သေခြင်းရှင်ခြင်းနိယာမ၏ စွမ်းအား....
Vol. 36 Ch. 544
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် အကြိမ်များစွာ ကြိုးစားပြီးနောက် လင်းယွမ်က သူ၏ ခွန်အားကို နားလည်လာခဲ့သည်။ ပုံမှန်အားဖြင့် သာမန်အလွှာတစ်ဆယ် အဆင့်အေသက်ရှိများက သူ့ကိုကြာကြာ ခုခံနိုင်မည်မဟုတ်ပေ။
အကယ်၍ လင်းယွမ်က တန်ဖိုးတစ်ခုကို ပေးဆပ်လိုက်လျှင် အလွှာဆယ်တစ်၏ တံခါးဝကို ရောက်နိုင်လောက်ပေသည်။ ဥပမာ သူ၏ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ် စသည်ဖြင့် အားလုံးကို ဆယ်ဆတိုးမြှင့်ပေးနိုင်သော အားဖြည့်ခြင်းနတ်စွမ်းရည်ဖြစ်သည်။
" ပေါင်းစပ်နိယာမတွေ..." လင်းယွမ်က သူ၏ ကျင့်ကြံခြင်းကို စတင်လိုက်သည်။
" အသက်နိယာမ.... သေခြင်းနိယာမ..." လင်းယွမ်က သူ၏လက်နှစ်ဖက်ကို မြှောက်လိုက်သည်။ သူ၏ ဘယ်လက်တွင် နွေးထွေးသော အသက်စွမ်းအားများနှင့် ပြည့်နှက်နေပြီး သူ၏ ညာလက်တွင် အေးစက်သော သေခြင်းစွမ်းအားများ ပြည့်နှက်နေသည်။
" အသက်နဲ့သေခြင်း... သံသရာက မပြီးဆုံးနိုင်ဘူး။ " လင်းယွမ်၏ စိတ်ထဲတွင် ဉာဏ်အလင်းများ ထွက်ပေါ်လာပြီး သူ၏ လက်နှစ်ဖက်ထဲရှိ သေခြင်းနှင့် အသက်စွမ်းအားများက ဖြည်းညင်းစွာ ပေါင်းစည်းလာကြသည်။
အလွှာတစ်ဆယ်ကို တက်လှမ်းပြီးနောက် လင်းယွမ်၏ ခွန်အားက သိသိသာသာ တိုးတက်လာသည့်အပြင် နိယာမများကို သိမြင်နိုင်စွမ်းကလည်း ပို၍ လွယ်ကူလာခဲ့သည်။
ယခင် လင်းယွမ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့်ပင် အဓိကနိယာမများ၏ ပေါင်းစည်းမှုကို မမြင်နိုင်ဘဲ ဝေဝါးနေခဲ့သည်။ သို့သော် အလွှာတစ်ဆယ်သို့ တက်လှမ်းပြီးနောက် လွယ်ကူလာသည်ဟု ပြောနိုင်လေသည်။
နှစ်အနည်းငယ်အတွင်း လင်းယွမ်က အသက်နိယာမနှင့် သေခြင်းနိယာမတို့၏ ပေါင်းစပ်မှုကို နက်ရှိုင်းစွာ သိမြင်နိုင်ခဲ့သည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အသက်နိယာမနှင့် သေခြင်းနိယာမတို့ကို နားလည်ပြီး နိယာမပေါင်းစည်းခြင်းကို စတင်လိုက်ပါပြီ။ ]
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အသက်နိယာမနှင့် သေခြင်းနိယာမတို့ကို နားလည်ပြီး နိယာမပေါင်းစည်းခြင်းကို စတင်လိုက်ပါပြီ။ ]
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အသက်နိယာမနှင့် သေခြင်းနိယာမတို့ကို နားလည်ပြီး နိယာမပေါင်းစည်းခြင်းကို ပြီးမြောက်သွားပါပြီ။ ]
ဝုန်း....
