အနက်ရောင်ဂြိုလ်ထဲသို့ ဝင်ရောက်ခြင်း....
Vol. 36 Ch. 545
အနက်ရောင်ကြယ်သခင်၊ လျို့လီကြယ်သခင်တို့နှင့် စကားပြောပြီးနောက် လင်းယွမ်က VR ကမ္ဘာမှ ထွက်လိုက်သည်။
" အခု ငါက သေခြင်းရှင်ခြင်းနိယာမကို နားလည်သွားပြီဆိုတော့ အနက်ရောင်ဂြိုလ်ကို သွားလေ့လာကြည့်ရမယ်။ " လင်းယွမ်က တွေးလိုက်သည်။ လင်းယွမ်က တွေးလိုက်သည်။
အနက်ရောင်ဂြိုလ်က လင်းယွမ်၏ ထိုက်ယန်မူလစိတ်ဝိညာဉ် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ ပြန်လာချိန်တွင် မတော်တဆ တွေ့ခဲ့ရသော ဆန်းကြယ်သည့်ဂြိုလ်ဖြစ်လေသည်။
ဂြိုလ်၏ အလယ်တွင် တံခါးဆယ့်နှစ်ခု ရှိလေသည်။ တံခါးတစ်ခုစီကို ဝင်ရောက်ရန်အတွက် အဓိကပေါင်းစပ်နိယာမတစ်ခုကို နားလည်ထားရန် လိုအပ်လေသည်။ တံခါးများထဲမှတစ်ခုမှာ သေခြင်းရှင်ခြင်းနိယာမအား လိုအပ်သည်ကို လင်းယွမ်သိထားလေသည်။
" အနက်ရောင်ဂြိုလ်.. " လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။
ဉာဏ်ပညာနတ်ဘုရား၏ ပြောကြားချက်အရ အနက်ရောင်ဂြိုလ်က အတိတ်မှ စကြာဝဠာထဲသို့ ကျဆင်းလာသော ရတနာများစွာထဲမှ တစ်ခုဖြစ်နိုင်လေသည်။ လူသားမျိုးနွယ်၏ တိုးတက်မှုက ၎င်းနှင့် များစွာ သက်ဆိုင်လေသည်။ သူတို့က အဓိကရတနာတစ်ခု၏ အမွေအနှစ် တစ်စိတ်တစ်ပိုင်းကို ရရှိခဲ့သည်ဟု ဆိုလေသည်။ ထို့ကြောင့် လင်းယွမ်ကလည်း အနက်ရောင်ဂြိုလ်အပေါ် မျှော်လင့်ချက်များ ရှိနေလေသည်။
" သွားကြည့်တာပေါ့။ " လင်းယွမ်၏ ထိုက်ယင်မူလစိတ်ဝိညာဉ်က ပျောက်ကွယ်သွားပြီး အနက်ရောင်ဂြိုလ်ရှိရာသို့ ဦးတည်သွားသည်။
သာမန်ဟုထင်ရသော အနက်ရောင်ဂြိုလ်တစ်လုံး၏ အပြင်ဘက်တွင် လင်းယွမ်၏ ပုံရိပ်ပေါ်လာသည်။ သူက ထုံးစံအတိုင်း သွေးအဆီအနှစ်တစ်စက်ကို အပြင်တွင် ထားခဲ့ပြီး အနက်ရောင်ဂြိုလ်ပေါ်သို့ ဆင်းသက်သွားသည်။
ဂြိုလ်၏ အလယ်တွင် တံခါးဆယ့်နှစ်ခုက မြင့်မားစွာ ရပ်တည်နေပြီး လျို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းအော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။ လင်းယွမ်က သေချာလေ့လာပြီးနောက် အနက်ရောင်တံခါးတစ်ခု၏ ရှေ့တွင် ရပ်လိုက်သည်။
