← Chapters

ချီခွန်ကြယ်သခင်၏ စိတ်ပျက်မှု...

Vol. 36 Ch. 542

ချီခွန်ကြယ်သခင်၏ စိတ်ပျက်မှု...

Vol. 36 Ch. 542

ဝမ်ယန်ကြယ်နယ်မြေတွင် ဝမ်ယန်တော်ဝင်သားတော်က သူ၏ ရှေ့မှ အချက်အလက်များကို ကြည့်လိုက်သည်။

" ရှစ်စန်းတောင်ထိပ်သခင်က အလွှာတစ်ဆယ်ကို ဝင်ရောက်သွားပြီ။ " ဝမ်ယန်တော်ဝင်သားတော်က သူ၏ နဖူးကို ပွတ်လိုက်သည်။

သူ တစ်ချိန်က ပြိုင်ဘက်အဖြစ် မှတ်ယူခဲ့သော ရှစ်စန်းတောင်ထိပ်သခင်က ယခု သူ၏ ဆရာပင် မော့ကြည့်ရမည့် တည်ရှိမှုတစ်ခု ဖြစ်လာခဲ့သည်။

" ဒါပေမယ့် ရှစ်စန်းတောင်ထိပ်သခင်က ဘယ်လောက်တော်တော် သူက ငါ့ကို ပြိုင်ပွဲမှာ တစ်ခါ ရှုံးနိမ့်ခဲ့ဖူးတယ်လေ။ " ဝမ်ယန်တော်ဝင်သားတော်က ပျော်ရွှင်စွာ တွေးလိုက်သည်။ ထိုအချက်တစ်ချက်တည်းနှင့်ပင် သူက တစ်သက်လုံး ကြွားဝါနိုင်ပေလိမ့်မည်။

နှစ်နှစ်ကြာပြီးနောက်....

ချီခွန်ကြယ်နယ်မြေ၊ ချီခွန်ပင်မကြယ်။

ကြီးကျယ်သော လေဟာနယ်အတက်အကျများ ဖြစ်ပေါ်လာပြီး ဧရာမ ကြယ်ပင်လယ်ခွန်တစ်ကောင်က ပင်မကြယ်၏ အပြင်ဘက်ရှိ မတူညီသော လေဟာနယ်အလွှာများအတွင်း လှည့်လည်သွားလာနေသည်။ ခဏကြာသောအခါ ကြယ်ပင်လယ်ခွန်က ကျုံ့သွားပြီး အနီရောင်ဝတ်ရုံနှင့် လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။

" နဝမအလွှာ ဒါက နဝမအလွှာပဲ။ " ချီခွန်ကြယ်သခင်က စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေသည်။

" နှစ်ပေါင်းသုံးသောင်း ငါ ချီခွန်လည်း နဝမအလွှာထဲ ဝင်ရောက်နိုင်ခဲ့ပြီ။ " ချီခွန်ကြယ်သခင်က ကျုံးဝါးလိုက်သည်။

ကြယ်ပင်လယ်ခွန်၏ လေဟာနယ်အပေါ် ရင်းနှီးမှုနှင့်အတူ သူက နဝမအလွှာကို ဝင်ရောက်ချိန်တွင် လေဟာနယ်အလွှာ တစ်ထောင်နီးပါးကို ဖွင့်နိုင်ခဲ့သည်။

" အခု ငါ့တပည့်ရှေ့မှာ ငါ ခေါင်းမော့နေနိုင်ပြီ။ " ချီခွန်ကြယ်သခင်က သူ၏ အော်ရာကို ထိန်းချုပ်လိုက်သည်။

လင်းယွမ်က နဝမအလွှာသို့ ဝင်ရောက်ပြီးနောက် ချီခွန်ကြယ်သခင်က အဋ္ဌမအလွှာတွင် ကျန်နေခဲ့သည်။ ၎င်းက ချီခွန်ကြယ်သခင်ကို ဖိအားများ ဖြစ်စေလေသည်။ လူသားမျိုးနွယ်တွင် ဆရာကို ကျော်လွန်သော တပည့်များ ရှိသော်လည်း ချီခွန်ကြယ်သခင်က သူ၏ ဂုဏ်သိက္ခာကို ဂရုစိုက်လေသည်။

