အခန်း (၄၄၄)
Vol. 19 Ch. 444
ယဲ့ယွီ ရဲ့ နတ်ဝိညာဉ်ခေါ် အလံ ပြောင်းလဲသွားတဲ့ အချိန်မှာပဲ ကောင်းကင်ဘုံရဲ့ တစ်နေရာမှာ အိပ်ပျော်နေဆဲဖြစ်တဲ့ ရှီကျန့်ရှီဟာ ရုတ်တရက် သွေးတွေ အန်ချလိုက်ပြီး သူ့ရဲ့ စိတ်အခြေအနေ စတင် ယိမ်းယိုင်လာပါတယ်။ သူဟာ ရွှေနတ်မင်းအဆင့် အစောပိုင်းကနေ ကောင်းကင်နတ်မင်းအဆင့် အထွတ်အထိပ်ဆီကို ပြန်လည် ဆုတ်ယုတ်သွားခဲ့ပါတယ်။
ဒီအချိန်မှာတော့ ကောင်းကင်ဘုံရဲ့ နတ်စွမ်းအင်က ရွှေနတ်မင်းအဆင့်တွေ အိပ်ပျော်နေရာကနေ နိုးထဖို့ ထောက်ပံ့ပေးမှု အင်အား အလုံအလောက် မရှိပါဘူး။ ဒါပေမဲ့ ကောင်းကင်ဘုံက နတ်မင်းတွေကိုတော့ အလုံအလောက် ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီအကြောင်းကြောင့်ပဲ ရှီကျန့်ရှီဟာ သူ့ရဲ့ အိပ်စက်ခြင်းကနေ နိုးထလာခဲ့ပါတယ်။
သူ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပါတယ်။
အရင်က ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ ပြန်တွေးဖို့ အချိန်အကြာကြီး ဖြုန်းတီးခဲ့ပေမဲ့ လုံးဝ ပြန်မမှတ်မိပါဘူး။ ခေါင်းကိုက်တာကိုပဲ ခံစားနေရပါတယ်။
ဒါပေမဲ့ သူ့ကို အနေရအထိုင်ရ အခက်ဆုံးဖြစ်စေတာက နှစ်ပေါင်း တစ်သောင်းကျော်ကြာ အိပ်စက်ခဲ့တာ မဟုတ်ပါဘူး။ သူ့ရဲ့ ကျင့်စဉ်အဆင့် ကျဆင်းသွားတာ ဖြစ်ပါတယ်။
ကောင်းကင်နတ်မင်းအဆင့်ကနေ ရွှေနတ်မင်းအဆင့်ကို ရောက်ဖို့ လိုအပ်တဲ့ ကြိုးစားအားထုတ်မှုက သာမန်လူတွေရဲ့ စိတ်ကူးထက်ကို ကျော်လွန်နေပါတယ်။
ရှီကျန့်ရှီဟာ နောက်ဆုံးမှာ အဲဒီအဆင့်ကို တက်နိုင်ခဲ့ပေမဲ့ မမျှော်လင့်ဘဲ နောက်ပြန်ဆုတ်သွားပြန်ပါတယ်။
ခဏအကြာမှာတော့ သူ့ရဲ့ စိတ်ခံစားမှုတွေ ဖြည်းဖြည်းချင်း ငြိမ်သက်သွားပါတယ်။ သူ့ရဲ့ ကျင့်စဉ်အဆင့် ကျဆင်းရခြင်း အကြောင်းရင်းကို သေသေချာချာ စဉ်းစားစပြုလာပါတယ်။ အဲဒီအခါမှာမှ သူ့ရဲ့ ကျင့်စဉ်အဆင့် ကျဆင်းတာဟာ နှစ်ရှည် အိပ်စက်ခဲ့လို့ မဟုတ်ဘဲ ဝိညာဉ် ဆုံးရှုံးသွားခဲ့လို့ဆိုတာ နောက်ဆုံးမှာ သိရှိသွားခဲ့ပါတယ်။
နတ်မင်းသုတ်သင်ဝိညာဉ်ဖျက်ဆီး လှံထဲမှာ ပိတ်မိနေတဲ့ ဝိညာဉ်အမျှင်လေးကို တစ်စုံတစ်ယောက်က ထုတ်ယူပီးသုံးစွဲခဲ့တာ ဖြစ်ပါတယ်။
"လူယုတ်မာ!
