← Chapters

ဘာက အမှန်တရားဖြစ်ပြီး ဘာက အတုအယောင်လဲ။

Vol. 19 Ch. 441

ဘာက အမှန်တရားဖြစ်ပြီး ဘာက အတုအယောင်လဲ။

Vol. 19 Ch. 441

ကျုံးချင်က သူမရဲ့အိပ်မက်ကနေ နိုးထလာပြီး သူမရဲ့ဘေးမှာ လှပဝိုင်းစက်တဲ့လက်ရေးနဲ့ရေးထားတဲ့ ချစ်ရေးစာကို တွေ့ကတည်းက သူမက မှိုင်တွေနေခဲ့တယ်။

သူမက ဘာက အတုအယောင်အိပ်မက်ဖြစ်ပြီး ဘာက စစ်မှန်တဲ့လက်တွေ့ဘဝလဲဆိုတာ မသိခဲ့ဘူး။

ယဲ့ယွီနဲ့အတူရှိခဲ့တဲ့ နှစ်တွေက စစ်မှန်တဲ့ကမ္ဘာဖြစ်ခဲ့ရင်။

ဒါဆို အထီးကျန်မှုနဲ့ နာကျင်မှုတွေရှိခဲ့တဲ့ ဒီနှစ်တွေက ဘာတွေလဲ။

ဒါပေမယ့် တခြားတစ်ဖက်မှာ ယဲ့ယွီက အိပ်မက်ထဲက ဇာတ်ကောင်ဖြစ်ခဲ့ရင် ဘာလို့ ချစ်ရေးစာက တကယ်ကို သူ့ဘေးမှာ ပေါ်လာခဲ့တာလဲ။

ဒါ့အပြင် ယဲ့ယွီရဲ့သေဆုံးမှုကို အတည်ပြုပြီးနောက် ချစ်ရသူကို ဆုံးရှုံးရတဲ့ခံစားချက်နဲ့ အရိုးထဲအထိ နက်ရှိုင်းတဲ့နာကျင်မှုက နေ့အလင်းရောင်လိုပဲ အရမ်းကို ရှင်းလင်းတယ်။

အခု ဒါကို တွေးလိုက်တဲ့အခါတောင်မှ။

ဒါက ဝမ်းနည်းမှုထဲမှာ နစ်မြုပ်စေပြီး အကြာကြီး ပြန်ကောင်းလာနိုင်မှာ မဟုတ်ဘူး။

နာကျင်တယ်၊ အရမ်းနာကျင်တယ်။

ဒီအခြေအနေက ကျုံးချင်ကို ဘာက အမှန်တရားဖြစ်ပြီး ဘာက အတုအယောင်ဖြစ်လဲဆိုတာ ခွဲခြားလို့မရအောင် လုပ်ခဲ့တယ်။

အကြာကြီး စဉ်းစားပြီးနောက်။

ကျုံးချင်က သူမရဲ့အိပ်မက်ကို ယဲ့ယွီက ကျူးကျော်ဝင်ရောက်ခဲ့တာလားဆိုတာတောင် သံသယဝင်လာခဲ့တယ်။

ဒါမှာ ဖြစ်ပျက်ခဲ့တဲ့အရာအားလုံးကို ကြိုတင် စီစဉ်ထားခဲ့တယ်။

လက်ထဲမှာရှိတဲ့ ချစ်ရေးစာတွေအပါအဝင် ဒါတွေအားလုံးကို အစီအစဉ်ထဲမှာ စီစဉ်ထားခဲ့တယ်။

ဒီရဲ့ရည်ရွယ်ချက်က သူမကို အချစ်ထဲမှာ ကျရောက်စေပြီး ယဲ့ယွီရဲ့ လုံးဝ ထိန်းချုပ်မှုကို ခံရစေဖို့ပဲ။

တကယ်တော့ ကျုံးချင်က ဒီလို တွေးမိတာက အံ့သြစရာ မဟုတ်ပါဘူး။

လူတိုင်းမှာ မတူညီတဲ့အတွေ့အကြုံတွေနဲ့ အရာတွေအပေါ် ရှုထောင့်တွေ ရှိကြတယ်။

ကျုံးမိသားစု ဖျက်ဆီးခံရပြီးနောက်။

ကျုံးချင်က အဆိုးမြင်တဲ့အခြေအနေတွေ အရမ်းအများကြီးကို ကြုံတွေ့ခဲ့ရတယ်။

လုပ်ကြံမှုတွေနဲ့ အကွက်ဆင်မှုတွေ။

ကျုံးချင်က လုံလောက်စွာ နိုးနိုးကြားကြား မရှိခဲ့ရင် သူက ရန်သူတွေရဲ့ ရက်စက်တဲ့လုပ်ကြံမှုတွေကြောင့် လွန်ခဲ့တဲ့အချိန်အကြာကြီးကတည်းက သေဆုံးသွားခဲ့ပြီ။

