← Chapters

အပိုင်း (၁၃၈)

Vol. 10 Ch. 138

အပိုင်း (၁၃၈)

Vol. 10 Ch. 138

ကျင်းဟိုင်မြို့စားကြီးနှင့် ထန်ယွင်တို့ ထွက်လာခဲ့ပြီးသည့်နောက် ရှမ့်လန်နှင့် ရွှမ်ဝူတို့သည်လည်း အပြင်ဘက်သို့ ထွက်လာ၏။

ကျူးကျွင်းက မေးလိုက်သည်။ “အင်း နှစ်ဖက်ခြမ်း သီးသန့်ဆွေးနွေးကြတာ ဘယ်လို အခြေအနေရှိလဲ”

ကျင်းဟိုင်မြို့စားကြီးက ပြောလိုက်၏။ “ကျုပ်တို့လိုချင်တဲ့ အချက်အလက်ဆီကို မရောက်ခဲ့ပါဘူး”

စတုတ္ထမင်းသား နင်ကျန်းသည် ရှမ့်လန်ကို တစ်ချက်ကြည့်ကာဖြင့် မျက်နှာကို သေသေချာချာ မှတ်သားလိုက်၏။ ဖျားနေလေသည်လား။ ပုံစံကို ကြည့်ရသည်မှာ ချက်ချင်းထကာ ပြေးလွှားလျှင်ပင် အားကစားကွင်း သုံးပတ်လောက် ပြေးနိုင်သည့် ရုပ်မျိုးပင်။

နင်ကျန်းသည် ရယ်မောလိုက်သည်။ “ကြည့်ရတာ ကျုပ်လာခဲ့ရတာ သဲထဲရေသွန်ဖြစ်ခဲ့ပြီပဲ။ ညှိနှိုင်းဆွေးနွေးမှုက ပျက်စီးသွားခဲ့ပြီ’

အုပ်ချုပ်ရေးမှူးကျူးကျွင်းက ပြောလိုက်လေ၏။ “ရွှမ်ဝူမြို့စားကြီး ကျုပ်တို့ရဲ့သဘောထားက အင်မတန်ကို ရှင်းလင်းတယ်။ ဒီကျင်းချန်ကျွန်းကို အစိတ်အပိုင်းနှစ်ခုအဖြစ် ပိုင်းမယ်။ မြောက်ဘက်အခြမ်းကို ကျင်းဟိုင် မြို့စားကြီးဘက်ကိုပေးပြီးတော့ တောင်ဘက်အခြမ်းကိုတော့ ရွှမ်ဝူအိမ်တော်ကိုပေးမယ်။ ခင်ဗျားတို့ သဘောတူလား”

ထပ်မံကာ လာခဲ့ပြန်၏။ ကျင်းချန်ကျွန်း၏ မြောက်ဘက်အခြမ်းသည် သံမဏိမိုင်းတွင်းများ တည်ရှိနေပြီး တောင်ဘက်အခြမ်းမှာတော့ တောနှင့် သဲများသာလျှင်ရှိ၏။ ဘာသွားသုံးရမည်နည်း။

“ကျုပ် သဘောမတူပါဘူး” ကျင်းကျိုးက ပြောလိုက်သည်။

စတုတ္ထမင်းသား နင်ကျန်းက ပြောလိုက်၏။ “ဒါဆိုရင် ကျုပ်တို့ အရင်နှစ်တုန်းက ဆွေးနွေးထားတဲ့အတိုင်းပဲ လုပ်လိုက်ကြတာပေါ့”

ရွှမ်ဝူမြို့စားကြီးက ပြောလိုက်သည်။ “ကောင်းပြီ”

ကျင်းဟိုင်မြို့စားကြီးကလည်း ပြောလိုက်၏။ “ကောင်းပါပြီ”

စတုတ္ထမင်းသား၏ မျက်နှာက အေးစက်သွားခဲ့၏။ ပြီးနောက် သူသည် အဝါရောင်စာလိပ်တစ်ခုကို ထုတ်ယူကာဖြင့် ထိုအရာကိုဖြန့်ကာ ပြောလိုက်သည်။ “ဘုရင်မင်းမြတ်က နှုတ်အမိန့်တော်တစ်ခုကို ပေးခဲ့တယ်။ ရွှမ်ဝူမြို့စား၊ ကျင်းဟိုင်မြို့စားကြီး.... ဒူးထောက်ပြီး နားထောင်ပါ”

မြို့စားကြီးနှစ်ယောက်တို့သည် ထပ်မံကာ ဒူးထောက်လိုက်၏။ စတုတ္ထမင်းသားသည် ဘုရင်မင်းမြတ်၏ နှုတ်အမိန့်တော်ကို အလျင်အမြန်ပဲ ရွတ်ဖတ်ပြလိုက်၏။

“ခင်ဗျားတို့နှစ်ယောက်က ကျင်းချန်ကျွန်းအတွက် နှစ်စဉ်နှစ်တိုင်း တိုက်ခိုက်နေခဲ့ကြတယ်။ ခင်ဗျားတို့ စိတ်မညစ်ဘူးဆိုရင်တောင်မှ ကျုပ်ကတော့စိတ်ညစ်နေပြီ”