ယခု သူက နဝမအလွှာသို့ ဝင်ရောက်ခဲ့ပြီး အနည်းငယ် ယုံကြည်မှုရှိလာခဲ့သည်။ ချီခွန်ကြယ်သခင်က နဝမအလွှာသို့ ဝင်ရောက်ခဲ့သည့်အကြောင်း ကြေညာရန်အပြင် ဤနှစ်များမှ အဖြစ်အပျက်များကို သိရှိရန် VR ကမ္ဘာနှင့် ချိတ်ဆက်လိုက်သည်။

ချီခွန်ကြယ်သခင် အဆင့်တက်လှမ်းသွားခြင်းက ပင်မကြယ်ပေါ်မှ ဆင့်ကဲပြောင်းလဲသူများက သတိထားမိသွားကြသည်။ ချီခွန်ကြယ်သခင်၏ တပည့်များက ၎င်းကို ခံစားမိခဲ့ပြီး ချက်ချင်း ထွက်လာကြသည်။

ချီခွန်မျိုးနွယ်၏ တောင်ထိပ်သခင် ဆယ်သုံးယောက်တွင် မဟာတောင်ထိပ်သခင်နှင့် ရှစ်စန်းတောင်ထိပ်သခင်တို့က အခြားကြယ်နယ်မြေများတွင် တာဝန်ထမ်းဆောင်နေကြသည်။ ပင်မကြယ်ပေါ်တွင် တောင်ထိပ်သခင် ဆယ့်တစ်ယောက် ကျန်နေခဲ့သည်။

" ဆရာ "

" ဆရာ အဆင့်တက်သွားပြီလား။ "

" နဝမအလွှာကို တက်လှမ်းသွားတဲ့အတွက် ဆရာကို ဂုဏ်ပြုပါတယ်။ "

တောင်ထိပ်သခင်များက လက်နှစ်ဖက်နောက်ပစ်၍ ရပ်နေသော ချီခွန်ကြယ်သခင်ကို မြင်သောအခါ သူတို့၏ ဂုဏ်ပြုစကားများ ပြောလိုက်ကြသည်။ ချီခွန်ကြယ်သခင်၏ တပည့်များအနေဖြင့် သူတို့၏ ဆရာ ပို၍ အင်အားကြီးမာလာသည်နှင့် သူတို့အတွက် ပို၍ အကျိုးရှိလာမည်ဖြစ်သည်။

လူသားမျိုးနွယ်တွင် ဆရာနှင့် တပည့်ကြားမှ ဆက်ဆံရေးက ဆွေးမျိုးများထက်ပင် ပို၍ နီးစပ်လေသည်။ ဆရာနှင့် တပည့်များက ခွန်အားကွာခြားမှုမရှိသောကြောင့် နှစ်ပေါင်းများစွာ အတူယှဉ်တွဲနေနိုင်ကြလေသည်။ သို့သော် ဆွေးမျိုးတိုင်းက ဆင့်ကဲပြောင်းလဲသူများမဖြစ်နိုင်ဘဲ အသက်ရှင်ကျန်ရစ်သူများက နည်းပါးလှလေသည်။

ကြီးမြတ်သူများ၏ ဆွေမျိုးများပင် အများစုက သေဆုံးသွားကြပြီဖြစ်သည်။ ကြီးမြတ်သူများက အချိန်စီးဆင်းမှုကို ဆန့်ကျင်ပြီး အတိတ်မှ သက်ရှိများကို ပြန်လည်အသက်သွင်းနိုင်သော်လည်း သူတို့က သက်တမ်းကုန်သွားခြင်းဖြစ်သောကြောင့် ပြန်လည်ရှင်သန်လျှင်တောင် သက်တမ်းကုန်ဆုံးသောအခါ တဖန် သေဆုံးသွားကြပေလိမ့်မည်။ ထာဝရရှင်သန်ခြင်းကို ရရှိရန်အတွက် အလွှာဆယ့်နှစ်သို့ တက်လှမ်းပြီး အချိန်မြစ်ထဲမှ ထွက်ခွာရမည်ဖြစ်သည်။