ဒါကလည်း သူမက ဘယ်အခြေအနေနဲ့ပဲ ရင်ဆိုင်ရပါစေ အဆိုးဆုံးဘက်ကနေစဉ်းစားတတ်တဲ့ပုံစံမျိုးကို တွေးဖို့ ဦးတည်စေခဲ့တယ်။

သူမရဲ့နှလုံးသားထဲက ခန့်မှန်းချက်ကို သက်သေပြဖို့အတွက်။

ကျုံးချင်က **ကျိလင်ချင်** ကို အမြန်ဆုံး ရှာတွေ့ခဲ့တယ်။

ယဲ့ယွီရဲ့အခြေအနေကို မေးတယ်။

ဘာလို့လဲဆိုတော့ ယဲ့ယွီနဲ့ ကျိလင်ချင်တို့က ဆက်ဆံရေး အရမ်းကောင်းတယ်၊ ပြီးတော့ သူတို့က မကြာခဏ အတူတူ နေခဲ့ကြတယ်ဆိုတာကို သူမက အရမ်းရှင်းရှင်းလင်းလင်း မှတ်မိနေလို့ပဲ။

သူတို့က သွေးသောက်ညီအကိုတွေလိုမျိုး ဆက်ဆံရေးကောင်းမွန်တဲ့ သူငယ်ချင်းကောင်းတွေပါ။

ဒါပေမယ့် ကျိလင်ချင်က သူ့ရဲ့မှတ်ဉာဏ်ကို ဆုံးရှုံးသွားခဲ့ပြီး သူက ယဲ့ယွီကို မသိဘူးလို့ အခိုင်အမာပြောခဲ့တယ်။

သူက ဒီနာမည်ကို ပထမဆုံးအကြိမ် ကြားဖူးတယ်လို့လည်း ပြောခဲ့တယ်။

ကျုံးချင်က မယုံကြည်ဘူး၊ ဒါကြောင့် သူမက သူ့ကို ကြိုးတစ်ချောင်းနဲ့ ဝက်တကောင်ကိုတုပ်သလိုမျိုး ချည်ပြီး တိမ်တစ်ခုပေါ်မှာ ရိုက်နှက်ဖို့ ချိတ်ထားခဲ့တယ်။

စစ်ဆေးမေးမြန်းမှုက နာရီဝက်ကြာခဲ့တယ်။

ကျိလင်ချင်ရဲ့ ခန့်ညားတဲ့မျက်နှာက ဝက်ခေါင်းအဖြစ် အရိုက်ခံရတဲ့အထိပဲ။

နောက်ပိုင်းက သူက ယဲ့ယွီကို တကယ်ပဲ မသိဘူးလို့ ပြောပြီး သူ့ရဲ့မူလပြောဆိုချက်ကို ဆက်လက် အခိုင်အမာ ပြောခဲ့တယ်။

သူ့ရဲ့အပြစ်ကင်းစင်မှုကို သက်သေပြဖို့အတွက် သူက တာအို ကို ကျိန်ဆိုဖို့ မတွန့်ဆုတ်ခဲ့ဘူး။

ကျိလင်ချင်ရဲ့ စိတ်ဆိုးပြီး နာကြည်းနေတဲ့မျက်လုံးတွေကို ကြည့်ပြီး ကျုံးချင်က မျက်မှောင်ကြုတ်လိုက်မိတယ်။