ဤအရာသည် နှုတ်အမိန့်တော်တစ်ယောက် တစ်ခုဖြစ်၏။ ထို့ကြောင့် ယဉ်ကျေးသည့် စကားအသုံးအနှုန်းများကို ပြောဆိုနေစရာ မလိုအပ်ချေ။

“ညှိနှိုင်းဆွေးနွေးမှုကိုလက်မခံဘူးဆိုရင် အရင်နှစ်က ပြုလုပ်ခဲ့တဲ့အတိုင်းပဲ သုံးပွဲတိုက်မယ်။ အနိုင်ရရှိသူကို ဆုံးဖြတ်မယ်။ ကျုပ်မှာနေ့စဉ်နေတိုင်း လုပ်စရာတွေ အများကြီး ရှိသေးတယ်။ ခင်ဗျားတို့ရဲ့ သေးငယ်တဲ့ကိစ္စအရာတွေကို အာရုံစူးစိုက်ဖို့အတွက် အချိန်မရှိဘူး။ ကျင်းချန်ကျွန်းရဲ့ ပိုင်ဆိုင်သူက ဘယ်သူပဲဖြစ်ဖြစ် ရှုံးနိမ့်သူက ထာဝရ အရှုံးပေးရလိမ့်မယ်။ ဒါကို ငြင်းချင်လား”

နှုတ်အမိန့်တော်ဖြစ်သောကြောင့် ဘုရင်မင်းမြတ်သည် လိုရင်းကိုသာ ပြောဆိုခဲ့ခြင်းပင်ဖြစ်၏။ စတုတ္ထ မင်းသားသည် တင်းမာခက်ထန်စွာ ပြောလိုက်၏။ “ခမည်းတော်က ခင်ဗျားတို့ကို မေးနေတယ်။ ကျင်းဟိုင်မြို့စားကြီး.. ခင်ဗျားတို့ ငြင်းချင်သေးလား”

ကျင်းဟိုင်မြို့စားကြီးသည် ဦးညွှတ်ကာ ပြောလိုက်သည်။ “ကျုပ် မငြင်းချင်ပါဘူး”

စတုတ္ထမင်းသားသည် အေးစက်စွာ ပြောလိုက်၏။ “ရွှမ်ဝူမြို့စားကြီး .... ခင်ဗျားရော”

ရွှမ်ဝူသည် ဂုဏ်သိက္ခာထည်ဝါသည့် ဟန်ပန်အမူအရာမျိုးဖြင့် ခပ်တည်တည် ပြောလိုက်သည်။ “ကျုပ်လည်း မငြင်းပါဘူး”

စတုတ္ထမင်းသား နင်ကျန်းက ပြောလိုက်၏။ “ဒါဆိုရင် ဆုံးဖြတ်ပြီးသွားပြီ။ သုံးပွဲတိတိ ပြိုင်ဆိုင်ကြမယ်။ သုံးပွဲလုံးမှာ အနိုင်ရရှိတဲ့သူကို ဆုံးဖြတ်မယ်။ ဒီတစ်ခါတိုက်ပွဲကို အနိုင်ရရှိတဲ့လူက ထာဝရအနိုင်ရရှိသူပဲ။ ကျင်းချန်ကျွန်းရဲ့ ပိုင်ဆိုင်မှုကို ထာဝရ လက်လွှဲပေးရလိမ့်မယ်”

ပြီးနောက် စတုတ္ထမင်းသားသည် စာချုပ်တစ်ခုကို ထုတ်ယူပြီးသည့်နောက် ရွှဲ့ပြည်နယ်၏ တံဆိပ်တုံးကို ထုနှိပ်လိုက်၏။ အစိုးအရ အဖွဲ့အစည်းများ၏ တရားဝင်ဖြစ်ကြောင်း အသိအမှတ်ပြု စာရွက်များကို ရေးသားထားခြင်းဖြစ်၏။ ထိုနေရာတွင် ပါဝင်သည့် စာချုပ်၏အကြောင်းအရာများက ရိုးရှင်းလှသည်။

ကျင်းချန်ကျွန်းတိုက်ပွဲတွင် ရွှဲ့ပြည်နယ်၏ ရာစုနှစ်ရှိသော တော်ဝင်မျိုးနွယ်များ ပါဝင်မည်ဖြစ်ပြီး ထိုအရာကို တိုက်ပွဲများဖြင့် ဆုံးဖြတ်မည်ဖြစ်၏။ တိုက်ပွဲမှာ သုံးခုဖြစ်၏။ တိုက်ခိုက်ရေးပွဲ၊ စစ်ပွဲနှင့် အတတ်ပညာပင် ဖြစ်၏။

အတတ်ပညာဆိုသည်မှာ နန်းတွင်းစာမေးပွဲ ဖြေဆိုရသကဲ့သို့ပင် ဘုရင်မင်းမြတ်မှ ချမှတ်ပေးထားသည့် မေးခွန်းများကို ဖြေဆိုရခြင်းဖြစ်သည်။

