← Chapters

ခွန်အားကို စမ်းသပ်ခြင်း....

Vol. 36 Ch. 543

ခွန်အားကို စမ်းသပ်ခြင်း....

Vol. 36 Ch. 543

" အဲ့ဒါလည်း ငါ့အတွက် ပြဿနာမရှိဘူး။ " ရှေးဟောင်းနတ်ဘုရား ထို့ပါက စစ်ကျုံးကို ကြည့်လိုက်သည်။ " လူသားမျိုးနွယ်မှာ ကြီးမြတ်သူတစ်ယောက်ထွက်ပေါ်လာရင်တောင် အဲ့ဒါက အထွတ်အထိပ်မျိုးနွယ်တွေအပေါ်သာ သက်ရောက်မှုရှိလိမ့်မယ်။ အဆိုးဆုံး ငါက အင်းဆက်မျိုးနွယ်နဲ့ ပူးပေါင်းလိုက်ရုံပဲ။ "

" မင်းက နှစ်ပေါင်းသန်းအနည်းငယ်အတွင်းမှာ အဆင့်တက်ဖို့ စီစဉ်ထားပြီး အဲ့ဒီအချိန်အတွင်းမှာ အင်းဆက်မျိုးနွယ်ကို ပူးပေါင်းတာက တကယ်ဘာသက်ရောက်မှုမှ မရှိဘူးလား။ " ရှေးဟောင်းနတ်ဘုရားစစ်ကျုံးက ပြုံး၍ ပြောလိုက်သည်။

ရှေးဟောင်းနတ်ဘုရားထို့ပါက ပြန်မဖြေခဲ့ပေ။ ယခုအချိန်တွင် သူလည်း အနည်းငယ် နောင်တရမိလေသည်။ နဂါးငွေ့တန်းကြယ်သခင်က ယခုလောက်ထိ ခြိမ်းခြောက်နိုင်စွမ်းရှိလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့မိပေ။

ထို့အပြင် လူသားမျိုးနွယ်၏ အခြေခံက ကြောက်စရာကောင်းလွန်ပေသည်။ ကြီးမြတ်သူကိုးယောက် ထွက်ပေါ်လာသည်မှာ ဘယ်လောက်ကြာပြီလဲ။ အခု ဆယ်ယောက်မြောက် ကြီးမြတ်သူတစ်ယောက် ထွက်ပေါ်လာရန် မျှော်လင့်ချက်ရှိနေပြီလား။

သူက ၎င်းကိုသာ ကြိုသိခဲ့လျှင် နဂါးငွေ့တန်းကြယ်သခင်၏ သူငယ်ချင်းကို ပြန်ပေးရန် ရွေးချယ်ပေလိမ့်မည်။

နဂါးငွေ့တန်းပင်မကြယ်တွင် လင်းယွမ်က သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။

" ဆရာက နဝမအလွှာကို ဝင်ရောက်သွားပြီလား။ " လင်းယွမ်က သတင်းကို ရရှိပြီးနောက် ပြုံးလိုက်၏။ နဝမအလွှာသို့ ဝင်ရောက်ခြင်းက လက်ရှိလင်းယွမ်အတွက် သာမန်သာဖြစ်လျှင်တောင် ချီခွန်ကြယ်သခင်အတွက် နှစ်ပေါင်းများစွာကြာသော ဆန္ဒတစ်ခုဖြစ်လေသည်။

" ဆရာကို ဂုဏ်ပြုဖို့ သွားရမယ်။ " လင်းယွမ်က သူ၏ စိတ်အသိကို VR ကမ္ဘာနှင့် ချိတ်ဆက်လိုက်သည်။

ကိုယ်ပိုင်နေရာတွင် ချီခွန်ကြယ်သခင်နှင့် လင်းယွမ်တို့က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

" နဝမအလွှာကို ဝင်ရောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ် ဆရာ။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။

" မင်းငါ့ကို လာနောက်နေတာလား။ " ချီခွန်ကြယ်သခင်က လင်းယွမ်ကို မျက်လုံးပြူးပြီး ကြည့်လိုက်သည်။

သူတို့ဆရာတပည့်နှစ်ယောက်က စကားများ ပြောဆိုနေကြသည်။ သူ၏ တပည့်က သူ့ကို ကျော်လွန်သွားလျှင်တောင် အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ မာန်မာနများမရှိဘဲ အတိတ် နှစ်ပေါင်းများစွာက သူခေါ်ယူခဲ့သော တပည့်လေး ဖြစ်နေဆဲပင်ဖြစ်သည်။ ၎င်းက ချီခွန်ကြယ်သခင်၏ နှလုံးသားကို အနည်းငယ် နွေးထွေးစေခဲ့သည်။

