← Chapters

အခန်း (၄၄၂)

Vol. 19 Ch. 442

အခန်း (၄၄၂)

Vol. 19 Ch. 442

အလင်းတန်း အနည်းငယ် ပျိုးပျက်ကာ လေဟာနယ်တွန့်လိမ်သွားတဲ့အထိ မြန်ဆန်စွာ နေရာရွှေ့ပြောင်းပီးနောက်

ကျိန်းနွမ်းရှုက ယဲ့ယွီကို ကျူရွှေ နတ်ဘုံကျောင်းရဲ့ မြို့ပြင်ဘက်ကို အလျင်မြန်ဆုံး ခေါ်ဆောင်လာခဲ့ပါတယ်။

သူ့ရဲ့ ဒီလိုလုပ်ရပ်က ယဲ့ယွီကို ထူးဆန်းတယ်လို့ ခံစားရစေပါတယ်။ ဒါပေမဲ့ ကျိန်းနွမ်းရှုရဲ့ သတိကြီးပြီး သေသေချာချာ အလေးနက် ရှိနေတဲ့ ပုံစံကို ကြည့်လိုက်တော့ သူလည်း ဘာမှ မပြောတော့ပါဘူး။

တောက်ပတဲ့ရပ်နားစရာတိမ်တိုက်တခုပေါ်မှာ အခိုင်အမာ ရပ်နိုင်သွားတဲ့အခါမှ ကျိန်းနွမ်းရှု သက်ပြင်းချလိုက်ပြီး " ဂျူနီယာမောင်လေးက ဘာလို့ ဒီနေရာကို ရောက်နေတာလဲ" လို့ ညင်သာစွာ မေးလိုက်ပါတယ်။

ယဲ့ယွီက "ငါက ဒီဘက်ကို ဖြတ်လာရင်းနဲ့ ရောက်လာတာပါ၊ ဒါပေမဲ့ အစ်မက ကျူရွှေ နတ်ဘုံကျောင်းက မဟုတ်ဘူးလား။ ဘာလို့ အစ်မရဲ့ နတ်ဘုံကျောင်းက ဒီလိုဖြစ်နေတာလဲ" လို့ ပြန်မေးပါတယ်။

ဒီစကားကို ကြားလိုက်တဲ့အခါ ကျိန်းနွမ်းရှုလည်း နည်းနည်း စိတ်မကောင်းဖြစ်သွားပါတယ်။

"အမရဲ့ နတ်ဘုံကျောင်းက ဘာလို့ ပျက်စီးသွားတာလဲ၊ ဒါပေမဲ့ မမကတော့ ဘာလို့ အသက်ရှင်နေသေးလဲဆိုတာကို ဂျူနီယာမောင်လေးက အရမ်း သိချင်နေမယ် ထင်တယ်၊ ဟုတ်တယ်မလား"

ယဲ့ယွီက ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်ပါတယ်။

အဲဒီနောက်မှာတော့ ကျိန်းနွမ်းရှုက ဖြည်းဖြည်းချင်း ပြောပြပါတော့တယ်။

ကောင်းကင်ဘုံမှာ ကပ်ဘေးကြီး ဖြစ်ပြီးနောက်ပိုင်းမှာ အစစ်အမှန်နတ်မင်းအဆင့် နောက်ဆုံးပိုင်းမှာ ရောက်နေတဲ့ ကျိန်းနွမ်းရှုဟာ ပထမဆုံး နိုးထလာတဲ့ နတ်မင်းတွေထဲက တစ်ယောက် ဖြစ်ပါတယ်။ သူက တစ်ခုလုံးမှာရှိတဲ့ ကျူရွှေ နတ်ဘုံကျောင်းမှာ သူတစ်ယောက်တည်းပဲ ကျန်တော့တယ်ဆိုတာကို အံ့အားသင့်စွာ တွေ့ရှိခဲ့ပါတယ်။ ကျန်တဲ့ နတ်မင်းတွေ အားလုံးက လုံးဝ ပျောက်ကွယ်သွားကြပါတယ်။