တိုက်ခိုက်ရေးပွဲမှာတော့ လူနှစ်ယောက်ကြား တိုက်ခိုက်ရသည့် တိုက်ပွဲဖြစ်ပြီး စစ်ပွဲဆိုသည်မှာတော့ နှစ်ဖက်၏ စစ်တပ်များ အချင်းချင်း တိုက်ခိုက်ရခြင်းပင် ဖြစ်၏။ မိသားစုတစ်ခုချင်းစီတိုင်းသည် လူတစ်ရာလောက်ကို ထုတ်ဖော်ပြီး တစ်ဖက်နှင့်တစ်ဖက် အပြင်းအထန်တိုက်ခိုက်ရသည်။ ရှုံးနိမ့်သူ သို့မဟုတ် အညံ့ခံသူ ပေါ်လာမှသာလျှင် ကိစ္စက ပြီးပျက်မည်ဖြစ်၏။

ဤကဲ့သို့ ယှဉ်ပြိုင်ရမည့် သုံးပွဲလုံး၌ ဝင်ရောက်ယှဉ်ပြိုင်မည့်လူများသည် နှစ်ဖက်လုံး၏ မိသားစုမျိုးရိုးမှသာဖြစ်ပြီး တခြားမည်သူ့မှ အစားထိုးဝင်ရောက်ကာ ဖြေဆို၍မရနိုင်ချေ။ သမက်တော်ပင် မရချေ။

ပြောရမည်ဆိုလျှင် ကျင်းမူလန်နှင့် ထန်ယင်တို့သည် တိုက်ခိုက်ရေးပွဲကို ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကျင်းမူကုန်းနှင့် ထန်ယွင်တို့သည် အတတ်ပညာပြိုင်ပွဲကိုယှဉ်ပြိုင်ရမှာဖြစ်၏။ ရှမ့်လန်သည် ထိုအရာတွင် ပါဝင်ယှဉ်ပြိုင်ရန် အရည်အသွေး မပြည့်မီချေ။

ဦးခေါင်းကို သုံးစရာမလိုဘဲ ခြေထောက်ကို အသုံးပြု၍ စဉ်းစားမည်ဆိုလျှင်တောင်မှ ရွှမ်ဝူအိမ်တော်သည် သံသယရှိစရာမလိုပဲ ရှုံးနိမ့်မှာဖြစ်၏။

ထန်းယင်၏ ကြယ်ကြွေဓားသည် တကယ်ကို ပြိုင်ဘက်ကင်းသည့် အရာတစ်ခုဖြစ်၏။ လူငယ်လူရွယ်ပေါင်း များစွာတို့သည် တစ်စက္ကန့်အတွင်းမှာပင် သူ့ကိုရှုံးနိမ့်ခဲ့ကြ၏။ ကျန်းယွမ်နယ်စားကြီး၏ သားဖြစ်သော စုကျန့်ထင် ပင်လျှင် ရှုံးနိမ့်ခဲ့၏။ ကျင်းမူလန်ဆိုလျှင် ပြောနေစရာပင် မလိုအပ်ချေ။ သူမ၏ဓားစွမ်းရည်သည် စုကျန့်ထင်လောက် ကောင်းမွန်ခြင်းမရှိချေ။ ကျင်းမူလန်၏ ဓားသိုင်းသည် ထန်းယင်ထက် အဆင့်နှစ်ဆင့်လောက် နိမ့်ကျလျက်ရှိနေသည်။

အတတ်ပညာတိုက်ပွဲမှာတော့ ကျင်းမူကုန်းနှင့် ထန်ယွင် ဖြစ်နေလေသည်လား။ သေချာပေ၏။ ဤအရာသည် ဟာသတစ်ခုကဲ့သို့ပင်။ ကျင်းမူကုန်းဆိုသည်မှာ မည်သူဖြစ်သနည်း။ နေ့စဉ်နေတိုင်း စာများကို ကူးယူသည့် အလုပ်ကိုသာ လုပ်တတ်သည့် လူဝကြီးတစ်ကောင်သာလျှင်ဖြစ်၏။

ထန်ယွင်မှာတော့ နန်းတွင်းစာမေးပွဲပေါင်းများစွာကို ဝင်ရောက်ဖြေဆိုခဲ့သည့် လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် ဤတိုက်ပွဲသည် အလယ်တန်းကျောင်းသားတစ်ယောက်နှင့် ဟားဗက်ကျောင်းဆင်း ပါမောက္ခ တစ်ယောက်တို့ ပြိုင်ဆိုင်ခြင်းကဲ့သို့ပင်။

တိုက်ပွဲသုံးပွဲစလုံးတွင် ရွှမ်ဝူအိမ်တော်သည် အနိုင်ရရန် အခွင့်အရေးဟူ၍ ရှိလိမ့်မည် မဟုတ်ချေ။ ရွှမ်ဝူအိမ်တော်သည် ကျင်းချန်ကျွန်း၏ တိုက်ပွဲတွင် နေဝင်ကပ်စိုက်ပြီးဖြစ်၏။ ကျိန်းသေပေါက် ၁၀၀ ရာခိုင်နှုန်း ပျက်စီးရပေလိမ့်မည်။

“နှစ်ဖက်လုံးက ငြင်းချက်မရှိဘူးဆိုမှတော့ စာချုပ်မှာ လက်မှတ်ထိုးကြတော့” စတုတ္ထမင်းသားက ပြောလိုက်၏။

ကျင်းဟိုင်မြို့စားကြီးသည် ရှေ့ဆီသို့လှမ်းတက်ပြီးနောက် သူ၏နာမည်ကိုရေးထိုးကာဖြင့် ကျင်းဟိုင် မြို့စားကြီးအိမ်တော် တံဆိပ်တုံးကို ထုနှိပ်လိုက်သည်။

