← Chapters

အပိုင်း (၁၃၇)

Vol. 10 Ch. 137

အပိုင်း (၁၃၇)

Vol. 10 Ch. 137

“ဘုရင်မင်းမြတ်အမိန့်တော်”

ရွှမ်ဝူ မြို့စားကတော်နှင့် ကျင်းကျိုး၊ ကျင်းမူလန်တို့အားလုံးသည်လျှင် ထပ်မံကာ ဒူးထောက်ထိုင်ချလိုက်ကြ၏။

အချက်အလက်အားဖြင့် ဤနေရာတွင် ရှိနေသည့်လူများသည် ရှမ့်လန် ရောက်ရှိမလာကြောင်း သိရှိပြီးဖြစ်၏။ သို့ပေမည့် မည်သူမှ စကားလုပ်ကာ ပြောဆိုခြင်း မရှိကြပေ။ ထို့အပြင် သမက်တော်လေးတစ်ယောက်သည် ဘုရင်မင်းမြတ်၏ အမိန့်တော်ကိုလက်ခံရန်အတွက် အရည်အချင်း ပြည့်မှီသည့်လူမျိုး မဟုတ်ချေ။

ရှမ့်လန်သည်လည်း ဤနေရာတွင် မရှိချေ။ အဘယ့်ကြောင့်ဆိုသော် သူကိုယ်တိုင် မလာခြင်းဖြစ်၏။ သူသည် အားလုံးသော သူတို့၏ရှေ့တွင် ဟန်ထုတ်ကာ ဝင့်ကြွားနေထိုင်ရခြင်းကို နှစ်သက်သူတစ်ယောက်ဖြစ်၏။ တခြားသောသူတစ်ယောက်ယောက်သည် သူ့ထက်ဝင့်ကြွားကာ ပြောဆိုနေထိုင်နေမည်ကို သူ ကြည့်ရှုနိုင်လိမ့်မည် မဟုတ်ချေ။

“ကျင်းချန်ကျွန်းပဋိပက္ခက ကျုပ်တို့ နန်းမြို့မှာ ရှိနေတဲ့ ဝန်ကြီးနှစ်ပါးကို ညဘက်တွေ အိပ်မရအောင်တောင် ဖြစ်စေခဲ့တယ်။ ဒါကြောင့် စတုတ္ထမင်းသား နင်ကျန်းကို ကြားဝင်စေ့စပ်ဖို့ စေလွှတ်လိုက်တယ်”

ဤအရာသည် ဘုရင်မင်းမြတ်၏ အမိန့်တော်သာလျှင်ဖြစ်၏။ ဟုတ်ပေ၏။ ပထမဦးဆုံးသော အမိန့်တော်လည်း ဖြစ်၏။ ရှမ့်လန်တစ်ယောက် ဤနေရာသို့ ထွက်ပေါ်မလာခြင်းမှာ ထိုကြောင့်သာလျှင်ဖြစ်၏။ ဟိတ်ဟန် အလွန်ကြီးမားစွာဖြင့် ထွက်ပေါ်လာသည့် အမိန့်တော်ပင် ဖြစ်နေသောကြောင့်ပင်။

ဓားနှင့်ထိုးကာ သတ်ဖြတ်ချင်စိတ်ရှိ၏။ သို့ပေမည့် လူမြင်ကွင်းဆီသို့ ထွက်ပြီး မိမိကိုယ်တိုင် ရဲရဲဝံ့ဝံ့ အထိုးခံခဲ့ပါသည်ဟူသော အပြုအမူမျိုးကို လိုချင်လျက်ရှိနေသည်။ သောက်တလွဲ ကျလွန်းလှချေ၏။

စတုတ္ထမင်းသား နင်ကျန်းသည် အသာပင် ပြောဆိုလိုက်သည်။ “ခမည်းတော်က ကျုပ်ကို ဒီနေရာကို လွှတ်လိုက်တာ ရွှမ်ဝူနဲ့ မြို့စားကျင်းဟိုင်တို့ကြားမှာရှိနေတဲ့ ပဋိပက္ခတွေကို ကြားဝင်ဖြေရှင်းပေးဖို့ပဲ။ ပြီးတော့ ငြိမ်းချမ်းဖို့က ပိုပြီးအရေးကြီးတယ် မဟုတ်လား။ ဒီတော့ နှစ်ယောက်သား ငြိမ်ငြိမ်သက်သက်နဲ့ထိုင်ပြီး စကားပြောလိုက်တာ ပိုပြီးကောင်းမယ်လို့ ထင်တယ်။ ခင်ဗျားတို့ ဘယ်လိုထင်လဲ”

အပြင်ဘက်တွင် ရှိနေသည့် စစ်သည်တော် တစ်ထောင်ကျော်တို့သည် သတ်ဖြတ်လိုခြင်း ဆန္ဒအပြည့်ဖြင့် ဟိတ်ဟန်များကို ထုတ်ဖော်လျက် ရှိနေ၏။ အဘယ်သို့ ကြားဝင်ကာ ငြိမ်းချမ်းရေးကို လိုလားသည့် စကားမျိုး ပြောဆိုနေရသနည်း။

“ကောင်းပါပြီ” ရွှမ်ဝူက ပြောလိုက်၏။

စတုတ္ထမင်းသား နင်ကျန်းက ပြောလိုက်သည်။ “ဒါဆိုရင် ကျင်းဟိုင်မြို့စားကြီးကို ဒီကိုခေါ်လိုက်မယ်။ ရွှမ်ဝူအိမ်တော်မှာ အရင်ဆုံး စကားပြောကြတာပေါ့။ ကျုပ် ဘေးကနေပြီးတော့ သေသေချာချာ ကြည့်ရှုပေးနေမယ်”

.................