လင်းယွမ်၏ စိတ်ထဲတွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အသက်နိယာမနှင့် သေခြင်းနိယာမတို့က လုံးဝပေါင်းစည်းသွားပြီး နိယာမအသစ်တစ်ခုဖြစ်ပေါ်လာခဲ့သည်။ ထိုနိယာမက အသက်နှင့် သေခြင်းနိယာမနှစ်မျိုးလုံးပါဝင်ပြီး ပြန်လည်မွေးဖွားခြင်းစက်ဝန်းကို ဖြစ်ပေါ်စေသကဲ့သို့ ဖြစ်သည်။
" ငါ နောက်ဆုံးတော့ အဓိကနိယာမနှစ်ခုကို ပေါင်းစည်းနိုင်သွားပြီ။ " လင်းယွမ်က ပြုံးလိုက်သည်။
အဓိကနိယာမနှစ်ခုကို ပေါင်းစည်းပြီးနောက် ဖြစ်ပေါ်လာသော နိယာမက အလွှာတစ်ဆယ် အဆင့်အေသို့ ရောက်ရှိသွားနိုင်လေသည်။ ထို့ကြောင့် ထိုဖြစ်စဉ်ကလည်း အချိန်များစွာပေးပြီး နားလည်ရန် လိုအပ်လေသည််။
သို့သော် လင်းယွမ်၏ အခြေခံက အလွန်ခိုင်မာခဲ့သည်။ အလွှာတစ်ဆယ်သို့ မဝင်ရောက်ခင် အဓိကနိယာမများကို ကောင်းစွာ နားလည်ထားခဲ့သည်။
ဒုတိယအချက်အနေဖြင့် လင်းယွမ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကို ပိုင်ဆိုင်ထားလေသည်။
" အသက်နဲ့ သေခြင်းနိယာမကို ပေါင်းစည်ပြီး ဖြစ်ပေါ်လာတဲ့ ပေါင်းစပ်နိယာမက သေခြင်းရှင်ခြင်းနိယာမထင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
သေခြင်းရှင်ခြင်းနိယာမက အလွန်အစွမ်းထက်သော ပေါင်းစပ်နိယာမတစ်ခုဖြစ်ပြီး သေခြင်းနှင့်ရှင်ခြင်း၏ ဆန့်ကျင်ဘက် အစွန်းရောက်စွမ်းအားများ ပါဝင်နေသည်။
" ငါ့ရဲ့ လက်ရှိခွန်အားက ပုံမှန်အခြေအနေဆို အလွှာဆယ့်တစ်ကို ရောက်နိုင်လောက်ပြီလား။ "
ပုံမှန် အလွှာတစ်ဆယ်သက်ရှိတစ်ယောက်က အဓိကပေါင်းစပ်နိယာမကို နားလည်ခြင်းက ကိုယ်ပိုင်ခွန်အားကို လုံးဝ ပြောင်းလဲပစ်နိုင်လေသည်။ ၎င်းက သူတို့၏ ခွန်အားကို အလွှာတစ်ဆယ် အဆင့်အေသို့ တိုက်ရိုက် တိုးမြှင့်ပေးနိုင်လေသည်။ အစကတည်းက လင်းယွမ်၏ တိုက်ခိုက်ရေးစွမ်းအားက အလွှာတစ်ဆယ် အဆင့်အေသို့ ရောက်နေသောကြောင့် ယခု များစွာပို၍ အစွမ်းထက်လာပေလိမ့်မည်။