ဒီကောင်လေးက သူ့ရဲ့အိပ်မက်အကြောင်း ဘာမှတ်ဉာဏ်မှ မရှိတာလား။

ကျုံးချင်က အရမ်း ရှုပ်ထွေးတဲ့စိတ်ခံစားမှုထဲမှာ ရှိနေခဲ့တယ်။

သူမက အဖြေတစ်ခုကို စောင့်နေလို့ မရတော့ဘူး။

အဖြေက ဘာဖြစ်မလဲဆိုတာက ယဲ့ယွီနဲ့ တွေ့ပြီးမှပဲ သိရလိမ့်မယ်။

ဒါပေမယ့် ယဲ့ယွီကို ဘယ်မှာ ရှာသင့်လဲ။ ဒါက စဉ်းစားရကျိုးနပ်တဲ့ မေးခွန်းတစ်ခုပဲ။

ကျုံးချင်ရဲ့မျက်နှာအမူအရာက သူမက ဖြည်းဖြည်းချင်း ထွက်ခွာသွားတဲ့အတွက် ပိုပြီး လေးလံလာခဲ့တယ်။

ဒါကို မြင်တော့ ကျိလင်ချင်က 'နတ်သမီး၊ မထွက်သွားပါနဲ့ဦး၊ ငါ့ကို အရင် ကြိုးဖြေပေးပါဦး။

ဟေး၊ ငါ့ကို လုပ်ချင်သလိုလုပ်ပီး စားပီးနားမလည် တကယ် ဂရုမစိုက်ဘူးလား။' လို့ အော်ပြောလိုက်တယ်။

ကျုံးချင်က ဘာမှ မကြားသလိုနဲ့ ပိုပြီး ဝေးရာကို လျှောက်သွားခဲ့တယ်။

ပုံရိပ်က လုံးဝ ပျောက်ကွယ်သွားတဲ့အထိ။

ကျိလင်ချင်က တစ်ကိုယ်လုံး ထုံကျင်နေတယ်လို့ ခံစားရပြီးတောက်ပဝင်းလက်တဲ့တိမ်တွေပေါ်မှာ လူးလိမ့်နေခဲ့တယ်။

"ဖူး။

ဒီနေ့ ခရီးသွားဖို့ မသင့်တော်တာလား။

ငါ နောက်ဆုံးတော့ ချစ်ရေးစာတစ်စောင် ရေးခဲ့ပြီး ငါ့ရဲ့ချစ်လှစွာသောနတ်သမီးကို ချစ်ကြောင်းဖွင့်ပြောဖို့ ပြင်ဆင်ခဲ့တယ်။"

ဒါပေမယ့် သူက အကြောင်းပြချက်မရှိဘဲ ရိုက်နှက်ခံရပြီး ဝက်ခေါင်းဖြစ်သွားခဲ့တယ်။

သူမက ယဲ့ယွီ ဘယ်မှာလဲလို့ ဆက်တိုက် မေးခဲ့တယ်။

"ယဲ့ယွီ၊ ယဲ့ယွီ၊ ငါ မင်းကို တကယ် မသိဘူး။

သူက ဘယ်သူလဲ။"

...

တစ်လက မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့တယ်။

ဒီအချိန်ကာလအတွင်းမှာ။

ယဲ့ယွီက နတ်ဂိုဏ်းအပျက်အစီးတွေ အများကြီးကို ခရီးသွားခဲ့တယ်၊ ပြီးတော့ သူ့ရဲ့ရည်ရွယ်ချက်က အရမ်းရိုးရှင်းတယ်။

အဲဒီ အချိုးမပြေတဲ့နတ်တွေကို ရှာပြီး သူတို့ရဲ့ဝိညာဉ်တွေကို နတ်ဘုရားသတ်ဝိဉာဉ်ဖျက်ဆီးလှံတံကို ဖြည့်ဖို့ အသုံးပြုပြီး သူတို့ရဲ့သွေးတွေကို မြေရိုင်းသွေးနွယ် ရဲ့ကျင့်ကြံမှုကို မြှင့်တင်ဖို့ အသုံးပြုတယ်။

သူ့ရဲ့စဉ်ဆက်မပြတ် ကျားကုတ်ကျားခဲ ကြိုးစားမှုတွေနဲ့အတူ။

နတ်ဘုရားသတ်ဝိဉာဉ်ဖျက်ဆီးလှံတံထဲက ဝိညာဉ်အားလုံးကို သိမ်းဆည်းပြီးသား ဖြစ်ခဲ့တယ်။

အဲဒီမပီပြင်တဲ့ တာအို စာသားက လှံတစ်ခုလုံးကို ဖုံးအုပ်လိုက်တဲ့အခါ။

ဒီ အလယ်လတ်အဆင့် နတ်လက်နက်က အရည်အသွေးပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရတယ်၊ ထိပ်တန်းအဆင့် နတ်လက်နက်ရဲ့အဆင့်ကိုရောက်သွားစေတဲ့အထိ အဆင့်မြှင့်တင်ရုံသာမကဘူး။