ဘယ်သူလဲ။
ဘယ်ဆိုးညစ်တဲ့ နတ်မင်းက ဒီလိုလုပ်ရဲတာလဲ။ သူ့ကို မြေမြှုပ်စရာ နေရာမရှိအောင် သေစေရမယ်။"
...
တခြားတစ်ဖက်မှာတော့ ကျူရွှေ နတ်ဘုံကျောင်း အပြင်ဘက်မှာ။
ရွှေနတ်မင်းအဆင့်ရဲ့ ဝိညာဉ်ကို မျိုချပြီးနောက် နတ်ဝိညာဉ်ခေါ် အလံရဲ့ အဆင့်က အကြီးအကျယ် တိုးတက်လာခဲ့ပြီး နတ်ဝိညာဉ် တစ်ဝက် လက်နက်အဆင့်ကနေ နတ်လက်နက် အဆင့်ကို တိုက်ရိုက် ရောက်ရှိသွားခဲ့ပါတယ်။
ထူထပ်တဲ့ သေဆုံးခြင်း အနံ့အသက်တစ်ခုဟာ မိုင်ပေါင်း ထောင်ချီ အကွာအဝေးကို လွှမ်းခြုံသွားခဲ့ပါတယ်။
နစ်နာခံရတဲ့ ဝိညာဉ်တွေဟာ နောက်ဆုတ်စပြုလာပြီး တချို့ဆိုရင် ဒီနေရာကနေ ထွက်ပြေးဖို့တောင် ကြိုးစားကြပါတယ်။
ဒီအဖြစ်ကို မြင်လိုက်တဲ့အခါ ဝူဖူရဲ့ မျက်နှာဟာ အရမ်း ရုပ်ဆိုးသွားခဲ့ပါတယ်။
သူက ဒီ နစ်နာခံရတဲ့ ဝိညာဉ်တွေ အားလုံးကို သူ့ရဲ့ နတ်ဆိုးစွမ်းအင်ကို သုံးပြီး ပြန်ခေါ်ဖို့ ချက်ချင်း ပြင်ဆင်လိုက်ပါတယ်။
နတ်ဆိုးလက်နတ်တွေဖြစ်တဲ့ နတ်ဝိညာဉ်ခေါ် အလံလိုမျိုးက သူတို့အပေါ်မှာ သဘာဝအတိုင်း ထိန်းချုပ်ထားတဲ့ အာနိသင် ရှိနေပါတယ်။
သူတို့ကို လွှတ်ပေးဖို့က လွယ်ပေမဲ့ ပြန်ယူဖို့က ဘယ်လိုလုပ် လွယ်ကူမှာလဲ။
ယဲ့ယွီ က နတ်ဝိညာဉ်ခေါ် အလံကို ထုတ်ယူပြီး နတ်မင်းကို သတ်ဖို့ လုပ်ကတည်းက သူ့ရဲ့ ရည်ရွယ်ချက်က အဲဒါကို ကောင်းကောင်း မွန်မွန် ကျွေးမွေးဖို့ ဖြစ်ပါတယ်။
အခု နတ်မင်းတွေရဲ့ နစ်နာခံရတဲ့ ဝိညာဉ်တွေ အများကြီး ရှိနေပါတယ်။
ဒါက ရှားပါးတဲ့ အခွင့်အရေးတစ်ခု ဖြစ်တာကြောင့် လက်လွှတ်ခံလို့ မဖြစ်ပါဘူး။
ယဲ့ယွီ က သူ့လက်ကို လှုပ်လိုက်ပါတယ်။
နတ်ဝိညာဉ်ခေါ် အလံဟာ ရုတ်တရက် အလျားပေ တစ်ထောင်အထိ ကြီးလာခဲ့ပါတယ်။
အထဲမှာတော့ မူလကရှိတဲ့ ဝိညာဉ်တွေဟာ ရွှေနတ်မင်းအဆင့်က ဝိညာဉ်ဖြစ်တဲ့ ရှီကျန့်ရှီရဲ့ ဦးဆောင်မှုနဲ့ ဝူဖူဆီကို ဟိန်းဟောက်ပြီး ပြေးသွားကြပါတယ်။
သူတို့ဟာ မြေနတ်မင်းအဆင့် အထွတ်အထိပ်က ဒီနတ်မင်းကို ယာယီအားဖြင့် မသတ်နိုင်သေးပေမဲ့ သူ့ကို နတ်ဆိုးစွမ်းအင် မသုံးနိုင်အောင်တော့ လုံးဝ တားဆီးနိုင်ပါတယ်။