ဒီအဖြစ်က ကျိန်းနွမ်းရှုကို အရမ်း ထိတ်လန့်စေခဲ့ပါတယ်။ သူက တပည့်ချင်းတွေကို အချိန်အကြာကြီး ရှာဖွေခဲ့ပေမဲ့ တစ်ယောက်မှ ရှာမတွေ့ခဲ့ပါဘူး။ ဒါနဲ့ ကျူရွှေ နတ်ဘုံကျောင်းကနေ ထွက်လာပြီး ကောင်းကင်ဘုံကို ရောက်လာခဲ့ပါတယ်။

ဒါပေမဲ့ ကျူရွှေ နတ်ဘုံကျောင်းတစ်ခုတည်းသာ ပျက်စီးနေတာ မဟုတ်ဘဲ တခြား နတ်ဘုံကျောင်းတွေ အများကြီးလည်း ဒီလိုမျိုး ဖြစ်နေတာကို သူ တွေ့ရှိခဲ့ပါတယ်။

ဒါပေမဲ့ အားလုံးမှာ တူညီတဲ့ ထူးခြားချက်တစ်ခု ရှိနေပုံ ရပါတယ်။

နတ်ဘုံကျောင်းတွေ ပျက်စီးသွားတဲ့အခါ နတ်မင်းတွေ အားလုံးက ပျောက်ကွယ်သွားကြပါတယ်။

ဒီလိုဆိုရင် သူက ဘာလို့ မပျောက်သွားတာလဲ။

ကျိန်းနွမ်းရှုက ဒါကို အရမ်း သိချင်နေခဲ့ပါတယ်။

ကျယ်ပြောတဲ့ ကောင်းကင်ဘုံက သူ့ကို အရမ်း အထီးကျန်စေခဲ့ပါတယ်။ ဒါနဲ့ ပထမဆုံး အကြိမ် ထွက်သွားတုန်းက ကျိန်းနွမ်းရှု အပြင်မှာ အကြာကြီး မနေခဲ့ဘဲ ကျူရွှေ နတ်ဘုံကျောင်းကို ပြန်လာခဲ့ပါတယ်။ ဒီနေရာက ပျက်စီးနေပေမဲ့ သူ့ကို ရင်းနှီးတယ်လို့ ခံစားရစေပါတယ်။ ဒီနေရာက သူ့ရဲ့ အိမ်ပါ။

ဒါပေမဲ့ အခြေအနေကောင်းက အကြာကြီး မတည်မြဲခဲ့ပါဘူး။

အလယ်ဗဟို ကောင်းကင်ဘုံမှာ ဦးဆောင် နတ်ဘုံကျောင်းတစ်ခုအနေနဲ့ ကျူရွှေ နတ်ဘုံကျောင်းက အရမ်း ကျော်ကြားပါတယ်။ ဒီနေရာက ပျက်စီးနေတယ်ဆိုတာကို နတ်မင်းတစ်ယောက် သိသွားတဲ့အခါ သူက ချက်ချင်း ဆိုးရွားတဲ့ အတွေးတွေ စတင် ဝင်လာခဲ့ပါတယ်။

ကျော်ကြားတဲ့ ကျူရွှေ နတ်ဘုံကျောင်းမှာ ကောင်းတဲ့ ပစ္စည်းတွေ ရှိမယ်လို့ သူတို့အားလုံးက ယူဆခဲ့ကြပါတယ်။ ဒါကြောင့် နတ်မင်း အများအပြား ဒီကို ရောက်လာကြပါတယ်။

ကျိန်းနွမ်းရှုကတော့ ကျူရွှေ နတ်ဘုံကျောင်းရဲ့ အဖွဲ့ဝင် ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမျိုး မကောင်းတဲ့ နတ်မင်းတွေကို ခွင့်မပြုဘဲ ကျူးကျော်ဝင်ရောက်လာတာကို တားဆီးမှာပါ။

သူက ခုခံပြီး ဒီ ဆိုးညစ်တဲ့ နတ်မင်းတွေကို မောင်းထုတ်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ အင်အား မလုံလောက်တာကြောင့် သူ ကျူရွှေ နတ်ဘုံကျောင်းကို မကာကွယ်နိုင်ခဲ့ပါဘူး။