ရွှမ်ဝူမြို့စားကြီးသည်လည်း ရှေ့ကိုလှမ်းတက်ကာဖြင့် ထိုကဲ့သို့ ပြုမူ၏။ မျက်မြင်သက်သေများအနေဖြင့် ကျန်းချုံးနှင့် ကျူးကျွင်းတို့သည် တံဆိပ်တုံးများကို ထုနှိပ်လိုက်ကြ၏။ ရုတ်တရက် ဤစာချုပ်သည် တကယ့်ကို ကြီးမားသည့် အရှိန်အဝါများ ထွက်ပေါ်လာခဲ့ကြ၏။

အားလုံးသောသူတို့သည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်၏။ ထုံးတမ်းစဉ်လာအတိုင်း ပြုလုပ် ဆောင်ရွက်ပြီးခဲ့သော်လည်း ဤအရာသည် လွယ်လွယ်ကူကူ ပြီးမြောက်ခြင်းတော့ မဟုတ်ခဲ့ကြချေ။

အားလုံးသောသူတို့သည် ရွှမ်ဝူအိမ်တော်နှင့် သူ၏လူများအားလုံးကို စာနာသနားစွာ လှမ်းကာကြည့်ရှုလိုက်ကြ၏။ အားလုံးသောသူတို့သည် ၎င်းတို့၏မျက်လုံးထဲမှာတော့ အလောင်းများကဲ့သို့ပင်။

ကျင်းချန်ကျွန်းကို ရှုံးနိမ့်ပြီးနောက် ကျင်းမိသားစုတစ်ခုလုံး၏ အခြေအနေသည် တကယ့်ကို ဆိုးဝါး ဆုတ်ယုတ်စွာ ဖြစ်တည်သွားပေမည်။ ပြီးနောက် ဝမ်ကျားကျွန်းကို ထပ်မံကာ ဆုံးရှုံးရပေလိမ့်မည်။ ပြီးနောက် အရာအားလုံးကို တစ်ခုချင်းစီ ဆုံးရှုံးမှာဖြစ်၏။

စတုတ္ထမင်းသား နင်ကျန်းက ပြောလိုက်သည်။ “ဒီလိုဆိုရင် နှစ်ဖက်မိသားစုတွေက ပြင်ဆင်ထားသင့်ပြီ။ ငါးရက် ကြာပြီးရင် မိသားစုတိုက်ပွဲကို စပြီးတိုက်ခိုက်ကြမယ်။ သုံးပွဲတိုက်ခိုက်ပြီး အနိုင်ရရှိသူကို ဆုံးဖြတ်မယ်။ အနိုင်ရရှိသူက အရာအားလုံးကို ရယူနိုင်ပြီး ရှုံးနိမ့်သူကတော့ ထာဝရအရာအားလုံးကို လက်လွှတ်ရလိမ့်မယ်”

ရွှမ်ဝူအိမ်တော်ကို ဖျက်ဆီးရန်အတွက် ခရာမှုတ်သံက ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။ ဤအရာသည် တရားဝင် ဖြစ်၏။ ငါးရက်ခန့် ကြာမြင့်ပြီးသည့်နောက် တိုက်ခိုက်မည့် တိုက်ပွဲသုံးခုတွင် ရွှမ်ဝူအိမ်တော်သည် ကပ်ဆိုးမိုးမှောင် ကျပေတော့မည်။

………….

ညသည် ပိန်းပိတ်အောင် မှောင်လျက်ရှိနေလေ၏။ ရှစ်ချင်းချင်းသည် ရွှမ်ဝူအိမ်တော် တည်ရှိရာနေရာဆီသို့ အလျင်အမြန် ပြေးလွှားလျက် ရှိနေတုန်းပင်။ သူမ မီးထဲမှ အဘယ်သို့ လွတ်မြောက်ခဲ့ရသနည်း။ သူမ၏ ပန်းထိုးဆောင်ထဲတွင် လျှို့ဝှက်လမ်းဟူ၍ မရှိပေ။ မည်သူကမှသည်လည်း သူမကို ကူညီကယ်တင်ခဲ့ခြင်း မရှိပေ။ သို့ပေမည့် သူမ၏ ပန်းထိုးဆောင်ကြီးအောက်တွင် မြေအောက်ခန်းကြီးတစ်ခု တည်ရှိနေခဲ့၏။ ဤအရာသည် သူမအဖေ ဖန်တီးထားသည့်အရာလည်း ဖြစ်၏။

ဤလျှို့ဝှက်ခန်းကြီးထဲ၌ ပိုက်ဆံများကို သိုလှောင်ထားခဲ့ခြင်း မရှိချေ။ အရေးကြီး စာရွက်စာတမ်းမျိုးစုံတို့ကို သိမ်းဆည်းထားခဲ့ခြင်း၊ စာရင်းဇယားများကို သိမ်းဆည်းထားခဲ့ခြင်းပင်ဖြစ်၏။ ဟုတ်ပေ၏။ သူမသည် ထိုလျှို့ဝှက်ခန်းအကြောင်းနှင့်ပတ်သက်၍ ကျန်းကျင်းကိုပင် မပြောခဲ့ချေ။