ဒီအဖြစ်က ယဲ့ယွီ ကို အခွင့်အရေး ပေးလိုက်ပါတယ်။
သူ့စိတ်ထဲမှာ အတွေးတစ်ခု ဝင်လာပါတယ်။
နတ်ဝိညာဉ်ခေါ် အလံကနေ အားကောင်းတဲ့ စုပ်ယူနိုင်စွမ်းတစ်ခု ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်မှာရှိတဲ့ နစ်နာခံရတဲ့ ဝိညာဉ်တွေကို အလျင်အမြန် စုပ်ယူလိုက်ပါတယ်။
ဝူဖူက ဒီအရာအားလုံးကို ရပ်တန့်ချင်ခဲ့ပေမဲ့ သူ့ကို ဝိညာဉ်တွေ ဝိုင်းရံထားတာကြောင့် ကူကယ်ရာမဲ့ ဟိန်းဟောက်နေရုံသာ တတ်နိုင်ပါတယ်။
နစ်နာခံရတဲ့ ဝိညာဉ်တွေ တစ်ယောက်ပြီး တစ်ယောက် နတ်ဝိညာဉ်ခေါ် အလံထဲ ဝင်သွားတာနဲ့အမျှ ဒီ အသစ် အဆင့်မြှင့်ထားတဲ့ နတ်ဆိုးလက်နတ်ရဲ့ စွမ်းအားဟာ အလျင်အမြန် ဆက်လက် တိုးတက်နေပါတယ်။
ဒီအချိန်မှာပဲ ယဲ့ယွီ ရဲ့ ညာဘက် လက်ညှိုးဟာ ရုတ်တရက် အနည်းငယ် လှုပ်သွားခဲ့ပါတယ်။
သူက သူ့လက်တွေကို နတ်ကျင့်စဉ် ပုံစံတစ်ခု ဖြစ်အောင် ဟန်းဆိုင်းကို အလွန်လျှင်မြန်စွာ လုပ်လိုက်ပါတယ်။
တာအိုချူဂုန်း လျှို့ဝှက်နတ်ကျင့်စဉ်!
သူ့နောက်မှာတော့ မျက်စိစူးလောက်တဲ့ အဖြူရောင် အလင်းတစ်ခု ပေါ်လာခဲ့ပါတယ်။
ဒီလို လုပ်လိုက်တဲ့အတွက် ကျိန်းနွမ်းရှု အရမ်း သိချင်သွားခဲ့ပါတယ်။
သူမက နောက်လှည့်ကြည့်လိုက်တဲ့အခါ ပိန်လှီတဲ့ အဘိုးကြီး ဝူလုဟာ သူတို့ဘေးနားကို တိတ်တိတ်လေး ရောက်နေတာကို တွေ့လိုက်ရပါတယ်။
အဖြူရောင် အလင်းက မတားဆီးထားရင် သူ့ရဲ့ လျှို့ဝှက် တိုက်ခိုက်မှု အောင်မြင်သွားနိုင်ပါတယ်။
အဖြူရောင် အလင်းတန်းကို ကြည့်လိုက်ပြီး ဝူလုဟာ အံ့အားသင့်သွားပြီး "မင်းက တာအိုချူဂုန်း နတ်ဘုံကျောင်းကလား။ ဒါက မဟုတ်ဘူး၊ မင်းက တာ့ချူ နတ်ဘုံကျောင်းက ဖြစ်နေရင်တောင် ငါ့ရဲ့ လျို့ဝှက်တိုက်ကွက်နဲ့နေရာရွှေ့ပီး မင်းနားမှာ ရှိနေတာကို မင်း ရှာမတွေ့နိုင်ဘူး" လို့ တုန်လှုပ်နေတဲ့အသံကိုမှ ဘလုံးပထွေးပြောကာ မေးလိုက်ပါတယ်။
ယဲ့ယွီ က လှောင်ပြောင်ပြုံးလိုက်ပါတယ်။
သူက ဝူဖူကို တိုက်ခိုက်နေတုန်းမှာ ဝူလုကို ဘယ်လို နည်းနဲ့မှ မပြောပြမှာ မဟုတ်ပါဘူး။