တစ်နာရီခန့် ကြာမြင့်ပြီးနောက် ကျင်းဟိုင်မြို့စားကြီးနှင့် ရွှမ်ဝူမြို့စားကြီးတို့သည် ကျင်းချန်ကျွန်းအတွက် ညှိနှိုင်းဆွေးနွေးမှုကို နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့ကြ၏။ ရှည်လျားသည့် စားပွဲကြီးပေါ်တွင်တော့ ရွှမ်ဝူမြို့စားနှင့် သူ့၏ လူသည် ဘယ်ဘက်ခြမ်းတွင် ထိုင်လျက်ရှိနေပြီး ကျင်းဟိုင်မြို့စားနှင့် သူ၏လူမှာတော့ ညာဘက်ခြမ်းတွင် ထိုင်လျက်ရှိ၏။

ညှိနှိုင်းဆွေးနွေးရေးခန်းမကြီး၏ ထိပ်တည်နေရာ တွင်တော့ ထိုင်ခုံနှစ်ခု တည်ရှိ၏။ စတုတ္ထမင်းသား နင်ကျန်းနှင့် ထန်းနန်စီရင်စု၏ အုပ်ချုပ်ရေးမှူးတို့သည် ဤနေရာတွင် ထိုင်လျက်ရှိနေ၏။ အခြေအနေတစ်ခုလုံးသည် လေးနက်တည်ကြည်လျက် ရှိနေ၏။ တကယ့် အစစ်အမှန် ဆွေးနွေးပွဲတစ်ခုကို ဖန်တီးပြုလုပ်နေသကဲ့သို့ပင်။

နင်ကျန်းသည် ပြုံးကာပြောလိုက်သည်။ “ဒီတစ်ကြိမ် အုပ်ချုပ်ရေးမှူးကျူးနဲ့ ကျုပ်က နားထောင်ရုံသက်သက်ပဲ။ ကျုပ်တို့က ဘာတစ်ခုမှ ဝင်ပြီးပြောမှာ မဟုတ်ဘူး။ ခင်ဗျားတို့ ကြိုက်ရာကို ပြောလို့ရတယ်”

ပြီးနောက် သူသည် အနားပတ်ဝန်းကျင်ကို အသာလှည့်လည်ကြည့်ရှုပြီး ရှမ့်လန်ကို ရှာဖွေနေမိ၏။ ဤရှမ့်လန်သည် ရွှမ်ဝူ၏ အဓိကလူပင်ဖြစ်၏။ ဤကဲ့သို့ညှိနှိုင်းဆွေးနွေးမှုတွင် အဘယ့်ကြောင့် ရောက်ရှိ မလာရသနည်း။

ကျေးကျွန်ဆိုသည်မှာ သူတို့သခင်၏ ဝမ်းဗိုက်ထဲတွင်ရှိနေသည့် ပိုးကောင်များနှင့် ဆင်တူ၏။ မင်းသား၏ အမူအရာနှင့် အကြည့်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် မိန်းမစိုးသည် ချက်ချင်းဆိုသလိုပဲ တင်းမာခက်ထန်စွာ မေးလိုက်၏။ “ကျုပ် ခင်ဗျားရဲ့ သမက်တော်ကို ဘာလို့မတွေ့ရတာလဲ”

မြို့စားကြီးကျင်းကျိုးကပြောလိုက်သည်။ “ရှမ့်လန်က သိပ်ပြီးနေမကောင်းဘူး။ အရှင်မင်းသားဆီကို အဖျားကူးမှာစိုးလို့တဲ့။ ဒါကြောင့် သူ မလာခဲ့တာပါ”

ရိုးသားဖြောင့်မတ်လွန်းသည့် မြို့စားကြီးပင်လျှင် လက်ရှိအခြေအနေ၌ လိမ်လည်လျက် ရှိနေ၏။

ရုတ်တရက် မင်းသားနင်ကျန်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့၏။ သူ့ကို တစ်ချက်ကလေးမှ မျက်နှာသာပေးသည့်ပုံ မပေါ်ချေ။