" နောက်တစ်ခါ ကြိုးစားကြည့်ရအောင်။ " အတွေးတစ်ချက်နှင့်အတူ ထိုက်ယင်မူလစိတ်ဝိညာဉ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေသို့ ဆင်းသက်လာသည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ သခင်တစ်ယောက်အနေဖြင့် ရွှမ်ဟွမ်တံဆိပ်နှင့်ဆိုလျှင် လင်းယွမ်က မည်သည့်နေရာတွင်မဆို ရွှမ်ဟွမ်လျို့ဝှက်နယ်မြေသို့ ဆင်းသက်နိုင်လေသည်။ အပြင်ထွက်ရန် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ ထွက်ပေါက် ၃၃၃ခုအပြင် လူတစ်ယောက်ကိုလည်း လမ်းညွှန်အမှတ်ဖြစ် အသုံးပြုနိုင်လေသည်။ လင်းယွမ်က အပြင်ပြန်ထွက်ရန် သူ၏ မူလခန္ဓာကိုယ်ကို လမ်းညွှန်အမှန်အဖြစ် အသုံးပြုထားခဲ့သည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် ထိုက်ယင်မူလစိတ်ဝိညာဉ်က ဆင်းသက်လာသည်။
" သခင် " လက်ခြောက်ဖက်နှင့် ပုံရိပ်က ပေါ်လာပြီး လင်းယွမ်ကို စိတ်ရှုပ်ထွေးစွာ နှုတ်ဆက်လိုက်သည်။
" ငါ့ရဲ့ ခွန်အားကို နောက်တစ်ကြိမ် စမ်းသပ်ချင်တယ်။ " လင်းယွမ်က တိုက်ရိုက်ပြောလိုက်သည်။
" ကောင်းပြီ " လက်ခြောက်ဖက်နှင့် ပုံရိပ်က ခေါင်းညိမ့်လိုက်သည်။
" ဒီလျို့ဝှက်နယ်မြေရဲ့ ခံနိုင်ရည်ကန့်သတ်ချက်က ဘယ်လောက်ရှိလဲ။ " လင်းယွမ်က မလှုပ်ရှားမီ မေးလိုက်သည်။
" ခံနိုင်ရည်ကန့်သတ်ချက်လား။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က ခဏစဉ်းစားလိုက်သည်။ " ကြီးမြတ်သူတွေအောက် တိုက်ခိုက်မှုတွေက ပြဿနာမရှိပါဘူး။ "
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ကြီးမြတ်သူများ၏ အာရုံခံမှုမှ လွတ်မြောက်နိုင်ခြင်းမှာ ပင်မစကြာဝဠာ၏ လေဟာနယ်အလွှာများကြား ကွာဟမှုထဲတွင် တည်ဆောက်ထားသောကြောင့် ဖြစ်သည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကိုယ်တိုင်က ကြီးမြတ်သူများကို တားဆီးထားနိုင်စွမ်းမရှိပေ။ သို့သော် အလွှာဆယ်တစ်သက်ရှိများ၏ တိုက်ခိုက်မှုများကို ခုခံခြင်းက လုံလောက်သည်ထက် ပိုလေသည်။
" အဲ့ဒါကောင်းတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ " ငါ အခု ပေါင်းစပ်နိယာမတစ်ခုကို နားလည်ခဲ့တယ်။ အဲ့ဒါကို စမ်းသပ်မလို့ပဲ။ အဲ့ဒီစွမ်းအားက အလွှာဆယ့်တစ်ကို ရောက်နိုင်လားဆိုတာ မင်းငါ့ကို ကြည့်ပေး။ "
လင်းယွမ်က ပြောလိုက်ပြီး သူ၏ ညာလက်ကို ရှေ့သို့ ဖိချလိုက်သည်။
ဝုန်း....