" မင်းတို့ ရောက်လာပြီ။ " ချီခွန်ကြယ်သခင်က တောင်ထိပ်သခင်များကို ကြည့်ပြီး ခေါင်းညိမ့်လိုက်သည်။

ယခုအချိန်တွင် သူ၏ စိတ်က ပရမ်းပတာ ဖြစ်နေသည်။ သူက VR ကမ္ဘာနှင့် ချိတ်ဆက်ပြီးနောက် အတိတ်မှ အဖြစ်အပျက်များကို လက်ခံရရှိခဲ့သည်။

အများဆုံးကတော့ နဂါးငွေ့တန်းကြယ်သခင်ပင် ဖြစ်သည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအတွင်း သူ၏ စွမ်းအားတစ်ခုတည်းနှင့် အထူးနဝမအလွှာများကို သတ်ခဲ့ပြီး နဝမအလွှာ မျိုးနွယ်ခြားများကို လျို့ဝှက်နယ်မြေအတွင်း ဆန္ဒအလျောက် သေဆုံးရန် ဖိအားပေးခဲ့သည်။ နှစ်အနည်းငယ် ကြာပြီးနောက် သူက အလွှာတစ်ဆယ်သို့ ဝင်ရောက်ခဲ့ပြီး အလွှာတစ်ဆယ်၏ ထိပ်ဆုံးတွင် ရပ်တည်နေသည်။

" ငါ့တပည့်..." ချီခွန်ကြယ်သခင်က တိတ်ဆိတ်သွားသည်။

အစတွင် သူက လင်းယွမ်ကို ရွှမ်ဟွမ်လျို့ဝှက်နယ်မြေသို့ စူးစမ်းရန်အတွက် စေလွှတ်ခဲ့ခြင်းသာ ဖြစ်သည်။ ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် လျို့ဝှက်နယ်မြေကြား ချိတ်ဆက်မှုကို ရှာဖွေနိုင်မလား ကြည့်ရန်ပင်ဖြစ်သည်။ လင်းယွမ်က ထိုကဲ့သို့ လှုပ်ရှားမှုမျိုးကို ဖြစ်အောင် လုပ်ဆောင်လိမ့်မည်ဟု တစ်ခါမှ ကြိုမတွေးခဲ့ဖူးပေ။

လင်းယွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတစ်ခုလုံးကို လွှမ်းမိုးခဲ့သည်။ အလွန်သန်မာသည်ဆိုသော အထူးနဝမအလွှာသက်ရှိများပင် ခွေးပြေးဝက်ပြေး ပြေးခဲ့ရသည်။

လင်းယွမ်က အလွှာတစ်ဆယ်သို့ ဝင်ရောက်ခဲ့ခြင်းအတွက် ချီခွန်ကြယ်သခင်က ခံစားချက်များ ရှုပ်ထွေးနေလျှင်တောင် စိတ်သက်ရာလည်း ရခဲ့လေသည်။ လင်းယွမ်က နဝမအလွှာသို့ တက်လှမ်းချိန်တွင် သူကလည်း လင်းယွမ်၏ တွန်အားကြောင့် နဝမအလွှာသို့ တက်လှမ်းရန် ကြိုးစားခဲ့သည်။

သို့သော် ယခု လင်းယွမ်က အလွှာတစ်ဆယ်သို့ ဝင်ရောက်သွားခဲ့သည်။ ကြယ်ပင်လယ်ခွန်က လေဟာနယ်နှင့် ရင်းနှီးသောကြောင့် နဝမအလွှာတွင် လေဟာနယ်အလွှာများ ဖွင့်လှစ်ရန် လွယ်ကူလေသည်။ သို့သော် နဝမအလွှာတွင် လေဟာနယ်အလွှာ ဆယ်သန်းကျော် ဖွင့်လှစ်ရမည်ဖြစ်ပြီး နှစ်တစ်သိန်းကျော်လိုအပ်ပေလိမ့်မည်။