" ဒါနဲ့ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကိစ္စက ဘယ်လိုလဲ။ " ချီခွန်ကြယ်သခင်က သိလိုစိတ်နှင့် မေးလိုက်သည်။

" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှာ ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အကြောင်း မသိခဲ့ရပါဘူး။ " လင်းယွမ်က အမှန်တရားကို မပြောခဲ့ပေ။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက အလွန်အရေးကြီးလှသည်။ သူက ကြီးမြတ်သူတစ်ယောက်ဖြစ်လာမှသာ ထုတ်ဖော်နိုင်ပေလိမ့်မည်။ ယခုကတော့ လျို့ဝှက်ထားခြင်းက ပိုကောင်းလေသည်။

" မသိခဲ့ရဘူးလား။ " ချီခွန်ကြယ်သခင်က အနည်းငယ် စိတ်ပျက်သွားသည်။ " ဟုတ်ပါတယ်။ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ တစ်ခုလုံးနဲ့ယှဉ်ရင် ဘယ်လောက်အရေးပါနိုင်မှာလဲ။ "

ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ရရှိရန် သူ့အတွက် သိပ်မခက်ခဲပေ။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေနှင့် ချိတ်ဆက်နေလျှင် သူ့လို အဋ္ဌမအလွှာတစ်ယောက်က အလွယ်တကူ တွေ့နိုင်မည်မဟုတ်ပေ။

ချီခွန်ကြယ်သခင်မသိသည်မှာ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ စိတ်အသိက ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ပထမအပိုင်းကို ပြင်ပကမ္ဘာသို့ ပျံ့နှံ့စေခဲ့သည်။

သို့သော် အများစုက ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကြိုးစားပြီးနောက် မကျင့်ကြံနိုင်သည်ကို သိသောအခါ ဖြည်းဖြည်းချင်း လက်လျှော့ပြီး ဂရုမစိုက်ကြတော့ပေ။

" ဆရာ ကျွန်တော် ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ဝေချင်တယ်။ လူသားမျိုးနွယ်မှာ ဒီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံနိုင်တဲ့ ဆင့်ကဲပြောင်းလဲသူအနည်းငယ်ကို ရှာဖွေဖို့ပါ။ " လင်းယွမ်က ခဏစဉ်းစားပြီး ပြောလိုက်သည်။

၎င်းက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ စိတ်အသိကို သူကတိပေးခဲ့သောအရာဖြစ်လေသည်။ အခြားဆင့်ကဲပြောင်းလဲသူများက ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံပြီး ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ လင်းယွမ်၏ နေရာကို လှုပ်ခါနိုင်မည်မဟုတ်ပေ။

" ပြဿနာမရှိဘူး။ " ချီခွန်ကြယ်သခင်က ခေါင်းညိမ့်လိုက်သည်။

" ကျေးဇူးပါ ဆရာ " လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။

နဂါးငွေ့တန်းပင်မကြယ်တွင် လင်းယွမ်က ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ပထမအလွှာကဏ္ဍမှ သတ္တမအလွှာကဏ္ဍအထိ တင်ပြခဲ့သည်။

" နတ်ဘုရားသုံးပါးက ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို သိပ်မတွေးကြဘူးပဲ။ " လင်းယွမ်က ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အပေါ် နတ်ဘုရားသုံးပါး၏ အကဲဖြတ်မှုကို လက်ခံရရှိခဲ့သည်။

လူသားမျိုးနွယ်တွင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များအပေါ် အကဲဖြတ်ရန်အတွက် အရေးပါဆုံး စံနှုန်းတစ်ခုမှာ ၎င်းကို ကျင့်ကြံနိုင်သော လူအရေအတွက်ပင်ဖြစ်သည်။ ၎င်းက အမြင့်ဆုံး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုဖြစ်လျှင်တောင် အခြေခံက အလွန်မြင့်မားနေလျှင် တန်ဖိုးကလည်း နိမ့်သွားပေလိမ့်မည်။

စစ်မြေပြင် A098။

A နှင့်စသော စစ်မြေပြင်များက မျိုးနွယ်ခြားများ၏ စစ်မြေပြင်ကြီးများကို ကိုယ်စားပြုလေသည်။ လူသားမျိုးနွယ်က စစ်မြေပြင်နှစ်သန်းကျော်ကို တည်ဆောက်ခဲ့ပြီး အများစုက စစ်မြေပြင်ငယ်များပင်ဖြစ်သည်။