အသက်နိယာမနှင့် သေခြင်းနိယာမတို့ကို ပေါင်းစပ်ထားသော စွမ်းအားက ပေါက်ကွဲထွက်လာခဲ့သည်။ အစွန်းရောက်နိယာမနှစ်ခု၏ စွမ်းအားက မရေတွက်နိုင်သော လေဟာနယ်အလွှာများကို ထိုးဖောက်သွားခဲ့ပြီး ရွှမ််ဟွမ်လျို့ဝှက်နယ်မြေ၏ တည်ငြိမ်မှုကိုပင် ထိခိုက်သွားစေခဲ့သည်။
" ဒါက " လက်ခြောက်ဖက်နှင့် ပုံရိပ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
" သခင် သခင် ဆက်တိုက်လို့မရတော့ပါဘူး။ " သူက အလျင်စလိုပြောလိုက်သည်။
" ဟင် " လင်းယွမ်ကလည်း ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ ပြောင်းလဲမှုများကို သတိပြုမိခဲ့သည်။
သူက တိုက်ခိုက်မှုတွင် သေခြင်းရှင်ခြင်းနိယာမကို အသုံးပြုခဲ့ပြီး ၎င်းက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို လှုပ်ခါနိုင်ရန် ဝေးကွာသော်လည်း ၎င်းက လျို့ဝှက်နယ်မြေ၏ အမြုတေကို သွား၍ သက်ရောက်လေသည်။
" သေခြင်းရှင်ခြင်းနိယာမက တကယ်အစွမ်းထက်တာပဲ။ " လင်းယွမ်က စိတ်လှုပ်ရှားသွားမိသည်။
သူ၏ ခွန်အားနှင့် သေခြင်းရှင်ခြင်းနိယာမကို ထုတ်ဖော်ချိန်တွင် ထွက်ပေါ်လာသော စွမ်းအားက အလွှာဆယ့်တစ်သို့ သေချာပေါက် ရောက်ရှိသွားပေလိမ့်မည်။
" သခင် အဲ့ဒီတိုက်ခိုက်မှုက အလွှာဆယ့်တစ်ကို ရောက်သွားပါပြီ။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က ချက်ချင်း ပြောလိုက်သည်။
တစ်ချိန်တည်းတွင် သူက ထိတ်လန့်သော အမူအရာတစ်ခု ရှိနေခဲ့သည်။ အလွှာတစ်ဆယ်ကို ဝင်ရောက်ခါစ လူတစ်ယောက်က ထိုကဲ့သို့သော တိုက်ခိုက်ရေးစွမ်းအားကို ထုတ်လွှတ်နိုင်ခြင်းမှာ အလွှာတစ်ဆယ်ဟု ခေါ်နိုင်ဦးပါ့မလား။
" ငါသိတယ်။ " လင်းယွမ်က ကျေနပ်စွာ ပြောလိုက်သည်။ " အဲ့ဒီတိုက်ခိုက်မှုက အလွှာဆယ့်တစ်ကို ရောက်နေပေမယ့် တကယ် အလွှာဆယ့်တစ်သက်ရှိတစ်ယောက်နဲ့ ယှဉ်ရင် အားနည်းနေတုန်းပဲ။ "
အလွှာဆယ့်တစ်သို့ ရောက်ရှိခြင်းဆိုသည်မှာ အလွှာဆယ့်တစ်သို့ ဝင်ရောက်ခါစ လူတစ်ယောက်၏ သာမန်တိုက်ခိုက်မှုကို ဆိုလိုခြင်းဖြစ်သည်။
သို့သော် လင်းယွမ်က စိတ်ဓာတ်မကျပေ။ သူက အလွှာတစ်ဆယ်သို့ ဝင်ရောက်သည်မှာ မကြာသေးဘဲ ယခုလောက်ထိ ရောက်နေခြင်းက အထင်ကြီးစရာကောင်းနေပြီဖြစ်သည်။ ဆယ်စုနှစ် သို့မဟုတ် ရာစုနှစ်အနည်းငယ်ကြာပြီးလျှင် အလွှာဆယ့်တစ်သက်ရှိတစ်ယောက်ကို စိန်ခေါ်ခြင်းက ဖြစ်နိုင်ပေလိမ့်မည်။