သူမသည် ရှမ့်လန်ဆီမှ ရရှိထားခဲ့သည့် ခရမ်းရောင်နှင့် သက်တန့်ရောင် ဆိုးဆေးနည်းပညာများကိုလည်း ထိုလျှို့ဝှက်ခန်းထဲ၌ပင် သိမ်းဆည်းထားခဲ့၏။ ထိုနည်းပညာများကို ဖတ်ရှုပြီးသည့်နောက် ရှစ်ချင်းချင်း သည် ထိုအရာများကို အလွတ်ကျက်မှတ်ခဲ့ပြီးသားဖြစ်၏။ သို့ပေမည့် ထိုအရာများကို မိတ္တူအဖြစ်ကူးကာဖြင့် သီးသန့် အသုံးပြုခဲ့သည်။

ရှမ့်လန်ကိုယ်တိုင် လက်ရေးဖြင့် ရေးသားပေးခဲ့သည့် ဆိုးဆေးနည်းပညာကို သူမက မမြင်ချင်ပေ။ တစ်ခါတည်း အလွတ်ကျက်မှတ်ပြီး မီးရှို့ဖျက်ဆီးရန် စဉ်းစားထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ရှမ့်လန်နှင့်ပတ်သက်သည့် အရာအားလုံးကို မမြင်ချင်လောက်သည်အထိ ရှမ့်လန်ကို မုန်းတီးနေသောကြောင့်ပင်။

ပိုးထည်အသစ်များတွင် ပြဿနာ တစ်စုံတစ်ခု ဖြစ်လာခဲ့၏။ အနောက်တိုင်းသား ကုန်သည်များသည် ရုတ်တရက် အဆိပ်သင့်သလို ဖြစ်ခဲ့၏။ ဟုတ်ပေ၏။ ဤအရာသည် အဆိပ် မဟုတ်ချေ။ သို့ပေမည့် ရှစ်ချင်းချင်းသည် အလက်ဂျစ် (ဓာတ်မတည့်ခြင်း) ဆိုသည့်အရာကို မသိရှိချေ။ ထို့ကြောင့် အဆိပ်သင့်ခြင်းဟုသာ တွေးတောနေ၏။

အမှတ်မထင် ကိစ္စရပ်များ ဖြစ်သွားခဲ့ပြီးနောက် သူမက သတိလစ် မေ့မြောသွားခဲ့၏။ နိုးထလာသည့် အချိန်မှာတော့ ရှမ့်လန်၏ ဆိုးဆေးနည်းပညာတွင် တစ်စုံတစ်ခု မှားယွင်းနိုင်သည်ဖြစ်ကြောင်း ချက်ချင်း သတိပြုမိလေ၏။ ထို့ကြောင့် မြေအောက်လျှို့ဝှက်ခန်းထဲသို့ သွားရောက်ပြီး သေတ္တာကို ဖွင့်ကာဖြင့် ရှမ့်လန်၏ မူလ ဆေးနည်းကိုထုတ်ယူကာ ကြည့်ရှုလိုက်သည်။

သို့ပေမည့် ဤဆိုးဆေးဖော်မြူလာ၏ နောက်ကွယ်တွင် ရှမ့်လန်ရေးသားထားခဲ့သည့် စာလုံးအနည်းငယ်ကို မြင်လိုက်ရသည်။ “ကျန်းကျင်းက ခင်ဗျားကို သတ်လိမ့်မယ်”

ထိုစာကို မြင်သည့်အချိန်မှာတော့ ရှစ်ချင်းချင်းသည် ဆံပင်မွှေးညှင်းများပင် ထောင်ထသွားခဲ့မိ၏။ သူမသည် ဉာဏ်ကောင်းလှသည့် လူတစ်ယောက် ဖြစ်၏။ သူမသည် ဩဇာအာဏာကို ကိုးကွယ်သည့် လူတစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ ဉာဏ်ရည်ထုံထိုင်းလွန်းသည့် လူတစ်ယောက် မဟုတ်ချေ။ ဤကဲ့သို့သော အတွေးမျိုးသည် ကုန်သည်အားလုံးတို့၏ စိတ်ထဲတွင် ရှိနေသည့် အတွေးများပင် ဖြစ်ပေလိမ့်မည်။ စီးပွားရေးသမားများသည် ဤကဲ့သို့ပင် အတွေးအခေါ်များ တည်ရှိနေသည် မဟုတ်ပါလော။

သူမသည် အရာအားလုံးကို ပေးဆပ်ကာဖြင့် ကျန်းကျင်းကို လက်ထပ်ရန် စဉ်းစားခဲ့၏။ ထိုအရာသည် အမျိုးသမီး တစ်ယောက်၏ ချစ်ခြင်းကြောင့် မဟုတ်ချေ။ အခွင့်အာဏာ ဩဇာကို ကိုးကွယ်လိုခြင်းပင် ဖြစ်၏။

ထိုစာကို မြင်ရသည့်အချိန်မှာတော့ ရှစ်ချင်းချင်းသည် ဇဝေဇဝါတော့ ဖြစ်လို့နေတုန်းပင်။ အဘယ်ကြောင့် ဆိုသော် အနောက်တိုင်းကုန်သည်များ သူမကို အမဲဖျက်မလိုကြိုးစားနေချိန်တွင် ကျန်းကျင်းသည် သူမကို လာရောက် ကာကွယ်ပေးခဲ့သည်။