ညှိနှိုင်းဆွေးနွေးမှုခေါ်သောအရာကို ဆက်လက်ကာ ပြုလုပ်ခဲ့၏။ ကျင်းဟိုင်မြို့စားကြီးသည် တကယ့်ကို တင်းမာ ခက်ထန်စွာဖြင့် အပေါ်စီးမှ ညှိနှိုင်းနေခြင်းဖြစ်၏။ ၎င်းတို့သည် ဘုရင်မင်းမြတ်၏ ကောင်းချီးမင်္ဂလာကို လက်ခံရရှိထားသည်ဖြစ်သောကြောင့် ထန်မိသားစုသည် လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော်တည်းက ကျင်းချန်ကျွန်းကို အုပ်စိုးခဲ့သည့်လူများဖြစ်ကြောင်း သမိုင်း အထောက်အထားများနှင့် ပြောဆိုလျက်ရှိ၏။ အဆုံးသတ်မှာတော့ သက်သေသာဓက စာရွက်ပေါင်း ၁၀၀ ကျော်တို့ကို ထုတ်ဖော်ပြသခဲ့လေသည်။

“ဒီအရာတွေက ရှေးကတည်းက ကျင်းချန်ကျွန်းကို ထန်မိသားစုက ပိုင်ဆိုင်ခဲ့တယ်ဆိုတဲ့ သက်သေသာဓကတွေပဲ”

အရေးကြီးသော လူများဆီသို့ စာရွက်မိတ္တူများကို တစ်ခုချင်းစီ ပေးပို့လိုက်၏။

မင်းသားနင်ကျန်းသည် အလွန်ပင် ကျေနပ်လျက် ရှိနေ၏။ ဤအရာသည် သူ၏တာဝန်ပင်ဖြစ်သည် မဟုတ်ပါလား။ တစ်ဖက်လူသည် ကောင်းကောင်းသရုပ်ဆောင်လျက် ရှိနေ၏။ သရုပ်ဆောင်လျက်ရှိနေသည် ဆိုလျှင်တောင်မှ အစစ်အမှန် ဖြစ်နေသလိုပင်။ ရွှမ်ဝူအိမ်တော်ကို ဖျက်ဆီးချင်သည်ဆိုလျှင် ဤကဲ့သို့ တော်လွန်းသည့် လူများကို လိုအပ်သည်။

နောက်တော့ ရွှမ်ဝူအလှည့်ပင် ဖြစ်၏။ “ကျုပ်တို့က ငြင်းပယ်ပါတယ်”

ပြီးနောက် ....

ပြီးနောက်ဟူ၍ မရှိတော့ချေ။

အားလုံးသောသူတို့သည် တုန်လှုပ်သွားခဲ့ကြ၏။ အခြေအနေသည် ပိုမိုကာ လေးနက်လာခဲ့သလို ပိုမိုကာ ကြောက်အအလည်း နိုင်လွန်းလာ၏။ စောဏကလေးတင် ကျင်းဟိုင်မြို့စားကြီးသည် စိတ်အားတက်ကြွစွာဖြင့် စာလုံးရေပေါင်း တစ်သောင်းကျော် ရေးသားထားသည့် စာရွက်စာတန်း သက်သေသာဓကများကို ထုတ်ဖော်ကာ စားပွဲပေါ်သို့တင်ပေး၏။ ထို့အပြင် တာဝန်ရှိသည့် လူအားလုံးကိုလည်း ဖတ်ရှုစေခဲ့၏။ သို့ပေမည့် ရွှမ်ဝူ၏ အလှည့်သို့ ရောက်သည့်အချိန်မှာတော့ ရွှမ်ဝူသည် ‘ကျုပ်တို့က ငြင်းပယ်ပါတယ်’ ဟူသော စကားတစ်ခွန်းကိုသာ ပြောဆိုခဲ့၏။

‘ခင်ဗျား.... ခင်ဗျား ဒါဘာကိုဆိုလိုတာလဲ။ လူမြင်ကွင်းမှာ အားလုံးသောသူတွေရဲ့ မျက်နှာတွေကို ပိတ်ရိုက်ချလိုက်တာလား။’

မင်းသားနင်ကျန်းနှင့် အုပ်ချုပ်ရေးမှူး ကျူးကျွင်းတို့သည် ဤနေရာတွင် တည်ရှိနေ၏။ ရွှမ်ဝူသည် ထိုသူတို့ကို မျက်နှာသာပင် မပေးခဲ့ချေ။ ဤအချိန်မှာတော့ နင်ကျန်း၏ မျက်နှာပေါ်၌ အနည်းငယ် ရှက်ရွှံ့မှုများ ပေါ်ပေါက်လာ၏။ သူသည် ပြုံးကာပြောလိုက်သည်။ “အုပ်ချုပ်ရေးမှူး... ကြည့်ရတာ ကျုပ်တို့ရဲ့ မျက်နှာတွေက ကြီးမားတဲ့ပုံ မပေါ်ဘူးပဲ”

ကျင်းမူလန်က အေးစက်စက် ပြောလိုက်၏။ “အင်း... သားသတ်သမားက ဝက်ကိုသတ်မယ့်အချိန်မှာ ဝက်က ပြုံးပြုံးလေး နေပေးရအုံးမှာလား။ ဒီလိုမလုပ်နိုင်တဲ့အတွက် ကျွန်မတို့ကို ခွင့်လွှတ်ပေးပါ”