ဒီနေရာဟာ တခြား နတ်မင်းတွေအတွက် နေရာ ဖြစ်သွားခဲ့ပါတယ်။

နတ်ဘုံကျောင်းကို ဆုံးရှုံးလိုက်ရတာက ကျိန်းနွမ်းရှုကို အရမ်း ဝမ်းနည်းစေခဲ့ပါတယ်။ တစ်နေ့နေ့မှာတော့ သူ ကျူရွှေ နတ်ဘုံကျောင်းကို ဂုဏ်သိက္ခာရှိစွာနဲ့ ပြန်ယူနိုင်မယ်လို့ လျှို့ဝှက်စွာ ကျိန်ဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဒီဆန္ဒက ပိုပြီး ဝေးကွာလာပုံ ရပါတယ်။

ကောင်းကင်ဘုံထဲမှာ နတ်စွမ်းအင်တွေ ပြန်လည် နိုးထလာတဲ့အတွက် ပိုပြီး အစွမ်းထက်တဲ့ နတ်မင်းတွေ ပိုများများ နိုးထလာကြပါတယ်။ ကျူရွှေ နတ်ဘုံကျောင်းကို သိမ်းပိုက်ထားတဲ့သူတွေလည်း အကြိမ်ပေါင်းများစွာ ပြောင်းလဲခဲ့ပါတယ်။

ကျိန်းနွမ်းရှုက ဒီအရာအားလုံးကို တွေ့မြင်ခဲ့ရပါတယ်။ ပိုပြီးတော့တောင် စိတ်မကောင်းဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ဘာအကြောင်းကြောင့်မှန်းမသိဘဲ သူ ဘယ်လိုပဲ လေ့ကျင့် လေ့ကျင့် သူ့ရဲ့ ကျင့်စဉ်အဆင့်က ဘယ်တော့မှ တိုးတက်မလာခဲ့ပါဘူး။ အမြဲတမ်း အစစ်မှန်နတ်ဘုရားအဆင့် နောက်ဆုံးပိုင်းမှာပဲ ရှိနေခဲ့ပါတယ်။

အကြာကြီး စဉ်းစားပြီးနောက်မှာတော့ ကျိန်းနွမ်းရှုက နတ်ဘုံကျောင်းကို ဗျူဟာအသစ်ချပြီး ကယ်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သူ့ရဲ့ အင်အားကိုယ်တိုင်က ပတ်ဝန်းကျင်ကို မပြောင်းလဲနိုင်ဘူးဆိုရင် တခြားသူတွေကို စုစည်းပြီး အပြောင်းအလဲကို ဖန်တီးယူမယ်လို့ စဉ်းစားလိုက်ပါတယ်။

ဒီစကားကို ကြားလိုက်တဲ့အခါ ယဲ့ယွီရဲ့ မျက်နှာက ထူးဆန်းသွားပါတယ်။

တ

"အစ်မရဲ့ စိတ်ကူးက တခြား နတ်မင်းတွေကို ကျူရွှေ နတ်ဘုံကျောင်းကို ဝင်ဖို့ ဖိတ်ခေါ်ပြီး သူတို့ အလုံအလောက် အစွမ်းထက်လာတဲ့အခါ အစ်မနဲ့အတူ ဒီကို လာပြီး အစ်မရဲ့ နတ်ဘုံကျောင်းကို ပြန်ယူဖို့ပဲလား"

ကျိန်းနွမ်းရှုက သူ့နှုတ်ခမ်းကို နည်းနည်း တွန့်လိုက်ပြီး အလေးအနက်ထားကာ "မဟုတ်ဘူး၊ အဲဒါက 'အမတို့' ရဲ့ နတ်ဘုံကျောင်း၊ ဂျူနီယာမောင်လေးက ကျူရွှေ နတ်ဘုံကျောင်းကို ဝင်ရောက်လာကတည်းက အမနဲ့တဖွဲ့တည်းဖြစ်သွားပြီ" လို့ ပြောလိုက်ပါတယ်။