မိန်းမများသည် ဉာဏ်ကောင်းသော်လည်း တစ်ခါတစ်ရံတွင် မျက်စိတော့ ကန်းသွားတတ်၏။ ရှမ့်လန် အနေနှင့် သူမကို ဒုက္ခရောက်စေရန် ဤကဲ့သို့ ရေးသားထားသည်ဆိုပါက မည်သို့ဖြစ်မည်နည်း။ သို့ပေမည့် ထိုစကားစုသည် သူမ၏ စိတ်ထဲတွင်တော့ သတိတရနှင့် ရှိလို့နေ၏။

ထို့ကြောင့် အချို့သော ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့၏။ ကြုံသလို စားခြင်း၊ ကြုံသလို သောက်ခြင်းကို မပြုလုပ်တော့ချေ။ ထို့အပြင် ရေအနည်းငယ်နှင့် အစားအစာ အနည်းငယ်ကို ပြင်ဆင်ကာဖြင့် မြေအောက်ခန်း ထဲသို့ပင် ထည့်ထားခဲ့သည်။

ထိုနေ့ ကျန်းကျင်းသည် သူမ၏အဖေဆီမှ ပြန်လာခဲ့ပြီးသည့်နောက် ယခင်ကနှင့်မတူဘဲ ပိုမိုကာ နူးညံ့ ကြင်နာစွာဖြင့် စကားပြောဆိုနေသည်ကို ရှစ်ချင်းချင်းက သတိထားမိ၏။

ထို့အပြင် စကားစုတစ်ခုလည်း အကြိမ်ပေါင်းများစွာ ပြောဆိုခဲ့သည်။

“ကောင်းကောင်းအိပ်.. အိပ်ပြီးသွားရင် နာကျင်မှုအားလုံး ပျောက်ကွယ်သွားမယ်” ဟူသော စကားလုံးပင်။

ရှစ်ချင်းချင်းသည် သူမ၏ နှလုံးသားကို ဓားနှင့်ထိုးစိုက်နေသကဲ့သို့ပင် ခံစားနေမိ၏။ ရှမ့်လန်၏ သတိပေးမှုသည် မှန်ကန်ခဲ့သည်ဖြစ်ကြောင်းကို သူမက ခပ်ဝါးဝါး သိရှိလာခဲ့ရ၏။ သို့ပေမည့် ကျန်းကျင်းသည် ဤမျှ မြန်မြန်ဆန်ဆန်နှင့် ပြုမူဆောင်ရွက်လိမ့်မည်ကို မထင်မှတ်ခဲ့ချေ။ ၁၅ မိနစ်မကြာခင်မှာပဲ သတ်ဖြတ်လိုခြင်း ဆန္ဒများကို သူမက အာရုံခံမိ၏။ ထို့ကြောင့် ချက်ချင်းဆိုသလိုပင် သူမ လှုပ်ရှားခဲ့၏။

ရှစ်ချင်းချင်းသည် သူမကို သူမ ကယ်တင်ရန်ပင် မသေချာချေ။ ထို့ကြောင့် သူမ၏ အဖေ ရှစ်ကွမ်းယွမ်ကို ကူညီ ကယ်တင်နိုင်ခြင်း မရှိချေ။ မီးသည် ပန်းထိုးဆောင်တစ်ခုလုံးကို လောင်ကျွမ်းလျက် ရှိနေသည့်အချိန်မှာတော့ ရှစ်ချင်းချင်းသည် အားရပါးရ အော်ဟစ်ခြင်း၊ ဝရုန်းသုန်းကားဖြင့် တံခါးများကို ထုနှက်ခြင်းကို အဆက်မပြတ် ပြုလုပ်ခဲ့သည်။

ဤအချိန်တွင် အလျင်စလိုနှင့် မည်သည့်အသံမှ မထွက်ဘဲ ပျောက်ကွယ်သွားမည်ဆိုပါက ကျိန်းသေပေါက် ဒုက္ခရောက်ပေလိမ့်မည်။ သူမသည်လည်း ကျိန်းသေပေါက် သေဆုံးသွားမှာဖြစ်၏။ ထို့ကြောင့် အော်ဟစ်သံများကို ပြုလုပ်ခဲ့ခြင်းပင်။ မနည်းရုန်းကန်ပြီးသည်နောက် ငြိမ်ငြိမ်သက်သက်နှင့် သေဆုံးသွားသည့် အသွင်အပြင်မျိုး ပြုလုပ်ခဲ့၏။ ပြီးနောက် ပန်းထိုးဆောင်၏ အောက်ဘက်တွင် ရှိနေသည့် လျှို့ဝှက်ခန်းထဲသို့ ဝင်ရောက်ခဲ့၏။ ဤနည်းလမ်းဖြင့် မီးသည် သူမကို လောင်ကျွမ်းနိုင်လိမ့်မည် မဟုတ်ချေ။