သူက အဘိုးကြီး နောက်လှည့်ကြည့်နေတုန်းမှာ နောက်ကျောမှာ ဘာ လစ်ဟာကွက်မှ မကျန်အောင် အစီအစဥ်တစ်ခု ချမှတ်ထားခဲ့ပါတယ်။
ဒါက ဒီအဘိုးကြီး လျှို့ဝှက် တိုက်ခိုက်တာကို တားဆီးဖို့ ဖြစ်ပါတယ်။
မမျှော်လင့်ဘဲ အသုံးဝင်လာခဲ့ပါတယ်။
ဒါပေမဲ့ အခု မင်းရောက်နေပြီဆိုတော့ ပြန်ထွက်သွားဖို့တောင် မစဉ်းစားနဲ့။
ယဲ့ယွီ က ခေါင်းတောင် မလှည့်ဘဲ လက်ညှိုးတစ်ချောင်းကိုပဲ ထောင်လိုက်ပါတယ်။
ဝူလုက မျက်လုံးနည်းနည်း မှိတ်လိုက်ပြီး ယဲ့ယွီ က နတ်ဆိုးစွမ်းအင် တချို့ကို သုံးတော့မယ်လို့ သိစိတ်ကနေ တွေးလိုက်ပါတယ်။
ချက်ချင်းတယ်လီပို့နည်းစနစ်ကိုသုံးကာ ထွက်သွားတော့မလို့ လုပ်တုန်းမှာပဲ အချိန်ခဏလေးအတွင်းမှာပဲ အနန္တစွမ်းအင်ရှိတဲ့ နွယ်ပင်တွေဟာ လေထဲကနေ ပေါ်ထွက်လာပြီး ဝူလုရဲ့ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားခဲ့ပါတယ်။
မဟာတောကြီး သွေးနွယ်ပင်!
၎င်းရဲ့ အပြည့်အဝ စုပ်ယူမှုအောက်မှာ ဝူလုရဲ့ မူလက ညှိုးခြောက်နေတဲ့ ခန္ဓာကိုယ်ဟာ မျက်စိတစ်မှိတ်အတွင်း အရေခွံနဲ့ အရိုးပဲ ကျန်တော့တဲ့ မံမီအလောင်းတစ်ခု ဖြစ်သွားခဲ့ပါတယ်။
သူက လုံးဝ ခုခံနိုင်ခြင်းမရှိဘဲ ချက်ချင်း ကျဆုံးသွားခဲ့ပါတယ်။
ဘာတစ်ခုမှ မဖြုန်းတီးရဘူးဆိုတဲ့ မူအရ ယဲ့ယွီ က ဝူလုရဲ့ ဝိညာဉ်ကို ထုတ်ယူပြီး နတ်မင်းကို သတ်ဖို့ နတ်ဝိညာဉ်ခေါ် အလံထဲကို ပစ်ထည့်လိုက်ပါတယ်။
ဒီ လှုပ်ရှားမှု တခုလုံးကအရမ်းကိုပဲ ချောမွေ့နေပြီး မသင့်လျော်တဲ့ ခံစားချက် မရှိပါဘူး။ သူနေ့စဉ်အပြင်းအထန်လေ့ကျင့်နေခဲ့တယ်ဆိုတာ တော်တော်လေးကိုထင်ရှားနေပါတယ်။
သူမ မြင်လိုက်ရတာကြောင့် ကျိန်းနွမ်းရှု အံ့အားသင့်သွားခဲ့ပါတယ်။
နတ်မင်းအိမ်မွေးတိရစ္ဆာန်ကို သွေးနဲ့ စွမ်းအင်တွေ ကျွေးတာ၊ ဝိညာဉ်ကို ဆိုးညစ်တဲ့ လက်နက်တွေထဲ ထည့်တာ။ ဂျူနီယာမောင်လေးကြီး၊ ဂျူနီယာမောင်လေးက ဆိုးညစ်တဲ့ နတ်မင်းထက်တောင် ပိုပြီး ဆိုးညစ်နေပါလား။ နတ်ဆိုးထက်တောင်ပိုဆိုးနေသော နတ်ဆိုးဆိုးလေးမောင်ယဲ့ယွီ
ဂျူနီယာမောင်လေးက အရမ်းကိုနတ်ဆိုးဆန်လွန်းနေတာကလဲ တမျိုးလေးချစ်ဖို့ကောင်းနေပြန်ရောပဲ။