ယဲ့ယွီက သူ့ကို သေချာ ကြည့်လိုက်ပါတယ်။

နတ်ဘုံကျောင်းကို ကယ်တင်ဖို့ မဟာဗျူဟာ၊ တကယ့်ကို ထူးခြားတဲ့ စိတ်ကူးပါပဲ။

အဲဒီနောက် ကျိန်းနွမ်းရှုက ဆက်ပြောတော့မလို့ လုပ်တုန်းမှာ ရုတ်တရက် မျက်လုံးပြူးသွားပြီး "ဒီလို အားကောင်းတဲ့ နတ်စွမ်းအင် လှုပ်ရှားမှု၊ ဂျူနီယာမောင်လေးက စစ်နတ်မင်းအဆင့်ကို ရောက်သွားပြီလား" လို့ မယုံကြည်နိုင်စွာ မေးလိုက်ပါတယ်။

ယဲ့ယွီက သူမကို မဖုံးကွယ်ထားချင်ပါဘူး။ သူက စစ်မှန်နတ်မင်းအဆင့် နောက်ဆုံးပိုင်းကို ရောက်သွားပြီဖြစ်ကြောင်း ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်ပါတယ်။

ဒီအဖြေက ကျိန်းနွမ်းရှုကို တစ်ကိုယ်လုံး ပျက်စီးတော့မလို ခံစားရစေပါတယ်။ တခြားသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်လိုက်တဲ့အခါ တကယ် စိတ်ပျက်စရာပါပဲ။

ကောင်းကင်ဘုံမှာ ကပ်ဘေးကြီး ဖြစ်ခဲ့တာ ကြာပြီဖြစ်ပေမဲ့ သူ့ရဲ့ အဆင့်က တိုးတက်မှု လုံးဝ မရှိခဲ့ပါဘူး။

ယဲ့ယွီ ဆိုတဲ့ နတ်မင်းအပေါင်းအဖော်ကတော့ အစစ်မှန်နတ်ဘုရားအဆင့်ကို ရောက်တာ တစ်လတောင် မပြည့်သေးဘဲ အစစ်မှန်နတ်ဘုရားအဆင့်အစောပိုင်းကနေ စစ်မှန်နတ်မင်းအဆင့် နောက်ဆုံးပိုင်းကို တိုက်ရိုက် ရောက်သွားခဲ့ပါတယ်။

ဒီလို ကြောက်စရာကောင်းတဲ့ အမြန်နှုန်းက တကယ်ပဲ ရင်လေးစရာပါပဲ။

"နတ်မင်း ယဲ့၊ ကျွန်မ ဂျူနီယာမောင်လေးမှာ နတ်ဧကရာဇ် ဖြစ်နိုင်တဲ့ အလားအလာ ရှိတယ်လို့ မြင်တယ်။ ကျူရွှေ နတ်ဘုံကျောင်းကို ဝင်ရောက်ဖို့ စိတ်ကူး ရှိလား"

ယဲ့ယွီက မျက်လုံးနည်းနည်း မှိတ်လိုက်ပြီး "နတ်ဘုံကျောင်းကို ဝင်ခိုင်းတာက အစ်မကို ကိုယ့်ဂိုဏ်းကိုပြန်တိုက်သိမ်းယူတာကို ကူညီပေးဖို့ ဟုတ်တယ်မလား" လို့ ပြောလိုက်ပါတယ်။

ကျိန်းနွမ်းရှုက ပုတ်သင်ညိုမလေးလို ခေါင်းဆက်တိုက် ငြိမ့်ပြပါတယ်။

သူက မဆိုင်းမတွဘဲ "ဟုတ်တယ်၊ ကျွန်မကို နတ်ဘုံကျောင်း ပြန်ယူဖို့ ကူညီစေချင်တယ်။ အဲဒါဆိုရင် ကျူရွှေ ရဲ့ ဂုဏ်သတင်းကို ပြန်လည် အသက်သွင်းနိုင်မယ်။ အဲဒါ မကောင်းဘူးလား။ ကျွန်မ စီစဉ်ထားပြီးသား။ ဒီနှုန်းအတိုင်းဆိုရင် ဂျူနီယာမောင်လေး တစ်နှစ်အတွင်းမှာ မြေနတ်မင်းအဆင့်ကို ရောက်မှာ သေချာတယ်။ နှစ်တစ်ရာအတွင်းမှာတောင် ကောင်းကင်နတ်မင်းအဆင့် ရောက်လာမယ်။ အဲဒီအချိန်ကျရင် ကျွန်မတို့ ကျူရွှေ နတ်ဘုံကျောင်းကို ပြန်ယူနိုင်မယ်" လို့ ပြောလိုက်ပါတယ်။