လျှို့ဝှက်ခန်း၏ အဝင်ဝသည် အိပ်ရာ၏ အောက်တွင် ရှိနေ၏။ ထို့အပြင် ဤအရာသည် အုတ်အဖုံးဖြင့် ပြုလုပ်ထားခဲ့ခြင်းဖြစ်၏။ ထိုတံခါး၏ အက်ကွဲကြောင်းဆီမှ မီးခိုးငွေ့များသည် လျှို့ဝှက်ခန်းထဲသို့ ဝင်ရောက်လျက်တော့ ရှိနေသေး၏။

မီးလောင်နေသည့်အတောအတွင်း မီးခိုးငွေ့များသည် တကယ့်ကို လူသေစေနိုင်သည့် အရာများပင် ဖြစ်လေ၏။ သို့ပေမည့် သူမ ကြိုတင်ကာပြင်ဆင်ခဲ့သည့် ရေအနည်းငယ်တို့သည် သူမ၏အသက်ကို ကယ်တင်သွားခဲ့သည်။

မူလအားဖြင့် သူမ ထိုအရာများကို ပြင်ဆင်ထားခဲ့ခြင်းမှာ စားနပ်ရိက္ခာအတွက်ဖြစ်သည်။ သူမသည် အဝတ်အစားကို လဲလှယ်ဝတ်လိုက်၏။ ပြီးနောက် ထိုအဝတ်အစားများကို ရေစိမ်လိုက်၏။ လျှို့ဝှက်ခန်း၏ ဝင်ပေါက် လေဝင်ပေါက်နေရာများအား ထိုအဝတ်ရေစိုများဖြင့် လိုက်လံ ထိုးကာဖြင့် ပိတ်ဆို့လိုက်၏။

မီးသည် ၄ နာရီတိတိ လောင်ကျွမ်းခဲ့၏။ ၄ နာရီလုံးလုံး သူမသည် စိတ်ပျက်ခြင်း၊ ဝမ်းနည်းခြင်း၊ ကြောက်လန့်ခြင်း၊ ခြောက်ခြားခြင်း ... စသောအရာအားလုံးကို ခံစားခဲ့ရ၏။ ၁၅ မိနစ်၊ ၁၅ မိနစ်တိုင်းတွင် သူမသည် ရေထဲသို့ အဝတ်အစားများ စိမ်ကာဖြင့် နှာခေါင်းကိုပိတ်ကာ နေထိုင်ခဲ့သည်။

လျှို့ဝှက်ခန်း၏လေသည် အကန့်အသတ် တည်ရှိနေ၏။ ထိုအချိန်ကာလသည် သူမအတွက် တစ်နှစ် ကဲ့သို့ပင် ကြာမြင့်လွန်းခဲ့၏။ လေထုသည် ပိုမိုကာနည်းပါးလာခဲ့၏။ သူမအနေနှင့် သေတော့မည်ဟု တွေးတောခဲ့သည်မှာ အကြိမ်ပေါင်းမည်မျှပင် မရေတွက်နိုင်ခဲ့ချေ။

မီးက ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ အရာအားလုံးသည် ကျွမ်းလောင်သွားခဲ့ပြီဖြစ်၏။ သို့ပေမည့် သူမသည် ညနက်သန်းခေါင် ရောက်သည်အထိ ထွက်မလာရဲချေ။

နောက်ဆုံးတွင်မှ ကြိုးစားပမ်းစားဖြင့် လျှို့ဝှက်ခန်းဆီမှ ထွက်ခွာလာခဲ့၏။ သူမ၏အဖေ ရှစ်ကွမ်းယွမ်သည် မိမိကိုယ်ကို သတ်သေသွားခဲ့သည်ဖြစ်ကြောင်းကို သိရှိပြီး မိသားစုတစ်ခုလုံးကလည်း သတ်ဖြတ်ခံလိုက်ရပြီ ဖြစ်ကြောင်းကို သိရှိလိုက်ရ၏။ သူမ၏ အဘွားနှင့် ငါးနှစ်တောင် မပြည့်သေးသော မောင်ငယ်လေး တစ်ယောက်သာလျှင် ကျန်ရစ်ခဲ့၏။

ရှစ်ချင်းချင်းသည် သူမ၏အဘွားနှင့် မောင်ငယ်တို့ အဘယ်ကြောင့် အသက်ရှင်လျက် ရှိနေသည်ဖြစ်ခြင်းကို မြန်မြန်ဆန်ဆန်နှင့် သိရှိနားလည်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် ကျန်းချုံးနှင့် သူ၏ သားတို့၏ သရုပ်ဆောင်မှုကို ပံ့ပိုးပေးနိုင်ရန် လူလိုအပ်လျက် ရှိနေသောကြောင့်ပင်။ ထိုမှသာလျှင် လူပေါင်းများစွာတို့သည် သူတို့ကို စာနာသနားစွာဖြင့် ချီးကျူးကြမည်မဟုတ်ပါလား။ ထို့အပြင် ရှမ့်လန်ကိုလည်း လူပေါင်းများစွာတို့က ပိုမိုကာ မုန်းတီးလာပေလိမ့်မည်။

သေဆုံးရာမှ ပြန်လည်ကာ ရှင်သန်လာခဲ့ပြီဖြစ်သော ရှစ်ချင်းချင်းသည် အလုံးစုံ ငိုကြွေးနေမိ၏။ သူမသည် သူမ၏ ညံ့ဖျင်းခဲ့မှုများအတွက် တကယ်ပင် မုန်းတီးမိ၏။