အလတ်စားစစ်မြေပြင်က ၈၆၀၀၀၀ ရှိပြီး စစ်မြေပြင်ကြီးများက ယနေ့အထိ ၁၃၅ခုသာ ရှိလေသည်။ စစ်မြေပြင်ကြီးများက ကြယ်စကြာဝဠာ၏ အသန်မာဆုံး သက်ရှိများ စုစည်းနေသော နေရာဖြစ်ပြီး ကြီးမြတ်သူများ၏ စောင့်ကြည့်ခြင်းကို ခံနေရလေသည်။

လင်းယွမ်၏ ထိုက်ယန်မူလစိတ်ဝိညာဉ်က သတိထားပြီး ပျံသန်းနေသည်။ စစ်မြေပြင်များတွင် လေဟာနယ်က တည်ငြိမ်ခြင်းမရှိဘဲ တည်နေရာရွှေ့ပြောင်းခြင်းများကို အမှားအယွင်းများ ဖြစ်ပေါ်စေနိုင်လေသည်။

ထို့ကြောင့် လင်းယွမ်က နေရာရွှေ့ပြောင်းခြင်းစွမ်းရည်များကို အသုံးပြုခြင်းမရှိပေ။ အချိန်လေဟာနယ်ခြေလှမ်းကလည်း စွမ်းအားသုံးစွဲမှုကြီးမားပြီး လေဟာနယ်လှိုင်းများစွာကို ဖန်တီးနိုင်လေသည်။

" ဒီစစ်မြေပြင်ကြီးက တကယ်ကြီးမားတာပဲ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

သူက နဂါးငွေ့တန်းပင်မကြယ်မှ စစ်မြေပြင်ကြီးသို့ ရောက်ရန် နှစ်ဝက်သာ ကြာခဲ့ပြီး ကျန်သည့်နှစ်များက စစ်မြေပြင်တွင် ဖြည်းညင်းစွာ ပျံသန်းနေရခြင်းဖြစ်သည်။ လူသားမျိုးနွယ်မှ တည်ဆောက်ထားသော စစ်မြေပြင်ကြီးများက ကြီးမြတ်သူများ ဖန်တီးခဲ့ခြင်းဖြစ်ပြီး အလွှာဆယ့်တစ်များ၏ တိုက်ခိုက်မှုကို ခံနိုင်လေသည်။

" ဒါပေမယ့် စစ်မြေပြင်ထဲကို ဝင်ရောက်တာနဲ့ ငါ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားရဲ့ အနံ့ကို ရနေပြီ။ " လင်းယွမ်က ပြုံးလိုက်သည်။

အတိတ်တွင် သူက စစ်မြေပြင်ငယ်များနှင့် အလတ်စားစစ်မြေပြင်များရှိ ထာဝရလေဟာနယ်အက်ကြောင်းများအနီးတွင်နေပြီး ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား၏ စုစည်းမှုအရှိန်ကို မြှင့်တင်နိုင်ခဲ့သည်။ သို့သော် လင်းယွမ်က စစ်မြေပြင်ကြီး၏ အစွန်မှာပင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား၏ စုဆောင်းသည့်အရှိန်က တိုးလာသည်ကို ခံစားခဲ့ရသည်။

" ငါ ထာဝရလေဟာနယ်အက်ကြောင်းနားကို ရောက်သွားရင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား စုဆောင်းမှုနှုန်းက ဘယ်လောက်တောင် တိုးတက်လာမလဲ မသိဘူး။ " လင်းယွမ်က မျှော်လင့်ချက်များနှင့် ရေရွတ်လိုက်သည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် လင်းယွမ်၏ ထိုက်ယင်မူလစိတ်ဝိညာဉ်က လေထဲတွင် ရပ်နေသည်။ အလွှာတစ်ဆယ်သို့ တက်လှမ်းပြီးနောက် လင်းယွမ်က သူ၏ စွမ်းအားနှင့် ရင်းနှီးစေရန်အတွက် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေသို့ မကြာခဏ ဝင်ရောက်ခဲ့လေသည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ကြီးမြတ်သူများ၏ အာရုံမှ ဖုံးကွယ်နိုင်ပြီး လင်းယွမ်က မည်သည့်ကန့်သတ်ချက်မှ မရှိဘဲ သူ၏ ခွန်အားကို အပြည့်အဝ ထုတ်ဖော်နိုင်လေသည်။

ဝုန်း ဝုန်း....