ထိုတံခါးက သေခြင်းရှင်ခြင်းနိယာမကို လိုအပ်သောတံခါးဖြစ်ပြီး အဓိကပေါင်းစပ်နိယာမကို နားလည်မှသာ ဝင်ရောက်နိုင်လေသည်။
" အခု ငါက ဘာလုပ်ရမှာလဲ။ " လင်းယွမ်က အနက်ရောင်တံခါးကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။
" သေခြင်းရှင်ခြင်းနိယာမ..." လင်းယွမ်က တံခါးမျက်နှာပြင်ပေါ်တွင် ရေးထိုးထားသော ပုံစံများကို ကြည့်လိုက်သည်။ ၎င်းတို့က ရှုပ်ထွေးသော်လည်း သူက အဓိပ္ပါယ်ကို နားလည်လေသည်။
" ဝင်ရောက်ဖို့အတွက် သေခြင်းရှင်ခြင်းနိယာမကို နားလည်ဖို့ လိုအပ်တယ်။ " လင်းယွမ်က သေခြင်းရှင်ခြင်းနိယာမ၏ စွမ်းအားကို ထုတ်ဖော်ပြီး အနက်ရောင်တံခါးထဲသို့ ဖြည်းညင်းစွာ ထည့်သွင်းလိုက်သည်။ ခဏကြာဆသာအခါ လင်းယွမ်၏ နားထဲသို့ နက်ရှိုင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
" ဝင်ရောက်ဖို့အတွက် အရည်အချင်းပြည့်မီတယ်။ "
အနက်ရောင်တံခါးက တုန်ခါလာပြီး ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။ လင်းယွမ်ကလည်း တုန့်ဆိုင်းခြင်းမရှိဘဲ ဝင်ရောက်သွားသည်။
" ဒီနေရာက " လင်းယွမ်က အနက်ရောင်တံခါးထဲသို့ လမ်းလျှောက် ဝင်လာပြီး သူ၏ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
အပြင်မှကြည့်လျှင် မကြီးမားသော်လည်း အတွင်းတွင် အတော်လေး ကျယ်ဝန်းပေသည်။ ၎င်းက လင်းယွမ်အတွက် မထူးဆန်းပေ။ ထိုအရာက လေဟာနယ်နိယာမ၏ နက်ရှိုင်းသော အသုံးချမှုတစ်ခုသာ ဖြစ်သည်။
" ဒီနေရာက ဖိနှိပ်မှုက အရမ်းအားကောင်းတာပဲ။ " လင်းယွမ်က အနည်းငယ် အံ့အားသင့်သွားသည်။
ကြီးမားသော ဖိနှိပ်မှုက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထက် ကျော်လွန်ပြီး လင်းယွမ်က လေဟာနယ်အလွှာထဲသို့ပင် ဝင်ရောက်နိုင်ခြင်းမရှိပေ။
" ဟိုမှာ..." လင်းယွမ်က ရှေ့သို့ကြည့်လိုက်သည်။ သူ၏ ရှေ့တွင် အနက်ရောင်ကျောက်ခဲများဖြင့် ပြုလုပ်ထားသော လမ်းတစ်ခုရှိပြီး လမ်းမှ လွဲ၍ နေရာတိုင်းက အဖြူရောင် ဖြစ်နေသည်။
" အနက်ရောင်ကျောက်လမ်းက သွားမှပဲ ဘေးကင်းမယ်။ " လင်းယွမ်က အဖြူရောင်နေရာများကို ကြည့်ပြီး သူ၏ စိတ်ထဲတွင် မသက်မသာခံစားလိုက်ရသည်။