ယဲ့ယွီက ထုတ်ဖော်ထားတဲ့ ရွှေအဆင့်နတ်မင် ဝိဉာဉ်အပိုင်းစဟာ ဝူဖူထုတ်ဖော်ထားတဲ့ နစ်နာခံရတဲ့ ဝိညာဉ်တွေကို အလွန် လျင်မြန်စွာ သန့်စင်ပြောင်းလဲနိုင်ပြီး သူ့ရဲ့ ထိန်းချုပ်ထားတဲ့ ဝိညာဉ်အုပ်ကြီး ဖြစ်လာခဲ့ပါတယ်။
အရင်က ပိုင်ရှင်ဟောင်းဖြစ်တဲ့ ဝူဖူကို တိုက်ခိုက်ဖို့ စတင်ခဲ့ပါတယ်။
ဝိညာဉ် အများကြီးက တိုက်ခိုက်တာကို ဝူဖူက တကယ် မကြောက်ပါဘူး။
သူ တကယ် စိုးရိမ်နေတာက မဝေးတဲ့ နေရာမှာရှိတဲ့ ယဲ့ယွီ ဖြစ်ပါတယ်။
ဒီကလေးဟာ ဆိုးညစ်တဲ့ နတ်မင်းတွေထဲမှာ အဆိုးဆုံး ဖြစ်ပါတယ်။
ရှေးခေတ်ကတည်းက ပျောက်ဆုံးနေတဲ့ မဟာတောကြီး သွေးနွယ်ပင်ကိုတောင် သူပိုင်ဆိုင်တယ်ဆိုရင် သာမန်လူ ဖြစ်နိုင်ပါ့မလား။
ဒီ စိတ်ရှုပ်ထွေးမှုကြောင့် ဝူဖူရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာ ာ ဒါဇင်နဲ့ချီ ရသွားခဲ့ပြီး သွေးစီးဆင်းမှုက ဝိညာဉ်တွေရဲ့ ကြမ်းတမ်းမှုကို ပိုပြီး နိုးဆွပေးခဲ့ပါတယ်။
သူတို့ရဲ့ ထိုးစစ်က ပိုပြီး ပြင်းထန်လာခဲ့ပါတယ်။
ထွက်ပြေးဖို့ လုံးဝ နည်းလမ်းမရှိပုံ ရပါတယ်။
ဝူဖူက သူ့လက်တွေကို စုစည်းလိုက်ပြီး ဝိညာဉ်တွေကို ကိုက်ခဲခွင့် ပေးလိုက်ပေမဲ့ သူ့ရဲ့ မျက်လုံးတွေကတော့ ယဲ့ယွီ အပေါ်မှာပဲ ရှိနေခဲ့ပါတယ်။
"ငါ့ရဲ့ နတ်မိတ်ဆွေလေး၊ သေဆုံးခြင်းရဲ့ ပွင့်လန်းမှုကို ကျွန်ုပ် အပြည့်အဝ ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ မမေ့နဲ့၊ သုံးလောင်းပြာသာဒ် က လူတွေက မင်းရဲ့ အသက်ကို ယူလိမ့်မယ်။ ငါ ဒီအကြောင်းကို မင်းကို အာမခံတယ်"
သူ စကားပြောပြီးတာနဲ့ ဝူဖူကို ဝိညာဉ်တွေ မျိုချလိုက်ပါတယ်။
မဟာတောကြီး သွေးနွယ်ပင်က ယဲ့ယွီ ဆီ ရောက်လာပြီး တိုက်ပွဲမှာ ပါဝင်ခွင့် တောင်းဆိုပါတယ်။
သူက အဲဒီ သွေးနဲ့ စွမ်းအင်ကို ဝိညာဉ်တွေထက် ပိုပြီး လိုအပ်ပါတယ်။
ယဲ့ယွီ က သူ့လက်ကို နည်းနည်း လှုပ်လိုက်ပြီး အဲဒါကို သွားခွင့်ပြုလိုက်ပါတယ်။
ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ သုံးလောင်းပြာသာဒ် ဆိုတာ ဘာလဲလို့ တွေးနေခဲ့ပါတယ်။