လှံတစ်ခုလုံးရဲ့ပုံစံကလည်း အရမ်းကိုလှပခန်းညားသွားတဲ့အရှိန်ဝါနဲ့ ပြင်းထန်တဲ့ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ခဲ့ရတယ်။

ဒါက သုံးပုံနှစ်ပုံ ပိုကြီးလာပြီး အရှည်ကလည်း အတော်လေးကို တိုက်ခိုက်ဖို့အဆင်ပြေတဲ့ပုံစံမျိုးဖြစ်လာခဲ့တယ်။

ပြီးတော့ ရှေ့ဘက်အပိုင်းက စစ်လှံရဲ့ပုံစံအဖြစ် လခြမ်းပုံထိပ်ဖျားနဲ့ ရိုးရိုးလှံချွန်ဆိုပီး စစ်သူကြီး လွီပုကိုင်တဲ့လှံပုံစံမျိုး ကွဲထွက်သွားခဲ့တယ်။

ဒါက သေစေနိုင်တဲ့ပုံရပြီး ပိုပြီး ခြိမ်းခြောက်နေခဲ့တယ်။

ယဲ့ယွီက ဒီအတွက် အရမ်းကျေနပ်ခဲ့တယ်။

မြေရိုင်းသွေးနွယ် အတွက်ကတော့ လုံလောက်တဲ့သွေးနဲ့ စွမ်းအင် အာဟာရတွေနဲ့အတူ ဒါက လျင်မြန်တဲ့တိုးတက်မှုကို လုပ်ခဲ့တယ်။

မကြာခင်မှာပဲ မြေရိုင်းသွေးနွယ် က မြေနတ်ဘုရားအဆင့် ရဲ့အစောပိုင်းအဆင့်ကို ရောက်ရှိလာခဲ့တယ်။

နယ်ပယ်ကို ထိုးဖောက်နေစဉ်မှာ ဒါက သူ့ရဲ့ကျင့်ကြံမှုတစ်စိတ်တစ်ပိုင်းကို ယဲ့ယွီဆီကို ပြန်လည်ပေးခဲ့တယ်။

ဒါက ယဲ့ယွီကို အောင်မြင်စွာ ထိုးဖောက်ပြီး ဆန်းကျယ်နတ်ဘုရားအဆင့် ရဲ့နောက်ပိုင်းအဆင့်ကို ဝင်ရောက်စေခဲ့တယ်။

ဒီအချိန်မှာလည်းပဲ။

အဲဒီအခါမှာမှ သူက မြေရိုင်းသွေးနွယ် ရဲ့ဆွဲဆောင်မှုကို တကယ် ခံစားခဲ့ရတယ်။

ဘာလို့ ဒီလောက် အများကြီးသောလူတွေက ကောင်းကင်ဘုံမှာ မြေရိုင်းသွေးနွယ်ကို လှပရမက်ပြင်းတဲ့မိန်းမပျိုလေးသဖွယ်လိုချင်တပ်မက် ပိုင်ဆိုင်ချင်ကြတာလဲဆိုတာ အံ့သြစရာ မဟုတ်ဘူး။

မြေရိုင်းသွေးနွယ်ရဲ့ အကျိုးကျေးဇူးတွေကိုခံစားဖို့ သင်ဟာ ပါရမီရှင်တပါးလို အသိဉာဏ် သို့မဟုတ် ကျင့်ကြံမှုမှ လုံးဝ မလိုအပ်ဘူး။

တခြားစကားလုံးတွေနဲ့ ပြောရရင်သင် လုပ်ရမယ့်တစ်ခုတည်းသောအရာက မြေရိုင်းသွေးနွယ် ကို လုံလောက်ပြီး အရည်အချင်းပြည့်မီတဲ့ သွေးနဲ့ နတ်ဘုရားချီ အာဟာရတွေ ပေးဖို့ပဲ။

အဲဒီအခါ ဒါက ကြောက်မက်ဖွယ်ကောင်းတဲ့အဆင့်အထိ ကြီးထွားနိုင်ပြီး မြေရိုင်းသွေးနွယ်ရဲ့သခင်ကို ကျင့်ကြံမှုတွေ စဉ်ဆက်မပြတ် ဖြန့်ဝေပေးလိမ့်မယ်။