" ဟင် နောက်ပြန်လှည့်လို့ မရဘူးပေါ့။ " လင်းယွမ်က နောက်ပြန်လှည့်ကြည့်လိုက်သောအခါ အနက်ရောင်တံခါးက ပျောက်ကွယ်နေသည်ကို တွေ့လိုက်ရသည်။ သူ့အတွက် တစ်ခုတည်းသော ရွေးချယ်မှုက လမ်းအတိုင်း ရှေ့ဆက်သွားရန်သာ ဖြစ်သည်။
" ဘာမှမဖြစ်ဘူး။ အဆိုးဆုံး ငါက ဒီမူလစိတ်ဝိညာဉ်ကို ဆုံးရှုံးလိုက်ရုံပဲ။ " လင်းယွမ်က အနက်ရောင်ကျောက်လမ်းပေါ်သို့ လျှောက်သွားလိုက်သည်။
သူက အနက်ရောင်ဂြိုလ်နှင့် ပက်သက်ပြီး ဉာဏ်ပညာနတ်ဘုရားကို အသိပေးပြီးဖြစ်သည်။ နတ်ဘုရားသုံးပါးသိလျှင် ကြီးမြတ်သူရှချင်နှင့် အခြားကြီးမြတ်သူများကလည်း သိပေလိမ့်မည်။ ထိုအခြေအနေတွင် ကြီးမြတ်သူရှချင်က သူ့ကို သတိမပေးခဲ့သောကြောင့် အနက်ရောင်ဂြိုလ်နှင့် ပက်သက်၍ ထင်ရှားသော အန္တရာယ်မရှိသောကြောင့်ပင် ဖြစ်ပေလိမ့်မည်။
နာရီဝက်ကြာသွားခဲ့သည်။
" အခြားနိယာမတွေက ဝေဝါးလာပြီး သေခြင်းရှင်ခြင်းနိယာမက ပိုပြီး ရှင်းလင်းလာတယ်။ " လင်းယွမ်က ပတ်ဝန်းကျင်မှ ပြောင်းလဲမှုများကို သတိပြုမိလေသည်။
ရှယိုဆင့်ကဲပြောင်းလဲခြင်းမျှော်စင်တွင် ကြီးမြတ်သူရှချင်က တစ်စုံတစ်ခုကို ခံစားမိပြီး တစ်နေရာသို့ ကြည့်လိုက်သည်။ လင်းယွမ်သာရှိလျှင် သူက အနက်ရောင်ဂြိုလ်တည်ရှိရာသို့ ကြည့်နေသည်ကို သတိပြုမိပေလိမ့်မည်။
" အဲ့ဒီကလေး ဝင်သွားပြီ။ " ကြီးမြတ်သူရှချင်က ပြုံးလိုက်သည်။
သူ၏ ဘေးတွင် ကြီးမြတ်သူယုတိုင်၏ ပုံရိပ်က ဖြစ်ပေါ်လာသည်။
" ငါတို့က နှစ်ပေါင်းများစွာကြာအောင် အဲ့ဒီဂြိုလ်ကို ရှာမတွေ့ခဲ့ပေမယ့် သူက အလွယ်တကူ ရှာတွေ့သွားခဲ့တယ်။ သူက တကယ်ကံကောင်းတာပဲ။ " ကြီးမြတ်သူယုတိုင်က ပြုံးလိုက်သည်။
အနက်ရောင်ဂြိုလ်၏ အော်ရာက လုံးဝ ဖုံးကွယ်ထားလေသည်။ ကြီးမြတ်သူများပင် တိကျသော အကွာအဝေးတစ်ခုသို့ မရောက်လျှင် ၎င်းကို ရှာတွေ့နိုင်မည်မဟုတ်ပေ။ မဟုတ်လျှင် တစ်ချက်ကြည့်ရုံနှင့် အလင်းနှစ်သန်းပေါင်းများစွာကို မြင်နိုင်သော ကြီးမြတ်သူများက စကြာဝဠာတစ်ခုလုံး ရှာဖွေလျှင်တောင် အချိန်ကြာမည်မဟုတ်ပေ။
ရတနာအချို့က သူတို့ကိုသူတို့ ဖုံးကွယ်နိုင်ပြီး အနီးတွင်မရှိလျှင် သူတို့ကို ရှာတွေ့နိုင်မည်မဟုတ်ပေ။ အချို့ဆိုလျှင် စံနှုန်းများနှင့် မကိုက်ညီလျှင် ဘာမှရှာတွေ့နိုင်မည်မဟုတ်ပေ။