" ဆရာ ညီငယ်လေးက အလွှာတစ်ဆယ်ကို ဝင်ရောက်သွားပြီ။ " ဆယ်ယောက်မြောက် တောင်ထိပ်သခင်က ချီခွန်ကြယ်သခင်ကို စိတ်အားထက်သန်စွာ ပြောလိုက်သည်။

" အင်း ငါသိတယ်။ " ချီခွန်ကြယ်သခင်က သူ၏ တပည့်များကို ကြည့်လိုက်သည်။ " အနာဂတ်မှာ မင်းတို့က ရှစ်စန်းဆီက ပိုပြီး သင်ယူသင့်တယ်။ "

တောင်ထိပ်သခင်ဆယ့်တစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်စွာ ကြည့်လိုက်ကြသည်။ ညီငယ်လေးဆီက သင်ယူဖို့လား။ သူတို့က ညီငယ်လေးဆီက ဘာကိုသင်ယူနိုင်မှာလဲ။

စကြာဝဠာ၏ နက်ရှိုင်းသော နေရာမှ လျို့ဝှက်နယ်မြေတစ်ခုတွင် ရှေ့ဟောင်းနတ်ဘုရားထို့ပါက ထိုင်နေပြီး သူ၏ ကြောက်စရာကောင်းသော အော်ရာက ပတ်ဝန်းကျင်ရှိ အချိန်နှင့် လေဟာနယ်ကို သက်ရောက်နေသည်။

" နဂါးငွေ့တန်းကြယ်သခင် အဲ့ဒီကောင်လေးက အလွှာတစ်ဆယ်ကို ဝင်ရောက်သွားပြီလား။ " ရှေးဟောင်းနတ်ဘုရားထို့ပါက လူသားမျိုးနွယ်မှ ထိုသတင်းကို ရရှိခဲ့သည်။

" ထို့ပါ..." အစွမ်းထက်သော စိတ်အသိတစ်ခု ဆင်းသက်လာပြီး ရှေးဟောင်းနတ်ဘုရားစစ်ကျုံး၏ ပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။

" မင်း အဲ့ဒီတုန်းက နဂါးငွေ့တန်းကြယ်သခင်ရဲ့ သူငယ်ချင်းကို ပြန်ပေးခဲ့သင့်တယ်။ အခုကိစ္စတွေ ဘယ်လိုဖြစ်လာလဲ ကြည့်ဦး။ မင်းက အကျိုးအမြတ်တစ်ခုမှမရခဲ့တဲ့အပြင် နဂါးငွေ့တန်းကြယ်သခင်ကိုလည်း ဆန့်ကျင်ခဲ့တယ်။ " ရှေးဟောင်းနတ်ဘုရားစစ်ကျုံးက သူ၏ ခေါင်းကို ခါလိုက်သည်။

" ငါ သူ့ကို ဆန့်ကျင်ခဲ့တော့ရော ဘာဖြစ်လဲ။ " ရှေးဟောင်းနတ်ဘုရား ထို့ပါက ဂရုမစိုက်ပေ။

နဂါးငွေ့တန်းကြယ်သခင် ပြသခဲ့သော ပါရမီနှင့် အရည်အချင်းများအရ အလွှာတစ်ဆယ်သို့ ဝင်ရောက်ခြင်းက သဘာဝ ကျလေသည်။ ရှေးဟောင်းနတ်ဘုရားထို့ပါက ထိုကိစ္စကို စိတ်ပူခြင်းမရှိပေ။ နဂါးငွေ့တန်းကြယ်သခင်က အနာဂတ်တွင် အလွှာဆယ့်တစ်သို့ ရောက်ခဲ့လျှင်တောင် သူလို ရှေးဟောင်းနတ်ဘုရားတစ်ပါးက အလွှာဆယ့်တစ်၏ ထိပ်ဆုံးတွင် ရပ်နေပြီးသားဖြစ်သည်။ ကြီးမြတ်သူတစ်ယောက် မဖြစ်လာသရွေ့ သူ့ကို အနှောက်အယှက် ပေးနိုင်မည်မဟုတ်ပေ။