ရွှမ်ဝူက ပြောလိုက်သည်။ “ရွှဲ့ပြည်နယ်ရဲ့ ဥပဒေအရဆိုရင် ကျုပ်တို့မိသားစုအနေနဲ့ ကိုယ့်ကိုကိုယ် ခုခံပိုင်ခွင့်ရှိတယ်။ ဘုရင်မင်းမြတ် ရောက်ရှိလာမယ်ဆိုရင်တောင်မှ ရွှမ်ဝူမြို့စားအိမ်တော်ရဲ့ ခုခံကာကွယ်မှုကို သိမ်းပိုက်လို့ မဖြစ်နိုင်ဘူး။ နှစ်ပေါင်း ၁၀၀ ကျော်ကြာမြင့်ပြီးရင်တောင်မှ ကျုပ်တို့ဘိုးဘေးတွေ ပြုလုပ်ခဲ့တဲ့ ဉပဒေ သဘောတရားတွေက အကျုံးဝင်ပါသေးတယ်”

ဤစကားစု ထွက်ပေါ်လာသည့်အချိန်မှာတော့ မင်းသားနင်ကျန်း၏ မျက်နှာက ပျက်ယွင်းသွားခဲ့၏။ ရွှမ်ဝူမိသားစုသည် သေလမ်းရှာနေလေသည်လား။ တခြားသောသူများ၏ မျက်နှာများကို ပွင့်ပွင့်လင်းလင်း တိုက်ရိုက်ဆွဲဖြဲရန် ရည်ရွယ်ချက် ရှိနေသည်လား။ ဘိုးဘေးများ၏ ဥပဒေသများကိုပင် ထုတ်ဖော်ပြောဆိုလျက် ရှိနေလေ၏။ မူဝါဒအသစ်ကို စိတ်ဝင်စားမှုရှိပုံ မပေါ်သလို ရှိသည်ဟုလည်း တွက်ပုံမရချေ။

ပြီးနောက် ရွှမ်ဝူသည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် ကျင်းဟိုင်မြို့စားကြီးကို ဦးညွှတ်လိုက်၏။ “အစ်ကိုထန်... ကျုပ်တို့စာကြည့်ခန်းထဲမှာ စကားပြောလို့ရလား။”

ဆိုလိုရင်းက ရှင်းလင်းလွန်းလှ၏။ သူတို့သည် သီးသန့်စကားပြောချင်ခြင်းပင်။

လက်ရှိအခြေအနေမှာတော့ အရှင်မင်းသားနင်ကျန်းသည် ပြုံးကာပြောလိုက်၏။ “ကျင်းဟိုင်မြို့စားကြီး... ရွှမ်ဝူက ခင်ဗျားကို ဖိတ်ခေါ်နေပြီဆိုမှတော့ ခင်ဗျားသွားသင့်တယ်”

................

ရွှမ်ဝူမြို့စားကြီး ကျင်းကျိုးတို့သည် စာကြည့်ခန်းထဲသို့ ဝင်ရောက်သွားခဲ့၏။ ကျင်းဟိုင်မြို့စားကြီးသည် ထန်ယွင်ကို ခေါ်ဆောင်ကာဖြင့် အနောက်မှ လိုက်ပါသွားခဲ့၏။

စာကြည့်ခန်းအတွင်းမှာတော့ ရှမ့်လန်သည် စောင့်လျက် ရှိနေ၏။ သူ၏ရှေ့တွင် မြေပုံတစ်ခုကတည်ရှိနေသည်။

ကျင်းဟိုင်မြို့စားကြီးသည် မည်သို့မှမနေနိုင်ဘဲ အနည်းငယ် အံ့အားသင့်သွား၏။ ရွှမ်ဝူမြို့စားကြီး ကျင်းကျိုးသည် တခြားမည်သူ့ကိုမှ ခေါ်ဆောင်ထားခြင်း မဟုတ်ချေ။ ရှမ့်လန် ရှိနေခြင်းပင် ဖြစ်၏။

စာကြည့်ခန်းထဲသို့ ဝင်ရောက်ပြီးသည့်နောက် နှစ်ဖက်သားသည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။

ရှမ့်လန်ကပြောလိုက်၏။ “ကျင်းဟိုင်မြို့စားကြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ကျော်တုန်းက ခင်ဗျားတို့မိသားစုရဲ့ မြေပိုင်နက်ထဲကို ပင်လယ်ဓားပြတွေက ဝင်ပြီးအခြေချခဲ့တယ်။ ခင်ဗျားတို့မိသားစုရဲ့ ရဲတိုက်ကြီးတောင်မှ ရန်သူ့လက်ထဲသွားခဲ့တယ်။ ဒါပေမယ့် ကျုပ်တို့ ကျင်းမိသားစုရဲ့ဘိုးဘေးကြီးက စစ်သည်တွေကို လွှတ်ပြီးတော့ ခင်ဗျားတို့ မြေပိုင်နက်တွေကို ပြန်ရအောင် ကူညီခဲ့တယ်။ ခင်ဗျားတို့ရဲ့ အခြေခံကို ပိုပြီးခိုင်မာအောင် ကူညီပေးခဲ့တယ်”