" အမွေအနှစ်ကြယ်အတွင်းမှ အဓိကပေါင်းစပ်နိယာမကို နားလည်ထားတဲ့ အလွှာတစ်ဆယ် သက်ရှိတွေသာ ဝင်ရောက်န်ုင်တဲ့ လမ်းကြောင်းတွေရှိတယ်။ အဲ့ဒီကောင်လေး အမျိုးအစား သုံးခု၊ လေးခုကို ဖြတ်ကျော်န်ုင်ရင် သူက အလွှာဆယ့်တစ်ထဲကို ဝင်ရောက်နိုင်လိမ့်မယ်။ " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။
" သုံးခု လေးခုလား။ " ကြီးမြတ်သူယုတိုင်က ခဏစဉ်းစားလိုက်သည်။
ပုံမှန်အားဖြင့် အလွှာတစ်ဆယ်ဆင့်ကဲပြောင်းလဲသူတစ်ယောက်က အလွှာဆယ့်တစ်သို့ ဝင်ရောက်ရန် တစ်ခုတည်းကိုသာ ဖြတ်သန်းရန် လိုအပ်လေသည်။ သို့သော် လင်းယွမ်၏ ယခင် စွမ်းဆောင်ရည်များအရ သူက သုံးလေးခုကို ဖြတ်သန်းနိုင်ပေလိမ့်မည်။
" အဲ့ဒီအမွေအနှစ်ကြယ်မှာ ပါဝင်တဲ့ လမ်းကြောင်းတွေက အဆင့်ဘယ်လောက်ရှိလဲမသိဘူး။ " ကြီးမြတ်သူရှချင်က ရေရွတ်လိုက်သည်။
လူသားမျိုးနွယ်ပိုင်ဆိုင်သော အမြင့်ဆုံးလျို့ဝှက်ချက်များအရ စကြာဝဠာအပြင်ဘက်မျိ အမွေအနှစ်ကြယ်များကလည်း အဆင့်များကွာခြားလေသည်။ ပါဝင်သော ပေါင်းစပ်နိယာမလမ်းကြောင်းများ ရောက်ရှိနိုင်သော အမြင့်ဆုံးအဆင့်ပေါ် မူတည်ပြီး ပို၍ တန်ဖိုးကြီးသော်လည်း ပို၍ ခက်ခဲလာမည်ဖြစ်သည်။
အမြင့်ဆုံးအဆင့်ကို သိရန်အတွက် လူတစ်ယောက်က ပေါင်းစပ်နိယာမ လမ်းကြောင်းများကို ဖြတ်သန်းရမည်ဖြစ်သည်။ ကြီးမြတ်သူများက အနက်ရောင်ဂြိုလ်ကို အင်အားသုံးပြီး စူးစမ်းနိုင်သော်လည်း အနက်ရောင်ဂြိုလ်က အန္တရာယ်ကို ခံစားမိပြီး အလိုအလျောက် ဖျက်ဆီးခြင်းကို စတင်ပေလိမ့်မည်။
အနက်ရောင်ဂြိုလ်၏ တံခါးထဲရှိ ကျယ်ပြောသော နေရာထဲတွင် လင်းယွမ်က အနက်ရောင် ကျောက်လမ်းအတိုင်း လျှောက်သွားနေခဲ့သည်။
အချိန်မည်မျှကြာသွားသည်မသိ လင်းယွမ်က အနက်ရောင်ယဇ်ပလ္လင်တစ်ခုရှေ့သို့ ရောက်သွားသည်။
" ဒီနေရာက..." လင်းယွမ်က သူ၏ ခြေလှမ်းများကို ရပ်တန့်ပြီး ဂရုတစိုက် လေ့လာလိုက်သည်။
ဤနေရာတ်ခင် သူက အခြားနိယာမများကို ခံစားနိုင်ခြင်းမရှိတော့ဘဲ သေခြင်းရှင်ခြင်းနိယာမကသာ မယုံကြည်နိုင်လောက်အောင် ရှင်းလင်းလာခဲ့သည်။ နိယာမများကို မခံစားနိုင်လျှင် သူက နိယာမစွမ်းအားကို မထုတ်ဖော်နိုင်ခြင်းကို ဆိုလိုလေသည်။