ကြောက်စရာကောင်းသော စွမ်းအားများက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ ဆယ်ပုံတစ်ပုံကို ဖြတ်သန်းသွားခဲ့သည်။ ပုံမှန် အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်နှင့် ယှဉ်လျှင် လင်းယွမ်၏ ခွန်အားအခြေခံက မခန့်မှန်းနိုင်အောင် မြင့်မားလှသည်။

အလင်းနှစ် ဆယ့်နှစ်ကျော် ကျယ်ဝန်းသော အက်ကြောင်းမှ ဖရိုဖရဲဟင်းလင်းပြင် မူလစွမ်းအားကို ၃၃၃ စက္ကန့် စုပ်ယူပြီးနောက် လင်းယွမ်က လုံးဝ ပြောင်းလဲသွားခဲ့သည်။

ဝုန်း...

လေဟာနယ်အလွှာများစွာက လုံးဝနီးပါး အက်ကွဲသွားခဲ့သည်။ လင်းယွမ်၏ သာမန်လှုပ်ရှားမှုတစ်ခုက အလွှာတစ်ဆယ် အဆင့်စီနှင့် အဆင့်ဘီ သက်ရှိများကို ဖျက်ဆီးရန် လုံလောက်လေသည်။ အဓိကနိယာမများပေါင်းစပ်ခြင်းကို နားလည်ထားသော အလွှာတစ်ဆယ် အဆင့်အေတစ်ယောက်သာ လင်းယွမ်၏ စွမ်းအားကို ခုခံနိုင်ပေလိမ့်မည်။

" သခင်ရဲ့ ခွန်အားက နိယာမစွမ်းအားတွေကို အသုံးမပြုဘဲနဲ့ အလွှာတစ်ဆယ်ကို ကျော်လွန်နေပြီ။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က အဝေးတွင်ပေါ်လာပြီး လင်းယွမ်ကို ထိတ်လန့်စွာ ကြည့်နေခဲ့သည်။

အလွှာတစ်ဆယ်သက်ရှိတစ်ယောက်အတွက် ကျင့်ကြံခြင်းက မတူညီသော နိယာမများကို အဆက်မပြတ် ပေါင်းစပ်နေရမည်ဖြစ်သည်။ ထို့အပြင် ပေါင်းစပ်နိယာမများက အလွှာတစ်ဆယ်သက်ရှိများအတွက် အဓိက တိုက်ခိုက်ရေးစွမ်းအားပင် ဖြစ်သည်။

သို့သော် လင်းယွမ်က မည်သည့်နိယာမကိုမှ အသုံးပြုခြင်းမရှိဘဲ လင်းယွမ်၏ စွမ်းအားပေါက်ကွဲမှုက အလွှာတစ်ဆယ်ကို ကျော်လွန်သွားခဲ့သည်။

" အလွှာတစ်ဆယ်ကို ကျော်လွန်ရုံပဲလား။ " လင်းယွမ်က သူ၏ အော်ရာကို ထိန်းချုပ်ပြီး အနည်းငယ် စိတ်ပျက်သွားသည်။

" သခင် " လက်ခြောက်ဖက်နှင့် ပုံရိပ်ကလည်း တိတ်ဆိတ်သွားသည်။

အလွှာတစ်ဆယ်နှင့် အလွှာဆယ့်တစ်တို့က မတူညီသော အဆင့်များဖြစ်ကြသည်။ အလွှာတစ်ဆယ်ကို ကျော်လွန်ခြင်းက အလွှာဆယ့်တစ်ကို ယှဉ်နိုင်သည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ရွှမ်ဟွမ်မျိုးနွယ်၏ ခမ်းနားသော အချိန်များတွင် လျို့ဝှက်နည်းစနစ်များ၊ လက်နက်များ၏ အကူအညီနှင့် အလွှာဆယ့်တစ်သက်ရှိများကို ရင်ဆိုင်နိုင်သော အလွှာတစ်ဆယ်သက်ရှိများ ရှိခဲ့ဖူးလေသည်။

သို့သော် ယခု လင်းယွမ်က သူ၏ ခွန်အားတစ်ခုတည်းနှင့် အလွှာဆယ့်တစ်ကို ယှဉ်ချင်နေသည်။ လက်ခြောက်ဖက်နှင့် ပုံရိပ်က ဘာမှမပြောနိုင်တော့ပေ။ လူတစ်ယောက်၏ ခွန်အားနှင့် အလွှာဆယ့်တစ်ကို ယှဉ်နိုင်လျှင် ၎င်းက အလွှာတစ်ဆယ်ဟု ခေါ်မည်မဟုတ်တော့ပေ။

All Chapters