ ဖြစ်လိမ့်မယ်။

ဒါကြောင့် ဒါကို နတ်ဘုရားသုတ်သင်ဝိဉာဉ်ဖျက်ဆီးလှံ လို့ ခေါ်တယ်။

ယဲ့ယွီက ဒါကို အသုံးပြုဖို့ မှန်ကန်တဲ့နည်းလမ်းကို သိလိုက်ရတဲ့အခါ သူက အရမ်းပျော်ခဲ့တယ်။

မူလက ဒါက တံဆိပ်တစ်ခုလို့ တွေးခဲ့တယ်၊ ဒါပေမယ့် ဒါက ဖြစ်နိုင်ခြေရှိတဲ့ အစွမ်းထက်လွန်းတဲ့နတ်လက်နက် တစ်ခုဖြစ်တယ်ဆိုတာ ထွက်ပေါ်လာခဲ့တယ်။

စိတ်ဝင်စားစရာကောင်းတယ်၊ တကယ်ကို စိတ်ဝင်စားစရာကောင်းတယ်။

နတ်ဘုရားသုတ်သင်ဝိဉာဉ်ဖျက်ဆီးလှံ ရဲ့တစ်ဝက်နီးပါးကို တာအို စာသားက ဖုံးအုပ်မထားဘူး။

ဒါက အတွင်းမှာ ဝိညာဉ်များစွာ လိုအပ်နေသေးတယ်ဆိုတာကို ပြသနေတယ်။

အပြင်ထွက်ပြီး ဒီလှံကိုအစာကျွေးဖို့အတွက်ဝိဉာဉ်တွေရှာပေးဖို့ လိုအပ်ပုံရတယ်။

သူအသစ်ရထားတဲ့ လက်နက်စွမ်းအားဖြစ်တဲ့ မဟာမြေသွေးနွယ်ရိုင်းအတွက်စုပ်ယူဖို့သွေးတွေရှာပေးရမယ် ၊ ပြီးတော့ ဝိညာဉ်ကို နတ်ဘုရားသုတ်သင်ဝိဉာဉ်ဖျက်ဆီးလှံစားဖို့ ဝိဉာဉ်အပိုင်းစတွေရှာပေးရမယ်။

ဖူးဖူးဖူး၊ ဒါက ငါ့အတွက်တော့တော်တော်လေးကို အလုပ်ရှပ်ဦးမှာပဲ။

နတ်ဘုရားသုတ်သင်ဝိဉာဉ်ဖျက်ဆီးလှံ ရဲ့အစွမ်းအရှိဆုံးအခြေအနေကို အမြန်ဆုံး ဖွင့်ပြီး မဟာမြေသွေးနွယ်ရိုင်း ကို အာဟာရဖြစ်စေဖို့အတွက်

ယဲ့ယွီက အပြင်ထွက်ပြီး ခရီးသွားဖို့ အဆိုပြုခဲ့တယ်။

ဒါပေမယ့် မမျှော်လင့်ဘဲ ရှန်ဂွမ်ကျူကျူနဲ့ ဘိုင်မီလင်တို့က ဒါကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတယ်။

သူတို့အရဆို ခရီးသွားတာက ဘာအဓိပ္ပာယ်ရှိလို့လဲ။

တကယ်လို့မင်းက တကယ် ခရီးသွားချင်ရင် ဘာလို့ သူတို့ကို ခေါ်သွားလို့ မရတာလဲ။

သူတို့သုံးယောက် ဒီကိစ္စကို ဆွေးနွေးနေတုန်းမှာ။

ကျူအိုလန်ချင်က သိပ်မဝေးတဲ့နေရာမှာ အရမ်း စိုးရိမ်တကြီးနဲ့ ရင်ဘတ်ကိုလက်နဲံ ဖိထားခဲ့တယ်။

ဒီမှာရှိတာမှ နတ်လေးသုံးလေးပါးရှိတာကို ရှင်တို့နှစ်ယောက်ကယောကျာ်းနောက်ကောက်ကောက်ပါအောင်လိုက်မယ်ဆိုတော့ ဝုဝေမျှော်စင်ဂိုဏ်းက

ကျွန်မ တစ်ယောက်တည်းပဲ ကျန်တော့တယ်။

ညီအစ်မတွေ၊ နတ်မိတ်ဆွေတွေ၊မင်းတို့က ကျွန်မရဲ့ခံစားချက်တွေကို ထည့်သွင်းစဉ်းစားခဲ့ကြလား။