" မင်းက နဂါးငွေ့တန်းကြယ်သခင်ကို ဂရုမစိုက်ပေမယ့် အလွှာတစ်ဆယ်မှာ အချိန်နိယာမကို နားလည်ထားတဲ့ အဲ့ဒီလူသားဆင့်ကဲပြောင်းလဲသူဆိုရင်ရော။ မင်းက သူ့ကို လျစ်လျူရှုနိုင်လား။ "

" အဲ့ဒီလူသားဆင့်ကဲပြောင်းလဲသူက ကြီးမြတ်သူတစ်ယောက်ဖြစ်လာဖို့ ကြီးမားတဲ့ အခွင့်အလမ်းရှိတယ်။ လူသားမျိုးနွယ်ကသာ ဆယ်ယောက်မြောက် ကြီးမြတ်သူ ထွက်ပေါ်လာရင် စကြာဝဠာထဲမှာ ရှိတြ အင်အားစုအားလုံးအပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိလိမ့်မယ်။ " ရှေးဟောင်းနတ်ဘုရားစစ်ကျုံးက ပြောလိုက်သည်။ " ဒီလိုဆိုရင်တောင် မင်းက ဂရုမစိုက်ဘဲ နေဦးမှာလား။ "

လွန်ခဲ့သော နှစ်အနည်းငယ်က ဖရိုဖရဲဟင်းလင်းပြင်၏ မူလရင်းမြစ်များ ထွက်ပေါ်ခဲ့ပြီး ၎င်းကို မျိုးနွယ်ခြားမှ ကြီးမြတ်သူများသာမက ရှေးဟောင်းနတ်ဘုရားများကလည်း ၎င်းကို လူသားမျိုးမှ ဖြစ်သည်ကို သိကြလေသည်။

နောက်ပိုင်းတွင် လူသားမျိုးနွယ်၏ အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်က အလွှာဆယ့်တစ်သို့ တက်လှမ်းခဲ့သည့်အကြောင်း ကြေညာခဲ့သည်။ ၎င်းက မျိုးနွယ်ခြားများ၏ အတွေးများနှင့် ကိုက်ညီလေသည်။

" အလွှာတစ်ဆယ်သက်ရှိတစ်ယောက်က အချိန်နိယာမကို နားလည်တာလား။ " ရှေးဟောင်းနတ်ဘုရား ထို့ပါက တိတ်ဆိတ်သွားသည်။

နဂါးငွေ့တန်းကြယ်သခင်ကို ဂရုမစိုက်ခြင်းက ကိစ္စမရှိပေ။ မည်သို့ပင် ဖြစ်စေ ပါရမီနှင့် အရည်အချင်းများက ကြီးမြတ်သူ ဖြစ်လာရန် အကူအညီမပေးနိုင်ပေ။

သို့သော် အလွှာတစ်ဆယ်တွင် အချိန်နိယာမကို နားလည်ခြင်းက ကြီးမြတ်သူဖြစ်လာရန် အထောက်အကူဖြစ်လေသည်။ အလွှာဆယ့်သို့ တက်လှမ်းချိန်တွင် ဖရိုဖရဲဟင်းလင်းပြင် မူရင်းမြစ်ကို ပို၍ လက်ခံရရှိနိုင်လေသည်။

အတွင်းကမ္ဘာက ကြီးမားသော အကျိုးကျေးဇူးများ ရရှိပေလိမ့်မည်။ အနာဂတ်တွင် အတွင်းစကြာဝဠာတစ်ခုအဖြစ် ပြောင်းလဲခြင်းကို ပို၍ လွယ်ကူစေပေလိမ့်မည်။

All Chapters