ရှစ်မိသားစုသည် မွဲပြာကျသွားပြီဖြစ်သောကြောင့် အသုံးမဝင်တော့ချေ။ ကျန်းချုံးအတွက် အဟန့်အတားတစ်ခု ဖြစ်သွားခဲ့၏။ အဘယ်ကြောင့် သူတို့ကို သိမ်းဆည်းထားတော့မည်နည်း။

စေ့စပ်ပွဲကို ဖျက်ဆီးမည်လော။ ထိုသို့ဆိုလျှင် ကျန်းကျင်း၏ ဂုဏ်သိက္ခာတစ်ခုလုံးက ပျက်စီးသွားပေလိမ့်မည်။ ကျန်းချုံးသည် ဂုဏ်သိက္ခာကို ဂရုစိုက်တတ်သူတစ်ယောက် မဟုတ်ချေ။ သူသည် ရက်စက်သည့် အရာရှိ တစ်ယောက်ဟူသည့် ဂုဏ်သိက္ခာကိုသာ ပိုင်ဆိုင်သည်။ သို့ပေမည့် အချို့သော ဂုဏ်သိက္ခာများကိုတော့ ထားရှိရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ရှစ်မိသားစု ငွေကြေးမရှိတော့သည့်အချိန်တွင် စေ့စပ်ပွဲကို ဖျက်ဆီးလိုက်သည်ဆိုပါက လူပေါင်းများစွာတို့က လက်ညှိုးဝိုင်းကာ ထိုးကြပေလိမ့်မည်။

ထို့ကြောင့် ရှစ်မိသားစု က သေဆုံးရပေလိမ့်မည်။

ရှစ်ချင်းချင်းသည် ရှမ့်လန်ကို အလွန်ပင် မုန်းတီး၏။ ဟုတ်ပေ၏။ သို့ပေမည့် သူမ အမုန်းတီးဆုံးလူသည် ကျန်းချုံး၊ ကျန်းကျင်းနှင့် သူမကိုယ်တိုင်ပင် ဖြစ်၏။ ရှမ့်လန်သည် သူမကို သေသေချာချာ သတိပေးခဲ့၏။ သို့ပေမည့် သူမသည် ဇဝေဇဝါ ဖြစ်ခဲ့၏။ ထိုအကြောင်းအရာကပင်လျှင် သူမ၏အဖေနှင့် မိသားစုတစ်ခုလုံးကို သေစေခဲ့ခြင်းပင် ဖြစ်၏။

သူမသာ ရှမ့်လန်၏ သတိပေးမှုကို သိသိခြင်း ချက်ချင်း လှုပ်ရှားဆောင်ရွက်မည်ဆိုပါက အသက်ရှင်ရန် အခွင့်အလမ်း ရှိကောင်းရှိပေလိမ့်မည်။ သူမ၏အဖေနှင့် မိသားစုတစ်ခုလုံးသည် မသေဆုံးသင့်ခဲ့ပေ။ သူမကိုယ့်ကို သူမ ခွင့်လွှတ်လိမ့်မည် မဟုတ်ချေ။ လက်စားပြန်ချေပြီးသည့်နောက် သူမသည် သူမ၏အဖေနှင့် မိသားစု နောက်သို့ လိုက်ပါသွားရန် စဉ်းစားထားမိသည်။

သို့ပေမည့် သူမသည် အားနည်းသည့် အမျိုးသမီးတစ်ယောက် ဖြစ်၏။ ထို့ကြောင့် တစ်ယောက်တည်း လက်စားချေရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။ လောကကြီးတွင် သူမ လက်စားချေရန်အတွက် မည်သူက ကူညီပေးမည်နည်း။

ဟုတ်ပေ၏။ ရှမ့်လန်သာလျှင် ဖြစ်၏။ မြင်းမရှိဘဲ သူမသည် သူမ၏ခြေထောက်များနှင့်အတူ လှမ်းလျှောက်ကာဖြင့် အမြန်အဆန် သွားခဲ့၏။

ရွှမ်ဝူအိမ်တော်သည် မိုင်ဒါဇင်အဝေးတွင် တည်ရှိနေ၏။ မင်းသမီး တစ်ပါးလို တစ်ချိန်လုံးနေထိုင်ခဲ့သည့် ရှစ်ချင်းချင်း၏ ခြေထောက်များတွင် အနာတရများနှင့် ပြည့်နှက်လျက် ရှိနေပြီး သွေးများပင် စို့နေ၏။ သို့ပေမည့် သူမသည် အနည်းငယ်သော နာကျင်မှု၊ မောပန်းမှုမျိုးကိုမှ ခံစားမရချေ။ ထိုအစား မိမိကိုယ်ကို နှိပ်စက်နေခြင်းနှင့်ပတ်သက်၍ သာယာမှုမျိုးကိုပင် ခံစားလာမိသည်။

“ကျွန်မ ရှစ်ချင်းချင်းက ကျွန်မရဲ့အဖေနဲ့ မိသားစုကို သတ်ပစ်ခဲ့တယ်။ ဒါကြောင့် အပြစ်ပေးခံရမှာ။ သက်သောင့်သက်သာနေဖို့ ထိုက်တန်တဲ့လူတစ်ယောက် မဟုတ်တော့ဘူး”

All Chapters