ဟုတ်ပါတယ်၊ ယဲ့ယွီနဲ့ တခြားသူတွေက ကျူအိုလန်ချင်ရဲ့အတွေးတွေကို ဂရုမစိုက်ကြဘူး။

ရှန်ဂွမ်ကျူကျူနဲ့ ဘိုင်မီလင်တို့ရဲ့ ကန့်ကွက်မှုနဲ့ ရင်ဆိုင်ရတဲ့အခါ။

ယဲ့ယွီက သူတို့ကို တစ်ယောက်ချင်းစီ အနိုင်ယူဖို့ ပြတ်ပြတ်သားသား စတင်ခဲ့တယ်။

ဘိုင်မီလင်နဲ့ စလိုက်တယ်။

"အပြင်မှာ ခရီးသွားတာကမင်းရဲ့ခန္ဓာကိုယ်ကို ဖြည့်ဆည်းဖို့ သဘာဝရတနာတွေကို ရှာဖွေဖို့ပဲ။

ဒုတိယမျိုးဆက်နတ်တွေက ကောင်းကင်ဘုံမှာ အရမ်းရေပန်းစားတယ်။ တခြားညီအစ်မတွေ မလာခင်မှာ ဒုတိယမျိုးဆက်နတ်သားပေါက်စလေးတစ်ယောက်ကို မမွေးချင်ဘူးလား။"

ဒီစကားတွေက ဘိုင်မီလင်ရဲ့နှလုံးသားကို တိုက်ရိုက် ထိမိတယ်လို့ ပြောလို့ရတယ်။

သူ လူ့ကမ္ဘာမှာ ရှိတုန်းက လီရူဝမ်က ယဲ့နျန်အပေါ်မှာ အားကိုးပြီး ထောင်လွှားခဲ့တယ်။

သူ့ရဲ့မေးစေ့က ကောင်းကင်ကို တက်တော့မယ့်ပုံပဲ။(သမီးအားကိုးနဲ့ ဘဝင်မြင့်ပီး အရမ်းကိုခေါင်းမော့ထားလွန်းလို့)

သူက ကောင်းကင်ဘုံမှာ အခွင့်အရေးကို သိမ်းယူနိုင်ပြီး ဒုတိယမျိုးဆက်နတ်တစ်ယောက်ကို အရင်မွေးနိုင်ခဲ့ရင်။

ဒါဆို သူ့ရဲ့အဆင့်အတန်းက မြင့်တက်လာတယ်လို့ ပြောနိုင်တယ်။

ဒီလိုတွေးလိုက်တဲ့အခါ ဘိုင်မီလင်ရဲ့ အသက်ရှူနှုန်းက မြန်ဆန်လာခဲ့တယ်။

ဒီလိုပြီးသွားပြီးနောက် ယဲ့ယွီက ရှန်ဂွမ်ကျူကျူကို ထပ်တွေ့ခဲ့တယ်။

"အိမ်မှာနေပြီး ကို့ကို စောင့်ပါ။မင်းက မီးငှက် ရဲ့ မြင့်မြတ်ကိုယ်ခန္ဓာဆိုတာ ကိုယ် သိတယ်။အဲ့ခန္ဓာကိုယ်သာ နိုးထလာပြီးရင် မင်းရဲ့အစွမ်းတွေက ကောင်းကင်ဘုံရဲ့ထိပ်ဆုံးကို တက်နိုင်တယ်။

ကို ဒီတစ်ခေါက် အပြင်ထွက်တာကမင်းရဲ့သွေးမျိုးရိုးကို အသက်သွင်းဖို့ အရာတစ်ခုကို ကူညီရှာဖွေပေးဖို့ပဲ။

ကို ဘာလို့မင်းကို မခေါ်သွားတာလဲဆိုတော့ အကြောင်းပြချက်က အရမ်းရိုးရှင်းတယ်။ ကိုက စိတ်အနှောင့်အယှက် မဖြစ်ချင်ဘူး။

စိတ်မပူပါနဲ့၊ ဘာပဲဖြစ်ဖြစ် ကို အသက်ရှင်မှာပါ။

ပြီးတော့ ကို အန္တရာယ်ရှိတဲ့အနေထားရောက်တဲ့အထိ မိုက်မဲတဲ့အလုပ်တွေကို ဘယ်တော့မှ မလုပ်ဘူးလို့မင်းကို ကတိပေးပါတယ်။"