ဥပမာ လင်းယွမ်နားလည်ခဲ့သော လေဟာနယ်ဖျက်စီးခြင်းနိယာမက လေဟာနယ်နိယာမနှင့် ရွှေနိယာမတို့ကို ပေါင်းစပ်ခြင်းဖြစ်သည်။ သို့သော် ဤနေရာတွင် လေဟာနယ်နှင့် ရွှေနိယာမတို့ကို မခံစားနိုင်သောကြောင့် ၎င်းက သိသိသာသာ အားနည်းသွားပေလိမ့်မည်။
" ဒါပေမယ့် ဘယ်ကိုဆက်သွားရမှာလဲ။ " လင်းယွမ်က သူ၏ ရှေ့မှ ယဇ်ပလ္လင်ကို ကြည့်လိုက်သည်။
ခဏစောင့်ကြည့်ပြီး ပြောင်းလဲမှုမရှိသောအခါ သူက ယဇ်ပလ္လင်ပေါ်သို့ တက်လိုက်သည်။ လင်းယွမ်က ယဇ်ပလ္လင်ပေါ်သို့ ခြေချလိုက်ချိန်တွင် ယဇ်ပလ္လင်က အနည်းငယ် တုန်ခါသွားသည်။
ဝုန်း....
အနက်ရောင်အလင်းများက လျင်မြန်စွာ စုစည်းလာပြီး ရှေးခေတ်ပုံစံနှင့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ယောက် ပေါ်လာသည်။
" မင်းက ဘယ်သူလဲ။ " လင်းယွမ်က အနက်ရောင်ဝတ်ရုံနှင့်လူကို ကြည့်ပြီး သူ၏ အမူအရာက အနည််းငယ် လေးနက်သွားသည်။
" ငါက ယဇ်ပလ္လင် စိတ်ဝိညာဉ်ပဲ။အခု ငါက မင်းကို စမ်းသပ်မှုအချို့ လုပ်ဆောင်ပေးမယ်။ မင်းဖြတ်သန်းနိုင်ရင် ဒီပေါင်းစပ်နိယာမလမ်းအတွက် အဆုံးစွန်သော ဆုလာဘ်ကို ရရှိလိမ့်မယ်။ " အနက်ရောင်ဝတ်ရုံနှင့်လူ၏ အသံက တည်ငြိမ်နေပြီး လင်းယွမ်ကို ကြည့်၍ ဖြည်းညင်းစွာ ပြောလိုက်သည်။
" ယဇ်ပလ္လင်စိတ်ဝိညာဉ်လား။ " လင်းယွမ်က အနက်ရောင်ဝတ်ရုံနှင့် လူ၏ ရာထူးကို နားလည်သွားသည်။
သူက နတ်ဆိုးကျောက်စိမ်းမျှော်စင်မှ ကျောက်ရုပ်တုရှန်းကျိ၊ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ လက်ခြောက်ဖက်ရှိသော ပုံရိပ်တို့နှင့် ဆင်တူလေသည်။
" အကြီးအကဲ အဆုံးစွန်သော ဆုလာဘ်ဆိုတာ ဘာလဲမေးလို့ရမလား။ " လင်းယွမ်က ချက်ချင်း မေးလိုက်သည်။
" မင်းဝင်သွားတဲ့အခါ သိရလိမ့်မယ်။ " ယဇ်ပလ္လင်စိတ်ဝိညာဉ်က သူ၏ ခေါင်းကို ခါပြီး ပြောလိုက်သည်။ " စမ်းသပ်မှုကို ဖြတ်သန်းတဲ့သူတွေသာ ဆုလာဘ်က ဘာလဲဆိုတာ သိနိုင်တယ်။ ဒါပေမယ့် ဆုလာဘ်က သေခြင်းရှင်ခြင်းန်ယာမနှင့် ဆက်စပ်နေတယ်ဆိုတာကိုတော့ ငါမင်းကို ပြောပြနိုင်တယ်။ "
" နားလည်ပါပြီ။ " လင်းယွမ်က ဆက်မမေးတော့ဘဲ ခေါင်းညိမ့်လိုက်သည်။