ဘာလို့ ဝူဖူက သူပြောတဲ့အကြောင်းကို အရမ်း သေချာနေတာလဲ။
ဒီအဘိုးကြီးဟာ ဓာတ်ပုံကျောက်တုံးတွေကို ချန်ထားပီး မှတ်တမ်းတင်ထားမဲ့ လူယုတ်မာ တစ်ယောက် ဖြစ်နေနိုင်လား။
ဒီအဖြစ်က ယဲ့ယွီ ကို အရမ်း စိတ်မချမ်းမြေ့ ဖြစ်စေခဲ့ပါတယ်။
သူ့ရဲ့ စိတ်စွမ်းအင်နဲ့ အချိန်အကြာကြီး ရှာဖွေခဲ့ပေမဲ့ ဘာ အစအနမှ မတွေ့တာကြောင့် လက်လျှော့လိုက်ရပါတယ်။
နောက်ဆုံးမှာတော့
သွေးနဲ့ စွမ်းအင်တွေက မဟာတောကြီး သွေးနွယ်ပင်ဆီ ပြန်ရောက်သွားပြီး ဝိညာဉ်ကိုတော့ နတ်ဝိညာဉ်ခေါ် အလံထဲ ပစ်ထည့်လိုက်ပါတယ်။
တကယ်တော့ ဒါက တစ်နေရာတည်းမှာပဲ အပြီးသတ်တဲ့ ဝန်ဆောင်မှုနဲ့ နည်းနည်း ဆင်တူနေပါတယ်။
ပြီးပြည့်စုံတဲ့အသုံးပြုမှုတစ်ခု ဖြစ်လာပြီး ဘာတစ်ခုမှ ဖြုန်းတီးခြင်း မရှိပါဘူး။
ဒီအရာအားလုံးကို လုပ်ပြီးနောက်မှာတော့ ယဲ့ယွီ က သူ့ဘေးက ကျိန်းနွမ်းရှုကို လှည့်ကြည့်လိုက်တဲ့အခါ နတ်မင်းမလေးဟာ တလှမ်းချင်းမသိမသာ နောက်ဆုတ်စပြုနေတာကို တွေ့လိုက်ရပါတယ်။
သူမရဲ့ မျက်နှာပေါ်က ကြောက်ရွံ့မှုက ဖုံးကွယ်ထားလို့ မရပါဘူး။
ယဲ့ယွီ က အရမ်း သနားသလို ဖြစ်နေပါတယ်။ သူက လက်ညှိုးကို တဂျစ်ဂျစ် မြည်အောင် လုပ်လိုက်ပြီး သူ့ကို အနည်းငယ် လှုပ်ယမ်းပြလိုက်ပါတယ်။
ကျိန်းနွမ်းရှုက သူ့ရဲ့ နှုတ်ခမ်းကို နည်းနည်း တွန့်လိုက်ပြီး ထပ်ခါတလဲလဲ စဉ်းစားပြီးနောက်မှာတော့ ယဲ့ယွီ ဆီကို သတိထားပြီး ပြန်ရောက်လာနိုင်ခဲ့ပါတယ်။
သူမရဲ့ မျက်လုံးတွေက နဘေးနှစ်ဖက်ကို အဆက်မပြတ် ကြည့်နေခဲ့ပါတယ်။
မဟာတောကြီး သွေးနွယ်ပင် ပေါ်လာတာကြောင့် သူမ အခုထိ ကြောက်လန့်နေပုံ ရပါတယ်။
ဒီအဖြစ်ကို မြင်လိုက်တဲ့အခါ ယဲ့ယွီ က သူမရဲ့ ခေါင်းကို ရိုက်လိုက်ပါတယ်။
"ဘာကို ကြောက်နေတာလဲ။ ငါ ဝင်မပါခဲ့ရင် မင်း ဒီအဘိုးကြီး နှစ်ယောက်ရဲ့ လက်ချက်နဲ့ သေသွားပြီ။ အခု ကျေးဇူးတင်ပါတယ်လို့ မပြောဘဲ ထွက်ပြေးဖို့တောင် ကြိုးစားနေတာလား။ ဒါက ကောင်းတဲ့ လူတွေရဲ့ ရင်ထဲကို အေးစက်စက်ဖြစ်သွားအောင်ကျေးဇူးဆပ်လိုက်တာ မဟုတ်ဘူးလား"
၄၄၅ ဆက်ရန်