ဒီစကားကို ကြားလိုက်တဲ့အခါ ယဲ့ယွီက မျက်ခုံးနည်းနည်း ပင့်လိုက်ပါတယ်။

ကျူရွှေ နတ်ဘုံကျောင်းဘက်ကို ကြည့်ပြီး "ဒီနေရာက အခု ကောင်းကင်နတ်မင်းအဆင့် နတ်မင်းတွေ သိမ်းပိုက်ထားတာလား" လို့ တိုးတိုးလေး မေးလိုက်ပါတယ်။

"သူတို့က ကောင်းကင်နတ်မင်းအဆင့်က မဟုတ်ဘူး၊ မြေနတ်မင်းအဆင့် နောက်ဆုံးပိုင်းမှာ ရှိတဲ့ ဆိုးညစ်တဲ့ နတ်မင်း နှစ်ယောက်ပါ။ ဂျူနီယာမောင်လေးက ကျွန်မနဲ့ အဆင့်ချင်း တူတယ်ဆိုရင် တောင် ဒီကောင်တွေကို ခုချိန်ဝင်ပီးရမ်းသမ်းတိုက်ဖို့က အရမ်း အန္တရာယ်များတယ်။ ကောင်းကင်နတ်မင်းအဆင့်ကို ရောက်မှပဲ လုံခြုံမှု ရှိမယ်"

ကျိန်းနွမ်းရှုက အရာအားလုံးကို သေသေချာချာ စဉ်းစားထားခဲ့ပါတယ်။

ဒါပေမဲ့ ယဲ့ယွီက အရမ်း သိချင်နေပြီး "ဆိုးညစ်တဲ့ နတ်မင်းတွေဟုတ်လား?" လို့ မေးလိုက်ပါတယ်။

"ဟုတ်တယ်၊ ဆိုးညစ်တဲ့ နတ်မင်းတွေ၊ သူတို့က ရက်စက်ပြီး နတ်မင်းတွေရဲ့ ဝိညာဉ်ကို ထိန်းချုပ်ဖို့ သွေးတွေကိုထုတ်ယူပီးသုံးဆောင်ကြတယ်။ အဲဒါကြောင့် ကျွန်မ ဂျူနီယာမောင်လေး့ကို အခုနက တားခဲ့တာ"

ဒီလို ပြောတဲ့အခါ ကျိန်းနွမ်းရှုရဲ့ မျက်လုံးထဲမှာ အရမ်း ကြောက်လန့်တဲ့ အရိပ်အယောင်လေး ပေါ်လာပါတယ်။

ယဲ့ယွီက ခေါင်းအနည်းငယ် ငြိမ့်လိုက်ပါတယ်။ ဝိညာဉ်ကို နဲ့သွေးကိုစားသုံးတယ် ?? ဒါက လူ့လောကမှာရှိတဲ့ နတ်ဆိုး ဂိုဏ်းတွေနဲ့ အတူတူပဲ မဟုတ်ဘူးလား။

သူ စဉ်းစားနေတုန်းမှာ ရုတ်တရက် သူ့နောက်ကနေ ထူးဆန်းတဲ့ ရယ်သံတစ်ခု ထွက်ပေါ်လာပါတယ်။

"ဟဲဟဲဟဲ! ငါ့ရဲ့ နတ်မင်းအပေါင်းအဖော် နှစ်ယောက်ရေ၊ ရမ်းကုတွေတိုက်တဲ့ ဆေးလုံးတွေကို ပေါ့ပေါ့တန်တန် မစားရဘူး၊ပေါ့ပျက်ပျက် စကားကိုလည်း ပေါ့ပေါ့တန်တန် မပြောရဘူး။ မင်းတို့က ငါတို့လို ဆိုးညစ်တဲ့ နတ်မင်းတွေရဲ့ နည်းလမ်းတွေကို မကြုံဖူးသေးတော့ ဘယ်လိုလုပ် ငါတို့က ရက်စက်တယ်လို့ ပြောနိုင်မလဲ။ မင်းတို့ကိုယ်တိုင် ခံစားကြည့်ဖို့ ငါ ခွင့်ပြုပေးရမလား"