ကျင်းဟိုင်မြို့စားကြီးသည် မျက်မှောင်ကျုံ့လိုက်၏။ ဤအရာသည် သူ မကြားချင်ဆုံးသော ရှက်ရွံ့စရာ အတိတ်ကာလ မှ အကြောင်းအရာများဖြစ်သည်။

ရှမ့်လန်က ပြောလိုက်၏။ “အဲဒီနှစ်တုန်းက ကျင်းဟိုင်မြို့စားကြီးက ကျုပ်တို့ရဲ့အိမ်ကို ကိုယ်တိုင်ကိုယ်ကျလာပြီး ဒူးထောက်ပြီးတောင်းပန်ခဲ့တယ်။ ကျုပ်တို့ကို သူ့ရဲ့မြေပိုင်နက်တွေ ပြန်ရအောင် ကူညီပေးဖို့ပေါ့။ ပြီးတော့ ကိစ္စတစ်ခုကိုလည်း သဘောတူခဲ့သေးတယ်။ ကျင်းမိသားစုကို ကျင်းချန်ကျွန်းပေးမယ်ဆိုပြီး သဘောတူစာချုပ် ချုပ်ခဲ့တာပေါ့။ ကျုပ်တို့ရဲ့ဘိုးဘေးက တည်နေရာအနှံ့ကို စစ်သည်တွေ စေလွှတ်ပြီးတော့ သတ်ဖြတ်ပြီး ခင်ဗျားတို့ မိသားစုကို ကောင်းမွန်တဲ့ အခြေအနေတစ်ခုဖြစ်အောင် ကူညီနိုင်ခဲ့တယ်။ ရွှဲ့ပြည်နယ်တစ်ခုလုံးကိုလည်း ငြိမ်းချမ်းမှုရအောင် ပြုလုပ်ပေးခဲ့တယ်။ အဲဒီအချိန်တုန်းက ဘုရင်မင်းမြတ်ရဲ့ မျက်စိအောက်မှာပဲ ခင်ဗျားတို့မိသားစုက ကျင်းချန်ကျွန်းကို ကျုပ်တို့ကျင်းမိသားစုဆီကို လက်လွှဲပေးခဲ့ရတယ်မဟုတ်လား”

“အင်း.. ကျုပ်တို့မိသားစုရဲ့ တစ်ချိန်ကအကြောင်းအရာတွေ ဆက်ပြီးမပြောရင် ကောင်းလိမ့်မယ်”

သို့ပေမည့် ရှမ့်လန်ပြောဆိုနေသည်မှာ အမှန်ပင်ဖြစ်၏။ မဟုတ်ပါက ထန်းမိသားစု၏ လက်ထဲတွင်ရှိနေသည့် ကျင်းချန်ကျွန်းသည် အဘယ်သို့ ကျင်းမိသားစုလက်ထဲသို့ ရောက်ရှိသွားမည်နည်း။ သို့သော်လည်း ရှက်ရွံ့စရာ ကောင်းသည့် အကြောင်းအရာ ဖြစ်သောကြောင့် ကျင်းဟိုင်မြို့စားကြီးသည် ထိုအရာကို တစ်ခါမှ ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိချေ။

“ဟားဟား ဟားဟား ဟားဟား”

ကျင်းဟိုင်မြို့စားအိမ်တော်၏ ဆက်ခံသူ ထန်ယွင်သည် အသာပင် ပြောဆိုလိုက်၏။ “ရှမ့်လန်... ဒီအရာတွေအားလုံးက အဓိပ္ပာယ်မရှိတဲ့ အရာတွေပဲ။ မင်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က ကိစ္စရပ်ကို လာပြောတယ်။ ကျုပ်တို့မိသားစုက ကျင်းမိသားစုဆီကို ကျင်းချန်ကျွန်းကို ပေးလိုက်တယ် ဟုတ်လား။ စာချုပ်စာတမ်းနဲ့ ပေးခဲ့တယ်ဟုတ်လား။ သက်သေရှိလား .. ပြပါအုံး”

ဤအရာသည် တကယ့်ကို စိတ်ပျက်စရာ အကြောင်းအရာပင် ဖြစ်၏။ ဘိုးဘေးကြီး သေဆုံးသွားခဲ့ပြီးနောက် ထိုစာချုပ်ကလည်း ပျောက်ကွယ်သွားခဲ့၏။

သို့ပေမည့် စုစုပေါင်း စာချုပ် သုံးခုတည်ရှိနေ၏။ ကျင်းဟိုင်မြို့စားကြီးတွင် တစ်ခုရှိ၏။ ဘုရင်မင်းမြတ်တွင်လည်း တစ်ခုရှိ၏။ ဤအရာနှစ်ခုသည် လုံလုံခြုံခြုံနှင့် တည်ရှိမှာ သေချာ၏။ သို့ပေမည့် တစ်ဖက်လူများ၏လက်သို့ ရောက်ရှိနေ၏။ ထို့ကြောင့် ထန်ယွင်သည် အရာအားလုံးကို အပေါ်စီးမှ ပြောဆိုနေခြင်းဖြစ်သည်။