VR ကမ္ဘာတွင် လင်းယွမ်က အနက်ရောင်ကြယ်သခင်၊ လျို့လီကြယ်သခင်တို့နှင့် တွေ့ဆုံနေခဲ့သည်။
"ဟားဟား နဂါးငွေ့တန်းကြယ်သခင် မင်းရဲ့ အလွှာတစ်ဆယ် ဂုဏ်ပြုပွဲက နာလန်ရဲ့ အလွှာဆယ့်တစ်ဂုဏ်ပြုပွဲကိုတောင် မှီလုနီးပါးဖြစ်သွားတယ်။ " အနက်ရောင်ကြယ်သခင်က ရယ်မောလိုက်သည်။
" အားလုံးက ဒီလောက် စိတ်အားထက်သန်လိမ့်မယ်လို့ ငါလည်း မမျှော်လင့်ခဲ့မိဘူး။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
အလွှာတစ်ဆယ်သို့ ဝင်ရောက်ပြီးနောက် လင်းယမ်ကလည်း ဂုဏ်ပြုပွဲတစ်ခု ကျင်းပခဲ့လေသည်။ ရလဒ်အနေဖြင့် ဂုဏ်ပြုစကားများနှင့် လက်ဆောင်အမျိုးမျိုးကို လက်ခံရရှိခဲ့သည်။ လူသားမျိုးနွယ်၏ အလွှာတစ်ဆယ်နှင့် အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများကလည်း ဂုဏ်ပြုစကားများ ပေးပို့ခဲ့ကြသည်။ ဂုဏ်ပြုပွဲပြီးနောက် လင်းယွမ်က လက်ဆောင်များ၏ တန်ဖိုးမှာ စကြာဝဠာသလင်းကျောက် ခုနှစ်သန်းမှ ရှစ်သန်းအထိ ရရှိခဲ့သည်။
" အဲ့ဒါက နဂါးငွေ့တန်းကြယ်သခင်ကို ဂုဏ်ပြုတာမလို့ပဲ။ " တစ်ယောက်က ပြောလိုက်သည်။
" ငါ အလွှာတစ်ဆယ်ကို ဝင်ရောက်ပြီးတော့ ဂုဏ်ပြုပွဲကျင်းပတုန်းက ဒီလောက်မခမ်းနားခဲ့ဘူး။ " အနက်ရောင်ကြယ်သခင်က ခေါင်းခါပြီး ပြောလိုက်သည်။
နဂါးငွေ့တန်းကြယ်သခင် ပြသခဲ့သော အလားအလာက အကန့်အသတ်မရှိဘဲ အလွှာဆယ့်တစ်သို့ ဝင်ရောက်ခြင်းက သေချာသော ကိစ္စတစ်ခုဖြစ်လေသည်။ အနက်ရောင်ကြယ်သခင်၏ ဂုဏ်ပြုပွဲက သာမန်ထက် ပို၍ ခမ်းနားခဲ့သော်လည်း လင်းယွမ်၏ ဂုဏ်ပြုပွဲနှင့် ယှဉ်လျှင် များစွာ ကွာခြားလှသည်။
" မင်းရဲ့ အလွှာဆယ့်တစ်ဂုဏ်ပြုပွဲကို ကျင်းပတဲ့အခါ ငါ့ထက် သေချာပေါက်ကျော်လွန်ပါလိမ့်မယ်။ " လင်းယွမ်က ပြောလိုက်သည်။
" ငါလည်း အဲ့လိုမျှော်လင့်ရမှာပဲ။ " အနက်ရောင်ကြယ်သခင်က ပြုံးလိုက်သည်။
သူကလည်း အလွှာဆယ့်တစ်သို့ ဝင်ရောက်ချင်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ နာလန်ပင် လင်းယွမ်၏ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု မရှိခဲ့လျှင် အလွှာဆယ့်တစ်သို့ တက်လှမ်းရန် နှစ်တစ်သောင်း သို့မဟုတ် နှစ်တစ်သိန်း အချိန်ယူရပေလိမ့်မည်။