ဒီစကားကို ကြားတော့ ယဲ့ယွီ နောက်လှည့်ကြည့်လိုက်ပါတယ်။

သူ့ဘေးမှာ အရပ်ပုပြီး ပိန်လှီနေတဲ့ အဘိုးကြီးတစ်ယောက် ရပ်နေတာကို တွေ့လိုက်ရပါတယ်။ သူက အနီရင့်ရောင် ဝတ်လွှာကို ဝတ်ဆင်ထားပြီး သူ့အသားအရေက သဘာဝမဟုတ်ဘဲ ဖြူဖျော့နေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မျက်လုံးတွေကတော့ သူ့ရဲ့ သားကောင်ကို မြင်လိုက်ရတဲ့ သားရဲတိရစ္ဆာန်လိုပဲ အရမ်း တက်ကြွနေပါတယ်။

ကျိန်းနွမ်းရှုက အံ့အားသင့်သွားပြီး ယဲ့ယွီကို ချက်ချင်း ဆွဲခေါ်ဖို့ လုပ်လိုက်ပါတယ်။

ဒါပေမဲ့ တခြားတစ်ဖက်မှာလည်း တခြား အဘိုးကြီးတစ်ယောက် ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ သူကတော့ ခန္ဓာကိုယ် တုတ်ခိုင်ပြီး ကြင်နာတဲ့ အပြုံးတစ်ခုကို ပြုံးနေပါတယ်။ ဒါပေမဲ့ သူ့နောက်မှာတော့ နစ်နာခံရတဲ့ ဝိညာဉ်တွေရဲ့ ခြောက်ခြားစရာ ငိုကြွေးသံတွေ ကြားနေရပါတယ်။

"နတ်မင်းမလေး၊ မင်းကို ရင်းနှီးနေတယ်လို့ ထင်တယ်။ မင်း ဒီနေရာမှာ မကြာခဏ လှည့်ပတ်နေမှာ သေချာတယ်။ ငါတို့က ဆိုးညစ်တဲ့ နတ်ဘုံကျောင်းကို ရဲ့အကြောင်းကို မင်း အရမ်း သိချင်နေတာလား။ ဒီလိုဆိုရင် မင်း ဒီမှာပဲ အမြဲတမ်း နေလိုက်၊ မင်း ကြည့်ချင်သလောက် ကြည့်ဖို့ ငါ ခွင့်ပြုပေးမယ်"

ကျိန်းနွမ်းရှုက မယုံကြည်နိုင်စွာနဲ့ "ဆိုးညစ်တဲ့ နတ်ဘုံကျောင်းကို ဂိုဏ်းဝင်အဖြစ် ဝင်ရောက်လာတာလား" လို့ ပြောလိုက်ပါတယ်။

အဝတုတ် အဘိုးကြီးက ရယ်မောပြီး "ဟုတ်တယ်၊ ဆိုးညစ်တဲ့ နတ်ဘုံကျောင်းကို ဝင်ရောက်တာ။ ဒီနတ်ဘုံကျောင်းရဲ့ အရင်တုန်းက နာမည်က အရမ်း ရုပ်ဆိုးတယ်၊ကျူရှီ (မကောင်းဆိုးဝါးကို ချေမှုန်းသည့် နတ်ဂိုဏ်း) 'ဆိုးညစ်တာကို ဖျက်ဆီးတယ်' တဲ့၊ ဆိုးညစ်တာကို ဖျက်ဆီးတာ ဘာများ ကောင်းတာ ရှိလို့လဲ။ ဆိုးညစ်မှုထဲကို ဝင်ရောက်ပြီး သေဆုံးခြင်းရဲ့ ကြွယ်ဝမှုကို ခံစားတာက ပိုကောင်းတယ်" လို့ ပြောလိုက်ပါတယ်။

၄၄၃ ဆက်ရန်

All Chapters