“ကောင်းပြီ”

ရှမ့်လန်က လေးလေးနက်နက် ပြောလိုက်၏။ “အင်း... ပြီးပြီးသားကိစ္စတွေ ကျုပ်တို့ဆက်ပြီး မပြောရအောင်။ အခု မူဝါဒသစ်ရဲ့ အခြေအနေက အလှည့်အပြောင်းတွေ များတယ်။ ခင်ဗျားတို့ ထန်မိသားစုကလည်း ကျုပ်တို့ကျင်းမိသားစုနဲ့ အတူတူပဲ။ ကျုပ်တို့က ကိုယ်ပိုင်မြေပိုင်နက်နဲ့ စစ်တပ်တွေကို ပိုင်ဆိုင်တဲ့ တော်ဝင်မျိုးနွယ်ဟောင်း တွေပဲ မဟုတ်လား။ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် ကျုပ်တို့မိသားစုနှစ်ခုက စည်းလုံးသင့်တယ် မဟုတ်လား။ ဘာလို့ တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်နေရမှာလဲ။ ကျုပ်တို့က တူညီတဲ့ အရင်းအမြစ်ကနေ ဖြစ်တည်လာခဲ့ကြတဲ့လူတွေပဲလေ။ ဘာကြောင့် တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေကြမှာလဲ”

ရှမ့်လန်ပြောသည်မှာ အမှန်ပင်ဖြစ်၏။ ကျင်းဟိုင်မြို့စားကြီးနှင့် ရွှမ်ဝူမြို့စားကြီးတို့သည် ရွှဲ့ပြည်နယ်၏ ထိပ်တန်း တော်ဝင်မျိုးနွယ်များထဲတွင်ပါဝင်သည်။

ရှမ့်လန်က အသာပင်ပြောဆိုလိုက်၏။ “တော်ဝင်မျိုးနွယ်ဟောင်းတွေ အနေနဲ့ ခင်ဗျားတို့ထန်မိသားစုက မူဝါဒသစ်ရဲ့ဘက်မှာ မတ်မတ်ရပ်နေခဲ့တယ်။ ပြီးတော့ ကျင်းမိသားစုကို ကလန်ကဆန်လုပ်ချင်တယ်။ ဒီကိစ္စက နာကျည်းဖို့ကောင်းတယ် မဟုတ်လား။ ပြီးတော့ တစ်ဖက်ခြမ်းမှာရှိတဲ့ ရန်သူတွေ ပိုပြီး ပျော်ရွှင်နိုင်တဲ့ကိစ္စမျိုး ဖြစ်သွားနိုင်တယ် မဟုတ်လား။ ပြီးတော့ နှုတ်ခမ်းသေသွားရင် သွားအအေးပတ်မှာပဲလေ။ ရွှမ်ဝူအိမ်တော် ပျောက်ကွယ်သွားပြီးရင် မူဝါဒအသစ်ရဲ့ ပစ်မှတ်က ခင်ဗျားတို့ရဲ့ခေါင်းပေါ်ကို ရောက်ရှိမလာဘူးလို့ ဘယ်သူက အာမခံနိုင်လို့လဲ”

ရှမ့်လန်၏စကားက အမှန်ပင်ဖြစ်၏။ သို့ပေမည့် ကျင်းဟိုင်မြို့စားကြီး ထန်လွမ်သည် စိတ်ထဲတွင် အထင်မြင်သေးသလို ခံစားနေမိ၏။ အမှန်တရားကို ပြောဆိုသည်ဆိုသော်လည်း ထိုအမှန်တရားသည် သူ၏ လက်ထဲတွင် ပြောင်းလဲသွားရမှာဖြစ်သည်။

“မင်း ... ရှမ့်လန်က တကယ့်ကို မောက်မာပြီး အသုံးမကျတဲ့ကောင်ပဲ။ ထင်မှတ်ထားတဲ့အတိုင်းပဲ။ ဟိတ်ဟန်ထုတ်ဖို့ပဲ ဦးစားပေးနေတာကိုး”

ရုတ်တရက် ထန်ယွင်သည် ထူးမခြားနားသလို ပြောလိုက်၏။ “ကျုပ်သူငယ်ချင်း သေသွားတယ်ဆိုရင်တောင် ကျုပ်သေတာ မဟုတ်ဘူးလေ”

လောကကြီးထဲတွင် ဤကဲ့သို့သော စကားများကို ထုတ်ဖော်ပြောဆိုဝံ့သည့် လူတစ်ယောက် ရှိနေပါသလား။ တကယ်ပင် ဆိုးယုတ်လွန်းလှချေ၏။ ရွှမ်ဝူမြို့စားကြီး သေဆုံးသွားသည် ဆိုလျှင်တောင် သူ မသေဟု ပြောဆိုနေခြင်းပင် ဖြစ်သည်။