ပိုင်ရှင်ဖြစ်သူကို ဒုံးပျံစီးသလိုမျိုး အမြန်နှုန်းနဲ့ ကျင့်ကြံမှုကို တိုးတက်စေလိမ့်မယ်။

အရေးအကြီးဆုံးအရာက သခင်ဖြစ်သူရဲ့ကျင့်ကြံမှုစွမ်းရည်နဲ့ အတားအဆီးတွေကို လုံးဝ လျစ်လျူရှုပီး တမဟုတ်ချင်း တမိုးအောက်တယောက်ဖွား နတ်ဘုရားတစ်ပါးဖြစ်လာစေတဲ့ မြေရိုင်းသွေးနွယ်ကို ပိုင်ဆိုင်ရတာ မင်္ဂလာအရှိဆုံးအရာတွေထဲက တခုပါပဲ။

ဒါပေမယ့် မြေရိုင်းသွေးနွယ်ရဲ့ သားကောင်တွေကတော့ အရည်ချင်းရှိဖို့လိုတယ် ။ အမှိုက်ကျင့်ကြံမှုလောက်ပဲရှိတဲ့ နတ်တွေကို စုပ်ယူရင်တော့ အမှိုက်အဆင့်လောက်ပဲတိုးတက်မှာပါပဲ။

ဒါက သူ့ရဲ့ အိပ်မက်အရည်ချင်းဖြစ်တဲ့ အလောင်းကောင်မြှုပ်နှံတဲ့ စွမ်းရည်နဲ့ ဆင်တူတယ်။

အရည်အသွေးက အရေးကြီးတယ်။

ဒါက ယဲ့ယွီကို ပိုမြင့်တဲ့နယ်ပယ်တွေက နတ်တွေအပေါ်မှာ အမဲလိုက်ကသုတ်သင်ဖို့ အာရုံစိုက်ကြိုးစားကာ အတင်းအကျပ် လုပ်ခဲ့တယ်။

ဒါပေမယ့် သူက ဆန်းကျယ်နတ်ဘုရားအဆင့် မှာပဲ ရှိနေသေးတယ်။

အဆင့်ကျော်ဖြတ်ပီး သူ့ထက်ကျင့်ကြံမှု အဆင့်မြင့်တဲ့ နတ်တွေကို တိုက်ခိုက်တာက မဖြစ်နိုင်တာ မဟုတ်ဘူး၊ ဒါပေမယ့် ဒါက အရမ်း အန္ဆရာယ်ရော ဒုက္ခပါများတယ်။

ဒီလောက် အချိန်နဲ့ အားထုတ်မှုတွေကို ဖြုန်းမယ့်အစား နောက်ထပ် အိပ်မက်သခင်စနစ်တခုဝင်ပီး အိပ်မက် ပြီးဆုံးပြီး နယ်ပယ်ကို မြှင့်တင်တဲ့အထိ စောင့်တာက ပိုကောင်းလိမ့်မယ်။ အဲဒီအခါ သွေးနဲ့ စွမ်းအင်ကို ရှာတာက ပိုပြီး အဆင်ပြေလိမ့်မယ်။

ဒါကြောင့် ယဲ့ယွီက မီးနဲ့သက်ဆိုင်တဲ့ ရတနာတွေကို ရှာဖွေဖို့ စတင်ပြီး အာရုံစိုက်ခဲ့တယ်။

ဒီအချိန်မှာ အရေးအကြီးဆုံးအရာက ရှန်ဂွမ်ကျူကျူကို သူ့ရဲ့သွေးမျိုးရိုးကို အမြန်ဆုံး နိုးထစေပြီး ကိုယ်တိုင်ကာကွယ်နိုင်တဲ့စွမ်းရည်ကို ပိုင်ဆိုင်စေဖို့ပဲ။

တစ်နေ့မှာ ယဲ့ယွီက နတ်ဂိတ်တစ်ခုရဲ့အပျက်အစီးတွေကို ဖြတ်သွားတဲ့အခါ။

သူက အရမ်းကိုစိတ်ဝင်စားစရာတခုကိုတွေ့လိုက်ရတယ်။

အကြောင်းရင်းက ရိုးရှင်းတယ်: ဒီနတ်ဂိတ်က အရမ်းကျယ်ပြန့်တဲ့နေရာတခုမှာ တည်ဆောက်ထားတယ်။