ဒီစကားတွေက တကယ်ပဲ ရှန်ဂွမ်ကျူကျူကို ယဲ့ယွီရဲ့ လိမ်ညာမှု မဟုတ်ပါဘူး။

ဒါပေမယ့် သူက တကယ် ဒီလိုလုပ်ဖို့ ရည်ရွယ်တယ်။

အစတုန်းက အိပ်မက်ထဲမှာ။

ရှန်ဂွမ်ကျူကျူက သူမရဲ့သွေးမျိုးရိုးရဲ့စွမ်းအားကို ကြိုတင် နိုးထနိုင်ခဲ့တဲ့အကြောင်းရင်းက ဝက်ကောင်လုံးကင်ဖြစ်သွားတဲ့ ဖန်ချန်း ရဲ့ ကောင်းကင်ဘုံဒေသမီးတောက် နဲ့ မီးလောင်ခံခဲ့ရလို့ပဲ။

အခု ဒါကို စဉ်းစားကြည့်ရင် ဒါက တကယ်ကို အန္တရာယ်များတယ်။

တကယ်လို့ ကောင်းကင်ဘုံဒေသမီးတောက် ရဲ့စွမ်းအားက ပိုပြီး အားကောင်းခဲ့ရင် ရှန်ဂွမ်ကျူကျူက တကယ်ပဲ ဘေးအန္တရာယ်က ကင်းလွတ်နေပါ့မလား.

အဖြေက ဟုတ်တယ်ရောမဟုတ်ဘူးရော ဘာမဆိုဖြစ်နိုင်နေတယ်။

လက်ရှိမှာ လက်တွေ့မှာ ရှန်ဂွမ်ကျူကျူရဲ့သွေးမျိုးရိုးစွမ်းအားက အပြည့်အဝ မနိုးထသေးဘူး။

လည်ပင်းနောက်ဘက်မှာ အနီရောင်အစက်တစ်ခု ရှိနေတုန်းပဲ။

ဒါကြောင့် ယဲ့ယွီက သဘာဝအတိုင်း သူမကို ဘယ်လို ထိခိုက်မှုမှမရှိဘဲ သူမရဲ့သွေးမျိုးရိုးကို ပြီးပြည့်စုံစွာ နိုးထအောင် ကူညီရှာဖွေပေးဖို့ နည်းလမ်းတစ်ခုကို ရှာချင်ခဲ့တယ်။

ဒါကလည်း အပြင်ထွက်တဲ့ ပန်းတိုင်တွေထဲက တစ်ခုပဲ။

ရှန်ဂွမ်ကျူကျူက ယဲ့ယွီရဲ့ ပြတ်သားတဲ့မျက်လုံးတွေကို ကြည့်လိုက်ပြီး နောက်ဆုံးတော့ သဘောတူခဲ့ရတယ်။

သူမရဲ့ယောကျာ်းရေ ဆုံးဖြတ်တဲ့အရာကို ပြောင်းလဲလို့မရဘူးဆိုတာ သူမ သိတယ်။

ဘိုင်မီလင်နဲ့ ရှန်ဂွမ်ကျူကျူတို့ကို အောင်မြင်စွာ စည်းရုံးပြီးနောက်။

ယဲ့ယွီက ဝုဝေမျော်စင် ကနေ အောင်မြင်စွာ ထွက်ခွာသွားခဲ့တယ်။

ပြီးတော့ ကောင်းကင်ဘုံရဲ့တောင်ပိုင်းမှာ။

ထန်းတိနန်းဆောင်ဂိုဏ်း ရဲ့အပြင်ဘက်မှာ ကျိလင်ချင် က ရွှေနတ်သမီးနှောင်ကြိုး နဲ့ ချည်နှောင်ခံထားရပြီး တိမ်တစ်ခုပေါ်မှာ သနားစရာတွန့်လိမ်ကာရုန်းကန်ရင်း ပြုတ်ကျနေခဲ့တယ်။

သူ့ရဲ့မျက်လုံးတွေက တညလုံးမအိပ်ရသေးလိုမျိုး နည်းနည်း နီနေခဲ့တယ်၊ ပြီးတော့ သူက စိတ်ဆိုးစွာ 'နတ်သမီး၊ ကို ယဲ့ယွီကို တကယ် မသိပါဘူး။မင်း ယုံကြည်လာအောင် ကို ဘယ်နှစ်ခါ ပြောရမလဲ' လို့ ပြောလိုက်တယ်။

သူ့ရှေ့မှာ ကျိုးချင် က လေထဲမှာ ရပ်နေခဲ့ပြီး သူ့ရဲ့မျက်လုံးထဲမှာ ရှုပ်ထွေးတဲ့အကြည့် ရှိနေခဲ့တယ်။

၄၄၁ဆက်ရန်

All Chapters