ကျင်းဟိုင်မြို့စားအိမ်တော်သည် တော်ဝင်မျိုးနွယ်များကို သစ္စာဖောက်ကာဖြင့် ဘုရင်မင်းမြတ်၏ခွေးအဖြစ် လိုလိုချင်ချင်နှင့် ဖြစ်တည်လျက် ရှိနေ၏။ ဘုရင်မင်းမြတ်က ကိုက်ဆိုပါက ရွှမ်ဝူအိမ်တော်ကို ဝင်ရောက်ကိုက်ခဲရန် အဆင်သင့်ဖြစ်နေသည့် ပုံစံမျိုးပင်။

ရှမ့်လန်ကပြောလိုက်၏။ “ကျင်းဟိုင်မြို့စားကြီး... ဒီလိုပဲ ကျုပ်တို့တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်ကြ တော့မှာလား”

ကျင်းဟိုင်မြို့စားကြီးက ထူးမခြားနားသလို ပြောလိုက်ညသည်။ “ကျုပ် ထန်လွမ်က ဘုရင်ရဲ့ သစ္စာရှိနောက်လိုက် တစ်ယောက်ပဲ။ ခင်ဗျားတို့နဲ့ ဘယ်လိုမှ ပူးပေါင်းမှာ မဟုတ်ဘူး”

ထန်ယွင်က ပြောလိုက်၏။ “ရှမ့်လန်... မင်း ရွှမ်ဝူအိမ်တော်ကို အသက်ရှင်စေချင်တယ်ဆိုတာကို ငါနားလည်ပါတယ် .. ဒါပေမဲ့ ....”

သူသည် ဒုတိယစကားကို ဆက်မပြောခဲ့ချေ။ ကျင်းမိသားစုသည် ရုန်းကန်မနေသင့်တော့ချေ။ ငြိမ်ငြိမ်သက်သက်ဖြင့် ချောက်ထဲသို့ ခုန်ဆင်းသွားရန်သာရှိသည်။

ရှမ့်လန်က ဝမ်းနည်းစွာ ပြောလိုက်သည်။ “ကျင်းချန်ကျွန်းအတွက် မဟုတ်လား။ ကျုပ်တို့ ပြောကြရအောင် ... ဒီလိုလုပ်ကြမယ်။ ကျင်းချန်ကျွန်းရဲ့ သံမဏိထွက်တဲ့ မြေတည်နေရာ သုံးပုံနှစ်ပုံကို ခင်ဗျားတို့ဆီ ပေးမယ်။ သုံးပုံတစ်ပုံကိုတော့ ကျုပ်တို့ကျင်းမိသားစုက ယူမယ်”

“ဟားဟား ဟားဟား ဟားဟား” ထန်ယွင်သည် အထင်မြင်သေးစွာဖြင့် ရယ်မောလိုက်၏။

ရှမ့်လန်သည် စိတ်ဓာတ်တကျဖြင့် လှမ်းကာ ပြောလိုက်ပြန်သည်။ “ခင်ဗျားတို့က သုံးပုံတစ်ပုံကို ယူပြီးတော့ ကျုပ်တို့က လေးပုံတစ်ပုံပဲ ယူမယ်လေ။ ဒါဆိုရင် အဆင်ပြေတယ် မဟုတ်လား”

“ဟားဟား ဟားဟား ဟားဟား” ထန်ယွင်သည် အထင်မြင်သေးစွာဖြင့် ထပ်မံကာ ရယ်မောလိုက်ပြန်၏။

ဤတစ်ကြိမ်မှာတော့ ရွှမ်ဝူမြို့ကို ဖျက်ဆီးချင်သည့် လူပေါင်းများစွာတို့သည် အဆင်သင့်ရှိလို့နေ၏။ သူတို့သည် ညှိနှိုင်းဆွေးနွေး၍ မရချေ။ ဘုရင်မင်းမြတ်ပြီးနောက် အစိုးရအရာရှိသစ်များ၊ ပြီးတော့ တော်ဝင်မျိုးနွယ်များ အားလုံးတို့သည် ရွှမ်ဝူမြို့စားအိမ်တော်ကို ဖျက်ဆီးချင်၏။ ထိုအထဲတွင် ပင်လယ်ဓားပြ ချောင်ထျန်းဝေပင် အဆစ်ပါသေးသည်။

ကောင်းကင်ယံတစ်ခုလုံးတွင် ဝေ့ဝိုက်ပျံသန်းရင်း လူသေကောင်ကို ဝိုင်းကာဆွဲမည့် လင်းဠများကဲ့သို့ပင် စောင့်မျှော်နေကြခြင်း ဖြစ်၏။

ရှမ့်လန်သည် တကယ်ပဲ ကျင်းဟိုင်မြို့စားအိမ်တော်ကို သူတို့နှင့်အတူ သေတွင်းထဲသို့ ဆွဲခေါ်ရန် စီစဉ်နေ လေသည်လား။ အဓိပ္ပာယ်မရှိချေ။ သေချင်သည်ဆိုပါက ကိုယ့်ဘာသာကို တစ်ယောက်တည်း သေခြင်းကသာ ကောင်းပေလိမ့်မည်။