ဒါက ယဲ့ယွီက ဒီလောက်ကြီးမားတဲ့ဧရိယာကို ဖုံးအုပ်ထားတဲ့ နတ်ဂိတ်တစ်ခုကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။

ဒီနေရာက အပျက်အစီးတစ်ခု ဖြစ်သွားတာက အရမ်း နှမြောဖို့ကောင်းတယ်။

ယဲ့ယွီ ထွက်ခွာတော့မယ့်အချိန်မှာ မြေပြင်ပေါ်က ကြီးမားတဲ့ ပျက်စီးယိုယွင်းကာ ကွဲနေတဲ့ ဆိုင်းဘုတ်က သူ့ရဲ့အာရုံကို ဖမ်းစားခဲ့တယ်။

'ကျူရှီ' ဆိုတဲ့ ပြင်းထန်ပြီး အစွမ်းထက်တဲ့စကားလုံးတွေက အထူးသဖြင့် ရှင်းလင်းပြီး မြင်နိုင်တယ်။

ကျူရှီ လား။

ဒါက နတ်ဂိတ်ရဲ့အပျက်အစီး ဘယ်လို ဖြစ်နိုင်မှာလဲ။

ယဲ့ယွီက **ကျင်းနွမ်းရှီ** က ကျူရှီ နတ်ဘုရားဂိုဏ်း က နတ်ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့တယ်။

သာမန်အခြေအနေတွေအောက်မှာ။

ကောင်းကင်ဘုံမှာ ဘေးအန္တရာယ်တစ်ခု ဖြစ်ပြီးနောက်။

နတ်ဂိတ်က အပျက်အစီးတွေ ဖြစ်သွားလိမ့်မယ်၊ ပြီးတော့ ဒါမှာရှိတဲ့နတ်တွေအားလုံးက ပျောက်ကွယ်သွားလိမ့်မယ်။

ဒါဆို တကယ်လို့ ကျူရှီက နတ်ဂိတ်ရဲ့အပျက်အစီး ဖြစ်ခဲ့ရင်။

ဘာလို့ ကျင်းနွမ်းရှီက ရှိနေသေးတာလဲ။

ဒါ့အပြင် ဒီနတ်သမီးက သူမရဲ့ဂိုဏ်းထဲကို ဝင်ဖို့ နတ်တွေကို လိုက်ရှာပီးစုဆောင်းနေခဲ့တယ်မဟုတ်ဘူးလား။

ဘာတွေ ဖြစ်နေတာလဲ။

စူးစမ်းမှုကနေ။

ယဲ့ယွီရဲ့ခန္ဓာကိုယ်က ရွေ့လျားသွားခဲ့ပြီး အလင်းတန်းတစ်ခုအဖြစ် ဆင်းသက်သွားခဲ့တယ်။

မြေပြင်ပေါ်က ကွဲနေတဲ့ဆိုင်းဘုတ်နဲ့ ပတ်ပတ်လည်က အပျက်အစီးတွေကို ကြည့်လိုက်တယ်။

အရာအားလုံးက ဒါက နတ်ဂိတ်ရဲ့အပျက်အစီး ဖြစ်တယ်ဆိုတာကို ပြသနေတယ်။

ကျင်းနွမ်းရှီက လိမ်နေတာလား။

ယဲ့ယွီက မျက်မှောင်ကြုတ်ပြီး နတ်ဂိတ်ရဲ့အပျက်အစီးတွေထဲကို တည့်တည့် လျှောက်သွားခဲ့တယ်။

ဒါပေမယ့် သူ အများကြီး မလျှောက်လိုက်ရဘူး။

သင်းပျံ့မွှေးအီတဲ့ ရနံ့နဲ့အတူ ပုံရိပ်တစ်ခုက ရုတ်တရက် လှပစွာ ပေါ်လာခဲ့တယ်။

ယဲ့ယွီကို ဆွဲပြီး အရှိန်ပြင်းပြင်းနဲ့ ပျံသန်းထွက်သွားခဲ့တယ်။

ဒီလူက အကြာကြီး မတွေ့ရသေးတဲ့ နတ်သမီး **ကျင်းနွမ်းရှီ** ပဲ။

၄၄၂ ဆက်ရန်

All Chapters