ထန်ယွင်က ပြောလိုက်သည်။ “အင်း နှစ်သစ်က ရောက်တော့မယ်။ အားလုံးသောသူတွေကတော့ နှစ်သစ်စားပွဲ အတွက်တော့ ဝက်တွေကိုသတ်ဖို့ ပြင်ဆင်နေကြပြီ”

သူသည် တိုက်ရိုက်ဆိုသလိုပဲ ရှမ့်လန်ကို ကြည့်ရှုလိုက်၏။ “ဒီတော့ လူရွှင်တော်တစ်ယောက်လို ဟိုခုန်ဒီခုန် လုပ်မနေနဲ့တော့။ ခင်ဗျားတို့ မြို့စားအိမ်တော်က ဟိုခုန်ဒီခုန်လုပ်လည်း ဘာမှထူးခြားလာမှာ မဟုတ်တော့ဘူး”

တိတ်ဆိတ်ငြိမ်သက်လျက်ရှိသော ဓားတစ်စင်းသည် ပိုမိုကာ ကြောက်မက်ဖွယ်ရာကောင်းသည်ဟူသော စကားပုံ အတိုင်းပင် ကျင်းဟိုင်မြို့စားကြီးသည် ဦးညွှတ်ကာဖြင့် ပြောလိုက်သည်။ “နှုတ်ဆက်ပါတယ်”

ပြီးနောက်သူသည် ထန်ယွင်ကို အပြင်ဘက်သို့ ခေါ်ဆောင်သွားခဲ့၏။

ထိုသူတို့ ထွက်ခွာသွားပြီးနောက် ရှမ့်လန်၏ စိတ်ပျက်လက်ပျက်ဖြစ်နေသည့် အမူအရာက ချက်ချင်းပဲ ပြောင်းလဲသွားခဲ့၏။ ပြီးနောက် သူက ရွံရှာသလို တံတွေး ထွေးလိုက်သည်။

ရွှမ်ဝူသည် သူ၏သမက်တော်ကိုကြည့်ပြီး မည်သို့မှမနေနိုင်ပဲ မေးလိုက်မိ၏။ “မင်း ဘယ်လိုသရုပ်ဆောင်ရမလဲ ဆိုတာ ကောင်းကောင်း သိတာပဲ”

................

ကျင်းဟိုင်မြို့စားကြီးသည် အပြင်ဘက်သို့ ထွက်လာသည့် အချိန်မှာတော့ မည်သို့မှမနေနိုင်ပဲ ပြောလိုက်မိသည်။ “အင်း... ဒီရှမ့်လန်က ကိုယ့်ကိုကိုယ် ဉာဏ်ပညာကြီးမားတဲ့ လူတစ်ယောက်လိုပဲ ထင်နေတာလား မသိဘူး။ တကယ် အသုံးမကျတဲ့ကောင်ပဲ”

ထန်ယွင်က ပြောလိုက်၏။ “အဆင့်နိမ့်လူသားတွေက ကိုယ့်ကိုကိုယ် ဟန်ထုတ်ဖို့ပဲ တတ်တာလေ။ တကယ့် ဉာဏ်ပညာ ဘယ်လိုလုပ်ရှိမှာလဲ။ လူပြက်တစ်ယောက်သာသာပဲ”

သူသည် အစစ်အမှန် ဒေါသထွက်လျက်ရှိသည်။ ရှမ့်လန်ကဲ့သို့သော လူတစ်ယောက်သည် သူ့ကဲ့သို့သော လူနှင့် အဘယ်သို့ ညှိနှိုင်းဆွေးနွေးရန် အဆင့်အတန်း တည်ရှိနေမနည်း။ သူ ... ထန်ယွင်သည် မြို့စားအိမ်တော်၏ ဆက်ခံသူတစ်ယောက် ဖြစ်၏။ တကယ့်ကို ကြီးမားသည့် အဆင့်အတန်းနှင့် ဝေးကွာသည့် လူတစ်ယောက်လည်း ဖြစ်သည်။

တစ်ယောက်သည် ကောင်းကင်ယံထက်မှဖြစ်ပြီး တခြားသော တစ်ယောက် မှာတော့ မြေတွင်းထဲမှဖြစ်လေ၏။ အဘယ်သို့ ညှိနှိုင်းဆွေးနွေးမှုကို ပြုလုပ်ရမည်နည်း။ ရှမ့်လန်အနေနှင့် သူနှင့် ညှိနှိုင်းဆွေးနွေးရန် အခွင့်အရေးဟူ၍ အဘယ်မှာ ရှိမည်နည်း။ သူနှင့်စကားပြောဆိုရသည်ကပင်လျှင် မိုးကောင်းကင်မှ ပေးအပ်လိုက်သည့် ကောင်းချီးတစ်ခုသာ ဖြစ်၏။

All Chapters